ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

(Ending Plastic Pollution Globally) 

ကမ္ဘာတစ်ဝန်းတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် “ရာသီဥတုပြောင်းလဲမှု”၊“သဘာဝပတ်ဝန်းကျင်နှင့်ဇီဝမျိုးစုံမျိုးကွဲများပျက်စီးဆုံးရှုံးမှု”၊ “ပတ်ဝန်းကျင်ညစ်ညမ်းမှု”တို့သည်လူသားတို့ အဓိကဖြေရှင်းဆောင်ရွက်ရမည့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများပင်ဖြစ်သည်။ အဆိုပါကမ္ဘာ့အကျပ်အတည်းများအတွင်း ၎င်းတို့၏ကိုယ်ပိုင်အကြောင်းတရားများနှင့် သက်ရောက်မှုများစွာရှိနေသော်လည်း ၎င်းတို့အားလုံးတွင် အဓိကထပ်တူညီနေသော “ပလတ်စတစ် စွန့်ပစ်ပစ္စည်းကဏ္ဍ” ကို ဖြေရှင်းဆောင်ရွက်မှုများနှင့် ဦးဆောင်မှုများ အရေးတကြီးလိုအပ်လျက်ရှိရာ    ကမ္ဘာတစ်ဝန်း  ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအတွက် ကမ္ဘာ့နိုင်ငံများ၏စုပေါင်းအားဖြင့် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပေမည်။

ပလတ်စတစ်များကို ၁၉၀၇ ခုနှစ်၌ နယူးယောက်မြို့တော်နေ Leo Baekelandမှစတင်ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်းတွင်ခေတ်မီနည်းပညာများဖြင့်ပုံစံအမျိုးမျိုးသောထုတ်ကုန်ပစ္စည်းများကို  တီထွင်ထုတ်လုပ်အသုံးပြုလာခဲ့ကြသည်။  ၂၀   ရာစုနောက်ပိုင်းတွင် ပလတ်စတစ်သည် လူသုံးအများဆုံးကုန်စည်တစ်ခုအဖြစ်သို့  ရောက်ရှိလာခဲ့သည်။ "Plastics" ဟူသောဝေါဟာရသည် ဂရိဘာသာစကား Plastikos က ဆင်းသက်လာပြီး “ပုံဖော်နိုင်စွမ်း၊ ပုံသွင်းနိုင်စွမ်းရှိသောပစ္စည်း” ဟု အဓိပ္ပာယ်ရသည်။

ပလတ်စတစ်ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် များပြားမှုမရှိသည့်အတွက် ကမ္ဘာတစ်ဝန်းတွင် စီးပွားဖြစ်ထုတ်လုပ်လာကြသည်။အမေရိကန်နိုင်ငံတွင် ပလတ်စတစ်ပစ္စည်းအသစ်များထုတ်လုပ်မှုသည် ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ကျယ်ပြန့်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် ဓာတုပစ္စည်းများနှင့်  စက်မှုနည်းပညာများဖွံ့ဖြိုးတိုးတက်လာသည့်အလျောက်  ပလတ်စတစ်မျိုးစုံထုတ်လုပ်မှုသည်လည်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင်  နှစ်စဉ် ပလတ်စတစ်တန်ချိန်   သန်းပေါင်း ၁၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတိုင်မီအချိန်တွင် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ထုတ်လုပ်မှုတန်ချိန်  ၃၂၂ သန်းအထိ ဆပွားတိုးမြင့်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ(UNEP) ၏ လတ်တလောထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း ၄၃၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံသည် စွန့်ပစ်ပစ္စည်းများအဖြစ်သို့ရောက်ရှိလျက်ရှိလာခဲ့သည်။

နှစ်စဉ် ပလတ်စတစ်တန်ချိန် ရှစ်သန်းခန့်သည်လည်း သမုဒ္ဒရာနှင့် ပင်လယ်ပြင်အတွင်း ရောက်ရှိလျက်ရှိပြီး ထိရောက်သောစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုများပြုလုပ်နိုင်ခြင်းမရှိပါက  ၂၀၂၅  ခုနှစ်တွင် ပင်လယ်ပြင်အတွင်း  ပလတ်စတစ်စွန့်ပစ်ပစ္စည်းတန်ချိန်သန်း  ၁၀၀ - ၂၅၀ထိ ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင်  ပလတ်စတစ်တန်ချိန်သန်းပေါင်း ၁၅၀ခန့်သည် ပင်လယ်သမုဒ္ဒရာအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိကာ    အပိုင်းပိုင်းပြိုကွဲမှုဖြစ်စဉ်ကြောင့် အန္တရာယ်ရှိသည့် အချင်း ၅ မီလီမီတာထက်သေးငယ်သော   ပလတ်စတစ်အမှုန်များ မိုက်ခရိုပလတ်စတစ်  (Microplastics)  အဖြစ်သို့ ပြိုကွဲလျက်ရှိသည်။

ပလတ်စတစ်အားလုံးသည် ရုပ်ကြွင်းလောင်စာကို အခြေခံသောပစ္စည်းများဖြစ်ပြီး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များအတွက် ရေနံစိမ်းပမာဏများစွာကို    အသုံးပြုရသည်။ ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှုများ အရှိန်အဟုန်မြင့်မားလာသောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝယ်လိုအား ပိုမိုများပြားလျက်ရှိရာ ကမ်းလွန်ရေနံတူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကြောင့် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာဇီဝမျိုးစုံမျိုးကွဲများကိုပံ့ပိုးပေးရာတွင် မရှိမဖြစ်လိုအပ်သောဂေဟစနစ်များ ပျက်စီးဆုံးရှုံးသွားစေသည်။ သမုဒ္ဒရာထဲတွင်ရှိသော မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများကို စားသုံးမိခြင်းကြောင့် ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကိုဆုံးရှုံးစေပြီး ဇီဝမျိုးစုံမျိုးကွဲများကိုလည်း  ထိခိုက်စေသည်။     ရေနှင့်မြေဂေဟစနစ်နှစ်ခုလုံးတွင်ရှိသော   ဇီဝမျိုးစုံမျိုးကွဲများသည်လည်း   ပလတ်စတစ်ညစ်ညမ်းမှုများကြောင့်  လွန်စွာထိခိုက်ပျက်စီးလျက်ရှိသည်။  ပလတ်စတစ်များသည်  ၎င်းတို့၏ ထုတ်လုပ်မှုနှင့် အသုံးပြုပြီး စွန့်ပစ်မီးရှို့ဖျက်ဆီးခြင်းကွင်းဆက်တစ်လျှောက်လုံးတွင် မှန်လုံအိမ်ဓာတ်ငွေ့များကို လေထုအတွင်းသို့ တိုက်ရိုက်ထုတ်လွှတ်လျက်ရှိရုံသာမက   ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုမီးရှို့ဖျက်ဆီးပါကလည်း   ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်နှင့် ဟိုက်ထရိုဂျင်ဆိုင်ယာနိုက်စသည့်

ဓာတ်ငွေ့များထွက်ရှိပြီး လေထုထဲသို့ရောက်ရှိနေသည့်  ပလတ်စတစ်အမှုန်များက  လူသားတို့၏ အသက်ရှူလမ်းကြောင်းသို့ရောက်ရှိကာ အချိန်ကြာလာသည်နှင့်အမျှ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေသဖြင့် လူသားတို့၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။

ပလတ်စတစ်ထုတ်လုပ်ခြင်း   လုပ်ငန်းစဉ်များမှတစ်ဆင့် မှန်လုံအိမ်ဓာတ်ငွေ့များ လိုအပ်သည်ထက် ပိုမိုထုတ်လွှတ်သောကြောင့် ကမ္ဘာတစ်ဝန်းပျမ်းမျှမျက်နှာပြင်အပူချိန်မြင့်တက်လာပြီး    ကမ္ဘာကြီးပူနွေးလာမှုမှတစ်ဆင့်   မိုးခေါင်ခြင်း၊   မုန်တိုင်းတိုက်ခတ်ခြင်းစသော ရာသီဥတုပြောင်းလဲခြင်းအခြေအနေများကို ဆက်လက်ဖြစ်ပေါ်စေသည်။ နောက်ဆုံးခန့်မှန်းချက်များအရ ၂၀၅၀ ပြည့်နှစ်တွင် ပလတ်စတစ်ထုတ်လုပ်မှုသည် သုံးဆအထိတိုးမြင့်လာနိုင်ပြီး ၎င်းနှင့်အတူ ပလတ်စတစ်ညစ်ညမ်းမှုသည်လည်း ကမ္ဘာမြေပေါ်တွင် ပိုမိုတိုးပွားလာသည့် အရေးကိစ္စတစ်ခုပင်ဖြစ်သည်။

သို့ဖြစ်ရာ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ၁၉၇၂ ခုနှစ်  ဇွန်လ   ၅   ရက်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှ ကြီးမှူးပြီးပထမဆုံးအကြိမ်သမိုင်းဝင်လူသားညီလာခံကြီး  (United Nation Conference on Human Environment) စတင်ကျင်းပခဲ့သည့် ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။  အဆိုပါကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၂ ခုနှစ်တွင် သတ်မှတ်ပေးခဲ့သော်လည်း အထိမ်းအမှတ်အခမ်းအနားများကို ၁၉၇၃ ခုနှစ်မှ စတင်ကျင်းပခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိခိုက်ပျက်စီးနေမှုပြဿနာများအနက် အရေးကြီးပြဿနာရပ်များ၊ အဓိကစိန်ခေါ်မှုများကိုသိရှိကာအလေးထားဖြေရှင်းဆောင်ရွက်လာကြစေရန်ရည်ရွယ်၍    ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့  အထိမ်းအမှတ် ဆောင်ပုဒ်များကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ပြန်သတ်မှတ်ပေးခဲ့သည်။  ၁၉၈၇  ခုနှစ်မှအစပြု၍ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့   အထိမ်းအမှတ်အခမ်းအနားများကိုပါ ကမ္ဘာ့နိုင်ငံအသီးသီးရှိ    မြို့ကြီးများတွင် နှစ်စဉ် လှည့်လည်ကျင်းပလျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်တွင် ကျရောက်မည့် (၅၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ် အခမ်းအနားကို  ကိုရီးယားသမ္မတနိုင်ငံ (ဂျယ်ဂျူးအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။    “ဂျယ်ဂျူးကျွန်း၏အနာဂတ်တွင်  ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး   ကတိကဝတ်သည်  ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ ရည်မှန်းချက်များနှင့် အပြည့်အဝကိုက်ညီမှုရှိပြီး ၎င်း၏ မပျက်စီးသေးသော သဘာဝအလှတရားများနှင့်  ဆန်းသစ်တီထွင်မှုရှိသော     သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုပြသခြင်းဖြင့် ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ရန် လူသားများကို လှုံ့ဆော်ပေးလိမ့်မည်” ဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Ms.Inger Andersen က ပြောကြားခဲ့သည်။

ယခုနှစ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ကမ္ဘာတစ်ဝန်း  ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး  စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့်ကျင်းပသွားမည်ဖြစ်ပြီး ၎င်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုကို  အဆုံးသတ်စေမည့် သဘောတူညီချက်တစ်ခုထွက်ပေါ်လာစေရန် အရေးပါသောအပြောင်းအလဲတစ်ရပ်ဖြစ်လာစေမည်ဖြစ်သည်။ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၏အရေးပါမှုနှင့်၂၀၂၄ခုနှစ်နိုဝင်ဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ၌ကျင်းပခဲ့သည့် ပင်လယ်ပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အစိုးရအချင်းချင်းညှိနှိုင်းရေးကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးတွင် နိုင်ငံတကာပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိသော သဘောတူညီချက်တစ်ခု ပေါ်ထွန်းလာစေရေးအတွက်   ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။

၂၀၁၉ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်းအဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံအတည်ပြုခဲ့ကြပြီး အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်လျှော့ချရေးလုပ်ငန်းများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအမျိုးသားအဆင့်  စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို  ၂၀၂၀  ပြည့်နှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး၎င်းမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင်ပါဝင်သော ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူစွာ အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက်   တိုက်ဖျက်ရေးဆိုင်ရာဘန်ကောက်ကြေညာစာတမ်းကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက်အမျိုးသားအဆင့်ပလတ်စတစ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (National Plastic Action Plan) ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အစိုးရဌာနဆိုင်ရာရုံးများတွင် ပလတ်စတစ်စွန့်ပစ်မှုနှင့် တစ်ခါသုံးပလတ်စတစ်(ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချနိုင်ရေးအတွက် အစည်းအဝေးများကျင်းပရာတွင်တစ်ခါသုံးရေသန့်ဘူးများအစား အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်သော ဖန်ပုလင်းနှင့် ဖန်ခွက်များကို အစားထိုးအသုံးပြုလျက်ရှိသည့်အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုစနစ်တကျစွန့်ပစ်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ  စီစဉ်ဆောင်ရွက်လျက်ရှိသည်။  ၎င်းအပြင် ရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် ပြည်သူလူထုများအားပလတ်စတစ်၏ဆိုးကျိုးများကို သိရှိနားလည်စေရန်နှင့် ပလတ်စတစ်လျှော့ချသုံးစွဲစေရန် အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊  တိုင်းဒေသကြီး/ ပြည်နယ်များတွင်  စုပေါင်းအမှိုက်ကောက်ပွဲများကျင်းပခြင်းကိုဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ ပူးပေါင်းပါဝင်လာစေရေး နှိုးဆော်တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။

ပြည်သူများအနေဖြင့်လည်း ကမ္ဘာမြေပေါ်တွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေရသော ပလတ်စတစ်ညစ်ညမ်းမှုကိုလျှော့ချနိုင်ရေးအတွက် ပလတ်စတစ်အိတ်သုံးစွဲမှုကိုငြင်းပယ်ခြင်း၊ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများအသုံးပြုခြင်း၊ အလွယ်တကူဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ  အသုံးပြုခြင်းဖြင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကို တစ်ဦးတစ်ယောက်ချင်းအားဖြင့် တတ်နိုင်သမျှ လျှော့ချသင့်ပေသည်။ ထို့ပြင် သုံးစွဲပြီးသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို သတ်မှတ်အမှိုက်ပုံနေရာတွင် စနစ်တကျစွန့်ပစ်ခြင်းဖြင့် ကမ္ဘာမြေ၏ သဘာဝအလှတရားကိုထိန်းသိမ်းသင့်ပေသည်။ အမိကမ္ဘာမြေ အစဉ်ကျန်းမာပြီး ပလတ်စတစ်ကင်းဝေးစေရေးအတွက်   အသုံးပြုရန်မလိုအပ်ပါက ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း(Reject)၊ပလတ်စတစ်အိတ်များအစားချည်ဖြင့်ပြုလုပ်ထားသည့်ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များကိုအသုံးပြု၍ ပစ္စည်းထုပ်ပိုးရာတွင် အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်စသည်တို့ကိုသုံးစွဲခြင်းဖြင့် ပလတ်စတစ်အိတ်အသုံးပြုမှုကိုလျှော့ချခြင်း (Reduce)၊  ပလတ်စတစ်အိတ်အဟောင်းများကို အမှိုက်အဖြစ်စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်အသုံးပြုခြင်း(Reuse)၊ ကုန်ကြမ်းအဖြစ်အသုံးပြုပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း(Recycle)၊ အသုံးပြုပြီးသောပလတ်စတစ်အိတ်ခွံများကိုစုထားပြီး ပြန်လည်အသုံးပြုနိုင်သောနေရာများသို့ ပြန်လည်ပေးပို့ခြင်း (Return)  စသည်တို့ကို  အဖွဲ့အစည်းအလိုက်ဖြစ်စေ၊  တစ်ဦးတစ်ယောက်ချင်းဖြစ်စေ လိုက်နာဆောင်ရွက်သင့်ပေသည်။

ကမ္ဘာလုံးဆိုင်ရာပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးနှင့်အတူပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးကိုအချိန်မီမဆောင်ရွက်နိုင်ပါကကမ္ဘာမြေ၏ရေထုထဲတွင်ရေနေသတ္တဝါများထက်ပလတ်စတစ်အမှိုက်များဖြင့်ပြည့်နှက်နေမည်ဖြစ်ရာအနာဂတ်ကမ္ဘာမြေ၏သဘာဝဂေဟစနစ်လည်ပတ်မှုမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဖြေရှင်းနိုင်ရန်  နိုင်ငံအဆင့်၊ ဒေသအဆင့်မှ အစိုးရများ၏ကဏ္ဍအပြင် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး စုပေါင်းအားဖြင့် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။

လူသားတိုင်းသည် သန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတွင်နေထိုင်ကြမှသာကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး လူသားများနှင့် ကုန်းနေ၊ ရေနေသတ္တဝါများအားလုံးအတွက်သန့်ရှင်းသောပတ်ဝန်းကျင်သည်  မဖြစ်မနေလိုအပ်လျက်ရှိသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၏ ရေရှည်မျှော်မှန်းချက်ပါ  “သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်” ဖြစ်ပေါ်လာစေရေးကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်အကျိုးကို ယိုယွင်းစေမည့်အပြုအမူများအား အတတ်နိုင်ဆုံးရှောင်ရှားကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ပူးပေါင်းကာ ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းကောင်းမွန်သာယာလှပရေးအတွက် စုပေါင်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း  ၂၀၂၅ ခုနှစ်   ဇွန်လ  ၅     ရက်တွင်ကျရောက်မည့်   ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား   ကြိုဆိုဂုဏ်ပြုရင်း  တိုက်တွန်းနှိုးဆော်လိုက်ပါသည်။   ။

Source: MWD Web Portal

ဒေါ်ဝင့်မွန်မွန်အိ(ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

သကြားမုန်လာအကြောင်းသိကောင်းစရာ
-

သကြားသည် ကာဘိုဟိုက်ဒရိတ်အမျိုးအစားဖြစ်ပြီး အစားအစာ၊ အချိုရည်၊ အသီးများ၊ ဟင်းသီး ဟင်းရွက်၊ နို့ထွက်ပစ္စည်းများတွင်ပါဝင်သည်။ အခြားသော အချိုရည်၊ စားသောက်ကုန်လုပ်ငန်းများတွင် အစားအစာများပြုပြင်ထိန်းသိမ်းရန်အတွက် သကြားကိုထည့်သွင်းအသုံးပြုကြသည်။ ထိုသို့အစား အစာများထုတ်လုပ်ရန်အတွက် သကြားလိုအပ်ချက်ရှိလာသည်။ သကြားထုတ်လုပ်ရန်အတွက် သကြားထွက်သီးနှံများကို အသုံးပြုကြသည်။ သကြားထွက်သီးနှံများဖြစ်သည့် ကြံ၊ သကြားမုန်လာ၊ ထန်းပင်၊ နှံစားပြောင်းချို၊ ပြောင်းချိုစသည့်သီးနှံများမှထုတ်ယူသော်လည်း သကြားကို ကြံနှင့်သကြား မုန်လာမှ အဓိကထုတ်လုပ်သည်။

ထွက်ရှိရာဒေသများ

သကြားမုန်လာပင်ဟုခေါ်သော်လည်း  မုန်လာဥ၊   ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်းစသည်တို့နှင့် မျိုးရင်းချင်းမတူသည့်အပြင် မုန်လာဥဝါနှင့်လည်း မျိုးရင်းချင်းမတူဘဲ သကြားမုန်လာပင်သည် မူလတွင် ကက်စပီယံမြေထဲပင်လယ်ဒေသ၌ အလေ့ကျပေါက်သောအပင်တစ်မျိုး ဖြစ်သည်။ ရှေးနှစ်ပေါင်းနှစ်ထောင်ခန့်တွင် ယင်းကို လူသားတို့သည် အစားအစာအဖြစ် စိုက်ပျိုးလာခဲ့ကြသည်။ ၁၈ ရာစုတွင် စတင်သကြားထုတ်လုပ်ရန်စမ်းသပ်ခဲ့သည်။ ၎င်းသီးနှံကို ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၅၇  နိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိကာ ဥရောပဒေသတွင် အဓိကစိုက်ပျိုးပြီး အာရှဒေသနှင့် မြောက်အမေရိကဒေသတွင်စိုက်ပျိုးမှုနည်းသည်။ အများဆုံးစိုက်ပျိုးသောနိုင်ငံများမှာ ရုရှား၊ ယူကရိန်း၊ အမေရိကန်၊ ဂျာမနီ ၊ ပြင်သစ်၊ တူကီယဲ၊ တရုတ်၊ ပိုလန်၊ အီဂျစ်၊ ဗြိတိန်၊ အီရန်၊ ဘီလာရုစ်၊ နယ်သာလန်၊ အီတလီနှင့် ဘယ်ဂျီယံနိုင်ငံတို့ဖြစ်သည်။ 

သကြားမုန်လာ၏ သိပ္ပံအမည်မှာ Beta vulgaris L. ဖြစ်ပြီး မျိုးရင်းမှာ Chenopodiaceae  ဖြစ်သည်။ သကြားမုန်လာပင်၏ အရွက်စိမ်းကြီးများသည် ထူ၍အရည်ရွှမ်းသောအမျိုးအစားဖြစ်သည်။ ဥများမှာ အဖြူမှအနီရင့်ရင့်အထိ အရောင်အမျိုးမျိုးရှိကြသည်။ တချို့ဥများမှာ ဘောလုံးကဲ့သို့လုံး၍  တချို့မှာ  ကျင်ပုံသဏ္ဌာန်ရှိပြီး  တချို့မှာမူရှည်မျောမျောရှိသည်။ သကြားမုန်လာသည် ကမ္ဘာ့သကြားထုတ်လုပ်မှုတွင် ကြံသီးနှံပြီးပါက ဒုတိယသီးနှံတစ်ခုဖြစ်သည်။ ကြံနှင့် သကြားမုန်လာမှရရှိသောသကြားကို အစားအစာ၊ အချိုရည်နှင့် အခြားသော   စက်မှုလုပ်ငန်းများတွင်အသုံးပြုသည်။ သကြားတွင် အဓိက sucrose, glucose နှင့် fructose  ပါဝင်သည်။ သကြားမုန်လာသည် ကမ္ဘာ့သကြားထုတ်လုပ်မှု၏ ၂၁ ဒသမ ၈ ရာခိုင်နှုန်းပါဝင်ပြီး နှစ်နှစ်ခံ  သို့မဟုတ် နှစ်ရာသီအပင်အမျိုးအစားဖြစ်သည်။ သကြားမုန်လာတွင် သကြားပါဝင်မှုမှာ ၂၀ ရာခိုင်နှုန်း ပါဝင်သည်။

သကြားမုန်လာတွင် ၉၀ ရာခိုင်နှုန်းသောသကြားကို ဥမှရရှိပြီး ကျန်ရှိနေသော ၁၀ ရာခိုင်နှုန်းကို အရွက်နှင့်ပင်စည်နှစ်ခုဆက်နေသော အစိတ်အပိုင်း(Crown)မှရရှိသည်။ ရိတ်သိမ်းပြီးသော သကြားမုန်လာတွင် ရေ ၇၅-၇၆ ရာခိုင်နှုန်း၊ သကြား ၁၅-၂၀ ရာခိုင်နှုန်း၊ သကြားပျက် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ ကြိတ်ဖတ် ၄-၆ ရာခိုင်နှုန်းပါဝင်သည်။ သကြားမုန်လာ တစ်တန်ကို ကြိတ်ခွဲပါက  သကြား ၁၂၁ ကီလိုဂရမ်၊ တင်လဲရည်  ၃၈ ကီလိုဂရမ်တွင် သကြား ၁၈ ဒသမ ၂ ကီလို၊ သကြားပျက် ၁၂ ဒသမ ၁ ကီလို၊  ရေ ၇ ဒသမ ၈ ကီလိုနှင့် ကြိတ်ဖတ် ၅၀ ကီလိုတို့ပါဝင်သည်။

သကြားမုန်လာ၏ အသုံးဝင်ပုံ

သကြားမုန်လာသည် အအေးပိုင်းသီးနှံဖြစ်သော်လည်း ခေတ်မီသောမျိုးသစ်များထုတ်လုပ်၍ အပူပိုင်းနှင့် အပူသမပိုင်းဒေသများတွင်လည်း ဆောင်းရာသီတွင် စိုက်ပျိုးနိုင်သည်။ အဓိကအားဖြင့် သကြားထုတ်လုပ်ရန်စိုက်ပျိုးကြပြီး အချို့သောဒေသများတွင် တိရစ္ဆာန်အစာအဖြစ် စိုက်ပျိုးကြသည်။ သကြားမုန်လာကို ကြိတ်ခွဲ၍ ရရှိလာသောကြိတ်ဖတ် နှင့်  တင်လဲရည်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ အီသနောကို သကြားပျက်၊  ကြိတ်ဖတ်၊  တင်လဲရည်မှထုတ်ယူပြီး ဘီယာချက်လုပ်ရန်နှင့် အချဉ်ဖောက်ရန်အတွက်လည်း  အသုံးပြုသည်။

