မိမိတို့ နိုင်ငံ၊ မိမိတို့ ပြည်သူလူထုသည် ယခုမြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ နှစ်အကူး ၂၀၂၅ ဧပြီလ မဟာသင်္ကြန်ကို ဝမ်းနည်းစွာဖြင့်ပင် ကျော်ဖြတ်ခဲ့ကြရပါပြီ။ အသက်ပေါင်းထောင်နှင့် ပင်ချီ၍၊ ပြည်သူလူထုနှင့် တိုင်းပြည်၏ ပစ္စည်းများ တန်ဖိုးကျပ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသောနှစ်ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယနေ့ခေတ်ကဲ့သို့ Richter Scale, Mercalli Scale အစရှိသည်ဖြင့် စနစ်များ စတင်အသုံးပြုသော ၂၀ ရာစုနှစ်နောက်တွင် ယခုမိမိတို့ခံစားခဲ့ရသော မန္တလေးမြေငလျင်ကြီးကြောင့် လူအသေအပျောက်နှင့် အိုးအိမ်ပစ္စည်းဆုံးရှုံးမှုသည် အများဆုံးဖြစ်သည်။ အိုးအိမ်နှင့် ပစ္စည်းတန်ဖိုးများကို တွက်ချက်နှိုင်းယှဉ်ရန် ခက်ခဲသော်လည်း ယခုငလျင်တွင် လူ့အသက်ပေါင်း ၃၇၀၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၁၀ဝ ကျော်ရှိခဲ့သည်။
မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဆရာမကြီး ဒေါ်လှလှအောင်ရေးသားသော စာပေအရ ၁၉၃၀ ပြည့်နှစ် ပဲခူးငလျင်တွင် လူအသေအပျောက် ၅၅၀ ခန့် သေဆုံးခဲ့သည်နှင့် နှိုင်းယှဉ်နိုင်ပါသည်။ အဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဗိသုကာတစ်ဦးအနေဖြင့် သေချာစွာ ပြောနိုင်သည်မှာ ယခုမိမိတို့ပြန်လည်တည်ဆောက်ကြရမည့် လုပ်ငန်းရပ်သည်အလွန်ကြီးမားပြီး ငွေကြေးများစွာနှင့် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရပါမည်။ ယခုနှစ် မတ်လမြေငလျင်၏ Epicenter ဗဟိုသည် စစ်ကိုင်းမြို့အနီးဖြစ်သဖြင့် သေကျေပျက်စီးမှု အများဆုံးဖြစ်သည်ဆိုသည်ကို လက်ခံကြရမည်ဖြစ်သည်။ သို့သော် တစ်မြို့တည်း တစ်လမ်းတည်းတွင် အချို့အဆောက်အအုံများ ပြိုကျပျက်စီးကြပြီး အချို့မှာ မပျက်မစီးတည်မြဲခဲ့ ကြသည်မှာ အချို့သောဆောက်လုပ်သူများ၏ အားနည်းချက်ဖြစ်သည်မှာလည်း ထင်ရှားပါသည်။
ဤဆောင်းပါးသည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ယခုရရှိခဲ့သော သင်ခန်းစာများကိုအခြေခံ၍ လက်ခံကျင့်သုံးသင့်သောစနစ်များကို တင်ပြရန် ဖြစ်ပါသည်။ ထို့အပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်မည့် Financial Resources ခေါ် ငွေကြေးအင်အားများ ဖော်ထုတ်ရရှိနိုင်မည့် နည်းလမ်းများကိုလည်း တင်ပြအပ်ပါသည်။ ထိုသည်များနှင့် တွဲဖက်၍ ပြန်လည်တည်ဆောက်ကြသည့်အခါ မိမိတို့၏ မြို့များနှင့် ပတ်ဝန်းကျင်သာယာရေး၊ မိမိတို့၏ မြို့များတွင် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးများအတွက် လိုအပ်ချက်များကိုလည်း ပူးတွဲတင်ပြအပ်သည်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ရရှိနိုင်မည့် Available Financial Resources ငွေကြေးအင်အားများကို သုံးသပ်ခြင်း
ယခု ငလျင်သည် မြန်မာ့သမိုင်းတွင် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သည့်အတွက် မိမိတို့တွင်ရှိသော Resources အင်အားများမှ တတ်နိုင်သရွေ့အများဆုံးနှင့် ကူညီနိုင်သောသူအများဆုံးကို ကူညီကြရမည်ဟု ခံယူပါသည်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ငွေကြေးဖြင့် ပါဝင်နိုင်မည့် အုပ်စုများကို သုံးသပ်ကြည့်မိပါသည်။ ထိုသည်တို့တွင် (၁) နိုင်ငံတော်အစိုးရ၊ (၂) ချမ်းသာကြွယ်ဝသော Condominium ပိုင်ရှင်သူဌေးကြီးများအုပ်စု၊ (၃) ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်မြေတွင်နေထိုင်ရင်း အိုးအိမ်ဆုံးရှုံးသွားသူများဟု သုံးအုပ်စုကိုသာ ဦးစွာမြင်ကြရပေမည်။ ထိုသုံးအုပ်စုတို့၏ လုပ်နိုင်သောပမာဏများကို ဆန်းစစ်ကြည့်ကြပါမည်။
နိုင်ငံတော်အစိုးရ ။ ။ နိုင်ငံတော်အစိုးရသည် ငွေအင်အားအကြီးမားဆုံးရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။ သို့သော် အစိုးရတွင် ဆုံးရှုံးပျက်စီးသွားသော အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ရာများ အစရှိသည်တို့ကို ပြန်လည်တည်ဆောက်ရန်ရှိသည်။ ထို့အပြင် အများပြည်သူနှင့်သက်ဆိုင်သော Infra-structure ခေါ် ကျောင်းများ၊ ဆေးရုံများ၊ လမ်းတံတားများ၊ လျှပ်စစ်စနစ်များ စသည်တို့ကိုလည်း ပြန်လည်တည်ဆောက်ရန်ရှိသဖြင့် လူပေါင်းများစွာတို့၏ ဆုံးရှုံးခဲ့သော အိမ်ရာများကို ပြန်လည်တည်ဆောက်ရေးတွင် အမြောက်အမြားပါဝင်ရန် ခက်ခဲပါမည်။
ငွေကြေးအဆင်ပြေသော Condominium ပိုင်ရှင်များ။ ။ မြေငလျင်အတွင်း ပြိုပျက်သွားသော Condominiums ခေါ် အဆင့်မြင့်တိုက်ခန်းများကို တည်ဆောက်သွားသောပိုင်ရှင်ကြီးများက Ethics ဟုခေါ်သော လူ့ကျင့်ဝတ်၊ လူ့ဝတ္တရားအရသော် အချိန်အတိုင်းအတာအတွင်း မြန်ဆန်စွာ ပြန်လည်တည်ဆောက်ပေးသင့်ကြပါသည်။ ဥပဒေကြောင်းအရ ရှင်းကြမည်ဆိုသော် ရှေ့နေခငွေကြေးများစွာကုန်မည်၊ အချိန်နှစ်ပေါင်းများစွာ ကြာမြင့်ကြမည်ဟု စာရေးသူအတွေ့အကြုံအရ ခန့်မှန်းပါသည်။ မူလစာချုပ်တွင် မည်သို့ပါရှိပုံ၊ အာမခံထားခြင်းရှိမရှိ၊ “မြန်မာပြည်စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေ Condominium Law” အရ တရားဝင်သတ်မှတ်ထားခြင်းရှိမရှိ စသည်ဖြင့် များစွာသော အဆင့်များရှိပါမည်။
ဖြစ်သင့်သည်မှာ တည်ဆောက်ခဲ့သူပိုင်ရှင်ကြီးများက လူ့ဂုဏ်သိက္ခာကို မနိမ့်ကျစေရန်နှင့် အသက်နှင့်ပစ္စည်းနစ်နာဆုံးရှုံးခဲ့ရသောသူများကို ငဲ့ညှာသင့်သည်။ သို့သော် ယခုငလျင်ကြောင့် အဆင့်မြင့်တိုက်ခန်းကြီးများတွင် နေထိုင်ရင်းအသက်နှင့် ပစ္စည်းများ ဆုံးရှုံးခဲ့သူဦးရေသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာခိုင်နှုန်းနည်းပါးသည်ဟု ခန့်မှန်းရပါသည်။
ကိုယ်ပိုင်အိမ် ကိုယ်ပိုင်မြေတွင်နေထိုင်ရင်း အိုးအိမ်ဆုံးရှုံးသွားသူများ ။ ။ ထိုအုပ်စုတွင် ပါဝင်သည့် သူများတွင် (က) ပြန်လည်တည်ဆောက်ရန် အရင်းအနှီးရှိပြီး တတ်နိုင်သူများ၊ (ခ) တစ်စိတ်တစ်ပိုင်း အကူအညီရနိုင်လျှင် ပြန်လည်တည်ဆောက်နိုင်သူများနှင့် (ဂ) အိမ်ပျက်စီးသွားသဖြင့် မြေသာကျန်ခဲ့ပြီး ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်သူများဟု သုံးအုပ်စုရှိမည်ဟု ခန့်မှန်းရပါသည်။ ထိုအုပ်စုအတွင်း မည်သည့်အုပ်စုသည် မည်သည့်ရာခိုင်နှုန်းရှိသည်ကိုလည်း ခန့်မှန်းရန်ခက်ခဲပါသည်။ သို့သော် အောက်တွင် စာရေးသူစဉ်းစားမိသော ဘဏ်ချေးငွေစနစ်ကို အသုံးချနိုင်လျှင် အဘက်ဘက်က အထိုက်အလျောက်အဆင်ပြေကြမည်ဟု ယူဆပါသည်။
ဘဏ်ချေးငွေဖြင့် ပြန်လည်တည်ထောင်ရေးတွင်
အသုံးချရန်အဆိုပြုချက် ။ ။ စာရေးသူသည် အိမ်ဆုံးရှုံးခဲ့သော သူတစ်ဦးနှင့် မေးမြန်းခန်းကို ကြည့်ရပါသည်။ ထိုသူတွင် ယခင်က ကိုယ်ပိုင်အိမ်ရှိသည်၊ နေထိုင်စားသောက်ရန် ဝင်ငွေရှိသည်၊ ယခုအိမ်ပျက်စီးသွားသည့်အတွက် နေထိုင်ရန်အိမ်ကို ပြန်လည်တည်ဆောက်ရန် ငွေသိန်း ၅၀ဝ ခန့်ရရှိရန် မဖြစ်နိုင်ပါဟုဆိုသည်။ စာရေးသူက သင်ကြားခဲ့ဖူးသော Housing Economics အိမ်ရာစီးပွားရေးပညာရှုထောင့်မှ သုံးသပ်ကြည့်ပါသည်။ ထိုကဲ့သို့သောသူများမှ ဥပမာပြန်လည်တည်ဆောက်ရန် အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့်ရှိနိုင်မည်ဆိုလျှင် ဘဏ်မှ ကျန်လိုအပ်ငွေ ၇၀ ရာခိုင်နှုန်းကို ချေးငွေအဖြစ်ရရှိပြီး ထိုသူက လစဉ်၊ နှစ်စဉ်ပြန်လည်ပေးဆပ်လျှင် နှစ်ဦးနှစ်ဖက် အထိုက်အလျောက်အဆင်ပြေသွားနိုင်ပါမည်။
ထိုကဲ့သို့သော အခြေအနေနမူနာ Hypothetical Model တစ်ရပ်ကို အစမ်းတွက်ကြည့်ကြပါမည်။ Basic assumptions အခြေခံအချက်များသည်- မိသားစုတစ်စုတွင် (၁) မြေရှိသည်။ (၂) စုဆောင်းပြီး ငွေသိန်း ၁၅၀ ခန့်ရှိသည်။ (၃) အလုပ်အကိုင်ကောင်းရှိကြသဖြင့် လစဉ်မိသားစုဝင်ငွေကျပ် ၆ သိန်းခန့်ရှိသည်။ (၄) ပြန်လည်ဆောက်လုပ်မည့် အိမ်တန်ဖိုးသည် ကျပ်သိန်း ၅၀ဝ ဖြစ်သောကြောင့် ကျပ်သိန်း သိန်း ၃၅၀ ချေးငွေလိုအပ်သည်။ ဤကိစ္စကို ဘဏ်နှင့် သက်ဆိုင်ရာတို့က လေ့လာစစ်ဆေးပြီး နှစ်စဉ်အတိုးနှုန်း ၁၅ ရာခိုင်နှုန်းနှင့် ပြန်လည်ပေးဆပ်ချိန် ၁၀ နှစ်နှင့် သဘောတူသည်။ ချေးမည့်သူများပိုင်သော မြေကို အာမခံပစ္စည်း Collateral ဟု သတ်မှတ်သဘောတူကြသည်။ ဘဏ်မှတာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းအရ တွက်ချက်ရာ ချေးငွေသိန်း ၃၅၀ အတွက် ထိုမိသားစုသည် လစဉ်ငွေကျပ် ၃ ဒသမ ၆၄ သိန်းခန့်နှင့် ၁၀ နှစ်တိုင်တိုင်အကြိမ်ပေါင်း ၁၂၀ ခန့် ပေးဆပ်ရမည်။
အထက်ပါနမူနာ Hypothetical Model တွင် လစဉ်ပြန်လည်ပေးဆပ်ရန် တွက်ချက်ခြင်းသည် ဘဏ်ပညာရှင်များ သုံးလေ့ရှိသောနည်း P = Ai / (1 – (1 + i)^-N) where: P = regular periodic payment. A = amount borrowed. i = periodic interest rate ပင်ဖြစ်ပါသည်။ နှစ်စဉ်အတိုးနှုန်း ၁၅ ရာခိုင်နှုန်းနှင့် ပြန်လည်ပေးဆပ်ရန်အတွက် အချိန် ၁၀ နှစ်သည် စာရေးသူစိတ်ကူးအရ ထည့်တွက်ထားခြင်းဖြစ်သည်။ ပြန်လည်ပေးဆပ်ရန် အချိန်နှင့် ပတ်သက်၍ စာရေးသူသိသော အခြားတိုင်းပြည်များတွင် နှစ်ပေါင်း ၂၀-၃၀ အထိပင် ပေးလေ့ရှိပါသည်။
မြန်မာနိုင်ငံမှ ဘဏ်များက ထိုမျှကာလရှည်ပေးလေ့မရှိသော်လည်း ယခုကဲ့သို့ ငလျင်ဘေးသင့်သူများကို ကယ်ဆယ်ကူညီသည့်အနေဖြင့် ပြန်လည်သုံးသပ်သင့်ပါသည်။ ယခုနမူနာတွင်ပင် ပြန်လည်ပေးဆပ်ရသောအချိန်ကို ၁၅ နှစ်၊ နှစ်စဉ်အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနှင့် တွက်ပါမူ ချေးသူမိသားစုသည် လစဉ်ငွေကျပ် ၂ ဒသမ ၉ (၃ သိန်း ခန့်) နှင့် ၁၅ နှစ်တိုင် အကြိမ်ပေါင်း ၁၈၀ ပေးဆပ်ရပါမည်။ Hypothetical Model ကိုပင် အခြေခံ၍ အိုးအိမ်ဆုံးရှုံးသွားပြီး မြေပိုင်ဆိုင်သူများအတွက် အရင်းငွေပင်မလိုဘဲ နေစရာများရရှိနိုင်ပြီး အမြတ်အစွန်းပင်ရရှိနိုင်သောနည်းများကို အထက်ပါနမူနာကို အခြေခံထားပြီး တီထွင်နိုင်ပါသည်။ ဥပမာ မြေပေ ၄၀ x ၆၀ ခန့်ရှိသူ ၆ ဦးခန့်စုလျှင် စတုရန်းပေ ၁၄၄၀ဝ ရှိသော မြေကွက်ကိုရနိုင်ပြီး ထိုမြေပေါ်တွင် နှစ်ထပ်ဖြင့် စတုရန်းပေ ၇၀ဝ ခန့်ရှိသော အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းပေါင်း ၁၂ ခန်းခန့် ပေါ်ပေါက်နိုင်ပါမည်။
အထက်တွင်တင်ပြသည့် Hypothetical Model ကို အတိုချုပ်တင်ပြရသော် “ဘဏ်ချေးငွေဖြင့် ပြန်လည်တည်ထောင်ရေး” ပင်ဖြစ်ပါသည်။ ဤနည်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့တွင် “ရွှေလင်ပန်းအိမ်ရာစီမံကိန်း”၊ “ကျန်စစ်မင်းအိမ်ရာ စီမံကိန်း”၊ “အောင်မြင့်မိုရ်အိမ်ရာစီမံကိန်း” စသည်တို့နှင့် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် “မြရည်နန္ဒာအိမ်ရာစီမံကိန်း” စသည့်အိမ်ရာစီမံကိန်း ၇ ခုခန့်နှင့် မိသားစု ၁၀၀၀၀ ခန့်အတွက် အိမ်ရာများ အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်ဟု သိရပါသည်။ အထက်တွင် နမူနာအနေဖြင့် တင်ပြခဲ့သော ငွေကြေးရယူနိုင်သောစနစ်နှင့် အိုးအိမ်ဦးစီးဌာန၏ စီမံကိန်းတို့ အဓိကကွာခြားချက်မှာ အိုးအိမ်ဦးစီးဌာန၏ စီမံကိန်းများက တည်ဆောက်ရန်မြေကို အစိုးရက လျှော့ဈေးဖြင့် တွက်ခဲ့သည်။ ယခု ငလျင်ဘေးသင့်သူများ ပြန်လည်တည်ထောင်ရေးတွင် မြေရှိသူများသာပါဝင်ရန်ဖြစ်သဖြင့် ဘဏ်များအတွက် မြေကိုအာမခံပစ္စည်း Collateral ရှိပြီး ဖြစ်သဖြင့် ပိုမို၍ပင် အဆင်ပြေပေမည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာစီမံကိန်းပုဂ္ဂလိကဆောက်လုပ်ရေးကမ္ပဏီများနှင့်ပင် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်းဌာနမှ ကျွမ်းကျင်သူများက ကြီးကြပ်ခဲ့သဖြင့် ယခုငလျင်တွင် တည်မြဲခဲ့သည်။
နောက်နောင် ငလျင်နှင့်အခြားသော ဘေးအန္တရာယ်များအတွက် ကျင့်သုံးရန်စနစ်များ
စာရေးသူ သင်္ကြန်မတိုင်မီကရေးခဲ့သော ဆောင်းပါးတွင် ယခုမန္တလေး၊ စစ်ကိုင်းနှင့် မြန်မာပြည်အလယ်ပိုင်းငလျင်တွင် အဆောက်အအုံပေါင်းများစွာ ပြိုပျက်ခဲ့ခြင်း၏ အဓိအကြောင်းမှာ အထူးကျွမ်းကျင်ပညာရှင်များ Specialists များနှင့် ပူးပေါင်းမဆောင်ရွက်ခဲ့သောကြောင့်ဖြစ်သည်ကို ဖော်ပြခဲ့ပါသည်။ ထိုသည်နှင့်ဆက်စပ်၍ အဆောက်အအုံတစ်ခုပေါ်ပေါက်ရေးတွင် လုပ်ငန်းအဆင့်ဆင့်ကို ရန်ကုန်မြို့တွင် ကျင့်သုံးပုံလုပ်ထုံးလုပ်နည်းများကို လေ့လာကြည့်ပါသည်။ ထိုသည်တို့တွင် (၁) Design state ပုံစံထုတ်တွက်ချက်သောအဆင့် (၂) ဆောက်လုပ်ခွင့်ရရှိရန် လျှောက်ထားသောအဆင့် Building permit submission (၃) ဆောက်လုပ်ခြင်းနှင့် ကြီးကြပ်ခြင်း Construction and super-vision state (၄) ဆောက်လုပ်ပြီး လူနေခွင့်နှင့် အသုံးပြုခွင့်လက်မှတ် Building Completion Certificate တို့ရရှိရန်ဟု အဆင့် ၄ ဆင့်ရှိသည်ကို တွေ့ရပါသည်။
Building Permit (BP) ဆောက်လုပ်ခွင့် ပါမစ်တင်သည့်အခါ Floor Plans ကြမ်းခင်းပုံစံများ၊ Sections ဖြတ်ပိုင်းပုံစံများ၊ အသေးစိတ် Steel list သံစာရင်းများ အစရှိသည်တို့ကို ပူးတွဲတင်ပြကြရသည်။ လူအများနှင့် သက်ဆိုင်သော အဆောက်အအုံများနှင့် ၄ ထပ်အထက် အဆောက်အအုံများအတွက် လိုင်စင်ရ Structural Engineer ခိုင်ခံ့မှုကိုတွက်ချက်သော ပညာရှင်၏ လက်မှတ်နှင့် Structural calcu- lations တွက်ချက်ခြင်းများလည်း ပါဝင်ရသည်။
ထိုတွက်ချက်မှုများတွင် Stability Checking ဟူသော ခေါင်းစဉ်အောက်တွင် Overturning Checking ယိုင်လဲနိုင်မှုနှင့် Settlement Checking မြေအောက်ကျွံဝင်နိုင်မှု အစရှိသောပျက်စီးနိုင်မှုများကို စစ်ဆေးသောအချက်တို့ကို ထိုကျွမ်းကျင်ပညာရှင်က တွက်ချက်ချက်တင်ပြရပါသည်။ ထို့အပြင် ၁၂ ထပ်ထက်ပိုသော အဆောက်အအုံများကို အထပ်မြင့်ဟုသတ်မှတ်၍ Committee for Quality Control of High-Rise Building ဟုခေါ်သော “အထပ်မြင့်ကော်မတီ” သို့လည်း ထပ်ဆင့်တင်ရသေးသည်။ ထို CQHB တွင် မိမိတို့နိုင်ငံအဆင့် ပညာရှင်ကြီးများ ပါဝင်ကြသည်။ ထိုကဲ့သို့ အဆောက်အအုံတစ်ခုပေါ်ပေါက်ရေး လုပ်ငန်းအဆင့်ဆင့်ကို ရန်ကုန်မြို့တွင် ကျင့်သုံးသည့်နည်းတူ မန္တလေးမြို့တော် စည်ပင်သာယာကလည်း ကျင့်သုံးပေလိမ့်မည်။
အထက်တွင်ဖော်ပြသော အဆောက်အအုံတစ်ခုပေါ်ပေါက်ရေး လုပ်ငန်းအဆင့်ဆင့်များသည် ပညာပိုင်းဆိုင်ရာရှုထောင့်မှကြည့်သော် ရန်ကုန်နှင့် မန္တလေးမြို့တွင် ဆောက်လုပ်ခွင့်ပါမစ်ရရှိရေးနှင့် လူနေခွင့်နှင့် အသုံးပြုခွင့်လက်မှတ်ရရှိရေးလုပ်ငန်းများသည် ပြည့်စုံသည်ဟု သုံးသပ်နိုင်ပါသည်။ ထိုမြို့ကြီးများ၏ လုပ်ထုံးလုပ်နည်းများကို အခြားမြို့များကလည်း လုပ်ဆောင်ရန် ဖွဲ့စည်းပုံများ တိုးချဲ့ခြင်းနှင့် တတ်ကျွမ်းသော ပညာရှင်များကို အသုံးချရန်သာ လိုအပ်ပေမည်။ ဤတွင် ရန်ကုန်မြို့တွင် ငလျင်မလှုပ်ပါဘဲနှင့်ပင် ပြိုကျပျက်စီးသော အဆောက်အအုံများ ရှိခဲ့ပါသည်။ မမှန်မကန် တည်ဆောက်မှုဖြင့် ပြတင်းပေါက်မရှိ၊ အမှိုက်ပစ်ရန် နေရာမရှိသော၊ ကျန်းမာရေးနှင့် မကိုက်ညီသော အဆောက်အအုံများ မည်သို့ကြောင့် ပေါ်ပေါက်ခဲ့ပါသနည်း။ မန္တလေးမြို့တွင်လည်း ယခုငလျင်တွင် တစ်မြို့တည်းတစ်လမ်းတည်းတွင်ပင် အချို့အဆောက်အအုံများ ပြိုကျပျက်စီးကြပြီး အချို့မှာ မပျက်မစီးတည်မြဲခဲ့ကြပါသနည်းဆိုသော မေးခွန်းပေါ်ပေါက်လာပါသည်။
ဤမေးခွန်းအတွက် အဖြေသည်တစ်ခုတည်း မဟုတ်နိုင်ဘဲ အချက်များရှိပါမည်။ ဖြစ်ခဲ့သည်များမှ တစ်ချက်မှာ ဆောက်လုပ်သူကန်ထရိုက်များက BP ဆောက်လုပ်ခွင့်ပါမစ်တင်သည့်ပုံများက တစ်မျိုး၊ လက်တွေ့ဆောက်သည့်အခါ ဆောက်လုပ်ရေးပစ္စည်းများ လျှော့ခြင်းလည်းဖြစ်နိုင်သည်။ ယခု ငလျင်တွင် ပြိုပျက်ခဲ့သော အဆောက်အအုံတို့တွင် တွန်းအား၊ ထမ်းအားများကို သယ်ပိုးရသော အစိတ်အပိုင်းများ Structural members များ လွန်စွာသေးနေခြင်းကို တွေ့ရသောကြောင့် ထိုအဆောက်အအုံသည် တတ်ကျွမ်းသော လိုင်စင်ရ Structural engineer က တွက်ချက်ခဲ့ခြင်း မဖြစ်နိုင်ပါ။ အခြားအကြောင်းတစ်ချက်သည် BP ရရှိရန် တင်စဉ်က တွက်ချက်လက်မှတ်ထိုးခဲ့သော Specialists ပညာရှင်ကြီးများကို ဆောက်လုပ်သည့်အခါ လုပ်ငန်းအပ်သူ သူဌေးကြီးများက ဆက်လက်အသုံးမပြုတော့ဘဲ ကိုယ်တိုင်ဝင်ကြီးကြပ်ကြသည်လည်း ကိုယ်တိုင်တွေ့ကြုံဖူးပါသည်။ ဤဆောင်းပါးဘောင်အတွင်း ပြီးခဲ့သော ဖြစ်ရပ်များကို ရှာဖွေရန် မရည်ရွယ်ဘဲ မိမိတို့ နောက်နောင် ဆောက်လုပ်ကြသည့်အခါ ယခုရရှိခဲ့သော သင်ခန်းစာများကို အခြေခံ၍ နောင်ထိုကဲ့သို့ မြေငလျင်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာလျှင် လူ့အသက်များနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးမှုမရှိစေရန် သို့မဟုတ် များစွာလျော့နည်းစေသော စနစ်များကို လက်ခံကျင့်သုံးသင့်ကြသည်များကို ဆွေးနွေးရန်ဖြစ်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းတွင် ရင်းနှီးကြခြင်းသည် တိုင်းပြည်အတွက် အကျိုးရှိသည်မှာ ထင်ရှားပါသည်။ ဟိုတယ်ကြီးများမှ မိမိတို့တိုင်းပြည်အတွက် နိုင်ငံခြားငွေရရှိကြသည်။ တိုက်ခန်းများမှ အချို့သူများ နေထိုင်စရာရရှိကြသည်။ ဆောက်လုပ်ရေးကဏ္ဍတွင် ပါဝင်သော အဖွဲ့အစည်းများကို အုပ်စုလိုက် ခွဲခြားကြည့်လျှင် (၁) ဟိုတယ်ကြီးများ၊ ကွန်ဒိုတိုက်ကြီးများ ပေါ်ပေါက်လို၍ အရင်းအနှီးစိုက်ထုတ်သူများ၊ (၂) ထိုရင်းနှီးမြှုပ်နှံသူ သူဌေးကြီးများ ကောင်းမွန်ခိုင်ခံ့သော အဆောက်အအုံကြီးများရရှိရေးတွင် ပါဝင်ကူညီပေးမည့် ဗိသုကာများနှင့် အထူးကျွမ်းကျင် အင်ဂျင်နီယာပညာရှင်များ၊ (၃) ကောင်းမွန်ခိုင်ခံ့သော အဆောက်အအုံကြီးများကို အာမခံတည်ဆောက်ပေးသည့် Construction Companies ဆောက်လုပ်ရေးကုမ္ပဏီများဟု အုပ်စု ၃ စုရှိကြသည်။
ထို Interest groups ရည်ရွယ်ချက်နှင့် လုပ်ငန်း ရပ် ၃ အုပ်စုတို့အပြင် ပြည်သူလူထုဘေးအန္တရာယ်ကင်းရေး၊ လူများကျန်းမာရေးအတွက် သင့်လျော်သော၊ သာယာသော လူ့ပတ်ဝန်းကျင်ပေါ်ပေါက်ရေးကို ဦးတည်ရသော နိုင်ငံတော်အစိုးရကို ကိုယ်စားပြုသော စည်ပင်သာယာရေးကော်မတီများရှိသည်။ အထက်တွင် ဖော်ပြခဲ့သော Interest groups ရည်ရွယ်ချက်နှင့် လုပ်ငန်းရပ် ၃ အုပ်စုတို့တွင် ဒုတိယအုပ်စုဝင် ဗိသုကာနှင့် အင်ဂျင်နီယာပညာရှင်များသည် ရင်းနှီးမြှုပ်နှံသူများကို အထောက်အကူပြု ကူညီသူများသာဖြစ်သည်။
အထက်ပါ အုပ်စု ၃ စုတို့ ပူးပေါင်းဆောင်ရွက်ပုံကို စာရေးသူက သင်္ကြန်မတိုင်မီရေးသော ဆောင်းပါးတွင် Tripartite သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ပုံကို ဖော်ပြခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူ သူဌေးကြီးများက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပင်ပန်းစွာဝင်၍ သံမည်မျှထည့်၊ ကွန်ကရစ်အချိုးမည်သို့စပ်၊ တိုင်၏အလျား၊ အနံသည်မည်မျှဖြင့်ဆောက် အစရှိသည်များကို ညွှန်ကြားကြပါလျှင် ထိုသူတို့သည် ထိုပညာတွင် ကျွမ်းကျင်သူများမဟုတ်သဖြင့် ယခုလက်တွေ့ကြုံခဲ့သကဲ့သို့ လူ့အသက်ပေါင်းများစွာနှင့် ပစ္စည်းပေါင်းများစွာ ဆုံးရှုံးနိုင်ပါသည်။
အကောင်းဆုံး၊ အသင့်လျော်ဆုံးသောနည်း မှာ Tripartite သုံးပွင့်ဆိုင်စနစ် ပေါ်ပေါက်ပြီး ရင်းနှီးမြှုပ်နှံသူများကို “ကန်ထရိုက်” သို့မဟုတ် “ဆောက်လုပ်ရေးလုပ်ငန်းရှင်” ဟူသော အခေါ်များ အစား “ရင်းနှီးမြှုပ်နှံသူ” Investor သို့မဟုတ် Real Estate Developer ဟု ခေါ်ဆိုသင့်ပြီး လက်တွေ့ဆောက်လုပ်ရသူများကိုသာ ဆောက်လုပ်ရေးကုမ္ပဏီ Construction Companies ဟု ခေါ်ဆိုသင့်ပါသည်။ အရေးကြီးသောအချက်သည် ရင်းနှီးမြှုပ်နှံသူ Real Estate Developer များ၏ လုပ်ငန်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ ခွဲခြားကြရပါမည်။ မြန်မာပြည်တွင် သီးသန့်ဆောက်လုပ်ရေးကုမ္ပဏီ Construction Companies များရှိပါသည်။ ထိုကဲ့သို့ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ကြပါက အဆောက်အအုံများပျက်စီးလျှင် ဆောက်လုပ်ရေးကုမ္ပဏီများ၏ တာဝန်သာဖြစ်ရမည်။ ဆောက်လုပ်ရေးကုမ္ပဏီများက ကျွမ်းကျင်အင်ဂျင်နီယာများထားရှိခြင်း၊ နှစ်ပေါင်း ၂၀ - ၃၀ အာမခံထားရှိခြင်း စသောစနစ်များနှင့် လုပ်ကိုင်သင့်ကြပါသည်။
Planning Permit and Zoning Regulations ကြိုတင်ဆောက်လုပ်ခွင့်နှင့် မြို့တွင်းဇုန်များအတွက် စည်းမျဉ်းများလိုအပ်ချက်
အထက်တွင် ဆောက်လုပ်ခွင့်ရရှိရေးလိုအပ်ချက်များကို တင်ပြခဲ့ပါသည်။ ယခုအပိုဒ်တွင် မိမိတို့နိုင်ငံရှိ မြို့များတွင် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးနှင့် အခြားသော မြို့ပြဖွံ့ဖြိုးရေးတွင် လိုအပ်ချက်များကို တင်ပြအပ်ပါသည်။ ရန်ကုန်၊ မန္တလေးနှင့် အခြားမိမိတို့မြန်မာ့မြို့များမှာ မိမိတို့၏ ယဉ်ကျေးမှုအဆင့်၊ မိမိတို့လူ့ဘောင်၏ ကြန်အင်လက္ခဏာများကို ဖော်ပြလျက်ရှိသည်။ ယခုကဲ့သို့ ပြန်လည်တည်ဆောက်ကြသည့် အခါတွင်လည်းကောင်း၊ အဆောက်အအုံသစ်များ ဆောက်လုပ်သည့် အခါတွင်လည်းကောင်း အထပ်မြင့်အဆောက်အအုံများသည် မိမိတို့၏ အထွတ်အထိပ်ဖြစ်သည့် ဘုရားစေတီပုထိုးများကို လွှမ်းခြင်းမရှိသင့်ပါ။ သမ္မတကြီး ဦးသိန်းစိန်အစိုးရ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်လက်ထက်တွင် မြန်မာတို့၏ အထွတ်အထိပ်ဖြစ်သော ရွှေတိဂုံစေတီတော်ဝန်းကျင်အဆောက်အအုံများကို စေတီတော်ရင်ပြင်ထက်ပို၍ မမြင့်ရန်စည်းကမ်းကို လက်ခံကျင့်သုံးခဲ့ကြသည်။ မန္တလေးမြို့တွင်လည်း သမ္မတကြီး ဦးသိန်းစိန်အစိုးရ၊ ဝန်ကြီးချုပ် ဦးရဲမြင့်လက်ထက်တွင် နန်းမြို့ရိုးပတ်လည်နှင့် မန္တလေးတောင်မြင်ကွင်းကို ကွယ်စေသည့် ၆၆ လမ်းတစ်လျှောက်တွင် အဆောက်အအုံ အမြင့်သတ်မှတ်ချက်စည်းကမ်းများထားရှိခဲ့သည်။
မြန်မာမြို့များ ကြန်အင်လက္ခဏာထိန်းသိမ်းရေးအပြင် လမ်းဆုံလမ်းခွများတွင်ကပ်၍ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်လျှင် ယာဉ်ကြောပိတ်ဆို့ခြင်း၊ ထိုနေရာများတွင် ယာဉ်ရပ်နားရန် နေရာမရှိခြင်း စသည်တို့ကြောင့် မြို့များတွင် Zoning plans များ ထားရှိကြပါသည်။ Zoning plans များတွင် မြို့တွင်းဇုန်တို့အလိုက် Building heights ဆောက်ခွင့်ရှိသောအမြင့်၊ Floor area densities ကြမ်းခင်းဧရိယာသိပ်သည်းမှု၊ Set-back distance လမ်းမှ နောက်ဆုတ်ရန်အကွာအဝေးအစရှိသည်တို့ကို သတ်မှတ်ပါသည်။ ထိုအချက်နှင့် တွဲဖက်၍ အထက်တွင် ဆွေးနွေးခဲ့သော B.P. ဆောက်လုပ်ခွင့်ပါမစ်မတင်မီ Planning Permit ဟုခေါ်သော “အကြိုဆောက်လုပ်ခွင့်” ကိုတင်သော စည်းကမ်းထားကြသည်။ ထို P.P. “အကြိုဆောက်လုပ်ခွင့်” တွင် အထက်၌ ဆွေးနွေးခဲ့သော အသေးစိတ်ပုံများ၊ Structural calculations စသည်တို့မပါသေးဘဲ ဗိသုကာပုံစံများသာ လိုအပ်သည်။ ထိုသို့ Planning Permit ခေါ် “အကြို ဆောက်လုပ်ခွင့်” ထားရှိခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူတို့သည် ဗိသုကာများ၏အကူအညီနှင့် ဆောက်လုပ်မည့်အဆောက်အအုံ၏ အတိုင်းအတာ၊ အမြင့်၊ ရရှိနိုင်မည့် အခန်းပေါင်းစသည်တို့ကို ကြိုတင်တွက်ချက်နိုင်ပါသည်။
အကျဉ်းချုံးအဆိုပြုချက်များ
ဤဆောင်းပါးမှ အချက်အားလုံးတို့ကိုခြုံ၍ တင်ပြရပါလျှင် (၁) ယခု မတ်လတွင် ကြုံခဲ့ရသော အသက်နှင့်အိမ်ရာများ ဆုံးရှုံးသူများ ပြန်လည်တည်ဆောက်ရေးတွင် ဘဏ်ချေးငွေစနစ်ဖြင့်လည်း ပါဝင်ကူညီသင့်ပါကြောင်း တင်ပြအပ်ပါသည်။ (၂) Real Estate Developer ဟု ခေါ်ဆိုသင့်သော ရင်းနှီးမြှုပ်နှံသူများ၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျွမ်းကျင်သည့် ဗိသုကာနှင့် အင်ဂျင်နီယာပညာရှင်ကြီးများနှင့် ဆောက်လုပ်ရေးကမ္ပဏီ Con-struction Companies တို့သည် Tripartite သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ကြလျှင် နောက်နောင်ဘေးအန္တရာယ်များ ပေါ်ပေါက်လာလျှင် လူ့အသက်များနှင့် ပစ္စည်းများ ဆုံးရှုံးခြင်းများ များစွာလျော့နည်းပေမည်။ (၃) မိမိတို့ ပတ်ဝန်းကျင်၊ မိမိတို့မြို့ရွာများသည် မိမိတို့၏ ဘဝ၊ မိမိတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ထုတ်သည်။ မိမိတို့၏ ယဉ်ကျေးမှုအရ မိမိတို့၏ ဘုရားစေတီပုထိုးများအပေါ် အထပ်မြင့်အဆောက်အအုံများဖြင့် လွှမ်းမိုးခြင်း၊ စေတီပုထိုးများ၏ အမြင်လမ်းကြောင်း ပိတ်ဆို့ခြင်းများ မဖြစ်အပ်ပေ။ မိမိတို့၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရန်နှင့် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုအစရှိသောအထွေထွေ ပြဿနာများ လျော့နည်းစေရန် Zoning plans များ ထားရှိကြရန် လိုအပ်ပါသည်။
Source: MOI

