ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

မှတ်စုတို

ထန်းပင်သည် အပူပိုင်းဒေသတွင်သာ အများဆုံးတွေ့ရ၍  ပင်စည်  ၃၀/၄၀ လက်မကြား၊  အမြင့်  ၇၀/၈၀  ပေရှိပြီး ကမ္ဘာပေါ်တွင် အပူပိုင်းဒေသများဖြစ်သော အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်နှင့်  ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများတွင်  တွေ့နိုင်သည်။ ထန်းပင်ဟု ပြောလိုက်ပါက  လူတိုင်းသိကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ထန်းပင်ကို တွေ့ရပြီး မိုးရေချိန် ၂၀ လက်မနှင့် ၄၀လက်မကြားဒေသများတွင် ပေါက်ရောက်သည်။   ထန်းပင်သည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ပေါက်ရောက်ရှင်သန်နိုင်သော နှစ်ရှည်ပင်မျိုးဖြစ်ကာ ကျေးလက်ဒေသအနှံ့အပြားတွင် ထန်းပင်၊ ထန်းတောများစွာတွေ့ရှိ၍ ထန်းဖို၊ ထန်းမဟူ၍နှစ်မျိုးရှိသည်။ အညာဒေသသည်  လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာကတည်းက   ထန်းအရင်းအမြစ်ကို  ပိုင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။ အညာရိုးရာယဉ်ကျေးမှု ထွက်ကုန်များသည် မြန်မာနိုင်ငံသာမက ကမ္ဘာအထိ ဂုဏ်သတင်း ကျော်ဇောခဲ့သည်။ အညာဒေသ၌ ခေတ်အဆက်ဆက်  ထန်းပင်၊ ထန်းတောများ ပေါများသည်။ အရှေ့တောင်အာရှတစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ် ဒေသ၏ အမှတ်သင်္ကေတသည် အုန်းပင်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ၏ အမှတ်သင်္ကေတသည် ထန်းပင်ဖြစ်သည်ဟု ဆိုကြသည်။

ထန်းပင်သည် ပူနွေးစိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသများဖြစ်သောစစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၏   မြို့နယ်များအတွင်းရှိ ကျေးလက်ဒေသများတွင် ပေါက်ရောက်ဖြစ်ထွန်းပြီး  ထန်းပင်၊ ထန်းတောများစွာရှိခြင်းကြောင့် ဈေးကွက်တွင် မျက်နှာပန်းလှသော ထန်းလျက်လုပ်ငန်းကို များစွာလုပ်ကိုင်နိုင်သည်။ ထန်းပင်အသုံးပြုမှုပေါ်မူတည်ပြီး ထန်းလက်၊ ထန်းရွက်၊ ထန်းသီး၊ ထန်းမြစ် စသည်ဖြင့် တစ်ပင်လုံး အသုံးဝင်သည်။ အညာကျေးလက်ဒေသများမှာ ထန်းလက်ဖြင့် အိမ်ကာခြင်းအပြင် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးပြုလုပ်၍ အသုံးပြုကြခြင်းသည် အညာဒေသ၏ ရိုးရာဓလေ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေသည်။ ထန်းပင်မှတစ်ဆင့် လူတိုင်းသောက်သုံးနိုင်သော ထန်းရည်ရရှိပြီး ထိုထန်းရည်မှတစ်ဆင့် ထန်းလျက်အမျိုးမျိုးချက်လုပ်ရောင်းချနိုင်သည်။ အညာဒေသယာခင်းများ၏  ခြံစည်းရိုးများတွင် ထန်းပင်များ စိုက်ပျိုးထားခြင်းများဖြင့် ထန်းပင်၊ ထန်းတောပေါများပြီးဒေသခံကျေးလက်နေ ထန်းတောင်သူများ ထန်းလျက်ချက်လုပ်ငန်းကို ဒေသစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြသည်။

ထန်းလျက်လုပ်ငန်းကို မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်း ပူပြင်းခြောက်သွေ့သော ဒေသများတွင် အများဆုံးတွေ့ရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦး၊ ပုပ္ပား၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ မိတ္ထီလာ၊ မလှိုင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်း မြို့နယ်တို့တွင် အများဆုံး ပေါက်ရောက်သည့်အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း အနည်းငယ်တွေ့ရသည်။

အညာဒေသဟု ဆိုလိုက်၊ ပြောလိုက်လျှင် ပင်စည် မြင့်မြင့်ရှည်ရှည် အမြဲစိမ်းလန်းနေသော ထန်းတောများက ပူပြင်းခြောက်သွေ့လှသည့် မိုးခေါင်ရေရှားလှသော အညာဒေသ၏ ပြယုဂ်သဖွယ် ထင်ရှားစွာ တည်ရှိနေပါတော့သည်။    ။

MWD Web Portal

ဇေယျာနိုင်(ရွှေကန်မြေ)

ယမန်နေ့မှအဆက်

အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများ

မြန်မာနိုင်ငံသည်    ဓာတုပစ္စည်းအများဆုံးထွက်ရှိသော အိမ်နီးချင်းစက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးများအကြားတည်ရှိနေသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများတားမြစ်ထိန်းချုပ်ရေးမှာ  စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ အိမ်နီးချင်းနိုင်ငံများ၊ BIMSTEC နိုင်ငံများ၊ ASEAN ဒေသတွင်းနိုင်ငံများနှင့် ရန်ကုန်မြို့အခြေစိုက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့်  UNODC၊ ဩစတြေးလျနိုင်ငံ AFP၊ အမေရိကန်နိုင်ငံ  DEA၊ တရုတ်နိုင်ငံ NNCC၊ ထိုင်းနိုင်ငံ ONCB တို့နှင့်လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်ပြီး   သတင်းများဖလှယ်၍  ဓာတုပစ္စည်းများ    လမ်းလွဲမရောက်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း  မဲခေါင်(MoU) ခြောက်နိုင်ငံပါဝင်သော Operation 1511 ကိုလည်းကောင်း၊  ၂၀၂၁ ခုနှစ်အတွင်း မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံပူးပေါင်း၍ ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ Operation 1511/22 ကိုလည်းကောင်း၊   ၂၀၂၃  ခုနှစ်အတွင်း Operation 39 အထူးစစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင်  Operation 39/24  အထူးစစ်ဆင်ရေးကိုလည်းကောင်း ဆောင်ရွက်ခဲ့မှုကြောင့် ရွှေတြိဂံဒေသရှိ ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှုထိန်းချုပ်ရေးနှင့်  မူးယစ်ဆေးဝါးများ ပြင်ပသို့ပျံ့နှံ့မှုမရှိစေရေးရည်မှန်းချက်ကို အောင်မြင်စွာ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး  အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ  ၂၀၂၅ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ကျော် ဆောင်ရွက်နိုင်ခဲ့သည်။

နိုင်ငံတော်အနေနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် ခရီးအသွားအလာများသည့်  လမ်းကြောင်း များတွင် ခေတ်မီရှာဖွေရေးကိရိယာများ(X-ray စက်တပ်ယာဉ်များ)တပ်ဆင်အသုံးပြု၍ တိကျစွာ    စစ်ဆေးဆောင်ရွက်မှုများကြောင့် မူးယစ်ဆေးဝါးသယ်ဆောင်သူများသည် ရှောင်ကွင်းလမ်းများကို အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်းများပြောင်းလဲလာခြင်း၊ သိုဝှက်သယ်ဆောင်ပုံ   နည်းစနစ်များ ပြောင်းလဲလာခြင်းနှင့် ပင်လယ်ရေကြောင်း အသုံးပြု၍ သယ်ဆောင်ရောင်းဝယ်ခြင်းများ ပိုမိုအသုံးပြုလာကြောင်း တွေ့ရှိလာရသည်။

 နှစ်မျိုးသုံးဓာတုပစ္စည်းများ (Dual-use Chemicals)

ယနေ့ကမ္ဘာပေါ်တွင်   ဓာတုပစ္စည်းအများစုသည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ ကုန်ထုတ်လုပ်ငန်းများနှင့် သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင်လည်းကောင်း မရှိမဖြစ်ထည့်သွင်း အသုံးပြုနေကြသည်။  အဆိုပါဓာတုပစ္စည်းများသည် နှစ်မျိုးသုံးဓာတုပစ္စည်း(Dual-use Chemicals) အနေဖြင့်  မူးယစ်ဆေးဝါးထုတ်လုပ်သည့်   နေရာများသို့  တရားမဝင်ရောက်ရှိသွားပြီး လူလုပ်မူးယစ်ဆေးဝါးမျိုးစုံကို  အသွင်ပြောင်းဓာတုပစ္စည်းများ  (Designer Precursors)အသုံးပြု၍ ထုတ်လုပ်လာသည့်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပေါ်လျက်ရှိသည်။ ထိုကဲ့သို့ ကမ္ဘာ့နိုင်ငံအများစုတွင် လူလုပ်မူးယစ်ဆေးဝါးများ   ထုတ်လုပ်၊ သယ်ဆောင်၊ ဖြန့်ဖြူးရောင်းချမှု(ရောင်းဝယ်မှု)များသည် ပိုမိုကြီးထွားကျယ်ပြန့်လာခဲ့ပြီး သုံးစွဲသူဦးရေမှာလည်း များပြားလာခဲ့သည်ကို  ကြားသိ/တွေ့မြင်နေရသည်။   လူလုပ်မူးယစ်ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကရင်းမြစ်သည် ပရီကာဆာဓာတုပစ္စည်းများ(Precursor  Chemicals)ဖြစ်သည်။ ထိုပရီကာဆာများသည်     တရားမဝင် လမ်းကြောင်းများမှတစ်ဆင့်   မူးယစ်ဆေးဝါးထုတ်လုပ်ရာ    နေရာများသို့ ဝင်ရောက်လျက်ရှိသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်   မဖြစ်မနေလိုအပ်သည့် ပရီကာဆာထိန်းချုပ်ရေးကို အထူးအရေးကြီးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်နေရခြင်းဖြစ်သည်။

ထိန်းချုပ်ဓာတုပစ္စည်းများ  သို့မဟုတ် ပရီကာဆာဓာတုပစ္စည်းများ

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သဖြင့် ကန့်သတ်တားဆီးထားသော ဓာတုပစ္စည်းများကို ထိန်းချုပ်ဓာတုပစ္စည်းများ (Controlled   Chemicals) သို့မဟုတ်  ပရီကာဆာဓာတုပစ္စည်းများ  (Precursor Chemicals)ဟု ခေါ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအစီအစဉ် (UNDCP)နှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့တို့မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒပစ္စည်းများကို ပရီကာဆာများ(Precursors)ဟု  စတင်သုံးစွဲလာခဲ့ခြင်းဖြစ်သည်။ အဆိုပါဓာတုပစ္စည်းပရီကာဆာများတွင် အစပြုသည့် အခြေခံပစ္စည်း (Starting  Material)၊ ပျော်ဝင်ပစ္စည်း (Solvent)နှင့်  ဓာတ်ပြုပစ္စည်း(Reagent)ဟူ၍ သုံးမျိုးပါဝင်သည်။

မူးယစ်ဆေးဝါးရရှိအောင်ပြုလုပ်နိုင်မှု

မူးယစ်ဆေးဝါးကို  အမျိုးအစားသုံးခုဖြင့်ပြုလုပ်နိုင်ပြီး    ပထမတစ်မျိုးမှာ သဘာဝအတိုင်းရရှိသော ဘိန်းပင်မှဘိန်း၊ ဆေးခြောက်ပင်မှဆေးခြောက်နှင့် ကိုကင်းပင်မှကိုကင်းရွက်တို့အား  မူးယစ်ဆေးအဖြစ် အသုံးပြုခြင်းဖြစ်သည်။  ဒုတိယတစ်မျိုးမှာ တစ်ပိုင်းတစ်စ ပြုပြင်ဖန်တီးထားသောဆေးဝါးများ ဥပမာအားဖြင့် ဘိန်းကိုဓာတ်ပြုပျော်ဝင်စေသည့် ဓာတုဗေဒပစ္စည်းများဖြစ်သည့် အက်စီတစ်အင်ဟိုက်ဒရိုက်(Acetic   Anhydride)နှင့် အီသာ(Ether)တို့ဖြင့် ထုတ်လုပ်ရရှိသော ဟီးရိုးအင်း(Heroine)ဖြစ်သည်။ နောက်ဆုံးတစ်မျိုးမှာ   ပြုပြင်ဖန်တီးထားသောဆေးဝါးများ(Synthetic Drugs)ဖြစ်သည်။

ဥပမာအားဖြင့် မက်သာဖက်တမင်း (Me-thaphetamin)နှင့် အက်တက်စီ(Ecstacy) MDMA တို့ကို အစပြုကုန်ကြမ်းပစ္စည်းဖြစ်သည့် အက်ဖီဒရင်း (Ephedrine) သို့မဟုတ် ပီတူးပီ(P2P)ကိုဓာတ်ပြုပစ္စည်းနှင့် ပျော်ဝင်ဓာတုပစ္စည်းများဖြစ်သည့် သိုင်အိုနိုင်းလ် ကလိုရိုက်(Thionyl Chloride)၊ အီသာ(Ether)၊ ဖောစဖရပ်ပင်တာကလိုရိုက်(Phosphorous Pentachloride)၊ ဟိုက်ဒရိုကလိုရစ်အက်စစ်(Hydrochloric Acid)တို့ဖြင့်   ထုတ်လုပ်ထားခြင်းဖြစ်သည်။   ထို့ကြောင့်   မူးယစ်ဆေးဝါးဆိုသည်မှာ  ကျန်းမာရေးဝန်ကြီးဌာနမှ ဘိန်းပင်၊ ကိုကင်းပင်၊ ဆေးခြောက်ပင်နှင့် မူးယစ်ဆေးဖြစ်သည်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည့် အပင်တစ်မျိုးမျိုး၊ ယင်းအပင်တစ်မျိုးမျိုးမှ   ထွက်ရှိသော သို့မဟုတ် ထုတ်လုပ်သောအရာဝတ္ထုများ၊ ဆေးဝါးများကိုလည်း မူးယစ်ဆေးဝါးဟု သတ်မှတ်ထားသည်။ မူးယစ်ဆေးဝါးသည် စိတ်ပူပင်သောကကိုလျှော့ချနိုင်ပြီး လေးနက်သောစူးစမ်းမှုနှင့် ကိုယ်ရေးကိုယ်တာရောင်ပြန်ဟပ်မှုတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြကြသည်။

ပရီကာဆာများ (Precursors)

ပရီကာဆာ(Precursor)ကိုလည်း နှစ်မျိုးခွဲခြားနိုင်သည်။ ပထမအမျိုးအစားမှာ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်

အစပြုကုန်ကြမ်းပစ္စည်း(Starting Mate-rials)အဖြစ်သုံးသည့် အက်ဖီဒရင်း(Ephedrine)၊  ပီတူးပီ(P2P)နှင့်  ဆာဖရိုးလ်(Safrole)တို့ဖြစ်သည်။  ဒုတိယအမျိုးအစားမှာ  ဓာတ်ပြုပစ္စည်းနှင့်ပျော်ဝင်ပစ္စည်းအဖြစ်သုံးသည့်   အက်စီဆစ်အင်ဟိုက်ဒရိုက်(Acetic  Anhydride)၊ အီသာ(Ether)နှင့် သိုင်အိုနိုင်းလ်ကလိုရိုက် (Thionyl Chloride)တို့ဖြစ်ပြီး ၎င်းတို့သည် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အနည်းငယ်သာပါဝင်တတ်သည်။ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ဟီးရိုးအင်း(Heroine) ထုတ်လုပ်ရာတွင်အသုံးပြုသောပရီကာဆာများမှာ  Acetic Acid၊ Acetic Anhydride၊ Acetone၊ Acetyl Chloride၊ Chloroform၊ Ethyl Ether၊ Ethylidene Diacetate၊ Hydrochloric Acid၊ Methyl Ethyl Ketone၊ Phosphrous Pentachloride၊ Phosphrous Trichloride၊ Sulphuric Acid နှင့် Thionyl Chloride တို့ဖြစ်သည်။

စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ (Psychotropic Substances)

စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ (Psychotropic Substances)ဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနက   အမိန့်ကြော်ငြာစာထုတ်ပြန်၍ စိတ်ကိုပြောင်းလဲစေသည်ဟုကြေညာထားသည့် ဆေးဝါးများဖြစ်သည်။  ဘိန်းပင်၊  ကိုကင်းပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ မူးယစ်ဆေးဝါးဖြစ်သည်ဟု  ကြေညာထားသည့်အပင်တစ်မျိုးမျိုးမှ  မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအဖြစ်သို့    ရောက်ရှိရန် ထုတ်လုပ်ခြင်း၊ ယင်းသို့ထုတ်လုပ်သော အရာဝတ္ထုကို ဓာတုပစ္စည်း သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးနှင့် ရောစပ်၍ ပြုပြင်ထုတ်လုပ်ခြင်း၊   ဖော်စပ်ခြင်း၊ ပြင်ဆင်ပြုလုပ်ခြင်းတို့ကို စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ခြင်းဟုဆိုသည်။  မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါး ထုတ်လုပ်ပုံများကို  ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။    ။

ဒေါက်တာလပြည့်ခင်

လွမ်းမိပါတယ်ရှင် အ.ထ.က (၃) ပြင်ဦးလွင်
-

နိုင်ငံတော်အကြီးအကဲ ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ပြင်လွင်ဦးမြို့ ခရီးစဉ်မှာ သွားရောက်ခဲ့တဲ့ နေရာလေးတစ်ခု။ အဲဒီနေရာက ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းပါ။ ဒီသတင်းကို နားထောင်လို့အပြီးမှာ ကျွန်မရဲ့ စိတ်အစဉ်ဟာ လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်ကာလက အဲဒီကျောင်းမှာ ပညာသင်ကြားခဲ့တဲ့ ပုံရိပ်တွေဆီလွင့်ပါရောက်ရှိသွားခဲ့ပါတယ်။ ဖခင်တာဝန်ကျရာ နေရာဒေသအသီးသီးကို လိုက်ပါပြောင်းရွှေ့ခဲ့ရတဲ့ မြို့တွေအနက် ကျွန်မမှတ်မှတ်ထင်ထင်ရှိခဲ့တဲ့၊ ဇာတိချက်ကြွေမွေးရပ်မြေလို့ မှတ်ထင်ထားတဲ့ မေမြို့ သို့မဟုတ် ပြင်ဦးလွင်ကိုတော့ ကျွန်မတစ်သက်ဘယ်တော့မှ မေ့နိုင်မယ်မထင်ပါဘူး ။

မိမိဒေသကို ချစ်မြတ်နိုးပြီး အဲဒီဒေသမှာ မွေးဖွားခဲ့တဲ့၊ အသက်အရွယ်ကြီးမြင့်စွာ ရှိနေကြတဲ့ ဒေသခံများနဲ့ Elder အဖွဲ့ ဖွဲ့စည်းပြီး ဒေသရဲ့ အစဉ်အလာနဲ့ ဂုဏ်သတင်းတွေကို ဆက်လက်ထိန်းသိမ်းသွားဖို့နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တာတွေကို အကြံပြုပေးပါလို့ ပြင်ဦးလွင်ခရီးစဉ်မှာ မှာကြားခဲ့တဲ့ နိုင်ငံတော်အကြီးအကဲရဲ့ စေတနာကို တွေ့မြင်ခဲ့ရပါတယ်။

ဖခင်တာဝန်ကျရာနေရာတွေကို လိုက်ပါနေထိုင်ရတဲ့ ကျွန်မတို့လို တပ်မတော်သား သားသမီးတွေ ဘဝက ဇာတိမြေဆိုတာ သတ်သတ်မှတ်မှတ်မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အချိန်အတော်ကြာနေထိုင်ခဲ့ရတဲ့ ဒေသကိုတော့ ကိုယ့်မွေးရပ်ဇာတိလို တွယ်တာခုံမင်ခဲ့ကြပါတယ်။ ဖခင်တာဝန်ကျရာ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်မှာ ၁၁ နှစ်ကြာ နေထိုင်ခဲ့ရတော့ ပြင်ဦးလွင်ဟာ ကျွန်မတို့ နှစ်သက်တွယ်တာ သံယောဇဉ်ဖြစ်ခဲ့ရတဲ့ ဇာတိမြေဆိုလည်း မှားမယ်မထင်ပါဘူး ။

မေမြို့ သို့မဟုတ် ပြင်ဦးလွင်ဟာ ချယ်ရီမြို့တော်၊ ပန်းမြို့တော်၊ ကော်ဖီမြို့တော်၊ ပညာရေးမြို့တော်၊ ကျန်းမာရေးမြို့တော် စသည်ဖြင့် အမည်နာမမျိုးစုံနဲ့ လှပတင့်တယ်စွာရှိနေတဲ့ အေးချမ်းလှတဲ့ တောင်ပေါ်မြို့လေးတစ်ခုပါ။ ဒီမြို့လေးရဲ့ အ.ထ.က(၃)မှာ ကျွန်မတို့ ညီအစ်မတစ်တွေ ပညာရည်နို့သောက်စို့ခဲ့ကြတာ ဖြစ်ပါတယ်။ ယခင်ကတော့ မိန်းကလေးကျောင်းဖြစ်ပြီး ကျောင်းအိပ်၊ ကျောင်းစား မိန်းကလေးဘော်ဒါဆောင်ရှိလို့ ပြင်ဦးလွင်နဲ့ နီးစပ်ရာဒေသတွေက တိုင်းရင်းသားသွေးချင်း ညီအစ်မတွေဟာ ဒီကျောင်းတော်ကြီးမှာ အတူတကွ ပညာသင်ကြားခဲ့တာကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကိန်းအောင်းခဲ့ကြပါတယ်။