သကြားမုန်လာသည် သက်တမ်းတိုသီးနှံဖြစ်ပြီး ကြံပင်သက်တမ်း၏ တစ်ဝက်ဖြစ်သည်။ ထို့ကြောင့် တစ်ယူနစ် ထုတ်လုပ်မှုစရိတ်မှာ နည်းသည်။ ထို့ပြင်သက်တမ်းတိုသည့်အတွက် ရေလိုအပ်ချက်နည်းသည်။ သကြားမုန်လာမှ သကြား  ၁ ကီလို ထုတ်လုပ်ရန်အတွက် ရေလိုအပ်ချက်မှာ ၁ ဒသမ ၄ ကုဗမီတာလိုအပ်ပြီး ကြံသီးနှံအတွက် ရေလိုအပ်ချက်မှာ ၄ ကုဗမီတာလိုအပ်သည်။ သကြားမုန်လာ၏ အားသာချက်မှာ သက်တမ်း ၅-၆ လရှိပြီး သကြားပါဝင်မှုမှာလည်း ၁၅-၁၇ ရာခိုင်နှုန်းပါဝင်ပြီး Sugar Recovery မှာ ၁၂-၁၄  ရာခိုင်နှုန်း၊ သန့်စင်မှုမှာ ၈၅-၉၀ ရာခိုင်နှုန်းရှိပြီး ရေငတ်ဒဏ်၊ ဆားငန်ဒဏ်ကို ခံနိုင်ရည်ရှိသောသီးနှံတစ်မျိုးဖြစ်သည်။

သကြားမုန်လာကို သကြားထုတ်ယူခြင်းအပြင် စွမ်းအင်ထုတ်လုပ်ရန်အသုံးပြုသည်။ အထူးသဖြင့် အီသနော၊ ဘိုင်အိုအီသနော၊ တင်လဲရည်၊ တိရစ္ဆာန်အစာ၊ ကြိတ်ဖတ်ထုတ်လုပ်ရန်အသုံးပြုသည်။ ကမ္ဘာပေါ်တွင် သကြားမုန်လာစိုက်ပျိုးမှုမှာ သန်းပေါင်း ၄ ဒသမ ၅၆၅ ဟက်တာရှိပြီး ထုတ်လုပ်မှုမှာ ၂၂၉ ဒသမ ၂၀၁ သန်းရှိသည်။ သကြားမုန်လာကို စိုက်ပျိုးရန်အတွက်  အသင့်လျော်ဆုံးအချိန်မှာ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်းဖြစ်ပြီး ဧပြီလ-မေလတွင် ရိတ်သိမ်းနိုင်သည်။ နိုဝင်ဘာလနောက်ပိုင်း  စိုက်ပျိုးပါက  အထွက်နှုန်းကျဆင်းနိုင်သည်။

စိုက်ပျိုးနည်း၊ မြေနှင့် ရေအသုံးပြုပုံ

သကြားမုန်လာစိုက်ပျိုးရာတွင်   ပထမအရေးကြီးဆုံးအချက်မှာ မြေယာပြုပြင်ခြင်းဖြစ်၍ ထယ်ရေးကောင်းမွန်စွာရရှိအောင်ဆောင်ရွက်ရန်လိုအပ်သည်။ စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့ ၄၀၀၀၀ အထိစိုက်ပျိုးနိုင်ပြီး တစ်ကျင်းနှင့်တစ်ကျင်းအကွာအဝေးမှာ ၂၀ စင်တီမီတာ ဖြစ်သည်။ ပင်ကြား၊ တန်းကြားအကွာအဝေးမှာ ၅၀ x ၂၀ စင်တီမီတာဖြစ်သည်။ သကြားမုန်လာသည် အပင်ကြီးထွားစဉ်ကာလအတွင်းနေရောင်ခြည်ကောင်းစွာရရှိရန်လိုအပ်ပြီး ရေလိုအပ်ချက်မှာ ၃၀၀-၃၅၀ မီလီမီတာလိုအပ်သည်။ အပင်ပေါက်ကောင်းမွန်ရန်အတွက် အသင့်လျော်ဆုံး အပူချိန်မှာ ၂၀-၂၅ ဒီဂရီစင်တီဂရိတ်ရှိရန်လိုအပ်ပြီး အပင်ကြီးထွားချိန်တွင် ၃၀ ဒီဂရီစင်တီဂရိတ်- ၃၅ ဒီဂရီစင်တီဂရိတ်လိုအပ်သည်။ အပင်ကြီးထွားပြီးနောက်ပိုင်း သကြားဖြစ်ချိန်တွင် အသင့်လျော်ဆုံးအပူချိန်မှာ ၂၅ ဒီဂရီစင်တီဂရိတ်- ၃၅ ဒီဂရီစင်တီဂရိတ်  ဖြစ်သည်။ သကြားမုန်လာကို ရေသွင်းရေထုတ်ကောင်းမွန်သောမြေများတွင် စိုက်ပျိုးနိုင်ပြီး အသင့်လျော်ဆုံး မြေချဉ်ငန်ကိန်းမှာ ၆ ဖြစ်သည်။ သို့သော် သကြားမုန်လာ၏ထူးခြားချက်မှာ မြေချဉ်ငန်ကိန်းမြင့်သော ဆားပေါက်သောမြေများတွင်လည်း အထွက်နှုန်းနှင့်အရည်အသွေးကို ထိခိုက်ခြင်းမရှိဘဲ ကောင်းစွာဖြစ်ထွန်းနိုင်သည်။

သကြားမုန်လာ စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာလိုအပ်ချက်အနေဖြင့် တစ်ဧကလျှင် ယူရီးယား ၁ ဒသမ ၅-၂  အိတ်၊ တီစူပါ သုည ဒသမ ၅-၁အိတ်၊ ပိုတက်၂-၃ အိတ်နှင့် အခြားသောသဘာဝမြေဩဇာများကို မြေအနေအထားကိုကြည့်၍   လိုအပ်သလိုထည့်သွင်းနိုင်သည်။ အထွက်နှုန်းအနေဖြင့် ကမ္ဘာ့ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင် ၂၅ တန်မှ ၃၃ တန်ထွက်ရှိသည်။ သကြားမုန်လာ ၁၀၀  ဂရမ်တွင် Energy ၄၃ ကီလိုကယ်လိုရီ၊  ကစီဓာတ် ၆ ဒသမ ၇၆ ဂရမ်၊  အမျှင်ဓာတ် ၂ ဒသမ ၈ ဂရမ်၊ အဆီဓာတ် သုည ဒသမ ၁၇ ဂရမ်၊ အသားဓာတ် ၁ ဒသမ ၆၁ ဂရမ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်စီ၊ ဗီတာမင်ဘီတူး ၊ ဖောလိတ်၊ သွပ်၊ မန်းဂနိ၊ ပိုတက်စီယမ်နှင့် သတ္တုဓာတ်မြောက်မြားစွာပါဝင်သည်။ ရေဓာတ် ၈၈ ရာခိုင်နှုန်းပါဝင်သည့်အတွက် ကျန်းမာရေးအနေဖြင့် သွေးပေါင်ထိန်းညှိပေးခြင်း၊ စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း၊ သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း၊ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း၊ အမြင်အာရုံ၊ အသည်းနှင့် ကျောက်ကပ်အားကောင်းစေခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးရောဂါရခြင်းတို့မှကာကွယ်ပေးနိုင်ကြောင်း လေ့လာမှတ်တမ်းတင်ပြလိုက်ရပါသည်။   ။

Source: Myawady Web Portal

မယ်ဇံ

သဘာဝဘေးဒဏ်သင့်ကာလအလွန် စဉ်းစားချက်များ
-

သဘာဝဘေးအန္တရာယ်များနှင့် ပိုမိုရုန်းကန်ရမှု

မိုးခေါင်ခြင်း၊ ရေကြီးခြင်းမှသည် မြေငလျင်၊ ဆူနာမီ၊ လေမုန်တိုင်းအထိ ထိခိုက်ပျက်စီးမှုအနည်း၊ အများသာကွာသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို တိုတောင်းလှသော သက်တမ်းအတွင်း လူသားတို့ တွေ့ကြုံခံစားခဲ့ရပြီးဖြစ်သည်။ သဘာဝဘေးအန္တရာယ်များသည် လူ့အသိုက်အဝန်းများ၊ နိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ်၊ ဥစ္စာဓနအပါအဝင် ပိုင်ဆိုင်မှုမှန်သမျှကို အင်နှင့်အားနှင့် ဖျက်ဆီးပစ်နိုင်ကြောင်း လက်တွေ့ကျကျမြင်တွေ့ခဲ့ကြရပြီးဖြစ်၏။ ထိုသို့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ရသည့် နိုင်ငံများသည် နိုင်ငံထူထောင်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အခြားသောနိုင်ငံများထက် ပိုမိုခက်ခဲ၏။ ပိုမိုရုန်းကန်ရ၏။

ကြီးမားသော ဆုံးရှုံးနစ်နာမှုများ

ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများထဲတွင် လူသားသည် အဖိုးတန်ဆုံးနှင့် အရေးပါဆုံးဖြစ်သည်။ လူ့အသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေး၊ သာယာစည်ပင်ရေး၊ အေးချမ်းသာယာရေးတို့အတွက် အဓိကအကျဆုံး ဇာတ်ကောင်လည်းဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးဒဏ်ကြောင့် လူသားတို့၏ အသက်အန္တရာယ်ဆုံးရှုံးမှုသည် ပြန်လည်အစားထိုးမရနိုင်သည့် လူ့စွမ်းအားအရင်းအမြစ် ထိခိုက်မှုဖြစ်ပြီး လူ့အဖွဲ့အစည်းအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုများပင်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် နိုင်ငံများ၊ လူ့အဖွဲ့အစည်းများအတွင်းရှိ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ထိခိုက်ပျက်စီးမှုဖြစ်စေခဲ့သည်ကို မဝေးသေးသော အတိတ်ကာလများတွင် ကျရောက်ခဲ့သည့် သဘာဝဘေးဒဏ်သင့်အခြေအနေများက သက်သေအဖြစ် ပြသနေခဲ့ပြီဖြစ်၏။

၂၀၀၁ ခုနှစ်က အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ဖြစ်ပွားသည့် မြေငလျင်၌ လူပေါင်း ၁၃၀၀၀ မှ ၂၀၀၀၀ ကျော်၊ ၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပွားခဲ့သော မြေငလျင်နှင့် ဆူနာမီလှိုင်းဒဏ်ကြောင့် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်း၊ မော်လ်ဒိုက်နှင့် ဆိုမာလီယာနိုင်ငံတို့မှ လူပေါင်း ၂၀၀၀၀၀ ကျော်၊ ၂၀၀၅ ခုနှစ်က ပါကစ္စတန်နိုင်ငံ ကက်ရှ်မီးယားငလျင်တွင် လူပေါင်း ၈၇၀၀၀ ကျော်၊ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ကျော်၊ အဆိုပါနှစ်မှာပင် တရုတ်နိုင်ငံ စီချွမ်ဒေသတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၇၀၀၀၀ ကျော်၊ ၂၀၁၀ ပြည့်နှစ် ဟေတီနိုင်ငံငလျင်တွင် လူပေါင်း ၁၀၀၀၀၀ မှ ၃၀၀၀၀၀ ကျော်၊ ၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်နှင့် ဆူနာမီဘေးအန္တရာယ်၌ လူပေါင်း ၁၉၀၀၀ ကျော် အသက်ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ခဲ့ပါသည်။ (Wikipedia နှင့် နိုင်ငံတကာ သတင်းများ)

မတူညီသောအခြေအနေများနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှု

သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်မှုအတိုင်း အတာပမာဏသည် ဒေသတစ်ခုနှင့်တစ်ခု၊ တစ်နေရာနှင့်တစ်နေရာ တူညီကြမည်မဟုတ်။ ထို့ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများသည်လည်းကောင်း၊ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ငွေကြေးပမာဏ၊ လူ့စွမ်းအားအရင်းအမြစ်၊ အချိန်ကာလ၊ စီမံခန့်ခွဲမှုစသည့် အခြေအနေများသည်လည်းကောင်း ထပ်တူကျတူညီနိုင်မည်မဟုတ်ပါ။ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲမှာပင် ထပ်မံရင်ဆိုင်ဖြေရှင်းရမည့် နောက်ဆက်တွဲအခြေအနေ၊ အခက်အခဲအမျိုးမျိုးဆက်လက်ပေါ်လာနိုင်သေးသည်။

သဘာဝဘေးအန္တရာယ်အလွန်ကာလတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ဖြည့်ဆည်းပေးနိုင်သည့် အခြေအနေရှိနေသည့်တိုင် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ရန်မှာ ထင်သလောက်လွယ်ကူနိုင်မည်မဟုတ်ပေ။ အချို့သောလူတို့၏ စိတ်ခံစားမှုများမှာ သေရာပါဒဏ်ရာများပင် ဖြစ်သွားနိုင်သည့်အခြေအနေရှိသည်ဟု ကျွမ်းကျင်သူများကဆိုသည်။ ထို့ကြောင့် သဘာဝဘေးဒဏ်ကြောင့် ဖြစ်ခဲ့သည့် ဆိုးရွားသော စိတ်ခံစားမှုဝေဒနာများ သက်သာပြေလျော့စေရေးအတွက် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ၏ အကြံပေးချက်များ၊ ကုသမှုများ၊ ယုံကြည်ကိုးကွယ်ရာ ဘာသာရေးအဆုံးအမများဖြင့် ကုသဖြည့်ဆည်းပေးနိုင်ရန် လိုအပ်သည်။

စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုများမတူနိုင်

သဘာဝဘေးအန္တရာယ်ကြောင့် ကြုံတွေ့ရသော စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်၍ လေ့လာရာတွင် ဖွံ့ဖြိုးပြီး ချမ်းသာသောနိုင်ငံများထက် ဖွံ့ဖြိုးဆဲဆင်းရဲသောနိုင်ငံများက ထိခိုက်မှု၊ ဆုံးရှုံးနစ်နာမှုပိုမိုများပြားသည်။ ဥပမာပေးရလျှင် လွန်ခဲ့သော ၁၅ နှစ်ခန့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလက ကာရစ်ဘီယံပင်လယ်ဒေသရှိ ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဟေတီတွင် ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၀ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး အဆိုပါနှစ် ဖေဖော်ဝါရီလမှာပင် တောင်အမေရိကတိုက်ရှိ စီးပွားရေးအခြေအနေကောင်းမွန်သော ချီလီနိုင်ငံ၌ ရစ်ချ်တာစကေး ၉ နီးပါး ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ခဲ့သည်။

ငလျင်များ၏ဒဏ်ကြောင့် ဟေတီ၌ လူသေဆုံးမှုခန့်မှန်းခြေတစ်သိန်းမှ သုံးသိန်းကျော်အထိရှိခဲ့ပြီး ဟေတီနိုင်ငံထက် ငလျင်ပြင်းအားပိုသည့် ချီလီနိုင်ငံတွင် လူသေဆုံးမှုမှာ လူဦးရေ ငါးရာဝန်းကျင်သာ ရှိခဲ့သည်ကို တွေ့ရသည်။ စီးပွားရေးအရ ဆုံးရှုံးမှုများတွင်လည်း ချီလီနိုင်ငံသည် ဟေတီနိုင်ငံထက် ပိုမိုနည်းပါးခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုအားကောင်းသည့် နိုင်ငံများသည် ဝင်ငွေနိမ့်၍ ဆင်းရဲနွမ်းပါးသည့် နိုင်ငံများထက် ထိခိုက်မှုပိုမိုနည်းပါးသည်ဟု ကောက်ချက်ချခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်နှင့် လယ်ယာကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှု

သဘာဝဘေးဒဏ်ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေပြုနေထိုင်ကြသည့် လူ့အဖွဲ့အစည်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ပါက ဆင်းရဲနွမ်းပါးမှုအခြေအနေပါ ပိုမိုဆိုးရွားလာနိုင်သည်ဟု သတိထားမိကြသည်။ ယခင်ကတည်းက ဝင်ငွေနည်းပါးလျက် လယ်ယာကဏ္ဍကို အမှီပြုနေသော ဆင်းရဲနွမ်းပါးသည့် လူ့အဖွဲ့အစည်းများတွင် နေ့စဉ် စားဝတ်နေမှု အခြေခံလိုအပ်ချက်များအတွက် ပိုမိုခက်ခဲစွာ ရုန်းကန်ရသည့် အခြေအနေဖြစ်လာသည်။ စိုက်ပျိုးသီးနှံထိခိုက်ပျက်စီးမှုများကြောင့် သီးနှံအထွက်လျော့မှု၊ ဝင်ငွေကျဆင်းမှုများရှိလာသဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရေး၊ (ချေးငွေများရယူထားမိပါက) ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေးတို့အတွက် ၎င်းတို့လုပ်ငန်းသုံးစက်ကိရိယာ၊ ကျွဲ၊ နွားအပါအဝင် အခြားသောပိုင်ဆိုင်မှုများ ရောင်းချဖြေရှင်းမှုများ ပြုလုပ်ကြရသည်။

ထို့ကြောင့် တောင်သူလယ်သမားများ ချေးငွေပြန်လည်ပေးဆပ်ရန်နှင့် လုပ်ငန်းဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အထောက်အကူပြုအစီအစဉ်များဖြင့် ကုစားပေးရန်လိုသည်။ ၎င်းတို့ကို ထောက်ပံ့ကူညီမှုများ ထိထိရောက်ရောက် ပြုလုပ်မပေးနိုင်ခဲ့ပါက “ဆင်းရဲနွမ်းပါးမှုထောင်ချောက်များ (poverty trap) အတွင်းသို့ ကာလရှည်ကျရောက်သွားနိုင်သည်”ဟု သုတေသီ၊ ပညာရှင်တို့က သုံးသပ်ကြသည်။ သဘာဝဘေးဒဏ်သင့်ခဲ့သည့် နိုင်ငံအချို့ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ၊ အချက်အလက်၊ အထောက်အထားများအရ သဘာဝဘေးဒဏ်ခံရသည့် ဒေသများတွင် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာသည်ဟု ဆိုကြသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အနာဂတ်မျိုးဆက်များအပေါ်သက်ရောက်မှု

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲနွမ်းပါးသည့် မိသားစုရာခိုင်နှုန်းများပြားသဖြင့် သဘာဝဘေးဒဏ်သင့်ကာလအလွန်၌ စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေးအစီအစဉ်များကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ပါက နိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုများအပေါ် သက်ရောက်မှုပိုမိုကြီးမားလာနိုင်သည်။ ထိုမိသားစုများ၏ ရှင်သန်ရပ်တည်မှုပိုမိုခက်ခဲလာပြီး အနာဂတ်ကာလမျိုးဆက်သစ်များအထိပါ သက်ရောက်မှုများဖြစ်လာနိုင်သည်ဟု သုံးသပ်ကြ၏။ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုအများစုတွင် မိသားစုဝင်ငွေဖြည့်ဆည်းနိုင်ရေးအတွက် သားသမီးများကိုကျောင်းထုတ်၍ အလုပ်ခိုင်းစေမှုများပြားလာသဖြင့် အခြေခံပညာရေးကဏ္ဍ၌ ကျောင်းတက်ရောက်သည့်ဦးရေ ကျဆင်းလာနိုင်သည်။

အကျိုးဆက်အားဖြင့် အဆိုပါနိုင်ငံ၏ အနာဂတ်ကာလစာပေတတ်မြောက်မှုနှုန်း လျော့ကျလာပေလိမ့်မည်။ မိုးခေါင်ရေရှားသည့်ဒဏ်ခံရလေ့ရှိသော တန်ဇန်းနီးယား၊ ဇင်ဘာဘွေ စသည့် အာဖရိကနိုင်ငံများတွင် ကျောင်းပညာရေးစိတ်ဝင်စားမှု နည်းပါးသော၊ အာဟာရချို့တဲ့၍ မှတ်ဉာဏ်စွမ်းရည်ချို့တဲ့သော ကလေးနှင့် လူငယ်အရေအတွက် မြင့်တက်လာခဲ့ပြီး ဝင်ငွေနိမ့်ကျသော လုပ်သားအင်အားများပြားလာသည်ဟု လေ့လာမှုစစ်တမ်းများက ထောက်ပြထားကြသည်။

ပြန်လည်နာလန်ထူနိုင်ရေး မည်သို့မည်ပုံ

သဘာဝဘေးဒဏ်သင့်နိုင်ငံများတွင် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်အတူ နိုင်ငံအတွင်းရှိ ကဏ္ဍစုံပြန်လည်နာလန်ထူနိုင်ရေး အားထုတ်မှုများကို လုပ်ဆောင်ရာ၌ မူဝါဒများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ရခြင်းလုပ်ငန်းများသည် (ပုံမှန်အခြေအနေနှင့်လုံးဝမတူ) ရှုပ်ထွေး၊ ခက်ခဲလျက်စိန်ခေါ်မှုများပြည့်လျက်ရှိနေသည်။

ပျက်စီးသွားခဲ့သော နေအိမ်၊ အဆောက်အအုံ၊ ပိုင်ဆိုင်မှုပစ္စည်း စသဖြင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ပြန်လည်ဖြည့်ဆည်းပေးရာတွင်လည်းကောင်း၊ ခံစားခဲ့ရသော စိတ်ပိုင်းဆိုင်ရာဝေဒနာများ လျော့ပါးသက်သာစေရေးကုစားပေးရာတွင်လည်းကောင်း ငွေကြေးနှင့် လူ့စွမ်းအားအရင်းအမြစ် အင်နှင့် အားနှင့် လိုအပ်သည်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်သည့်တိုင် စိတ်ပိုင်းဆိုင်ရာဝေဒနာများ လျော့ပါးသက်သာစေရေးအတွက် လုပ်ဆောင်ပေးရာတွင် ထင်သလောက်မလွယ်ကူပေ။ ဘာသာရေးအဆုံးအမများဖြင့်လည်းကောင်း၊ စိတ်ပညာ ဆိုင်ရာနည်းလမ်းများဖြင့်လည်းကောင်း အကြံပေးခြင်း၊ ဆွေးနွေးနှစ်သိမ့်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်သူကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်ပေသည်။

လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများ၏ စီးပွားရေးပြန်လည်ရှင်သန်နိုင်ရေးအတွက် အစိုးရအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့များ လျင်လျင်မြန်မြန်ပေးနိုင်သည့် အစီအမံများ လုပ်ဆောင်ပေးနိုင်မှုသည် အရေးကြီး၏။ သဘာဝဘေးဒဏ်သင့် နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်က လုပ်ဆောင်ရမည့် ပြန်လည်ထူထောင်ရေးအသေးစိတ်စီမံချက်များတွင် အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို အုပ်စုခွဲ၍ အုပ်စုတစ်စုချင်း အသေးစိတ်ဖော်ထုတ်လျက်ဆက်စပ်လုပ်ဆောင်ရန် လိုအပ်ပါသည်။

စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း အခွင့်အလမ်းရှာ

အခြေအနေတိုင်းတွင် စိန်ခေါ်မှု (အခက်အခဲ) နှင့် အခွင့်အလမ်းများ ယှဉ်တွဲရှိနေတတ်သည်။ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရင်းအခွင့်အလမ်းသစ်များကို ရှာဖွေနေရမည်။ သဘာဝဘေးဒဏ်သင့်ကာလအလွန် ပြန်လည်ထူထောင်ရေးအရှိန်အဟုန်ပြင်းထန်မှုသည်လည်း အရေးကြီးသည်။ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအားနည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုအချက်ကို ပို၍အလေးထားသင့်သည်။ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေရင်းမှာပင် ပေါ်ထွက်လာသော အခွင့်အလမ်းသစ်များ အမိအရဖမ်းဆုပ်၍ ပိုမိုကောင်းမွန်သည့် အခြေအနေသစ်များကို ဖန်တီးနိုင်ရမည်။ ထိုအခြေအနေမျိုးမရှိခဲ့ပါက စိန်ခေါ်မှုများသည် ကြီးသည်ထက်ကြီးမားလာနိုင်ပြီး အခက်အခဲများ ပိုမိုများပြားလာကာ ဆုံးရှုံးနစ်နာမှုများမှာ ကာလရှည်တည်မြဲသွားတတ်သည်။

ဘီသုံးလုံး (BBB) သို့မဟုတ် ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှု

သဘာဝဘေးဒဏ်သင့် ကာလအလွန်တွင် ဘီသုံးလုံးဟု အတိုကောက်ခေါ်သည့် “ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှု” (Building Back Better) အခွင့်အလမ်းများ ရှိနေသည်ဟု ရှုမြင်သူများလည်းရှိသည်။ ဤနေရာတွင် “ပိုမိုကောင်းမွန်သော” (Better) ဝေါဟာရ၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာသဘောပေါက်ရန် အရေးကြီးသည်ဟု ဆိုသည်။ ပုဂ္ဂလိကတစ်ဦးချင်းပိုင်ဆိုင်သည့် နေအိမ်၊ အဆောက်အအုံများကိုဖြစ်စေ၊ လမ်းများ၊ တံတားများ၊ ကျောင်းများ၊ ဆေးရုံများစသဖြင့် အများပြည်သူနှင့် သက်ဆိုင်သော အခြေခံအဆောက်အအုံများကိုဖြစ်စေ ယခင်ကာလများထက် သဘာဝဘေးအန္တရာယ်ဒဏ် ပိုမိုခံနိုင်ရည်ရှိစေရန် လုံခြုံစိတ်ချရမှုစံနှုန်းများနှင့်အညီ ပြန်လည်တည်ဆောက်နိုင်ခြင်းဖြစ်သည်။

ထိုသို့ ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှုသည် အနာဂတ်ကာလများတွင် လူသားတို့၏ အသက်ဘေးအန္တရာယ်နှင့် စီးပွားရေးအရ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ပိုမိုလျော့နည်းလာစေပြီး အသက်ရှင်ကျန်ရစ်သူများ၏ လူမှုစီးပွားဘဝများတွင် စိတ်သောကဖိစီးမှုများ တဖြည်းဖြည်းပြေလျော့လျက် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို သက်သာရာရလာစေနိုင်သည်။ ထို့ကြောင့် “ပိုမိုကောင်းမွန်သော ပြန်လည်တည်ဆောက်မှု” ကို သဘာဝဘေးဒဏ်သင့်နိုင်ငံများက “ဖွံ့ဖြိုးတိုးတက်မှုအတွက် ခုန်တက်နိုင်မှု” (Development Leap) အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူကြခြင်းဖြစ်သည်။

ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံသို့မဟုတ် လူ့အဖွဲ့အစည်းအတွင်း လူ့စွမ်းအားအရင်းအမြစ်ရရှိနိုင်မှု၊ အရပ်ဒေသနှင့်သင့်လျော်သော နည်းလမ်းတို့ အသုံးပြုမှုတို့ကို ထည့်သွင်းစဉ်းစားနိုင်ရမည်။ ဆိုလိုသည်မှာ တည်ဆောက်မှုများသည် ဒေသခံလူများ၏ ဓလေ့ထုံးစံများ၊ နေထိုင်မှုပုံစံများနှင့် လိုက်လျောညီထွေရှိရန် လိုအပ်ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည်ဟုဆိုသည့်တိုင် လူနေထိုင်မှုအတွက် အထောက်အကူပြုနိုင်မည်မဟုတ်ပါ။

ဒေသခံလူများက ၎င်းတို့၏ ဓလေ့ထုံးစံ၊ နေထိုင်မှုပုံစံအရသင့်လျော်မှုမရှိ၊ ၎င်းတို့နှင့် အကျွမ်းတဝင်မရှိသော အိမ်ရာပုံစံများဟုယူဆပါက အကောင်အထည်ဖော်တည်ဆောက်ပြီးသော အိမ်ရာများတွင် လူနေထိုင်မှုမရှိသည့် နေအိမ်အရေအတွက် များပြားလာနိုင်ပြီး သက်ဆိုင်ရာအစိုးရ၏ အသုံးစရိတ်များသည်လည်း သဲထဲရေသွန်သကဲ့သို့ အကျိုးမရှိဖြစ်နိုင်သည်ဟု သုတေသီအချို့က သုံးသပ်ထားသည်။

စဉ်းစားရမည့် အခြေအနေများ

သဘာဝဘေးဒဏ်သင့် ဒေသများအတွက် အစိုးရများနှင့် အလှူရှင်များက ထိခိုက်ပျက်စီးမှုများကို လေ့လာသုံးသပ်၊ အကဲဖြတ်၍ ပြန်လည်တည်ဆောက်ရေးအစီအမံပြင်ဆင်မှုများနှင့်အတူ ကျွမ်းကျင်သူများကလည်း နည်းပညာဆိုင်ရာအဆိုပြုချက် (Technical Proposal) များကို ရေးဆွဲကြသည်။ ထိုသို့ပြင်ဆင်ဆောင်ရွက်မှုများတွင် ငွေကြေးရန်ပုံငွေပမာဏ၊ ကျွမ်းကျင်ပညာရှင်များ၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် အဖွဲ့အစည်းများ၏ အရည်အသွေး၊ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အတိုင်းအတာ စသဖြင့် ဆက်စပ်မှုရှိသော အချက်များကိုပါ ထည့်သွင်းစဉ်းစားကြရသည်။

သဘာဝဘေးဒဏ်သင့်သူများအတွက် ပြန်လည်ထူထောင်ရေး၊ နေရာချထားရေးအစီအစဉ်များ ရေးဆွဲရာတွင်လည်း ဆက်စပ်သူများ၏အခွင့်အရေးများ (ဥပမာ၊ တောင်သူလယ်သမားအခွင့်အရေးများနှင့် အမျိုးသမီးများဆိုင်ရာအခွင့်အရေးများ)၊ မြေယာအခွင့်အရေး၊ မြို့ပြများတွင်ဖြစ်ပါက တရားမဝင်ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်သည့် ကိစ္စရပ်များ စသဖြင့် နောက်ဆက်တွဲဖြစ်ပေါ် လာနိုင်သည့်ကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစားထားရန် လိုအပ်လာသည်။ နိုင်ငံတွင်းရှိ စီးပွားရေးအင်အားကြီးအုပ်စုများ၏ အကျိုးစီးပွားပဋိပက္ခများနှင့် ပတ်သက်၍လည်း စဉ်းစားချင့်ချိန်လုပ်ဆောင်ရန်လိုအပ်သည်။ လုပ်ငန်းစဉ်အစတွင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်ခြင်းမရှိခဲ့ပါက နောက်ပိုင်းကာလများတွင် စီးပွားရေး၊ လူမှုရေးမညီမျှမှုများ ပေါ်ပေါက်လာနိုင်ပြီး ဖြေရှင်းရခက်ခဲသည့်ပြဿနာများ ရှိလာနိုင်ပါသည်။

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် စီးပွားရေးအခြေအနေကို ပြန်လည်တည်ဆောက်ရာတွင် အချိန်တိုအတွင်း ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ မလွယ်ကူနိုင်။ စီးပွားရေးအခြေအနေများသည်လည်းကောင်း၊ လူတို့၏ စိတ်ဆန္ဒများသည်လည်းကောင်း အမြဲမပြတ်ပြောင်းလဲနေတတ်သောကြောင့် ယခင်မူလအခြေအနေထက် new normal ဟုဆိုရမည့် အသစ်ဖြစ်ပေါ်လာသော ပုံမှန်အခြေအနေကိုသာ ကနဦးစဉ်းစားထားရမည်ဟုဆိုသည်။ new normal အခြေအနေကိုလက်ခံလျက် စီးပွားရေးအခြေအနေအရပ်ရပ်အပေါ်မူတည်၍ ကူညီအားပေးခြင်းသည်သာ လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းများအတွင်းရှိ လတ်တလောဆင်းရဲဒုက္ခများကို လျော့ပါးသက်သာစေပြီး လူမှုဖူလုံရေးအခြေအနေတို့ကို မြှင့်တင်နိုင်ကာ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူဖြစ်လာစေလိမ့်မည်။

တန်ဖိုးမဖြတ်နိုင်သော စိတ်ထားနှလုံးသားများနှင့်အတူ

သဘာဝဘေးဒဏ် ကြုံတွေ့လာရသည့်အခါ သက်ဆိုင်ရာနိုင်ငံအစိုးရများ၊ တာဝန်ရှိအဖွဲ့အစည်းများသည် အရေးပေါ်စီမံခန့်ခွဲမှု (Emergency Management)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု (Disaster Management) စသဖြင့် အခြေအနေအပေါ် မူတည်အသုံးပြုနိုင်သည့် စီမံခန့်ခွဲမှုစနစ်များကို လက်တွေ့ကြုံတွေ့မှုများနှင့်ကိုက်ညီစွာ ကျင့်သုံးလုပ်ဆောင်နိုင်ရေးအားထုတ်ကြရသည်။

နိုင်ငံအစိုးရများ၏ ဦးဆောင်မှုနှင့်အတူ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၏ ပံ့ပိုးကူညီလိုမှု၊ (ဖွံ့ဖြိုးဆဲနိုင်ငံများတွင်) ပရဟိတစိတ်ထား အားကောင်းသော လူတစ်ဦးတစ်ယောက်ချင်းမှသည် အဖွဲ့အစည်းများအားလုံး ကိုယ်ချင်းစာတတ်၊ ကူညီတတ်၊ အနစ်နာခံတတ်သည့် တန်ဖိုးမဖြတ်နိုင်သော စိတ်ထား၊ နှလုံးသားများဖြင့် ပါဝင်လုပ်ဆောင်မှုများ အားကောင်းခဲ့ပါက သဘာဝဘေးဒဏ်သင့်လူ့အဖွဲ့အစည်းအတွင်းရှိ လိုအပ်ချက်များကို စွမ်းဆောင်ရည်ရှိရှိ၊ ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဖြစ်ပါသည်။ ။

ကိုးကား။ https://www.un.org

စောနိုင် (အသုံးချဘောဂဗေဒ)

လန်ဒန်မှ နယူးယောက်သို့ ၄၅ မိနစ်ဖြင့် အရောက်သွားမယ့် အသံထက် ၇ ဆမြန်လေယာဉ်
-

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ အမေရိကန်နိုင်ငံ နယူးယောက်မြို့အထိကို သာမန်အားဖြင့် လေယာဉ်စီးမယ်ဆိုရင် အချိန်ကရှစ်နာရီ ကျော်ကြာမြင့်မှာပါ။ အကွာအဝေးကလည်း ကီလို မီတာပေါင်း  ၅၅၅၄  ကီလိုမီတာကျော်ပါတယ်။

တကယ်လို့များ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို လေယာဉ်စီးပြီးသွားရမယ်ဆိုရင်တော့ အချိန်အားဖြင့်တစ်နေကုန်လောက်ယူရမှာ အသေအချာပါပဲ။ ဒါကြောင့်လည်း သိပ္ပံပညာရှင်များက အဲဒီလိုမျိုးကြာမြင့်ချိန်ကိုလျှော့ချနိုင်စေဖို့အတွက် တီထွင်ဆန်းသစ်မှုတွေလုပ်ဆောင်လာတာတွေ့ရပါတယ်။ အဓိကအားဖြင့် မြန်နှုန်းမြင့်လေယာဉ်တွေကို တီထွင်လာကြတာပါ။

ဒီလိုမျိုး   တီထွင်လာကြခြင်းရဲ့အကျိုးရလဒ်တစ်ခုအနေနဲ့ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို ၄၅ မိနစ်အတွင်းအရောက်သွားနိုင်တယ်ဆိုရင် ယုံနိုင်ပါ့မလား။ ဒီလိုမျိုးအရောက်သွားနိုင်ဖို့ဆိုရင် အသံထက်အလွန်မြန်တဲ့နှုန်းနဲ့သွားမှသာရောက်ရှိမှာပါ။

အခုတော့ A-HyM Hypersonic Air Master ဆိုတဲ့လေယာဉ်ရဲ့ ဒီဇိုင်းပိုင်းထွက်ပေါ်လာပါပြီ။ ဒီလေယာဉ်ကအပေါ်မှာပြောခဲ့သလိုမျိုးပဲ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို ၄၅ မိနစ်အတွင်းအရောက်သွားနိုင်စေမှာပါ။ ဒီလိုသွားနိုင်ဖို့အတွက်သူ့ရဲ့အမြန်နှုန်းက အသံထက် ၇ ဒသမ ၃ ဆမြန်တဲ့နှုန်းနဲ့သွားမှာဖြစ်ပါတယ်။

အသံထက် ၇ ဒသမ ၃ ဆမြန်တဲ့နှုန်းဆိုတာကို ရှင်းလင်းမြင်သာအောင်ပြရရင် တစ်နာရီကိုမိုင်ပေါင်း ၅၆၀၀ ကျော်နှုန်း၊ ကီလိုမီတာအားဖြင့် ၉၀၀၀ ကျော် နှုန်းနဲ့သွားနိုင်တာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့အဆင့်အမြင့်ဆုံးခရီးသည်တင်လေယာဉ်တောင်မှ အမြန်ဆုံးအနေနဲ့ တစ်နာရီကိုမိုင် ၅၆၀ နှုန်းနဲ့သာ ပျံသန်းနိုင်ပါသေးတယ်။ အတိတ်တုန်းက လန်ဒန်က နေ နယူးယောက်ကို ကြာမြင့်ချိန်သုံးနာရီခွဲဝန်းကျင်နဲ့ပျံသန်းခဲ့ဖူးတဲ့ ကမ္ဘာကျော်ကွန်းကော့လေယာဉ်တောင်မှ A-HyM Hypersonic Air Master ရဲ့နောက်မှာပြတ်ကျန်ခဲ့ရမယ့်အနေအထားဖြစ်ပါတယ်။

A-HyM Hypersonic Air Master ဆိုတာ စပိန် နိုင်ငံမှလေကြောင်းအာကာသ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ အော်စကာဗီနာရဲ့စိတ်ကူးဖြစ်ပါတယ်။သူ့ရဲ့စိတ်ကူးထဲမှာ ခရီးသည် ၁၇၀ ကိုတင်ဆောင်ပြီး မြေမျက်နှာပြင်အထက် ၉၈၄၂၅ ပေကနေပျံသန်းမယ့် အသံ နှုန်းလွန်ခရီးသည်တင်လေယာဉ်ကို ဖန်တီးဖို့ဖြစ်ပါ တယ်။ ဒီအမြင့်ပေဆိုတာကလည်း သာမန်ခရီးသည် တင်လေယာဉ်တွေ   ပျံသန်းတဲ့အမြင့်ပေထက်ကိုနှစ်ဆကျော်ရှိပါတယ်။

“အခုလိုမျိုးလေယာဉ်ကိုစိတ်ကူးပုံဖော်ဖန်တီးရ တဲ့အကြောင်းရင်းက လေယာဉ်စီးသူတွေအနေနဲ့ သူမတူထူးခြားတဲ့အတွေ့အကြုံကိုခံစားရရှိနိုင်စေဖို့နဲ့ ခရီးသွားရတဲ့ကြာမြင့်ချိန်ကိုလည်း သိသိသာသာ လျှော့ချနိုင်စေဖို့ဖြစ်ပါတယ်။ ဒီလေယာဉ်ကြောင့် လန်ဒန်မြို့ရှိ ဟီသရိုးလေဆိပ်ကနေ လေယာဉ်ပေါ် တက်ပြီးချိန်မှ နယူးယောက်မြို့ရှိ လော့အိန်ဂျလိ လေဆိပ်ကိုဆိုက်ရောက်ပြီးဆင်းပြီးသည့်အချိန်အထိစုစုပေါင်းကြာမြင့်ချိန် တစ်နာရီခွဲပဲရှိမှာဖြစ်ပါတယ်လို့ အော်စကာဗီနာကပြောပါတယ်။

အခုလိုမျိုးအသံထက်အလွန်မြန်တဲ့နှုန်းနဲ့ပျံသန်း မယ်ဆိုတာက အဲဒီလေယာဉ်ကိုအမြန်သွားစေတာ တစ်ခုတည်းဖြစ်ပေါ်စေတာမဟုတ်ပါဘူး။    သူနဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ရတာဖြစ်ပါတယ်။ အထင်ရှားဆုံးသောနည်း ပညာပိုင်းဆိုင်ရာစိန်ခေါ်မှုကတော့ အပူချိန်မြင့်တက် မှုကိုခံနိုင်ရည်ရှိစေရေးဖြစ်ပါတယ်။ ဒီလိုအရှိန်မျိုးနဲ့ သာလေထဲမှာပျံသန်းမယ်ဆိုရင် လေယာဉ်ကလေထု နဲ့ပွတ်တိုက်မှုကြောင့် အပူချိန် ၁၀၀၀ ဒီဂရီစင်တီ ဂရိတ်အထိကိုရင်ဆိုင်ရမှာပါ။

ဒီစိန်ခေါ်မှုကိုဖြေရှင်းနိုင်ဖို့အတွက် အော်စကာဗီနာက လေယာဉ်ရဲ့ကိုယ်ထည်ကို တိုက်တေနီယံ၊ ကာဗွန်ဖိုက်ဘာတို့နဲ့ပေါင်းစပ်ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီကုန်ကြမ်းပစ္စည်းတွေက အလေးချိန်အား ဖြင့်ပေါ့ပါးတဲ့အပြင် အပူဒဏ်ကိုလည်းအလွန်ခံနိုင် ရည်ရှိပါတယ်။ ဒီအတွက်ကြောင့် သူတို့ကိုကမ္ဘာ့မြေ မျက်နှာပြင်အမြင့်ပိုင်းတွေမှာ အသုံးပြုဖို့အတွက် အသင့်လျော်ဆုံးသော ကုန်ကြမ်းပစ္စည်းတွေဖြစ်စေ တာပါ။

အခုလောက်ထိမြန်တဲ့နှုန်းနဲ့သွားမယ်ဆိုရင် အသံ ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ မလွဲမသွေရင်ဆိုင်ရမှာပါ။ အဓိကကတော့ ကြီးမားပြီးကျယ်လောင်တဲ့အသံကို ထွက်ပေါ်စေမှာအမှန်ပါပဲ။ ဒီအခက်အခဲကိုဖြေရှင်း ဖို့အတွက်ကျတော့ Sonic Boom Mitigation စနစ် ကိုအသုံးပြုသွားမယ်လို့ဆိုပါတယ်။ ဒီစနစ်ဆိုတာကလေယာဉ်က လေထုကိုဖြိုခွဲသွားတဲ့အခါ ထွက်ပေါ်လာတဲ့အသံပေါက်ကွဲမှုကို လျှော့ချပေးနိုင်တဲ့စနစ်ဖြစ်ပါတယ်။

တကယ်လို့သာ  ဒီစနစ်အောင်မြင်သွားပါကသူ့ကိုသာမန်အသံနှုန်းလွန်ပျံသန်းမှုတွေမှာ ထည့်သွင်း အသုံးပြုလာနိုင်ပါလိမ့်မယ်။ ဥပမာအားဖြင့် တိုက် လေယာဉ်တစ်စင်းဆိုလျှင် အသံထက်မြန်စနစ်ကို ဖွင့်ပြီးသွားပါက အလွန်ကိုဆူညံတဲ့လေကိုထိုးခွဲသံ ထွက်ပေါ်စေပါတယ်။ ဒီအသံကို အောက်မှာရှိနေတဲ့ ပြည်သူတွေက ဘယ်လိုမှမခံနိုင်ပါဘူး။ ဒါကြောင့် လည်း အသံထက်မြန်စနစ်အသုံးပြုမယ်ဆိုရင် လူထု ကိုကြိုတင်အသိပေးကြရတာပါ။

A-HyM Hypersonic Air Master အနေနဲ့အခုလိုမျိုးအမြန်နှုန်းနဲ့ပျံသန်းနိုင်ဖို့အတွက်   အဓိကကျတဲ့ အရာက သူ့ရဲ့အင်ဂျင်ဖြစ်ပါတယ်။  ဒီနေရာမှာလည်း သူ့ရဲ့နည်းပညာအဆင့်အတန်းမြင့်မားမှုကိုဖော်ပြနေ တာတွေ့ရပါတယ်။ အကြောင်းရင်းကတော့ အင်ဂျင် အတွက်လိုအပ်တဲ့လောင်စာအဖြစ် ဟိုက်ဒရိုဂျင်ကို အသုံးပြုသွားမယ်လို့ဆိုထားတဲ့အတွက်ပါ။ အင်ဂျင် စနစ်ကလည်း ပေါင်းစပ်အင်ဂျင်စနစ်ဖြစ်ပြီး ဒီစနစ်မှာ Turbojet၊ Ramjet နဲ့ Oblique Detonation Engine နည်းပညာတွေကို ပေါင်းစပ်ထားတာကြောင့် စတင် ပျံတက်ချိန်မှသည်   အသံနှုန်းလွန်အမြန်နှုန်းဖြင့်ပျံသန်းချိန်အထိကို  အရှိန်အမျိုးမျိုးတင်နိုင်စေမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သက်သောင့်သက်သာဖြစ် မှုပါ။ လေယာဉ်က အသံထက် ၇ ဆမြန်တဲ့နှုန်းနဲ့ပျံသန်းမှာဖြစ်တဲ့အတွက် လေယာဉ်ပေါ်လိုက်ပါစီးနင်း ကြမယ့် ခရီးသည်တွေအနေနဲ့ သက်သောင့်သက်သာ ဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်။ ဒီအတွက် သမား ရိုးကျလေယာဉ်တွေလိုမျိုး ပြတင်းပေါက်သေးသေး လေးတွေနဲ့မဟုတ်ဘဲ မြင်ကွင်းကျယ်ပုံရိပ်တွေကို အချိန်နဲ့တစ်ပြေးညီဖော်ပြပေးနိုင်မယ့်စနစ်ကို အသုံး ပြုသွားမယ်လို့ အော်စကာဗီနာကဆိုပါတယ်။ ဒီစနစ် ကဖြစ်ပေါ်နေတဲ့အခြေအနေများကိုသာမက ဖျော် ဖြေရေးနဲ့သတင်းအချက်အလက်ပေးရေးလုပ်ငန်းကိုလည်း တာဝန်ယူသွားမှာပါ။

ဒါ့အပြင် လေယာဉ်ရဲ့အတွင်းပိုင်းမှာ လိုက်ပါစီးနင်းသူတွေအနေနဲ့ ကျယ်ဝန်းပြီးသက်သောင့်သက် သာဖြစ်စွာ စီးနင်းရတယ်ဆိုတဲ့ခံစားချက်ကိုရရှိစေ ဖို့အတွက် လိုအပ်တဲ့အကျယ်အဝန်းကိုထားရှိပေးဦးမှာပါ။ အထူးသဖြင့် အပေါ်မှာပြောခဲ့သလိုမျိုးပဲ မြန် နှုန်းမြင့်အရှိန်နဲ့ပျံသန်းနေတဲ့လေယာဉ်ပေါ်မှာ သက် သောင့်သက်သာဖြစ်တဲ့ခံစားချက်ကိုပေးစွမ်းနိုင်စေ ဖို့ဖြစ်ပါတယ်။

A-HyM Hypersonic Air Master အသံနှုန်းလွန် လေယာဉ်က လက်ရှိမှာစိတ်ကူးနဲ့ဒီဇိုင်းဖော်ထားတဲ့ အဆင့်မှာသာရှိနေသေးပေမယ့် ဒီစိတ်ကူးကြောင့်ပဲ အလွန်လျင်မြန်တဲ့ လေကြောင်းခရီးသွားလာမှုနည်း ပညာကို တစ်ဖန်ပြန်လည်ဆန်းသစ်လာစေတာဖြစ် ပါတယ်။ ဒါ့အပြင် အရင်တစ်ချိန်တုန်းက သိပ္ပံစိတ် ကူးယဉ်ဇာတ်လမ်းတွေထဲမှာသာ မြင်တွေ့ခဲ့ရဖူးတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအင်ဂျင်စနစ်၊ အသံပေါက်ကွဲမှုထိန်းချုပ်ရေးစနစ် အစရှိတဲ့ နည်းပညာတွေဆိုရင်လည်း လက်ရှိမှာလက်တွေ့ဖန်တီးစမ်းသပ်မှုတွေလုပ်ဆောင်လာနိုင်နေပြီဖြစ်တာကြောင့် အသံ ထက် ၇ ဆမြန်တဲ့ခရီးသည်တင်လေယာဉ်ဆိုတာက လည်း သိပ်မဝေးတော့တဲ့အချိန်ကာလမှာ လက်တွေ့ ကမ္ဘာဆီကို ပေါ်ထွက်လာမှာအမှန်ဖြစ်ကြောင်း ရေး သားတင်ပြလိုက်ရပါတယ်။      ။      

Ref: IE

Source: Myawady Web Portal

ဘာသာပြန်ဆောင်းပါးရှင် - ကိုထက်

smile
-

နေ့သစ်ကို မည်သို့ဖြတ်သန်းကြမည်နည်း။ အာရုံပေါင်းများစွာ စိတ်ပေါင်းများစွာ ဖြစ်ပေါ်ရာနောက် လိုက်ပါရင်း ရှင်သန်ခြင်းကို ကိုယ်စားပြုလျက်ရှိသည်။  အောင်မြင်မှုဟူသည်  အလုပ်ပြီးမြောက်ခြင်းသက်သက်မဟုတ်ဘဲ ထူးချွန်စွာဆောင်ရွက်နိုင်ခြင်းမှသာ လက်ဆင့်ကမ်းရရှိနိုင်သည်။ လူတိုင်း အလုပ်လုပ်ကြသည်။ အလုပ်သည် လူတစ်ယောက်၏ ဂုဏ်ကျက်သရေ၊  ရိက္ခာဖြစ်ပေသည်။  အလုပ်မရှိ လက်ကြောမတင်းသူတိုင်း၏ စိတ်တွင် ပျင်းရိခြင်းတို့ ငြိတွယ်ကြလေ့ရှိသည်။ စိတ်အစဉ်သည် ထူးခြား ဆန်းပြားလှသည်။ အလုပ်ကြိုးစားသူ တစ်ယောက်၏ စိတ်သည် ယခုမှသည် နောင်ကာလတိုင် အကျိုး ဖြစ်ထွန်းရေးကို ဦးတည်သည်။  အလုပ်မကြိ

နေ့သစ်ကို မည်သို့ဖြတ်သန်းကြမည်နည်း။ အာရုံပေါင်းများစွာ စိတ်ပေါင်းများစွာ ဖြစ်ပေါ်ရာနောက် လိုက်ပါရင်း ရှင်သန်ခြင်းကို ကိုယ်စားပြုလျက်ရှိသည်။  အောင်မြင်မှုဟူသည်  အလုပ်ပြီးမြောက်ခြင်းသက်သက်မဟုတ်ဘဲ ထူးချွန်စွာဆောင်ရွက်နိုင်ခြင်းမှသာ လက်ဆင့်ကမ်းရရှိနိုင်သည်။ လူတိုင်း အလုပ်လုပ်ကြသည်။ အလုပ်သည် လူတစ်ယောက်၏ ဂုဏ်ကျက်သရေ၊  ရိက္ခာဖြစ်ပေသည်။  အလုပ်မရှိ လက်ကြောမတင်းသူတိုင်း၏ စိတ်တွင် ပျင်းရိခြင်းတို့ ငြိတွယ်ကြလေ့ရှိသည်။ စိတ်အစဉ်သည် ထူးခြား ဆန်းပြားလှသည်။ အလုပ်ကြိုးစားသူ တစ်ယောက်၏ စိတ်သည် ယခုမှသည် နောင်ကာလတိုင် အကျိုး ဖြစ်ထွန်းရေးကို ဦးတည်သည်။  အလုပ်မကြိုးစားသူ တစ်ယောက်၏စိတ်တွင်မူ  နာရီပိုင်းအချိန်လေး အတွက်ကိုယ်စားပြုသည်ကို  လေ့လာတွေ့ရှိရသည်။ သို့ဖြစ်၍ အလုပ်ဟူသမျှဂုဏ်ရှိစွ  ဆိုသည့်စကားအတိုင်း အလုပ်မရွေး၊ နေရာမရွေး လုပ်ဆောင်ကြရမည်ဖြစ်သည်။