ယနေ့ကမ္ဘာ့အခြေအနေကို ပြန်တွေးဆကြည့်မယ်ဆိုရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ ချစ်ကြည်ရင်းနှီးမှုတွေကို ပိုမိုတိုးမြှင့်တည်ဆောက် လာခဲ့ကြတာတွေ့ရမှာပါ။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံအားလုံးက ချစ်ကြည်ရင်းနှီးမှုတွေတည်ဆောက်နေကြတာတော့ မဟုတ်ပါဘူး။ တစ်ဖက်က ဧကဝင်ရိုးကိုလိုလားတဲ့ နိုင်ငံတွေနဲ့ အခြားတစ်ဖက်မှာကျတော့ ဗဟုဝင်ရိုးကိုလိုလားတဲ့ နိုင်ငံတွေဆိုပြီး ဖြစ်တည်လာကြတာပါ။

ဒီနေရာမှာ ဧကဝင်ရိုးနဲ့ ဗဟုဝင်ရိုးဆိုတာကို အနည်းငယ်ရှင်းပြချင် ပါသေးတယ်။ ဧကဝင်ရိုးကမ္ဘာကြီးဆိုတာက တစ်ကမ္ဘာလုံးရဲ့အခင်း အကျင်းအဖြစ်အပျက်အားလုံးက အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အင်အားကြီးအုပ်စုတစ်ခုရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိ သွားတာမျိုး ဖြစ်ပါတယ်။ ဗဟုဝင်ရိုးကမ္ဘာဆိုတာ ကမ္ဘာ့နိုင်ငံအားလုံးက ဧကဝင်ရိုးလိုမျိုး ဗဟိုထိန်းချုပ်မှုကနေလွတ်ကင်းပြီး အမှန်တကယ် လွတ်လပ်တဲ့နိုင်ငံများအဖြစ်သို့ ဦးတည်လျှောက်လှမ်းနေတဲ့ အခြေအနေဖြစ်ပါတယ်။
ဗဟုဝင်ရိုးကမ္ဘာကြီးကို တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာ
ဒီတော့ ဧကဝင်ရိုးနဲ့ဗဟုဝင်ရိုးမှာဆိုရင် သွားတဲ့ပုံစံချင်းလည်းမတူသလိုရရှိလာတဲ့ အကျိုးကျေးဇူးချင်းလည်းမတူပါဘူး။ ဧကဝင်ရိုးကနေရရှိလာတဲ့အကျိုးကျေးဇူးက တစ်ဦးကောင်း၊ တစ်အုပ်စုကောင်းအတွက်သာဖြစ်ပေမယ့် ဗဟုဝင်ရိုးကနေရရှိလာတဲ့ အကျိုးကျေးဇူးကျတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ကိုယ့်အတွက်ကျန်မှာ ဖြစ်သလို အဲဒီအကျိုးရလဒ်ကိုလည်း ဘယ်သူ့ကိုမှပြန်ခွဲပေးစရာမလိုပါဘူး။ ဒါကြောင့် ကမ္ဘာ့နိုင်ငံများက ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာနေကြတာဖြစ်ပါတယ်။
ဒီလိုမျိုး ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်နိုင်ဖို့အတွက် ရုရှား၊ တရုတ်၊ ဘရာဇီးတို့လိုမျိုး အင်အားကြီးနိုင်ငံများက ဦးဆောင်လျက်ရှိပါတယ်။ ဥပမာ BRICS ဆိုတဲ့အဖွဲ့အစည်းကို ကြည့်လိုက်ရင်တွေ့ရမှာပါ။ အဲဒီအဖွဲ့အစည်းကြီးက သူတို့ကိုယ်တိုင်လည်း ရှေ့ဆောင်လမ်းပြအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေသလို သူတို့နဲ့လက်တွဲပါဝင်လိုတဲ့ အင်အားနည်းနိုင်ငံများကိုလည်း အတူတကွဆွဲခေါ်နေတာတွေ့ရပါတယ်။
ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့
နိုင်ငံရေးဆိုတာ အင်မတန်မှပါးနပ်ဖို့လိုပါတယ်။ ဒီအရေးက ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်လာပြီဆိုရင်တော့ အလွန်ကိုကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်မှသာ ကိုယ့်အတွက်အကျိုးကျေးဇူးများစွာ ရရှိစေမှာပါ။ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံ့တာဝန်များကို ခေတ္တတာဝန်ယူဆောင်ရွက် နေရတယ်ဆိုပေမယ့်လည်း ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်ပြီး လုပ်ဆောင်ရမယ့် အရေးကိစ္စတွေမှာဆိုရင် လိမ္မာပါးနပ်လွန်းစွာ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင်တည်ဆောက်ခဲ့ရုံသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံတော်တာဝန်များကို ယူထားရတဲ့ကာလတစ်လျှောက်လုံးမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရုရှားနိုင်ငံကို လေးကြိမ်မြောက် ချစ်ကြည်ရေးခရီးသွားရောက်ကာ ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်နဲ့ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးတွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံကြားအကျိုးရှိစေမယ့် စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်ရေးအတွက်သာမက မြန်မာနိုင်ငံအတွက် အကျိုးများမယ့်ကူညီမှုများပေးအပ်ရေးအတွက်လည်း သဘောတူညီခဲ့ကြပါတယ်။ အခုဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ငါးကြိမ်မြောက် ချစ်ကြည်ရေးခရီးသွားရောက်ရာကနေ ပြန်လည်ရောက်ရှိလာပါပြီ။
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်
ယခုတစ်ခေါက် ချစ်ကြည်ရေးခရီးစဉ်က ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့အတူ ဆက်စပ်အခမ်း အနားတွေကို တက်ရောက်ဖို့အတွက်သွားခြင်းဖြစ်ပါတယ်။ ဒီခရီးစဉ်ကို လာဖို့ကိုလည်း ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်ကိုယ်တိုင်က ပြီးခဲ့တဲ့တစ်ခေါက်တွေ့ဆုံမှုမှာ ဖိတ်ကြားလိုက်တာပါ။ ထူးခြားတာက ဒီတစ်ခေါက်ခရီးစဉ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးကိုယ်တိုင်ကလည်း နိုင်ငံတကာနဲ့မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးရေးရာကိစ္စတွေမှာပါ။
အခွင့်အလမ်းတွေ ပေါ်ထွန်းလာ
နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက မေလ ၈ ရက်နံနက်ပိုင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ ဗယ်လက် တီနာမတ်ဗီယန်ကိုနဲ့ တွေ့ဆုံပြီး ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား ပညာရေး၊ စီးပွားရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာဥက္ကဋ္ဌ အန်နာနက်စတီရိုဗာနဲ့တွေ့ဆုံပြီး အမျိုးသမီးရေးရာအခန်းကဏ္ဍအားပေးမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ တာတွေ့ရပါတယ်။ ဒီလိုမျိုးတွေဆွေးနွေးနိုင်ခြင်းဟာ သိပ်ကို ကောင်းမွန်တဲ့လက္ခဏာတစ်ခုလို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကျား၊ မ ခွဲခြားခြင်းမရှိတဲ့ အားလုံးကိုတစ်ပြေးညီဆက်ဆံနေတဲ့နိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာသာမကကမ္ဘာမှာပါ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုကို အားပေးမြှင့်တင်နိုင်မယ့် အခွင့်အလမ်းတွေပေါ်ထွန်းလာလို့ ဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အခုသွားခဲ့တဲ့ရုရှားခရီးစဉ်မှာ နောက်ထပ်ထူးခြားမှုတစ်ခု ရှိပါသေးတယ်။ အထက်မှာဆိုခဲ့တဲ့အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရုရှားနိုင်ငံကကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့ ဆက်စပ်အခမ်းအနားတွေကို တက်ရောက်ခြင်းဖြစ်ပါတယ်။ ထူးခြားမှုကတော့ အဲဒီစစ်ရေးပြအခမ်းအနားမှာ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲက ရင်ပြင်နီမှာပါဝင် တက်ရောက်စစ်ရေးပြခွင့်ရရှိခဲ့တာပါ။ ဒီလိုမျိုးပါဝင်ခွင့်ရခြင်းဟာ သမိုင်းတစ်လျှောက်မှာ ပထမဆုံးဖြစ်ပါတယ်။ မြန်မာ့တပ်မတော် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲက တရုတ်၊ ဗီယက်နမ်၊ လာအို အစရှိတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံနဲ့အတူ စစ်ရေးပြခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ပါဝင်စစ်ရေးပြခွင့်ရရှိခြင်းက မြန်မာ့တပ်မတော်ကို ကမ္ဘာ့အသိုင်း အဝိုင်းမှာ ပိုမိုထင်ရှားလာစေပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံအကျိုးအတွက် ဖော်ဆောင်ရတဲ့ ပြည်ပခရီးစဉ်တွေမှာ အမြဲတမ်းတက်တက်ကြွကြွရှိလှတဲ့ ပုံစံအတိုင်းပဲ အခုတစ်ခေါက်မှာလည်း နိုင်ငံအတွက်အကျိုးရှိမယ့်တွေ့ဆုံမှုတွေကို တက်ကြွစွာဆောင်ရွက်ခဲ့ တာတွေ့ရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကိုရောက်ရှိပြီး နောက်တစ်ရက်နံနက်ပိုင်းမှာပဲ ရုရှားနိုင်ငံရဲ့ နာမည်ကျော်သတင်း ဌာနတွေဖြစ်တဲ့ RT TV Channel နဲ့ Krasnaya Zvezda သတင်းစာတို့ရဲ့ တွေ့ဆုံမေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ပြည့်ပြည့်စုံစုံ ဖြေကြားပေးပါတယ်။ ဒီသတင်းဌာနတွေရဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ပြန်လည်ဖြေကြားမှုတွေက မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ချစ်ကြည်ရေးကို ခိုင်မာစေရုံသာမက မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်များကိုလည်း ကမ္ဘာကသိရှိခွင့်ရမှာဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မေလ ၈ ရက် ညနေပိုင်းမှာတော့ ကာဇက်စတန်နိုင်ငံသမ္မတနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲအခမ်းအနားသို့ အခြားသောနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ တက်ရောက်ပြီး ရုရှားသမ္မတနဲ့တွေ့ဆုံကာ ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့တာလည်းတွေ့ရပါတယ်။ မေလ ၉ ရက် နံနက်ပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရင်ပြင်နီမှာကျင်းပတဲ့ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲနှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်း အနားသို့တက်ရောက်ပါတယ်။ ပြီးတဲ့အခါ အခြားနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ အညတရစစ်သည်ဗိမာန်သို့သွားရောက်၍ ပန်းခွေချ အလေးပြုပါတယ်။ ပြီးနောက် ရုရှားသမ္မတမစ္စတာဗလာဒီမာပူတင် ရဲ့ရုံးခန်းမှာ နေ့လယ်စာသုံးဆောင်ပါတယ်။
တကယ်တော့ မေလ ၉ ရက်ဆိုတာ နိုင်ငံတော်ဝန်ကြီးချုပ်အတွက် အလုပ်အများဆုံးသောနေ့တစ်နေ့ဖြစ်သလို အကျိုးအများဆုံးသောနေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ဒီအခမ်းအနားကိုတက်ရောက်ခဲ့တဲ့အတွက် နိုင်ငံတကာမှခေါင်းဆောင်များနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့အတွက်ကို ဆွေးနွေးနိုင်ခဲ့ပါတယ်။
ပူးပေါင်းဆောင်ရွက်ရေးအမြင်ချင်းဖလှယ်ဆွေးနွေး
နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မေလ ၉ ရက်ညနေပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံစဉ်မှာ နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ပတ်သက်ပြီး ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား နှစ်နိုင်ငံဆက်ဆံရေးက ဒီနှစ် မှာ စိန်ရတုတိုင်ပြီဖြစ်ပါတယ်။ ဒီကာလအတွင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် ကူညီမှုတွေပေးခဲ့သလို မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းနိုင်ငံအဖြစ် ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတကာခေါင်းဆောင်များနဲ့တွေ့ဆုံစဉ်မှာ အမြဲမပြတ်ပြောနေကျ စကားတစ်ခု ရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့အကြောင်းနဲ့ အဲဒီရွေးကောက်ပွဲကိုလည်း နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကို ဖိတ်ကြားသွားမယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်က အခုလို တရုတ်နိုင်ငံသမ္မတနဲ့တွေ့ဆုံစဉ်မှာ ဒီအကြောင်းကိုလည်း ထပ်လောင်းပြောခဲ့တာ တွေ့ရပါတယ်။ ဒါဟာ နိုင်ငံတော်အကြီးအကဲတစ်ဦးအနေနဲ့ ကမ္ဘာသိအသိပေးခြင်း ဖြစ်တာကြောင့် နိုင်ငံတကာစာမျက်နှာမှာလည်း မြန်မာနိုင်ငံရဲ့ပုံရိပ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဖော်ဆောင်နေတဲ့ခါးပတ်တစ်ကွင်း၊ လမ်းတစ်ကြောင်းဆိုတဲ့စီမံကိန်းကြီးအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး တက်ကြွစွာပါဝင်ဆောင်ရွက်မယ် ဆိုတဲ့အကြောင်း၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မြှင့်တင်ရေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို နိုင်ငံတော်ဝန်ကြီးချုပ်က ပြောဆိုဆွေးနွေးခဲ့တာတွေ့ရပါတယ်။ ဒီလိုဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ဖွံ့ဖြိုးတိုးတက် မှုတွေကိုဖြစ်ပေါ်လာစေမှာပါ။
မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံ
နောက်တစ်ခုက တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ထောက်ခံကြောင်း၊ နိုင်ငံတည်ငြိမ်ရေးနဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အစိုးရရဲ့ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့အကြောင်းတွေ ပြောခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုးပြောဆိုမှုတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကတိပြုမှုတွေလို့ပြောရင် လည်းမမှားပါဘူး။
မေလ ၁၀ ရက်မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့ အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကိုအောင်မြင်ချောမွေ့စွာ ပြန်လည်ရောက်ရှိလာပါပြီ။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အခုတစ်ခေါက်ခရီးစဉ်မှာ မြန်မာနိုင်ငံအတွက်များလှစွာသော အကျိုးကျေးဇူးများကို ပြန်လည်သယ်ဆောင်လာခဲ့တယ်လို့ဆိုရပါမယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အခင်းအကျင်းသစ်မှာ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်မယ့်အခြေအနေသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်နိုင်တဲ့ အခွင့်အရေးရရှိခဲ့ပါတယ်။ နောက်ထပ် မြန်မာနိုင်ငံအတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ အမျိုးသမီး ရေးရာအခန်းကဏ္ဍကို နိုင်ငံတကာအထိ ထိုးဖောက်နိုင်မယ့်အခွင့်အရေး၊ မြန်မာ့တပ်မတော်ကို ကမ္ဘာ့နိုင်ငံများရဲ့ တပ်မတော်များနဲ့ ရင်ပေါင်တန်းနိုင်မယ့်အခွင့်အရေး၊ မြန်မာနိုင်ငံရဲ့အနာဂတ် ပိုမိုတောက်ပလာမယ့် အခွင့်အရေးတွေကို ဆောင်ကြဉ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယနေ့ကမ္ဘာ့နိုင်ငံတချို့ဟာ ဧကဝင်ရိုးနဲ့အသားကျနေကြတာများ ပါတယ်။ အဓိကကတော့ ဧကဝင်ရိုးကနေ အကျိုးအမြတ်ကြီးစွာရရှိနေတဲ့ လက်တစ်ဆုပ်မျှသောနိုင်ငံများက ဒီအခြေအနေကနေ တခြား အခြေအနေတစ်ခုကို ပြောင်းလဲသွားမှာမလိုလားကြပါဘူး။ ဒါကြောင့်လည်း ဧကဝင်ရိုးကမ္ဘာကြီးကို ဆက်လက်လည်ပတ်နိုင်ဖို့ ကြိုးပမ်းအားထုတ်လာကြချိန်မှာ ကျန်ရှိတဲ့နိုင်ငံတွေကတော့ နိုင်ငံများအတွက် ကိုယ်စီအကျိုးကျေးဇူးရရှိစေမယ့် ဗဟုဝင်ရိုးကမ္ဘာကြီးကို အကောင် အထည်ဖော်လာနေပြီဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဗဟုဝင်ရိုးကမ္ဘာကြီးကို အကောင်အထည်ဖော်နေကြသူများမှာ တူညီသော အကျိုးစီးပွားပန်းတိုင်ရှိပါတယ်။ အဲဒီပန်းတိုင်ကတော့ မျှဝေသောအနာဂတ်နဲ့ အေးအတူပူအမျှရှိတဲ့ အသိုက်အဝန်းကိုတည်ထောင်သွားဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်ဟာ အကျိုးစီးပွားချင်းထပ်လို့ ကောင်းမြတ်တဲ့ ခရီးစဉ်တစ်ခုဖြစ်လာပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