မိမိမှတ်မိသလောက် ၁၉၇၈ ခုနှစ် လောက်မှာတော့ မိန်းကလေး၊ ယောက်ျားလေး ရောလိုက်ပြီး ဘော်ဒါလည်း လက်မခံတော့ပါဘူး။ ဒီကျောင်းတော်ကြီးမှာ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့၊ အိမ်တွင်းမှုအချိန်၊ ကာယအချိန်၊ ပြင်ပဗဟုသုတတွေရစေဖို့ အဖွဲ့လိုက် ပတ်ဝန်းကျင်ရှိ လေ့လာ စရာနေရာတွေကို ပို့ဆောင်ပေးပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေဖို့ ဆောင်ရွက်ပေးခဲ့တာတွေကို ပြန်လည်အမှတ်ရနေမိပါတယ်။ “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သုတ၊ ရသ၊ ဗဟုသုတများစွာကို မျှဝေပေးနေတဲ့ ကျွန်မတို့ရဲ့ ကျောင်းတော်ကြီးရဲ့ အလံတိုင်ရှေ့မှာ နေ့စဉ်နိုင်ငံတော်အလံအလေးပြုမှုနဲ့အတူ ကျောင်းသီချင်းကို သံပြိုင်သီဆိုခဲ့ကြတာကို အမှတ်ထင်ထင်ရှိနေခဲ့ပါတယ်။ ဒီကျောင်းသီချင်းရဲ့ ဖန်တီးရှင်ကတော့ ဆရာကြီး ဦးအောင်သင်းဖြစ်ပါတယ်။ စစ်တက္ကသိုလ်မှာ မြန်မာစာကထိက တာဝန်ထမ်းဆောင်စဉ် အ.ထ.က(၃) အတွက် ရေးသားစပ်ဆိုပေးခဲ့တဲ့ ကျောင်းသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ သိပ္ပံဆရာ မာဂရက်ဘသောင်းက သူ့ရဲ့အကော်ဒီယံနဲ့ သံစဉ်ရှာဖွေလို့ စာသားနဲ့ လိုက်ဖက်အောင် ပုံဖော်ပေးခဲ့တဲ့ တေးသွားနဲ့အတူ ကျွန်မတို့ ကျောင်းသား ကျောင်းသူတွေအားလုံး သံပြိုင်သီဆိုခဲ့ကြတာတွေကို အတူတကွပညာဆည်းပူးခဲ့ကြတဲ့ သူငယ်ချင်းရောင်းရင်းမိတ်ဆွေတွေ၊ စီနီယာအစ်ကိုတွေ၊ အစ်မတွေ၊ မောင်ငယ်ညီမငယ်တွေ ပြန်လည်အမှတ်ရစေဖို့ ဖော်ပြလိုက်ပါတယ်။

အ.ထ.က(၃)၊ ပြင်ဦးလွင် ကျောင်းသီချင်း

စိမ်းနီပြာ အဝါလွှမ်းတဲ့ ပန်းဥယျာဉ်သို့အညီ x x x x x x အမုံရင့်လွှာ ညှာတံချီ x x x x x x အဟုန်းပြင်းစွာပွင့်ရာ မြေမှန်သည် x x x x x x အော် ဆရာများရဲ့ စွမ်းအားညီ x x x x x x ဂါရဝတရားနဲ့ အားထားသည် x x x x x x အမှတ်(၃) ကျောင်း ဂုဏ်ရည် x x x x x x မိဘတွေပါပေါင်း x x x x x x အောင်ကြောင်းစိတ်ညီ x x x x x x ဒို့တစ်တွေ ဦးဆောင်မည် x x x x x x စည်းကမ်းရှိရှိ တာဝန် သိသည် x x x x x x ကျောင်းဂုဏ်ကို ထိန်းသိမ်း မြှင့်ရမည် x x x x x x

ပညာဟူသည်မြတ်ရွှေအိုး x x x x x x ဆိုရိုးရှိ ခဲ့သည် x x x x x x ဝိဇ္ဇာသိပ္ပံစွယ်စုံညီ x x x x x x သဲသဲမဲမဲဆည်းပူးမည် စိတ်လည်းကြံ့ခိုင်ကိုယ်လည်းကြံ့ခိုင် x x x x x x ပိုင်ပိုင်နိုင်နိုင်တက်လှမ်းမည် x x x x x x ဟေ့တက်လှမ်းမည် အားကစားမှာလည်း ယှဉ်မယ်ပြိုင်မယ်ဇွဲဖွံ့ဖြိုးရေးကို တူတူနွှဲတက်ညီလက်ညီ x x x x x x ဟင် .... အားကစားမှာလည်း x x x x x x ယှဉ်မယ်ပြိုင်မယ်ဇွဲ x x x x x x ဖွံ့ဖြိုးရေး ကို တူတူနွှဲတက်ညီလက်ညီ x x x x x x တစ်သွေးထဲ တစ်သားထဲ မိသားစုစိတ်ဓာတ်မပြတ်သုံး အမြတ်ဆုံး အမှတ် (၃) ယုံယုံကြည်ကြည် x x x x x x x x

ကျောင်းကို ရောက်ရှိစဉ် နိုင်ငံတော်အကြီးအကဲရဲ့ ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေအပေါ် ထားရှိတဲ့စေတနာကို ဆရာ ဆရာမတွေနဲ့ တွေ့ဆုံမှာကြားခဲ့တဲ့အချက်တွေက သက်သေပြလျက်ရှိပါတယ်။ အဲဒါတွေကတော့ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းဟူသည့် ဆောင်ပုဒ်နှင့်အညီ အနာဂတ်နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရမည်။ ငယ်စဉ်ကလေးဘဝကတည်းက စနစ်တကျဖြင့် နေထိုင်သွားလာတတ်စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လိမ္မာယဉ်ကျေးမှုရှိစေရေးသင်ကြားလေ့ကျင့်ပေးမှသာလျှင် အနာဂတ်ဘဝလမ်းတစ်လျှောက်၌ သာယာကောင်းမွန်သည့် လူမှုဘဝကို ရရှိစေမည်... ” ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

ဒီအချက်တွေကို ဆရာ ဆရာမတွေက လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာဆောင်ရွက်ကြရင်းဖြင့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်ထုဆစ်ကြမယ့် နိုင်ငံသားကောင်း၊ သမီးကောင်းတွေ၊ နိုင်ငံတော်က အားထားရမယ့် သားကောင်းသမီးမွန်တွေကို မွေးထုတ်ပေးနိုင်ပါစေကြောင်း ဆန္ဒမွန်ပြုမိပါတယ်။ ၁၉၇၅ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ပညာရည်နို့ သောက်စို့ခဲ့ရတဲ့ အ.ထ.က(၃) ပြင်ဦးလွင်မှ ဆရာ ဆရာမများနဲ့ ဘဝတစ်သက်တာတစ်လျှောက်လုံး မိမိရဲ့သင်ဆရာ ကြားဆရာများအားလုံးကိုလည်းကောင်း၊ တစ်ယောက်တစ်နေရာဆီမှာ တာဝန်ကိုယ်စီ ထမ်းဆောင်နေဆဲ၊ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမိကျောင်းတော်ကြီးမှာ ပညာသင်ကြားဖူးခဲ့တဲ့ ကျောင်းသား ကျောင်းသူဟောင်းများ၊ ပညာသင်ကြားနေဆဲ ကျောင်းသား ကျောင်းသူများအားလုံးကိုလည်းကောင်း မှတ်မှတ်ထင်ထင်သတိရလျက်ရှိပါကြောင်းနဲ့ မိမိတို့ရဲ့ ကျောင်းသီချင်း ကမ္ဘာတည်သရွေ့တည်တံ့ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်။ ။

MOI

ရွှေစင်မိုးဥ

“မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုနိုင်သည့်  ထိန်းချုပ်ဓာတုပစ္စည်းများ ကုန်သွယ်မှု၊ အသုံးပြုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများ”အပိုင်း(၁)
-

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့်  စိတ်ကြွဆေးများဖမ်းဆီးရမှုအခြေအနေ နိုင်ငံတစ်ဝန်း၌  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ စိတ်ကြွဆေးများ အများအပြား ဖမ်းဆီးရမှုသတင်းများကို  နိုင်ငံပိုင်သတင်းစာများ၌ နေ့စဉ်နှင့်အမျှ ဖတ်ရှုမြင်တွေ့နေရ သည်။ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအရ  နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးအမှုပေါင်း ၅၅၉၃ မှု၊ တရားခံ ၇၈၂၈ ဦးနှင့်  စုစုပေါင်း တန်ဖိုးငွေကျပ် ၉၉၈ ဒသမ ၆၀၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ ၈၈၁ သန်း) တန်ဖိုးခန့် ဖမ်းဆီးရမိသည်။ ရှမ်းပြည်နယ်ရှိ ခရိုင်လေးခ

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့်  စိတ်ကြွဆေးများဖမ်းဆီးရမှုအခြေအနေ နိုင်ငံတစ်ဝန်း၌  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ စိတ်ကြွဆေးများ အများအပြား ဖမ်းဆီးရမှုသတင်းများကို  နိုင်ငံပိုင်သတင်းစာများ၌ နေ့စဉ်နှင့်အမျှ ဖတ်ရှုမြင်တွေ့နေရ သည်။ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအရ  နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးအမှုပေါင်း ၅၅၉၃ မှု၊ တရားခံ ၇၈၂၈ ဦးနှင့်  စုစုပေါင်း တန်ဖိုးငွေကျပ် ၉၉၈ ဒသမ ၆၀၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ ၈၈၁ သန်း) တန်ဖိုးခန့် ဖမ်းဆီးရမိသည်။ ရှမ်းပြည်နယ်ရှိ ခရိုင်လေးခုမှ အဓိကပါဝင်နေပြီး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမှုမှာ အများဆုံးဖြစ်ကြောင်းသိရှိရသည်။     ရှမ်းပြည်နယ်ဘက်မှထုတ်လုပ်သည့်  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့် စိတ်ကြွဆေးများကို ရခိုင်ပြည်နယ်သို့ ကုန်းလမ်းမှသယ်ယူပို့ဆောင်ပြီး ပြည်ပသို့ ရေလမ်းခရီးဖြင့်ပို့ဆောင်၍ ဖြန့်ဖြူးရောင်းချနေမှုများကိုဖမ်းဆီးရမိမှုဖြစ်စဉ်များလည်း  ပါဝင်သည်။

လူမသိသည့် သာမန်မီးဖိုချောင်တစ်ခုမှအစပြု၍ ဓာတုဆေးဝါးပစ္စည်းမျိုးစုံနှင့် ရောစပ်ပြီး ဆေးပြားရိုက်စက်ကိုအသုံးပြုကာ စိတ်ကြွဆေးများ  အလွယ်တကူထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်းများလည်း ကြားသိနေရသောကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေပြီး သုံးစွဲသူနှင့် မိသားစုအသိုင်းအဝိုင်းကိုပါ ဘဝပျက်လောက်အောင် ဆိုးရွားစေသည့် မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် ယင်းတို့ကိုပြုလုပ်နိုင်သည့် ပရီကာဆာဟုခေါ်သည့် အစပျိုးဓာတုပစ္စည်းများ (Precursors)၏ အန္တရာယ်များကို အများပြည်သူသိရှိရှောင်ရှားနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၈) နှစ်မြောက် “အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”  အထိမ်းအမှတ်အခမ်းအနားနေ့ကို   ဂုဏ်ပြုကြိုဆိုလျက် ဤဆောင်းပါးကို အကျယ်တဝင့် ရေးသားဖော်ပြရခြင်းဖြစ်သည်။

အဓိကဦးတည်ချက်ဖြစ်သည့်  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ စိတ်ကြွဆေးများအကြောင်း

မတင်ပြမီ အဆိုပါကိစ္စများကို အဓိကကိုင်တွယ်ထိန်းသိမ်းဖြေရှင်းဆောင်ရွက်နေရသော တာဝန်အရှိဆုံး အဖွဲ့အစည်းဖြစ်သည့်   ပြည်ထဲရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှုအခြေအနေများကို  ဦးစွာတင်ပြလိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သမိုင်းကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ဦးစီးဌာန လေးခုဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားရှိပြီး ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌   ပြည်သူ့ရဲတပ်ဖွဲ့အမည်ဖြင့် လွတ်လပ်သောအဖွဲ့ တစ်ခုအနေဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင်     နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ   အမိန့်အမှတ် ၁/၉၅ ကို  ထုတ်ပြန်၍   မြန်မာနိုင်ငံရဲတပ်ဖွဲ့  (Myanmar  Police  Force)ဟု အမည်ပြောင်းလဲခဲ့ပြီး နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့သည်။ ယူနီဖောင်းမှာ ယခင်က ကာကီရောင်ဖြစ်သော်လည်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှစ၍ နက်ပြာရောင်သို့ ပြောင်းလဲသတ်မှတ်ဝတ်ဆင်စခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးချုပ်ငြိမ်းရေးရည်မှန်းချက်တာဝန်ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးကွပ်ကဲမှုအဖွဲ့၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များနှင့် ရဲလေ့ကျင့်ရေးကျောင်းများဖြင့် ဖွဲ့စည်းထားရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးနှိမ်နင်းရေးအပါအဝင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးတို့ကို ရည်မှန်းချက်တာဝန်များအဖြစ် ချမှတ်ထားရှိပြီး ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားသောပြစ်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်တရားစွဲတင်ရေး၊  နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေးနှင့်  ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေး အစရှိသည့် ပြည်သူလူထုနှင့်တိုက်ရိုက်ဆက်စပ်လျက်ရှိသော ကြီးလေးသည့်လုပ်ငန်းတာဝန်များကို   အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတာဝန်များ

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်    အဆိုပါလုပ်ငန်းများအနက်   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များကို မဟာဗျူဟာနှစ်ရပ်၊ နည်းဗျူဟာ သုံးရပ်၊ နည်းနာနိဿယ သုံးရပ်တို့ဖြင့် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မဟာဗျူဟာ နှစ်ရပ်ဖြစ်သည့် မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက်ရေးတို့ကို   နည်းဗျူဟာသုံးရပ်ဖြစ်သည့်   ထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေးနှင့် တားဆီးနှိမ်နင်းရေးတို့ကို ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းတို့ကို အကောင်အထည်ဖော်ရာတွင် မူးယစ်ဆေးဝါးစိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲသူများ၏ ယုံကြည်ချက်၊ ခံယူချက်နှင့် စိတ်ဓာတ်မြင့်မားတိုးတက်ပြောင်းလဲရေး၊  တောင်ပေါ်မြေပြန့် တိုင်းရင်းသားအချင်းချင်း လွယ်ကူစွာကူးလူးဆက်ဆံနိုင်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ စီးပွားရေးနှင့် လူနေမှုဘဝတိုးတက်မြင့်မားရေးဟူသည့် နည်းနာနိဿယသုံးရပ်ကို     အသုံးပြုဆောင်ရွက်နေခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးပြဿနာချုပ်ငြိမ်းရေးနှင့် ထိန်းချုပ်နိုင်ရေးဆိုင်ရာ အမျိုးသားရေးတာဝန်ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို မလွဲမသွေထမ်းဆောင်ကြရသော အစိုးရတို့အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရသကဲ့သို့   အခြားတစ်ဖက်မှလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို   အနှောင့်အယှက် အဟန့်အတားဖြစ်စေသည့် ပြည်သူလူထုတစ်ရပ်လုံးကို     ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးပြဿနာ   ချုပ်ငြိမ်းရေးနှင့် ထိန်းချုပ်နိုင်ရေးတို့အတွက်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်းများနှင့် ထုတ်လုပ်ထားသည့်  စိတ်ကြွရူးသွပ်ဆေးများ၊ မက်အဖက်တမင်း (Ices)၊ ကက်တမင်း (Ketamin) နှင့် စိတ်ပျော်ဆေးရည်(Happy Water)ကဲ့သို့ လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs) ပြဿနာများမှာ ပိုမိုကြီးထွားလာသောကြောင့် ယခုကာလသည် အဆိုးရွားဆုံးအခြေအနေတွင်ရှိနေသည်ဟု  တွက်ဆရသည်။

မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာစာချုပ်များနှင့်  ဥပဒေပြဋ္ဌာန်းချက်များ

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို နည်းမျိုးစုံဖြင့် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၁၉၆၁ ခုနှစ် တစ်ခုတည်းသော   မူးယစ်ဆေးဝါးများကွန်ဗင်းရှင်း  (Single convention on Narcotic Drugs)၊ ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာကွန်ဗင်းရှင်း(Convention on Psychotropic Substances) နှင့် ၁၉၈၈ ခုနှစ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention Against Illicit Traffic in Narcotic Drugs and Psychotropic Substances) တို့ကို လက်မှတ်ရေးထိုးခြင်း၊ ၁၉၇၆  ခုနှစ်တွင်  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ကိုဖွဲ့စည်းခြင်း၊  ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများကိုပြဋ္ဌာန်းခြင်း၊ ၁၉၉၈ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများချက်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခြင်း၊ ၁၉၉၉ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကိုဆောင်ရွက်ခြင်း၊ ၂၀၀၄ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာနည်းဥပဒေပြဋ္ဌာန်းခြင်း စသည်ဖြင့် လိုအပ်သောဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းထုတ်ပြန်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

လုပ်ငန်းစီမံချက်များရေးဆွဲအကောင်အထည်ဖော်မှုများ

အဆိုပါဆောင်ရွက်ချက်များအပေါ် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အခါအားလျော်စွာဖြည့်စွက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကိုလည်း အချိန်နှင့်တစ်ပြေးညီ နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းနိုင်ရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒတစ်ရပ်ကိုရေးဆွဲထုတ်ပြန်ပြီး မူဝါဒအား အထောက်အကူပြုစေမည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို လမ်းညွှန်မှုမူဘောင်တစ်ခုအနေဖြင့် သတ်မှတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက် (Action Plan) များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။  မူးယစ်ဆေးဝါးထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ ဦးဆောင်မှုကဏ္ဍသည် အမှန်တကယ် အရေးပါသည့်လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီး ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ဦးဆောင်၍ ပြည်သူလူထုအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်  အရှိန်အဟုန်ဖြင့်   ဟန်ချက်ညီညီ ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ရင်ဆိုင်တွေ့ကြုံနေရသည့် မူးယစ်ဆေးဝါးပြဿနာမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဆုတ်ယုတ်ပျက်စီးစေသည်သာမက နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ များစွာထိခိုက်စေသည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် ၁၉၈၇ ခုနှစ်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂညီလာခံမှ ဇွန်လ  ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ   မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်  ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားအဖြစ် သတ်မှတ်ခဲ့သည့်အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပလာရာ   ယခုဆိုလျှင်  (၃၈)ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

သဘာဝဘေးများနှင့် လျှပ်စစ်အန္တရာယ်
-

သဘာဝဘေးအန္တရာယ်ကျရောက်လာပါက နိုင်ငံတော်မှတာဝန်ရှိသူများ၊  သက်ဆိုင်ရာဌာနများကယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပြန်လည်နေရာချထားရေးကိစ္စတို့ကို ကြိုတင်စီစဉ်ဆောင်ရွက်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မိုးလေဝသသတင်းများကို အခါမလပ် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်သတင်းစာများမှ ကြိုတင်အသိပေးကြေညာခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

စာရေးသူအနေဖြင့် မကြာခင်ကဖြစ်ပွားခဲ့သောရာဂိမုန်တိုင်းကဲ့သို့သော ရေကြီးရေလျှံခြင်းမျိုး မကြာသေးမီကဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးကဲ့သို့သောငလျင်ကြီးမျိုး  စသည့်သဘာဝဘေးအန္တရာယ် မျိုးဖြစ်ပွားလာပါက ဖြစ်နိုင်ဖွယ်ရာရှိသော လျှပ်စစ်အန္တရာယ်များကို ဘေးသင့်ဒေသရှိပြည်သူများ သိရှိရှောင်ရှားကာကွယ်နိုင်ကြစေရန် ရေးသားတင်ပြလိုသည်။

ပထမဦးစွာရေကြီးရေလျှံချိန်တွင်ရေဝင်နစ်မြုပ်နေသည့် နေအိမ်အဆောက်အအုံများ၌ဆက်သွယ်တပ်ဆင်အသုံးပြုနေသည့်  လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ၊ ရေနစ်မြုပ်နေသည့် ထရန်စဖော်မာများ၊ ရေနစ်မြုပ်နေသည့်ဓာတ်တိုင်များ၊  ဓာတ်အားလိုင်းများသည် လျှပ်စစ်ဓာတ်အားရှိနေပါက  ဓာတ်လိုက် မှုအန္တရာယ် ဖြစ်ပေါ်နိုင်ပေသည်။ သို့ဖြစ်၍လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ   တာဝန်ရှိသူများက ငလျင်ကြောင့် တိုင်ပြိုလဲမှုရှိသည့်နေရာများ ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့်နေရာဒေသများကို  လျှပ်စစ်ဓာတ်အားခေတ္တဖြတ်တောက်(ဓာတ်အားပိတ်)ထားရသည်။ ပြည်သူတို့ အသက်အန္တရာယ်ဖြစ်မည်စိုး၍ ပိတ်ပေးထားရခြင်းသာဖြစ်သည်။