နေ့စဉ်ဘဝ ဖြတ်သန်းကြရာတွင် စိတ်ကောင်းနှလုံးကောင်းဖြင့် စိတ်ဖြူစင်မှုဖြစ်ပေါ်အောင် နေထိုင်ကြရမည်ဖြစ်သည်။  လူတစ်ယောက်သည် ရုပ်ဆိုးသော်လည်း စိတ်ဖြူစင်မှုရှိလျှင် အလွန်တရာ ကြည့်လို့ကောင်းလှသည်။    ရုပ်လှသော်လည်း စိတ်ဖြူစင်မှုမရှိ ကောက်ကျစ်လျှင်  အလွန်တရာ အရုပ်ဆိုးအကျည်းတန်လှပေသည်။ မိတ်ဆွေကောင်းနှင့်လည်း  ဝေးကွာနိုင်သည်။ အရေးကြုံ သက်လုံမလှ ဖြစ်ရသည့်ပမာ  ကိုယ်ခံအားမကောင်းသဖြင့် မျက်မှောက်ဘဝ၌ပင် အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်ပေသည်။ စိတ်ဖြူစင်မှုစုဆောင်းရယူနိုင်ပေသည်။ စိတ်သည် ပေါ်ရာအာရုံနောက်သို့ တကောက်ကောက် လိုက်ပါနေလေ့ရှိသဖြင့်  မနောနှင့်တိုက်မိတိုင်း စိတ်ဖြစ်ပေါ်လျက် ပင်ပန်းကြရသည်။ အာရုံဟူသမျှ စိတ်ညွှတ်မိတိုင်း စိတ်ပင်ပန်းရသည်ကို သတိချပ်လျက်  နေထိုင်ရမည်ဖြစ်သည်။  သတိတစ်လုံး အခက်ဆုံးဖြစ်ပေသည်။

လူတိုင်း  ကိုယ့်ကိုယ်ကိုယ်  သတိရှိသည်ဟု ထင်မြင်ကြသည်။ သာမန်သိနေသော သတိ၊ စူးစိုက် လေ့ကျင့်မှုမှ   ဖြစ်ပေါ်သောသတိ   လွန်စွာကွဲပြားခြားနားသည်။ သာမန်သိသော သတိသည် အသိမမြဲ၊ အသေးစိတ် သိရှိနေခြင်းမျိုးမဟုတ်ပေ။ စူးစိုက်တည်ကြည်မှုမှ ဖြစ်ပေါ်သော သတိသည် မိမိနှင့် ဝန်းကျင်တွင်  ဖြစ်ပေါ်နေသော  အာရုံများစွာကို သတိဖြင့်   ကြည့်ရှုနိုင်သည်။   တဖြည်းဖြည်း ကြည့်ပါများလာလျှင်  အာရုံများကို  သတိဖြင့်စောင့်ကြည့်နိုင်မည်ဖြစ်သည်။ မည်သို့အကျိုးကျေးဇူးရမည်နည်း။  လူအများစုသည် အကျိုးမဖြစ်ထွန်းလျှင် ဇွဲ၊ လုံ့လ၊ ဝီရိယ  စိုက်ထုတ်ကြလေ့မရှိကြပေ။ သတိထားမမှားပါပေ။ မျက်မှောက်ကာလ လုပ်ငန်းခွင်တွင် ပြုမူနေထိုင်မှုပုံစံများကအစ ပြုပြင်ပြောင်းလဲလာမည်ဖြစ်သည်။ မိမိစိတ်တွင်ဖြစ်ပေါ်နေသော ဒေါသ၊  လောဘ၊  မောဟအနုအရင့်ကို သရုပ်ခွဲခြားနိုင်စွမ်းရှိလာမည်ဖြစ်သည်။   အလားတူ ပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေသော  စိတ်လှုပ်ရှားမှုဟူသမျှကိုလည်း နားလည်လာမည်ဖြစ်သည်။

ရွှေသည် သတ္တုတစ်မျိုးဖြစ်သော်လည်း လူတို့၏ အဆင်တန်ဆာ၊ စည်းစိမ်ဥစ္စာအဖြစ်တည်ရှိပေသည်။ လူတွင်လည်း စိတ်သည် အကြီးအမှူးဖြစ်ပေသည်။ စိတ်ဆောင်၍ အောင်မြင်ကြရသည်။

စိတ်ဇွဲကြီး၍ ကြီးပွားချမ်းသာကြသည်။ သို့တိုင် စိတ်သည် အပြုသဘော၊ အဖျက်သဘောကိုဆောင် ပေသည်။ အပြုသဘောဆောင်သော စိတ်ပျော်ရွှင်မှုရရှိအောင်၊   စိတ်တည်ငြိမ်မှုရရှိအောင်  နေထိုင် ကြရမည်ဖြစ်သည်။ စိတ်မညစ်အောင် နေထိုင်ပြုမူကြရမည်ဖြစ်သည်။ ကိုယ်စိတ်နှစ်ပါးသည် ဒွန်တွဲနေလေ့ရှိသဖြင့်   စကားအပြောအဆို ထိန်းသိမ်း၍နေထိုင်မည်။ ကိုယ်အမူအရာ မျက်နှာပေးပြုပြင်၍ နေထိုင်မည်။ ဝန်းကျင်နှင့်သင့်မြတ်အောင် နေထိုင်မည်။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုစကားကို လက်ကိုင်မထားဘဲ၊ သင်ကောင်းခြင်း၊ မကောင်းခြင်းကို မျက်နှာမမူဘဲ ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းအောင် နေထိုင်သွားကြရမည်ဖြစ်သည်။

ထို့အတူ သည်းခံခြင်းသဘော လက်ကိုင်ထားသင့်ပေသည်။ သည်းခံခြင်းသည် အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရာတွင် လွန်စွာခက်ခဲလှသည်။ လူတစ်ဦး၏ စကား၊ အမူအရာ ရိုင်းပျမှုကို လူအများစု သည်းခံနိုင်စွမ်းမဲ့ကြသည်။ သည်းမခံနိုင်၍  ရန်ဖြစ်ကြသည်။  စကားများကြသည်။ လက်ပါခြေပါပြုမူကြသည်။ဒေါသလွန်၍ လူသတ်မှုဖြစ်ကြသည်။  ဒေါသသည် လွန်စွာကြောက်စရာကောင်းလှသည်။ ဒေါသကိုဖြစ်စေသော လောဘသည်လည်း ထိုနည်းတူစွာ ကြောက်စရာ အထူးကောင်းလှသည်။ လောဘကြောင့် လိုချင်မှုတို့ ဒီရေအလားတိုးတက်လာသည်။ မထားအပ်သည့် မာနထားရှိတတ်လာသည်။ ပစ္စည်းတစ်ခုပိုင်ဆိုင်ဖူးလျှင် ငါ့ပစ္စည်းဆိုသည့် လောဘကြောင့် စိတ်ပင်ပန်း ကြရသည်။  ပစ္စည်းဥစ္စာများပျက်စီးခြင်းကြောင့် သောကပူဆွေးဖြစ်ကြရသည်။ စိတ်အတွင်းဖြစ်ပွားသည့် သောကအပူမီးကို ငြှိမ်းသတ်နိုင်သည့် တစ်ခုတည်းသော   လမ်းကြောင်းသည်   သတိတရား လက်ကိုင်ထား၍ ဖြေရှင်းဆောင်ရွက်ခြင်းသာဖြစ်သည်။ ပျက်စီးသွားသောပစ္စည်း၊ စွန့်လွှတ်လိုက်ရသော ပစ္စည်းများအတွက် တရားနည်းလမ်းတကျ ရှုမြင်နိုင်လျှင် စိတ်အေးချမ်းမှု ရရှိစေမည်ဖြစ်သည်။

လောကဓံနှင့်ကြုံ စိတ်မတုန်လှုပ်အောင် သတိထားရမည်ဖြစ်သည်။ သာတစ်လှည့်နာတစ်လှည့် အခွင့်အရေးပေးနေသည့် လောက၏ ထိုးနှက်ချက်မျိုးစုံကြား၌  စိတ်ကို အလှည့်အပြောင်းမရှိ နေသားတကျရှိအောင် နေထိုင်ရမည်သာဖြစ်သည်။ အဆိုးလောကဓံသည် အမြဲမရှိနိုင်ပါပေ။ အဆိုးပြီးလျှင် အကောင်းလာမည်ဖြစ်သည်။ စိတ်များပျော့မသွားအောင်၊ ယိမ်းယိုင်မသွားအောင်  တည့်မတ်လျက်  ဘေးအပေါင်းကို ကျော်လွှား ရမည်ဖြစ်သည်။ စိန်သားသည် မာကြောသကဲ့သို့ တန်ဖိုးလည်းကြီးသည်။ စိတ်ကို စိန်ကဲ့သို့တန်ဖိုးကြီးအောင် ပုံဖော်၍  ဘဝကိုထုဆစ်နိုင်ရမည် ဖြစ်သည်။ အပြောင်းအလဲမြန်လှသည့် စိတ်၏ ဖြစ်စဉ်များကို   စုစည်းနိုင်စွမ်းအားဖြင့်  တည်ငြိမ်မှုရရှိ အောင်ကြိုးစား၍ လောကဓံကို အန်တုရင်ဆိုင်ကြရမည်ဖြစ်သည်။

ကမ္ဘာကြီးသည်   ရုပ်ဝတ္ထုဖွံ့ဖြိုးခြင်းများဖြင့် ခရီးဆက်လာသည်မှာ  နေသားတကျ ရှိလာပြီဖြစ်သော်လည်း ရုပ်ဝတ္ထုဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ဆောင်ရွက်မှုများကြောင့်   မမျှော်မှန်းနိုင်သည့် ဘေးထွက်ဆိုးကျိုးများလည်း ပေါ်ပေါက်လာခဲ့ရသည်။

မုန်တိုင်းတိုက်ခတ်ခြင်း၊   ရေကြီးခြင်း၊   လေပြင်း တိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခတ်ခြင်း အစရှိသော ဘေးအပေါင်းသည် ကမ္ဘာကြီးကို ဝန်းရံလျက်ရှိပြီး အချိန်မရွေးဖျက်ဆီးနိုင်စွမ်း ရှိကြောင်းပြဆိုနေသည်။  သဘာဝဘေးအန္တရာယ်သည် လူတို့မျှော်မှန်းသည့်အတိုင်း   ဖြစ်ပေါ်လာလေ့မရှိဘဲ   မထင်မှတ်သည့် အချိန်များတွင် မျက်လှည့်ပြသည့်အလား ဝင်ရောက်လာလေ့ရှိသည်။ ဘေးမကြုံအောင်မည်သို့ လုပ်ဆောင်ကြမည်နည်း။ နှစ်အလိုက်ရရှိခဲ့သည့် အတွေ့အကြုံ၊ သင်ခန်းစာများကို ဆောင်ရန်နှင့် ရှောင်ရန်သတ်မှတ်လျက် တစ်ဦးချင်းလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် တစ်ဦးချင်းပါဝင်မှုမှသည် အဖွဲ့အစည်းများအသွင်ဖြင့် ရိုင်းပင်းကူညီကြရမည်ဖြစ်သည်။

အတွေ့အကြုံသည် ဘဝသင်ခန်းစာဖြစ်ပေသည်။ ဘေးအန္တရာယ်အသွယ်သွယ်မှ ရုန်းထွက်နိုင်သူများ၏ ကြံ့ခိုင်မှုကိုပြဆိုနေသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြင့် ဘဝအဆင့်ဆင့် ပြန်လည်ဦးမော့အောင် ကြိုးစား ကြသည်။ ယနေ့ကမ္ဘာသည် မနေ့က ကမ္ဘာမဟုတ်သည်ကိုတွေ့ရမည်ဖြစ်သည်။ လဲလျှင်ပြန်ထနိုင်စွမ်းရှိသည်။ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဟု ညွှန်းဆိုသည့်အတိုင်း နိုင်ငံအချင်းချင်း ရိုင်းပင်းကူညီမှု စိတ်ရင်းစေတနာများ အထင်းသားတွေ့မြင်ကြရသည်။ ကမ္ဘာ့အဖွဲ့အစည်း အသီးသီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စများ၊ ရေထု၊ မြေထု စနစ်တကျ စီစဉ်ဆောင်ရွက်မှုများကို ရေတို၊ ရေရှည်စီမံကိန်းများရေးဆွဲလျက် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ရှေ့သို့ချီရမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော နေ့ရက်များဆီ ဦးတည်ကြရမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့်အတူ   စိတ်ဓာတ်ကြံ့ခိုင်ရေး လှုပ်ရှားမှုများကိုလည်း  ကျယ်ပြန့်သောလူ့အဖွဲ့အစည်း တစ်ခုလုံးဆီသို့   ပျံ့နှံ့ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

လူသည် တွေးကြံဆောင်ရွက်လျက် ဘဝကိုထူမတ်နိုင်စွမ်းရှိသည်။ ဉာဏ်ရည်ဉာဏ်သွေး အမြင့်ဆုံးနှင့် စိတ်ဓာတ်သန်မာသူများဖြစ်ကြသည်။ ခယောင်းလမ်းကို ပန်းပွင့်စေနိုင်သူဖြစ်သည်။ ဆန်းသစ်သော တီထွင်ဖန်တီးမှုစွမ်းအားများဖြင့် ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီဆောင်ရွက်နိုင်သည်။ သစ်လွင်သောစိတ်ကူးများကို အပျက်ဆီသို့ တွန်းမပို့ဘဲ ပိုကောင်းသောစိတ်ကူးများ ဖြစ်စေသည်အထိ ကြိုးစားကြရမည်ဖြစ်သည်။ အဓိပ္ပာယ်ရှိသော အသက်ရှင်သန်ခြင်းဖြင့် ယခုလည်းကောင်း နောင်လည်းကောင်းမည့် အလုပ်များကို   ပြုံး၍ လုပ်ဆောင်နိုင်အောင် စွမ်းဆောင်ရမည်ဖြစ်သည်။ ကံရှိသလောက် ရှင်သန်ကြရသည့် လောက၏ ဝှက်ဖဲအောက်တွင် မသေသေးသရွေ့ ကုသိုလ်ဖြစ်စေမည့် အလုပ်များကို ဆက်လက်လုပ်ဆောင်ပြီး ငြိမ်းချမ်းသောဘဝကို ထူထောင်ကြရေး ဆန္ဒမွန်ဖြင့် တိုက်တွန်း ရေးသားလိုက်ရသည်။   ။

ထက်‌‌ဝေအောင် (စစ်ကိုင်း)

ဖိလစ်ပိုင်အခွန်အယူခံတရားရုံးအကြောင်း တစေ့တစောင်း
-

တည်နေရာ

ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံး(Court of Tax Appeals) သည် ဖိလစ်ပိုင်နိုင်ငံ၊ မက်ထရို မနီလာဒေသ၊ ကွီဇွန်မြို့ (Quezon City ) တွင် တည်ရှိပါသည်။ တရားရုံး၏ ဌာနခွဲ(၃)ခုမှာလည်း အဆိုပါ ရုံးချုပ်တွင်ပင် ဖွင့်လှစ်ထားပါသည်။ 

ဖွဲ့စည်းပုံ

ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံးတွင် ဦးဆောင်တရားသူကြီးနှင့် တွဲဖက်တရားသူကြီး (၈) ဦးတို့က အမှုများကို ကြားနာစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ထိုတရားရုံး ဖွဲ့စည်းပုံတွင် အောက်ပါဌာနများ ပါဝင်သည် -

(၁)     ဦးဆောင်တရားသူကြီးရုံး (Office of the Presiding Justice)

(၂)      တွဲဖက်တရားသူကြီးများ၏ ရုံးများ (Offices of the Associate Justices)

(၃)     တရားရုံးအတွင်းရေးမှူးရုံး (Office of the Clerks of Court)

(၄)     ဥပဒေနှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုရုံး (Legal and Technical Services Office)

(၅)     အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုရုံး (Office of Administrative and Finance Services)

ဦးဆောင်တရားသူကြီး (Presiding Justice)

ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံး၏ လက်ရှိ ဦးဆောင်တရားသူကြီးမှာ ရိုမန် ဂီ. ဒယ် ရိုဆာရီယို (Hon. Roman G. Del Rosario) ဖြစ်ပါသည်။ ၎င်းသည် ၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အခွန်အယူခံတရားရုံး (Court of Tax Appeals - CTA) ၏ ဦးဆောင်တရား သူကြီးအဖြစ် ခန့်အပ်ခံရပါသည်။ ဦးဆောင်တရားသူကြီးသည် တရားရုံး စုံညီခုံ (En Banc) ၏ ကြားနာစစ်ဆေးမှုများကို ဦးဆောင်ရပြီး တရားရုံးရှိ ပထမဌာနခွဲ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ပါသည်။

အခွန်အယူခံတရားရုံး၏ ဦးဆောင်တရားသူကြီးသည် တရားရုံး၏ အကြီးအမှူးဖြစ်ပြီး  အယူခံတရားရုံး (Court of Appeals) ၏ ဦးဆောင်တရားသူကြီးနှင့် အဆင့်တူ လစာ၊ ခံစားခွင့်များ ရရှိပါသည်။ ၎င်းသည် ဌာနအကြီးအကဲများအား စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကြီးကြပ်မှုများကို ဆောင်ရွက်ရပြီး တရားရုံး၏ လုပ်ငန်းဆောင်တာများကို စောင့်ကြည့် ရပါသည်။

တွဲဖက်တရားသူကြီးများ (Associate Justices)

အခွန်အယူခံတရားရုံး၏ ဦးဆောင်တရားသူကြီး၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်း များတွင် ကူညီရန် တွဲဖက်တရားသူကြီး (၈) ဦးခန့်အပ်ထားပြီး ၎င်းတို့မှာ အယူခံတရားရုံး၏ တွဲဖက်တရားသူကြီးများနှင့် အဆင့်တူ လစာနှင့် အခွင့်အရေးများ ရရှိပါသည်။

အတွင်းရေးမှူးရုံးအဖွဲ့ (Office of the Clerk of Court - OCC)

တရားရုံး၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စများ စီစဉ်ဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးအရာရှိနှင့် ဝန်ထမ်းများကို ခန့်အပ်ထားပါသည်။ ထို့ပြင် ဌာနခွဲ(၃)ခုတွင် အတွင်းရေးမှူး (၁) ဦးစီ ခန့်အပ် ထားပါသည်။ အုပ်ချုပ်ရေးအရာရှိသည် ဦးဆောင်တရားသူကြီး၏ တိုက်ရိုက် ကြီးကြပ်မှု အောက်တွင်ရှိပြီး စုံညီခုံအဖွဲ့ (En Banc) ၏ အစည်းအဝေးများနှင့် အမှုစစ်ဆေးမှုများတွင် တရားသူကြီးများအား ကူညီဆောင်ရွက်ပေးရပါသည်။ ဌာနခွဲအတွင်းရေးမှူးများသည် သက်ဆိုင်ရာ ဌာနခွဲများမှ တရားသူကြီးများ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ရပြီး ဌာနခွဲအဆင့် အမှုများစစ်ဆေးရာတွင် ကူညီဆောင်ရွက်ပေးရပါသည်။  

နောက်ခံသမိုင်း

အခွန်အယူခံတရားရုံးကို ၁၉၅၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၁၁၂၅ (R.A. 1125) ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ထိုစဉ်က ၎င်း၏ တရားစီရင်ပိုင်ခွင့် နယ်ပယ် ကန့်သတ်ချက်များကြောင့် တရားသူကြီး (၃) ဦးသာရှိခဲ့ပြီး ယင်းဖွဲ့စည်းပုံမှာ လက်ရှိတရားရုံး ၏ ဌာနခွဲတစ်ခုစာ ဖွဲ့စည်းပုံအင်အားသာရှိပါသည်။

၂၀၀၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၉၂၈၂ (R.A. 9282) ပြဋ္ဌာန်း ခဲ့ပြီးနောက် အခွန်အယူခံတရားရုံးသည် အယူခံတရားရုံး (Court of Appeals) နှင့် အဆင့်တူ ဖြစ်လာပါသည်။ တရားရုံး၏ ဖွဲ့စည်းပုံကိုလည်း ဦးဆောင် တရားသူကြီး (၁) ဦးနှင့် အကြီးတန်း တရားသူကြီး (၅) ဦး၊ စုစုပေါင်း တရားသူကြီး (၆) ဦးအထိ တိုးမြှင့်ခန့်အပ်ခဲ့ပါသည်။  

သမ္မတ အက်ဥပဒေအမှတ် ၉၂၈၂ အရ အခွန်အယူခံတရားရုံးသည် စုံညီခုံ (En Banc) သို့မဟုတ် ဌာနခွဲနှစ်ခုမှ အဖွဲ့(၂) ဖွဲ့ (တစ်ဖွဲ့လျှင် တရားသူကြီး ၃ ဦးစီ) ဖြင့် စစ်ဆေးနိုင် ပါသည်။ ဌာနခွဲတစ်ခု၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက စုံညီခုံအဖွဲ့ (En Banc) သို့  အယူခံ တင်သွင်းလျှောက်ထားနိုင်ပြီး ထိုစုံညီခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကိုမူ နိုင်ငံတော်၏ အမြင့်ဆုံး တရားစီရင်ရေးအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ ပြန်လည်စိစစ် သုံးသပ်ပေးရန် လျှောက်ထား တင်ပြနိုင်ပါသည်။

သို့သော် ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၉၅၀၃ (R.A. 9503) ကို ပြဋ္ဌာန်းလိုက်ပြီး ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် အာဏာသက်ရောက်လာပါသည်။ ဤအက်ဥပဒေဖြင့် အခွန်အယူခံတရားရုံး၏ ဖွဲ့စည်းပုံကို တတိယဌာနခွဲ ထပ်မံဖွဲ့စည်းခြင်းနှင့် ပူးတွဲတရားသူကြီး (၃) ဦး ထပ်မံတိုးမြင့်ခန့်အပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ  အခွန်အယူခံတရားရုံးတွင် ဦးဆောင်တရားသူကြီး (၁) ဦး နှင့် တွဲဖက် တရားသူကြီး (၈) ဦး ခန့်အပ်ထားရှိပါသည်။ အခွန်အယူခံတရားရုံးအနေဖြင့် အမှုများ ကြားနာစစ်ဆေး ရာတွင် စုံညီခုံ (En Banc) အနေဖြင့်လည်းကောင်း၊  ဌာနခွဲ ၃ ခု (တစ်ခုလျှင် တရားသူကြီး ၃ ဦးစီ) ဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။

အခွန်အယူခံတရားရုံးသည် ဖိလစ်ပိုင်နိုင်ငံ တရားစီရင်ရေးစနစ်၏ တရားရုံးများအနက်မှ အရေးပါသော တရားရုံးတစ်ရုံးဖြစ်ပြီး နိုင်ငံတော်တရားလွှတ်တော်ချုပ်(Supreme Court) ကြီးကြပ်မှုအောက်တွင် ရှိနေပါသည်။ 

သမ္မတ အက်ဥပဒေအမှတ် ၁၁၂၅ (R.A. 1125) အရ  အခွန်အယူခံတရားရုံး၏ မူလအယူခံ တရားစီရင်ပိုင်ခွင့်များ

အခွန်အယူခံတရားရုံးသည်အောက်ပါဆုံးဖြတ်ချက်များကို အယူခံဝင်နိုင်သည့် တစ်ခုတည်းသော တရားရုံးဖြစ်ပါသည် - 

(၁)     ပြည်တွင်းအခွန် ကော်မရှင်နာ၏ ဆုံးဖြတ်ချက်များ

         (က)   အငြင်းပွားနေသော အခွန်အခဆိုင်ရာ စည်းကြပ်မှုများ

         ( ခ )   ပြည်တွင်းအခွန်၊ အခကြေးငွေ သို့မဟုတ် အခြားကောက်ခံမှုများအတွက် ပြန်အမ်းငွေဆိုင်ရာ ကိစ္စများ

         ( ဂ )   အမျိုးသားပြည်တွင်းအခွန်ဥပဒေ (National Internal Revenue Code) နှင့် သက်ဆိုင်သည့် ပြစ်ဒဏ်များ

         (ဃ)   အခွန်ဌာန(BIR)က စီမံခန့်ခွဲသည့် အခြားဥပဒေများနှင့် သက်ဆိုင်သော ကိစ္စရပ်များ

(၂)      အကောက်ခွန် ကော်မရှင်နာ၏ ဆုံးဖြတ်ချက်များ

          (က)   အကောက်ခွန်၊ အခကြေးငွေ သို့မဟုတ် အခြားငွေကြေးဆိုင်ရာ ကောက်ခံမှုများ

          ( ခ )   ပစ္စည်းများသိမ်းဆည်းခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ကင်းလွတ်ပေးခြင်း ဆိုင်ရာ ကိစ္စများ