သစ်ပင်တစ်ပင် ရှင်သန်ဖြစ်ထွန်းအောင်မြင်စေရန် သစ်မျိုး၊ မြေ၊ ရေ၊ ရာသီဥတုတို့အပေါ် များစွာမူတည်ပေသည်။ သစ်မျိုးအလိုက် ရှင်သန်အောင်မြင်ဖြစ်ထွန်းသည့် ရပ်ဝန်းရှိကြပါသည်။ မြန်မာတို့၏ ရှေးကဘိုးဘွားတို့ အစဉ်အဆက်စိုက်ပျိုးခဲ့သော သစ်ပင်များမှာ လက်ရှိ လူသားမျိုးဆက်တို့ကို အကျိုးပြုလျက်ရှိနေသကဲ့သို့ လက်ရှိမျိုးဆက်တို့ကလည်း နောင်လာမည့် မျိုးဆက်များအတွက် သစ်ပင်စိုက်ပျိုးခြင်းကို ပြုကြရမည်ဖြစ်သည်။

သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေခြင်း၊ ရာသီဥတုညီညွတ်မျှတစေခြင်းအပြင် မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသနှင့် သန့်စင်သောလေရရှိခြင်း၊ သစ်ပင်ရှင်သန်နေစဉ် အသီးအပွင့်အရွက်စသည်တို့ ခံစားရရှိခြင်း၊ နေစရာအတွက် သစ်၊ တိုင်၊ မျော အလွယ်တကူရရှိပြီး ပိုလျှံက ရောင်းချခြင်းဖြင့် ဝင်ငွေရရှိခြင်း၊ သားငှက်တိရစ္ဆာန်များအတွက် အစာရေစာနှင့် နားနေရာရရှိခြင်းစသည့် လက်ငင်းအကျိုးကျေးဇူးများရရှိပါမည်။
မြန်မာလူမျိုးတို့သည် ကိုးကွယ်သည့်ဘာသာတရား၏ အဆုံးအမအရသော်လည်းကောင်း၊ မိရိုးဖလာအစဉ်အလာအရသော်လည်းကောင်း ဟိုးပဝေသဏီကပင် မိုးကြို၊ မိုးဦးကာလမှသည် မိုးကာလ မြေဆီစိုခိုက်အချိန်တွင် သစ်ပင်စိုက်ခြင်းကိုဆောင်ရွက်ကြပါသည်။
ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ စိုက်ကြ
သစ်ပင်စိုက်ခြင်းကို ပသာဒဖြစ်စေရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကောင်းမွန်လာစေရန်၊ သဘာဝတောများမှ ထုတ်ယူသုံးစွဲမှုလျှော့ချရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ သစ်တောများရေရှည်တည်တံ့စေပြီး စဉ်ဆက်မပြတ် အကျိုးရရှိစေရေးအတွက် ပြုစုထိန်းသိမ်းရေးနှင့် စနစ်တကျထုတ်ယူသုံးစွဲရေးဆိုင်ရာ အသိအမြင်များတိုးပွားပြီး သိရှိလိုက်နာစေရန်၊ ဒေသခံများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်အမျိုးမျိုးနှင့် သစ်ပင်များကို တစ်နိုင်တစ်ပိုင်၊ တစ်အုပ်တစ်မ၊ အစုအဝေးလိုက် ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ စိုက်ကြပါသည်။ နိုင်ငံတစ်ဝန်းတွင် နေရာဒေသအလိုက် ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက်နှင့် အထိမ်းအမှတ်နေ့များ စသည်ဖြင့် လူစုလူဝေး အင်အားသုံး မိုးရာသီသစ်ပင်စိုက်ပွဲများလည်း နှစ်စဉ်ပြုလုပ်ကြပါသည်။ အားရစရာကြီးပင်။ သစ်ပင်စိုက်ခြင်းကို ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲများကလည်း အားပေးအားမြှောက်ပြုခဲ့ကြပါသည်။
သစ်ပင်စိုက်တိုင်း မိမိတို့၏ရည်ရွယ်ရင်းအတိုင်း အကျိုးများသည့် သစ်ပင်များအဖြစ် ရှင်သန်ဖြစ်ထွန်းအောင်မြင်ပါရဲ့လား။ အသွင်သဏ္ဌာန်နှင့် အနှစ်သာရ အပြည့်အဝဖြစ်ပါရဲ့လား။ သစ်ပင်စိုက်လျှင် ရှင်သန်ချင်လိုက်နာကြဖို့ အသိယှဉ်စေချင်ပါသည်။
ဥပမာ ကျွန်းဆိုပါစို့၊ မိုးရေချိန်လက်မ ၆၀ မှ ၈၀ ကြား၊ ရေစီးရေလာကောင်းပြီး မြေသြဇာထက်သန်သည့် မြေအမျိုးအစားတွင် ရှင်သန်ဖြစ်ထွန်းအောင်မြင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ဒေသတွင် ကျွန်းပင်စိုက်သော် ရှင်နိုင်သော်လည်း မဖြစ်ထွန်း မအောင်မြင်နိုင်ပါ။ ထိုအပင်မျိုးက အောင်လုံကောင်းမွန်သော ကျွန်းမျိုးဆက်များကို ပေးနိုင်စွမ်းမည်လည်းမဟုတ်ပါ။ ကျွန်း၏မျိုးရိုးဗီဇအရည်အသွေးကိုပင် ယုတ်လျော့ကျဆင်းစေနိုင်ပါသည်။ အလားတူ ဒီရေတောသစ်မျိုးများကို တောင်ပေါ်ဒေသ၊ အအေးပိုင်းဒေသ သစ်မျိုးများကို အပူပိုင်းဒေသတို့တွင်စိုက်က ရှင်သန်အောင်လုံမှု မရှိနိုင်ပါ။ သစ်မျိုးရွေးချယ်ရာတွင် ဒေသ၏ရေမြေရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် ဒေသသစ်မျိုးများကို ဦးစားပေး ရွေးချယ်ရမည်ဖြစ်ပြီး စိုက်သည့်ရည်ရွယ်ချက်မှာ လောင်စာအတွက် ဖြစ်ပါက အကြီးမြန်သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း၊ စီးပွားဖြစ် သစ်တိုင်မျောအတွက်ဆိုပါက စျေးကွက်မှတောင်းဆိုသည့် အဖိုးတန် သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း စိုက်ရမည်ဖြစ်သည်၊၊
မြေရှိလျှင် သစ်ပင်စိုက်၍ ရပါသည်။ စိုက်သည့်မြေတွင် သစ်မျိုးအလိုက် အပင်ဖြစ်ထွန်းချင်မှဖြစ်မည်။ မြေဆီမြေနှစ် မြေသြဇာကင်းမဲ့ သောမြေ၊ အပင်အတွက်လိုအပ်သော အစိုဓာတ်မထိန်းသောမြေမှာ သစ်ပင်စိုက်က ရှင်သန်ရန်ခဲယဉ်းပါသည်။ အပင်ရှင်သန်ရန် ရေလို သလို လိုသည်ထက်ပိုသောရေဝပ်နေရာများ၊ ရေစီးရေလာမကောင်း သောနေရာများတွင် အပင်စိုက်ပါကလည်း မဖြစ်ထွန်းနိုင်ပါ။ အလားတူ ရာသီဥတုကိုလည်း သတိပြုရပါမည်။ ပူပြင်းသော၊ အေးသော၊ မိုးနည်းသော၊ မိုးများသောဒေသအလိုက် ရှင်သန်ဖြစ်ထွန်းမည့် သစ်မျိုး ကိုသာ စိုက်ရမည်ဖြစ်သည်။ စိုက်ပင်တိုင်း ရှင်သန်အောင်မြင်ဖြစ်ထွန်းရေး သစ်မျိုးကို ဦးစားပေးလိုက သစ်မျိုးနှင့် သဟဇာတဖြစ်မည့် မြေနေရာရွေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် မြေနေရာ ဦးစားပေးလိုက မြေနေရာနှင့် လိုက်လျောညီထွေဖြစ်မည့် သစ်မျိုးကို ရွေးစိုက်ရမည်ဖြစ်ပါသည်။
ရှောင်ရှားရမည့်နေရာ
သစ်ပင်စိုက်မည့်မြေနေရာသည် လျှပ်စစ်ဓာတ်အားလိုင်းများ၊ သွယ်တန်းထားသည့် ဓာတ်ကြိုးများအောက်၊ နဂိုရှင်သန်ကြီးထွားပြီး အပင်ကြီးများအောက်၊ လမ်းဘေးဝဲယာဖြစ်က တိုးချဲ့မည့်လမ်း အဆင့်မြှင့်တင်မည့်လမ်းဧရိယာနှင့် လမ်းနယ်နိမိတ်များ၊ အဆောက် အအုံဆောက်မည့်နေရာ၊ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည့် နေရာ၊ ရေဝပ်သည့်နေရာတို့ဖြစ်ပါက ရှောင်ရှားရပါမည်။ ဓာတ်ကြိုးများ အောက်ခြေမှ ပေ ၅၀ ခွာရပါမည်။ ရေဝပ်နေရာဖြစ်ပါက လုံလောက် သောမြေစာဖို့ရပါမည်။ အမြန်လမ်း၊ ဒွေးလမ်းကြီးများ၏ လမ်းလယ်ကျွန်းအပင်စိုက်က အပင်ကြီးသစ်မျိုးအစား အပင်ငယ် သို့မဟုတ် ပသာဒဖြစ်မည့်သစ်မျိုးကို ရွေးရပါမည်။
သစ်ပင်စိုက်ရန် သစ်မျိုး၊ စိုက်မည့်နေရာရွေးချယ်ခြင်း( Choice of species & Site selection)ပြီးနောက် ပျိုးဥယျာဉ်ရှိ ပျိုးပင်များကို ဒဏ်ခံနိုင်စေရန် တစ်နည်းအားဖြင့် အောင်လုံသန်စွမ်းသော ပျိုးပင်ဖြစ်စေရန် ဧပြီလနောက်ဆုံးရက်သတ္တပတ်လောက်မှစ၍ မြေချမစိုက် မီ အချိန်အတွင်း ရေလျှော့လောင်းခြင်း၊ အလင်းဖွင့်ခြင်း (Hard-ening process) စသည့်လုပ်ငန်းများ ဆောင်ရွက်ရပါမည်။ (သစ်တောဦးစီးဌာနသည် သစ်ပင်စိုက်ပြီးရှင်သန်ကြီးထွားမှုကောင်းစေရန် ဒဏ်ခံနိုင်သော၊ အောင်လုံသန်စွမ်းသော အမြင့်နှစ်ပေနှင့်အထက်ရှိ ပျိုးပင်များကို မိုးကာလတွင် ပြည်သူလူထုသို့ အခမဲ့ ဖြန့်ဝေလျက်ရှိပါသည်) စိုက်မည့်အကွာအဝေးအလိုက် ပန္နက်ရိုက်ခြင်း၊ မြေပြုပြင်ခြင်း ဆောင်ရွက်ရပါမည်။
မိုးရေချိန်နည်းပါးသော အပူပိုင်းဒေသများတွင် ရေစုစည်း သိုမှီးနိုင်သည့် အရွယ်အစားရှိ ကျင်းတူးရမည်။ အများအားဖြင့် ၄'x၄'x ၁'/ ၃'x၃'x၁'/၄'x၁'x၁' အရွယ်အစားရှိ ကျင်းအတွင်းအလယ်တွင် တစ်ပေပတ်လည် ချက်ကျင်းတူးရပါမည်။ အပူပိုင်းဒေသမှအပ ကျန် ဒေသများတွင် နှစ်ပေပတ်လည် တစ်ပေအနက်ကျင်း သို့မဟုတ် ပျိုးအိတ်အရွယ်အစားပေါ်မူတည်၍ လိုအပ်သည့်အရွယ်အစား ကျင်းတူးရပါမည်၊ ကျင်းများအတွင်း ရောစပ်ထားသည့်မြေဆွေးများ အလုံအလောက်ထည့်ရပါမည်။
မိုးဦးကာလတွင် သစ်ပင်စိုက်ခြင်း ဆောင်ရွက်
ရေလောင်းပေးနိုင်ပါက မိုးကြိုသစ်ပင်စိုက်ခြင်း၊ သစ်ပင်စိုက်ရန် လုံလောက်သည့် မြေအစိုဓာတ်ရရှိသည့် မိုးဦးကာလတွင် သစ်ပင်စိုက်ခြင်း ဆောင်ရွက်နိုင်ပါပြီ။ ပျိုးဥယျာဉ်တွင် ဒဏ်ခံနိုင်အောင် ပြုစုထားသည့် အောင်လုံသောပျိုးပင်တို့ သယ်ယူချိန်တွင် ပျိုးပင်များ မကျိုးမပျက်စေရန် ပျိုးအိတ်မြေလုံးမကွဲစေရန်သယ်ရပါမည်။
သစ်ပင်စိုက်ကြပါစို့၊ ပျိုးအိတ်မြေလုံးမကွဲစေရန် သတိနှင့်ကိုင်တွယ်ပါ။ ပျိုးအိတ်ကို လက်နှစ်ဖက်ဖြင့် အသာဆုပ်ညှစ်ရပါမည်။ သစ်ပင်စိုက်မည့်ကျင်းအနီး ပျိုးအိတ်ပလတ်စတစ်ကို လက်သည်း သို့မဟုတ် အသွားထက်ဓားသေးသေးဖြင့် ခွဲထုတ်ရပါမည်။ စိုက်ပင်ကို တည့်တည့်မတ်မတ်ထား၍ မြေလုံးကို သတိဖြင့် ကျင်းအတွင်း အသာထည့်ပြီး စိုက်ပင်ဘေးပတ်လည် လေဟာမှုမဖြစ်စေရန် ဖို့မြေကို ဖိသိပ်ပေးရပါမည်။ အပင်အခြေ ရေဝပ်မှုမရှိစေရေး မို့မောက်သည်အထိ ရောစပ်ထားသည့်မြေဆွေးပုံပေးရပါမည်။
စိုက်ပင်များကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသည့် အိမ်မွေးတိရစ္ဆာန်များ၊ အခြားဖျက်ဆီးမှုများမရှိစေရန် အကာအရံ၊ အရံအတားများ စနစ်တကျ ပြုလုပ်ပေးရပါမည်။ လိုအပ်သလို ရေလောင်းပေးခြင်း၊ အရိပ်ပေးခြင်း၊ မြေသြဇာကျွေးခြင်း၊ ပေါင်းသင်ရှင်းလင်း၊ မြေတောင်မြှောက် ခါးဆွခြင်းများ ဆောင်ရွက်ခြင်းဖြင့် ပြုစုထိန်းသိမ်းမှုပြုရပါမည်။
သစ်တောဦးစီးဌာနသည် ၂၀၂၅ ခုနှစ် မိုးကာလတွင် သစ်ပင်စိုက်ရန် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ အာဆီယံလမ်း၊ အမြန်လမ်းနှင့် လမ်းဘေးဝဲယာများကို အထူးလုပ်ငန်းတစ်ရပ်အနေဖြင့် အပင်စိုက်ခြင်း၊ နိုင်ငံတစ်ဝန်း မိုးကြို/မိုးကာလသစ်ပင်စိုက်ပွဲတော်များကျင်းပခြင်း၊ ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများသို့ ဖြန့်ဝေခြင်းတို့အတွက် သစ်မျိုးစုံ၊ ဝါးမျိုးစုံ ပျိုးပင် ၂၁ သန်းနီးပါး ပျိုးထောင်ထားရှိပေသည်။ ထို့ပြင် သစ်ပင်ပျိုးထောင် မှုနှင့်ပတ်သက်၍ သစ်တောသစ်ပင်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တစ်သီးပုဂ္ဂလ တစ်နိုင်တစ်ပိုင် ဝါသနာရှင်များ၏ ဆောင်ရွက်မှုများပါဝင်ပါက နှစ်စဉ် မြန်မာနိုင်ငံတွင် ပျိုးပင်များ သန်းဆယ်ချီများသော အရေအတွက်ပမာဏဖြင့် ပျိုးထောင်ကြပါသည်။ ထိုအတွက် အချိန်၊ လုပ်အား၊ ငွေကြေး၊ နည်းပညာအရင်းအနှီးများ၏တန်ဖိုးကား အနမတဂ္ဂပါ။ သစ်ပင်စိုက်ရာတွင် ရှင်သန်အောင်မစိုက်ပါက အကြောင်းမျိုးမျိုးကြောင့် စိုက်ပင်များပျက်စီးပြီး တန်ဖိုးတွက်ချက်ရသည်ရော၊ မရသည်ရော ဆုံးရှုံးမှုများကား မနည်းမနော ရှိပေချိမ့်။
မြေဆီစိုခိုက် သစ်ပင်စိုက်ကြရာဝယ် စိုက်ပင်များကို
- ရှင်အောင်စိုက်၊
- ကြီးအောင်ပြုစု
-မြဲအောင်ထိန်းသိမ်းခြင်းဖြင့် တစ်ပင်မှ တစ်တောဖြစ်အောင် စွမ်းဆောင်ရင်း သစ်ပင်များ စိုက်ကြပါစို့၊
သစ်ပင် သစ်တောများသည်-
အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်ကာလတွင် အကျိုးစီးပွား၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံသည့် အရင်းအနှီးကောင်းများပင်။နောင် လာနောက်သား မျိုးဆက်သစ်များအား အမွေကောင်းများပေးနိုင်စေရေး၊ စိမ်းလန်းစိုပြည်သည့်မြေကြီးမှ ရွှေသီးစေရေးနှင့် သက်ရှိများအားလုံး အကျိုးရှိစေရေးအတွက် မိုးကာလ မြေဆီစိုခိုက် သစ်ပင်များများ စိုက်ကြပါစို့။ ။
Source: Myanmar Digital News