 ထိုသို့ အချိန်နှင့်တစ်ပြေးညီ လျှပ်စစ်ဓာတ်အားပိတ်ထားနိုင်ရန်အတွက်လည်း ရပ်ကွက်အတွင်းရှိ တာဝန်ရှိပြည်သူများက မိမိတို့ရပ်ကွက်၌ ရေကြီးရေလျှံ၍ လမ်းများ၊ အိမ်များ၊ လျှပ်စစ်ပစ္စည်းများ ရေနစ်မြုပ်ပါက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများသို့ ဆက်သွယ်အကြောင်းကြားကြရန်လိုအပ်လှသည်။

ထို့အတူ မိုးဒဏ်၊ လေဒဏ်၊ ရေတိုးသည့်ဒဏ်များနှင့်ငလျင်ဘေးဒဏ်များကြောင့် ဓာတ်တိုင်များ ယိုင်လဲခြင်း၊ ဓာတ်အားလိုင်းကြိုးများပြတ်ကျခြင်း၊ ဓာတ်အားလိုင်းကြိုးများ လျော့ကျအိကျနေခြင်း၊ ပြတ်ကျနေသောဓာတ်ကြိုးများ သစ်ပင်သစ်ကိုင်းပေါ်တင်နေခြင်း၊ ရေထဲသို့ကျနေခြင်း စသည့် အကြောင်းများကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်လိုက်မှုအန္တရာယ်များ ဖြစ်ပေါ်လာ နိုင်သည်။

ရေပတ်လည်ဝိုင်းရံနေသော၊ ရေဝင်နစ်မြုပ်နေသော ဘုရား၊ တန်ဆောင်း၊ ကျောင်း စသည့် သာသနိကအဆောက်အအုံများ၊ ရုံးများ၊ ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လူနေအိမ်များရှိ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို ရေစိုနေလျှင် သို့မဟုတ် ရေနစ်မြုပ်နေလျှင်၊  ရေဝင်နေလျှင် ကျန်နေသောအခြားလျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို  လုံးဝမသုံးပါနှင့်၊  လျှပ်စစ်မီးခလုတ်များကို   မဖွင့်ပါနှင့်၊  မီးခလုတ်ကို  ပိတ်ထားပါ၊ ဓာတ်အားမပိတ်ထားမီအချိန်တွင် လျှပ်စစ်ဓာတ်ကြိုးများ၊  အသုံးပြုနေသော  လျှပ်စစ်ပစ္စည်းများသည် လျှပ်စစ်ဓာတ်အားရှိနေသည်ဟု မှတ်ယူကြရမည်။

ရေကြီးရေလျှံနေ၍ဖြစ်စေ၊ ငလျင်ကြောင့်မနေရဲ၍ဖြစ်စေ မိမိတို့နေအိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာနေရာသို့  ခေတ္တပြောင်းရွှေ့လျှင်လည်း မိမိတို့နေအိမ်ရှိ  လျှပ်စစ်မီးခလုတ်များနှင့် မိန်းခလုတ်များကို ပိတ်သွားရန်လိုအပ်သည်။ ရေပြန်ကျ၍ မိမိတို့နေအိမ်သို့ပြန်လာစဉ် အိမ်ထဲတွင်ရေမရှိတော့သော်လည်း လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများဖြစ်သည့်  ပလပ်ပေါက်များ၊ မီးခလုတ်များ၊ မော်တာများ၊ မီးအားမြှင့် စက်များ၊ အင်ဗာတာများ ရေဝင်နေလျှင်၊ ရေစိုနေလျှင်၊ ရေငွေ့များရိုက်ထားလျှင်၊ ရွှံ့ညွန်များ၊ အမှိုက်များပေနေလျှင်၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့လျှင် ကိုယ်တိုင်ကိုင်တွယ်ပြုပြင်ခြင်း၊ မီးခလုတ် နှင့်လျှပ်စစ်ခလုတ်များ ဖွင့်ခြင်းမပြုသေးဘဲ လျှပ်စစ်ကျွမ်းကျင်သူကို ခေါ်ယူပြသ၍ လိုအပ်သလို ဆောင်ရွက်ပြီး လျှပ်စစ်အန္တရာယ် ရှိ/မရှိ စစ်ဆေးကာ အန္တရာယ်ကင်းရှင်းမှသာ လျှပ်စစ်ခလုတ်များ ကိုဖွင့်ကြရန်  သတိပေးလိုသည်။ လျှပ်စစ်ဓာတ်အားသုံးလိုဇောဖြင့် မစစ်ဆေးဘဲမဖွင့်မိကြစေရန် အထူးသတိပြုကြစေလိုသည်။

ရေဘေးသင့်ဒေသများ၌  ရေပြန်ကျသွား၍ ရပ်ကွက်ရှိ ပြည်သူများအနေဖြင့်   ညဘက်သွားလာကြရာ၌ လက်နှိပ်ဓာတ်မီးများကို မဖြစ်မနေယူဆောင်သွားသင့်သည်။ ယူဆောင်သွားသောလက်နှိပ် ဓာတ်မီးများဖြင့်  ပြတ်ကျနေသောဓာတ်ကြိုးများ၊ အိကျနေသောဓာတ်ကြိုးများနှင့် မြွေများ၊ ကင်းများ၊ ရေနှင့်အတူ ပါလာတတ်သော အဆိပ်ရှိသည့်သတ္တဝါများကို  မြင်အောင်ကြည့်၊ လွတ်အောင်ရှောင်၍ရေကြီးပါကဖြစ်လာနိုင်သော လျှပ်စစ်အန္တရာယ်များလွတ်ကင်းအောင် ဆင်ခြင်တုံတရားဖြင့်  သတိထားကြစေလိုသည်။

သဘာဝဘေး‌အန္တရာယ်များကြောင့် နေအိမ်များထိခိုက်မှုများရှိပြီးနောက် မူလအတိုင်း လျှပ်စစ်ကို ပြန်လည်သုံးစွဲနိုင်ခဲ့လျှင်လည်း အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ကြသည်-

(၁)အိမ်တွင် လျှပ်စစ်ပစ္စည်းများ၊ မီးခလုတ်/ မီးပလပ်နှင့်ဝိုင်ယာကြိုးများကို ကလေးများ မကစားစေရန် သွန်သင်ပေးသင့်သည်။ ဖြစ်နိုင်ပါက ထိုအရာများကို ကလေးများလက်လှမ်းမမီသည့်နေရာတွင် ထားသင့်သည်။

(၂) နေအိမ်ရှိလျှပ်စစ်ပစ္စည်းများအား တစ်ပြိုင်တည်း ဝန်ပိုသုံးစွဲခြင်းမပြုသင့်ပါ။ ယနေ့အချိန်အခါတွင် လျှပ်စစ်ကိုအလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးလျက်ရှိရာ နေအိမ် အများစုသည် ဓာတ်အား ပြန်မပြတ်တောက်ခင်    မလုပ်လိုက်ရမရှိစေရန် ဓာတ်အားရလျှင်ရချင်း လျှပ်စစ်ပစ္စည်းအားလုံးကို တစ်ပြိုင်တည်းအသုံးပြုကြလေ့ရှိသည်မှာ   အလွန်အန္တရာယ်များလှသည်။       

(၃) လျှပ်စစ်ပစ္စည်းများအား  သုံးနေစဉ်ဓာတ်အားပြတ်တောက်သွားပါက ခလုတ်ပိတ်ထားသင့်သည်။ ဖြစ်နိုင်လျှင် လျှပ်စစ်ပစ္စည်းများ၏ ပလပ်ခေါင်းများကို ဖြုတ်ထားသင့်သည်။ ပလပ်ဖြုတ်သည့် အခါတွင်လည်း ပလပ်ခေါင်းမှ ကိုင်၍ ဖြုတ်ပါ၊ ကြိုးမှကိုင်၍ ဆွဲမဖြုတ်သင့်ပါ။

(၄) လျှပ်စစ်ပစ္စည်းများအားဆော့ကတ်ပေါက်မှထမ်းဆောင်နိုင်သော ဝန်အားထက်ပို၍ မသုံးစွဲသင့် ပါ။

(၅) လျှပ်စစ်ပစ္စည်းများ၊ မီးပလပ်၊ ခလုတ်၊ဝိုင်ယာကြိုးများ ပေါက်ပြဲ၊ ပျက်စီး၊ ဆွေးမြည့်နေပါက ဆက်မသုံးတော့ဘဲ လဲလှယ်သင့်သည်။

(၆) မီးလုံး၊ မီးချောင်းများ လဲလှယ်ရာတွင် သက်ဆိုင်ရာ မီးခလုတ်အား ပိတ်ပြီးမှ ဆောင်ရွက်သင့်သည် ။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ လျှပ်စစ်ပြုပြင်လိုပါက လုံးဝပင်မခလုတ် (Main  Switch)ကိုပိတ်ပြီးမှ ပြုလုပ်ဆောင်ရွက်သင့်သည်။

(၇)ရေစိုနေသောလက်ဖြင့်ခလုတ်ဖွင့်/ပိတ်လုပ်ခြင်း၊ ပလပ်ဖြုတ်/တပ်ခြင်းတို့မပြုလုပ်သင့်ပါ။ ထို့အတူ ရေစိုနေသောနေရာများတွင် လျှပ်စစ်ပစ္စည်းများထားရှိအသုံးပြုခြင်းမပြုလုပ်သင့်ပါ။

(၈) လိုအပ်သည်ဖြစ်စေ/ မလိုအပ်သည်ဖြစ်စေ   မီးချောင်း၊ ပန်ကာ၊ လေအေးပေးစက်များကို ဆက် တိုက်ဖွင့်ထားခြင်းကိုမပြုလုပ်သင့်ပါ၊ မီတာခ ပိုကုန်ကျသည့်အပြင် အပူလွန်ကဲစေနိုင်သဖြင့် မီးလောင်စေတတ်သည်။

(၉) ဟန်းဖုန်းများ၊ ကွန်ပျူတာများ အားသွင်းရာတွင် လိုအပ်ချိန်ထက် ပိုမိုကြာမြင့်စွာ အားမသွင်းထားသင့်ပါ။

(၁၀) လျှပ်စစ်ပစ္စည်းများနှင့် ဝိုင်ယာကြိုးများတွင် လျှပ်စစ်ဓာတ်အား ရှိ၊ မရှိ မသေချာပါက ဓာတ်အားရှိနေသည်ဟု မှတ်ယူပြီး ဂရုစိုက်သင့်သည်။

(၁၁) အရည်အသွေးကောင်းမွန်သော လျှပ်စစ်ပစ္စည်းများကိုသာ စနစ်တကျ တပ်ဆင်သုံးစွဲသင့်သည်။

(၁၂) နေအိမ်မှ မိသားစုလိုက် ပြင်ပထွက်သည့်အခါ ပင်မမီးခလုတ်အား ပိတ်သွားသင့်သည်။

(၁၃) မီးကြိုးများကို ပူသည့်အရာများအနီးတွင်မထားသင့်ပါ၊ ယာယီမီးကြိုးသွယ်တန်းလျှင် ကြမ်းပြင်ပေါ်မချထားဘဲ အမြင့်မှနေ၍သာ သွယ်တန်းသင့်သည်။

(၁၄) မတော်တဆ လျှပ်စစ်ပစ္စည်းများ၊ မီးကြိုး  များမီးလောင်ပါက ရေလောင်းခြင်းမပြုလုပ်ရပါ။  ပင်မမီးခလုတ်ကိုသာအမြန်ပိတ်သင့်သည်။

(၁၅) တစ်ဦးဦးဓာတ်လိုက်ခံရပါက  ၎င်းကို ချက်ချင်းသွားမထိသင့်ပါ၊ ပင်မမီးခလုတ်ကိုသာအမြန် ပိတ်သင့်သည်။

ထို့ပြင် သဘာဝဘေးကျရောက်ပြီးနောက်ပိုင်း နေအိမ်တွင်းလျှပ်စစ်လိုင်းများကို ပြုပြင်ဆောင်ရွက်သည့်အခါတွင်လည်း နားလည်တတ်ကျွမ်းသူများဖြင့်သာ ဆောင်ရွက်သင့်သည်။ လျှပ်စစ်တပ်ဆင်ရေး ဆောင်ရွက်သူများအနေဖြင့် သင်တန်းများသေချာစွာတက်ပြီးမှ ဆောင်ရွက်သင့်သလို လိုက်နာရမည့် လျှပ်စစ်သဘောတရားများကိုလည်း အပြည့်အဝလိုက်နာဆောင်ရွက်ကြရန်လိုသည်။  သဘာဝဘေး ကျရောက်ပြီးသည့်နောက်  အသစ်ပြန်လည်တည်ဆောက်ရေးများ ဆောင်ရွက်သည့်အခါတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှအစ နေအိမ်များအဆုံး လျှပ်စစ်ပစ္စည်းများအသုံးပြုသည့်အခါ Load အတိုင်းအတာအလျောက် Cable နှင့် Breaker များကို သင့်လျော်သည့်အရွယ်အစားဖြင့်သာ စနစ်တကျတပ်ဆင် အသုံးပြုသင့်ကြပါကြောင်းနှင့် သဘာဝဘေးကျရောက်ပြီးချိန်များတွင် လျှပ်စစ် အန္တရာယ်ကိုအထူးသတိပြုဆောင်ရွက်သင့်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။    ။

Photo - Vector Stock

ဆောင်းပါးရှင် - မောင်မောင်စွယ်စုံထွန်း

ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးလုပ်ငန်းစဉ်မှသည် နိုင်ငံတော်၏ အနာဂတ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့
-

ယနေ့လူငယ် နောင်ဝယ်လူကြီးဟူသည့် ဆိုရိုးစကားအတိုင်း နောင်တစ်ချိန်တွင် တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အနာဂတ်နိုင်ငံတော်ကို ယနေ့လူငယ်များ၏လက်ထဲသို့ လွှဲပြောင်းတာဝန်ပေးအပ်ရမည်ဖြစ်သည်။ လူငယ်များက ကလေးဘဝမှသည် လူငယ်၊ လူကြီး အဖြစ်သို့ ရောက်ရှိကြရသည်ဖြစ်ရာ ကလေးဘဝမှပင် စတင်၍ ထူးချွန်ထက်မြက်သည့် နိုင်ငံ့သား ကောင်းရတနာများ လူကောင်း၊ လူတော်လေးများဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးကြရန် တာဝန်ရှိပါသည်။ ထိုတာဝန်သည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၊ မိဘများနှင့် လူမှုအဖွဲ့အစည်းအားလုံးအပေါ်တွင် ကျရောက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော် ရှိပါသည်။ အသက် ၁၈ နှစ်အောက် လူဦးရေသည် နိုင်ငံလူဦးရေ ၏ ၃၃ ဒသမ ၃၁ ရာခိုင်နှုန်းခန့်ရှိသဖြင့် ကလေးဦးရေ များပြားသည့်နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် အများဆုံးနေထိုင်ကြပါသည်။ ကျေးလက်ဒေသရှိ ကလေးသူငယ်များသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့် သန့်ရှင်းမှုဆိုင်ရာ ဝန်ဆောင်မှု၊ ပညာသင်ကြားခွင့်ဆိုင်ရာ အခွင့်အရေးများကို အကန့်အသတ်ဖြင့်သာ ရရှိနေကြပါသည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မွေးကင်းစမှသည် အသက် ၁၈ နှစ်ပြည့်သည်အထိ ကလေး သူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အကျင့်စာရိတ္တနှင့် ခံယူချက်မြင့်မားရေး၊ အသက်ရှင်သန်ရပ်တည်ရေးတို့မှအစ စီမံကိန်းများချမှတ်လျက် ပြုစုစောင့်ရှောက်ကာကွယ်မှုများ ပေးလျက်ရှိပါသည်။ ထိုအထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးသူငယ်များ၏ အလုပ်လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေများပြဋ္ဌာန်းပြီး ကာကွယ် စောင့်ရှောက်မှုများပေးနေသကဲ့သို့ ဥပဒေနှင့်အညီ နိုင်ငံတကာနှင့် လူမှုအသိုင်းအဝိုင်းက လက်မခံသော ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

Child labour, Global Estimate 2020, Trends and The Road Forward အရ ဆင်းရဲနွမ်းပါးမှု တစ်ရာခိုင်နှုန်းတိုးလာသည်နှင့်အမျှ နိုင်ငံအသီးသီးတွင် ကလေးအလုပ်သမား အနည်းဆုံး ၈ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပေါ်လာစေနိုင်သည်ကို ဖော်ပြခဲ့ပါသည်။ ထို့ပြင် ကမ္ဘာပေါ်၌ ကလေးသူငယ် ၁၀ ဦးတွင် တစ်ဦးနှုန်း ကလေးအလုပ်သမားဖြစ်နေသောကြောင့် ၂၀၁၆ ခုနှစ်တွင် ကလေးအလုပ်သမားစုစုပေါင်း ၁၅၂ သန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် တွင် ကလေးအလုပ်သမား စုစုပေါင်း သန်း ၁၆၀ ရှိသဖြင့် လေးနှစ်တာကာလအတွင်း ကလေးအလုပ်သမား ၈ သန်းကျော် တိုးလာကြောင်း၊ ၎င်းတို့အနက် ၆ ဒသမ ၅ သန်းသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မိသားစုအားလုံးနီးပါး၏ စားဝတ်နေရေးအတွက် ကလေးအလုပ်သမားများက ကူညီဖြေရှင်းမှုယန္တရားတစ်ခု ဖြစ်လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ကမ္ဘာတစ်ဝန်း၌ ကလေးအလုပ်သမား ၈ ဒသမ ၉ သန်းနီးပါး တိုးလာကြောင်း လေ့လာသိရှိရပါသည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ကလေးအလုပ်သမားအများစုသည် စိုက်ပျိုးရေး၊ မိုင်းတူးဖော်ရေး၊ ထုတ်လုပ်ရေး၊ အိမ်အကူအလုပ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၌ အခကြေးငွေအနည်းငယ် သို့မဟုတ် အခကြေးငွေမရရှိဘဲ အန္တရာယ်ရှိသောအခြေအနေတွင် လုပ်ကိုင်လျက်ရှိပါသည်။ အခြေခံအကြောင်း တရားများမှာ ဆင်းရဲနွမ်းပါးမှုနှင့် မိသားစုဦးရေများ ပြားမှု၊ အခြေခံပညာ နိမ့်ပါးမှု၊ ရှေးရိုးစွဲ လူမှုဓလေ့ထုံးစံများ လက်ခံကျင့်သုံးနေမှု စသည်ဖြင့် အကြောင်းခြင်းရာအလိုက် အမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာအားဖြင့် တိုင်းပြည်ရှိ လူတစ်ဦးချင်းဝင်ငွေ နိမ့်ကျမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု၊ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်မှု၊ မိသားစုအတွင်း ကလေးများပြားမှု၊ မိမစုံ၊ ဖမစုံဖြစ်မှု၊ လူကြီးလုပ်သား ရှားပါးမှုနှင့် လုပ်အားခသက်သာမှု၊ စစ်ပွဲများနှင့် ဒေသတွင်းပဋိပက္ခဖြစ်မှု၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှု၊ ပတ်ဝန်းကျင်၏ စည်းရုံးလှုံ့ဆော်မှု၊ ဥပဒေစည်းကြပ်ခြင်း အားနည်းမှု စသည်တို့ဖြစ် ကြောင်း သိရှိရပါသည်။

ထို့အတွက် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ၈ ဒသမ ၇ ကို လက်ခံကျင့်သုံးခြင်းနှင့်အတူ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းသည် ၂၀၂၅ ခုနှစ်တွင် ကလေးအလုပ်သမားခိုင်းစေမှုပုံစံအားလုံး ပပျောက်ရေးကတိကဝတ်များကို ပြုလုပ်ခဲ့ပြီး ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ILO ပြဋ္ဌာန်းချက် (အမှတ် ၁၈၂) အား မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၈၇ နိုင်ငံနှင့် ILO ပြဋ္ဌာန်းချက် (အမှတ် ၁၃၈) အား အဖွဲ့ဝင်နိုင်ငံ ၁၇၆ နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားပြီး အကောင် အထည်ဖော်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။

ကလေးအလုပ်သမားဟူသည် အဘယ်နည်း

ကလေးသူငယ်များ လုပ်ကိုင်သမျှ အလုပ်အားလုံးကို ကလေးအလုပ်သမားဟု ဆိုလိုခြင်း မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကလေးအလုပ် သမား (Child Labour) ဆိုသည်မှာ ၎င်း၏ကလေးဘဝ၊ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး လုပ်ကိုင်နေရသူများကို ဆိုသည်။ ထိုအလုပ်မျိုးသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စာရိတ္တပိုင်းဆိုင်ရာကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး သို့မဟုတ် ၎င်းတို့၏ ပညာသင်ကြားရေးကို ထိခိုက်စေမည့် ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီကျောင်းမှ မဖြစ်မနေ ထွက်ရခြင်းနှင့် ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သော အလုပ်ကို အချိန်ကြာမြင့်စွာ လုပ်ကိုင်နေရ ခြင်းတို့ ဖြစ်ပါသည်။