          ( ဂ )   ဒဏ်ကြေးငွေနှင့် အခြားအပြစ်ဒဏ်များ

          (ဃ)   အကောက်ခွန်ဥပဒေ (Customs Law) နှင့် သက်ဆိုင်သည့်အခြား ကိစ္စများ

(၃)     ဘဏ္ဍာရေးဝန်ကြီးထံ အယူခံမှုများ

အကောက်ခွန်ကော်မရှင်နာက အခွန်ထမ်းဘက်သို့ သက်သာခွင့်ပေးသော ဆုံးဖြတ်ချက်များ ကို ဘဏ္ဍာရေးဝန်ကြီးထံ တင်ပြခြင်း (TCC ပုဒ်မ ၂၃၁၅ အရ)

(၄)     ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး (သို့စိုက်ပျိုးရေးဝန်ကြီး၏ ဆုံးဖြတ် ချက်များ

(Anti-Dumping Duty, Countervailing Duty နှင့် Safeguard Duty ဆိုင်ရာ ဆုံးဖြတ်ချက်များ)

R.A. 9282 အရ အခွန်အယူခံတရားရုံး၏ တရားစီရင်ပိုင်ခွင့် ထပ်မံတိုးမြင့်ခြင်း

ဤဥပဒေအရ အခွန်အယူခံတရားရုံး၏ မူလအယူခံတရားစီရင်ပိုင်ခွင့်ကို  အောက်ပါအတိုင်း ထပ်မံတိုးမြင့်ခဲ့ပါသည် -

(၁)     အခွန်ရာဇဝတ်မှုဆိုင်ရာအမှုများ 

အမျိုးသားပြည်တွင်းအခွန်ဥပဒေ (National Internal Revenue Code) နှင့် အကောက်ခွန်နှုန်းနှင့် အကောက်ခွန်ဥပဒေ (Tariff and Customs Code) ကိုချိုးဖောက်သည့် အမှုများ

(၂)      ဒေသဆိုင်ရာ အခွန်များနှင့် ပတ်သက်သည့် ဒေသဆိုင်ရာတရားရုံး (RTC) ၏ ဆုံးဖြတ်ချက်များ

(၃)     ဗဟို အခွန်စည်းကြပ်မှုအယူခံဘုတ်အဖွဲ့ (CBAA)  ဆုံးဖြတ်ချက်များ                       

         (အိမ်ခြံမြေ အခွန်စည်းကြပ်မှုဆိုင်ရာ အငြင်းပွားမှုများ)

(၄)     အပြီးသတ် အခွန်စည်းကြပ်ကောက်ခံမှုများ                            

         (ပြည်တွင်းအခွန်နှင့် အကောက်ခွန်ဆိုင်ရာ အပြီးသတ် စည်းကြပ်မှုများဖြစ်သော ကောက်ခံမှုဆိုင်ရာအမှုများ)

အခွန်အယူခံလျှောက်ထားရန် လိုအပ်သည့်အချက်အလက်များ

ဖိလစ်ပိုင်နိုင်ငံတွင် အခွန်ထမ်းတစ်ဦးသည် အခွန်အယူခံမှု လျှောက်ထားရာ၌ လိုအပ်သည့် စာရွက်စာတမ်းများအထောက်အထားများ ပြည့်စုံစွာဖြင့် သတ်မှတ်ကာလအတွင်း တင်သွင်းလျှောက်ထားရပါမည်။ အခြေခံအားဖြင့် အခွန်ထမ်းဆောင်ရန် ပျက်ကွက်သည်ဟု သတ်မှတ်ခံရသော အမိန့် (Assessment Notice) (BIR မှ ပေးပို့သော Formal Letter of Demand သို့မဟုတ် Final Assessment Notice ပါရှိရမည်)၊ အခွန်ထမ်း၏ ကန့်ကွက်ရန် အကြောင်းပြချက် (ဥပမာ - အခွန်တွက်ချက်မှု အမှား၊ ဥပဒေအရ ညီညွတ်မှုမရှိသော အခွန်ကောက်ခံမှု) တို့ မဖြစ်မနေ လိုအပ်ပါသည်။) 

ထို့ပြင် အခွန်အယူခံလျှောက်ထားသူသည် အခွန်အယူခံတရားရုံးက သတ်မှတ်ထားသော လျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်လျှောက်ထားရပါမည်။ ငွေကြေးဆိုင်ရာ အငြင်းပွားမှု ဖြစ်ရသည့် ငွေပမာဏ (Amount in Dispute) ကို ဖော်ပြပေးရပါမည်။ လျှောက်လွှာနှင့်အတူ အခွန်ချမှတ်သည့်ဌာန သို့မဟုတ် သက်ဆိုင်ရာအခွန်ကော်မရှင်နာ၏ ဆုံးဖြတ်ချက်အမိန့် မိတ္တူ၊ ငွေတောင်းခံလွှာ (Invoices ) ၊ ဘဏ်ငွေလွှဲစာရွက်များ(Bank Statements ) တို့ ပါဝင်ရပါမည်။ အခွန်ပြန်အမ်းရန် လျှောက်ထားချက် (Refund Claim ) ဖြစ်ပါက သက်ဆိုင်ရာ မှတ်တမ်းများ ပူးတွဲတင်ပြရပါမည်။ အမှုတွဲပါ စာရွက်စာတမ်းများ မိတ္တူ ၃ စုံ ယူဆောင် သွားရပါမည်။

အယူခံလျှောက်ထားသူသည် တရားစွဲဆိုခ (Filing Fee) အဖြစ် အငြင်းပွားမှုပမာဏ၏ ၂ ရာခိုင်နှုန်း (အနည်းဆုံး ပီဆို ၁၀၀၀ မှ အများဆုံး ပီဆို ၂၀,၀၀၀ အထိ) ပေးဆောင်ရပါမည်။

အခွန်အယူခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

အခွန်အယူခံတင်သွင်းသူသည် ကနဦးအဆင့်အနေဖြင့် သက်ဆိုင်ရာအခွန်ဌာနသို့ ကော်မရှင်နာထံ လိပ်မူ၍ ပြန်လည်သုံးသပ်မှု တင်ပြလျှောက်ထားရပါမည်။ သက်ဆိုင်ရာအခွန် ဌာနက ငြင်းပယ်ပါက  ငြင်းပယ်ခံရသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း Quezon City ရှိ အခွန်အယူခံ တရားရုံး ရုံးချုပ်သို့ အယူခံမှု တိုက်ရိုက်လာရောက်လျှောက်ထားရပါမည်။ အခွန်အယူခံ တရားရုံးသည် အမှုအပေါ် မူတည်၍ နှုတ်ဖြင့်ကြားနာစစ်ဆေးခြင်း (Oral Arguments) သို့မဟုတ် စာရွက်စာတမ်းများဖြင့် ဆုံးဖြတ်ခြင်း (Memorandum Submission)  ဆောင်ရွက် ပေးပါသည်။

အခွန်အယူခံလျှောက်ထားသူအနေဖြင့် သတိပြုရမည့်အချက်များမှာ သက်ဆိုင်ရာ အခွန်ဌာနက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံတင်သွင်းလျှောက်ထားရပါမည်။ အခွန်ဘာသာရပ်ကျွမ်းကျင်သူ၊ ဥပဒေပညာရှင် ရှေ့နေ (Tax Lawyer) များနှင့် ဆွေးနွေးတိုင်ပင်လျှောက်ထားသင့်ပါသည်။ အယူခံလျှောက်ထားစဉ် ကာလအတွင်း အခွန်ယာယီ ရပ်ဆိုင်းခွင့် လျှောက်ထားလိုပါက သီးသန့်လျှောက်ထားရပါမည်။ 

တရားရုံးဖွင့်လှစ်ချိန်

ဖိလစ်ပိုင်အခွန်အယူခံတရားရုံးသည်  အစိုးရရုံးပိတ်ရက်များတွင် ပိတ်ထားမည်ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်  နံနက် ၈:၀၀ မှ ညနေ ၄:၃၀ အချိန်အထိ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

မျိုးချစ်စိတ်တို့ရှင်သန်စေ သူရဲကောင်းတို့ ပျော်ရာမြေ
-

သူရဲကောင်းဆိုတဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်မယ်ဆိုရင် တော်တော်လေးနက်တာ တွေ့ရပါတယ်။ မြန်မာအဘိဓာန်မှာတော့ သူရဲကောင်းဆိုတာ မှန်ကန်သည်ကို    ရဲဝံ့စွာစွန့်စားဆောင်ရွက်တတ်သူဆိုပြီး ဖွင့်ဆိုထားပါတယ်။ ဒီတော့ သူရဲကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ  သူလုပ်တဲ့ကိစ္စသည် မှန်ကန်တဲ့ကိစ္စဖြစ်ရမယ်။ အဲဒီကိစ္စကိုပဲ ရဲရဲဝံ့ဝံ့နဲ့လုပ်ဆောင်ရမယ်။ လုပ်ဆောင်ရာမှာလည်း အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားဆောင်ရွက်ရမယ်။      အဲဒီလိုသူမျိုးကိုမှ သူရဲကောင်းလို့ သတ်မှတ်တယ်လို့ဆိုနိုင်ပါတယ်။ သူရဲကောင်း တစ်ယောက်ဆိုတာ အလိုလိုနေရင်း ဖြစ်လာတာမဟုတ်ပါဘူး။ သူရဲကောင်းတစ်ယေ

သူရဲကောင်းဆိုတဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်မယ်ဆိုရင် တော်တော်လေးနက်တာ တွေ့ရပါတယ်။ မြန်မာအဘိဓာန်မှာတော့ သူရဲကောင်းဆိုတာ မှန်ကန်သည်ကို    ရဲဝံ့စွာစွန့်စားဆောင်ရွက်တတ်သူဆိုပြီး ဖွင့်ဆိုထားပါတယ်။ ဒီတော့ သူရဲကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ  သူလုပ်တဲ့ကိစ္စသည် မှန်ကန်တဲ့ကိစ္စဖြစ်ရမယ်။ အဲဒီကိစ္စကိုပဲ ရဲရဲဝံ့ဝံ့နဲ့လုပ်ဆောင်ရမယ်။ လုပ်ဆောင်ရာမှာလည်း အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားဆောင်ရွက်ရမယ်။      အဲဒီလိုသူမျိုးကိုမှ သူရဲကောင်းလို့ သတ်မှတ်တယ်လို့ဆိုနိုင်ပါတယ်။ သူရဲကောင်း တစ်ယောက်ဆိုတာ အလိုလိုနေရင်း ဖြစ်လာတာမဟုတ်ပါဘူး။ သူရဲကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် အခြေခံစိတ်ဓာတ်တစ်ခု မဖြစ်မနေရှိကိုရှိရမှာပါ။ အဲဒီစိတ်ဓာတ်ကတော့ “မျိုးချစ်စိတ်” ပါပဲ။

မျိုးချစ်စိတ်ဆိုတဲ့အဓိပ္ပာယ်ကလည်း     သိပ်ကိုနက်ရှိုင်းပါတယ်။ လူတစ်ဦး တစ်ယောက်တည်းကိုချစ်ရုံ၊ လူနည်းစုကိုချစ်ရုံနဲ့ မျိုးချစ်စိတ်လို့ မခေါ်နိုင်ပါဘူး။  ကိုယ့်နိုင်ငံ၊    ကိုယ့်လူမျိုးကောင်းစားရေးအတွက် ရှေးရှုခြင်းကိုသာ   မျိုးချစ်စိတ်လို့ ခေါ်နိုင်တာပါ။ ကမ္ဘာနဲ့ယှဉ်လာရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကောင်းစားရေး၊    တိုးတက်မြင့်မားရေးတို့အတွက် ဦးစားပေးဆောင်ရွက်လိုတဲ့ စိတ်မျိုးကို မျိုးချစ်စိတ်လို့ခေါ်ပါတယ်။  ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ မျိုးချစ်စိတ်ကိုအရင်းခံပြီး    သူရဲကောင်းပီသစွာ နယ်ချဲ့တို့ကိုတွန်းလှန်တိုက်ထုတ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်များကြောင့်သာ   အခုလိုမျိုးလွတ်လပ်ရေးကို ရရှိခဲ့တာပါ။

နယ်ချဲ့တယ်ဆိုတာက အခုနောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ အရာမဟုတ်ပါဘူး။    သမိုင်းမတင်မီကာလကတည်းကပင် နယ်ချဲ့တယ်ဆိုတာရှိပါတယ်။ ဒီလိုနယ်ချဲ့မှုမျိုးကို   တွန်းလှန်တိုက်ခိုက်ဖို့အတွက် နိုင်ငံသားတိုင်းမှာ မျိုးချစ်စိတ်ဆိုတာရှိရပါတယ်။

ဒါ့အပြင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအပေါ် တစ်ပါးသူက ကျူးကျော်စော်ကားလာနိုင်ခြင်း  မရှိစေဖို့အတွက်လည်း မျိုးချစ်စိတ်ကိုအရင်းခံပြီး သူတစ်ပါးကိုမထိခိုက်စေဘဲ ကိုယ့်အင်အားကိုခိုင်မာအောင် ထူထောင်ရပါတယ်။ ဒါမှလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ထိပါးစော်ကားချင်တယ် ဆိုရင်တောင်မှ တစ်ပါးသူအနေနဲ့ တော်ရုံတန်ရုံ အားမထုတ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုရောက်ရှိစေဖို့ အတွက်ဆိုရင် မျိုးချစ်စိတ်ကိုအရင်းခံရမှာပါ။

မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးဆိုတာ အင်မတန်မှ လိုအပ်လှတဲ့အရာဖြစ်ပါတယ်။ တကယ်လို့များ မျိုးချစ်စိတ်မရှိဘူးဆိုရင် ကိုယ့်နိုင်ငံအရေးကို သူများက  ဝင်စွက်ဖက်ခွင့်ရသွားမယ်။    တစ်နည်းအားဖြင့် အနုနည်းနဲ့ သူ့ကျွန်ဘဝရောက်သွားသလို ဖြစ်သွားပါလိမ့်မယ်။     မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနဲ့ပတ်သက်ပြီး ပြောစရာလေးတွေရှိလို့ အရင်ဆုံးပြောပါရစေ။

မျိုးချစ်စိတ်ဓာတ်ဆိုတာ မွေးမြူရတာပါ။ ဘယ်လိုမျိုး မွေးမြူရမလဲဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့အခြေအနေတွေနဲ့    နှိုင်းယှဉ်သုံးသပ်သွားပါမယ်။ ဒီလိုမျိုးနှိုင်းယှဉ်ဖို့အတွက်  ဥပမာလေးတစ်ခုကိုထုတ်ပြပါရစေ။ အဲဒီဥပမာကတော့ မကြာသေးခင်ကမှ  ရုရှားနိုင်ငံမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် အခမ်းအနားကြီးပဲ  ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကြီးမှာ     အထင်ရှားဆုံး အခမ်းအနားက စစ်ရေးပြ အခမ်းအနားပဲဖြစ်ပါတယ်။ အဲဒီစစ်ရေးပြအခမ်းအနားကြီးက ရုရှားပြည်သူများ၊ အထူးသဖြင့်    ရုရှားလူငယ်များကို မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေတဲ့ အခမ်းအနားကြီးလို့ပြောရမှာပါ။

မဟာမျိုးချစ်စစ်ပွဲကြီးဆိုတာ  အကြောင်းမဲ့ကင်ပွန်း တပ်ထားတာမဟုတ်ပါဘူး။ သူ့ရဲ့ နောက်ခံအကြောင်းရင်းကိုက တစ်မျိုးသားလုံး ရဲဝံ့စွန့်စားမှုရှိစွာ    နယ်ချဲ့ရန်ကိုတွန်းလှန် တိုက်ထုတ်နိုင်ခဲ့လို့ မဟာမျိုးချစ်စစ်ပွဲလို့    အမည်တွင်တာဖြစ်ပါတယ်။

ပွင့်လင်းစွာပြောရရင်   မျိုးချစ်စိတ်ကို အရင်းခံပြီး အောင်ပွဲရယူနိုင်ခဲ့တဲ့ စစ်ပွဲဖြစ်လို့လည်း မဟာမျိုးချစ်စစ်ပွဲလို့ခေါ်တွင်တာပါ။ သူ့ရှေ့မှာ မျိုးချစ်စစ်ပွဲဆိုတာ ဖြစ်ပွားခဲ့ပါသေးတယ်။   ၁၈၁၂   ခုနှစ်   နပိုလီယံလက်ထက်မှာ    ပြင်သစ်က    ရုရှားအင်ပါယာကို ကျူးကျော်ခဲ့တာပါ။ အဲဒီစစ်ပွဲကိုတော့ မျိုးချစ်စစ်ပွဲလို့သာခေါ်ပါတယ်။ အခုမဟာမျိုးချစ်စစ်ပွဲကြီးရဲ့ နောက်ခံအကြောင်းရင်းကို ရှင်းပြပါဦးမယ်။

ကမ္ဘာမှာနိုင်ငံပေါင်းစုံပါဝင်ပြီး ကမ္ဘာနဲ့ချီတဲ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးတာ  အားလုံးအသိပါ။ သူ့ကိုပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ဆိုပြီးခေါ်ပါတယ်။ ဒီနေရာမှာ ဒုတိယကမ္ဘာစစ်အကြောင်းကိုသာ အဓိကထားပြီးပြောပါမယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားရတဲ့အကြောင်းရင်းက ဝင်ရိုးတန်းနိုင်ငံများနဲ့ မဟာမိတ်အဖွဲ့များကြား အားပြိုင်မှုကနေတစ်ဆင့်  နယ်ချဲ့ကျူးကျော်မှုတွေ  ဖြစ်ပွားလာရတဲ့အတွက်ဖြစ်ပါတယ်။ 

၁၉၃၉ ခုနှစ် စက်တင်ဘာလ  ၁  ရက်မှာ နာဇီဂျာမနီတို့က ပိုလန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းဖြင့် ဒုတိယကမ္ဘာစစ် စတင်လာခဲ့ရတာပါ။ အဲဒီအချိန်တုန်းက အခုရုရှားနိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုကို ဦးဆောင်သူပေါ့။ အစောပိုင်းတုန်းက ဆိုဗီယက်ပြည်ထောင်စုဟာ ဒုတိယကမ္ဘာစစ်ထဲကို ဝင်ပါခြင်းမရှိပါဘူး။ ဒါပေမဲ့ နာဇီဂျာမနီတို့က စစ်သွေးစစ်မာန်တွေတက်ကြွပြီး   ဆိုဗီယက်ပြည်ထောင်စုအပေါ်ကျူးကျော်လာတဲ့အတွက်     ဆိုဗီယက်ပြည်ထောင်စုကလည်း နာဇီဂျာမနီတို့ရဲ့ ကျူးကျော်မှုကို တွန်းလှန်တိုက်ထုတ် ခဲ့တာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ဟာ မဟာမိတ်များနဲ့ ဝင်ရိုးတန်းနိုင်ငံများကြား အားပြိုင်မှုကြောင့် ဖြစ်ပွားရတယ်ဆိုပေမယ့်  ဆိုဗီယက်ပြည်ထောင်စုအပေါ် နာဇီဂျာမနီတို့ရဲ့ ကျူးကျော်မှု ကိုတော့ ဆိုဗီယက်ပြည်ထောင်စုကသာ  ကြံ့ကြံ့ခံတွန်းလှန်တိုက်ထုတ်ခဲ့ရတာပါ။

အစောပိုင်းတုန်းကတော့ ဆိုဗီယက်ပြည်ထောင်စုဟာ နာဇီဂျာမနီတို့ရဲ့ လက်အောက်ကို ကျရောက်လုနီးပါးဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုမှ တစ်ပြည်တည်းသားတွေဟာ    လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မျိုးချစ်စိတ်ဓာတ်တက်ကြွလာမှုနဲ့အတူ စစ်ပွဲကြီးထဲကို ကိုယ်တိုင်အသိစိတ်ဖြင့် ပါဝင်လာပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြခြင်းကြောင့်သာ နာဇီဂျာမနီတို့ကို ဘာလင်မြို့အထိ တိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဆိုဗီယက်ပြည်ထောင်စုဖွား နိုင်ငံသားများရဲ့ မျိုးချစ်စိတ်အပေါ် နာဇီဂျာမနီတို့က ဘယ်လိုမှ တင်းခံနိုင်ခြင်းမရှိတော့ဘဲ ၁၉၄၅ ခုနှစ် မေလ ၈ ရက် ညပိုင်းမှာ လက်နက်ချအညံ့ခံလိုက်ရပါတော့တယ်။   ဒါကြောင့်    ၁၉၄၅   ခုနှစ် မေလ ၉ ရက်ကို မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနေ့အဖြစ် သတ်မှတ်လိုက်တာပါ။

မဟာမျိုးချစ်စစ်ပွဲကြီးဆိုတာက ဆိုဗီယက်ပြည်ထောင်စုဖွား နိုင်ငံသားများရဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်မှုကို ဖော်ကျူးနေတဲ့ စစ်ပွဲကြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်းမှာတော့ ယခင်ဆိုဗီယက် ပြည်ထောင်စုကြီးနဲ့အတူ နယ်ချဲ့တို့ကိုတွန်းလှန် တိုက်ထုတ်ခဲ့ကြသူများရဲ့ သားစဉ်မြေးမြစ်တွေက မျိုးချစ်စိတ်ဆိုတာကို မေ့လျော့သွားကြပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်သွားပေမယ့်  ရုရှားနိုင်ငံနဲ့အတူ ဆက်လက်တည်ရှိနေတဲ့ နိုင်ငံအချို့ကသာ မျိုးချစ်စိတ်ရှင်သန်ထက်မြက်အောင် သူတို့ရဲ့မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးနေတာတွေ့ရပါတယ်။ ဘယ်လိုနည်းနဲ့ လက်ဆင့်ကမ်းပေးနေလဲဆိုရင် အခုလိုမျိုး စစ်ရေးပြ အခမ်းအနားကြီးတွေကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခြင်းအားဖြင့် လက်ဆင့်ကမ်းပေးနေတာပါ။

အခုဆက်ပြီးတော့ စစ်ရေးပြအခမ်းအနားကြီးနဲ့ ပတ်သက်တဲ့ မှတ်သားဖွယ်ရာတချို့ကို ဆက်လက်ပြောပြပါမယ်။ ဟိုးအရင်နှစ်များဆီက မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို အခုလိုမျိုး ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲဒီအချိန်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ကြား    အားပြိုင်မှုများ၊ ပြည်တွင်းရေးမှာ  နိုင်ငံရေးလွန်ဆွဲမှုများ အစရှိတဲ့ အကြောင်းရင်းများစွာကြောင့် စစ်ရေးပြ အခမ်းအနားကို ကျင်းပနိုင်ခြင်းမရှိခဲ့တာပါ။    အဲဒီအချိန်မှာ ဆိုဗီယက်ပြည်ထောင်စုဖွားနိုင်ငံသားများရဲ့ မျိုးချစ်စိတ်ဓာတ်သည်လည်း မှေးမှိန်ခဲ့ရကာ နောက်ဆုံးမှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲရသည်အထိ ဖြစ်ခဲ့ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရတာက ၁၉၉၁ ခုနှစ်မှာပါ။ အဲဒီအချိန်မှာ  အောင်ပွဲနေ့စစ်ရေးပြ အခမ်းအနား ကျင်းပနိုင်ခြင်းမရှိတဲ့အပြင်

၁၉၉၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ရင်ပြင်နီမှာ ကျင်းပနိုင်ခြင်းမရှိဘဲ  ဒေသတချို့မှာသာ ကျင်းပနိုင်ခဲ့ပါတယ်။ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ  နှစ်(၅၀) ပြည့်မြောက်တဲ့ ၁၉၉၅ ခုနှစ်မှစလို့ ယနေ့အချိန်အထိ တစ်နှစ်မှမပျက်ကွက်ဘဲ စစ်ရေးပြအခမ်းအနားကို ကျင်းပလာခဲ့ခြင်းကြောင့် ရုရှားပြည်သူများရဲ့ မျိုးချစ်စိတ်ဓာတ်များသည်လည်း ပြန်လည်ရှင်သန်နိုးကြားလာခဲ့ရပါတယ်။ အထူးသဖြင့် လက်ရှိရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်လက်ထက်မှာ    စစ်ရေးပြအခမ်းအနားများကို ကြီးကျယ်ခမ်းနားစွာ  ကျင်းပလာခဲ့တာပါ။  စစ်ရေးပြအခမ်းအနားနဲ့ မျိုးချစ်စိတ်ကဘယ်လို ပတ်သက်နေလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပါဦးမယ်။ စစ်ရေးပြအခမ်းအနားတစ်ခု ခမ်းခမ်းနားနားနဲ့   အောင်မြင်စွာ ကျင်းပနိုင်ဖို့ဆိုရင် ငွေအား၊ လူအားအစရှိတဲ့ အရင်းအမြစ်တွေ အားလုံးထုတ်သုံးရပါတယ်။ စစ်ရေးပြအခမ်းအနားမှာ ပါဝင်စစ်ရေးပြကြသူတွေကလည်း အားမာန်အပြည့်နဲ့ကို စစ်သွေးစစ်မာန်တက်ကြွစွာ ပါဝင်စစ်ရေးပြကြရတာပါ။ စစ်ရေးပြလျှောက်သူတွေရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ကြည့်နေသူတွေကို ရဲစိတ်ရဲမာန်တက်ကြွစေပါတယ်။  ပြီးတဲ့အခါ သူတို့ဘာကြောင့် အခုလိုမျိုးတက်ကြွမှုနဲ့ စစ်ရေးပြလျှောက်နေရတာလဲဆိုတာကို   ဆက်စပ်တွေးမိစေပါတယ်။    အဲဒီလိုတွေးမိတဲ့အခါ စစ်သည်တိုင်းသည်  ကိုယ့်နိုင်ငံ၊  ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်နေကြသူတွေပါလား ဆိုတဲ့ အတွေးဝင်လာစေပါတယ်။  ဒီလိုမျိုးအတွေးဝင်လာမှုနဲ့အတူ ကိုယ်သည်လည်း သူတို့လိုမျိုး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို   ကာကွယ်စောင့်ရှောက်လိုစိတ်တွေ ဖြစ်ပေါ်လာရပါတယ်။ နောက်ဆုံးမှာတော့ မျိုးချစ်စိတ်က ရှင်သန်ထက်မြက်လာရခြင်းပဲဖြစ်ပါတယ်။