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး

ရှေးခေတ်နှောင်းခေတ်မဟူ ခေတ်အဆက်ဆက်တွင်နေထိုင်လာခဲ့ကြသော လူတို့သည် ဘေးအန္တရာယ်အမျိုးမျိုးကို ကြောက်ရွံ့ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ဘေးအန္တရာယ်အမျိုးမျိုးရှိသည့်အနက် မီးဘေးသည် တစ်ပါးအပါအဝင်ဖြစ်ရာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက ငြှိမ်းသတ်နိုင်ရန် သက်ဦးစံပိုင်ဘုရင်များလက်ထက်ကပင် စီမံဆောင်ရွက်လာခဲ့ကြသည်။ မီးသတ်လုပ်ငန်း၏ သဘောသဘာဝအရ တစ်ဦးတစ်ယောက်တည်းလုပ်၍မရဘဲ လူအများပေါင်းစပ်ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ရာ အုပ်ချုပ်သူ ဘုရင်များ၊ ရဲမက်များ၊ ပြည်သူများ၏ စုပေါင်းစွမ်းအားဖြင့်သာ မီးဘေးအန္တရာယ်ကို ထိရောက်စွာကာကွယ်နိုင်ကြောင်း ရှေးကပင် သိရှိလာခဲ့ကြသည်။
မြန်မာနိုင်ငံတွင်လည်း ရှေးမြန်မာဘုရင်များလက်ထက်ကပင် မီးဘေးလုံခြုံရေးအတွက် အထူး အလေးထားဆောင်ရွက်ခဲ့ကြသည်။ ပုဂံမင်းဆက် ၄၃ ဆက်မြောက်မင်းဖြစ်သော အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) လက်ထက်တွင် ပုဂံမင်းနေပြည်တော်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးကပ်သား(မီးသတ်သမား) ၆၆၃ ဦးကိုခန့်ထား၍ နေ့စဉ်ပင် မီးကို အချိန်အကန့်အသတ်ဖြင့် အသုံးပြုရန် မောင်းကြေးနင်းခတ်၍ နှိုးဆော်သတိပေးစေခဲ့ကြောင်း၊ ပုဂံမင်းနေပြည်တော်၏ မီးဘေးကာကွယ်ရေးအတွက်ထားရှိသည့် မီးကပ်သားအရေအတွက်နှင့် ၎င်းတို့၏လုပ်ငန်းတာဝန်များကို အစွဲပြု၍“သောသောညံ ပုဂံမီးဆော်မောင်း” ဟူ၍ အတိုကောက်လင်္ကာဖြင့် အစဉ်အဆက်မှတ်သားခဲ့ကြသည်။
၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံး နယ်ချဲ့အင်္ဂလိပ်၏ လက်အောက်သို့ကျရောက်ခဲ့ရသည်။ ဗြိတိသျှအစိုးရသည် ၎င်းတို့၏ စီးပွားရေး၊ စစ်ရေးအရ အဓိကအချက်အချာကျသောမြို့များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေမြို့တို့၏ မီးဘေးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အတွေ့အကြုံရှိသော အင်္ဂလိပ်များ၊ ကပြားများ၊ စစ်တကောင်းကုလားများပါသော မီးသတ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ မြို့ကြီးများမှ ကျန်မြို့ငယ်ရွာငယ်များ၏ မီးဘေးအန္တရာယ်ကာကွယ်မှုအားလျစ်လျူရှုထားသဖြင့် မြန်မာနိုင်ငံအနှံ့အပြားမြို့ရွာများတွင် အမျိုးသားရေးစိတ်ဓာတ်ရှိသော ဩဇာအာဏာနှင့် စည်းရုံးရေးကောင်းသော ရပ်ရွာမျက်နှာဖုံးပုဂ္ဂိုလ်များက ဦးစီးဦးဆောင်ပြုလျက် မိမိတို့မြို့ရွာမီးဘေးကာကွယ်ရေးအတွက် အမျိုးကိုစောင့်ရှောက်သည့် မျိုးချစ်အပျော်တမ်း မီးသတ်အဖွဲ့အစည်းများကို ဒေသအလိုက်ထူထောင်လာခဲ့ကြသည်။
ထိုသို့ မီးသတ်တပ်ဖွဲ့အမျိုးမျိုးရှိသော်လည်းပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့သည်။ တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းထားသော စေတနာ့ဝန်ထမ်းမီးသတ်တပ်ဖွဲ့များ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ကိုယ့်အဖွဲ့နှင့်ကိုယ် ရပ်တည်နေခဲ့ကြရာမှ အမြော်အမြင်ရှိသော မီးသတ်တပ်ဖွဲ့ခေါင်းဆောင်များက တစ်နိုင်ငံလုံးစုစည်းညီညွတ်သော အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်ပေါ်လာအောင် စတင်ကြိုးပမ်းလာခဲ့သည်။
ပထမအကြိမ် မီးသတ်ညီလာခံ
စေတနာ့ဝန်ထမ်း အစည်းအရုံးများစုစည်းရန်အတွက် ဗမာပြည်လုံးဆိုင်ရာမီးသတ်အစည်း အရုံး ပထမအကြိမ်ညီလာခံကို ၁၉၄၆ ခုနှစ် မေလ ၅ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကလေး ဇိနတ် (ဇိနတ္တူ) အစ္စလာမ် မိန်းကလေးကျောင်းခန်းမ၌ ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်းမီးသတ်အစည်းအရုံးကြီး ညီလာခံကိုကျင်းပခဲ့သည်။ ညီလာခံကို တစ်ပြည်လုံးရှိ ၁၉ ခရိုင်မှ ကိုယ်စားလှယ်ပေါင်း ၁၉၇ ဦး တက်ရောက်ခဲ့ကြသည်။
ညီလာခံပထမနေ့တွင် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဆွေနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက မီးသတ်လုပ်ငန်းနှင့်ပတ်သက်၍ မိန့်ခွန်းတွင်‘‘မီးသတ်အဖွဲ့သားများ၏တာဝန်မှာ စည်းကမ်းအရေးကြီး၍ အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ်ကြီးဖြစ်ကြောင်း၊ စစ်တပ်များတွင် သူရဲကောင်းများပေါ်ပေါက်သကဲ့သို့ မီးသတ်လုပ်ငန်းတွင် သူရဲကောင်းများပေါ်ပေါက်ကြသည့်အနက် မီးသတ်သူရဲကောင်းမှာ သူတစ်ပါးတိုက်ခိုက်ရခြင်းမဟုတ်ဘဲ စွန့်စားသူများဖြစ်သဖြင့် အထူးမြင့်မြတ်သော သူရဲကောင်းများဖြစ်ကြောင်း’’ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့နိုင်ငံရေးနှင့် မီးသတ်တပ်ဖွဲ့အခြေအနေ
မြန်မာနိုင်ငံ၏အခြေအနေသည် ထိုကာလများဆီကအစစအရာရာ လိုအပ်ချက်များစွာရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကိုခံခဲ့ရသည့်အပြင် လွတ်လပ်ရေးရလုရခင် နိုင်ငံ့ခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရခြင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း နိုင်ငံရေးမတည်ငြိမ်မှုများရှိနေခြင်း၊ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှု၊ ဘေးဒဏ်အမျိုးမျိုးခံရခြင်းတို့ကို ရင်ဆိုင်ခံစားခဲ့ရသည်။ အဆိုပါအခြေအနေများကြောင့် လူထုအနေဖြင့် စစ်ဘေးစစ်ဒဏ်၊ မီးဘေးမီးဒဏ်ကို ဆိုးရွားစွာခံစားခဲ့ကြရသည်။
တစ်ဖက်တွင်လည်းမီးသတ်အဖွဲ့အစည်းများအနေဖြင့် တစုတစည်းတည်း စုရုံးထားနိုင်သေးသည့် အခြေအနေတွင်သာရှိသေးပြီး တပ်ဖွဲ့အဖြစ် စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ဖွဲ့စည်းထားနိုင်ခြင်းမဟုတ်သလို တစ်နိုင်ငံလုံးရှိ မီးသတ်တပ်ဖွဲ့များနှင့် တပ်ဖွဲ့ဝင်များအားလုံးအတွက် ပြဋ္ဌာန်းထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများလည်း ထုတ်ပြန်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော အခြေအနေတွင်ရှိနေသည်။ ထို့ပြင် လွတ်လပ်ရေး ရပြီးခါစ အုပ်ချုပ်ရေးစနစ်ကလည်း စပ်ကူးမပ်ကူးကာလဖြစ်နေသည့်အလျောက် မီးသတ်အဖွဲ့အစည်းများတွင် နိုင်ငံခြားသားအုပ်ချုပ်မှုများက ရှိနေသေးသည်။ စနစ်ကအခြေမခိုင်ခင် အပြောင်းအလဲလည်း များခဲ့သည်။ သို့သော် မီးသတ်တပ်ဖွဲ့၏ဖွဲ့စည်းမှုပုံသဏ္ဌာန်က ပီပြင်မှုရှိလာသည်။
မီးသတ်အစည်းအရုံးကြီး၏ မျှော်မှန်းချက်များဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီး ဖွဲ့စည်းပြီးသည့်အခါ မီးသတ်အစည်းအရုံးကြီးက အဖွဲ့အစည်း၏ ရည်မှန်းလုပ်ဆောင်ရန်အချက်များကို ထုတ်ပြန်ခဲ့သည်။ ထိုခေတ်က မီးသတ်တပ်ဖွဲ့ကို ဦးစီးဦးဆောင်ပြုခဲ့သူများ၏အမြော်အမြင်နှင့် ဦးတည်ချက်ကိုတွေ့မြင်ရသည်။ အဖွဲ့ကြီး၏ ဆောင်ရွက်ရန်လုပ်ငန်းစဉ်များကိုလေ့လာကြည့်လျှင် ၎င်းတို့က မီးသတ်အစည်းအရုံးကြီးကို မီးငြှိမ်းသတ်ရန်တစ်ခုတည်းရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ခြင်းမဟုတ်ကြောင်း တွေ့ရမည်ဖြစ်သည်။ မီးသတ်အစည်းအရုံးကြီး၏လုပ်ငန်းစဉ်ကို သုံးပိုင်းခွဲထားသည်။
ပထမပိုင်းတွင် ပြည်သူ့အန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွင် မီးဘေးကာကွယ်ရေး၊ သူနာပြုခြင်း၊ ရောဂါဆိုးနှင့် လူဆိုးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဟူ၍ လုပ်ငန်းအဆင့်များခွဲခြားထားသည်။
လုပ်ငန်းအဆင့်တစ်ခုချင်းစီ၏ အမည်ကိုမြင်လိုက်သည်နှင့်လုပ်ဆောင်သည့်အကြောင်းအရာကို တန်းခနဲမြင်နိုင်သည်။ စိတ်ဝင်စားဖို့ကောင်းသည်မှာ လူဆိုးဘေးမှ မြို့ရွာလူထုအေးငြိမ်းအောင် ကာကွယ်စောင့်ရှောက်ခြင်းနှင့် မီးဘေးဒုက္ခသည်များသာမက ရေဘေး၊ လေဘေး ဘေးဒုက္ခရောက်နေသူများကို ကယ်ဆယ်၍နေရာချပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။
ဒုတိယပိုင်း၌ စေတနာ့ဝန်ထမ်းလုပ်ငန်းရပ်များတွင် အိမ်တွင်းအရေးများသာမက ရပ်ရွာအရေး ကိစ္စများကိုပါ ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လုပ်ငန်းစဉ်ချမှတ်ထားခြင်းဖြစ်သည်။ ကျေးလက်နေပြည်သူလူထု၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အထိ ရည်မှန်းထားသည်။ တတိယပိုင်းက ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးတို့ကိုပါ ဦးတည်လုပ်ဆောင်ရန် ပစ်မှတ်တည်ထားခဲ့ခြင်းဖြစ်သည်။
သမိုင်းမှတ်တမ်းတင်ရမည့်နေ့
ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးကို ဖွဲ့စည်းတည်ထောင်နိုင်လိုက်ခြင်းသည် အပျော်တမ်းမီးသတ်တပ်ဖွဲ့များအနေဖြင့် သူ့နယ်ကိုယ့်နယ်၊ သူ့ဝါဒကိုယ့်ဝါဒဖြင့် စီမံဆောင်ရွက်နေရာမှ အားလုံးတစ်ပြေးညီ တစ်မိုးအောက်တွင် အတူတကွပူးပေါင်းဆောင်ရွက်လာနိုင်ကြသည်။ တစ်ချိန်က ဝါသနာပါရာအလုပ်တစ်ခုအဖြစ် အပျော်တမ်းမီးသတ်တပ်ဖွဲ့ကိုဝင်ရောက်လုပ်ကိုင်ခဲ့ကြသော်လည်း ထိုသို့ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် မည်သည်က မည်သို့ဂုဏ်ယူရမည်ဆိုသည့်အချက်ကို မသိခဲ့ကြချေ။ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သောမိန့်ခွန်းပါအချက်အလက်များသည် အပျော်တမ်းမီးသတ်တပ်ဖွဲ့ဝင်များကို အားတက်စေခဲ့သည်။ မီးသတ်လုပ်ငန်းသည် လူငယ်လူရွယ်များကို မွန်မြတ်သော ပရဟိတလုပ်ငန်းဖြစ်ကြောင်း ရှေ့ဆောင်လမ်းပြဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာမီးသတ်အစည်းအရုံး ပထမအကြိမ်ညီလာခံကြီး၏ဆုံးဖြတ်ချက်အရ ၁၉၄၆ ခုနှစ် မေလ ၅ ရက် “အစည်းအရုံးကြီးတည်ထောင်သောနေ့ကို မီးသတ်နေ့ (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့)(BurmaFire Services Day-B.F.S Day)” ဟု တညီတညွတ်တည်းသတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၇၉) နှစ်မြောက်တိုင်ခဲ့ပြီဖြစ်ကြောင်းဂုဏ်ပြုတင်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories

ယနေ့ကာလတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သဘာဝဘေးအန္တရာယ်၏ ဆိုးကျိုးသက်ရောက်မှုများကို ခံစားလျက်ရှိရာ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ နိုင်ငံ၏ ပထဝီအနေအထားအရ အယ်လ်ပိုဒ် (Alpide) ငလျင်ရပ်ဝန်းအတွင်းတည်ရှိနေပြီး အဆိုပါငလျင်ရပ်ဝန်းသည် ကမ္ဘာပေါ်တွင် ငလျင်အများဆုံးဖြစ်ပေါ်စေသည့် ဇုန်တစ်ခုဖြစ်သည်။ ထို့ပြင် နိုင်ငံအတွင်း ပြတ်ရွေ့များစွာရှိပြီး အဆိုပါပြတ်ရွေ့များထဲတွင် စစ်ကိုင်းပြတ်ရွေ့သည် အရှည်လျားဆုံးဖြစ်ပြီး နိုင်ငံ၏အလယ်ကိုဖြတ်ကာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသည်။

ဘေးအန္တရာယ်အမျိုးမျိုးရှိသည့်အနက် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ငလျင်လှုပ်ခတ်ခြင်းများသည် အပျက်အစီးအများဆုံးဖြစ်စေနိုင်သော ဘေးအန္တရာယ်များဖြစ်သည်။ ငလျင်မှလွဲ၍ ကျန်ရှိသောဘေးအန္တရာယ်များသည် ကြိုတင်ခန့်မှန်းနိုင်သည့်အတွက် ပြင်ဆင်ခြင်းများဆောင်ရွက်နိုင်သည်။ ငလျင်ဘေးအန္တရာယ်မှာမူ ခန့်မှန်းမှုများ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ပြင်းထန်သော ငလျင်လှုပ်မည်ဆိုပါက တုံ့ပြန်နိုင်မှုစွမ်းရည်နည်းပါးခြင်း၊ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးနိုင်ခြင်းနှင့် ငလျင်လှုပ်မည်ကို ကြိုတင်သတိပေးမည့် စနစ်များမရှိသေးခြင်းကြောင့် ငလျင်ဘေးအန္တရာယ်မှာ အဖျက်စွမ်းအားအကြီးမားဆုံးသော ဘေးအန္တရာယ်အဖြစ်ဆက်လက်တည်ရှိနေသည်။
မြန်မာနိုင်ငံ၏သမိုင်းတစ်လျှောက်တွင် အင်အားအလွန်ပြင်းထန်သည့်ငလျင်များလှုပ်ခတ်ခဲ့သည်။ မှတ်တမ်းများအရ ၁၈၃၉ ခုနှစ် မတ်လ ၂၃ ရက် အင်းဝဒေသ၌လှုပ်ခဲ့သော ငလျင်မှာ ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၅ အထက်ရှိသည်ဟု မှတ်တမ်းများအရသိရသည်။ အချို့မှတ်တမ်းများအရ ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၉ ရှိသည်ဟုလည်း ဆိုသည်။ ငလျင်ကြောင့် လူ ၅ဝဝ ကျော်ခန့်သေဆုံးခဲ့ပြီး စေတီပုထိုးများစွာ ထိခိုက်ပျက်စီးခဲ့သည်ဟု မှတ်တမ်းရှိကြောင်းတွေ့ရသည်။
၁၉၃ဝ ပြည့်နှစ် မေလ ၅ ရက် ပဲခူးဒေသ၌ လှုပ်ခဲ့သော ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၃ အထက်ရှိသည့်ငလျင်ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၅၅ဝ ခန့်သေဆုံးခဲ့ကာ နေအိမ်များနှင့် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါငလျင်သည် ပြင်းထန်စွာ နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး တစ်ကြိမ်နှင့်တစ်ကြိမ်အကြား အနည်းငယ်သာကွာခြားသည်ဟု သိရသည်။
ငလျင်လှုပ်ခတ်မှုမှတ်တမ်းများအရ ၂၀၁၅ ခုနှစ်တွင် ၂၄ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ၃၉ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၆၆ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၁၄၇ ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ၁၆၉ ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် ၂၁၀ ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် ၁၀၈ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၉ ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် ၇၀ ကြိမ်၊ ၂၀၂၄ ခုနှစ်တွင် ၃၇ ကြိမ် စသည်ဖြင့် လှုပ်ခတ်ခဲ့ပြီး အကြမ်းအားဖြင့် အကြိမ်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုလှုပ်ခတ်လာသည်။
တစ်နှစ်ထက်တစ်နှစ် ပိုမိုလှုပ်ခတ်မှုများနှင့်အတူ ၁၉၃၀ ပြည့်နှစ် အင်အားပြင်းငလျင်လှုပ်ခဲ့ပြီးသည်မှာလည်း နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဖြစ်သည်။ အင်အားပြင်းထန်သည့် ငလျင်ကြီးများသည် နှစ်ပေါင်း ၁၀၀ ခန့်လျှင် တစ်ကြိမ်လှုပ်ခတ်ကြောင်း အရပ်စကားလည်းရှိသည်။ အထက်ပါအကြောင်းအရာများနှင့် ဘူမိဗေဒဆိုင်ရာတွေ့ရှိချက်များအရ စစ်ကိုင်းငလျင်ကြောကြီးသည် နောက်ထပ်တစ်ဖန် ပြန်လည်လှုပ်ခတ်ရန်အချိန်သို့ များစွာကျော်လွန်နေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်များက ထင်မြင်ယူဆခဲ့ကြဟန်ရှိသည်။ ဆိုလိုသည်မှာ ငလျင်ကြီးတစ်ခု အချိန်မရွေးလှုပ်ခတ်နိုင်သည့် သဘောဖြစ်သည်။
ငလျင်လှုပ်ခတ်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အဆောက်အအုံများပြိုကျပျက်စီးခြင်းကြောင့် သေကျေပျက်စီးမှုကြီးမားနိုင်ခြင်း၊ မီးလောင်ကျွမ်းနိုင်ခြင်း၊ တာတမံများကျိုးပေါက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပြိုခြင်း၊ ရေတွင်းများပျက်စီးခြင်း၊ တယ်လီဖုန်းတိုင်များ၊ လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားလိုင်းများ၊ မြို့ရေပေးဝေရေးစနစ်များ၊ မြို့ပြစက်မှုလုပ်ငန်းများ စသည့် နိုင်ငံ၏ အရေးပါသောအသက်သွေးကြောလုပ်ငန်းစနစ်များ ပြတ်တောက်ခြင်းများဖြစ်ပွားလာနိုင်သည်။
နိုင်ငံတော်၏ မူဝါဒ/လမ်းညွှန်ချက်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုနှင့် အညီ မီးသတ်ဦးစီးဌာနမှ ဌာနအကြီးအကဲနှင့် အရာရှိကြီးများသည် ငလျင်လှုပ်ခတ်မှုဖြစ်ပွားလာပါက များပြားလှသော အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် မျှော်မှန်း၍ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ကြသည်။ လိုအပ်သည့်အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ဝယ်ယူဖြည့်တင်းခဲ့သည်။
ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းသုံးပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန်အတွက် မီးသတ်စခန်းအလိုက် လေ့ကျင့်ခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မေလ ၅ ရက်တွင် နှစ်စဉ်ကျရောက်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင်လည်း ရှာဖွေကယ်ဆယ်ရေးတပ်ခွဲအဆင့် အင်အား ၁၁၆ ဦးဖြင့် နိုင်ငံတကာအဆင့်မီ ငလျင်ဘေးအန္တရာယ်သရုပ်ပြလေ့ကျင့်ခန်းအစီအစဉ်ကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် နှစ်စဉ်နီးပါး အခါအားလျော်စွာ ထည့်သွင်းပြုလုပ်မှုများက သက်သေဖြစ်ပေသည်။
မတ်လ ၂၈ ရက်တွင် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံရှိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ နေရာဒေသများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည်။ယင်းငလျင်သည် အနက်တိမ်သောကြောင့် (အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သောကြောင့်) သေဆုံးထိခိုက်ပျက်စီးမှုများပြားခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့်ဒေသများဖြစ်သော နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဒေသခံရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ ကနဦးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါနေ့တွင်ပင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးသောဒေသများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များထပ်မံစုဖွဲ့၍ ငလျင်ဘေးဒဏ်သင့်ဒေသများသို့ အင်အားများဖြန့်ခွဲစေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
မတ်လ ၂၉ ရက်မှစတင်၍ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံမှ China Search and Rescue Team၊ China International Search and Rescue Team၊ Yunnan Rescue and Medical Team နှင့် Hong Kong Search and Rescue Team၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ UAE နိုင်ငံ၊ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ တူကီယဲနိုင်ငံ စသည့်နိုင်ငံများမှ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရေးဆိုင်ရာအဖွဲ့များ၊ ဆေးဘက်ဆိုင်ရာအဖွဲ့များသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်သည့်ဒေသများတွင် ယင်းဒေသရှိ ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်များအပြင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အသင့်လေ့ကျင့်စုဖွဲ့ထားသည့် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များကို ဖြန့်ခွဲစေလွှတ်ခဲ့ရာ နေပြည်တော်သို့ ၃၆၈ ဦး၊ မန္တလေးမြို့သို့ ၂၁၇ ဦး၊ စစ်ကိုင်းမြို့သို့ ၃၈ ဦးအား မတ်လ ၂၈ ရက်ညနေ ၃ နာရီတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်/ စက်ပစ္စည်းကိရိယာများနှင့်အတူ စေလွှတ်၍ လုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ မရောက်ရှိမီ ငလျင်လှုပ်ခတ်ပြီး ၁၂ နာရီအတွင်း အသက်ရှင်လျက် ၃၉၁ ဦး၊ သေဆုံးသူ ၁၄၅ ဦး၊ ၃၆ နာရီအတွင်း အသက်ရှင်လျက် ၆၀၄ ဦး၊ သေဆုံးသူ ၃၄၈ ဦးတို့၏ ရုပ်အလောင်းများအား ကယ်ဆယ်ထုတ်ယူပေးနိုင်ခဲ့သည်။ မော်ကွန်းတင်ထားထိုက်သောမှတ်တမ်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့၏ စွမ်းဆောင်နိုင်မှုမှာလည်း ကျေနပ်အားရစရာဖြစ်သည်။ စုဖွဲ့လေ့ကျင့်ပြင်ဆင်မှုများ၏ ရလဒ်ဖြစ်သည်။
နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အသက်ရှင်သူ ရှစ်ဦးနှင့် သေဆုံးသူ ၁၉၉ ဦးတို့အား ကယ်ဆယ်ထုတ်ယူပေးနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့အနေဖြင့် ဖြစ်စဉ်တစ်ခုလုံးတွင် အသက်ရှင်သူ ၆၅၃ ဦးနှင့် သေဆုံးသူ ၇၈၈ ဦးတို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့စာရင်းများအရသိရသည်။ ယနေ့ မီးသတ်တပ်ဖွဲ့သည် တကယ်လုပ်လျှင် တကယ်ဖြစ်တဲ့အနေအထားကို ရောက်ရှိနေပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်သည်။
မီးသတ်တပ်ဖွဲ့အဖြစ် ပေါ်ပေါက်လာသည့်အချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်ပြီး မည်သို့သောအခြေအနေ မျိုးတွင်မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနဲ့ ပြည်သူ့အကျိုးပြု တပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်လာခဲ့သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်တွင် ပြည်သူလူထုတစ်ရပ်လုံးက မီးသတ်တပ်ဖွဲ့ကို အလေးထားအားကိုးကြသည်မှာ လွဲမည်မထင်ပါကြောင်းနှင့် မြန်မာ့လူ့ဘောင်အတွက်လည်း မရှိမဖြစ်အရေးပါသော တပ်ဖွဲ့ကြီးတစ်ခုဖြစ်သည်ဟု ယုံကြည်ပါကြောင်း (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုလျက်တင်ပြလိုက်ရပါသည်။ ။