အလုပ်လုပ်သော ကလေးသူငယ်များ (Working Children) ဆိုသည်မှာ ကလေးသူငယ်များအနေဖြင့် နေအိမ်တွင်လည်းကောင်း၊ မိသားစုပိုင် လယ်ယာအလုပ်ခွင်တွင်လည်းကောင်း၊ မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွင်လည်းကောင်း လုပ်ကိုင်ခြင်း သို့မဟုတ် အခြားဝန်မပိသော အလုပ်အကိုင် အမျိုးအစား (ကျန်းမာရေး သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်အန္တရာယ် ဖြစ်ဖွယ်ရာမရှိသော အလုပ် အကိုင်၊ ကျောင်းတက်ခြင်း၊ လုပ်ပိုင်ခွင့်ရှိသော ဥပဒေအရ ခွင့်ပြုထားသည့် အသက်မွေးဝမ်းကျောင်း၊ လမ်းညွှန်သင်ကြားခြင်း သို့မဟုတ် လေ့ကျင့်သင်ကြားခြင်းအစီအစဉ်များတွင် ပါဝင်ခြင်း သို့မဟုတ် လက်ခံရရှိသော ညွှန်ကြားချက်များမှ အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်သည့် စွမ်းရည်ကို မထိခိုက်စေသော အလုပ်များ) လုပ်ကိုင်ရခြင်းဖြစ် ပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ပြဋ္ဌာန်းချက် (အမှတ် ၁၈၂) အရ ကလေးအလုပ်သမားများကို အဆိုးရွားဆုံးပုံစံခိုင်းစေခြင်းတွင် ကလေးသူငယ်များအနေဖြင့် ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ စီးပွားရေးအရ လိင်မှုဆိုင်ရာ အမြတ်ထုတ်ခံရခြင်း၊ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် တရားမဝင်လုပ်ငန်းများတွင် အသုံးပြုခံရ ခြင်းများ ပါဝင်ပါသည်။

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားလျော့နည်း ပပျောက်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ကလေးအလုပ်သမားများ၏ အခွင့်အရေး များကို အကာအကွယ်ပေးသည့် ကလေးအလုပ်သမားဥပဒေသီးခြားမရှိသေးသော်လည်း စပ်ဆိုင်သည့် ဥပဒေများအနေဖြင့် ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ၊ ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေးဥပဒေတို့ဖြင့် ၎င်းတို့ကို အကာအကွယ်ပေး ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါသည်။

အလုပ်လုပ်ကိုင်နိုင်သော အနိမ့်ဆုံးအသက်အရွယ်

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၏ ကလေးများနည်းတူ မြန်မာနိုင်ငံရှိ ကလေးများသည်လည်း အလုပ်တစ်မျိုး မဟုတ်တစ်မျိုး လုပ်ကိုင်လျက်ရှိကြပါသည်။

ကလေးများလုပ်သော အလုပ်တိုင်းသည် ၎င်းတို့ အတွက် အန္တရာယ်ရှိသော သို့မဟုတ် ခေါင်းပုံဖြတ်ခံရသော အလုပ်များမဟုတ်ပါ။ မြို့ပြနှင့် ကျေးလက်ဒေသအများစုတွင် အလုပ်လုပ်သော ကလေးများ သည် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေကြသူများ ဖြစ်ပါသည်။ အလုပ်လုပ်ခြင်းဖြင့် ကလေးများသည် ဘဝအတွက် ကျွမ်းကျင်မှုများကိုလည်း ရရှိလာပြီး မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးခြင်းဖြင့် ကလေးများသည် မိမိကိုယ်မိမိ ယုံကြည်မှုနှင့် လေးစားမှုမြင့်မားလာမည်ဖြစ်ပါသည်။

ထိုသို့ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ရာ၌ ကလေးအလုပ်သမားများ မဖြစ်စေရေးအတွက် ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်နိုင်ရေးနှင့် အလုပ်လုပ်သော ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက်နိုင်ရေးတို့အတွက်လည်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့၏ အနိမ့်ဆုံးအသက်အရွယ်ဆိုင်ရာ ပြဋ္ဌာန်းချက် (အမှတ် ၁၃၈) (Minimum Age Convention-138) နှင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးလုပ်သားခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် (အမှတ် ၁၈၂) (Worst Forms of Child Labour Convention -182) တို့နှင့်အညီ ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေနှင့် ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေတို့တွင် (၁၄) နှစ် မပြည့်သည့် ကလေးများကို လုံးဝအလုပ်ခိုင်းစေခြင်းမပြုဘဲ (၁၄) နှစ်ပြည့်ပြီး (၁၈)နှစ် မပြည့်သေးသည့် လူငယ် အလုပ်သမားများအား အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက် လက်မှတ်ရယူ၍ စေခိုင်းနိုင်ကြောင်းနှင့် မည်သည့် လူငယ်ကိုမျှ ဘေးအန္တရာယ်ရှိစေသော၊ ကျန်းမာရေး ထိခိုက်စေသော၊ ပညာသင်ကြားနိုင်သည့် အခွင့် အရေးကို အနှောင့်အယှက်ဖြစ်စေသော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော နည်းလမ်းများဖြင့် အလုပ်ခိုင်းစေခြင်းမပြုရပါကြောင်း စသည်ဖြင့် လူငယ်များခိုင်းစေခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။

ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် ILO Convention 182 ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတွင် စတင်အာဏာသက်ဝင်ကျင့်သုံးခဲ့ရာ မြန်မာနိုင်ငံရှိ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်လုပ်သော ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာနသည် Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်ပြီး အစိုးရဌာန၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများ၊ ILO ၊ UNICEF တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့် အဆိုး ရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ် ရန်၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရ သည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ကာလတို၊ ကာလ ရှည် အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်သွားရန်နှင့် ကာလတို (၅) နှစ် စီမံချက် (၃)ကြိမ်ဖြင့် ကာလရှည် (၁၅)နှစ်စီမံချက် သတ်မှတ်ဆောင်ရွက်သွားရန် လျာထားပြီး အစိုးရဌာနများ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများဖြင့် အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ကာ ရေးဆွဲခဲ့ပါသည်။

အမျိုးသားကော်မတီဖွဲ့စည်းခြင်း

မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ဒုတိယသမ္မတ(၁) ဦးဆောင်ပြီး အဖွဲ့ဝင် ၃၇ ဦး ပါဝင်သည့် ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ လုပ်ငန်းတာဝန် (၈)ရပ် သတ်မှတ်ကာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၃၆ ဦးဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၁၈၀/ ၂၀၂၃) ဖြင့် သတ္တမအကြိမ် ပြင်ဆင်ဖွဲ့စည်း၍ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်)အား ဦးစားပေးလုပ်ငန်းကဏ္ဍနှစ်ခုဖြစ်သည့် စက်မှုကုန်ထုတ်ကဏ္ဍနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးကဏ္ဍများတွင် အသက် (၁၄) နှစ် အောက်နှင့် (၁၄) နှစ်မှ (၁၈) နှစ်အကြား အုပ်စုနှစ်စု ခွဲခြားပြီး ကလေးအလုပ်သမားပပျောက်ရေးအတွက် အမျိုးသားကော်မတီ၏ လုပ်ငန်းကော်မတီ (၈) ရပ် တို့မှ အညွှန်းကိန်းရလဒ်များရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သလို အမျိုးသား အဆင့်လုပ်ငန်းစီမံချက်၏ ဒုတိယကာလတို (၂၀၂၄-၂၀၂၈ ခုနှစ်) ငါးနှစ်တာလုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတို့တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျင်းပခဲ့မှု

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ ကလေးအလုပ်သမားများ၏ အတိဒုက္ခများ၊ အခက်အခဲများနှင့် ၎င်းတို့ကို မည်သို့သော အကူအညီအထောက်အပံ့ပေးနိုင်ရေးတို့ကို မီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်ပြီး နှစ်စဉ် ဇွန်လ ၁၂ ရက်နေ့ကို “ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့” အဖြစ် သတ်မှတ်ကာ ၂၀၀၂ ခုနှစ်မှစတင်ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် မိဘပြည်သူများဖြင့် ပြုလုပ်လျက်ရှိပြီး အခွင့်အလမ်းများ ဆုံးရှုံးနေသည့် သန်းပေါင်းများစွာသော ကလေးအလုပ်သမားများ၏ ငယ်ရွယ်နုပျိုမှု၊ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ ကလေးအလုပ်သမားများ၏ ပျံ့နှံ့နေသည့် ပြဿနာများကို အာရုံစူးစိုက်မှုရှိစေရန်အတွက် အဆိုပါနေ့တွင် ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ (Theme Title) ကို ဗဟိုပြုသော အသိပညာပေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် အနုပညာနှင့် စာစီစာကုံးပြိုင်ပွဲကဲ့သို့ ဖန်တီးမှုရှိသော လှုပ်ရှားမှုများကို အသားပေး ကျင်းပပြုလုပ်ကြ ပါသည်။

ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ကျရောက်ခဲ့သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ Theme Title မှာ Progress is clear, but there’s more to do: Let’s speed up efforts! (တိုးတက်မှုများ ထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ ကြိုးပမ်းမှုအရှိန်အဟုန်မြှင့်တင်စို့) ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား Focal ဌာနအဖြစ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ နှစ်စဉ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားများကို ပြည်သူများအကြား ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစဉ်များ၊ အသိအမြင် ဗဟုသုတများ ပိုမိုရရှိစေရန်အတွက် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ကလေးအလုပ်သမား လျော့နည်းပပျောက် ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများ၊ ဈေး များနှင့် လမ်းဆုံများ၌ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Billboard များ စိုက်ထူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ကလေးသူငယ်များအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းခွင်များ စာရင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှု

ILO ပြဋ္ဌာန်းချက် (အမှတ် ၁၈၂) တွင် ၎င်းပြဋ္ဌာန်းချက်ကို သဘောတူလက်မှတ် ရေးထိုးထားသည့်အဖွဲ့ဝင်နိုင်ငံတိုင်းသည် သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် တည်ဆဲဥပဒေများဖြင့် လည်းကောင်း (သို့) စည်းမျဉ်းဖြင့်လည်းကောင်း (သို့) အခွင့်ရအာဏာပိုင်များကသော်လည်းကောင်း ကလေးများအား ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကို အန္တရာယ်ဖြစ်စေသော အလုပ်အကိုင်အမျိုးအစားများကို သတ်မှတ်ပေးရမည်ဟုပါရှိသဖြင့် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ကလေးအလုပ်သမားဆိုင်ရာ နည်းပညာရပ်လုပ်ငန်းအဖွဲ့ (TWG - CL) အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ညှိနှိုင်းအစည်း အဝေးများ၊ သုံးပွင့်ဆိုင်အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း၊ အမျိုးသားကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများထံ သဘောထားမှတ်ချက် တောင်းခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကလေးသူငယ်များအတွက် လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းခွင်များစာရင်း (မူကြမ်း) ရရှိလာပြီဖြစ်ပါသည်။

လုပ်ငန်းအမျိုးအစားများနှင့် လုပ်ငန်းခွင်များ စာရင်းအတည်ပြုထုတ်ပြန်နိုင်ရေးသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် နိုင်ငံ၏အလေ့အထ၊ မြေပြင်အခြေအနေတို့အရ စိန်ခေါ်မှုတစ်ခုဖြစ်ပါသဖြင့် အစိုးရ၊ အလုပ်ရှင်၊ လူမှုအဖွဲ့အစည်းများက များစွာသတိပြုကိုင်တွယ်ရမည်ဖြစ်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အတည်ပြုထုတ်ပြန်နိုင်ရေးကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

အဆိုပါ ကလေးသူငယ်များအတွက် လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းခွင်များစာရင်း (မူကြမ်း) အား အတည်ပြုထုတ်ပြန်နိုင်ခဲ့ပါက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၁၀၃ (က)(၃) အရ မည်သူမဆို ဘေးအန္တရာယ်ရှိသော အလုပ်ကိုဖြစ်စေ၊ ကျန်းမာရေးထိခိုက်စေသော အလုပ်ကို ဖြစ်စေ ခိုင်းစေခြင်း သို့မဟုတ် လုပ်ကိုင်ရန် ခွင့်ပြုခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးရှစ်လမှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်း ဆုံး ကျပ်ရှစ်သိန်းမှ အများဆုံးကျပ် ၁၆ သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု လည်းကောင်း ပြဋ္ဌာန်းထားသဖြင့် ကလေးသူငယ်များအတွက် ထိရောက်သည့် ဥပဒေအကာအကွယ် ရရှိလာမည် ဖြစ်ပါသည်။

နိုင်ငံတော်၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆီသို့

ကလေးအလုပ်သမားအရေးကိစ္စသည် မိမိတို့မြန်မာနိုင်ငံတစ်ခုတည်းတွင်သာ မဟုတ်ဘဲ ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံအသီးသီးတွင် တွေ့ကြုံနေရသော ပြဿနာဖြစ်သည့်အတွက် ကမ္ဘာ့စိန်ခေါ်မှု (Global Challenge) တစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်ပါသည်။ အရွယ်မတိုင်မီ လုပ်ငန်းခွင်သို့ ရောက်ရှိနေသော ကလေးသူငယ်များ၏ဘဝကို ကယ်ထုတ်မြှင့်တင်နိုင်မှသာ အနာဂတ်ကမ္ဘာအတွက် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လူသားအကျိုးပြုသော လူငယ်၊ လူကြီးများဖြစ်လာနိုင်ပေမည်။

နိုင်ငံတော်အနေဖြင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ပြီး အမျိုးသားကော်မတီသည် ချမှတ်ရေးဆွဲထားသည့် လုပ်ငန်းစဉ်နှင့် စီမံချက်များအတိုင်း ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင် ရွက်လျက်ရှိရာ မိဘပြည်သူအားလုံးကလည်း ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ပိုမိုအလေးထား ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်သွားကြမည် ဆိုလျှင် နိုင်ငံတော်၏ စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုကို မလွဲ ဧကန် အထောက်အကူဖြစ်လာစေမည်ဟု ယုံကြည်မိပါကြောင်း ဇွန် ၁၂ ရက်နေ့က ကျရောက်ခဲ့သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

MOI

အားမာန်(အလရ)

အဆိုးသံသရာထဲက ယနေ့ကမ္ဘာ
-

ယနေ့ ကမ္ဘာ့အခြေအနေကိုကြည့်လျှင် အဆိုးသံသရာထဲမှာပင် တဝဲလည်လည်ဖြစ်လျက်ရှိသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများအချင်းချင်းကြား နိုင်ငံရေးတင်းမာမှုများ၊ ဒေသတွင်းပြိုင်ဘက်နိုင်ငံများ၏ အားပြိုင်မှုများမှတစ်ဆင့် ဒေသတွင်းစစ်ပွဲများ ဖြစ်ပွားလာသည်။ လူမှုအဓိကရုဏ်းများ၊ သဘာဝဘေးအန္တရာယ်များကပါ မကြာခဏထပ်ဆင့်ဖြစ်ပွားလာ၍ ကမ္ဘာကြီးသည် ပူလောင်ဆူပွက်လျက်ရှိသည်။

ဟားမတ်စ်စစ်သွေးကြွတို့၏ အကြမ်းဖက်တိုက်ခိုက်မှုမှတစ်ဆင့် လက်တုံ့ပြန် တိုက်ခိုက်ခံရမှုကြောင့် ဂါဇာစီးတီးသည် တစပြင်ပမာပျက်စီးသွားခဲ့ရသည်။ အပြစ်မဲ့ပြည်သူ သောင်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသည်။ အမျိုးသမီးနှင့် ကလေးငယ်များ သေဆုံးမှုမှာ အများဆုံးဖြစ်သည်။

အသက်မသေဘဲ ကျန်ရှိသူများမှာလည်း ပိတ်ဆို့ခံထားရမှုကြောင့် စားရေရိက္ခာနှင့် ဆေးဝါးများပြတ်လပ်ကာ ကြီးစွာသောဒုက္ခနှင့် ရင်ဆိုင်ခဲ့ကြရရှာလေသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့သော စားရေရိက္ခာများကို အလုအယက် ခွက်ထိုးတောင်းခံနေကြသည့် လူမမည်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ၏ ပုံရိပ်များမှာလည်း ယဉ်ကျေးသည့် လူသားကမ္ဘာ အတွက် မေးခွန်းထုတ်စရာဖြစ်လာရသည်။ သို့သော် လူသားချင်းစာနာထောက်ထားမှုဟု မကြာခဏ ကြွေးကြော်လေ့ရှိသော နိုင်ငံကြီးများလည်း မတတ်နိုင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဖွဲ့စည်းထားသည်ဟုဆိုသော ကုလသမဂ္ဂလည်း မစွမ်းနိုင်၊ ကမ္ဘာကြီးက လက်မှိုင်ချနေခဲ့ရသည်။ နိုင်ငံတကာ အထောက်အပံ့များသည်ပင်လျှင် ခွင့်ပြုချက်ဖြင့် အကန့်အသတ်မျှသာပေးပို့ နိုင်လေသည်။

 ယူကရိန်းပဋိပက္ခစစ်ပွဲကလည်း နှစ်ပေါက်ခဲ့ ချေပြီ။ စစ်ပွဲရှည်ကြာလေသည်နှင့်အမျှ စစ်ဘောင်က ပို၍ကျယ်ပြန့်လာသည်။ စစ်ပွဲအရှိန်ကလည်းပို၍ ပြင်းထန်လာသည်။ ယူကရိန်း၏ နောက်ကွယ်တွင် နိုင်ငံကြီးများ၏ ပေါ်ပေါ်ထင်ထင်ပါဝင်ပတ်သက်မှုကြောင့် အင်အားကြီးနိုင်ငံများအချင်းချင်း ထိပ်တိုက်တွေ့ပြီး တတိယကမ္ဘာစစ်၊ တစ်နည်း နျူကလီးယား စစ်ပွဲကြီးများ တစ်နေ့ ထတောက်လာလေမလားဟု ကမ္ဘာသူကမ္ဘာသားများက ရင်တမမဖြစ်နေဆဲ။

သည်ကြားထဲ တောင်အာရှနှင့် အရှေ့တောင် အာရှတို့၌ ပေါ်ပေါက်လာသော စစ်ရေးငင်မှု၊ အင်အားပြမှုများကလည်း ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများအဖို့ စိတ်မချမ်းမြေ့စရာ ဖြစ်ရသည်။ တင်းမာမှုများ ပြန်လည်လျော့ပါးသွားပြီး စေ့စပ် ညှိနှိုင်းမှုများ အသက်ဝင်လာမှ စိတ်သက်သာရာ ရခဲ့ကြရသည်။

သို့သော် ယနေ့ကမ္ဘာသည် အဆိုးသံသရာထဲက ရုန်းမထွက်နိုင်ခဲ့ပါပေ။ ယခုရက်ပိုင်းအတွင်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သည့် လူဝင်မှုကြီးကြပ်ရေး ဆောင်ရွက်ချက်များကို ကန့်ကွက်သောဆန္ဒပြပွဲများ အမေရိကန်တစ်ဝန်း၌ ပျံ့နှံ့လာသည်။

လော့စ်အိန်ဂျလိစ်မြို့၌ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းသည့်ကြားက နယူးယောက်၊ ချီကာဂိုစသည့် အခြားမြို့ကြီးများအထိ ဆန္ဒပြပွဲများ ကူးစက်သွားသည်။ ဆန္ဒပြသူများက ကားများကိုမီးရှို့ခြင်း၊ လုံခြုံရေးအဖွဲ့ဝင်များကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းများအပြင် ခိုးဆိုးလုယက်သူများကလည်း တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသည့်နှယ် စတိုးဆိုင်ကြီးများ၊ စူပါမားကတ်များ၊ အရောင်းဆိုင်ခန်းများကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်လုယက်ကြပြန်သည်။ သို့နှင့် လော့စ်အိန်ဂျလိစ်မြို့တွင် ကာဖျူးအမိန့်ကို နောက်တစ်ကြိမ်ထုတ်ပြန်ခဲ့ရသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟု မကြာခဏကြွေးကြော်လေ့ရှိသော ဒီမိုကရေစီစံပြအင်ပါယာနိုင်ငံကြီးအတွက် နိုင်ငံရေးသံဝေဂယူစရာ ဖြစ်ရလေသည်။

ကမ္ဘာ့နိုင်ငံရေး လေ့လာအကဲခတ်သူအဖို့ ကမ္ဘာ့ အရေးအခင်းများက အတောမသတ်နိုင်အောင် လေ့လာ၍ မဆုံးနိုင်အောင်ဖြစ်နေဆဲမှာပင် ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ဂူဂျာရတ် ပြည်နယ် အာမီဒါဗတ်မြို့မှ လန်ဒန်သို့ စတင်ပျံသန်းထွက်ခွာသည့် အိန္ဒိယလေကြောင်းလိုင်းမှ Boeing 787 လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြန်သည်။ လေယာဉ်အမှုထမ်းနှင့် ခရီးသည်စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာသည့်အနက် သေကံမရောက်သက်မပျောက်သူ အိန္ဒိယနွယ်ဖွားဗြိတိန်နိုင်ငံသား ခရီးသည်တစ်ဦးသာ အသက်ရှင်ကျန်ရစ်သည်။