အခုရုရှားတို့ရဲ့  မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားကို ကြည့်လိုက်ရင်လည်း ရုရှားပြည်သူတွေအနေနဲ့ ဘယ်လောက်အထိ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေတယ် ဆိုတာကိုတွေ့ရပါတယ်။      အဲဒီအခမ်းအနားမှာ မဟာမျိုးချစ်စစ်ပွဲကြီးအတွင်း ပါဝင်ဆင်နွှဲ တိုက်ခိုက်ခဲ့ကြတဲ့ စစ်သည်တော်ဟောင်းကြီးများ ကိုယ်တိုင်သာမက သူတို့ရဲ့သားမြေးမြစ်များကိုပါ ခေါ်ဆောင်လာခဲ့တာလည်း တွေ့ရပါသေးတယ်။ ဒါဟာ စစ်သည်တော်ဟောင်းကြီးများက သူတို့ရဲ့မျိုးချစ်စိတ်ဓာတ်ကို သားစဉ်မြေးမြစ် လက်ဆင့်ကမ်း အမွေပေးခြင်းလည်း ဖြစ်ပါတယ်။ စစ်ရေးပြ အခမ်းအနားနဲ့ ပတ်သက်ပြီး ရုရှားအစိုးရရဲ့    သတ်မှတ်ချက်တစ်ခုရှိပါတယ်။

အဲဒါကတော့ ဒီစစ်ရေးပြအခမ်းအနားကို ဖိတ်ခေါ်ခံရသူတိုင်းဟာ     အသက်ငါးနှစ်အရွယ်ကစလို့ ကလေးငယ်တွေကို   ခေါ်လာခွင့်ရှိတယ်ဆိုတဲ့အချက်ပါပဲ။

အသက်ငါးနှစ်ဆိုတာ တစ်ခုခုကိုအားကျ အတုယူတတ်တဲ့အရွယ်၊   သင်လွယ်တတ်လွယ်အရွယ်ဖြစ်တာကြောင့် စစ်ရေးပြအခမ်းအနားကို လာကြည့်တဲ့ သူတို့လေးတွေရဲ့စိတ်ထဲမှာ မျိုးချစ်စိတ်ဓာတ်က   မသိမသာ ဝင်ရောက်နေရာယူသွားပါတယ်။ ဒီလိုနဲ့ သူတို့လေးတွေ အရွယ်ရောက်လာချိန်မှာ  သူတို့ရင်ထဲကိန်းအောင်းနေတဲ့   မျိုးချစ်စိတ်ဓာတ်က တဖြည်းဖြည်းနဲ့ ရှင်သန်ရင့်ကျက် ထက်မြက်လာပါတော့တယ်။

ဒီစစ်ရေးပြအခမ်းအနားကို ကျင်းပပေးရခြင်းဟာ မဟာမျိုးချစ်စစ်ပွဲကြီးအတွင်း ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ စစ်သည်တော်များကိုသာမက ဘက်စုံထောင့်စုံမှ ပါဝင်ကူညီပေးခဲ့ကြတဲ့ ပြည်သူများကိုပါ ဂုဏ်ပြုပေးခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်လည်း စစ်ရေးပြအခမ်းအနားကို တက်ရောက်လာကြတဲ့ ရုရှားနိုင်ငံသူ၊ နိုင်ငံသားတိုင်းက စစ်ရေးပြမှာပါဝင်စစ်ရေးပြကြသူများမှတစ်ဆင့် ရုရှားစစ်သည်တော်တွေကိုပါ     ယုံကြည်လေးစားအားကိုးတဲ့စိတ်တွေ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဒီကမှတစ်ဆင့် ရုရှားစစ်သည်တော်တွေနဲ့ ရုရှားပြည်သူတွေကြားမှာ တစည်းတလုံးတည်း ရှိလာတာကိုလည်း လေးစားဖွယ်ရာမြင်တွေ့ရပါတယ်။ ဒီလိုမျိုးအခြေအနေ ဖြစ်လာရခြင်းရဲ့အဓိကအကြောင်းရင်းကို မြစ်ဖျားခံကြည့်တော့ မဟာမျိုးချစ်စစ်ပွဲကြီးရဲ့ အောင်မြင်မှုနဲ့ ဆက်စပ်နေပါတယ်။   မဟာမျိုးချစ်စစ်ပွဲကြီးရဲ့ အောင်မြင်မှုက ရုရှားပြည်သူတွေရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်ကို   ကိန်းအောင်းလာစေတာပါ။  မျိုးချစ်စိတ် ကိန်းအောင်းပြီး       ရှင်သန်ထက်မြက်လာမှုက သူရဲကောင်းတွေကို  ပေါ်ထွက်လာစေတာဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း မျိုးချစ်စိတ်ဓာတ်ကို အရင်းခံပြီးရရှိခဲ့တဲ့ အောင်မြင်မှုများစွာရှိပါတယ်။ ဥပမာအားဖြင့်  နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်တာမျိုး၊ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တာမျိုး၊ တရုတ်ဖြူတို့ရဲ့ ကျူးကျော်စစ်ကို တွန်းလှန်တိုက်ခိုက်တာမျိုးတွေဟာ မြန်မာစစ်သည်တော်များရဲ့ မျိုးချစ်စိတ်ကို အရင်းခံပြီး အောင်မြင်ခဲ့တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ မဟာမျိုးချစ်စစ်ပွဲကြီးမှာ ဆိုဗီယက်ပြည်ထောင်စုမှ နိုင်ငံသူ၊ နိုင်ငံသားများက မျိုးချစ်စိတ်ကိုအရင်းခံပြီး သူရဲကောင်းတွေဖြစ်ခဲ့ကြသလို ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း မျိုးချစ်စိတ်ကိုအရင်းခံပြီး  ဖြစ်ပေါ်လာခဲ့တဲ့ သူရဲကောင်းတွေများစွာရှိပါတယ်။   ဒီသူရဲကောင်းတွေရဲ့  သားစဉ်မြေးမြစ်တွေသည်လည်း   လက်ရှိမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်နေကြတုန်းပါပဲ။  ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးက သူရဲကောင်းများရဲ့ မျိုးဆက်များဖြစ်ကြပါတယ်။    သူရဲကောင်းများရဲ့ မျိုးဆက်များပီပီ ကျွန်တော်တို့အားလုံးမှာလည်း မျိုးချစ်စိတ်ဓာတ်ဆိုတာရှိပါတယ်။  ဒါကြောင့်လည်း  မဟာမျိုးချစ်စစ်ပွဲကြီးကြောင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ရင်ထဲမှာ  မျိုးချစ်စိတ်ဓာတ်ပျံ့နှံ့ ရှင်သန်လာသလိုမျိုး ကျွန်တော်တို့ရဲ့  သူရဲကောင်းဘိုးဘေးဘီဘင်များကြောင့်လည်း ကျွန်တော်တို့ရဲ့ရင်ထဲမှာ    မျိုးချစ်စိတ် ပျံ့နှံ့ရှင်သန်လာသင့်ပါတယ်။   

ကျွန်တော်တို့   မြန်မာနိုင်ငံဟာ   အမျိုးမှန်ပြီးအဖိုးတန်တဲ့  နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ မြန်မာ့တပ်မတော်ဆိုတာကလည်း သမိုင်းကြောင်းကောင်းများနဲ့   ရှင်သန်ရပ်တည်လာတဲ့၊ ရပ်တည်နေဆဲ၊ ဆက်လက်ပြီး   ကမ္ဘာတည်သရွေ့ ရပ်တည်သွားမယ့်အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းမှာပါဝင်ပြီး တာဝန်ထမ်းဆောင်နေကြသူများဟာ သာမန်လူတွေထက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သူများဖြစ်တယ်လို့ဆိုရမှာပါ။    တကယ်တော့ တပ်မတော်သားများသာမက ပြည်သူတစ်ရပ်လုံးကပါ တပ်မတော်သားများနဲ့အတူ တစည်းတလုံးတည်းရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာမယ် ဆိုရင်ဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံသည်လည်း သူရဲကောင်းတို့ပျော်ရာ မြေမဟာ ဖြစ်လာမှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။     ။

Source: https://myawady.net.mm/stories

ထက်မြတ်

(Social Intelligence)
-

လောကတွင် လူမှန်သမျှအတတ်ပညာတစ်ခုခုတတ်မြောက်ထားရန်လိုအပ်သည်။  အတတ်ပညာတတ်မြောက်မှသာ လောကအလယ် တင့်တောင့်တင့်တယ်ရပ်တည်နိုင်မည်။ သက်ဆိုင်ရာ အတတ်ပညာ၌ ကျွမ်းကျင်ပါက ပို၍တင့်တယ်အောင်မြင်နိုင်သည်။ တစ်ချိန်တည်းမှာပင် တစ်နေ့တခြား လူဦးရေတိုးပွားသည်နှင့်အမျှ လူနှင့်လူချင်း ပေါင်းသင်းဆက်ဆံရေးက အရေးပါလာသည်။ ပညာတတ်ရုံမျှနှင့်မပြီးသေး မအောင်မြင်နိုင်သေးပေ။ ယနေ့ခေတ်တွင် လူမှုဆက်ဆံရေးကိုနားလည်ပြီး ကျွမ်းကျင်စွာအသုံးချနိုင်မှုသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။   လူမှုဆက်ဆံရေးဉာဏ်ရည်သည် လူအချင်းချင်း  ဆက်ဆံကြရာတွင်  ထိရောက်စွာ ခံစားသိရှိအဓိပ္ပာယ်သိသိဖြင့် တုံ့

လောကတွင် လူမှန်သမျှအတတ်ပညာတစ်ခုခုတတ်မြောက်ထားရန်လိုအပ်သည်။  အတတ်ပညာတတ်မြောက်မှသာ လောကအလယ် တင့်တောင့်တင့်တယ်ရပ်တည်နိုင်မည်။ သက်ဆိုင်ရာ အတတ်ပညာ၌ ကျွမ်းကျင်ပါက ပို၍တင့်တယ်အောင်မြင်နိုင်သည်။ တစ်ချိန်တည်းမှာပင် တစ်နေ့တခြား လူဦးရေတိုးပွားသည်နှင့်အမျှ လူနှင့်လူချင်း ပေါင်းသင်းဆက်ဆံရေးက အရေးပါလာသည်။ ပညာတတ်ရုံမျှနှင့်မပြီးသေး မအောင်မြင်နိုင်သေးပေ။ ယနေ့ခေတ်တွင် လူမှုဆက်ဆံရေးကိုနားလည်ပြီး ကျွမ်းကျင်စွာအသုံးချနိုင်မှုသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။   လူမှုဆက်ဆံရေးဉာဏ်ရည်သည် လူအချင်းချင်း  ဆက်ဆံကြရာတွင်  ထိရောက်စွာ ခံစားသိရှိအဓိပ္ပာယ်သိသိဖြင့် တုံ့ပြန်နိုင်မှုဖြစ်သည်။

အဓိပ္ပာယ်ရှိသော ဆက်ဆံရေးများတည်ဆောက်ရန်၊ ပဋိပက္ခများကို  ဖြေရှင်းရန်နှင့်  မတူကွဲပြားသော ပတ်ဝန်းကျင်များတွင်အောင်မြင်ရန် လူမှုဆက်ဆံရေးဉာဏ်ရည်က ကူညီပေးသည်။ ပညာရပ်ဆိုင်ရာ ဉာဏ်ရည် (IQ) သည် သိမှုဆိုင်ရာပြဿနာဖြေရှင်းမှုကို အာရုံစိုက်ပြီး လူမှုဆက်ဆံရေးဉာဏ်ရည်(Social Intelligence) သည် စိတ်ခံစားမှုနှင့် လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်မှုကို အလေးပေးသည်။ အရိုးရှင်းဆုံးဆိုရပါမူ လူမှုဆက်ဆံရေးဉာဏ်ရည်သည် မိမိ၏ အပေါင်းအသင်း၊ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစု ဆွေမျိုးသားချင်းများအကြားတွင်  တည်ရှိသော ရင်းနှီးဆက်သွယ်မှုကို ပြဿနာတစ်စုံတစ်ရာ မဖြစ်စေဘဲ ထိန်းသိမ်းထားရှိနိုင်ကာ ပေါင်းသင်းဆက်ဆံရေးကွန်ရက်ကို ကျယ်ပြန့်လာစေနိုင်သည့် အရည်အသွေးပင်ဖြစ်သည်။

လူမှုဆက်ဆံရေးဉာဏ်ရည်ဆိုသည်မှာ

လူမှုဆက်ဆံရေးဉာဏ်ရည်(Social Intelligence) ဆိုသည့်ဝေါဟာရကို ၁၉၂၀ ပြည့်နှစ်တွင် စိတ်ပညာရှင် Edward Thorndike ကစတင်အသုံးပြုခဲ့သည်။ လူမှုဆက်ဆံရေးဉာဏ်ရည်ဟုဆိုရာတွင် ခန္ဓာကိုယ်အမူအရာ၊ မျက်နှာအမူအရာနှင့်အသံအနိမ့်အမြင့်ကဲ့သို့သော စကားလုံးမဟုတ်သည့်အချက်ပြမှုများကို အကဲခတ်နိုင်မှုနှင့် အခြားသူများ၏ ခံစားချက်နှင့် ရှုထောင့်များကို စာနာနိုင်မှု၊ မတူညီသော လူမှုအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် အပြုအမူပြောင်းလဲနိုင်မှု၊ ရှင်းလင်းစွာဆက်သွယ်နိုင်မှုနှင့် အခြားသူများကို အပြုသဘောဆောင်စွာ လွှမ်းမိုးနိုင်မှု၊ လူမှုဆက်ဆံရေးတွင် သင့်လျော်စွာတုံ့ပြန်နိုင်ရန် စိတ်ခံစားမှုများကို  စီမံခန့်ခွဲမှု၊  ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့်  ပဋိပက္ခဖြေရှင်းနိုင်မှုမှတစ်ဆင့် ခိုင်မာသောဆက်ဆံရေးများတည်ဆောက်ထိန်းသိမ်းမှု စသည့်ဝိသေသများကို ရည်ညွှန်းလေ့ရှိကြသည်။

လူမှုဆက်ဆံရေးဉာဏ်ရည်၏ အစိတ်အပိုင်းများလူမှုဆက်ဆံရေးဉာဏ်ရည်၏ အဓိကအစိတ်အပိုင်းများအနေဖြင့်  စာနာမှုရှိကာ အခြားသူများ၏ ခံစားချက်များကိုနားလည်ပြီး မျှဝေနိုင်မှုရှိခြင်း၊ တက်ကြွစွာနားထောင်တတ်ခြင်း၊ အခြားသူများ၏ ပြောဆိုချက်များကို အနှောင့်အယှက်မပေးဘဲ အမှန်တကယ် နားထောင်ခြင်း၊ ကွဲပြားခြားနားသော ပုဂ္ဂိုလ်များ/အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် အပြုအမူနှင့် ဆက်သွယ်ရေးပုံစံကို ပြောင်းလဲခြင်း၊ ခန္ဓာကိုယ်အမူအရာနှင့် မျက်လုံးချင်းဆက်သွယ်မှုများကို ထိရောက်စွာအဓိပ္ပာယ်ဖွင့်ဆိုပြီး လိုက်လျောညီထွေစွာတုံ့ပြန်တတ်ခြင်း၊လွှမ်းမိုးမှုနှင့် ဆွဲဆောင်မှုရှိခြင်း၊ ရှင်းလင်းသောဆက်သွယ်ရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် အခြားသူများကို လှုံ့ဆော်နိုင်ခြင်း၊ ကိုယ်ပိုင်အသိဉာဏ်ကို အသုံးချ၍  ကိုယ့်စိတ်ခံစားမှု၊  ဘက်လိုက်မှုများမပါစေဘဲ အကြောင်းပြချက်များကို နားလည်ပြီး လူမှုဆက်ဆံရေးတွင်ပိုမိုထိန်းချုပ်နိုင်ခြင်း စသည့်အချက်များပါဝင်ကာ ၎င်းတို့ကိုသိရှိနားလည်အသုံးချနိုင်ရန်လိုသည်။

လူမှုဆက်ဆံရေးဉာဏ်ရည်၏ အရေးပါမှု

လူမှုဆက်ဆံရေးဉာဏ်ရည်သည် ပုဂ္ဂိုလ်ရေးနှင့် ပရော်ဖက်ရှင်နယ်အောင်မြင်မှု၏ အဓိကအုတ်မြစ်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးကို အခြေခံသည့်ကမ္ဘာတွင်အဖွဲ့အစည်းများကိုဦးဆောင်ရန်၊ ပဋိပက္ခများကိုညှိနှိုင်းရန်နှင့် ယုံကြည်မှုတည်ဆောက်ရန်လူမှုဆက်ဆံရေးဉာဏ်ရည်ထူးချွန်သူများသည် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားကြလေ့ရှိသည်။ လူမှုဆက်ဆံရေးဉာဏ်ရည်ရှိသူများသည် အခြားသူများ၏ လိုအပ်ချက်နှင့် စိတ်ခံစားမှုများကို နားလည်ခြင်းဖြင့် ပိုမိုနက်ရှိုင်းပြီး စစ်မှန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ခြင်း၊ ပရော်ဖက်ရှင်နယ်နယ်ပယ်တွင်လူမှုဆက်ဆံရေးဉာဏ်ရည်သည် ခေါင်းဆောင်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ပုံမှန်ဆက်ဆံရေးအတွက်အရေးကြီးသည်။လေ့လာမှုများအရလူမှုဆက်ဆံရေးဉာဏ်ရည်မြင့်သောခေါင်းဆောင်များသည် ဝန်ထမ်းများ၏ပါဝင်ပတ်သက်မှုနှင့် ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ကာစာနာမှုနှင့်သတိရှိမှုဖြင့် သဘောထားကွဲလွဲမှုများကိုကျော်လွှားဖြေရှင်းနိုင်ကြောင်းတွေ့ရှိရသည်။မတူကွဲပြားသော လူ့အဖွဲ့အစည်းများတွင် လူမှုဆက်ဆံရေးဉာဏ်ရည်သည် ကွဲပြားသောရှုထောင့်များနှင့် ဓလေ့ထုံးတမ်းများကိုလေးစားမှု၊နားလည်မှုများဖြင့် ပေါင်းကူးတည်ဆောက်ပေးသည်။ ထို့ပြင် စိတ်ကျန်းမာရေး အကျိုးကျေးဇူးအနေဖြင့်လူမှုဆက်ဆံရေးဉာဏ်ရည်ဖြင့် တည်ဆောက်ထားသည့် ခိုင်မာသော လူမှုဆက်ဆံရေးများသည်  စိတ်ဖိစီးမှုနည်းပါးပြီး စိတ်ကျန်းမာရေးကို တိုးတက်စေသည်။

လူမှုဆက်ဆံရေးဉာဏ်ရည်ကို ပျိုးထောင်ခြင်းလူမှုဆက်ဆံရေးဉာဏ်ရည်သည်သဘာဝအလျောက် ထူးချွန်သူများအတွက်သာမက သာမန်လူများအနေဖြင့်လည်း လေ့ကျင့်မှုဖြင့် တိုးတက်မှုရနိုင်သောကျွမ်းကျင်မှုတစ်ခုဖြစ်သည်။လူမှုဆက်ဆံရေးဉာဏ်ရည်ကို မြှင့်တင်ရန် လက်တွေ့ကျသော  နည်းလမ်းများအနေဖြင့်  တက်ကြွစွာနားထောင်မှုကိုလေ့ကျင့်ပါ၊  အာရုံပျံ့လွင့်မှုမရှိဘဲ အခြားသူများ၏ ပြောဆိုချက်များကို  အာရုံစိုက်ပါ၊ ၎င်းတို့၏  ပြောဆိုချက်များကို နားလည်မှုပြရန် ပြန်လည်တုံ့ပြန်ပါ၊ စကားပြောနေစဉ် ခန္ဓာကိုယ်အမူအရာ၊ အသံပြောင်းလဲမှုနှင့် မျက်နှာအမူအရာများကို အာရုံစိုက်ပါ၊ အခြားသူများ၏ ရှုထောင့်နှင့် စိတ်ခံစားမှုများကို   စိတ်ကူးဖြင့်   ခံစားကြည့်ပါ၊ ၎င်းတို့၏ အတွေ့အကြုံများကို ပိုမိုသိရှိရန် မေးခွန်းများမေးပါ၊ ယုံကြည်ရသောသူငယ်ချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များထံမှ သင်၏ လူမှုဆက်ဆံရေးကျွမ်းကျင်မှုနှင့်ပတ်သက်၍ ရိုးသားသော အကြံပြုချက်များကို တောင်းခံပါ၊ စိတ်ခံစားမှုများကို စီမံပါ၊ စိန်ခေါ်မှုရှိသော အခြေအနေများတွင် စိတ်တည်ငြိမ်အောင် လေ့ကျင့်ပါ၊ နက်ရှိုင်းစွာ အသက်ရှူခြင်း သို့မဟုတ် တုံ့ပြန်မှုမပြုမီ ခဏရပ်တန့်ခြင်းကဲ့သို့သော နည်းစနစ်များသည်စိတ်ခံစားမှုပေါက်ကွဲမှုကို ကာကွယ်ပေးနိုင်သည်။မတူကွဲပြားသော လူမှုအခြေအနေများတွင်  ပါဝင်ပါ၊  ယဉ်ကျေးမှုနှင့် လူမှုဓလေ့ထုံးတမ်းများကို    ပိုမိုနားလည်ရန် မတူညီသော  နောက်ခံရှိသူများနှင့်  ဆက်ဆံပါ၊ စံနမူနာထားသောပုဂ္ဂိုလ်များထံမှ  သင်ယူပါ၊ လူမှုပတ်ဝန်းကျင်တွင်ထူးချွန်သူများကို စောင့်ကြည့်ပြီး ၎င်းတို့၏ လုပ်နည်းလုပ်ဟန်များကို အတုယူပါ၊ လူမှုဆက်ဆံရေးဆိုင်ရာ စာအုပ်များကိုဖတ်ရှုပြီး ပြန်လည်သုံးသပ်အသုံးချပါ။

အိုင်တီခေတ်နှင့် လူမှုဆက်ဆံရေးဉာဏ်ရည်အိုင်တီအသုံးပြုမှုများမြင့်တက်လာမှုသည် လူမှုဆက်ဆံရေးဉာဏ်ရည်ကို အသုံးချမှုပြောင်းလဲ စေခဲ့သည်။  နည်းပညာသည်   ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုများကို ဖြစ်ပေါ်စေသော်လည်း နားလည်မှုလွဲခြင်းနှင့်  ရှုပ်ထွေးမှုအချို့ကို  ဖြစ်ပေါ်စေသည်။ ထို့ကြောင့်   လူမှုဆက်ဆံရေးဉာဏ်ရည်သည် အိုင်တီခေတ်တွင် ပိုမိုအရေးပါလာသည်။ ရှင်းလင်းပြီး လိုက်လျောညီထွေဖြစ်စေမည့် အွန်လိုင်းဆက်ဆံရေးကို သတိပြုဆောင်ရွက်ရန်လိုသည်။  ထို့ကြောင့် အီးမေးနှင့် မက်ဆေ့များတွင် ဘာသာစကားကို ရှင်းလင်းတိုတောင်းစွာအသုံးပြုခြင်း၊ စစ်မှန်သော ဆက်ဆံရေးများကို ထိန်းသိမ်းရန် အော့ဖ်လိုင်းနှင့် အွန်လိုင်း ဆက်ဆံရေးများကို ဟန်ချက်ညီအောင် ဆောင်ရွက်ခြင်း စသည်တို့လိုအပ်သည်။ တစ်ချိန်တည်းမှာပင် Facebook ကဲ့သို့သော လူမှုမီဒီယာပလက်ဖောင်းများသည် လူထုခံစားချက်နှင့်ခေတ်ရေစီးကြောင်းများကို အချိန်နှင့်တစ်ပြေးညီထိုးထွင်းသိမြင်နိုင်ပြီးလူမှုဆက်ဆံရေးအသိဉာဏ်ကို လေ့ကျင့်ရန် အခွင့်အလမ်းများပေးသည်။ အကြံပြုချက်များနှင့်မှတ်ချက်စကားများကို တုံ့ပြန်ခြင်း သို့မဟုတ် အကြံဉာဏ်များကို မျှဝေခြင်းဖြင့် မတူကွဲပြားသော ရှုထောင့်များအား ရင်ဆိုင်ဖြတ်သန်းနိုင်မှုကို မြှင့်တင်ပေးသည်။