ယနေ့ကမ္ဘာကြီးသည် အချိန်နှင့်အမျှပြောင်းလဲနေပြီး ပြောင်းလဲမှုတိုင်းတွင် လူ့စွမ်းအားအရင်းအမြစ်ဟူသော လုပ်သားအင်အားမပါမဖြစ်ပါဝင်နေသည်ကိုတွေ့ရသည်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံလူမှုစီးပွားဘဝပြည့်စုံရေး ဦးတည်ဆောင်ရွက်ရာတွင် လုပ်သားစွမ်းရည်မြှင့်တင်ပေးခြင်း၊ အသိဉာဏ်ပညာနှင့် ကြိုးစားဆောင်ရွက်မှုကိုဖြစ်စေသော လေ့ကျင့်သင်ကြားပေးမှုကို အခြေခံလျက်ရှိသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနယ်ပယ်တိုင်းတွင် လူသားအရင်းအမြစ်ကို ကောင်းစွာအသုံးချရေးမှာ လွန်စွာအရေးကြီးသည်။ ထို့အတူ ကုန်ထုတ်လုပ်မှုကဏ္ဍများကိုဦးဆောင်နေသည့် အလုပ်သမားများ၏လူမှုဘဝ
ယနေ့ကမ္ဘာကြီးသည် အချိန်နှင့်အမျှပြောင်းလဲနေပြီး ပြောင်းလဲမှုတိုင်းတွင် လူ့စွမ်းအားအရင်းအမြစ်ဟူသော လုပ်သားအင်အားမပါမဖြစ်ပါဝင်နေသည်ကိုတွေ့ရသည်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံလူမှုစီးပွားဘဝပြည့်စုံရေး ဦးတည်ဆောင်ရွက်ရာတွင် လုပ်သားစွမ်းရည်မြှင့်တင်ပေးခြင်း၊ အသိဉာဏ်ပညာနှင့် ကြိုးစားဆောင်ရွက်မှုကိုဖြစ်စေသော လေ့ကျင့်သင်ကြားပေးမှုကို အခြေခံလျက်ရှိသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနယ်ပယ်တိုင်းတွင် လူသားအရင်းအမြစ်ကို ကောင်းစွာအသုံးချရေးမှာ လွန်စွာအရေးကြီးသည်။ ထို့အတူ ကုန်ထုတ်လုပ်မှုကဏ္ဍများကိုဦးဆောင်နေသည့် အလုပ်သမားများ၏လူမှုဘဝဖူလုံမှုသည် ဘဝအနာဂတ်လင်းရောင်ခြည်ပင်ဖြစ်သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လုပ်ငန်းလိုအပ်ချက်များတွင် လုပ်သားလိုအပ်ချက်မှာ ဟင်းတစ်ခွက်တွင် မပါမဖြစ်ဆားတစ်ပွင့်ပမာတူညီသည်။ ပြည်ပနိုင်ငံအသီးသီးမှ စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်အလုပ်သမားများ တရားဝင်ခေါ်ယူရခြင်းစျေးကွက်များဖြစ်ထွန်းအောင်မြင်လာခဲ့သည်။ နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားအချို့သည် အိမ်တွင်းမှုအထောက်အကူပြုအလုပ်နေရာများဖြစ်သည့် အိမ်တွင်းဧည့်ကြိုများ၊ သန့်ရှင်းရေးအလုပ်သမားများ၊ ယာဉ်မောင်းများ၊ ချက်ပြုတ်သူများ၊ ကလေးသူငယ်စောင့်ရှောက်ပေးရသူများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ပေးရသူများ၊ လုံခြုံရေးဝန်ထမ်းများအစရှိသည့် အလုပ်အမျိုးအစားများတွင် ပါဝင်လုပ်ကိုင်လာကြသည်ကိုတွေ့ရှိရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများကို လေ့လာဆန်းစစ်ကြည့်လျှင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းတို့ကြောင့် လုပ်ခလစာပိုမိုရရှိသည့်နိုင်ငံများကို ရွေးချယ်သွားလာနေကြခြင်းဖြစ်သည်။
အလုပ်သမားအများစုသည် လုပ်ခလစာကိုအခြေခံပြီး လုပ်ခလစာတိုးမြှင့်ရရှိရေး၊ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး တောင်းဆိုသံများပေါ်ထွက်စမြဲဖြစ်သည်။ အနည်းဆုံးအခကြေးငွေသည် မိသားစုဘ၀ စားဝတ်နေရေးဖြေရှင်းနိုင်သည့် အနိမ့်ဆုံးလုပ်ခကို ဆိုလိုခြင်းဖြစ်သည်။ အနည်းဆုံးအခကြေးငွေသည် ပုံမှန်အလုပ်ချိန်အပေါ်မူတည်သတ်မှတ်ထားသော နှုန်းထားလည်းဖြစ်သည်။ အလုပ်ရှင်နှင့်အလုပ်သမားတို့သည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်သဘောမှီခိုလျက်ရှိပြီး တစ်ဦးအကျိုးစီးပွားကို တစ်ဦးက အထောက်အကူပြုပေးသည့်ပုံစံနှင့်တူသည်။ ယင်းတို့အကြား အပြန်အလှန် ကိုယ်ချင်းစာနာစိတ်ဖြင့် လုပ်ခလစာနှင့် စေတနာလဲလှယ်သော လုပ်ငန်းခွင်မပျက်ညှိနှိုင်းဆွေးနွေးခြင်းများသည် နှစ်ဦးနှစ်ဖက်အတွက် ငြိမ်းချမ်းရေးအသွင်ဆောင်သော ဆက်ဆံရေးတစ်ရပ်ထူထောင်ခြင်းဖြစ်သည်။
တန်ဖိုးရှိလှသော လူ့စွမ်းအားအရင်းအမြစ် ရေရှည်တည်တံ့ရေးအတွက် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များ ဖန်တီးကြရမည်။ အလုပ်ရှင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အသိအမြင်များသည် အရေးကြီးလွန်းလှသည်။ နှစ်ဦးနှစ်ဖက် ချင့်ချိန်တွက်ဆမှုသည် အကျိုးမမဲ့ အကျိုးဖြစ်ထွန်းသောလုပ်ရပ်များဖြစ်သည်။ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များဖန်တီးကြရာတွင် ပုံမှန်အလုပ်လုပ်ခွင့်ရှိသည့် အသက်အရွယ်ကို သတိပြုရမည်။ ဥပဒေအရသတ်မှတ်ထားသည့် အသက်ပြည့်မီမှသာ အလုပ်ခွင်ဝင်ရောက်ရန်ဖြစ်သည်။ သတ်မှတ်ထားသည့် အသက်အောက်ရောက်ရှိနေသည့် ငယ်ရွယ်သူများကို အလုပ်လုပ်ခွင့်မပေးဘဲ အလုပ်ခွင်စည်းကမ်းအတိုင်း တိတိကျကျလိုက်နာရမည်ဖြစ်သည်။ လူငယ်များသည် မိသားစုစားဝတ်နေရေးကြောင့် အလုပ်ခွင်အတွင်း ၀င်ရောက်နေကြရသော်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများနှင့်ပတ်သက်သော အသိပညာဗဟုသုတအားနည်းခြင်း၊ လုပ်ငန်းခွင်အတွင်း ရပိုင်ခွင့် အခွင့်အရေးများနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတများမရှိခြင်းတို့ကြောင့် လုပ်အားခေါင်းပုံဖြတ်ခံရနိုင်မှုနှင့်အတူ လူငယ်များ၏စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည်။
လုပ်ငန်းခွင်အတွင်း အလုပ်သမားများ အချိန်မတိုင်မီသေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ရောဂါ တစ်မျိုးမျိုးခံစားခြင်းများမဖြစ်စေရန် လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေး၊ သက်သာချောင်ချိရေးဆိုင်ရာ ရပိုင်ခွင့်များကို အလုပ်ရှင်ဘက်မှစီစဉ်ဆောင်ရွက်ပေးရပြီး လုပ်သားများဘက်မှလည်း လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်သည်။ လုပ်ငန်းခွင် မတော်တဆမှုနှင့် ရောဂါဖြစ်ပွားမှုလျှော့ချရေးဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမားများမှ မှန်ကန်သောအသိအမြင်၊ အတွေးအခေါ်ဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်သည်။ ထို့အတူပင် အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိအမြင်များမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပပေးခြင်းဖြင့် ဘေးကင်းလုံခြုံသောဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဓိကလိုအပ်လျက်ရှိသည့် ကျွမ်းကျင်အလုပ်သမားများ၏ အခန်းကဏ္ဍသည် ထိပ်ဆုံးက အရေးပါလာခဲ့သည်။ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရရှိရန်လိုအပ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အလုပ်သမားလိုအပ်ချက်ပြည့်မီရေး ရွှေ့ပြောင်းအလုပ်သမားလိုအပ်မှုအရေအတွက်မှာ စဉ်ဆက်မပြတ်တိုးပွားလာဖွယ်သာရှိသည်။ နိုင်ငံတစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြသဖြင့် အလုပ်သမား၊ အလုပ်ရှင်နှစ်ဖက်စလုံးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေသော အကျိုးအမြတ်များရရှိစေနိုင်သည်။ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် ပွင့်လင်းမြင်သာရှိသည့် ခေတ်ကို အမီလိုက်လျက် တစ်ဟုန်ထိုးတိုးတက်နေသော အလုပ်သမားများ၏ စီးပွားရေးအရွေ့ပင်ဖြစ်သည်။ ကမ္ဘာကြီးသည် ခေတ်မီတိုးတက်ခြင်းဖြင့် စက်မှုနည်းပညာနယ်ပယ်အသီးသီးကို ကျော်လွှားရောက်ရှိသည့်တိုင် အသိဉာဏ်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို အသုံးပြုနေရဆဲဖြစ်သည်။
သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာခြင်းကြောင့် ကမ္ဘာကြီးသည် ရွာတစ်ရွာပမာတည်ရှိလာခဲ့သည်။နည်းပညာနယ်ပယ်အသီးသီးတွင်လည်း စက်ကိုထိန်းချုပ်နိုင်သည့် လူသားအကူအညီများ၊ ကျွမ်းကျင်အလုပ်သမားများ၏ စွမ်းပကားများမှာ လိုအပ်နေဆဲဖြစ်သည်။
သို့ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်ရေး သတင်းအချက်အလက်၊ အသိပညာများ ကျယ်ပြန့်စွာသိရှိနားလည်ရန်လိုအပ်လှသည်။ အလုပ်သမား များသည် မသိနားမလည်ဖြင့် တရားမဝင်အလုပ်သမားစေလွှတ်ရေးအေဂျင်စီများနှင့် အလုပ်ပွဲစားများကို ဆက်သွယ်ကြလေ့ရှိသဖြင့် အလိမ်ခံရနိုင်ဖွယ်ရှိကြောင်း သတိပြုကြရမည်။ အလုပ်သမား စေလွှတ်ရေးအေဂျင်စီများမှလည်း လူစုဆောင်းမှုအစီအစဉ်တွင် ပွင့်လင်းမြင်သာမှုရှိရမည်။ သို့မှသာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ခေါင်းပုံဖြတ်မှုကင်းဝေးခြင်း၊ ကုန်ကျစရိတ်အနည်းဆုံးဖြစ်ခြင်းအစရှိသော တရားမျှတမှုများရရှိစေမည်ဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ရွှေ့ပြောင်း သွားလာမှုလုံခြုံရေး၊ အလုပ်သမားဥပဒေပါအတိုင်း ခံစားခွင့်များရရှိရေးမှာ လွန်စွာအရေးကြီးလှသည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးလျက်ရှိပြီး ထိုင်း၊ မလေးရှား၊ ကိုရီးယားကဲ့သို့နိုင်ငံကြီးများတွင် အလုပ်သမားအရေးဖြေရှင်းပေးနိုင်မည့် အလုပ်သမားသံတမန်အရာရှိများ စေလွှတ်ထားရှိပေးခြင်း၊ နိုင်ငံတကာအလုပ်သမားရေးရာစံသတ်မှတ်ချက်များကို အလေးထားရှိခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီအလုပ်သမားများအရေး ကူညီဖြေရှင်းပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘာသာစကားအခက်အခဲ၊ လုပ်ငန်းခွင်အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန် စကားပြန်များထားရှိပေးခြင်းနှင့် သက်ဆိုင်ရာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်လေ့လာသိရှိရသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံသားများ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်တိုးမြှင့်ရေး အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိကြသည်။ အမှန်တကယ် အလုပ် လိုအပ်နေသူများကို အလုပ်ခန့်ထားပေးနိုင်မှုသည် ပြည်သူအများစု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေးကို အလေးထားခြင်းဖြစ်သည်။ အလားတူ ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍတွင် အဓိကမောင်းနှင်အားဖြစ်သည့် အလုပ်သမားများ၏ လုပ်ငန်းကျွမ်းကျင်မှုများသည် လွန်စွာအရေးပါသကဲ့သို့နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်း၊နည်းပညာ၊ အရင်းအနှီးများ ပိုမိုရရှိစေရေး အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူများစွာကို ဖိတ်ခေါ်လျက် ကုန်ထုတ်လုပ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်မှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ အသုံးချလျက်ရှိရာ အဓိကအင်အားတစ်ရပ်ဖြစ်သည့် အလုပ်သမားများ၏အခွင့်အရေး အပြည့်အဝရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ ပေးရေး၊ တတ်မြောက်ထားသည့် အတတ်ပညာ၊ အတွေ့အကြုံများကို ပြည်တွင်းပြည်ပလုပ်ငန်းခွင် များတွင်အသုံးချနိုင်ရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အလုပ်သမား များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးရေး၊ လူမှုဖူလုံရေးစနစ် အပြည့်အဝရရှိရေးစသော ကောင်းမြတ် သော ဦးတည်ချက်များဖော်ဆောင်ပေးခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့်စံချိန်မီထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မည့်အပြင် နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်းလျက် ဂုဏ်သိက္ခာရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောလုပ်ငန်းခွင်အဖြစ် ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်း ယုံကြည်လျက် မေလ ၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

နှစ်စဉ် မေလ ၁ ရက်သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဖြစ်သည်။ ကာယ၊ ဉာဏ အလုပ်သမားကြီးများ၏ စွမ်းဆောင်မှုကို အသိအမှတ်ပြုရန် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ နေ့စဉ် ၈ နာရီအလုပ်လုပ်ရန်၊ ၈ နာရီအပန်းဖြေရန်နှင့် ၈ နာရီအနားယူခွင့်ရရှိရန်တောင်းဆိုသည့် အလုပ်သမားသမဂ္ဂများ၏ လှုပ်ရှားမှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ထိုနေ့တွင် ရုံးပိတ်ပေးထားသဖြင့် ကမ္ဘာတစ်ဝန်းရှိ ကာယ၊ ဉာဏ အလုပ်သမားကြီးများသည် မိသားစုနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရရှိကြမည်ဖြစ်သည်။

တောင်းဆိုခဲ့ရ
လွန်ခဲ့သော ၁၈ ရာစုက ဝိသမလောဘသမားအလုပ်ရှင်များသည် အလုပ်သမားများကို တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ ခန့် ခိုင်းစေခဲ့ကြသည်။ အလုပ်သမားများသည် နေ့စဉ် နာရီပေါင်းများစွာ လုပ်ကိုင်ကြရသော်လည်း ထိုက်တန်သော လုပ်ခလစာမရရှိခဲ့ချေ။ ထို့ကြောင့် အလုပ်သမားများ၏ လူနေမှုအဆင့်အတန်းသည် နိမ့်ကျခဲ့ရသည်။ ထို့ကြောင့် အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိရေးအတွက် တောင်းဆိုခဲ့ကြသည်။
၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်ကာလအတွင်း အလုပ်သမားခေါင်းဆောင်များသည် အလုပ်ချိန် လျှော့ချရေးအတွက် စဉ်ဆက်မပြတ်တောင်းဆိုခဲ့ကြသည်။ သို့သော် အလုပ်ရှင်များသည် အလွယ်တကူ လိုက်လျောပေးခဲ့ခြင်းမရှိချေ။ အလုပ်ချိန်လျှော့ပေါ့ရေးအတွက် တောင်းဆိုသူများကို ဖမ်းဆီးမှုများရှိခဲ့သည်။ အလုပ်သမားတို့၏တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့်ဩစတြေးလျတိုက်သို့ပင် ပျံ့နှံ့ လာခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ချီကာဂိုမြို့၌ပြုလုပ်သည့် အမေရိကန်အလုပ်သမားများအဖွဲ့က တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီသာ သတ်မှတ်ပေးရန်တောင်းဆိုခဲ့သည်။
ထိုသို့တောင်းဆိုမှုများကြောင့် ၁၈၈၉ ခုနှစ် မေလ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဟု သတ်မှတ်ခဲ့ပြီး ၁၈၉၀ ပြည့်နှစ် မေလ ၁ ရက်မှစတင်၍ နှစ်စဉ်မေလ ၁ ရက်တွင် ကမ္ဘာတစ်ဝန်း၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း အလုပ်သမားနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် တရားဝင်ရုံးပိတ်ပေးထားသည်။ ထိုနေ့တွင် ကာယ၊ ဉာဏ လုပ်သားကြီးများသည် လုပ်ငန်းခွင်ဝင်ရန်မလိုဘဲ အနားရသော်လည်း လုပ်ခလစာအပြည့်အဝရရှိကြသည်။ လက်ရှိအချိန်တွင် အလုပ်သမားများသည် ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိနေကြပြီ ဖြစ်သည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။
ဖွဲ့စည်းထားရှိ
အလုပ်သမားများကို တန်ဖိုးထားသောအားဖြင့် ၁၉၁၉ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO) ကိုဖွဲ့စည်းခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အလုပ်သမားတို့၏ဘဝနှင့် လုပ်ငန်းခွင်တိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် မေလ ၁၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့သို့ဝင်ရောက်ခဲ့သည်။
ILO ၏ရည်ရွယ်ချက်သည် အလုပ်သမားတို့၏ အလုပ်ချိန်သတ်မှတ်မှု၊ အလုပ်သမားရရှိရေးနှင့် အလုပ်လက်မဲ့ မပေါ်ပေါက်ရေး၊ အလျဉ်မီလစာနှုန်းထားသတ်မှတ်ရေး၊ လုပ်ငန်းခွင်ကြောင့် ရောဂါအနာတရမဖြစ်ပွားရေး၊ ကလေးသူငယ်များကို အလုပ်သမားအဖြစ်စေခိုင်းခြင်းမှအကာအကွယ်ပေးရေး၊ လူငယ်အလုပ်သမား၊ အမျိုးသမီးအလုပ်သမားများအား အကာအကွယ်ပေးရေး၊ သက်ကြီးထောက်ပံ့ကြေးနှင့် အနာတရဖြစ်သူ ထောက်ပံ့ကြေးပေးရေး၊ တိုင်းတစ်ပါး၌အလုပ်လုပ်ရသူများအတွက် အကာအကွယ်ပေးရေး၊ အလုပ်တူလုပ်ရလျှင် လုပ်ခတူရရေး၊ အလုပ်သမားအသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရေး၊ အလုပ်ခွင်သင်တန်းများနှင့် နည်းပညာသင်တန်းများပေးရေးတို့ပင်ဖြစ်သည်။
ကာယ၊ ဉာဏလုပ်သားကြီးများ
စင်စစ်အားဖြင့် ကာယ၊ ဉာဏလုပ်သားကြီးများသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ထိုအလုပ်သမားကြီးများကို အတန်းအစားနှစ်မျိုးခွဲခြားနိုင်ပေသည်။
အတတ်ပညာတစ်ခုခုဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသော(White Collar Worker) ဉာဏလုပ်သားနှင့် ခန္ဓာကိုယ်ကို အရင်းအနှီးပြု၍ရုန်းကန်နေကြရသော(Blue Collar Worker) ကာယလုပ်သားတို့ဖြစ်ကြသည်။ လူတိုင်းသည် ဉာဏလုပ်သားအဖြစ်သာအသက်မွေးလိုကြသည်။ သို့သော် ဘဝပေးအခြေအနေအရ လှေထိုး၊ လွှတိုက်၊ ကုန်ထမ်း၊ လယ်ထွန်နေရသော ကာယလုပ်သားများစွာလည်းရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ လူသားတို့သည် မိမိတို့၏အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ်ထားရှိသည့် စေတနာအင်အားအပေါ်မူတည်၍ ဆင်းရဲ၊ ချမ်းသာကွာဟသွားကြသည်။
အလေးထားဆောင်ရွက်ပေးလျက်ရှိ
နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားမှု၊ ဝန်ဆောင်မှုအရည်အသွေး တိုးတက်မြင့်မားမှုတို့အပေါ် တည်မှီလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ကာယအား၊ ဉာဏအားဖြင့် အရည်အသွေးကောင်းမွန်သည့်ထုတ်ကုန်များကို ဖန်တီးဖော်ဆောင်လျက်ရှိသော အလုပ်သမားအင်အားထုကြီးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ အလုပ်သမားများအကျိုးခံစားခွင့်များရရှိစေရေးနှင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ အလုပ်ရှင်နှင့်အလုပ်သမားများအကြား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်စေရေးတို့အတွက် အထူး အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့်အလုပ်သမားတို့ကြား ဆက်ဆံရေး ကောင်းမွန်စေရန်၊ အလုပ်သမားအဖွဲ့အစည်းများ စနစ်တကျနှင့်လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေးအပါအဝင် အခြားအကျိုးခံစားခွင့်များ ရရှိနိုင်ရန်တို့အတွက် မြန်မာနိုင်ငံသည် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် စည်းရုံး ဆောင်ရွက်ခွင့်ဆိုင်ရာ ILO ပြဋ္ဌာန်းချက်ကို လက်ခံကျင့်သုံးလျက်ရှိသည်။ ထို့ပြင် ၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့အစည်းဥပဒေအရ ၂၀၂၄ ခုနှစ် မေလ ၁ ရက်အထိ အလုပ်သမားအဖွဲ့အစည်း ၃ဝ၁၇ ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်း ၂၈ ဖွဲ့ကိုလည်းဖွဲ့စည်းခွင့်ပြုခဲ့ပြီး ယင်းအဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားကလေးများ၏ လူမှုဘဝ လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မေလ ၁ ရက်အထိ အလုပ်သမားဆေးရုံကြီးသုံးခု၊ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၀၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်း ၆၄ ခန်း၊ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) နှစ်စီးတို့ဖြင့် အာမခံအလုပ်သမားများအား ဆေးကုသပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် အလုပ်သမားကြီးများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၀၀ ပြည့်နှစ်မှစတင်၍ အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကွန်ရက်(ASEAN Occupational Safety and Health Network- ASEAN-OSHNET)တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်
အမှန်တော့ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ အလုပ်သမားများအရေးကိုအထူးအလေးထားကာ အလုပ်သမားများအခွင့်အရေးအပြည့်အဝရရှိရေးကိုဆောင်ရွက်ပေးလျက်ရှိသည်။ အရည်အချင်းပြည့်ဝသော လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး တို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများအကြား ဖြစ်ပွားသော အငြင်းပွားမှုများကို တရားမျှတစွာဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာရရှိခံစားနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခလစာသတ်မှတ်နိုင်ခဲ့ပြီး အနည်းဆုံးအခကြေးငွေနှုန်းထားကို နှစ်နှစ်တစ်ကြိမ်ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်။
အလားတူ ပြည်ပရောက်အလုပ်သမားများအရေးနှင့်စပ်လျဉ်း၍လည်း ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ ခွင့်ပြု၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်ခွင့်ပြုပေးလျက်ရှိသည်။
အထူးသဖြင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခကြုံတွေ့နေရသူများကို သက်ဆိုင်ရာသံရုံးများ၊ ကောင်စစ်ဝန်ရုံးများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပေးလျက်ရှိသည်။
အလုပ်သမားကြီးများအရေး အလေးထားဆောင်ရွက်ပေးကြပါစို့
လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘွဲ့ရပညာတတ်လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
နှစ်စဉ် မေလ ၁ ရက်သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကြီးဖြစ်သည်။ ထိုနေ့သည် ကမ္ဘာ့နိုင်ငံတိုင်း အတွက် နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
ကာယ၊ ဉာဏလုပ်သားကြီးများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ထို့ကြောင့် ကျေးဇူးရှင်အလုပ်သမားကြီးများ၏ လူမှုဘဝဖူလုံရေးအာမခံချက်ရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျက်ရှိပေသည်။
ကုန်ထုတ်လုပ်ငန်းများတွင် အင်ပြည့်အားပြည့်ပါဝင်ထမ်းဆောင်နိုင်ကြရန်လည်း အားထုတ်ကြိုးပမ်း လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် အလုပ်ရှင်များသည် ကာယ၊ ဉာဏလုပ်သားကြီးများ၏ လူမှုစီးပွားဘဝ မြင့်မားလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် အလုပ်သမားကြီးများအရေး အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence)သည် လူသားတို့၏အသိဉာဏ်ရည်ကိုတုပ၍ စက်ပစ္စည်းများတွင်ပေါင်းစပ်ကာ လူသားတစ်ဦးကဲ့သို့ တွေးခေါ်နိုင်၊ ဆုံးဖြတ်နိုင်၊ လေ့လာသင်ယူနိုင်သော နည်းပညာဖြစ်သည်။ အချက်အလက်ပေါင်းများကို ခွဲခြမ်းစိတ်ဖြာစိစစ်၍ ဆုံးဖြတ်နိုင်စွမ်းရှိခြင်းကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အသုံးချလာခဲ့ ကြသည်။