ကံဆိုးမိုးမှောင်ကျမှုများက ဤမျှနှင့် စခန်းမရပ်၊ ကြမ္မာဆိုးကလည်း ထပ်ဝင်လာသည်။ လေယာဉ်က လေဆိပ်အပြင်ဘက် လူနေထိုင်ရာရပ်ကွက်ရှိ ဆေးကျောင်းသားအဆောင်သို့ ပျက်ကျခဲ့သဖြင့် ဆေးကျောင်းသားအချို့ ထပ်မံသေဆုံးခဲ့ရပြန်သည်။ ဆယ်စုနှစ်အတွင်း ကမ္ဘာ့အဆိုးရွားဆုံးလေယာဉ် ပျက်ကျမှုဟုဆိုသည်။ ကရုဏာတရားကြီးမားသူများ အဖို့ အိပ်မက်ကိုယ်စီ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကိုယ်စီဖြင့် လေယာဉ်ပေါ်သို့ လိုက်ပါသွားခဲ့ကြရင်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း အသက်ဆုံးရှုံးသွားခဲ့ကြရသည့် ခရီးသည်များနှင့် ပူဆွေးသောကကြီးစွာဖြင့် ကျန်ရစ်သူများနှင့် ထပ်တူခံစားကြရသည်။

ကမ္ဘာ့ရှစ်ခွင်တိုင်းလုံးတုန်စေသည့် ကမ္ဘာ့ထိပ်တန်းသတင်းကြီးများက ဤမျှနှင့်မရပ်။ ဇွန်လ ၁၃ ရက် နံနက်တွင် တုန်လှုပ်ဖွယ်ရာ ထပ်မံပေါ်ထွက် လာပြန်ပါသည်။ ဇွန်လ ၁၃ ရက် နံနက်အစောပိုင်း တွင် အစ္စရေးက အီရန်၏မြို့တော် တီဟီရန်ရှိ နျူကလီးယားနှင့် တာဝေးပစ်ဒုံးစီမံကိန်းအခြေစိုက် ရာ နေရာများနှင့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက် အအုံများကို လေကြောင်းဖြင့် လက်ဦးမှုရယူစတင် တိုက်ခိုက်ခဲ့ပြန်သည်။ အစ္စရေးတို့က အီရန်၏ ယူရေနီယံသန့်စင်ရေးအစီအစဉ်နှင့် နျူလက်နက် အစီအစဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရာ တိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်း နျူကလီယားသိပ္ပံပညာရှင်အချို့နှင့် အီရန်စစ်ဘက် ထိပ်တန်းဗိုလ်ချုပ်အချို့လည်း ထိခိုက်သေဆုံးသွား ခဲ့သည်ဟု ကမ္ဘာ့သတင်းများကဆိုသည်။

အီရန်ကလည်း ချက်ချင်းလက်တုံ့ပြန်သည့်အနေဖြင့် မွန်းလွဲပိုင်းမှစတင်၍ အစ္စရေးကို ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများရာနှင့်ချီ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လတ်တလောကာလတွင် အစ္စရေးကာကွယ်ရေးဝန်ကြီးက “အီရန်၏ လက်တုံ့ ပြန်တိုက်ခိုက်မှု မရပ်တန့်ပါက မြို့တော်တီဟီရန်ကို မီးလောင်တိုက်သွင်းမည်”ဟု ကြုံးဝါးလျက်ရှိသလို အီရန်ကလည်း “အစ္စရေးအပေါ် ကြီးမားပြင်းထန် သည့် တိုက်ခိုက်မှုများ လာမည့်နာရီပိုင်းအတွင်း ပြုလုပ်တော့မည်”ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားက တစ်ဆင့် ကြေညာခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုး အမြောက်အမြား အသတ်ခံခဲ့ရသည့် ဟိုလိုကော့်စ် ဖြစ်ရပ် သမိုင်းသင်ခန်းစာအရ အီရန်တို့လက်ထဲတွင် နျူကလီးယားလက်နက် ရရှိသွားမည့်အပေါ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ စိုးရိမ်သောကနှင့် နျူကလီးယားပါဝါကိုင်စွဲထားမှသာ ရန်ဘက် နိုင်ငံများနှင့် အင်အားကြီးနိုင်ငံအချို့၏ ဖိအားပေး စွက်ဖက်မှုများ၊ ကျူးကျော်တိုက်ခိုက်မှုများကို ကာကွယ်တားဆီးနိုင်ပြီး နိုင်ငံ၏ အနာဂတ်အတွက် စိတ်ချနိုင်မည်ဟူသော အီရန်တို့၏ အနုမာန မှန်းဆ မှုများကြားမှ လတ်တလော စစ်မီးထတောက် လာခဲ့သော အစ္စရေး - အီရန် ပဋိပက္ခကလည်း အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ကိန်း ဆိုက်လာမည့်အပေါ် ကမ္ဘာ့ပြည်သူများကြား ရတက်မအေး စရာ ဖြစ်လာရပြန်သည်။ လတ်တလောမှာပင် အဆိုပါပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးများ မြင့်တက် လာခဲ့ပေပြီ။

ဗုဒ္ဓဘာသာထွန်းကားပြီး ဘုရားစေတီပုထိုး များစွာတည်ထားကိုးကွယ်မှုကြောင့် Golden Landဟု ကမ္ဘာပေါ်တွင် ကျော်ကြားခဲ့သော မြန်မာနိုင်ငံသည်လည်း ၂၀၂၁ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုနှင့်အတူ အကြမ်းဖက်မှုများမှာ မြန်မာ့သမိုင်းတွင် မကြုံစဖူးဖြစ်ပေါ်လာခဲ့သည်။ အကြမ်းဖက်သမားတို့၏ ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးကွဲ ပျက်စီးမှုများကြောင့် အပြစ်မဲ့ပြည်သူနှင့် နိုင်ငံ့ ဝန်ထမ်းများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံး ပျက်စီးခဲ့ကြရလေသည်။ မြွေပူရာ ကင်းမှောင့် ဆိုသလိုပင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြန်သည်။

ယခုဆယ်စုနှစ်အတွင်း ကမ္ဘာကြီးသည် အဆိုးသံသရာဝဲဩဃထဲမှာပင် တဝဲလည်လည်ဖြစ်နေသည်။ ကောင်းသတင်းထက် ဆိုးသတင်းများသာ မြင်တွေ့ကြားသိနေရသည်။ ငြိမ်းချမ်းသာယာ ဝပြောသော လူ့ဘောင်သစ်ကို ကမ္ဘာသူ ကမ္ဘာသားများ မျှော်လင့်တောင့်တကြသည်။ လူ့ဘဝရခိုက် ငြိမ်းချမ်းပျော်ရွှင်စွာ လူ့သက်တမ်းစေ့အသက်ရှင် နေထိုင်လိုကြသည်။ ငြိမ်းချမ်းသာယာဝပြောသော ကမ္ဘာသစ်ကို မည်သို့တည်ဆောက်ကြမည်နည်း။

ကြားနာမှတ်သားခဲ့ဖူးသော တရားတော်တစ်ပုဒ်ကို ဖျတ်ခနဲသတိရမိသည်။ ၂၀၁၄ ခုနှစ် ကုန်ဆုံး၍ ၂၀၁၅ ခုနှစ် နှစ်သစ်သို့ကူးပြောင်းသည့် အခါသမယတွင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားခဲ့ဖူးသည့် “အကြမ်း ဖက်မှုမရှိသော မေတ္တာကမ္ဘာ”တရားတော်။

“အကြမ်းဖက်မှုတွေ အလွန်များပြားတဲ့ ယနေ့ ကမ္ဘာမှာ နိုင်ငံတကာသတင်းတွေ ဖတ်ကြည့်လိုက်မယ်ဆိုရင် လူသားအချင်းချင်း မုန်းတီးမှုကို အကြောင်းပြုပြီးတော့ အကြမ်းဖက်နေကြတာတွေ၊ အားလုံးသိကြတဲ့အတိုင်းပဲ ကမ္ဘာကြီးတစ်ခုလုံးဟာ ဒုစရိုက်တွေလွှမ်းခြုံပြီးတော့ ပူလောင်နေတဲ့ အနေအထားမျိုးကို ရောက်ရှိနေတယ်။

“တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြမ်းဖက်တာ၊ ဒေသတစ်ခုနဲ့တစ်ခု အကြမ်းဖက်တာ။ မျိုးစုံနေအောင် အကြမ်းဖက်တာတွေဟာ မကြားချင်အဆုံး၊ အကြမ်းဖက်မှုတွေ မြောက်မြားစွာ တွေ့ရှိနေရပြီ ဖြစ်တယ်ပေါ့။ လောကမှာ သံဝေဂယူစရာ အလွန်ကောင်းတယ်”ဟု ဆရာတော်ကြီး ယနေ့ကမ္ဘာ့အခြေအနေကို သုံးသပ်ဟောကြားတော်မူခဲ့သည်။

တစ်ဆက်တည်းမှာပင် အကြမ်းဖက်မှုမရှိသော မေတ္တာကမ္ဘာ ဖန်တီးတည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ “ဒီအကြမ်းဖက်မှုတွေ ပျောက်ကင်း အောင်လုပ်နိုင်တဲ့ နည်းတစ်နည်းကတော့ မြတ်ဗုဒ္ဓ ရဲ့ အဆုံးအမသာလျှင်ဖြစ်တယ်။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့လွဲပြီးတော့၊ ကင်းပြီးတော့ အကြမ်းဖက်မှုတွေ ကင်းစင်အောင် လုပ်နိုင်မှာမဟုတ်ဘူး။ မြတ်ဗုဒ္ဓရဲ့ တရားကို လိုက်နာကျင့်ကြံအားထုတ်လိုက်မယ်ဆိုရင် အကြမ်းဖက်လိုတဲ့စိတ်ဟာ လုံးဝပျောက်ကွယ်သွားပြီး လောကကြီးတစ်ခုလုံးဟာ ငြိမ်းချမ်းသာယာမှုကို ရရှိမှာဖြစ်တယ်”ဟု လမ်းပြတော်မူခဲ့သည်။

ဆက်လက်၍ မည်သူအကြမ်းဖက်ဖက် မိမိ အနေဖြင့် အကြမ်းဖက်မှုကင်းသည့် မေတ္တာကမ္ဘာ၊ မေတ္တာနှလုံးသားကို တည်ဆောက်ထားမည်ဆိုလျှင် ငြိမ်းချမ်းသည့် အနေအထားတစ်ခုကို ရရှိကြမှာ ဖြစ်သည်ဟု ညွှန်ပြတော်မူသည်။

“လောကလူသားတွေဟာ အောင်နိုင်မှုမရတဲ့ အခါမှာ တုံ့ပြန်မှုတွေအမျိုးမျိုးနဲ့ တုံ့ပြန်ချင်ကြတယ်။ တုတ်ကိုတုတ်ချင်း၊ လက်နက်ကို လက်နက်ချင်း၊ ဒေါသကိုဒေါသချင်း၊ မာနကိုမာနချင်း ယှဉ်ပြိုင် ရမယ်လို့ မြတ်စွာဘုရား ဘယ်သောအခါမှ မဟော ကြားခဲ့ဘူး။

“ဒေါသကို မေတ္တာဖြင့်သာ တုံ့ပြန်ရမယ်လို့၊ မကောင်းတဲ့လူကို ကောင်းတဲ့နည်းနဲ့ တုံ့ပြန်ရမယ် လို့ ဒီလိုမြတ်စွာဘုရားရဲ့ အဆုံးအမ၊ အလွန်အေးချမ်း မှုကိုပေးတဲ့ မေတ္တာကမ္ဘာတည်ဆောက်ဖို့ရာအတွက် အကောင်းဆုံး အဆုံးအမတစ်ခုဖြစ်တယ်။ အဲဒီ အဆုံးအမကို လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် မိမိတို့ဒေသ၊ မိမိတို့ရပ်ရွာ၊ မိမိတို့နေရာဌာန လေးဟာ အကြမ်းဖက်မှုကင်းတဲ့ မေတ္တာကမ္ဘာလေး တစ်ခုဖြစ်လာမှာ သေချာပေါက်ပဲ”ဟူ၍ ဟောကြား တော်မူခဲ့ပါသည်။

အကြမ်းဖက်မှုကင်းသည့် မေတ္တာကမ္ဘာ တည်ဆောက်နိုင်ရန် လိုအပ်ချက်များနှင့် စပ်လျဉ်း ၍လည်း “မေတ္တသုတ်တရားတော်မှာ ဟောထားတဲ့ အတိုင်းပဲ။ မြတ်စွာဘုရားက သက္ကော၊ လုပ်နိုင်တဲ့ သတ္တိရှိဖို့လိုတယ်၊ စွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဥဇူစ သုဟူဇူစ - ကိုယ်အမူအရာ နှုတ်အမူအရာ ရိုးသားတယ်၊ စိတ်ထဲကပါ ရိုးသားတယ်၊ အဲဒီလို ရိုးသား ဖြောင့်မတ်ပွင့်လင်းမှသာလျှင် မေတ္တာဓာတ်ဆိုတာ ကိန်းဝပ်လာနိုင်တယ်။ ဟန်ဆောင်မှုတွေနဲ့ တစ်ဖက်သားကို တုံ့ပြန်လို့မရဘူး။ ရိုးသားပွင့်လင်း စွာ တုံ့ပြန်ရမှာဖြစ်တယ်။

“သုဝစော - တစ်ဖက်သားက အကြံဉာဏ်ပေးလာတဲ့ ကောင်းတဲ့စကားဆိုရင် နားထောင်လွယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ ပြောလို့ဆိုလို့လွယ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။ ခေါင်းမာတဲ့ပုဂ္ဂိုလ်တွေ မဖြစ်ရဘူး။ မုဒု- မာန်မာနခက်ထန်မှုမရှိဘဲ စိတ်ဓာတ်အခြေအနေဟာ မာနလွတ်ကင်းပြီးတော့ ပျော့ပျောင်းတဲ့အနေ အထားမျိုးရှိရမယ်။ မှန်တာဆိုရင် လက်ခံနိုင်ရမယ်။ အနတိမာနိ - လွန်ကဲတဲ့ မာန်မာနတွေ မရှိရဘူး။

“န ပရော ပရံ နိကုဗ္ဗေထဆိုတဲ့အတိုင်း လူသားအချင်းချင်းဟာ တစ်ဦးနဲ့တစ်ဦး လိမ်ညာတာ၊ လှည့်ပတ်တာမလုပ်ပါစေနဲ့။ နည မညဿ ဒုက္ခံ မိစ္ဆေယျ - အချင်းချင်းဒုက္ခကို လိုလားတဲ့စိတ်တွေ မရှိကြပါစေနဲ့။ တစ်ဦးဒုက္ခရောက်တာကို တစ်ဦးက မလိုလားပါစေနဲ့ဆိုတဲ့ ဒီစိတ်ဓာတ်တွေ မွေးမြူပြီးတော့ ဘယ်သူ့ကိုမှ ဒုက္ခပေးလိုတဲ့စိတ် မရှိအောင် မိမိကိုယ်တိုင်ကစတင်ပြီးတော့ ကျင့်သုံးရမှာ ဖြစ်တယ်။

“မိမိကိုယ်တိုင်တည်ဆောက်ပြီးတဲ့အခါ မိမိရဲ့ ပတ်ဝန်းကျင်မှာ တည်ဆောက်ရမယ်။ မိမိပတ်ဝန်း ကျင်ကနေ တဖြည်းဖြည်းတိုးချဲ့သွားပြီး မေတ္တာကမ္ဘာကြီးတစ်ခုကို ဖန်တီးတည်ဆောက်သွားနိုင် မယ်ဆိုရင် အောင်မြင်မှုကိုရမှာပါ” စသည်ဖြင့် ဆရာတော်ကြီးက ဟောဖော်ညွှန်ပြ ဆိုဆုံးမတော် မူခဲ့ပါသည်။

မြတ်စွာဘုရားရှင်၏ မေတ္တသုတ်တရားတော်သည် မြတ်ဗုဒ္ဓကို ယုံကြည်ကိုးကွယ် ဆည်းကပ်ကြသည့် ဗုဒ္ဓဘာသာဝင်များအတွက်သာမဟုတ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကိုလိုလားသည့် ငြိမ်းချမ်းစွာနေထိုင်လိုကြသည့် ကမ္ဘာသူကမ္ဘာသား၊ လူနတ်ဗြဟ္မာ၊ သတ္တဝါတို့အတွက် လိုက်နာအပ်သည့် ကျင့်စဉ်တစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် မူ အထူးဆိုဖွယ်ရာပင်မရှိချေ။

သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများအနေဖြင့် မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ လိုက်နာကျင့်ကြံပွားများခြင်းဖြင့် ငြိမ်းချမ်းသာယာသော မြန်မာ့လူ့ဘောင်ကို ကိုယ်စီကိုယ်ငှ ဖန်တီး တည်ဆောက်ကြရပေမည်။ ထို့အတူ ကမ္ဘာ့ခေါင်းဆောင်များနှင့် ကမ္ဘာ့ပြည်သူများအနေဖြင့် လည်း လူသားအချင်းချင်း တစ်ဦးဒုက္ခရောက်သည်ကို တစ်ဦးက လိုလားစိတ်မထားဘဲ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ချစ်ကြည်ရင်းနှီးစွာ မေတ္တာပေါင်းကူးတုံ့ပြန်ခြင်းဖြင့် မေတ္တာကမ္ဘာကြီးတစ်ခုကို တည်ဆောက်ကြရပေမည်။ အဆိုးတရားများကို အဆိုးတရားဖြင့်သာ တုံ့ပြန်နေပါက ရန်လိုမုန်းတီးစိတ်များ ပိုမိုတိုးပွားကာ ယနေ့ကမ္ဘာသည် အဆိုးသံသရာထဲက ရုန်းမထွက်နိုင်ဘဲ အဆိုးသံသရာထဲတွင်သာ တဝဲလည်လည် လည်လျက်ရှိမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

MOI

မောင်ကမ္ဘာ

ကမ္ဘာကြီးက ဆက်ကွဲနေမယ်
-

ကမ္ဘာကြီးမှာ ဆူဆူညံညံဖြစ်နေတာ ကြာပါပြီ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီး နောက်ပိုင်း အဲဒီအသံတွေ ပိုကျယ်လာတာပါ။ ပြောမယ်ဆို ကမ္ဘာကြီးက အတော်ကိုကွဲနေတာပေါ့။ ညှိနှိုင်းလို့မရနိုင်လောက်အောင် ကွဲနေတာပါ။ လူတွေက ဘာတွေများဖြစ်လာဦးမလဲဆိုပြီး စိုးရိမ်ကြတယ်။

အကိုင်အတွယ်မတတ်ရင် တတိယကမ္ဘာစစ်အထိ ဖြစ်သွားနိုင်တယ်လို့ ထရမ့်ကိုယ်တိုင်က တစ်ကြိမ်မကပြောထားတော့ လူတွေက ပိုစိုးရိမ်ကြတယ်။ အခုက အမေရိကန်ကော ဥရောပမှာပါ နိုင်ငံရေးအခြေအနေက တော်တော်ရှုပ်ရှုပ်ထွေးထွေးဖြစ်လာနေတယ်။ ရုရှား - ယူကရိန်းစစ်က ကြာရှည်နေသလို ပိုပြီးတင်းမာလာနေတယ်။ တရုတ်နဲ့ အမေရိကန်၊ အီးယူတို့လို အနောက်နိုင်ငံတွေအကြား တင်းမာမှုကတိုးလာနေတယ်။ ဘာမှ မှန်းဆလို့မရအောင်ဖြစ်လာတယ်။ နိုင်ငံရေးသီအိုရီတွေ ဘေးရောက်ကုန်တယ်။ ကမ္ဘာ့စနစ်ကြီးကို ထိန်းကျောင်းတယ်ဆိုတဲ့ အမေရိကန်တို့၊ ဥရောပတို့ကိုယ်တိုင် သူတို့အတွင်းထဲမှာ အကွဲအပြဲတွေ ကြီးမားနေတယ်။ ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့ဆိုတာလည်း သူတို့ကိုယ်သူတို့ အနိုင်နိုင်လိုဖြစ်နေတယ်။ တစ်ခုခုကြီးကြီးမားမားဖြစ်လာရင် ကြားဝင်မယ့်သူကလည်းမရှိဘူး။ အထိန်းအကွပ်တွေ ပြုတ်ထွက်သလို ဖြစ်နေတယ်။

ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေ

အကွဲအပြဲတွေဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ အာဏာရှင်နိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိသလို ဒီမိုကရေစီနိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိတယ်။ အာဏာရှင်နိုင်ငံတွေနဲ့ ဒီမိုကရေစီနိုင်ငံတွေဆိုတာ အရင်ကတည်းက စည်းခြားပြီးသား၊ ကွဲနှင့်ပြီးသားဖြစ်တယ်။ အာဏာပိုင်နိုင်ငံတွေမှာ အကွဲအပြဲကမသိသာပေမယ့် အမေရိကန်၊ ဥ‌‌ရောပလို ဒီမိုကရေစီနိုင်ငံတွေမှာ အကွဲအပြဲက သိသာတယ်။ အခုကဒီမိုကရေစီနိုင်ငံတွေထဲမှာကို သူတို့အချင်းချင်း အကွဲအပြဲက ကြီးမားနေတာဖြစ်တယ်။ အာဏာရှင်နိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေထဲက ထရမ့်တို့လို အာဏာရှင်ဆန်သူတွေရယ် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေတယ်။

ဒီကြားထဲ ဘာသာရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်၊ အကြမ်းဖက်သမားအုပ်စုတွေနဲ့ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူသူများအခွင့်အရေး၊ တက်ကြွလှုပ်ရှားသူဆိုတာတွေကလည်း ရှိသေးတယ်။ အားလုံးကသူတို့အခွင့်အရေး တောင်းဆိုနေကြတယ်။ အားလုံးဟာ အစွန်းတွေဆီသွားနေကြတယ်။ လူတွေဟာ ခေတ်တွေ၊ စနစ်တွေပြောင်းတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာကြပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ တိုးတက်မလာဘူး။ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို အထိအခိုက်မခံနိုင်ကြဘူး။ စေ့စပ်ညှိနှိုင်းဖို့ထက် လက်ဦးမှုရဖို့ပဲ အားသန်လာနေကြတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာ

သမိုင်းကိုပြန်ကြည့်ရင် ကမ္ဘာကြီးမှာ ကွဲပြားမှုတွေ သိပ်များလာရာ၊ သိပ်ကြီးလာရာကနေစစ်ကြီး တွေဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ပြီးတော့ အဲဒီကွဲပြားမှုတွေ လျော့နည်းဖို့၊ အပြန်အလှန်နားလည်ဖို့ဆိုပြီး နိုင်ငံတကာဥပဒေမူဘောင်တွေ ထုတ်ပြန်တယ်၊ လူ့အခွင့်အရေး မူဘောင်တွေချမှတ်တယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေဖွဲ့စည်းတယ်၊ ကုလသမဂ္ဂဆိုတာရှိလာတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးဆိုတာတွေမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာတယ်။

ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက လူသားရင်းမြစ်များစွာ မွေးထုတ်ပေးတယ်။ နိုင်ငံတကာ သုတေသနဌာနတွေက စာတမ်းပေါင်းများစွာ ရေးသားတယ်။ ဝိုင်းဝန်းချိတ်ဆက်လုပ်ဆောင်ကြတယ်။ ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ တရားမျှတဖို့ ပုံစံအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်လိုက်ကြတဲ့ ပရောဂျက်တွေ၊ ပရိုဂရမ်တွေဆိုတာထောင်နဲ့ သောင်းနဲ့ချီပြီးရှိတယ်။ သုံးလိုက်တဲ့ပိုက်ဆံတွေဆိုတာ ဒေါ်လာ ဘီလီယံ‌ထောင်သောင်းချီရှိတယ်။ အခု ၂၀၂၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးတာ နှစ် ၈၀ ပြည့်ပြီ။ နောက်အနှစ် ၂၀ ဆို စစ်ကြီး ပြီးတာ နှစ် ၁၀၀ ပြည့်လိမ့်မယ်။ အဲဒီနှစ် ၁၀၀ မပြည့်ခင် ကမ္ဘာကြီးက ပိုပြီးငြိမ်းချမ်းလာဖို့လိုတယ်။ သဘောထားကွဲပြားမှုတွေ လျော့နည်းလာဖို့ လိုတယ်။ နောက်ထပ် နှစ် ၂၀ ပဲ အချိန်ရတော့တယ်။ မဟုတ်ရင် ဒီကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်ကြီး ဒါမှမဟုတ်လည်း ကြီးမားတဲ့စစ်ပွဲကြီးတွေ လာမယ့်နှစ် ၂၀ အတွင်း ထပ်ပြီးရင်ဆိုင်ရလိမ့်မယ်။

လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရ

အခုဆို အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကြီးဟာ သူ့သမိုင်းမှာ လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရတယ်။ နိုင်ငံရေးလည်း နိုင်ငံရေးမို့၊ စီးပွားရေးလည်း စီးပွားရေးမို့၊ လူမှုရေးလည်း လူမှုရေးမို့အကုန်ရှုပ်ထွေးနေတယ်။ သံသယတွေကြီးနေတယ်။ ယုံကြည်မှုတွေပျောက်ဆုံးနေတယ်။ ဒီလိုအခြေအနေတွေမှာ ကမ္ဘာကြီးကို ထိန်းကျောင်းဖို့ အာဏာရှိတဲ့အစိုးရတွေ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တာဝန်ရှိတယ်ဆိုပေမယ့် အခုကအဲဒီအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်က အနိုင်နိုင်ဖြစ်လာနေတယ်။

အစိုးရတွေဟာ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးရေးအကူအညီတွေဆိုတာထက် လုံခြုံရေး၊ စစ်ရေးစတဲ့ နေရာတွေမှာ သူတို့ငွေကြေးတွေကို ပိုမိုသုံးစွဲဖို့ ဖြစ်လာတယ်။ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥရောပဆက်ဆံရေးအခြေအနေ ရုတ်ခြည်းဆိုးရွားလာတာကြောင့် ဥရောပကသူ့ကာကွယ်ရေးအတွက် အသုံးစရိတ်တွေ ပိုတိုးသုံးစွဲဖို့ စီစဉ်လာနေရတယ်။ စစ်ရေးအသုံးစရိတ်တွေ တိုးသုံးရတဲ့အတွက် အခြားနေရာက ဥပမာ-နိုင်ငံတကာဖွံ့ဖြိုးရေး၊ လူသားချင်းစာနာမှု အကူအညီတွေ လျှော့ချဖြတ်တောက်ဖို့ဖြစ်လာတယ်။ လူတွေဟာ ဘယ်သူ့ဘယ်သူမှ မယုံကြတော့ဘူး။ ဘယ်သူ့ဘယ်သူကို အားကိုးရမှန်း မသိကြတော့ဘူး။ သဘောထားကွဲလွဲမှုတွေကို စေ့စပ်ဖြေရှင်းဖို့ထက် အားလုံးက ခံစစ်ပြင်နေကြပြီ။

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ဖြစ်တည်လာတဲ့ ကမ္ဘာ့စနစ်ကြီးဟာ အခုဆိုရင် အကြီးမားဆုံး စိန်ခေါ်ခံနေရတယ်။ နိုင်ငံတကာဥပဒေမူဘောင်တွေ၊ နိုင်ငံတကာလူ့အခွင့်အရေး စည်းမျဉ်းတွေဆိုတာ ဘေးရောက်သလို ဖြစ်လာနေတယ်။ နိုင်ငံတကာ ဥ‌ပဒေမူဘောင်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အဓိကထိန်းကျောင်းတာ အနောက်နိုင်ငံတွေ ဖြစ်တယ်။ အခုဆိုအဲဒီအနောက်နိုင်ငံတွေကိုယ်တိုင် သူတို့အတွင်းမှာတင် သဘောထားကွဲပြားမှုတွေက ညှိနှိုင်းလို့မရအောင်ဖြစ်လာနေတယ်။ အရင်ကအမေရိကန်၊ ဥရောပဆိုတာ ညီညွတ်တယ်။

အမေရိကန်နဲ့ ဥ‌ရောပ စည်းလုံးညီညွတ်မှုက သိသိသာသာ ယိုယွင်းလာ

အမေရိကန်မှာ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥ‌ရောပစည်းလုံးညီညွတ်မှုက သိသိသာသာယိုယွင်းလာတယ်။ လူသိရှင်ကြားကတောက်ကဆတ်ဖြစ်ကြတယ်။ အမေရိကန်နဲ့ ဥရောပအကြားမှာတင်မဟုတ်ဘူး။ အမေရိကန်အတွင်းနဲ့ ဥရောပအတွင်းမှာလည်း အကွဲအပြဲတွေက နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတယ်။ အမေရိကန်နိုင်ငံမှာ အာဏာရရီပတ်ဘလစ်ကင်ပါတီနဲ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီအကြား အားပြိုင်မှုက အရှိန်မြင့်လာနေသလို ဥရောပမှာလည်း အာဏာရလက်ဝဲယိမ်းလစ်ဘရယ်အစိုးရတွေနဲ့ အတိုက်အခံအမျိုးသားရေး လက်ယာစွန်းပါတီတွေအကြား ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာနေတယ်။ အမေရိကန်မှာ ဒီမိုကရက်တွေက ထရမ့်ကို အတော်မုန်းကြတယ်။ တေးထား၊ ကြိမ်းထားတာပေါ့။ မိုးကောင်းတုန်းတော့ ရွာထားဦးပေါ့။ ထရမ့်ဆိုတဲ့သူကလည်း မိုးရွာရုံတင်မဟုတ်ဘူး။ လေပါတိုက်တာ၊ လေပါတိုက်ရင်းမိုးကြိုးပါပစ်တာ၊ လိုအပ်ရင် လေဆင်နှာမောင်းပါ ထည့်သုံးတာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အပြီး တည်ရှိခဲ့တဲ့ နိုင်ငံတကာအထိုင်ကြီးတစ်ခုလုံးကို ဆွဲဖြုတ်ဖို့အထိ ကြိုးစားလာတယ်။

ဥရောပမှာလည်း လစ်ဘရယ်တွေက လက်ယာစွန်းတွေကို အတော်သတိထားကြတယ်။ တစ်ချိန်က ဂျာမနီက ဟစ်တလာတို့၊ အီတလီက မူဆိုလီနီတို့ဆိုတာ လက်ယာစွန်းဖက်ဆစ်တွေဖြစ်တယ်။ ဒါကြောင့် ဥရောပအစိုးရတွေဟာ လက်ယာစွန်းပါတီတွေ ဘယ်‌လောက်အားကောင်းပါစေ၊ သူတို့ကိုဖယ်ချန်ပြီး အခြားပါတီတွေနဲ့သာ ညွန့်ပေါင်းအစိုးရဖွဲ့လေ့ရှိတယ်။ အခုက ဥရောပမှာ လယ်ယာစွန်းတွေ အားကောင်းလာနေတာကို အသိအမှတ်မပြုလို့မရနိုင်လောက် အောင်ဖြစ်လာနေတယ်။ သူတို့ဆီမှာက ရွေးကောက်ပွဲတွေက လေးနှစ်၊ ငါးနှစ်တစ်ကြိမ်မို့ အပြောင်းအလဲတွေ၊ သဘောထားကွဲမှုတွေက မဆန်းပါဘူးဆိုပေမယ့် အခုက အရင်နဲ့မတူတော့ပါဘူး။ ကမ္ဘာ့ နိုင်ငံ‌ရေးက ပြောင်းနေပါပြီ။ အချိန်တွေကို အများကြီးစောင့်မနေကြတော့ပါဘူး။ အရင်က တစ်ပါတီကနိုင်ရင် သူ့အရင်ပါတီလုပ်ခဲ့ တာတွေဖျက်ပစ်တယ်။ နောက်တစ်ပါတီက ပြန်နိုင်ရင် သူ့အရင်ပါတီလုပ်တာ ဖျက်ပစ်တယ်။ ဘတစ်ပြန်ကျားတစ်ပြန်ပဲ။ အခုကဖျက်ရုံတင်မဟုတ်ဘူး။ အမြစ်ပါလှန်၊ အစပါဖျောက်နေတဲ့သဘောတွေ မြင်နေရပါတယ်။

ဥပဒေတွေကို လိုရာစွဲသုံးလာနေကြပါတယ်။ ကြိုတင်လက်ဦးမှုရယူ၊ အငြိုးတကြီးလုပ်ဆောင်မှုတွေပါ တွေ့လာနေရပါတယ်။ ပေဖြစ်တုန်းခံကြပြီးတူဖြစ်ရင် ထုကြတဲ့သဘောပါပဲ။ ထရမ့်က သူ့အရင် ဘိုင်ဒင်အစိုးရခန့်ထားခဲ့တဲ့ ဖက်ဒရယ်အစိုးရ တာဝန်ရှိသူတွေကို ဖယ်ရှားရှင်းလင်းနေသလို ဂျာမနီမှာလည်း အာဏာရအလယ်အလတ်ဝါဒီ အစိုးရက ရွေးကောက်ပွဲမှာ ဒုတိယအများဆုံးနေရာရခဲ့တဲ့ လက်ယာစွန်း Afd ပါတီကို အစွန်းရောက်တံဆိပ်ကပ်ပြီး တားဆီးပိတ်ပင်ဖို့ ကြိုးစားနေတယ်။ နောက်ဆုံးအားလုံးပျက်သုဉ်းခြင်းဆီအထိ ရောက်သွားနိုင်တာပေါ့။ နောက်ဆုံးနိုင်ငံတွေဟာ စကားတွေသာ လှလှလေးပြောပြီး ကိုယ့်အကျိုး စီးပွားပဲကြည့်ကြတော့မှာပဲ။ ကိုယ်ရှင်သန်အောင်ပဲ ကြိုးစားကြတော့မှာပဲ။ လျင်သူနိုင်စတမ်း၊ လည်သူစားစတမ်းဖြစ်သွားတော့မှာပဲ။ လူ့အခွင့်အရေးတွေပြောရင် ထိုင်ရယ်နေကြလိမ့်မယ်။ မကွဲပြားအောင်လုပ်ရင်းကပဲ ကမ္ဘာကြီးက ပိုပြီးကွဲပြားသွားတယ်။ ဆက်လည်းကွဲပြားနေဦးမယ်။

တစ်ချိန်တုန်းက စစ်အေးတိုက်ပွဲ (Cold War) ဆိုတာ ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်ကနေ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲတဲ့ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော်ကြာ မြင့်ခဲ့တယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေဟာ ပြိုင်ဘက်ဆိုဗီယက်ကွန်မြူနစ်တစ္ဆေကြောင့် ညီညွတ်ခဲ့ကြတယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေမှာလည်း သူ့ပြဿနာသူရှိနေပေမယ့် အချိန်ကြာတာနဲ့အမျှ တစ်ဖက်ပြိုင်ဘက် ဆိုဗီယက်ဟာ သူ့ပြဿနာနဲ့သူ လုံးချာလည်လိုက်ပြီး အားနည်းပြိုကွဲသွားခဲ့တယ်။ အခုအချိန်က အရင်လိုမဟုတ်တော့ပါဘူး။

ဆိုဗီယက်ကိုဆက်ခံတဲ့ ရုရှားတို့၊ အာရှကတရုတ်တို့က အချိန်ကြာတာနဲ့အမျှ အားအင်ပြည့်ဖြိုးလာနေပြီး လစ်ဘရယ်ကမ္ဘာဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပက အားနည်းသလိုဖြစ်လာနေပါတယ်။ အင်အားကြီးနိုင်ငံတွေအကြား ပြဿနာတစ်ခုခုဖြစ်လာရင် ကြားဝင်ပေးနိုင်မယ့် အဖွဲ့အစည်းမရှိသလောက်ဖြစ်နေပါတယ်။

UN ဆိုတာလည်း အသံလောက်ပဲရှိပါတော့တယ်။ တုတ်စု၊ ဓားစု၊ လက်နက်စုနေကြတဲ့အချိန် ဖြစ်လာပါတယ်။ တုတ်ကိုင်၊ ဓားကိုင်၊ လက်နက်ကိုင်ပြီး စကားပြောကြတဲ့အခြေအနေ ဖြစ်လာနေပါတယ်။ စကားမပြောခင်ကတည်းက မင်းအဆင့်ကဘာ၊ ငါ့အဆင့်ကဘာဆိုတာ တင်ကြိုသတ်မှတ်တဲ့ သဘောတွေ မြင်တွေ့လာနေရပါတယ်။ ကမ္ဘာကြီးဟာ ကွဲသည်ထက်ကွဲလာနေပါတယ်။ နောင်လည်း ဆက်ကွဲဖို့သာရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။

MOI

နိုင်ငံတကာရေးရာ သုတေသီတစ်ဦး

မြေကြီးကရွှေသီးစေဖို့ စိုက်ပျိုးမြေဆီလွှာကိုထိန်းသိမ်းကြပါစို့
-

မြေဆီလွှာသည် အစားထိုးမရသည့် သဘာဝအရင်းအမြစ်ဖြစ်ပြီး သီးနှံပင်များ ရှင်သန်ပေါက်ရောက်နိုင်ရန် သတ္တုဓာတ်၊ သစ်ဆွေးဓာတ်နှင့် ရေပေါက်လေပေါက်တို့ဖြင့်အချိုးကျဖွဲ့စည်းထားသည့် အပေါ်ယံအလွှာတစ်ခုဖြစ်သည်။ ယင်းမြေဆီလွှာဖြစ်ပေါ်လာမှုကို ရာသီဥတု (အပူချိန်၊  မိုးရေချိန်)၊   သက်ရှိများ/ သဘာဝပေါက်ပင်များနှင့် မြေမျက်နှာသွင်ပြင်အနေအထား၊ မိခင်ကျောက်သားနှင့် အချိန်တို့က    လွှမ်းမိုးမှုရှိသည်။  မြေဆီလွှာသည်    အပင်များကြီးထွား ကုပ်တွယ်နိုင်ရန်၊မြေတွင်းသက်ရှိများအတွက်ခိုအောင်းရာနေရာ၊အပင်၊ အပင်အာဟာရနှင့် သက်ရှိစွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတ

မြေဆီလွှာသည် အစားထိုးမရသည့် သဘာဝအရင်းအမြစ်ဖြစ်ပြီး သီးနှံပင်များ ရှင်သန်ပေါက်ရောက်နိုင်ရန် သတ္တုဓာတ်၊ သစ်ဆွေးဓာတ်နှင့် ရေပေါက်လေပေါက်တို့ဖြင့်အချိုးကျဖွဲ့စည်းထားသည့် အပေါ်ယံအလွှာတစ်ခုဖြစ်သည်။ ယင်းမြေဆီလွှာဖြစ်ပေါ်လာမှုကို ရာသီဥတု (အပူချိန်၊  မိုးရေချိန်)၊   သက်ရှိများ/ သဘာဝပေါက်ပင်များနှင့် မြေမျက်နှာသွင်ပြင်အနေအထား၊ မိခင်ကျောက်သားနှင့် အချိန်တို့က    လွှမ်းမိုးမှုရှိသည်။  မြေဆီလွှာသည်    အပင်များကြီးထွား ကုပ်တွယ်နိုင်ရန်၊မြေတွင်းသက်ရှိများအတွက်ခိုအောင်းရာနေရာ၊အပင်၊ အပင်အာဟာရနှင့် သက်ရှိစွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတောက်ရှိပစ္စည်းများအားဆွေးမြည့်ပြီး အပင်အာဟာရဓာတ်ပြန်လည် ရရှိစေခြင်း၊မြေအောက်ရေကို ထိန်းထားနိုင်ပြီး ရေသန့်စင်ခြင်းနှင့် လေထုအတွင်းဓာတ်ငွေ့များဖလှယ်ခြင်းဖြင့်  လေထုအခြေအနေကို  ထိန်းညှိပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ထုတ်ပြန်ချက်အရ မြေဆီလွှာ ၁ လက်မဖြစ်ပေါ်လာရန်အတွက် နှစ်ပေါင်း ၁၀၀၀ ကျော်နှင့်အထက် ကြာမြင့်နိုင်ပြီး တောင်သူများထွန်ယက်စိုက်ပျိုးနိုင်သော အပေါ်ယံမြေသား ၆ လက်မ ဖြစ်ပေါ်ရန်အတွက် နှစ်ပေါင်း ၁၀၀၀၀ ကျော် ကြာမြင့်နိုင် သည်။ မြေဆီလွှာတိုက်စားခြင်းကြောင့်၂၀၅၀ ပြည့်နှစ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းနှင့် အထက်ထိခိုက်နိုင်ကြောင်းနှင့် လက်ရှိ  ၅ စက္ကန့်တိုင်းတွင်  ဘောလုံးကွင်းတစ်ကွင်းနှင့်ညီမျှသည့်  မြေပမာဏကို ဆုံးရှုံးနေကြောင်း သတိပေးထားသည်။ ထို့ကြောင့်မြေဆီလွှာကိုထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရုံသာမက သက်ရှိဘဝများစွာကို ကယ်တင်ခြင်းဖြစ်တယ်လို့ တင်စားပြောဆိုကြခြင်းဖြစ်သည်။

မြေယာကိုထွန်ယက်စိုက်ပျိုးနေသည့် တောင်သူများနှင့် စိုက်ပျိုးထုတ်လုပ်သူအသင်းအဖွဲ့များအနေဖြင့် “မြေဆီလွှာတိုက်စားခြင်းဆိုတာ ဘာလဲ” ဆိုတာကို သိရှိရန်လိုအပ်လာသည်။ သို့မှသာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မြေဆီလွှာထိန်းသိမ်းရန်  သို့မဟုတ် မိမိတို့၏ သဘာဝသယံဇာတအရင်းအမြစ်များအား မည်သို့မည်ပုံထိန်းသိမ်းရမည်ကို  သိရှိနိုင်မည်ဖြစ်သည်။ မြေဆီလွှာတိုက်စားခြင်းဆိုသည်မှာမြေမှုန်များ လေ၊ ရေ သို့မဟုတ်  သက်ရှိများ၊ မိုးရေမိုးပေါက်များ ထိမှန်ခြင်းနှင့် မြေပြုပြင်ထွန်ယက်ခြင်းကြောင့် မြေမှုန်များကွဲထွက်၍ ယင်းအရာဝတ္ထုများ၏ သယ်ဆောင်မှုဖြင့် တစ်နေရာမှအခြားတစ်နေရာသို့ ရွေ့လျားခြင်း သို့မဟုတ် အနည်ကျခြင်းဖြစ်စဉ် ဖြစ်သည်။ မြေဆီလွှာတိုက်စားခြင်းပုံစံနှစ်မျိုးရှိပြီး  သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် မြေဆီလွှာတိုက် စားခြင်းနှင့် လူတို့၏လုပ်ဆောင်ချက်(မြို့ပြများချဲ့ထွင်မှု၊ သစ်တောခုတ်ခြင်းနှင့် ထွန်ယက်စိုက်ပျိုးခြင်း)ကြောင့် ဖြစ်ပေါ်လာသည့် အရှိန်ပြင်းမြေဆီလွှာတိုက်စားခြင်းတို့ဖြစ်သည်။