လူမှုဆက်ဆံရေးဆိုင်ရာအမြင်လွဲမှားမှုများ

လူမှုဆက်ဆံရေးဉာဏ်ရည်ကိုမကြာခဏနားလည်မှုလွဲမှားတတ်သည်။အချို့ကလူမှုဆက်ဆံရေးဉာဏ်ရည်ကို စကားပြောဆိုဆက်ဆံရေးတွင် အလွန်အဆင်ပြေမှုနှင့် ညီမျှသည်ဟု ထင်မြင်တတ်ကြသော်လည်း အလွန်အကျွံစကားမပြောသူများအနေဖြင့်လည်းနားထောင်မှုကျွမ်းကျင်မှုနှင့် သတိရှိရှိတုံ့ပြန်နိုင်ခြင်းဖြင့်လူမှုဆက်ဆံရေး ဉာဏ်ရည်တွင် ထူးချွန်နိုင်သည်။ လူမှုဆက်ဆံရေးတွင်လူအများအမြင်ကို ထိခိုက်စေနိုင်သော ဘက်လိုက်မှုများကို ကျော်လွှားရန်အရေးကြီးသည်။ ဥပမာ-ပုံသေသမားရိုးကျပုံစံများအပေါ်  အခြေခံ၍ တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်များကို ယူဆခြင်းသည် စာနာမှုနှင့် ချိတ်ဆက်မှုကို ဟန့်တားနိုင်သည်။ ထို့ပြင် ယဉ်ကျေးမှုကွဲပြားမှုများသည် လူမှုဆက်ဆံရေးကို ရှုပ်ထွေးစေနိုင်သည်။ ယဉ်ကျေးမှုတစ်ခုတွင် ယဉ်ကျေးသည်ဟု ယူဆသည်မှာ အခြားတစ်ခုတွင် ရိုင်းစိုင်းမှုဖြစ်နိုင်သည်။  ဤအတားအဆီးများကို ကျော်လွှားရန် စဉ်ဆက်မပြတ်သင်ယူမှုနှင့် အကြံပြုချက်များကို နားလည်လက်ခံမှုသည် မရှိမဖြစ်လိုအပ်သည်။

လူမှုဆက်ဆံရေးဉာဏ်ရည်သည် အလွန်ကျယ်ပြန့်သည်။ စာနာမှု၊ တက်ကြွစွာနားထောင်မှုနှင့် လိုက်လျောညီထွေမှုကိုမြှင့်တင်ခြင်းဖြင့် မည်သူမဆို ၎င်းတို့၏ လူမှုဆက်ဆံရေးဉာဏ်ရည်ကို မြှင့်တင်နိုင်ပြီး အခွင့်အလမ်းများကို တိုးတက်စေနိုင်သည်။ လျင်မြန်စွာ ပြောင်းလဲနေသော အိုင်တီခေတ်တွင် လူမှုဆက်ဆံရေးဉာဏ်ရည်သည်  လူပုဂ္ဂိုလ်များ၊ ယဉ်ကျေးမှုနှင့် လူမှုအသိုင်းအဝိုင်းများကို ချိတ်ဆက်ပေးသည့် တံတားတစ်ခုအဖြစ် ယခင်ကာလများထက် ပိုမိုတန်ဖိုးရှိလာကြောင်း ရေးသားလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories 

Photo- Toolshero

ဒေါက်တာဇေယျာဝင်း

ငလျင်ဘေးကြုံ သတိခြုံ သက်လုံကောင်းစွာ ကျော်နိုင်ကြပါစေ
-

ကျွန်တော်၏အသက် ၉၄ နှစ်ပြည့်ခါနီးအရွယ်အတွက် ငလျင်ဘေး၊ ရေဘေး၊ လေဘေး စသည့်သဘာဝဘေးအန္တရာယ်မျိုးစုံကြုံရဖူးသည်။ ၂၈-၃-၂ဝ၂၅ ရက် မွန်းတည့်အချိန်တွင် လှုပ်သောငလျင်ကား အသိသာဆုံး၊ အပြင်းထန်ဆုံးလှုပ်သောငလျင်ဖြစ်သည်။ လေးလွှာတိုက်၏ အပေါ်ဆုံးထပ် ခုံရှည်ပေါ်လှဲအိပ်ကာ စာဖတ်နေရင်း ဘယ်မှညာသို့လေးကြိမ်ခန့်၊ အရှေ့မှအနောက်သို့ သုံးကြိမ်ခန့်လှုပ်ခါမှုမှာသိသာပြင်းထန်လွန်း၍ တိုက်အောက်ဆင်းပြေးခဲ့ရသေးသည်။   

ထိုသို့ပြင်းထန်သောငလျင်ဒဏ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့်   ပဲခူးတိုင်းဒေသကြီးတို့၌ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရသိရသည်။

လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများစွာ ထိခိုက်ပျက်စီး၍ လျှပ်စစ်ဝန်ထမ်းများ ငလျင်ဒဏ်ခံဒေသများတွင် လုပ်အားရှင်တစ်ရာကျော် နှစ်ရာခန့်သုံး၍ ပြင်ဆင်နေကြောင်းသိရသည်။ ထိုသို့ ပြုပြင်ဆဲကာလ လျှပ်စစ်ဓာတ်အားမှန်မှန်မရသည့် ကျွန်တော်တို့ ဒေါပုံမြို့နယ်ရန်ကုန်တွင် ရုပ်မြင်သံကြားသတင်း၊ ရေဒီယိုသတင်းများနားမထောင်နိုင်ကြ၍ သတင်းသိမှုအားနည်းခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည်ပင်လျှင် ယနေ့ ၆-၄- ၂ဝ၂၅  ရက်တွင်မှ ဤဆောင်းပါးကိုပီပီပြင်ပြင်ရေးနိုင်ပါတော့သည်။ အစောပိုင်းကရေးသောဆောင်းပါးများသည်လည်း မစုံမလင်၊ မတိမကျနှင့်ဖြစ်ခဲ့ရသည်။ ငလျင်ဘေးဒဏ်ခံ  မြန်မာပြည်သူပြည်သားများအတွက်ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ အကြီးအကဲများ (ဘုရင်၊သမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးစသည်) တို့ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းနည်းစာနာကြောင်း၊ ၎င်းတို့အနေဖြင့်လိုအပ်သည်များကူညီမည်ဖြစ်ကြောင်းဖြင့်သဝဏ်လွှာများပေးပို့သည်ကို ထရန်စစ္စတာရေဒီယိုငယ်မှကြားသိနေခဲ့ရသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့်   အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့ကလည်း နိုင်ငံတော်အကြီးအကဲထံငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍  ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတကြီး၊ ရုရှားသမ္မတကြီး၊ဘီလာရုစ်သမ္မတကြီးတို့က သဝဏ်လွှာများပို့သကဲ့သို့(မှတ်မိသရွေ့) အာဆီယံ၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊သီရိလင်္ကာ၊ နီပေါ၊ ကိုရီးယား  စသည့်နိုင်ငံ့အကြီးအကဲများ၏ သဝဏ်လွှာများပို့ကြသည်။ (များပြားလွန်း၍အပြည့်အစုံမဖော်ပြနိုင်သည်ကို ခွင့်လွှတ်ကြပါရန်။)ကုလသမဂ္ဂအဖွဲ့ကြီး၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်  လခြမ်းနီအသင်းများကသဝဏ်လွှာများပါး၍ ကူညီကယ်ဆယ်ဆောင်ရွက်ပေးရန် သဝဏ်လွှာပို့ကြသည်။

ထိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှကူညီကယ်ဆယ်ရေးလုပ်အားပေးအဖွဲ့များ၊ ဆရာဝန်များအဖွဲ့(ဆေးကုသရေး)များလည်း ဖြိုင်ဖြိုင်ရောက်လာကြသည်။ ထိုနိုင်ငံ၊ ဤနိုင်ငံစသည်တို့မှ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သောပစ္စည်းများ၊အလှူငွေများပေးပို့လာကြသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးသင့်ဒေသများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ချက်ချင်းဆိုသလိုသွားရောက်ကြည့်ရှုခဲ့ပေသည်။ နောက်နေ့များတွင်လည်း ငလျင်ဒဏ်သင့်ဒေသများသို့ဆက်တိုက်ဆိုသလို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်သင့်လုပ်ထိုက်သည်များကိုညွှန်ကြားခဲ့ကြောင်းသိရှိရသည်။

မတ်လ ၂၈ ရက်မှာပင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့်ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့်နေရာများကို  အရေးပေါ်အခြေအနေအဖြစ်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှကြေညာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းမတ်လ ၃၁ ရက်တွင် “၂ဝ၂၅ ခုနှစ် မတ်လ ၂၈ ရက်မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ဝ၂ စက္ကန့်တွင်ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁-၃-၂ဝ၂၅ရက်မှ ၆-၄-၂ဝ၂၅ ရက်အထိ (၇)ရက်အား သတ်မှတ်ကြေညာလိုက်သည်။ ထိုရက်များအတွင်း နိုင်ငံတော်အလံတိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန်ဖြစ်ပါသည်”ဟူ၍ ကြေညာသည်။ ဆုတောင်းမေတ္တာပို့ခြင်းများ၊ကုသိုလ်ဒါနပြု၍ အမျှအတမ်းပေးဝေခြင်းများကိုလည်း ရဟန်းရှင်လူပြည်သူများ၊ အဖွဲ့အစည်းများကပြုလုပ်ကြသည်။

ပျက်စီးဆုံးရှုံးရသမျှ အိုးအိမ်အဆောက်အအုံ၊လမ်း၊ တံတားများ၊ စေတီပုထိုးဘုရားကျောင်းကန်များကို အန္တရာယ်ကင်းအောင်ရှင်းလင်းပြီး စနစ်တကျအင်တိုက်အားတိုက် နောင်ငလျင်ဒဏ်ခံနိုင်သည်အထိဂရုပြုတည်ဆောက်ထားကြရန်လိုအပ်သည်။ နိုင်ငံတော်အကြီးအကဲနှင့်တကွ   တာဝန်ရှိသူအားလုံးတို့သည် ငလျင်ဒဏ်ခံဒေသများသို့  ပိုက်စိပ်တိုက်သွားရောက်ကာ ငလျင်ဒဏ်ခံဝန်ထမ်းများ၊ ပြည်သူများ၊  ရဟန်းသံဃာ၊ သာသနာ့ဝန်ထမ်းများအားတွေ့ဆုံအားပေးကြ၊  ပြန်လည်တည်ဆောက်ရေးစီမံကြ၊  ကူညီကယ်ဆယ်ရေးလုပ်ကြဖြင့် မနားကြရပေ။

အစိုးရ၊ တပ်မတော်၊ ဌာနဆိုင်ရာ၊ ပြည်သူများနှင့်ပရဟိတအဖွဲ့များသည် မိုခါမုန်တိုင်းကို ကြိုတင်ကာကွယ်ရန်ပြင်ဆင်ခဲ့ကြသဖြင့် မုန်တိုင်းကာလမုန်တိုင်းခိုအဆောက်အအုံများတည်ဆောက်ခဲ့ကြပြီးမုန်တိုင်းလွန်ကာလတွင် အားသွန်ခွန်စိုက်ပြန်လည်ထူထောင်ပေးကြသော အတွေ့အကြုံများ၊ ၂ဝ၂၃ ခုနှစ်မိုးသည်းထန်လွန်းရာမှရေကြီးရေလျှံဖြစ်ကာရေဘေးသင့်ခဲ့ရာ၌ ဝန်ထမ်းများ၊ ပြည်သူများကိုကူညီကယ်ဆယ်ရေး၊ပြန်လည်ထူထောင်ရေးအားသွန်ခွန်စိုက်လုပ်နိုင်ခဲ့သည့် အတွေ့အကြုံများရှိခဲ့ကြသည်။ ယခုငလျင်ဘေးတွင်လည်း  အလားတူနေ့မဆိုင်းညမဆိုင်း၊   နာရီမလပ်၊    မိနစ်မလပ်ငလျင်ဘေးဒဏ်ခံ လူသူ၊  အဆောက်အအုံ၊  လမ်း၊တံတားပျက်စီးမှုများကို  ကျွမ်းကျင်စွာစီမံဆောင်ရွက်နိုင်ကြသည်ကိုတွေ့ရသည်။

ပြည်ပမှလာရောက်ကူညီကြသော ပရဟိတသမားများ၊ ပြည်တွင်းမှစေတနာရှင်၊  မေတ္တာရှင်၊ ကရုဏာရှင်(ပရဟိတ) ပုဂ္ဂိုလ်များ၏ ငွေလှူ၊ ပစ္စည်းလှူမှုများကလည်း အံ့မခန်းပါပဲ။   ပြည်ပမှအလှူများ၊ငွေကြေးပစ္စည်းအကူများကလည်း ယနေ့ထိအောင်ရောက်ရှိနေဆဲပင်ဖြစ်၍    များပြားလှပေသည်။အားလုံးကိုကျေးဇူးတင်ရပါသည်။ ကျွန်တော့်အနေဖြင့်မူ ဤကလောင်တစ်ချောင်းဖြင့်ရေးသားသောစာမူကိုသာအလှူအဖြစ် သဘောထားရပါသည်။

ယခုအချိန် ၁၇-၅-၂ဝ၂၅ ရက်အထိ သေဆုံးသူ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦး၊ ပျောက်ဆုံးနေသူ ၈၁  ဦး စုစုပေါင်း ၈၉၁၁ ဦး၊  အဆောက်အအုံပေါင်း  ၅၂၂၃ လုံး၊  စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်  ၂၇၅၂ ကျောင်းထိခိုက်၍ စေတီပေါင်း ၄၈၁၇ ခုထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခြင်း၊ ရန်ကုန် -နေပြည်တော်- မန္တလေးသွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်း၊ ဘူတာများတွင်ပျက်စီးခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းများ ၁၉၈ ခုထိခိုက်ပျက်စီးခဲ့သည်။ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခု ပျက်စီးဆုံးရှုံးခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရတို့က  ယခုငလျင်ဘေးဖြင့် သေဆုံးရသူများအတွက်တစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းစီထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း၊  အဆောက်အအုံထိခိုက်ပျက်စီးမှုများကိုလည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်ပြီး နိုင်ငံတော်မှထောက်ပံ့သွားမည်ဟုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ၅ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင်ပြောကြားသည်ကို    ကြားသိရသဖြင့်လည်း ဝမ်းမြောက်လှပါသည်။

ငလျင်လှုပ်ခတ်ရသည့်  အကြောင်းရင်းကိုသိရှိနားလည်သူများက သတင်းစာများတွင် ဆောင်းပါးများရေးသားတင်ပြခြင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြေညာချက်များဖြင့် အသိပေးထားကြရာ  ဖတ်ထားသင့်ပေသည်။ ပြည်ပမှလာရောက်ကူညီကယ်ဆယ်လုပ်အားပေးကြသူများ၏ ကြိုးစားအားထုတ်မှုကြောင့် ပြိုကျအဆောက်အအုံများတွင် ပိတ်မိနေသော လူကြီး၊ ကလေးများကို ကယ်ထုတ်ပေးသည့် သတင်းများကလည်း ပြည်သူတို့၏ ပူပင်သောကကို လျှော့ချပေးနိုင်ခဲ့သည်။ ထိုသို့ကယ်ထုတ်ပေးမှုများ၊ ကူညီထောက်ပံ့မှု၊ လှူဒါန်းမှုများသည် စေတနာရှင်တို့ နှလုံးသားနှင့်ငလျင်ဒဏ်ခံရသူတို့၏ နှလုံးသားများအကြား စေတနာ၊ မေတ္တာ၊ ကရုဏာတရားများ  ပေါင်းကူးမိသောကြောင့်ဟုဆိုရပါသည်။ Heart to Heart ပါပဲ။

 ၃ဝ-၃-၂ဝ၂၅ ရက်ထုတ်သတင်းစာပါ ကိုကျော်စွာ(ကျိုက်ပိ)၏  ငလျင်ဆောင်းပါး၊  အမျိုးသမီးကလောင်ရှင်တစ်ဦး၏ဆောင်းပါးတို့ကို ဖတ်ကြည့်လျှင် မြေအောက်မှကျောက်လွှာချပ်ကြီးများတစ်ခုနှင့်တစ်ခု ထိတွေ့ပွတ်တိုက်ခြင်းကြောင့်  အပေါ်မှမြေလွှာအရှိန်အဟုန်ပြင်းစွာ ရွေ့လျားတုန်ခါခြင်းကိုငလျင်လှုပ်သည်ဟု သိနိုင်ကြပါသည်။  ဖတ်တော်မူကြပါ။ သိထားနှင့်တော်မူကြပါ။

ကျွန်တော်တို့ငယ်ငယ်က   လူကြီးသူမများက ငလျင်အကြောင်းမေးလာသော ကလေးသူငယ်များအပေါ်စိတ်မရှည်တာလား၊ နောက်ပြောင်တာလားမသိ။ ငလျင်လှုပ်ရခြင်းမှာ ဤကမ္ဘာလုံးကြီးကိုထမ်းထားရသော ပုဂံငကျွဲကြီး   ဘယ်ဘက်ပခုံးညောင်း၍ ကမ္ဘာလုံးကြီးက  ညာဘက်ပခုံးပေါ်ပြောင်းတင်သောကြောင့် ကမ္ဘာကြီးလှုပ်ရသည်ဟုသာ သိခဲ့ကြသည်။ စာဖတ်မှလည်း စာကပေးသောအသိရပါမည်။ 

ဤကမ္ဘာတွင်ငလျင်ဆိုသည်မှာ မြန်မာနိုင်ငံထဲမှာသာ လှုပ်ခတ်ဒုက္ခပေးသည်မဟုတ်။ ကမ္ဘာ့နိုင်ငံများစွာ အမေရိက၊ ဥရောပ၊ အာရှ၊ နယူးဇီလန်၊ ဩစတြေးလျ၊ အာဖရိကတိုက်များ၊ ပင်လယ်သမုဒ္ဒရာတွင်းကျွန်းနိုင်ငံများတွင်လည်း  အခါအားလျော်စွာလှုပ်ခတ်ကြသည်။

၅၂၆ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ငလျင်ဒဏ်ခံနိုင်ငံပေါင်းတစ်ထောင်ကျော်ရှိခဲ့သည်။ သေဆုံးသူသိန်းဂဏန်း၊ သောင်းဂဏန်းအထိရှိသော ငလျင်နှင့်နိုင်ငံများကိုဖော်ပြပါမည်။ သေဆုံးသူတစ်ထောင်ဂဏန်း၊ ရာဂဏန်း၊ ဆယ်ဂဏန်းမျှသာသေသောစာရင်းကိုမတင်ပြတော့ပါ။ အသေးစိတ်သိလိုပါမူ နယူးယောက်တိုင်း(မ်)သတင်းစာတိုက်မှနှစ်စဉ်ထုတ်ဝေသော  ကမ္ဘာ့သတင်းနှစ်ချုပ်စာအုပ် The World ALMANACမှ Disaster သဘာဝဘေးအန္တရာယ်အခန်းစဉ်တွင်ကြည့်ပါကုန်။

၅၂၆ ခုနှစ် မေလ ၂ဝ ရက် ဆီးရီးယားနိုင်ငံ အန်တီအုချ်မြို့ ငလျင်သေဆုံးသူ ၂၅ဝဝဝဝ၊ ၈၂၆ ခုနှစ် ဂရိနိုင်ငံ ကိုရင့်သ်မြို့ ၄၅ဝဝဝ၊ ၈၅၆ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက် အီရန်နိုင်ငံ ဒမ်ဂန်မြို့၂ဝဝဝဝဝ၊ ၈၉၃ ခုနှစ် မတ်လ၂၃ ရက် အာဒါဘီရ်မြို့ အီရန် ၁၅ဝဝဝဝ၊ ၁ဝ၅၇ ခုနှစ် တရုတ်နိုင်ငံချီလှီမြို့ ၂၅ဝဝဝ၊ ၁၁၃၈ ခုနှစ် ဩဂုတ်လ ၉ ရက် အလက်ပိုမြို့ ဆီးရီးယား၂၃ဝဝဝဝ၊ ၁၁၆၉ ခုနှစ်  ဖေဖော်ဝါရီလ ၁၁ ရက် စစ္စလီနိုင်ငံ အက်တနာတောင်အနီး ၁၅ဝဝဝ၊ ၁၂၆၈ ခုနှစ် အာရှမိုင်းနားဒေသ ဆီလီကာကျွန်း၆ဝဝဝဝ၊ ၁၂၉ဝ ပြည့်နှစ်  စက်တင်ဘာလ ၂၇ ရက် တရုတ်နိုင်ငံချီလှီဒေသ၁ဝဝဝဝဝ၊ ၁၂၉၃ ခုနှစ် မေလ ၂၁ ရက် ဂျပန်နိုင်ငံ ကာမကုရဒေသ၃ဝဝဝဝ၊ ၁၉၃၁ ခုနှစ်ဇန်နဝါရီလ ၂၆ ရက် ပေါ်တူဂီနိုင်ငံ လစ္စဘွန်း ၃ဝဝဝဝ၊၁၅၅၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် တရုတ်နိုင်ငံ ရှန်စီမြို့ ၈၃ဝဝဝဝ၊၁၆၈၇ ခုနှစ် ရှိန်းမခကော့ကေရှား(ယခု အဇာဘိုင်ဂျန်) ၈ဝဝဝဝ၊ ၁၆၉၃ခုနှစ် ဇန်နဝါရီလ ၁၁ ရက် အီတလီနိုင်ငံ ကာတာနီးယား ၆ဝဝဝဝ၊ ၁၉၃၇ခုနှစ် အောက်တိုဘာလ ၁၁ ရက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ၃ဝဝဝဝဝ၊၁၇၅၅ ခုနှစ် ဇွန်လ ၇ ရက် ပါရှားမြောက်ပိုင်း(ယခု အီရန်) ၄ဝဝဝဝ၊ ၁၇၅၅ ခုနှစ်နိုဝင်ဘာလ ၁ ရက် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ ၆ဝဝဝဝ၊ ၁၇၈၃ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက် အီတလီနိုင်ငံ ကာတာနီးယား ၃ဝဝဝဝ၊ ၁၇၉၇ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက် အီကွေဒေါနိုင်ငံ ကီတိုမြို့ ၄၁ဝဝဝ၊ ၁၈၂၂ ခုနှစ်စက်တင်ဘာလ ၅ ရက် အာရှမိုင်းနားဒေသ အလက်ပို ၂၂ဝဝဝ၊ ၁၈၂၈ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် ဂျပန်နိုင်ငံ အိချိဂို ၃ဝဝဝဝ၊ ၁၈၆၆ ခုနှစ်ဩဂုတ်လ ၁၃-၁၆ ရက် ပီရူးနိုင်ငံ အီကွေဒေါနိုင်ငံ ၄ဝဝဝဝ၊ ၁၈၇၅ ခုနှစ်မေလ ၁၆ ရက် ဗင်နီဇွဲလား ကိုလံဘီယာနိုင်ငံများ ၁၆ဝဝဝ၊ ၁၈၉၆ ခုနှစ်ဇွန်လ ၁၅ ရက် ဂျပန်နိုင်ငံ ဆန်ရီကုမြို့ ဆူနာမီရေလှိုင်းဒဏ် ၂၇၁၂ဝ၊၁၉၁၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် အီတလီနိုင်ငံ အဗက်ဇန်နို ၃၂၆ဝဝ၊၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက် တရုတ်နိုင်ငံ ကန်းစုပြည်နယ်၂ဝဝဝဝဝ၊ ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက် ဂျပန်နိုင်ငံ ယိုကိုဟားမား၁၄၂၈ဝဝ၊ ၁၉၂၇ ခုနှစ် မေလ ၂၇ ရက် တရုတ်နိုင်ငံ ကန်းစုပြည်နယ် ၄ဝ၉ဝဝ၊ ၁၉၃၁ ခုနှစ် ဩဂုတ်လ ၁ဝ ရက် တရုတ်နိုင်ငံ စင်ကျန်(ရှင်ကျန်) ၁ဝဝဝဝ၊ ၁၉၃၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် နီပေါနှင့်အိန္ဒိယကြား ဘီဟာ ၁ဝ၇ဝဝ၊ ၁၉၃၅ ခုနှစ်  မေလ ၃ဝ ရက်  ပါကစ္စတန်နိုင်ငံကွက်တားမြို့ ၃ဝဝဝဝ၊ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် ချီလီနိုင်ငံချီလီယံမြို့ ၂၈ဝဝဝ၊ ၁၉၃၉ ခုနှစ်  ဒီဇင်ဘာလ ၂၈ ရက် တူကီယဲနိုင်ငံအာဇင်ကန် ၃၂၇ဝဝ၊ ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၅ ရက် တာ့ခ်မင်နစ္စတန် အက်ရှ်ဂဘလ ၁၁ဝဝဝဝ၊ ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်မော်ရိုကိုနိုင်ငံ အဂါဒီရ်  ၁၂ဝဝဝ၊ ၁၉၆၂ ခုနှစ် စက်တင်ဘာလ ၁ ရက်အီရန်အနောက်မြောက်ပိုင်း ၁၂၂၅၅၊ ၁၉၇ဝ ပြည့်နှစ် ဇန်နဝါရီလ ၅ ရက်တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၁ဝဝဝဝ၊ ၁၉၇ဝ ပြည့်နှစ် မေလ ၃၁ ရက်ပီရူးနိုင်ငံ အန်ကတ်ရှ် ၇ဝဝဝဝ၊ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်ဂွါတီမာလာနိုင်ငံ ၂၃ဝဝဝ၊ ၁၉၇၆ ခုနှစ် တရုတ်နိုင်ငံ အန်ရှန်းပြည်နယ်၂၄၂၇၆၉၊ ၁၉၉ဝ ပြည့်နှစ် ဇွန်လ ၂ဝ ရက် အီရန်အနောက်ပိုင်း ၄ဝဝဝဝ၊၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း၂၂၇၉၈၃၊ ၂ဝဝ၅ ခုနှစ် အောက်တိုဘာလ ၈ ရက် အိန္ဒိယနှင့်ပါကစ္စတန်ကက်ရှ်မီးယားဒေသ ၈၆ဝဝဝ၊ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၁ ရက်ဟေတီနိုင်ငံ ၃၁၆ဝဝဝ၊ ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက် ဂျပန်မြောက်ပိုင်း၂ဝ၈၉၆၊ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် တူကီယဲမြောက်ပိုင်း ၅၃၂၂၇တို့ဖြစ်သည်။ သေဆုံးမှုများသောဒေသများတွင် ငလျင်သည် ရစ်ချ်တာစကေး ၇ ကျော်မှ ၈ ကျော်အထိ လှုပ်ခတ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ငလျင်ဘေးသတိပြုဖွယ်ရာ  အသိပေးချက်များဖတ်သင့်ပါသည်။ သတင်းနားမထောင်ဘူးဆိုပြီး ဘာသိဘာသာမနေသင့်ပါ။ မြန်မာနိုင်ငံတွင် ငလျင်နှင့်ပတ်သက်သော ပညာပေးစာစောင်များဖတ်ပေးပါ။ နေအိမ်နံရံတွင် အသိပေးစာစောင်များကို ကပ်ထားပါ။  နာဂစ်မုန်တိုင်းကြီးတိုက်မည့်အန္တရာယ်ကို မိုးလေဝသနှင့်ဇလဗေဒဌာနတို့က ထုတ်ပြန်ခဲ့ပါသည်။ မုန်တိုင်းဝင်ခါနီးမှာပင် ဧရာဝတီတိုင်းဒေသကြီးမှ မြို့များစွာ၌ အစိုးရအုပ်ချုပ်ရေးဘက်မှ အသံချဲ့စက်များဖြင့်လှည့်လည်သတိပေးခဲ့ပါသည်။