ကွန်ပျူတာနှင့် လူသားဉာဏ်ရည်ကိုပေါင်းစပ်ကာ စီမံခန့်ခွဲနိုင်မှု၊ ဆန်းစစ်ဝေဖန်တွေးခေါ်နိုင်မှုရှိသော စက်ကိရိယာတီထွင်အသုံးပြုနိုင်ရေး အယူအဆကို ၁၉၅၀ ပြည့်နှစ်မှ စတင်ခဲ့သည်။ ခြောက်နှစ်အကြာတွင် ထိုသိပ္ပံနှင့် နည်းပညာအခြေခံဉာဏ်ရည်တုစက်များ ထုတ်လုပ်မှုကို AI နည်းပညာဟု သတ်မှတ်ခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်နှစ်များကြားတွင် စက်ရုံ၊ အလုပ်ရုံများ၌ လေးလံသောပစ္စည်းများကို တစ်ဆင့်ပြီးတစ်ဆင့် အတင်အချပြုလုပ်နိုင်သော၊ အလိုအလျောက် ထပ်တလဲလဲ ပြုလုပ်နိုင်သော စက်ရုပ်အစိတ်အပိုင်းများ စတင်တီထွင်လာခဲ့ကြသည်။ လူသားတို့ပေးထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်သည့် ရွေ့လျားနိုင်သော စက်ရုပ်ကို ၁၉၆၆ ခုနှစ်တွင် စတင်တီထွင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်များအတွင်း ကျွမ်းကျင်လူသားတစ်ဦးကဲ့သို့ ဗဟုသုတပြည့်စုံ၍ ဆုံးဖြတ်နိုင်စွမ်းရှိသော Expert System စနစ်တစ်ခုပေါ်ပေါက်လာပြီး ဆေးကုသပြုစုမှုဆိုင်ရာ ဆုံးဖြတ်ချက်များချရာတွင် အထောက်အပံ့ပေးလာခဲ့သည်။ ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်စက်များတွင် AI နည်းပညာပေါင်းစပ်ကာ ပုံမှန်မဟုတ်သည့်ရောဂါရှိသည့်အခြေအနေကို ရှာဖွေနိုင်သောကြောင့် ဆေးဘက်ကျွမ်းကျင်သူများနှင့် ဓာတ်မှန်ပါရဂူများကို အကူအညီပေးနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် AI စနစ်များသည် အချက်အလက်ပေါင်းများစွာကို စီမံခန့်ခွဲနိုင်လာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စက်ကိရိ ယာများတွင် ပေါင်းစပ်အသုံးပြုလာခဲ့ကြသည်။
အီလက်ထရွန်နစ် ကျန်းမာရေးဆိုင်ရာမှတ်တမ်း များပြုလုပ်ရာတွင် AI နည်းပညာကို အသုံးပြုလာ သဖြင့် အချက်အလက်ပေါင်းများစွာ စီမံခန့်ခွဲနိုင် ခြင်းကြောင့် ကျန်းမာရေးလုပ်ငန်းစဉ်များ ပိုမိုလျင်မြန် တိကျမှုရှိလာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်ကာလများတွင် နက်ရှိုင်းစွာလေ့လာမှုနှင့်အတူ ရှုပ်ထွေးသော ကျန်းမာရေးဆိုင်ရာအချက်အလက်များကို စိစစ် အဓိပ္ပာယ်ဖော်၍တစ်ဦးချင်းစီနှင့်ကိုက်ညီသော ကုသမှုစီမံချက်ကို ရေးဆွဲပေးလာနိုင်သည့်အပြင် ကျန်းမာရေးဝန်ထမ်းများ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်ချရာတွင်များစွာအထောက်အကူပြုလာခဲ့ သည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ယနေ့ခေတ်တွင် Chat GPT ၊ DALL-E2 စသော Generative AI (Gen AI) များ တီထွင်ဖန်တီးနိုင်မှုသည် တခြားကဏ္ဍများနည်းတူ ကျန်းမာရေးကဏ္ဍတွင်များစွာအထောက်အကူပြုလာခဲ့သည်။ တစ်ဦးချင်းစီနှင့်ကိုက်ညီသော ဆေးညွှန်း၊ ဆေးဝါးပမာဏချိန်ညှိပေးနိုင်သကဲ့သို့ ဆေးဝါး သစ်များ ရှာဖွေခြင်း၊ အစီရင်ခံစာရေးသားခြင်း၊ လူနာများအား အသိပညာပေးခြင်း၊ နောင်ဖြစ်လာ နိုင်သည့် ကျန်းမာရေးပြဿနာများ ကြိုတင်ခန့်မှန်း ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားလေ့ကျင့် သင်ကြားပေးခြင်းများ လုပ်ဆောင်လာနိုင်ခဲ့သည်။
သူနာပြုလုပ်ငန်းစဉ်တွင် AI ထိရောက်စွာအသုံး ချနိုင်မှုကို ပေါင်းစပ်ခြင်းသည် ကျန်းမာရေးအခန်း ကဏ္ဍ၏တိုးတက်ပြောင်းလဲမှုပုံစံတစ်ခုအဖြစ် ယူဆနိုင်ပါသည်။ လူနာပြုစုကုသမှုစွမ်းရည်တိုးတက်လာသကဲ့သို့ ကုသမှုဆိုင်ရာဆုံးဖြတ်မှုများတွင် အထောက်အပံ့များစွာ ရရှိစေပါသည်။ လူနာ၏ ကျန်းမာရေးဆိုင်ရာအချက်အလက်များ စနစ်တကျ သိုမှီးသိမ်းဆည်းစီမံခန့်ခွဲနိုင်သကဲ့သို့ ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးနိုင်သည်။ တခြားသောကျန်းမာရေးဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာသည်။ ထို့ပြင် ပြုစုကုသမှုလုပ်ငန်းစဉ်တွင် တွေ့ကြုံရတတ်သော မှားယွင်းမှုများကိုလျှော့ချနိုင်ပြီး အချိန်နှင့်တစ်ပြေးညီထိရောက်သော ပြုစုကုသမှုဆောင်ရွက်နိုင်စေသည်။ ခေတ်မီသူနာပြုစုမှုတွင် AI ပေါင်းစပ်ဆောင်ရွက်နိုင်မှုကို အောက်ပါအတိုင်း တွေ့ရှိရပါ သည်-
(က)Clinical Decision Support
AI သုံးစက်ကိရိယာများသည် လူနာ၏အခြေအနေမှန်ကို စနစ်တကျသုံးသပ်၍ တွေ့ကြုံနိုင်သော ကျန်းမာရေးပြဿနာများ၊ ရှေ့အလားအလာများကို ကြိုတင်ခန့်မှန်းကာ ထိရောက်သောပြုစုကုသမှုကို ပေးစွမ်းနိုင်သည်။ သူနာပြုများအနေဖြင့် လူနာနှင့်ဆိုင်သောအချက်အလက်များ (ဥပမာ- ရောဂါ ရာဇဝင်၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်၊ ဓာတ်ခွဲခန်းအဖြေများ)ကို AI သုံး Clinical Decision Support System စနစ် အတွင်းသို့ထည့်သွင်းပြီး AI မှ စဉ်းစားတွေးခေါ်ပေး သော လူနာနှင့်ဆိုင်သည့် ညွှန်ကြားချက်များ(ဥပမာ- အရေးကြီးလူနာဟုသတ်မှတ်ခြင်း၊ ဆေးပမာဏကို ညှိပေးခြင်း)ကိုလိုက်နာကာ ဆရာဝန်များနှင့်ပူးပေါင်း၍ သင့်လျော်သော ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချနိုင်မည်ဖြစ်သည်။ ဆေးပညာဆိုင်ရာ ခိုင်မာသော သုတေသနရလဒ်များကို အခြေခံ၍ Evidence- based ဆုံးဖြတ်ချက်များချနိုင်ရန် တွန်းအားပေး ကူညီသည့်သဘောဖြစ်သည်။
(ခ)Predictive Analytics for patient deterioration
AI သုံးစက်ကိရိယာများသည် လူနာနှင့်ပတ်သက်သောအချက်အလက်ပေါင်းများစွာကို ခွဲခြမ်းစိတ်ဖြာ၍ လူနာများ ချော်လဲနိုင်ခြေ၊ ကျောပူနာဖြစ်နိုင်ခြေ၊ ပိုးဝင်သွေးဆိပ်ပျံ့နှံ့နိုင်ခြေ၊ ဆေးရုံထပ်မံတက် ရောက်နိုင်ခြေ စသည့်နောက်ဖြစ်လာနိုင်သည့် အန္တရာယ်များကို တွက်ချက်ပေးပြီး သူနာပြုများအား အထောက်အကူပြုပေးကြသည်။ AI ၏ မျှော်မှန်းတွက်ချက်မှုပေါ်အခြေခံကာ သူနာပြုများအနေဖြင့် အရေးကြီးလူနာများ၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ်လုပ်ဆောင်မှုများ စောင့်ကြပ်ကြည့်ရှုမှုကို တိုးမြှင့်ဆောင်ရွက်နိုင်သည်။ ထို့ပြင် ဆရာဝန်များအနေဖြင့် ပိုမိုသင့်လျော်သော ဆေးဝါး၊ ကုထုံးများကို ပြောင်း လဲပေးခြင်းဖြင့် ကာကွယ်ကုသမှုများကို ပို၍ကောင်း မွန်အောင် ဆောင်ရွက်လာနိုင်သည်။
(ဂ) Patient case Assistance
AI သုံးစက်ရုပ်များ(Robots) ၊ ကိရိယာများ(Devices) အသုံးပြု၍ လူနာများကို ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်သဖြင့် သူနာပြုများအား ပင်ပန်းမှုမှ သက်သာစေနိုင်သည်။ ထို့ပြင် ဆေးဝါးများ လှည့်လည်တိုက်ကျွေးရာတွင်လည်း အသုံးပြုနိုင်သောကြောင့် ဆေးအမျိုးအစား၊ ဆေးဝါးပမာဏမှန်ကန်မှုရစေပြီး ကုသမှုလုပ်ငန်းစဉ်တွင် တွေ့ကြုံတတ်သော ဆေးမှားတိုက်မိခြင်း၊ ဆေးမတိုက်မိခြင်းပြဿနာများမှလည်း ပြေလည်စေနိုင်ပါသည်။ AI chatbots, virtual assistants များ အသုံးပြုခြင်းသည် လူနာများအတွက် အကူကောင်းတစ်ဦးကဲ့သို့ အထောက်အကူပြုစေနိုင်ပါသည်။ ကျန်းမာရေးအကြံပေးမှုများ၊ ကျန်းမာရေးဆိုင်ရာ သိလိုသည်များ ဖြေကြားပေးခြင်းသာမက ဆေးဝါးများသောက်ရန် အသိပေးခြင်း၊ follow up ပြန်ပြရန် သတိပေးခြင်းများ ပြုလုပ်နိုင်သည်။ သူနာပြုများကလည်း ထို AI အကူစနစ်များမှပေးပို့သောသတင်းစကားအရ ပိုမိုကောင်းမွန်သော ထပ်မံကြည့်ရှုမည့် ရက်ချိန်းပေးနိုင်သကဲ့သို့ ရောဂါမျိုးစုံရှိသော၊ ရောဂါအခြေအနေထိန်းညှိရခက်သောလူနာများကို အထူးစောင့်ကြပ်သတိထားနိုင်မည်ဖြစ်သည်။ တစ်ဦးချင်းစီနှင့်သက်ဆိုင်သောရောဂါရာဇဝင်၊ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်ပုံစသည့်အချက်အလက်များပေါ်အခြေခံ၍ Personalized ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံချက်များကို AI မှ ရေးဆွဲပေးနိုင်သောကြောင့်သူနာပြုများသည်လူနာတစ်ဦးချင်းနှင့်ကိုက်ညီသောပြုစုကုသမှုကို ဆောင်ရွက်ပေးလာနိုင်သည်။ X-rays၊ CT scan ၊ MRI စသည့်ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်ရာတွင် AI သုံးစက်ကိရိယာများသည် တိကျသောအဖြေများပေးနိုင်သောကြောင့် ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်များအတွက် အထောက်အပံ့ဖြစ်စေခြင်းဖြင့်လူနာများအတွက် ပို၍သင့်လျော်သော ပြုစုကုသမှုပေးနိုင်လာပါသည်။
(ဃ)Remote Monitoring and Telehealth
လူနာများသည် AI သုံးစက်ကိရိယာများ ဝတ်ဆင်ထားခြင်းဖြင့်နေ့စဉ်အချိန်နှင့်အမျှပြောင်းလဲနေသော သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်စသည့်နှလုံး၊အဆုတ် လုပ်ဆောင်မှုဆိုင်ရာအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ပြီးခွဲခြမ်းစိစစ်ကာ ကြုံလာနိုင်သည့် ကျန်းမာရေးအန္တရာယ်များကို ကြိုတင်ခန့်မှန်း နိုင်သည်။ နာတာရှည်ရောဂါလူနာများ၏ မိမိအိမ်တွင်း နေထိုင်စဉ် ကျန်းမာရေးအခြေအနေကိုသူနာပြုများကအဝေးရောက်စောင့်ကြည့်ကိရိယာများမှ ပေးပို့သော သတင်းအချက်အလက်များအရ လူနာ၏အခြေအနေကိုသိရှိနိုင်ပြီး လိုအပ်သော ကုသမှုများ၊ အကြံပေးမှုများ၊ရက်ချိန်းမြန်မြန်ရရှိနိုင်ရေးများ လုပ်ပေးနိုင်ပါသည်။ အဝေးရောက်ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှုကိုထိရောက်စွာအကောင်အထည်ဖော်နိုင်မှုတစ်ခုဖြစ်သည်။
(င)Patient Education and Engagement
လူနာတစ်ဦးချင်း၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကျန်းမာရေးပညာပေးမှုများကို AI သုံးစနစ်များက ဆောင်ရွက်ပေးနိုင်ပြီး ဆေးပုံမှန်သောက်သုံးခြင်း၊ နေ့စဉ်နေထိုင်မှုဘဝကို ကျန်းမာရေးအထောက်အကူပြုသည့်နေထိုင်မှုဘဝအဖြစ် ပြုပြင်နေထိုင်ခြင်း ရှိ/မရှိကိုလည်း AI သုံးစနစ်များ အကူအညီဖြင့် စောင့်ကြပ်ကြည့်ရှုနိုင်ခြင်းသည် သူနာပြုများ၏ ပြုစုကုသမှုလုပ်ငန်းစဉ်တွင် များစွာအထောက်အကူ ပြုနိုင်သည်။ ထို့ကြောင့် နာတာရှည်ရောဂါဝေဒနာရှိသော လူနာများကို AI နည်းပညာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြားပေးရပါမည်။ သို့မှသာ လူနာနှင့် သူနာပြုများ၊ ကျန်းမာရေး စောင့်ရှောက်သူများကြား ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး ထိရောက်သော ကုသမှုရစေနိုင်ပါသည်။
(စ) Administrative Support
သူနာပြုများသည်လူနာပြုစု၊ ကုသမှုသာမက လူနာ၏မှတ်တမ်းများ စနစ်တကျသိမ်းဆည်းခြင်း၊ ရက်ချိန်းများ စနစ်တကျဖြစ်အောင် ဆောင်ရွက်ရခြင်းစသည့်စီမံအုပ်ချုပ်မှုဆိုင်ရာများလည်းလုပ်ဆောင်ရသည်။ AI-driven scheduling system နည်းစနစ်များကိုအသုံးပြုခြင်းဖြင့် ရက်ချိန်းစီမံမှုများ၊ တာဝန်ချိန်ခွဲဝေမှုများ တိကျမှုရှိလာသည်သာမက လူနာဆေးရုံတက်၊ ဆေးရုံဆင်းမှတ်တမ်းတင်မှုများ ပို၍တိကျမှုရှိလာပါသည်။ စာရွက်စာတမ်းကိစ္စများ၌ အာရုံစိုက်ရန် မလိုအပ်သောကြောင့် လူနာပြုစုကုသမှုတွင် ပို၍အချိန်ပေးလာနိုင်သည်။ ထို့ပြင် လုပ်ငန်းခွင်အတွင်း၌ဂျူတီချိန်သတ်မှတ်ချက်၊ဂျူတီအပြောင်းအရွှေ့၊ အဓိကထားဆောင်ရွက်ရမည့် လုပ်ငန်းများသတ်မှတ်ရာတွင် AI သုံးစနစ်များ အသုံးပြုခြင်းဖြင့် စနစ်တကျမှန်ကန်မှုရှိလာသော ကြောင့် သူနာပြုများ လုပ်ငန်းခွင်အတွင်း ပင်ပန်းနွမ်းနယ်မှု၊ အလုပ်တာဝန်ဖိစီးမှုများ သက်သာကာ လူနာပြုစုစောင့်ရှောက်မှုကို ပို၍အလေးထားလာနိုင်သည်။ ဆေးရုံရှိ လူနာခန်းများ၊ ခုတင်များ၊ စက်ကိရိယာများစသော အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်သဖြင့် သင့်လျော်သောလူနာများအတွက်ထိရောက်သောပြုစုကုသမှုရစေနိုင်ပါသည်။ ထို့ကြောင့် လုပ်ငန်းလည်ပတ်မှုများလည်း ပိုမိုသွက်လက်မြန်ဆန်လာကာဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ညွှန်ပြပေးနိုင်သဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်လာနိုင်ပါသည်။
(ဆ) Electronic Health Records with AI integration
AIနည်းပညာအားဖြည့်ထားသည့် အီလက်ထရွန်နစ်ကျန်းမာရေးမှတ်တမ်းထားရှိမှုသည်ပို၍စနစ်တကျရှိစေပြီးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ဆောင်မှုများ တိုးတက်စေသည်။ လူနာတစ်ဦးချင်းစီနှင့်ပတ်သက်သောရောဂါမှတ်တမ်း၊ဓာတ်ခွဲခန်းအဖြေများ၊ ဓာတ်မှန်ဆိုင်ရာအချက်အလက်များကိုအီလက်ထရွန်နစ်နည်းပညာဖြင့်ထားရှိခြင်းကြောင့် အလွယ်တကူ ပြန်လည်သိရှိနိုင်ပါသည်။ AI နည်းပညာပေါင်းစပ်ခြင်းဖြင့် လူနာနှင့်ဆိုင်သော အချက် အလက်များကိုသုံးသပ်၍ အလွယ်တကူ မတွေ့မြင်နိုင်သော အန္တရာယ်ကိုဖော်ထုတ်ကာ အရေးကြီးလူနာဟုသတ်မှတ်ပေးနိုင်သည်သာမကကုသမှုဆိုင်ရာလုပ်ငန်းစဉ်များလည်း ချမှတ်ပေးနိုင်သည်။ ဆေးညွှန်ကြားမှု၊ ရက်ချိန်းသတ်မှတ်မှုများကိုပင် အလိုအလျောက်လုပ်ဆောင်နိုင်လာခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို များစွာအဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။
(ဇ) Training and simulation
AI သုံးစွမ်းအားမြင့် စက်ကိရိယာများသည် သူနာပြုများအား လေ့ကျင့်သင်ကြားရေးအတွက် ပကတိအစစ်ကဲ့သို့သောသင်ကြားရေးဝန်းကျင်ကို ဖန်တီးပေးနိုင်သောကြောင့် အန္တရာယ်ရှိသော လုပ်ဆောင်မှုများ (ဥပမာ- နှလုံးရပ်သွားခြင်းကို ပြန်လည်နှိုးဆွခြင်း၊ထိခိုက်ဒဏ်ရာရမှုပြုစုစောင့်ရှောက်ခြင်း)ကို လူနာများမသုံးဘဲ လေ့ကျင့်သင်ကြား နိုင်ပြီး ပြုစုကုသမှုစွမ်းရည်ကို မြှင့်တင်နိုင်ပါသည်။ ထို့ပြင် သူနာပြုတစ်ဦးချင်း၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်ကြားမှုပုံစံကို ဖန်တီးပေးနိုင်ပြီး တစ်ဦးချင်းစီ၏ အရည်အချင်းပြည့်မီလာမှု ရှိ/မရှိ ကို စစ်ဆေးနိုင်ခြင်းကြောင့် ပိုမိုထိရောက်သော လေ့ကျင့်သင်ကြားမှုရရှိစေနိုင်ပါသည်။စဉ်ဆက်မပြတ် သူနာပြုပညာ၊ ဆေးပညာဆိုင်ရာလေ့လာမှုများတွင် AI ကို အသုံးပြုခြင်းဖြင့် ခေတ်နှင့်အညီ နောက်ဆုံးပေါ် တွေ့ရှိမှု၊ ပြောင်းလဲမှုများကို သိရှိနားလည်နိုင်မည်ဖြစ်သည်။သူနာပြုများ၏ သုတေသနလုပ်ငန်းများတွင်လည်း AI နည်းပညာသည် အချက်အလက်ပေါင်းများစွာ ခွဲခြမ်းစိတ်ဖြာ၍ အထောက်အပံ့ပြုပေးနိုင်ပါသည်။
လူနာပြုစုစောင့်ရှောက်မှု၊ ဆေးဘက်ကျွမ်းကျင်မှု လုပ်ငန်းများတွင် AI ၏အသုံးဝင်မှုများကို သိရှိလာသောကြောင့် လက်တွေ့အသုံးချလုပ်ဆောင်မှုတွင် AI သုံးစက်ကိရိယာများနှင့် အကျွမ်းတဝင်ရှိရန်လိုအပ်ပါသည်။ ပထမဦးစွာ AI သုံးစနစ်များအသုံးချနိုင်ရန်ဆေးဘက်ပညာရှင်များအားအလုပ်ရုံဆွေးနွေးပွဲများ၊ hands-on လေ့ကျင့်သင်ကြားမှုများ၊ အင်တာနက်မှတစ်ဆင့် သင်ယူမှုများပြုလုပ်ပေးရပါမည်။ ပြုစုကုသမှုအဖွဲ့နှင့် IT နည်းပညာအဖွဲ့များ အတူတကွ လက်တွဲလုပ်ဆောင်၍ AI ၏ ညွှန်ကြားချက်များကို နားလည်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။
AI ကိရိယာများသုံးခြင်းသည် သူနာပြုများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲလူနာပြုစုမှုကိုပိုမိုအထောက်အကူပြုရန်သာ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ လက်တွေ့ဆေးကုသပြုစုမှုလုပ်ငန်းစဉ်တွင် AI နည်းပညာကို ထိထိရောက်ရောက်အသုံးချခြင်းဖြင့် လူနာတစ်ဦးချင်းအလိုက် တိကျမှန်ကန် ကောင်းမွန်သောပြုစုကုသမှုပေးလာနိုင်မည်ဖြစ်သောကြောင့် လူနာများ၏ ကျန်းမာသက်ရှည်နိုင်မှု တိုးတက်လာနိုင်သည့်အပြင် သူနာပြုများ အလုပ်တာဝန်ဖိစီးခြင်းကြောင့်ပင်ပန်းနွမ်းနယ်မှုများမှ လည်း သက်သာစေနိုင်ပါမည်။
လူနာပြုစုမှုတွင် AI ကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကောင်းမွန်လာနိုင်သော်လည်းနည်းပညာအသုံးပြုမှုနှင့် လူသားစောင့်ရှောက်မှုကြားသင့်တင့်မျှတမှုရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ လူနာပြုစုရာတွင် အဓိကဖြစ်သော သူနာပြုများ၏ ကြင်နာသနားမှု၊ စာနာနားလည်နိုင်မှု၊ မေတ္တာကရုဏာထား ပြုစုကိုင်တွယ်မှုများကို AI သုံးစက်ကိရိယာများနှင့် အစားမထိုးနိုင်ပါ။အတွေ့အကြုံနှင့်ယှဉ်သော သူနာပြုများ၏အရည်အသွေး၊ ထိုးထွင်းကြံဆနိုင်မှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်နိုင်စွမ်းများကိုလည်း အလေးထားရမည်ဖြစ်သည်။
လူနာ၏အချက်အလက်များ မှတ်တမ်းထားရာတွင် လုံခြုံမှုရှိရေး၊ လူနာ၏အတွင်းရေးအချက်အလက်များ မပေါက်ကြားရေး၊ယုံကြည်စိတ်ချမှုရှိရေးသည်လည်း ကျင့်ဝတ်ဆိုင်ရာအရေးကြီးသော လိုက်နာရမည့်အချက်ဖြစ်ပါသည်။ ထို့ပြင် AI အသုံးပြုခြင်းသည် သတင်းအချက်အလက်ဆိုင်ရာ ဘက်လိုက်သွေဖည်မှုများရှိနိုင်ကြောင်းလည်း သတိထားရပါမည်။ ကွန်ပျူတာအချက်အလက်များ ခိုးဝင်(Hacking) ယူသွားနိုင်သည့်အန္တရာယ်လည်း စောင့်ကြည့်ထားရပါမည်။ AI သုံးစက်ကိရိယာများ အသုံးပြုရာတွင် မှားယွင်းမှုများရှိလာပါက ကျင့်ဝတ်ဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုများကို ပြတ်သားစွာဖော်ပြနိုင်မှု၌ ဟာကွက်ရှိနေသည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