လေကြောင့်  မြေတိုက်စားခြင်းတွင် အရွယ်အစားသေးငယ်သည့် နုန်း၊ မြေစေးနှင့် သစ်ဆွေးဓာတ်များ အဝေးသို့လွင့်ပါတိုက်စားခြင်း (Suspension)၊ သဲများကိုအနည်းငယ်ဝေးသည့်နေရာသို့ ရောက်အောင် လေဖြင့်ပါသွားခြင်း (Saltation)နှင့် အရွယ်အစားကြီးမားသည့် အရာဝတ္ထုနှင့် ကျောက်ခဲများအလျားလိုက်လေဖြင့်ရွေ့လျားခြင်းတို့ဖြစ်သည်။  လေကြောင့် မြေတိုက်စားခြင်း၏ မျက်မြင်လက္ခဏာအဖြစ် အပင်များယိုင်လဲ၍ အမြစ်များပေါ်နေခြင်း၊ သဲကန္တာရဖြစ်ပေါ်ခြင်းနှင့် အပေါ်ယံမြေမျက်နှာပြင်များ ချောမွေ့လာခြင်းဖြစ်သည်။ လေကြောင့် မြေမှုန်များတစ်နေရာမှတစ်နေရာသို့  ရွေ့လျားခြင်းဖြစ်သည်။ ပူပြင်းခြောက်သွေ့သည့် လေပူများနှင့် လေနှင့်အတူပါလာသည့်သဲများ ပွတ်တိုက်ခြင်းကြောင့် သီးနှံပင်များကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေသည်။

ရေတိုက်စားခြင်းပုံစံတွင် မိုးရေထိမှန်ပြီး ရေတိုက်စားခြင်းနှင့်စီးဆင်းရေကြောင့် ရေတိုက်စားခြင်းတို့ဖြစ်သည်။ စီးဆင်းရေကြောင့်ရေတိုက်စားခြင်းတွင်အပေါ်ယံမြေတိုက်စားခြင်းနှင့် အောက်မြေဆီလွှာတိုက်စားခြင်းတို့ဖြစ်သည်။ စိုက်ပျိုးမြေများတွင်တွေ့ရသော   အပေါ်ယံမြေဆီလွှာ တိုက်စားခြင်းတို့မှာ အလွှာလိုက်မြေဆီလွှာ တိုက်စားခြင်း၊ ကြောင်းလိုက်မြေဆီလွှာတိုက်စားခြင်း၊လျှိုတိုက်စားခြင်းနှင့် မြေလုံးမြေခဲဖြစ်ပေါ်ခြင်းတို့ဖြစ်ပြီး အောက်မြေဆီလွှာတိုက်စားခြင်းမှာ ထူးကျင်း/လိုဏ်ခေါင်းပုံ မြေဆီလွှာတိုက်စားခြင်းနှင့် ဒေါင်လိုက်မြေပြိုကျခြင်းတို့ ဖြစ်သည်။ စိုက်ပျိုးထွန်ယက်ခြင်းကြောင့်  ဖြစ်ပေါ်လာသည့်မြေဆီလွှာတိုက်စားမှုတွင် အလွန်အကျွံ   စိုက်ပျိုးထွန်ယက်ခြင်း၊ အကြီးစားလယ်ယာစက်ကိရိယာများအသုံးပြုခြင်းနှင့် လျှောစောက်အတိုင်း ထွန်ယက်စိုက်ပျိုးခြင်းတို့ကြောင့် ဖြစ်သည်။

မြေဆီလွှာအား ရေနှင့်လေတိုက်စားခြင်းကြောင့်   မြေစိုင်မြေခဲများကြေမွပျက်စီးကာ လေပေါက်ရေပေါက်များကို ပိတ်ဆို့ပြီး ရေစိမ့်ဝင်မှုလျော့နည်းခြင်း၊ ခြောက်သွေ့သည့်အခါတွင်လည်း မြေမှုန်များ ဖွဲ့စည်းမှုအားနည်းခြင်းကြောင့် မြေသားဖွဲ့စည်းတည်ဆောက်မှုကို ပျက်စီးစေသည်။အကြီးစားလယ်ယာသုံး စက်ကိရိယာများအသုံးပြုခြင်း၊ ထွန်ယက်စိုက်ပျိုးမှုစနစ်မမှန်ကန်ခြင်းတို့ကြောင့် မြေကျပ်ခြင်းကို ဖြစ်ပေါ်စေသည်။

မြေဆီလွှာတိုက်စားခြင်းကြောင့် မြစ်ချောင်း၊ ဆည်ကန်များတွင်နုန်းပို့ခြင်း၊ ရေသွင်းစိုက်ပျိုးသည့်နေရာများတွင် စီးဆင်းရေနှင့်အတူမြေတိုက်စားခြင်း၊ ရေလွှမ်းခြင်း၊ ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာစေခြင်း၊မြေဆီလွှာအရည်အသွေးကျဆင်းလာခြင်း၊ သစ်ဆွေးဓာတ်ပါဝင်မှုနည်းပါးလာပြီး မြေဆီလွှာအရောင်ပြောင်းလဲလာခြင်း၊ မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိများ(မြေသားအနုအကြမ်း၊မြေချဉ်ခြင်း၊ ဆား/ဆပ်ပြာပေါက်မြေများဖြစ်ပေါ်လာခြင်း၊ အာဟာရဓာတ်မညီမျှခြင်း၊ မြေဆီလွှာအာဟာရဓာတ်များ ချို့တဲ့လာခြင်း၊ မြေဆီလွှာညစ်ညမ်းခြင်း၊ ဇီဝဂုဏ်သတ္တိများ ပျက်စီးလာခြင်း၊ မြေတွင်းရှိသက်ရှိများ/ အဏုဇီဝသက်ရှိများနည်းပါးလာခြင်းတို့ကြောင့် သီးနှံအထွက်နှုန်းကို သိသိသာသာလျော့နည်းလာစေသည်။

မြေဆီလွှာတိုက်စားခြင်း၏ဆိုးကျိုးများ

အနေဖြင့် မြေ၏ထုတ်လုပ်မှုစွမ်းအားကျဆင်းခြင်း၊ စိုက်ပျိုးမြေဧရိယာများလျော့ကျလာခြင်း၊ အထွက်နှုန်းလျော့နည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းကြောင့် ပြောင်းရွှေ့လုပ်သားများပြားလာခြင်း၊  ဆည်၊ မြောင်း၊ ကန်ချောင်းတိမ်ကော လာခြင်း၊ရေကြီးရေလျှံမှုဖြစ်ခြင်း၊ သီးနှံအရည်အသွေး ညံ့ဖျင်းခြင်းနှင့် သဘာဝဂေဟစနစ်   ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့် တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေများတွင် မြေဆီလွှာတိုက်စားမှု ရှိ/မရှိ စစ်ဆေးကြည့်ရှုရန် လိုအပ်သည်။ မြေဆီလွှာတိုက်စားခြင်း၏ပထမဆုံးလက္ခဏာမှာ သာမန်မျက်စိ ဖြင့်မြင်နိုင်သည့် မြေဆီလွှာအရောင်ပြောင်းလဲမှုဖြစ်ပြီး သစ်ဆွေးဓာတ်များရာမှနည်းလာသဖြင့် အရောင်ရင့်ရာမှ ဖျော့လာခြင်း၊ မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ်နည်းလာပါက သဘာဝပေါက်ပင်များ၏အရောင်သည် စိမ်းရာမှအဝါရောင်သို့ ပြောင်းလဲလာခြင်း၊ အပေါ်ယံမြေဆီလွှာတိုက်စားခြင်းကြောင့် အောက်ခံကျောက်သားများပေါ်လာခြင်း၊ ကျောက်သားအရွယ်အစားကြီးလာခြင်း၊ ပေါင်းမြက်မျိုးစိတ်အသစ်များလာခြင်းနှင့် ပေါင်းမြက်ပေါက်ရောက်မှုများပြားလာခြင်း၊ ထွန်ယက်စိုက်ပျိုး ပြီးစ မိုးမိသောစိုက်ခင်းများတွင် အလွှာလိုက်မြေတိုက်စားခြင်းနှင့် ထယ်ကြောင်းအလိုက် မြေတိုက်စားခြင်းတို့အား တွေ့ရှိနိုင်သည်။ရွှေ့ပြောင်းတောင်ယာနှင့် လျှောစောက်အတိုင်း ထွန်ယက်စိုက်ပျိုးသည့် တောင်စောင်းဒေသများတွင်လည်း မြေဆီလွှာတိုက်စားမှုအား သိသိသာသာ တွေ့ရှိ နိုင်သည်။ လူတို့၏စနစ်မကျသည့်မြေယာအသုံးပြုမှုကြောင့်ဖြစ်ပေါ်သည့် မြေဆီလွှာတိုက်စားမှုသည် မြေဆီလွှာဖြစ်ပေါ်ခြင်းဖြစ်စဉ်ထက် အဆ ၁၀၀၀ ကျော်ရှိပြီး ရေရှည်သီးနှံစိုက်ပျိုးမှုအတွက် အဟန့်အတားတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် မြေဆီလွှာတိုက်စားခြင်းကို လျော့နည်းသက်သာစေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် ရေကြီးခြင်း၊မိုးခေါင်ခြင်း၊အပူချိန် လွန်ကဲခြင်းနှင့်ရေရှားပါးသည့်ဒေသများတွင်ပိုလျှံနေသောမိုးရေများအား စုဆောင်းရန်အတွက်   တောင်သူများအနေဖြင့်  မိမိတို့ဒေသနှင့်ကိုက်ညီသည့် မြေဆီလွှာနှင့်  ရေထိန်းသိမ်းရေးလုပ်ငန်းများအား    ဆောင်ရွက်ရန်လိုအပ်လာသည်။

မြေဆီလွှာထိန်းသိမ်းရေးဆိုသည်မှာ မြေဆီဩဇာထိန်းသိမ်းရန်အတွက်ဒေသနှင့်ကိုက်ညီသည့် မြေဆီလွှာနှင့်ရေထိန်းသိမ်းရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြစ်သည်။ မြေဆီလွှာထိန်းသိမ်းခြင်းအားဖြင့်မြေတိုက်စားခြင်းကို ကာကွယ်လျှော့ချနိုင်ခြင်း၊ စီးဆင်းရေနှင့် ယင်းရေ၏အရှိန်ကို ထိန်းချုပ်နိုင်ခြင်း၊ မြေကျပ်ခြင်းအားလျှော့ချနိုင်ပြီး   မြေဆီလွှာအာဟာရဓာတ်များ တိုးတက်ကောင်းမွန်လာစေပြီး ပိုလျှံနေသောရေများအား စုဆောင်းနိုင်မည်ဖြစ်သည်။

လက်ရှိစိုက်ပျိုးရေးဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် မြေဆီလွှာနှင့် ရေထိန်းသိမ်းရေးနည်းလမ်းများမှ (၁) ရုပ်ဝတ္ထုများတည်ဆောက်၍ မြေဆီလွှာထိန်းသိမ်းခြင်း၊ (၂)သက်ရှိအပင်များ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းနှင့်  (၃)စိုက်ပျိုးနည်းစနစ်များဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းတို့ဖြစ်သည်။

ရုပ်ဝတ္ထုများနှင့် ထိန်းသိမ်းခြင်း(Physical Measures)

ရုပ်ဝတ္ထုများတည်ဆောက်၍ မြေဆီလွှာထိန်းသိမ်းခြင်းဆိုသည်မှာ  ကုန်းစောင်းဒေသများတွင် ကျောက်သားမြေသားကန်သင်းများတည်ဆောက်ခြင်း၊ နုန်းတားဆည်များတည်ဆောက်ခြင်း၊ ရေကျော်ကျောက်တန်း၊ ရေထိန်းဆည်များတည်ဆောက်ခြင်း၊ စိုက်ကျင်းများတူး၍စိုက်ပျိုးခြင်း၊ ကွန်တိုအလိုက်စိုက်ပျိုးခြင်း၊ ရေစုကျင်းနှင့်ရေစုကန်များတည်ဆောက်ခြင်းနှင့် သစ်တော/နှစ်ရှည်ပင်များစိုက်ပျိုးရန် စိုက်ကျင်းများတူး၍ မြေဆီလွှာထိန်းသိမ်းခြင်းဖြစ်သည်။

ကွန်တိုကန်သင်းတည်ဆောက်ခြင်း

ကုန်းစောင်းဒေသများတွင်  မြေသားထူပါက မြေသားကန်သင်း၊  မြေသားပါးပါက ကျောက်စီကန်သင်း  ကွန်တိုအလိုက်ပြုလုပ်၍  မြေဆီလွှာထိန်းသိမ်းခြင်းဖြစ်သည်။

နုန်းတားဆည်/ကန်သင်းတည်ဆောက်ခြင်း

Catchment Area ဧက ၁၀၀ ထက် မကျော်သောနေရာများတွင် အမာခံကျောက်များဖြင့် ကန်သင်းပြုလုပ်၍ မြေဆီလွှာထိန်းသိမ်းခြင်းဖြစ်သည်။

ရေကျော်ကျောက်တန်း တည်ဆောက်ခြင်း လျှိုလက်တက်များတွင် ရေစီးနှုန်းနှေးသွားစေရန် ရေကျော်ကျောက်တန်းများတည်ဆောက်ခြင်းဖြစ်သည်။

ရေစုကျင်း၊ ရေစုကန်များ တည်ဆောက်ခြင်း

အပူပိုင်းဒေသ၊ မိုးရေချိန်လက်မနည်းပါးသောနေရာများတွင် မိုးရေကိုစုဆောင်းနိုင်သော ရေစုကန်များတူးဖော်ပြီး သီးနှံများရေလိုအပ်ချိန်တွင် ဖြည့်စွက်ရေပေးသွင်းခြင်းဖြစ်သည်။

သစ်တောပင်/နှစ်ရှည်ပင် စိုက်ကျင်းများပြုလုပ်ခြင်းအပူပိုင်းဒေသ လျှောစောက် ၅၀ ရာခိုင်နှုန်းအောက် ကျောက်မရှိသည့်တောင်စောင်းများတွင် ရေစုကျင်းငယ်များတူးဖော်၍ ရေထိန်းခြင်းဖြစ်သည်။

သက်ရှိများနှင့်ထိန်းသိမ်းခြင်း (Biological Measures)

သက်ရှိအပင်များစိုက်ပျိုး၍ မြေဆီလွှာထိန်းသိမ်းခြင်းဆိုသည်မှာ ထည့်သွင်းခြင်း (အဏုဇီဝမြေဩဇာ)၊ မြေဆွေးနှင့်သက်ရှိအပင်များစိုက်ပျိုး၍ မြေဆီလွှာထိန်းသိမ်းခြင်းတွင် မြေဖုံးပင်များစိုက်ပျိုးခြင်း၊ မြက်ရိုးတန်းများစိုက်ပျိုးခြင်း၊ လေကာပင်များ၊ စည်ရိုးတန်းပင်များစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းနှင့်သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းတို့ဖြစ်သည်။

တောင်စောင်းစိုက်ပျိုးရေးစနစ်

လျှောစောင်းရာခိုင်နှုန်း > ၁၅-၂၅ ရာခိုင်နှုန်း အထိရှိသည့် တောင်စောင်းမြေများတွင် ကွန်တိုလိုင်း အလိုက် အကန့်လိုက်သီးနှံများစိုက်ပျိုးခြင်းဖြစ်သည်။

ကွန်တိုလိုင်းအတိုင်း သီးနှံပင်များ၊ မြက်များကိုစိုက်ပျိုးခြင်း

လျှောစောင်း ၃-၅ ရာခိုင်နှုန်းရှိသည့် နေရာများတွင် နှစ်ရှည်ခံမြက်များ၊ နွားစာမြက်များ (နေဗီယာမြက်၊

မွန်ဘားစားမြက်)၊  Vetiver grass၊ စပါးလင်နှင့် နာနတ်ကဲ့သို့သီးနှံများ မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ပေးရန် ကွန်တိုအလိုက်စိုက်ပျိုးခြင်းဖြစ်သည်။

မြေဖုံးပင်များစိုက်ပျိုးခြင်း

မြေဆီလွှာအပေါ်မျက်နှာပြင်အားတိုက်စားခြင်းမှ ကာကွယ်ရန်၊ အစိုဓာတ်ထိန်းထားနိုင်ရန်၊ အာဟာရပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပဲမျိုးရင်းဝင်အပင်များအား မြေဖုံးပင်အဖြစ်စိုက်ပျိုးခြင်းဖြစ်သည်။

လေကာပင်များစိုက်ပျိုးခြင်း

လေတိုက်စားခြင်းမှကာကွယ်ရန်   စိုက်ခင်းနယ်နိမိတ်တစ်လျှောက်တွင် ဝါး၊ မိုးမခ၊ မြေပြန့် ချယ်ရီ၊ ပဲစင်းငုံ၊ နှံစားပြောင်း၊ ဘောစကိုင်း၊ ထန်း၊ သီဟိုဠ်သရက်၊ ငှက်ပျော၊ နှစ်ရှည်သီးနှံပင် စသည်တို့ကို စိုက်ပျိုးခြင်းဖြစ်သည်။

စိုက်ပျိုးနည်းစနစ်များဖြင့် ထိန်းသိမ်းခြင်း (Agronomic Measures)

သီးနှံစိုက်ပျိုးနည်းစနစ်များဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းဆိုသည်မှာ သီးနှံများကိုရောနှောစိုက်ပျိုးခြင်း၊ သီးလှည့်စိုက်ခြင်း၊ အကန့်လိုက်စိုက်ခြင်း၊ ပဲမျိုးရင်းဝင်အပင်များထည့်သွင်းစိုက်ပျိုးခြင်း၊ မြေလှပ်ခြင်း၊ ထယ်ရေးမဲ့စိုက်ပျိုးခြင်း၊ သီးနှံပင်အကြွင်းအကျန်များဖြင့် မြေဖုံးအုပ်ခြင်းနှင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းတို့ဖြစ်သည်။

သီးနှံရောနှောစိုက်ပျိုးခြင်း

သီးနှံများကို အလှည့်ကျစိုက်ပျိုးခြင်း၊ ရောနှောစိုက်ပျိုးခြင်းအားဖြင့် ရောဂါ၊ ပိုးမွှားများ၏ မျိုးဆက်သံသရာစက်ဝန်းကို ဖြတ်တောက်ပေးပြီး မြေဆီလွှာဖွဲ့စည်းမှုကောင်းမွန်စေ၍ မြေဆီဩဇာထက်သန်စေသည်။

သီးနှံအကြွင်းအကျန်များဖြင့် မြေကိုဖုံးအုပ်ကာကွယ်ခြင်း

ပင်ကြွင်းပင်ကျန်များဖြစ်သည့် ကောက်ရိုး၊ စပါးခွံ၊ မြေပဲရိုး၊ မြေပဲခွံ၊ နှမ်းရိုး၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်ခြောက်များဖြင့် မြေကြီးကိုဖုံးအုပ်ခြင်းဖြစ်သည်။ 

ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းရွာသွန်းသောမိုးရေကိုထိန်းထားနိုင်ပြီး ရေနုတ်မြောင်းပါရှိသဖြင့် ရေဝပ်ခြင်းမရှိစေဘဲ ရေထုတ်ရလွယ်ကူစေသည်။ မြေတိုက်စားမှုကို လျှော့ချပေးနိုင်ပြီး ခြောက်သွေ့ရာသီတွင် အစိုဓာတ်ကို ထိန်းထားပေးနိုင်သည်။ 

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း

စားကျက် သို့မဟုတ် ရာသီသီးနှံများကိုနှစ်ရှည်သီးနှံပင်များနှင့် ရောနှော၍ စိုက်ပျိုးသည့် “ဘက်စုံသီးနှံစနစ်” အမျိုးအစားဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် သီးနှံများထိခိုက်ပျက်စီးမှုအား လျော့နည်းသက်သာစေသည့် စိုက်ပျိုးခြင်းနည်းစနစ်ဖြစ်သည်။

မြေလှပ်ထားခြင်း၊ နွေထယ်ရေးခံခြင်း

လှပ်ထားခြင်း၊ နွေထယ်ရေးခံခြင်းအားဖြင့် မိုးရေကို ထိန်းသိမ်းပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ပေးခြင်း၊ မြေဆီလွှာဖွဲ့စည်းမှုကို ကောင်းမွန်စေပြီး လေဝင်လေထွက်ကောင်းမွန်ခြင်း၊ မြေတွင်းအစိုဓာတ်နှင့် အာဟာရဓာတ်ဆုံးရှုံးမှုကို ထိန်းထားပေးနိုင်သည်။

ထို့ပြင် မိုးခေါင်ရေရှားသည့်အပူပိုင်းဒေသများတွင် မိုးရွာသွန်းပြီးနောက် မြေမျက်နှာပြင်ပေါ်တွင်စီးဆင်းလာသည့်ရေများကို စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုရန်ရည်ရွယ်၍ စုဆောင်းခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုအပ်လာသည်။ပိုလျှံနေသောမိုးရေနှင့်အရှိန်ဖြင့်စီးဆင်းလာသည့်ရေစီးအား ဖမ်းယူသိုလှောင်ခြင်းသည် မြေတိုက်စားခြင်းကို သက်သာစေရုံသာမက စိမ့်ဆင်းရေကို များစေသည်။ ထို့ကြောင့် မိုးရေကို အသုံးချသည့် အစီအစဉ်များတွင် ရေနှင့်မြေဆီလွှာထိန်းသိမ်းခြင်းအား တစ်ပါတည်းဆောင်ရွက်ရန်လိုအပ်သည်။

သီးနှံစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ၏ မြေတိုက်စားခြင်းကိုကာကွယ်လိုသည့်စိတ်အားထက်သန်မှုနှင့်လက်ခံမှု၊အနီးဝန်းကျင်ရှိတောင်သူများ၏ ပူးပေါင်းဆောင်ရွက်လိုမှု၊ ငွေကြေးအထောက်အပံ့နှင့် အဆိုပါလုပ်ငန်းများကို ရေရှည်ထိန်းသိမ်းလိုသော ဆန္ဒသဘောထားများသည် မြေဆီလွှာထိန်းသိမ်းရေးတွင် အလွန်အရေးကြီးသည့်အတွက် မြေဆီလွှာအား တန်ဖိုးထားထိန်းသိမ်းပေးကြရန် လိုအပ်လာသည်။ ထို့ကြောင့်တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေများ ဆုံးရှုံးမှုမှကာကွယ်ရန်အတွက် မိမိတို့ဒေသနှင့်ကိုက်ညီသည့်  မြေဆီလွှာနှင့်ရေထိန်းသိမ်းရေးစနစ်များကို လုပ်ကိုင်ကြရန်လိုအပ်လာသည်။ သို့မှသာ တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာပြီး စားနပ်ရိက္ခာဖူလုံသည့်အပြင်ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် တောင်သူများအနေဖြင့် တောင်သူစီးပွားတိုးတက်ရေး၊ စိုက်ပျိုးသီးနှံများပိုမိုထုတ်လုပ်နိုင်ရေးအတွက် သဘာဝအရင်းအမြစ် မြေကြီးမှရွှေသီးစေဖို့ မြေဆီလွှာကို ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ လိုအပ်ပါကြောင်းနှိုးဆော်တိုက်တွန်းအပ်ပါတယ်ရှင်။   ။     

MWD Web Portal 

မြင့်မြင့်ထွန်း(စိုက်ပျိုးရေးဦးစီးဌာန)

အကျိုးရှိသောအလုပ်

“ဃရာဝါသော ဗဟုကိစ္စော- ကိစ္စမြားမြောင်လူတို့ဘောင်” ဆိုသည့် ဆိုရိုးစကားနှင့်အညီ နိစ္စဓူဝကိစ္စအမျိုးမျိုးဖြင့် အချိန်ကုန်နေရသည့် လူ့ဘောင်လောကလူ့ဘဝတွင် လူသားတို့အနေဖြင့် လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် အချိန်ပေးရမည်ဖြစ်သည်။ လူမှုပတ်ဝန်းကျင် အပါအဝင် လူ့ဘောင်လောက လူ့ဘဝကိုအကျိုးပြုနိုင်မည့် အလုပ်ဟုဆိုလိုက်ပါလျှင် “ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း” စသည့် ကိုယ်ကျိုး ကိုဘေးဖယ်ထားပြီး အများအကျိုးကို ဦးတည်ဆောင်ရွက်ရသည့် အလုပ်များကိုသာ ပြေးမြင်မိကြသည်။ ထိုကဲ့သို့သော လူမှုပတ်ဝန်းကျင်တွင် အများအကျိုးကိုဦးတည်သည့် ပရဟိတလုပ်ငန်းများအနက် ကိုယ်ကျိုးကိုလည်းပြည့်ဝစေ၊ အများအကျိုးကိုလည်း ဖြစ်စေသည့် အလုပ်များလည်းရှိတတ်သည်။

လူသားတို့ အသက်ရှင်သန်နေထိုင်ရာ ဤကမ္ဘာမြေပေါ်တွင် လူသားတို့ကို “အေးမြသောအရိပ် အာဝါသကို ပေးစွမ်းနိုင်သကဲ့သို့ နားခိုနေထိုင်ရာ အိုးအိမ်တည်ဆောက်ရာတွင်လည်း အသုံးပြုနိုင်သည့်သစ်ပင်” ဆိုသည့်အရာသည် လူသားတိုင်း လွယ်လင့် တကူစိုက်ပျိုးနိုင်သည့် အရာပင်ဖြစ်သည်။ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနေနိုင် သည်” ဆိုသည့်စကားနှင့်အညီ သစ်ပင်ဆိုသည်မှာ လူတို့အတွက် အရိပ်အာဝါသကို ပေးစွမ်းနိုင်ရုံသာမက ကျေးငှက်သာရကာတို့အတွက် ခိုနားစရာ နေရာတစ်ခုဖြစ်သည်။ သစ်ပင်တစ်ပင်၏ ရှင်သန်မှုတွင် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီးလူတို့အတွက် မရှိမဖြစ်လိုအပ်သည့် အောက်ဆီဂျင်ကို လေထုအတွင်းသို့ ပြန်လည်ထုတ်လွှတ်ပေးသည်။ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်သဖြင့် လူသားအကျိုးပြုလုပ်ငန်းတစ်ခု ပင်ဖြစ်သည်။

ချစ်တတ်ပါစေ ကမ္ဘာမြေ

မြေကြီးကရွှေသီးဆိုသကဲ့သို့ ကမ္ဘာမြေကြီးသည် မြေဆီမြေနှစ်မြေဩဇာကောင်းကောင်းဖြင့် သစ်သီးဝလံ သစ်ပင်ပန်းမန်တို့ကို ရှင်သန်ကြီးထွား၍ လူသားတို့အတွက် အစာအာဟာရကို ဖြည့်စွမ်းပေးသည်။ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဆိုသကဲ့သို့ သစ်ပင်တို့ ရှင်သန်ရန်လိုအပ်သည့် မြေဆီမြေဩဇာနှင့် အစာအာဟာရတို့ကို မြေကြီးကပေးသည်။ မိုးရေတိုက်စားခြင်းကဲ့သို့သော မြေဆီလွှာပြုန်းတီး ခြင်းကို သစ်ပင်တို့က ကာကွယ်ပေးသည်။ ရာသီဥတု ဖောက်ပြန်မှုကိုဖြစ်စေသည့် လေထုအတွင်းက ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူ၍ လူသားအကျိုးပြုဖြစ်စေသည့် အောက်ဆီဂျင်ကို ထုတ်ပေးခြင်းဖြင့် သစ်ပင်တို့က ကမ္ဘာမြေကြီးနှင့် လူသားတို့ အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်ပေးသည်။

လေထုညစ်ညမ်းမှုကို ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို လူသားတို့ဘေးထွက် ဆိုးကျိုးဖြစ်စေမည်ဖြစ်သဖြင့် သစ်ပင်တို့က လေထုအတွင်းမှ စုပ်ယူပေးကာ လေထုကိုသန့်စင်ပေးသည်။ သန့်ရှင်းလတ်ဆတ်သော လေကိုရှူသွင်း၍ စိတ်ပင်ပန်းခြင်းတို့ကို ဖြေဖျောက်နိုင်ပြီး ရောဂါဘယကင်းစင်၍ လှပသောလူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြမည်ဖြစ်သည်။ သစ်ပင်တို့ကပေးသော အရိပ်ကိုခို၍ အကျိုးကိုစားသုံးကြသည့် လူသားများက “အရိပ်နေနေ အခက်ချိုးချိုး” ဆိုသကဲ့သို့ သစ်ပင်တို့ကို ပျိုးထောင်ခြင်းမပြုဘဲ သဘာဝအလျောက် ပေါက်ရောက်သည့်အပင်များကိုပါ ခုတ်လှဲနေကြမည်ဆိုပါက ကမ္ဘာကြီး၏ သာယာလှပမှုကို ဖျက်ဆီးနေကြသူများသာ ဖြစ်ပေသည်။

သစ်ပင်တို့ကို ခုတ်လှဲရခြင်း အကြောင်းတရား များစွာရှိနေနိုင်သည်။ တောင်ယာစိုက်ခင်းများ အတွက် သစ်တောခုတ်ထွင်ရှင်းလင်းခြင်း၊ စားကျက်မြေရှာဖွေခြင်း၊ လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန်အတွက် ခုတ်လှဲရခြင်း၊ နေအိမ်အဆောက် အအုံဆောက်လုပ်ရေးအတွက် ခုတ်လှဲရခြင်း၊ ထင်းအဖြစ် ခုတ်လှဲရခြင်း စသည့်အကြောင်းပြချက် မျိုးစုံသုံး၍ ခုတ်လှဲနေကြသည်။ လူတို့၏ သဘာဝအရ လူသားလိုအင်ဆန္ဒကို ပြည့်ဝကြရန်အတွက် မဖြစ်မနေခုတ်လှဲနေရပါသည်ဟုဆိုပါလျှင် လူသားနှင့် ကမ္ဘာကိုအကျိုးပြုသည့် သစ်ပင်များကို ပြုစုပျိုးထောင်၍ ပြန်လည်စိုက်ပျိုးရမည်ဆိုသည့် အသိ မျိုး ရှိသင့်ပေသည်။

ကမ္ဘာ့ကုလသမဂ္ဂက နှစ်စဉ်ကမ္ဘာပေါ်၌ သစ်တောဟက်တာ ၁၂ သန်းခန့် ခုတ်လှဲခြင်းခံနေရပြီး သစ်တောပြုန်းတီးမှု၊ စိုက်ပျိုးရေးနှင့်အခြားရည်ရွယ်ချက်များဖြင့် သစ်တောခုတ်ထွင်ရှင်းလင်းမှုတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု၏ လေးပုံတစ်ပုံခန့်ကို ဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ထားသည်။ “လေထုကို သန့်စင်ပေးနိုင် ခြင်း၊ အပူချိန်ကို ထိန်းညှိပေးခြင်း၊ ရာသီဥတုကို မျှတစေခြင်း၊ ရေလွှမ်းမိုးမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ရှင်သန်စေခြင်း” စသည့် အကျိုးကျေးဇူးများကို သစ်ပင်များကသာ ပေးစွမ်းနိုင်သဖြင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုများကို ကာကွယ်နိုင်ရေးအတွက် သစ်တောနှင့်သစ်ပင်များကို ထာဝစဉ်ရှင်သန်တည်ရှိနေရေးထိန်းသိမ်းကြရမည်ဟု ကမ္ဘာ့ကုလသမဂ္ဂက နိုင်ငံများသို့ တိုက်တွန်းထားသည်။

ထိန်းသိမ်းကြစို့

၁၉၉၀ ပြည့်နှစ်ဝန်းကျင်ခန့်က ကမ္ဘာပေါ်တွင် သစ်တောဧရိယာ ဟက်တာ ၄ ဒသမ ၂၄ ဘီလီယံခန့်ရှိခဲ့ရာ လက်ရှိအချိန်တွင် ဟက်တာလေးဘီလီယံ ကျော်ခန့်သာရှိတော့သဖြင့် သစ်တောဧရိယာ ဟက်တာ ၅၀ မီလီယံခန့် ဆုံးရှုံးခဲ့ရသည်ဟု ပညာ ရှင်များက ခန့်မှန်းထားသည်။ ရေမြေသဘာဝ သာယာလှပပြီး သစ်တောသယံဇာတများလည်း ပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် သစ်တောဧရိယာ သည် နိုင်ငံဧရိယာ စုစုပေါင်း၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ထိုသစ်တောဧရိယာများ ဆုံးရှုံးမှုမရှိစေရေးနှင့် သဘာဝဂေဟစနစ်များ ပျက်စီးယိုယွင်းခြင်း မရှိစေရေးအတွက် နိုင်ငံတော်အစိုးရက အင်တိုက်အားတိုက် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

နိုင်ငံတော်အနေဖြင့် ရှိရင်းစွဲသစ်တောဧရိယာများ လျော့ပါးသွားခြင်းမရှိအောင် နည်းစနစ်တကျ ထိန်းသိမ်းနေသကဲ့သို့ တစ်ဖက်တွင်လည်း သစ်တောစိုက်ခင်းအသစ်များကို အကောင်အထည် ဖော်ပေးနေသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး ၁၀ နှစ် စီမံကိန်း (Myanmar Reforestation and Rehabilitation Programme) အရ သစ်တောစိုက်ခင်း ၆၆၈၈၈ ဧက တည်ထောင်သွားရန်နှင့် သဘာဝကျန်သစ်တောဧက ၅၀၀၀၀၀ ခန့်ကိုလည်းထိန်းသိမ်းကာကွယ်သွားရန် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့က ရည်မှန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သစ်တောများနှင့် ထိစပ်နေသည့်ဝန်းကျင်တွင် ကျင်လည်နေထိုင်ကြသည့် အများပြည်သူတို့အနေဖြင့်လည်း သစ်တောသယံဇာတများ၏တန်ဖိုးကို နားလည်သိရှိကာ ထင်းအစားထိုး အခြားလောင်စာအသုံးပြုခြင်းမှ အစပြု၍ သစ်ပင်ခုတ်လှဲကာ ကိုယ်ကျိုးအတွက် အသုံးပြုခြင်းကို နည်းနိုင်သမျှနည်းအောင် ကြိုးစားကြရပါမည်။

သစ်တောမူဝါဒ

သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဂေဟစနစ်ကို ထိန်းညှိပေးရာတွင် များစွာအရေးပါသည့် သစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်းမှ အစပြု၍ သစ်တောသယံဇာတများကို အများ ပြည်သူတို့ တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ သစ်တောမူဝါဒ ၆ ချက်ကိုလည်းချမှတ်ထားသည် ကိုတွေ့ရသည်-

(၁) ကာကွယ်ခြင်း - ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို ကာကွယ်ရမည်။

(၂) ထာဝစဉ်တည်တံ့စေခြင်း - လက်ရှိပြည်သူလူထုနှင့် နောင်လာနောက်သားများကိုပါ သစ်တောများမှရရှိနိုင်သည့် တိုက်ရိုက်နှင့်သွယ်ဝိုက်သော အကျိုးများကို စဉ်ဆက်မပြတ် ခံစားနိုင်ကြစေရန် သစ်တောသယံဇာတ အရင်းအမြစ်များကို ထာဝစဉ်တည်တံ့နေစေရေးအတွက် ထိန်းသိမ်းရ မည်။

(၃) အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း - ပြည်သူလူထု၏ လောင်စာ၊ နေအိမ်အဆောက်အအုံ၊ အစားအစာနှင့် အပန်းဖြေနားနေမှု အစရှိသည့် အခြေခံစားဝတ်နေရေး လိုအပ် ချက်များကို ဖြည့်ဆည်းပေးရမည်။

(၄) စွမ်းဆောင်ရည် တိုးတက်မြင့်မားစေခြင်း - သစ်တောသယံဇာတများမှ ရရှိနိုင်သည့် စီးပွားရေး အကျိုးအမြတ်တို့အား လူမှုရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့ကိုမထိခိုက်စေဘဲ အပြည့်အဝ အသုံးချနိုင်ရန် စီမံရမည်။

(၅) ပြည်သူတို့က ပူးပေါင်းပါဝင်ဆောင်ရွက်လာစေခြင်း - သစ်တောများ ပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးဆိုင်ရာလုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်းပါဝင်လာကြစေရန်၊

(၆) ပြည်သူအတွင်း နိုးကြားထကြွသည့်အသိ ရှင်သန်နေစေခြင်း - နိုင်ငံတော်၏ လူမှုစီးပွား‌ရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် သစ်တောများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို ပြည်သူတို့အတွင်း နိုးကြားသည့် အသိရှင်သန်နေစေရေး စည်းရုံးလှုံ့ဆော်သွားရမည်။

ထိုမူဝါဒနှင့်အညီ ရှိရင်းစွဲသစ်တောဧရိယာများကို လျော့ပါးသွားခြင်းမရှိအောင် ထိန်းသိမ်း ပေးနေသကဲ့သို့ ပုဂ္ဂလိကသစ်တောစိုက်ခင်း အသစ်များမူဝါဒနှင့်အညီ ခွင့်ပြုပေးခြင်းတို့ကို နိုင်ငံတော်အနေဖြင့် အမြော်အမြင်ကြီးစွာ ဆောင်ရွက်နေသည်။ ရာသီဥတု အနည်းငယ်ပူပြင်း ခြောက်သွေ့သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင်ကို အပူပိုင်းဒေသဇုန်အဖြစ်သတ်မှတ်ကာ ထိုဒေသများတွင် သစ်ပင်များရှင်သန်ကြီးထွားလာကာရာသီဥတု အေးမြလာစေရေးအတွက် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့က တာဝန်ယူဆောင်ရွက်နေသည်ကို တွေ့ရသည်။ “အပင်ကြီးစိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မ စိုက်ပျိုးခြင်း၊ ကွန်တိုပေါင်စိုက်ပျိုးခြင်း၊ ဖြည့်စွက်စိုက်ပျိုးခြင်း၊ သဘာဝတောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း” စသည့် နည်းလမ်းပေါင်းစုံသုံး၍ အပူပိုင်းဒေသကို အစဉ်ထာဝရအေးမြကာ လှပလာစေရေး အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

မိုးရာသီအလှကို ဖော်ကျူးဖို့ သစ်ပင်စိုက်ကြစို့

ဝသန်ကာလ မိုးရာသီသို့ ချင်းနင်းဝင်ရောက် ကာ ဇွန်လအတွင်းသို့ရောက်ရှိချိန် မိုးစက်မိုးပေါက် တို့က တဖြိုက်ဖြိုက်ရွာသွန်းလာသည့်ကာလတွင် သစ်ပင်ပျိုးပင်များကို စနစ်တကျ စိုက်ပျိုးကြမည် ဆိုပါက ရာနှုန်းပြည့်ရှင်သန်နိုင်သည့်ကာလပင် ဖြစ်သည်။ ထိုကာလကို အကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို အစိုးရက ဦးဆောင်ဦးရွက်ပြုကာ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည်။ “သစ်ပင်စိုက်ပါတို့ကမ္ဘာ သာယာလှပ စိမ်းမြမြ” ဆိုသည့် စကားနှင့်အညီ ကမ္ဘာမြေထာဝရလှပစေရေး ဆောင်ရွက်ချက်များတွင် သစ်ပင်ပျိုးပင်များ စိုက်ပျိုးခြင်းအလုပ်သည်ကား အခြားသော လူမှုအကျိုးပြုလုပ်ငန်းများထက် အချိန်ကုန်ငွေကုန်သက်သာကာ အကျိုးပိုမိုဖြစ်ထွန်းနိုင်သော အလုပ်ပင်ဖြစ်သည်။

သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီအတွင်း အမြင့်နှစ်ပေနှင့်အထက် ပျိုးပင်ပေါင်း ၂၁ သန်းခန့်စိုက်ပျိုးသွားရန် လျာထားသည် ကိုလည်းတွေ့ရသည်။ မြန်မာ့မြေ စိမ်းလန်းစိုပြည် လာအောင်စွမ်းဆောင်ကြရာတွင် မြန်မာနိုင်ငံသားတစ်ဦးလျှင် ပျိုးပင်တစ်ပင်ကျ စိုက်ပျိုးသွား မည်ဆိုပါက ရာသီဥတုမျှတသည့် မြန်မာနိုင်ငံသည် ယခုထက် ပိုမိုစိမ်းလန်းလှပမည်သာ ဖြစ်သည်။

သစ်ပင်တစ်ပင်၏ အရိပ်အာဝါသသည် လူတို့၏စိတ်ကို ကြည်လင်အေးမြလန်းဆန်းစေပြီး စိတ်ခံစားချက်များကို လျော့ပါးစေသည်။ စိတ်ပင်ပန်း နွမ်းနယ်သည့်အခါ တောတောင်စိမ့်စမ်းများနှင့် သာယာလှပသည့် တောင်ပေါ်အရပ်ဒေသများသို့ အပန်းဖြေခရီးထွက်တတ်ကြသည်က သက်သေပင်ဖြစ်သည်။ လူ့ဘဝရလာသည့် အခိုက်အတန့် ကာလသည် အလွန်တိုတောင်းလှသည်။ ဘဝပေးအခြေအနေအရ လူမှုပတ်ဝန်းကျင်အကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် အခြေအနေမပေးဟုဆိုပါလျှင် ကမ္ဘာမြေပေါ်တွင် သစ်ပင်တစ်ပင်တော့ စိုက်ပျိုးနိုင်မည်သာဖြစ်သည်။ မိမိစိုက်ပျိုး ပြုစုပျိုးထောင်သည့် သစ်ပင်လေး စိမ်းလန်းစိုပြည်စွာဖြင့် အခက်အလက်ဝေဆာနေသည်ကိုကြည့်ရင်း ကြည်နူးပီတိဖြစ်ခြင်းအရသာသည် ဘယ်အရာနှင့် မျှမလဲနိုင်ပေ။ “တစ်သက်လုံးစိတ်ချမ်းသာချင်လျှင် သစ်ပင်စိုက်” ဆိုသော ရှေးစကားအရ အနာဂတ် ဘဝများလှပရေး သစ်ပင်စိုက်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။         ။

ရည်ညွှန်းကိုးကား -

          -         သစ်တောကြေးမုံ၊ သတင်းဂျာနယ်၊ ၂၀၂၅ ခုနှစ် ဇွန်လ၊

          -         သစ်တောဦးစီးဌာန တင်ပြချက်များ၊ (https://www.forestdepartment.gov.mm/)

          -         https://www.un.org/ (Causes and Effects of Climate Change)

          -         နေ့စဉ်ထုတ်သတင်းစာများ။

MOI

ဘုန်းသန့်စင်