“တို့ဒေသက မုန်တိုင်းနဲ့တစ်သက်လုံးနေလာတာ မဆန်းဘူး”ဟုဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ကမ်းရိုးတန်းနေလူအချို့က ဂရုမစိုက်ခဲ့၍ နာဂစ်မုန်တိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးက အသေအပျောက်အပျက်အစီးအလွန်များခဲ့သည်။

မိုခါမုန်တိုင်းတွင်လည်း  သတင်းကိုတမင်မျက်ကွယ်ပြုသူများ ဒုက္ခရောက်ခဲ့ရဖူးပါပြီ။

သတင်းဆိုသည်မှာ အများပြည်သူတို့အနေဖြင့် ကိုယ့်ရွာ၊ ကိုယ့်မြို့၊ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ(မြန်မာနိုင်ငံ) ဘာတွေဖြစ်နေသည်၊ ဘာတွေသတိပြုသင့်သည်ကိုဆင်ခြင်ရန် တင်ပြနေကြခြင်းဖြစ်သည်။ သူတစ်ပါးနိုင်ငံမှ ဖျက်လိုဖျက်ဆီးသောနည်းနှင့် ငွေအသပြာပေးခိုင်း၍ သတင်းမှားများတမင်လွှင့်နေသော ပြည်တွင်းပြည်ပ ပြည်ဖျက်မီဒီယာများကိုကမ္ဘာက မီဒီညာများဟု ကင်ပွန်းတပ်ထားသည်။ ကိုယ့်ကိုယ်ကိုယ်ချစ်လျှင်၊ မိသားစုဆွေမျိုး၊ တစ်မြို့တည်းသားချင်း၊ တစ်နိုင်ငံတည်းသားချင်း၊သွေးချင်းသားချင်းစိတ်ဖြင့် ချစ်တတ်ခင်တတ်ပါလျှင်၊ သူတို့ကို ဒုက္ခမရောက်စေချင်လျှင် မည်သူ့ကိုမုန်းမုန်း၊ မည်သူ့ကိုချစ်ချစ် သတင်းမှန်များသိအောင် သတင်းစာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကလည်း  အခါအားလျော်စွာ သတင်းမှန်သိရန် ထုတ်ပြန်တင်ပြလျက်ရှိသည်။  သတင်းဟူသည် လူတို့၏ သက်တော်စောင့်ဟုပင်ဆိုနိုင်ပါသည်။ ရေဒီယို၊ ရုပ်သံသတင်းနားစွင့်ပါ။ လွှင့်ချင်ရာလွှင့်၊ သတင်းမှားများ တင်ချင်သလိုတင်နေသည်များကို နားယောင်မိသူများ အရာရာတွင် ဒုက္ခကြုံတွေ့နေရသည်။

ထို့ကြောင့် ကိုယ့်အသက်ကိုတန်ဖိုးမထားဘဲ သတင်းမမှန်၊ သတင်းရှောင်၊ သတင်းမှားဆောင်နေမှုများဆင်ခြင်သင့်ပါပြီ။ မည်သူ့အတွက်မှ မဟုတ်လျှင်ပင် မိမိကိုယ်တိုင်အတွက် မိမိကိုယ်မိမိသနားသောအားဖြင့်သတင်းများသိကြပါစေ။  မိမိတို့ကို သတင်းမဖတ်၊ သတင်းမကြည့်၊ သတင်းနားမထောင်ပါနဲ့ဟု ပြောနေသူများကိုယ်တိုင် သင်တို့မသိအောင် တီဗွီဖွင့် သတင်းတိုးတိုးကြည့်ကြသည်။ သတင်းစာကိုတိတ်တိတ်ခိုးဖတ်နေသည်။ ထို့ကြောင့် သတင်းဖတ်ပါ၊ နားစွင့်ပါ။ ဖြစ်နိုင်လျှင် စာကောင်းပေမွန်များဖတ်ကြပါဟု ၉၄ နှစ်ဘဝအတွေ့အကြုံများနှင့်ယှဉ်ပြီး ကျွန်တော်ပြောပါရစေခင်ဗျာ။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ငလျင်များ၏ အပြင်းအပျော့နှင့် အန္တရာယ်အနည်းအများကိုသိနိုင်ရန် ကျွန်တော့်ဆောင်းပါး၏နောက်ဆက်တွဲအဖြစ် လက်ဆောင်ဆင့်ကမ်းလိုက်ပါရစေခင်ဗျာ။   ။

Source: https://myawady.net.mm/stories

တက္ကသိုလ်မြတ်သူ

စမတ်ဖုန်းသုံးစွဲခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ
-

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်။ စိုက်ပျိုးရေးဖြစ်စေ၊ မွေးမြူရေးဖြစ်စေ နည်းပညာကိုအခြေခံ၍သာလျှင်စိုက်ပျိုးမွေးမြူနေကြသည်ကိုအားလုံးအသိပင်ဖြစ်သည်။နည်းပညာနှင့်သက်ဆိုင်သောပစ္စည်းကိရိယာများကလည်း တစ်နေ့တစ်မျိုးမရိုးနိုင်အောင် တီထွင်ဆန်းသစ်နေကြသည်။ ထိုပစ္စည်းများအနက်လက်ကိုင်ဖုန်း(Smart Phone)လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ယနေ့ခေတ်တွင် စမတ်ဖုန်းသည် သယ်ယူရလွယ်ကူသလို ဘက်စုံအသုံးပြုနိုင်သောပစ္စည်းတစ်မျိုးဖြစ်သည်။ ဗဟုသုတဖြစ်ဖွယ်ရာ စာအုပ်ဖတ်ချင်သလား၊ နည်းပညာဆိုင်ရာများကို    လေ့လာချင်သလား၊  စီးပွားရေးလုပ်ချင်သလား အကုန်လုံး စမတ်ဖုန်းဖြင့်ပြုလုပ်နိုင်သည်။ စမတ်ဖုန်းသည် ဘက်စုံအသုံးပြုနိုင်သည်မှန်သော်လည်း နောက်ဆက်တွဲဆိုးကျိုးများလည်းရှိသည်။ ၂၀၀၅ ခုနှစ်လောက်က တစ်ကမ္ဘာလုံးအတိုင်းအတာအရ မိုဘိုင်းဖုန်းသုံးစွဲသူ  ၂ ဒသမ၂ဘီလီယံရှိပြီး   ကြိုးမဲ့ဖုန်းအသုံးပြုသူ ၁ ဒသမ၂၆ ဘီလီယံအထိရှိကြောင်းသိရသည်။   ယခုကမ္ဘာ့လူဦးရေ ၅၄ ရာခိုင်နှုန်း (၄ ဒသမ ၃ ဘီလီယံ)ခန့်သည် တယ်လီဖုန်းသုံးစွဲနေကြသည်။

မြန်မာနိုင်ငံနှင့်စမတ်ဖုန်း

စာရေးသူတို့နိုင်ငံတွင်ဖုန်းကို၂၀၁၀-၂၀၁၁ ခုနှစ်လောက်က  စတင်အသုံးပြုလာခဲ့ကြသည်။သို့သော် တွင်တွင်ကျယ်ကျယ်တော့မဟုတ်သေးပေ။ ထိုအချိန်က ကြိုးဖုန်းများကိုသာ တိုင်ထောင်၍အသုံးပြုကြရသည်။ ရွာတစ်ရွာတွင်ကြိုးဖုန်းတစ်လုံးလောက်သာရှိကြသည်။ ဖုန်းပြောလိုလျှင်  ကြိုးဖုန်းဆိုင်သို့သွားရောက်ပြောကြရသည်။ ထို့နောက် တဖြည်းဖြည်းနှင့်ယခုလက်ကိုင်ဖုန်း ခေါ် စမတ်ဖုန်းများကိုတွင်ကျယ်စွာအသုံးပြုလာကြသည်။  ယခုလူတိုင်းလိုလို စမတ်ဖုန်းတစ်လုံးစီရှိကြသည်အထိ တွင်ကျယ်စွာအသုံးပြုလာခဲ့ကြသည်။  မိသားစုတစ်စုမှာပင်  စမတ်ဖုန်းတစ်လုံးနှုန်းလောက်ရှိကြသည်။  တချို့ကထိုဖုန်းဖြင့်စီးပွားရေးလုပ်ကြသည်။  

တချို့က စာပေဗဟုသုတရှာကြသည်။တချို့က စျေးရောင်းကြသည်။  တချို့က နည်းပညာများဖြန့်ဝေကြသည်။  သတင်းအချက်အလက်များကိုလည်း  အလွယ်တကူ  ရှာဖွေဖတ်ရှုနိုင်သည်။

ထို့ကြောင့်စမတ်ဖုန်းသည်ကမ္ဘာကြီးတစ်ခုသဖွယ်ဖြစ်နေခဲ့သည်။မိမိသိချင်သည့်အချက်အလက်များကိုအလွယ်တကူရှာဖွေ၍ ထိုအချက်များအရ စမတ်ဖုန်းအသုံးပြုခြင်းသည်အကျိုးများစေသည်။ သို့သော် အလွန်အကျွံသုံးစွဲပါက ဘေးထွက်ဆိုးကျိုးကိုဖြစ်ပေါ်စေသည်။

ကလေးသူငယ်နှင့်ဖုန်းစွဲခြင်း

အများအားဖြင့်တော့ စမတ်ဖုန်းများသည် စွဲလမ်းမှုကိုဖြစ်စေသည်။ အထူးသဖြင့်ဂိမ်းဖြစ်သည်။

စမတ်ဖုန်းများမပေါ်မီကမည်သည့်ဂိမ်းမျှ မကစားကြပေ။ စမတ်ဖုန်းများပေါ်လာပြီးနောက် ဂိမ်းကစားရင်းဂိမ်းစွဲသွားကြသည်။ အထူးသဖြင့် ကလေးနှင့်လူငယ်များဖြစ်သည်။ စာရေးသူ၏တူတစ်ယောက်ဆိုလျှင် ဖုန်းသုံးလုံးကို အလဲအလှယ်လုပ်ပြီး ဂိမ်းကစားသည်။မွေးခါစငါးလကလေးပင် ဖုန်းအလင်းတွေ့လျှင်အာရုံစူးစိုက်ကြည့်နေတတ်သည်။ထိုကလေးကိုဖုန်းမပြရန်   အမြဲပြောရသည်။ကလေးငယ်များအား  ဖုန်းသုံးတတ်သည့်အကျင့်မဖြစ်အောင် ထိန်းကျောင်းပေးသင့်သည်။ ဧပြီလ    ၁၀   ရက်က စာရေးသူမျက်စိဆေးခန်း၌ မျက်စိပြနေစဉ် ကလေးတစ်ယောက်  မျက်စိလာပြသည်ကိုတွေ့ရသည်။ ဘာဖြစ်သလဲဟုမေးမြန်းကြည့်ရာ ဖုန်းအသုံးများသဖြင့် မျက်စိမကောင်းကြောင်းသိရသည်။

ထို့ပြင် စာရေးသူအသိမိတ်ဆွေ၏ကလေးတစ်ယောက်ဆိုလျှင်လည်း ဖုန်းအသုံးများသဖြင့် မျက်စိသူငယ်အိမ်စောင်းသွားရသည်။ ကြည့်လျှင်မျက်စိကိုတည့်တည့်မကြည့်ဘဲ စွေကြည့်သည်။မိဘတချို့က ကလေးငြိမ်နေလျှင်ပြီးရောဆိုပြီးဖုန်းပေးထားလေ့ရှိကြသည်။   ကလေးများ၏မျက်စိသည် အလွန်နုနယ်သေးသည်။  ဖုန်းစွဲပြီးဖုန်းကြည့်ချိန်များပါက မျက်စိကို ဒုက္ခပေးတော့သည်။ တချို့ကလေးများဆိုလျှင် မျက်စိမှာရဲရဲတောက်နေသည်။  အာရုံကြောစနစ်ချို့ယွင်းလာသည်။ ဂိမ်းကစားများလျှင်ဂိမ်းစွဲ၍မည်သည့်အလုပ်မျှမလုပ်ချင်တော့ဘဲ ဂိမ်းပဲကစားချင်နေသည်။စာရေးသူတူတစ်ယောက်ဆိုလျှင် ညဘက်ဂိမ်းဆော့ပြီး နေ့ဘက်မှအိပ်သည်။ ရေရှည်တွင်   ကျန်းမာရေးအတွက်မကောင်းပေ။ အထူးသဖြင့် ကလေးငယ်များကို ဖုန်းပေးမသုံးသင့်ပေ။ လူကြီးများအနေဖြင့်   ကြပ်မတ်ပေးရန်လိုအပ်သည်။ ဖုန်းအသုံးပြုခွင့်ပေးလျှင်လည်း အချိန်ဖြင့်သာ ပေးသုံးသင့်သည်။ ပညာရှင်များ၏လေ့လာချက်အရ စမတ်ဖုန်းကြောင့်ရောဂါဖြစ်စေနိုင်မှုသည် ၉၆ ရာခိုင်နှုန်းခန့်ရှိကြောင်းသိရသည်။ လက်တော့၊  ကွန်ပျူတာကြောင့် ရောဂါဖြစ်မှု ၅၄ ရာခိုင်နှုန်း၊ ဘလူးတုကြောင့် ၃၂ ရာခိုင်နှုန်း၊ တက်ဘလက်ကြောင့် ၁၄ ရာခိုင်နှုန်းရောဂါဖြစ်စေနိုင်ကြောင်းသိရသည်။

စမတ်ဖုန်းနှင့်အိပ်ရေးပျက်ခြင်း

စမတ်ဖုန်းတွေမပေါ်ခင်က ည ၇ နာရီ၊ ၈ နာရီဆိုလျှင်အိပ်ရာဝင်ကြသည်။ အိပ်ရာသည် တစ်နေ့တာပင်ပန်းသမျှအပန်းဖြေရာနေရာဖြစ်သည်။ ယခုမူ အိပ်ရာသည် စမတ်ဖုန်းကိုလွတ်လွတ်လပ်လပ်အသုံးပြုရာနေရာဖြစ်သည်။ အိပ်ရာဝင်ပြီဆိုလျှင်  ဖုန်းအသုံးပြုကြသည်။ ယခုအခါ စမတ်ဖုန်း၊ တက်ဘလက်နှင့်လက်တော့များပါ အိပ်ရာထဲရောက်လာသည်။ ယင်းတို့ကိုကျူးကျော်သူများဟုပင်ဆိုရတော့မည်။ အိပ်ချိန်ရောက်၍ မအိပ်သေးဘဲ ဖုန်းသုံးနေပါက မျက်စိကြောင်ပြီးအိပ်မရတော့ပေ။ထိုအခါ   မျက်စိကြောင်ပြီး အိပ်ရေးပျက်လာသည်။ တချို့က စက်ပိတ်အိပ်ကြသော်လည်း တချို့က  စက်မပိတ်ကြပေ။  ဖုန်းကို စက်ပိတ်ထားသော်လည်း မျက်နှာပြင်မှ   အလင်းထုတ်လွှတ်နိုင်သေးသဖြင့်  ထိုအလင်းကြောင့် ကလေးများအိပ်မောကျခြင်းကို    ဟန့်တားနိုင်ကြောင်းသိရသည်။  ထို့ပြင်   ဖုန်းနှင့်အတူ အိပ်စက်ခြင်းသည်   အိပ်ရေးပျက်သည့်အပြင် အဝလွန်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်းနှင့် အယ်ဇိုင်းမားရောဂါတို့ဖြစ်တတ်သည်။

ထို့ပြင် ဖုန်းကထုတ်လွှတ်ပေးသော အပြာရောင်အလင်းတန်းသည် အိပ်စက်မှုကိုဟန့်တားနိုင်သည်။

ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါအပြာရောင်အလင်းတန်းသည် ဦးနှောက်အတွင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်စေနိုင်သည့်ဓာတုပစ္စည်းကို အလွန်အမင်းနှိုးဆွပေးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ညအိပ်ချိန်၌ လူနှင့်ဖုန်းကို ဝေးဝေးထားအိပ်သင့်သည်။ မိမိနှင့်အတူထား၍ မအိပ်စက်သင့်ပေ။  ဖုန်းကို  အချိန်ကြာမြင့်စွာသုံးပါကဦးနှောက်နှင့်  အာရုံကြောစနစ်ကိုထိခိုက်စေသည်။ မှတ်ဉာဏ်များလျော့နည်းလာနိုင်သည်။

အထူးသဖြင့် လူငယ်များ၏ဦးနှောက်နှင့်အာရုံကြောကိုအန္တရာယ်ပေးနိုင်သောကြောင့် စမတ်ဖုန်းကိုသတိပြုသုံးစွဲသင့်သည်။

ဖုန်းအားသွင်းစဉ် သတိယှဉ်

 တချို့က ဖုန်းအားသွင်းထားရင်း ဂိမ်းကစားကြသည်။  ဖုန်းပြောကြသည်။  ဖုန်းအားသွင်းနေစဉ်ဖုန်းပြောပါက လျှပ်စစ်ဓာတ်အားကြောင့်ဓာတ်လိုက်ခြင်းမျိုး၊ ဖုန်းပေါက်ကွဲခြင်းမျိုးဖြစ်နိုင်ကြောင်းသိရသည်။    Facebook ပေါ်၌ ဖုန်းအားသွင်းနေစဉ်ဖုန်းပြောသဖြင့်ဖုန်းပေါက်ကွဲပြီး အန္တရာယ်ဖြစ်နေသည်များကိုလည်း မကြာခဏတွေ့ရသည်။ ဂိမ်းဆော့နေစဉ်   ဖုန်းအပူလွန်ပြီးမီးလောင်သည်ကိုလည်းတွေ့ဖူးသည်။  ဖုန်းသည် အပူရှိသောပစ္စည်းမျိုး၊ လျှပ်စစ်စီးနေသောပစ္စည်းမျိုးဖြစ်သဖြင့် သတိပြုကိုင်တွယ်ဖို့လိုသည်။ ဧပြီလ ၁၂ ရက်က စာရေးသူတို့ဘက်မှာမိုးရွာသည်။ မိုးရွာပြီးခဏအကြာ မိုးကြိုးပစ်သံကြားလိုက်ရသည်။ ညဘက် လက်ဖက်ရည်ဆိုင်ထိုင်တော့ မိုးကြိုးပစ်သည့်အချိန် ဖုန်းထဲလျှပ်စစ်ဝင်ပြီးလက်ကျဉ်သွားကြောင်း ဘေးစားပွဲကလူငယ်တစ်ယောက်ပြောသံကို စာရေးသူကြားလိုက်ရသည်။ထို့ကြောင့်မိုးရာသီလိုအခါမျိုးတွင်လည်း ဖုန်းအသုံးပြုလျှင်သတိထားသင့်သည်။

အထူးသဖြင့်လျှပ်စီးလက်နေသောအချိန်မျိုး၊ မိုးကြိုးခဏခဏပစ်နေချိန်မျိုးဆိုလျှင်ဖုန်းကိုအသုံးမပြုသင့်ပေ။ နောက်တစ်ခုမှာ ဖုန်းကိုဆိုင်ကယ်နောက်ဖုံးအတွင်းထည့်၍   ခရီးမသွားသင့်ပါ။ ဆိုင်ကယ်နောက်ဖုံးအောက်တွင် ဘက်ထရီပါသည်။ ဘက်ထရီချွတ်ယွင်း၍ အပူလွန်ကဲခြင်းမျိုး စာရေးသူကြုံခဲ့ရဖူးသည်။ ဘက်ထရီကပူပြီးကိုင်လို့တောင်မရပါ။ ထိုအချိန်မျိုး ဆိုင်ကယ်နောက်ဖုံးထဲဖုန်းရှိပါက ထိုအပူကြောင့်ပေါက်ကွဲပြီးအန္တရာယ်ဖြစ်စေနိုင်သည်။  

စမတ်ဖုန်းအန္တရာယ်

စမတ်ဖုန်းများသည် သုံးတတ်လျှင်အလွန်ကောင်းသော်လည်း မသုံးတတ်လျှင် ဘေးအန္တရာယ်ဖြစ်စေသည်။ဖုန်းမှဓာတ်ရောင်ခြည်များထုတ်လွှတ်သည်။ မိုက်ခရိုဝေ့ဓာတ်ရောင်ခြည်နှင့် လျှပ်စစ်သံလိုက်ပြင်းအားများဖြစ်သည်။ လျှပ်စစ်သံလိုက်စက်ကွင်းပြင်းအားက ဦးနှောက်ကိုအန္တရာယ်ဖြစ်စေသည်။ဦးနှောက်ကင်ဆာအပါအဝင် လည်ချောင်းကင်ဆာ၊ အရေပြားကင်ဆာ၊ ခြေလက်တုန်သောရောဂါ၊ ကျောက်ကပ်ရောဂါတို့ကိုဖြစ်စေသည်။ ဖုန်းမှထွက်ပေါ်လာသော ဓာတ်ရောင်ခြည်သည် ကိုယ်ဝန်ဆောင်မိခင်တို့၏ ဝမ်းအတွင်းမှသန္ဓေသားကိုထိခိုက်စေသည်။ ထိုဖြစ်စဉ်ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ဖုန်းမသုံးသင့်ပေ။ စမတ်ဖုန်းသုံးမှုစွဲလမ်းလာပါက အခြားသောလုပ်ငန်းများ၌လစ်ဟင်းလာသည်။ 

ဖုန်းကိုသာ အချိန်ပြည့်သုံးနေချင်သည်။  မည်သည့်အလုပ်မှ  မလုပ်ချင်တော့ပေ။  နောက်ပိုင်းစိတ်ကျရောဂါပင်ဖြစ်စေနိုင်သည်။ ထိုအခါ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ပညာရေးစသည်တို့ထိခိုက်လာမည်ဖြစ်သည်။ အထူးသဖြင့် မျက်စိကိုအန္တရာယ်ပိုဖြစ်စေနိုင်သည်။   ဖုန်းကြောင့် ဦးနှောက်အကျိတ်တည်ခြင်းမှာ ဖုန်းအတွင်းကထွက်ရှိလာသော ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းများက ဆဲလ်များကိုသေစေပြီးအကျိတ်တည်လာခြင်းဖြစ်သည်။ ထို့ကြောင့် စမတ်ဖုန်းများသည်ကောင်းကျိုးရှိသလို  ဆိုးကျိုးများလည်းရှိသည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင်  ယနေ့နည်းပညာခေတ်တွင် စမတ်ဖုန်းသည်နေရာယူလာသည်။ အသုံးပြုသူပိုများလာသည်။ ကွန်ပျူတာထက် စမတ်ဖုန်းသုံးသူပိုများလာသည်။အကျိုးရှိရှိအသုံးချပါကအကျိုးများသောပစ္စည်းဖြစ်သည်။ သို့သော်အလွန်အကျွံအသုံးပြုပါက အထက်ဖော်ပြပါနောက် ဆက်တွဲ အန္တရာယ်များကိုဖြစ်စေသည်။ ထို့ကြောင့် စမတ်ဖုန်းကိုအချိန်အတိုင်းအတာဖြင့် စနစ်တကျ အကျိုးရှိ အောင်သုံး စွဲကြရန်တိုက်တွန်း ရေးသားလိုက်ရပါသည်။    ။

Source: https://myawady.net.mm/stories

ကိုကျော်စွာ(ကျိုက်ပိ)