“ ၇.၇ ရစ်ချ်တာစကေး ပြင်းအားရှိ ငလျင်ကြီးဟာ အုတ်၊သဲ၊ကျောက်၊ သံမဏိတွေနဲ့ အခိုင်အမာတည်ဆောက်ထားရှိတဲ့ လမ်း၊ တံတား၊ အဆောက်အဦတွေကို အတုံးအရုံးလဲကျအောင် ဖြိုလှဲနိုင်ခဲ့ပေမယ့်လည်း မြန်မာနိုင်ငံသားတို့ရဲ့ စိတ်ဓာတ်ကိုတော့ ယိမ်းယိုင်လဲကျသွားအောင် လှုပ်ခတ် မစွမ်းဆောင်နိုင်ခဲ့ပါဘူး”

ယနေ့ ဧပြီလ (၂၈)ရက်နေ့ဟာ မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ (၁)လ တင်းတင်း ပြည့်မြောက်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီတစ်လတာအချိန်ကာလဟာ အစိုးရနဲ့ ပြည်သူအားလုံးအတွက် သာမန်အချိန်ကာလတွေထက် စိတ်ရောကိုယ်ပါ ပိုပြီးပင်ပန်း ရုန်းကန်ခဲ့ကြရတာကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ဒီလို ရုန်းကန်နေကြရပေမယ့်လည်း ငလျင်ဘေးဒဏ်သင့် ပြည်သူတွေဟာ ရှောင်လွှဲမရတဲ့ ဘေးအန္တရာယ်တွေပေါ်မှာ ဗုဒ္ဓတရားရဲ့ အဆုံးအမတွေနဲ့အညီ စိတ်ဓာတ်ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်းကျော်လွှားနေမှုနဲ့အတူ အစိုးရနဲ့ ပြည်သူတို့အကြား နားလည်ယုံကြည်မှုများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြားသိနေရပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းဟာ သမားရိုးကျခြိမ်းခြောက်မှုတွေမဟုတ်တဲ့ သဘာဝဘေး အန္တရာယ်တွေကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့ ကျော်လွှားဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဟာ ကြိုတင်ခန့်မှန်းရန် ခက်ခဲပြီး ရေကြီးမှုတွေ၊ မြေပြိုမှုတွေ၊ မုန်တိုင်းတိုက်ခတ်မှုတွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ တောမီးလောင်ကျွမ်းမှုတွေ စတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပွားလာ နိုင်တာဖြစ်တယ်။ ယနေ့မျက်မှောက်ကာလမှာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေ ကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်တွေကို ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်တွေ့ ကြုံနေရပြီး မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်၊ မေလမှာ မိုခါ မုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ရာဂိ မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် ရေကြီးရေလျှံဘေးကို ရင်ဆိုင်ကျော်လွှားခဲ့ကြရပါတယ်။
မတ်လ (၂၈) ရက်နေ့ မြင်ကွင်းပုံရိပ်များ...
၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်းမှာ အင်အား ၇.၇ ရစ်ချ်တာစကေးရှိ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရှိ၊ လူမျိုးဘာသာ အသွေးအရောင်မခွဲခြား၊ အသက်အရွယ်မပိုင်းခြား၊ နိုင်ငံရေးအရောင်အသွေး မသိ နိုင်ငံတစ်ဝန်းရှိ သက်ရှိလူသားအားလုံးနဲ့ တိရိစ္ဆာန်တွေအပေါ် သက်ရောက်မှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ၊ မန္တလေးမြို့နဲ့ ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးဟာ အနက် ၁၀ ကီလိုမီတာပဲရှိပြီး သိသိသာသာတိမ်တဲ့ ငလျင်ဖြစ်ကာ အင်အား ၇ ဒသမ ၇ ရှိတယ်လို့ ဘူမိတိုင်းတာရေးဌာနက တွက်ချက်ဖော်ပြ ထားခဲ့ပါတယ်။
ထူးခြားမှုတစ်ခုအနေနဲ့ မန္တလေးငလျင်ကြီး မလှုပ်ခတ်မီ (၅) မိနစ်လောက် အလိုမှာ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ဝန်းရှိ ဆင်ဖြူတော်တွေဟာ ဝိုင်းပတ်၍ အော်ဟစ် နေကြောင်း ပြန်လည်ကြားသိရခဲ့သောကြောင့် ငလျင်နဲ့ မိမိဘေးပတ်ဝန်းကျင်ရှိ တိရိစ္ဆာန် တွေရဲ့ ဆက်စပ်နေမှုကိုလည်း သတိထားစရာတစ်ခုအဖြစ် မှတ်သားခဲ့ရပါတယ်။ ဒီလို မန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် နိုင်ငံသားအားလုံးရဲ့ လူမှုစီးပွားဘဝတွေနဲ့ အခြေခံ အဆောက်အဦ၊ လမ်း၊ တံတားအပါအဝင် အမြတ်တနိုးတန်ဖိုးထား ကိုးကွယ်ရာဖြစ်တဲ့ ဘုရား၊ စေတီ၊ ကျောင်း၊ ကန်၊ ပုထိုးတွေ များစွာမြေခလဲပြိုခဲ့ရမှုအပေါ် နိုင်ငံသားတွေအနေနဲ့ ယူကျုံးမရ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြရပေမယ့်လည်း နိုင်ငံတော်အစိုးရရဲ့ဦးဆောင်မှုနဲ့ ငါတို့တတွေ အတူတကွအမြန်ဆုံး ပြန်လည်ထူထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထက်သန်တဲ့ စိတ်ဓာတ်အားမာန်တွေဟာလည်းမြန်မာနိုင်ငံသားအားလုံးရဲ့စိတ်ဝယ် ကြီးမားစွာဖြစ်ပေါ် နေတာကို ခံစားတွေ့မြင်ရပါတယ်။
အရေးကြီးရင် သွေးနီးတတ်တာ....
မတ်လ (၂၈)ရက်နေ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲအနေနဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ချက်ချင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်စေခဲ့တယ်။ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ငလျင်ကြောင့် သက်ရောက်ခဲ့တဲ့ အခြေအနေအရပ်အရပ်ကို သုံးသပ်ကာ ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်၍ ငလျင်ဒဏ်သင့်ဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာချက် အား ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ အသိပေးကြေညာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလို နိုင်ငံတကာသို့ ချက်ချင်းအသိပေး ဆက်သွယ်ဆောင်ရွက်နိုင်ခဲ့မှုတွေကြောင့်လည်း အိမ်နီးချင်း နိုင်ငံတွေ၊ အာဆီယံအသိုက်အဝန်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေ အချိန်ပိုင်းအတွင်း အမြန်ဆုံးပေးပို့ခဲ့ကြပြီး အချို့ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
အလားတူပင် တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ ကျွန်တော်တို့ နိုင်ငံသား တွေဟာ စေတနာသဒ္ဓါတရား ထက်သန်စွာ ပေးကမ်းလှူဒါန်းကြရာမှာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးနိုင်ငံအဖြစ် ရှိနေတာကို ဒီငလျင်ကြီးက သက်သေပြခဲ့ပါတယ်။ မြန်မာတို့ရဲ့ စိတ်ရင်းဓလေ့တွေဟာ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် တွေကြုံတွေ့လာရတဲ့အချိန် ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး ငလျင်ဘေးဒဏ်သင့် ဒေသတွေဆီကို လူအား၊ ငွေအားနဲ့ ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းတွေမှာ တတ်စွမ်းသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက် နေမှုမြင်ကွင်းများဟာလည်း “မြန်မာလူမျိုးတို့ရဲ့ အရေးကြီးရင် သွေးနီးတယ်” ဆိုတဲ့ အမျိုးသားစရိုက် လက္ခဏာတန်ဖိုးတွေကို ဂုဏ်ယူစွာတွေ့ရှိရပါတယ်။
နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအပေါ် မြန်မာတို့ရဲ့ အစဉ်အလာ ဖော်ရွေမှု၊ ကြင်နာမှု၊ ဧည့်ဝတ်ကျေပွန်တတ်မှုနဲ့ ရိုးဂုဏ်တို့ကိုလည်း မပျက်မယွင်း တွေ့ရှိခဲ့ရ ပါတယ်။ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ကျေးဇူး တင်တတ်၊ ကျေးဇူးဆပ်လိုကြတဲ့ စိတ်ရင်းကိုသာမက ရိုးသားဖော်ရွေ ပျူငှာတတ်ကြပုံ တွေကို အံ့ဩဘနန်း ထုတ်ဖော်ပြောကြားခဲ့ကြသလို သူတို့ရဲ့ ဗီဒီယို ကင်မရာတွေနဲ့ မှတ်တမ်းရိုက်ယူကြတာ၊ လူမှုကွန်ရက်တွေမှာ မျှဝေကြတာကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁)ရက်နေ့မှာလည်း ငလျင်ဘေးဒဏ်သင့်ဒေသများမှာ ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက ငွေသား ၁၀၄ ဒသမ ၄၄ ဘီလီယံ(ကျပ်)၊ အလှူပစ္စည်း ၁၂ ဒသမ ၄ ဘီလီယံ (ကျပ်)၊ စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလီယံ (ကျပ်)ကို အစိုးရထံ လှူဒါန်း ပေးအပ် ခဲ့မှုတွေကို မြင်တွေ့ခဲ့ရပြီး နိုင်ငံတော်အစိုးရအနေနဲ့လည်း ၅၀၀ ဘီလီယံ(ကျပ်)ကို ကနဦး မတည်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတော်အကြီးအကဲက မန္တလေးငလျင်ဘေးဒဏ်နှင့်စပ်လျဉ်းကာ “ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့နေရာတွေမှာ ကနဦးအနေနဲ့ အပျက်အစီးများ ဖယ်ရှားရှင်းလင်းမှုတွေကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံး ယခင်အတိုင်း ပြန်လည်သွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ တတိယပိုင်းအနေနဲ့ ပြိုကျနေဆဲဖြစ်တဲ့ အန္တရာယ်ရှိ အဆောက်အဦများကို ဖယ်ရှား ရှင်းလင်းခြင်း လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထိုမှတဆင့် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်နဲ့ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း” လမ်းညွှန်ပြောဆိုထားရှိမှုနဲ့အတူ သမိုင်းခေတ်အဆက်ဆက် မြန်မာ့အရေး အခက်အခဲ မှန်သမျှကို မြန်မာနိုင်ငံသားတွေကသာ အဓိကရင်ဆိုင် ဖြေရှင်းကျော်လွှား ခဲ့ကြရတာဆိုတာ ပကတိ အရှိတရားတွေဖြစ်ပြီး ဒီမြေပေါ်မှာရှင်သန်နေကြသူတွေ အားလုံး စုပေါင်းရုန်းထကြရမယ်ဆိုတဲ့ အသိတရားတွေနဲ့အနာဂတ်မြန်မာပြည်ကို ဝိုင်းဝန်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။
“ မိုခါ ” မုန်တိုင်းကြီးကဲ့သို့ ရင်ဆိုင်ကျော်လွှားကြမည်....
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့(၁)လပြည့်မြောက်ခဲ့တဲ့နေ့ဖြစ်တာနဲ့အတူ ဒီတစ်လ တာကာလအတွင်း အစိုးရနဲ့ပြည်သူ အတူတကွ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား ခဲ့ကြရတဲ့ အခြေအနေတွေဟာ ၂၀၂၃ ခုနှစ်၊ မေလ အတွင်း ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ မုန်တိုင်းမိုခါ (Mocha) ကို ပြန်လည် သတိရမိစေခဲ့ပါတယ်။ မှတ်သားမိသလောက် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး (Extremely Severe Cyclonic Storm) ဟာ ဆောင့်တိုက် လေတိုက်နှုန်း မိုင် ၁၀၀ ကျော်နဲ့ ရခိုင်ကမ်းရိုးတန်းအတွင်း စတင်ဝင်ရောက်လာပြီး စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် ကျောက်ပန္တုအနီးမှဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဖြတ်သန်း ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော် သတိပြုမိတာတစ်ခုကတော့ မုန်တိုင်းသတင်း စတင် ကြားကတည်းက နိုင်ငံတော်အစိုးရ၊ ဒေသအာဏာပိုင်၊ ပြည်သူလူထုနဲ့ တပ်မတော်တို့ဟာ တစ်စိတ်တည်း၊ အာရုံတစ်ခုတည်း၊ သတိရှိရှိနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒီလိုအချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ် (Unity of Myanmar Spirit) ကို ပီပီပြင်ပြင် မြင်တွေ့ခဲ့လိုက်ရပါတယ်။ ဒီလို မုန်တိုင်းအန္တရာယ် ထိထိရောက်ရောက်ကာကွယ်နိုင်ခဲ့မှုနဲ့ မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ပြည်သူလူထုအားလုံးနဲ့ နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ အစိုးရ၊ ဝန်ထမ်းတွေရဲ့ စုပေါင်းစွမ်းအားနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ရလဒ်ဟာ ထင်ရှားသော ဥပမာတစ်ရပ်ဖြစ်ပြီး အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှားနိုင်ခဲ့တဲ့ စံပြ Model တစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။
ယခုလည်း ငလျင်သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ချက်ဟန့်တားရန် မဖြစ် နိုင်ခဲ့တဲ့အခြေအနေတွေကြောင့် မြန်မာပြည်သူလူထုအနေနဲ့ မန္တလေး ငလျင်ဒဏ်အား ကြုံတွေ့ခဲ့ရပေမဲ့ အမြန်ဆုံးပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အစိုးရနဲ့ ပြည်သူ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်မှုအားတွေ၊ မိတ်ဆွေနိုင်ငံတွေရဲ့ ကူညီဖေးမမှု တွေနဲ့အတူ ရှေ့ဆက်လျှောက်လှမ်းနေချိန်ပဲဖြစ်ပါတယ်။ ရှောင်လွှဲလို့မရတဲ့ သဘာဝဘေး အန္တရာယ်တွေကို မိုခါမုန်တိုင်းကြီးအား မြန်မာတို့ရဲ့ စိတ်ရင်း၊ မြန်မာတို့ရဲ့ စိတ်ဓာတ်တွေနဲ့ ပေါင်းစုကာ ကျော်လွှားနိုင်သကဲ့သို့ ယနေ့ မန္တလေးငလျင်ဘေးကြီးကိုလည်း အစိုးရနဲ့ ပြည်သူလူထုအကြား နိုင်ငံရေးပရောဂတွေ မြူမှုန်တစ်စမျှပင် လွှမ်းမိုးသက်ရောက်မခံဘဲ လက်တွဲကျော်ဖြတ် တည်ဆောက်သွားနိုင်ဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။
အခက်အခဲတွေကြားမှာ...အမြဲရှိတဲ့ အခွင့်အလမ်းတွေ
ကြီးမားသော အခက်အခဲတွေကြားက ရုန်းထွက်ရင်ဆိုင် ကျော်လွှားနိုင်သူတွေသာ ဝင့်ကြွားနိုင်ကြတာဟာ လောကနိယာမလို့ ဆိုနိုင်ပါတယ်။ ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း များစွာဟာ မတူညီသော ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရပြီး ဒီလိုဘေး အန္တရာယ်တွေကို ကြုံတွေ့ရင်ဆိုင်ကြရတဲ့အချိန်တိုင်း ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ပျက်စီးစေယုံသာမက အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ အခြေခံ အဆောက် အအုံတွေ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးစတဲ့ နယ်ပယ်ကဏ္ဍ မျိုးစုံ ယိုင်လဲပြိုပျက်မှုတွေ ကြုံခဲ့ရပါတယ်။ သာဓကအနေနဲ့ ကျွန်တော်တို့ရဲ့ အာရှရပ်ဝန်းရှိ ဂျပန်နိုင်ငံဟာ စစ်ဘေး၊ နျူကလီယားဗုံးဒဏ်နဲ့ ဆူနာမီငလျင်တွေကို တောက်လျှောက် ကြုံတွေ့ရင်ဆိုင်ခဲ့ကြရပေမယ့် ဂျပန်ပြည်သူတို့ရဲ့ မခံချင်စိတ်၊ ကြိုးစားချင်စိတ်နဲ့ ပြည်သူ ပြည်သား အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရုန်းကန် ချီတက်ခဲ့ကြလို့ ယနေ့ ဂျပန်နိုင်ငံဟာ ကမ္ဘာအလယ်မှာ ထည်ဝါစွာရပ်တည်နိုင်တဲ့ အနေအထားကိုလည်း အတုယူ လေးစားဖွယ် တွေ့မြင်နိုင်ပါတယ်။
ယနေ့မြန်မာနိုင်ငံအနေနဲ့လည်း မန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းကြရမှာဖြစ်ပေမယ့် ဆက်စပ်အခွင့် အလမ်းကောင်းများကို ဖန်တီးဆုပ်ကိုင်နိုင်ရေးဟာလည်း မြန်မာနိုင်ငံသားတို့ရဲ့ မလျော့သောလုံ့လစိတ်ဓာတ်တွေ အပေါ်မှာ များစွာမူတည်နေပါတယ်။ မိမိတို့နိုင်ငံအပေါ် ပြည်ပြေး၊ ပြည်ဖျက် အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တို့ရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ထိုးနှက်ချက်တွေကြောင့် နိုင်ငံတကာမျက်နှာစာမှာ သတင်းအမှားများစွာနဲ့ မြန်မာနိုင်ငံရဲ့ ဓလေ့စိတ်ရင်းတွေနဲ့ မြန်မာ့တန်ဖိုးတွေထိခိုက် ပျောက်ဆုံးနေခဲ့ရပါတယ်။ ယနေ့မြေပြင်မှာ ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတကာ အချင်းချင်းအပြန်အလှန်ဆက်ဆံမှုတွေ၊ အဖွဲ့အစည်းများနှင့် အပြန်အလှန် ဆက်ဆံမှုတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းခွင်များမှာ အပြန်အလှန် ထိတွေ့လုပ်ကိုင်ကြရင်း နိုင်ငံတကာနဲ့ဆက်ဆံရေး အခွင့်အလမ်းကောင်းတွေ ဆက်လက်တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ နိုင်ငံတကာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်း ဆက်သွယ်ရေး အခန်းကဏ္ဍတွေမှသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍတွေအထိ စာနာ နားလည် ယုံကြည်မှုတွေနဲ့ ရှေ့ဆက်နိုင်မယ့် အခွင့်အလမ်းများစွာကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုအခက်အခဲတွေကြားကနေ အမြန်ဆုံးပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးမှာ တည်ငြိမ်အေးချမ်းမှုရှိရန်လိုပြီး တည်ငြိမ်အေးချမ်းမှသာလျင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုဖော်ဆောင်နိုင်မှာ ဖြစ်တာကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို အမြော်အမြင်ကြီးစွာ ထုတ်ပြန်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် အစိုးရနဲ့ ပြည်သူတွေအားလုံး အတူ လက်တွဲ ရုန်းကန်ထူထောင်ကြရမယ့် ရေရှည်လုပ်ငန်းစဉ်တွေမှာ မည်သည့်အဖျက်အမှောင့် လုပ်ရပ်မျိုးကိုမှ ပြည်သူတွေ မလိုလားကြပါဘူး။ ဒီမြေမှာနေ ဒီရေသောက်နေတဲ့ မြန်မာနိုင်ငံသား တစ်ယောက်လို့ ခံယူတဲ့လူတိုင်း အတူတကွပြန်လည်ရုန်းထကျော်ဖြတ် ကြမယ်ဆိုတဲ့ စိတ်ထားမျိုးတွေနဲ့အတူ သဘာဝဘေးအန္တရာယ်ဆိုးကြီးဒဏ်မှ ပြန်လည် ထူထောင်နိုင်ဖို့ ကျွန်တော်တို့အားလုံးတစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီ လှော်ခတ် သွားကြရမှာဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးဟာ သဘာဝဘေးအန္တရာယ်တွေကို နည်းများမဆို ကြုံတွေ့ ရင်ဆိုင်ကြမှာဖြစ်သကဲ့သို့ ၎င်းဘေးအန္တရာယ်အခက်အခဲတွေမှ ပြန်လည်ဦးမော့လာစေရေး ဟာလည်း နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ အစိုးရရဲ့ ထက်မြက်တဲ့ ဦးဆောင်မှု၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့တစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်းဆောင်ရွက် နိုင်မှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ယနေ့ မန္တလေးငလျင်ကြီးနှင့်ပတ်သက်သော ရေရှည် တည်တံ့တဲ့ ပြန်လည်ထူထောင်ရေး (Sustainable And long-term recovery after earthquake) လုပ်ငန်းစဉ်များကို အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုနဲ့ နိုင်ငံတကာမိတ်ဆွေတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ တစိုက်မတ်မတ်အကောင်အထည် ဖော်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြေထုလွှာကို လှုပ်ခတ်ကွဲအက် ပိုင်းခြားလိုက်သကဲ့သို့ မြန်မာလူမျိုးတို့ရဲ့ အမျိုးသားရေးစရိုက်လက္ခဏာ တွေနဲ့ ကိုယ်ခံစွမ်းအားတွေကို ရုန်းကြွမြင့်တက်လာစေမှုနဲ့အတူ ယနေ့ငလျင်ဘေးဒဏ်ကြီး ပြန်လည်ထူထောင်ရေးမှသည် အေးချမ်းသာယာဝပြောသော အနာဂတ်ဆီသို့ တစ်မျိုးသားလုံးရဲ့ စုပေါင်းအားမာန်တွေနဲ့အတူ လက်တွဲညီညီလျှောက်လှမ်းကြပါစို့လို့ ဆန္ဒပြုရင်း...။

ဘဝနှင့်လောကဓံတရား
ကျွန်ုပ်တို့သည် ဘဝခရီးကိုလျှောက်လှမ်းနေသူများဖြစ်ကြသည်။ ဘဝခရီးကိုလျှောက်လှမ်းရင်း လောကဓံတရားအမျိုးမျိုးကို မလွဲမသွေတွေ့ကြုံကြရမည်။ မြတ်ဗုဒ္ဓက ကျွန်ုပ်တို့လူသားများတွေ့ကြုံရမည့်လောကဓံတရားရှစ်ပါးကို ဟောကြားခဲ့သည်။ ယင်းတို့မှ လာဘဟူသော လာဘ်ပေါများခြင်း၊ အလာဘဟူသော လာဘ်နည်းပါးခြင်း၊ ယသဟူသော အခြွေအရံများခြင်း၊ အယသဟူသော အခြွေအရံနည်းပါးခြင်း၊ နိန္ဒာဟူသော ကဲ့ရဲ့ခြင်း၊ ပသံသာဟူသောချီးမွမ်းခြင်း၊ သုခဟူသော ချမ်းသာခြင်း၊ ဒုက္ခဟူသော ဆင်းရဲခြင်းတို့ဖြစ်ကြသည်။ ယခုကျွန်ုပ်တို့ခံစားနေရသော မန္တလေးငလျင်ကြီးသည် ဒုက္ခဆင်းရဲခြင်းဟူသော လောကဓံတရားပင်ဖြစ်သည်။
ကျွန်ုပ်တို့၏တာဝန်နှစ်ရပ်
ကျွန်ုပ်တို့သည် ဘဝခရီးကိုလျှောက်လှမ်းရင်းလောကဓံတရားတစ်မျိုးမျိုး တွေ့ကြုံရသည့်အခါဆောင်ရွက်ရမည့်တာဝန်နှစ်ရပ်ရှိသည်။ ပထမတာဝန်မှာ တွေ့ကြုံရသည့်လောကဓံတရားအပေါ် ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းပြီးရင့်ကျက်တည်ငြိမ်သောစိတ်အခြေအနေတစ်ရပ်တည်ဆောက်ရန်ဖြစ်သည်။ ဒုတိယတာဝန်မှာ ကြုံတွေ့ရသည့်လောကဓံတရားအား သတိ၊ ပညာ၊ဝီရိယဟူသော အားသုံးမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းပြီးအဖိုးတန်ဘဝသင်ခန်းစာ၊ အတွေ့အကြုံ၊ ဗဟုသုတ၊ အသိ၊ သတိ စသည့်ကောင်းကျိုးရလဒ်အမျိုးမျိုးကို ထုတ်ယူရန်ဖြစ်သည်။ ဤတာဝန်နှစ်ရပ်ကိုမပျက်မကွက်ထမ်းဆောင်ပါက လောကဓံတရားတစ်မျိုးမျိုးနှင့်ကြုံတွေ့ပြီးသည့်အခါတိုင်း ကျွန်ုပ် တို့၏စိတ်ဓာတ်သည် ပိုမိုရင့်ကျက်တည်ငြိမ်လာမည်။ ကျွန်ုပ်တို့၏အတွေ့အကြုံ၊ ဗဟုသုတနှင့် အသိ၊ သတိ အဆင့်အတန်းသည် ပိုမိုမြင့်မားလာမည်။ လောကဓံတရားက မည်သို့ပင်ဆိုးကျိုးပေးနေစေကာမူ အသိ၊ ပညာ၊ ဝီရိယဖြင့် ယင်းဆိုးကျိုးများကိုကောင်းကျိုးအဖြစ်သို့ ပြောင်းယူနိုင်မည်ဖြစ်သည်။
ယောနိသောမနသီကာရ
ယောနိသောမနသီကာရဆိုသည်မှာ ဘဝခရီးကိုဖြတ်သန်းရင်း လောကဓံတရားတစ်မျိုးမျိုးကြုံတွေ့ရသည့်အခါ ဗုဒ္ဓအဆုံးအမတရားများကိုနှလုံးသွင်းဆင်ခြင်သည်။ ဤသို့ဆင်ခြင်မှုကြောင့် ကြုံတွေ့နေရသည့်လောကဓံတရားနှင့်ပတ်သက်၍မှန်ကန်သောအသိဖြစ်ပေါ်လာသည်။ မှန်ကန်သောအသိကြောင့် မှန်ကန်သောအယူဖြစ်ပေါ်လာသည်။ မှန်ကန်သောအယူကြောင့် မှန်ကန်သောအတွေးဖြစ်ပေါ်လာသည်။ မှန်ကန်သောအတွေးကြောင့် ရင့်ကျက်တည်ငြိမ်သော စိတ်အခြေအနေတစ်ရပ်ဖြစ်ပေါ်လာသည်။ ဤသဘောသည် ယောနိသောမနသီကာရ မှန်ကန်စွာ နှလုံးသွင်းခြင်းသဘောဖြစ်သည်။ ဘဝခရီးတစ်လျှောက်လုံး လောကဓံတရားတစ်မျိုးမျိုးနှင့်တွေ့ကြုံရမည်ဖြစ်ရာ ကျွန်ုပ်တို့အစဉ်စွဲကိုင်ရမည့်တရားမှာ ယောနိသောမနသီကာရပင်ဖြစ်သည်။
လောကဓံထံမှကောင်းကျိုးရလဒ်များထုတ်ယူခြင်း
လောကဓံထံမှကောင်းကျိုးရလဒ်ထုတ်ယူခြင်းဆိုသည်မှာ တွေ့ကြုံလာရသောမည်သည့်လောကဓံတရားမျိုးကိုမဆို မိမိ၏စိတ်ကို အသိတရားဖြင့်ထိန်း၊ အရာရာကိုပညာဖြင့်ဆင်ခြင်ပြီး ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည်များကို မလျှော့သောဝီရိယဖြင့်ကြိုးပမ်းဆောင်ရွက်ပြီး အောင်မြင်မှုရလဒ်အမျိုးမျိုးကို ဖော်ထုတ်ရယူခြင်းဖြစ်သည်။ တွေ့ကြုံနေရသောလောကဓံတရားကြောင့် အခြေအနေဆိုးအမျိုးမျိုးဖြစ်ပေါ်နေစေကာမူ ယင်းအခြေအနေဆိုးများကို အသိ၊ ပညာ၊ ဝီရိယဖြင့်ကိုင်တွယ်ဖြေရှင်းပြီး အခြေအနေကောင်းများအဖြစ်သို့အောင်မြင်စွာပြောင်းလဲခြင်းဖြစ်သည်။ ဤသဘောသည် လောကဓံတရားထံမှကောင်းကျိုးရလဒ်များထုတ်ယူခြင်းသဘောဖြစ်သည်။
ကျွန်ုပ်တို့ခံစားခဲ့ရသည့်မန္တလေးငလျင်ကြီး
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သည်။ ၎င်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များအကြိမ်ကြိမ်လှုပ်ခတ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်သင့်ခဲ့သည်။
ထိုသို့အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့်ပျက်စီးဆုံးရှုံးမှုများစွာလည်း ကြုံတွေ့ခဲ့ရသည်။
မန္တလေးငလျင်ကြီးအားမှန်ကန်စွာနှလုံးသွင်းမည်
မန္တလေးငလျင်ကြီးသည် သူ့သဘောသူဆောင်ကာ ကျွန်ုပ်တို့ထံရောက်လာပြီး ကြီးစွာသောထိခိုက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။ မန္တလေးငလျင်ကြီးက ကျွန်ုပ်တို့အား ဝမ်းနည်းပူဆွေးသောကအမျိုးမျိုးကိုပေးသော်လည်း ကျွန်ုပ်တို့ကလက်မခံပါ။ ဗုဒ္ဓအဆုံးအမတရားများဖြင့် ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းပြီး ဓမ္မအသိ၊ ဓမ္မသတိများကိုဖော်ထုတ်ကာ ရင့်ကျက်တည်ငြိမ်သော စိတ်အခြေအနေတစ်ရပ်ကိုသာတည်ဆောက်မည်။ နှလုံးသွင်းဆင်ခြင်ရမည့် ဗုဒ္ဓအဆုံးအမတရားတော်များအနက် အောက်ဖော်ပြပါတရားတော်သုံးမျိုးကို ဖော်ပြလိုသည်-
လောကသည် အနတ္တအစိုးမရသည့်သဘော
လောကကြီးသည် မိမိဖြစ်စေချင်သည့်အတိုင်းမဖြစ်ဘဲ သူဖြစ်ချင်သည့်အတိုင်းဖြစ်နေသည်။ထို့ကြောင့် လောကကြီးသည် အနတ္တအစိုးမရသည့်သဘောရှိသည်။ ဤသို့အစိုးမရသည့်သဘောကို ကျွန်ုပ်တို့ရှောင်လွှဲ၍မရပါ။ ယခုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးသည် အနတ္တအစိုးမရဟူသောတရားသဘောအရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လောက၌ထာဝရတည်မြဲသောအရာဟူ၍မရှိ၊ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်လျှင် ပျက်ကြရမည်ဟု နှလုံးသွင်းဆင်ခြင်မည်။ ထို့နောက် အနတ္တအစိုးမရသောလောကကြီးတွင် ရပ်တည်နေရသည်နှင့်အမျှကာလပတ်လုံး အချိန်တိုင်း အသိနှင့်သတိကြီးစွာထားနေရန်လိုအပ်သည်ဟူသောသင်ခန်းစာကို ကျွန်ုပ်တို့ဖော်ထုတ်ကြရမည်။
ပြုခဲ့သောကံ၏အကျိုးကိုရှောင်လွှဲ၍မရ
အကြင်သူသည်ကိုယ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ နှုတ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ စိတ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ ဤမကောင်းသောကံသုံးပါး၏ဆိုးကျိုးသည် မခံစားရဘဲပျောက်ပျက်၍မသွား၊ ယင်းဆိုးကျိုးများကို ယခုဘဝ၌လည်းခံစားရ၏။ နောင်ဘဝ၌လည်းခံစားရ၏။ နောင်သံသရာအဆက်ဆက်၌လည်း ခံစားရ၏။ အကြင်သူသည်ကိုယ်ဖြင့်ကောင်းသောအမှုကိုပြု၏။ နှုတ်ဖြင့်ကောင်းသောအမှုကိုပြု၏။ စိတ်ဖြင့်ကောင်းသောအမှုကိုပြု၏။ ဤကောင်းသောကံသုံးပါး၏ အကျိုးသည်မခံစားရဘဲပျောက်ပျက်၍မသွား။ ယခုဘဝ၌လည်းခံစားရ၏၊ နောင်ဘဝ၌လည်း ခံစားရ၏။ နောင်သံသရာအဆက်ဆက်၌လည်း ခံစားရ၏ဟုဗုဒ္ဓအဆုံးအမရှိ၏။ ဤအဆုံးအမကိုနှလုံးသွင်းပြီးယခုကဲ့သို့ငလျင်ဒဏ်ခံစားရခြင်းသည် အတိတ်ဘဝကကျွန်ုပ်တို့ပြုခဲ့ကြသော မကောင်းသောကံသုံးပါး၏ဆိုးကျိုးဖြစ်သည်ဟုဆင်ခြင်မည်။ ထို့နောက်မကောင်းသော ဆိုးကျိုးလောကဓံတရားမျိုး ထပ်မံမခံစားနိုင်စေရန်အတွက် မကောင်းသောကံသုံးပါးကိုလုံးဝမကျူးလွန်ဘဲကောင်းသောကံသုံးပါးကိုသာပြုမူမည်ဟု ကျွန်ုပ်တို့ သင်ခန်းစာဖော်ထုတ်ကြရမည်။
ကပ်ကြီးသုံးပါးဖြစ်ရသည့်အကြောင်းရင်း
လူတို့ လောဘတရားကြီးမားလာသောအခါ ငတ်မွတ်ဘေးဟူသော ဒုဗ္ဘိက္ခန္တရကပ်ကျရောက်သည်။ လူတို့ဒေါသတရားကြီးမားလာသောအခါ လက်နက်ဘေးဟူသော သတ္ထန္တရကပ်ကျရောက်သည်။ လူတို့မောဟတရားကြီးမားလာသောအခါ အနာရောဂါဘေးဟူသော ရောဂန္တရကပ်ကျရောက်သည်ဟူ၍ ဗုဒ္ဓအဆုံးအမရှိသည်။ ယခုကဲ့သို့ ငလျင်ဒဏ်သင့်ခြင်းသည် ကျွန်ုပ်တို့လောဘတရားကြီးမားနေကြသောကြောင့်ဖြစ်သည်ဟု နှလုံးသွင်းဆင်ခြင်မည်။ ထို့နောက် ဤကဲ့သို့ငလျင်ဒဏ်အပါအဝင်အခြားမည်သည့်ကပ်ကြီးမျိုးမှမကျရောက်စေရန်အတွက် စိတ်အတွင်းသို့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန စသည့်မကောင်းသောစိတ်များမဝင်စေဘဲ အလောဘ၊ အဒေါသ၊ အမောဟ၊ မေတ္တာကရုဏာ၊ မုဒိတာ စသည့်ကောင်းမှုကုသိုလ်စိတ်များကိုသာ ဝင်ရောက်နေစေရမည်ဟူသော သင်ခန်းစာကို ကျွန်ုပ်တို့ဖော်ထုတ်ကြရမည်။
ငလျင်ဒဏ်ထံမှရလဒ်ကောင်းများထုတ်ယူခြင်း
လောက၌အခြေအနေဆိုးတစ်ရပ်ဖြစ်ပေါ်လာတိုင်းယင်းအခြေအနေဆိုးနှင့်အတူ အခြေအနေကောင်းများ ပူးတွဲဖြစ်ပေါ်နေလေ့ရှိသည်။ ယင်းအခြေအနေကောင်းများကို သတိပညာဖြင့် ဆင်ခြင်သုံးသပ်ဖော်ထုတ်ပြီး ဝီရိယရှိစွာ အသုံးချပါက တွေ့ကြုံခံစားနေရသောအခြေအနေဆိုးများကို အောင်မြင်စွာဖြေရှင်းကျော်လွှားနိုင်သည်။ ဤသဘောအတိုင်းမန္တလေးငလျင်ဆိုးကြီးသည် ယင်းနှင့်အတူ အခြေအနေကောင်းများယူဆောင်လာခဲ့သည်။ ယင်းအခြေအနေကောင်းများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အကြီးအကဲများက သတိ၊ ပညာ၊ ဝီရိယကြီးစွာ၊ ထိရောက်မှန်ကန်စွာ အသုံးချနေမှုကြောင့် အမိနိုင်ငံအတွက် ရလဒ်ကောင်းများ၊ အခြေအနေကောင်းများဖြစ်ပေါ်လျက်ရှိသည်။ ယင်းသို့ဖြစ်ပေါ်နေသော ရလဒ်ကောင်း၊ အခြေအနေကောင်းများအနက် အဓိကအချက်လေးချက်ကို အောက်ပါခေါင်းစဉ်များဖြင့် ဖော်ပြလိုပါသည်-
ဓမ္မအသိနှင့်သတိပိုမိုမြင့်မားလာခြင်း
လှုပ်ခတ်ခဲ့သောမန္တလေးငလျင်ကြီးကြောင့်လောကကြီးသည်အနိစ္စအမြဲမရှိ၊ ဒုက္ခဆင်းရဲခြင်း၊အနတ္တအမြဲမရှိဟူသော ဓမ္မအသိနှင့်သတိ ပိုမိုမြင့်မားလာသည်။ လူသည်မိမိပြုသောကံနှင့်တူသော အကျိုးကိုမလွဲမသွေခံစားရသည်။ အကြောင်းတရားကောင်းမှသာ အကျိုးတရားကောင်းမည်ဆိုသည့် ဓမ္မအသိပိုမိုခိုင်မာလာသည်။ ကပ်ကြီးသုံးပါးမည် သည့်အတွက်ကြောင့်ဖြစ်ရသည်ကိုလည်းကောင်း၊မည်ကဲ့သို့ကာကွယ်တားဆီးနိုင်သည်ကိုလည်းကောင်းသိမြင်လာသည်။ တွေ့ကြုံရသော မည်သည့်လောကဓံတရားမျိုးကိုမဆို ရင့်ကျက်တည်ငြိမ်စွာ ရင်ဆိုင်ကျော်လွှားနိုင်သောနည်းမှာ ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းခြင်းပင်ဖြစ်သည်ဆိုသော ဓမ္မအသိပိုမိုမြင့်မားလာသည်။
အသိမှန်အမြင်မှန်များပိုမိုဖြစ်ပေါ်လာခြင်း
ယခုအခါ နိုင်ငံတော်အကြီးအကဲသည် ငလျင်ဒဏ်သင့်ပြည်သူများနှင့်အတူရှိနေသည်။ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမြန်ဆုံးအရေးတယူဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန်မှန်သမျှကို နေ့မအား ညမအား စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြေပြင်ကွင်းဆင်းပြီး ကယ်ဆယ်ရေး၊ နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ စားရေး၊ ကျန်းမာရေး၊ ဆေးဝါးကုသရေးလုပ်ငန်းများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ တပ်မတော်ကလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ ဒုက္ခအခက်အခဲ၊ အကျပ်အတည်းပေါင်းစုံကို ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ ဤသို့ ငလျင်ဒဏ်သင့်ပြည်သူများနှင့်အတူရှိနေမှု၊ ဘေးဒုက္ခအကျပ်အတည်းများကို ကိုယ်ချင်းစာနာစိတ်အပြည့်ဖြင့် မျှဝေခံစားနေမှုတို့ကြောင့် နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်၏ သဘောထားနှင့်စေတနာအမှန်ကို မိဘပြည်သူများကပိုမိုသိမြင်လာကြသည်။
စည်းလုံးညီညွတ်မှုစိတ်ဓာတ်မြင့်မားလာခြင်း
ယခုအခါ ငလျင်ဒဏ်သင့်ပြည်သူများကိုစေတနာ၊ သဒ္ဓါတရားထက်သန်သောစီးပွားရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊နိုင်ငံ့ဝန်ထမ်းများ၊ တစ်သီးပုဂ္ဂလအလှူရှင်များက ဝိုင်းဝန်းကူညီဖေးမလျက်ရှိသည်။ ဤသို့ ဒုက္ခနှင့်အကျပ်အတည်းပေါင်းစုံကြုံတွေ့နေရချိန်တွင် ကရုဏာ၊ မေတ္တာ၊ အကြင်နာတရားတို့ဖြင့် ကူညီဖေးမမှုတို့ကြောင့် ခံစားနေရသော ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ အတိုင်းအတာတစ်ခုအထိလျော့ကျသွားခဲ့သည်။ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပိုမိုချစ်ခင်မြတ်နိုးလာကြသည်။ အချင်းချင်းအပြန်အလှန်အားကိုးယုံကြည်လာကြသည်။ ပိုမိုစည်းလုံးညီညွတ်လာကြသည်။ စည်းလုံးညီညွတ်ခြင်း၏အကျိုးအာနိသင်ကို လက်တွေ့သိမြင်လာကြသည်။ ဤသို့စည်းလုံးညီညွတ်နေမှသာ ဘေးအန္တရာယ်တစ်မျိုးမျိုးကျရောက်လာသည့်အခါတိုင်း အောင်မြင်စွာကျော်လွှားနိုင်မည်ဟူသောစည်းလုံးညီညွတ်ရေးစိတ်ဓာတ်မြင့်မားလာသည်။
နိုင်ငံတကာဆက်ဆံရေးပိုမိုအောင်မြင်လာခြင်း
ပြည်ပအင်အားစုအချို့က ကျွန်ုပ်တို့ အမိနိုင်ငံအား ကမ္ဘာ့နိုင်ငံများ၏ ဝိုင်းပယ်ခြင်းကိုခံရသည့်နိုင်ငံ၊ အထီးကျန်နိုင်ငံအဖြစ်သို့ရောက်ရှိအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။ သို့သော် မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးက ယင်းပြည်ပအင်အားစုများ၏ ကြိုးပမ်းမှုများကို ရိုက်ချိုးပစ်ခဲ့သည်။ ငလျင်ဒဏ်သင့်သောကျွန်ုပ်တို့အမိနိုင်ငံအား ပြည်ပမိတ်ဆွေ ၁၆ နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ အချိန်တိုအတွင်း အမြန်ရောက်ရှိခဲ့သည်။ ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် လူပုဂ္ဂိုလ် ၄၅ ဦးတို့ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြသည်။ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ အလှူ ရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီလ ၁၈ ရက်နေ့နံနက် ၇ နာရီအထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့်ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စင်း၊သင်္ဘောခြောက်စင်း၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်အတူရောက်ရှိခဲ့သည်။ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးဝန်ထမ်း ၁၉၇၅ ဦး၊ထောက်ပံ့ရေးပစ္စည်း ၂၃၃၂ ဒသမ ၉၈ တန်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ ဒသမ ၅၉ တန် စုစုပေါင်း ၃၅၀၃ ဒသမ ၅၇ တန်တို့ကျွန်ုပ်တို့အမိနိုင်ငံထံသို့ရောက်ရှိခဲ့သည်။ဤသို့ မိတ်ဆွေနိုင်ငံများ၏ဝန်းရံမှုများကိုလက်ခံရရှိခြင်းသည် အမိနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်နေခြင်းသဘောဖြစ်သည်။ မန္တလေးငလျင်ကြီးက မြန်မာနိုင်ငံသည် အထီးကျန်နိုင်ငံမဟုတ်ကြောင်း မိတ်ဆွေနိုင်ငံများ၏ဝန်းရံမှုကို ထိုက်တန်စွာရရှိထားသည့်နိုင်ငံဖြစ်ကြောင်းပြသခဲ့သည်။
အဆိုးထဲမှအကောင်း၊ အရှုံးထဲမှအမြတ်
မန္တလေးငလျင်ကြီးအား ကျွန်ုပ်တို့ အမိနိုင်ငံအနေဖြင့် ယောနိသောမနသီကာရမှန်ကန်စွာနှလုံးသွင်းဆင်ခြင်ပြီး သတိ၊ ပညာ၊ဝီရိယ စွမ်းအားသုံးမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းခဲ့သည်။ ဤသို့ဖြေရှင်းမှုကြောင့် အဆိုးထဲမှအကောင်း၊ အရှုံးထဲမှအမြတ်ဆိုသကဲ့သို့ နိုင်ငံသားများ၏ ဓမ္မအသိနှင့် သတိမြင့်မားလာခြင်း၊ အသိမှန်၊ အမြင်မှန်များပိုမိုဖြစ်ပေါ်လာခြင်း၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်မြင့်မားလာခြင်း၊ နိုင်ငံတကာဆက်ဆံရေး ပိုမိုအောင်မြင်လာခြင်း စသည့်အောင်မြင်မှုရလဒ်များရရှိခဲ့သည်။
မန္တလေးငလျင်ကြီးက ကျွန်ုပ်တို့အမိနိုင်ငံအား ယိုင်လဲအောင်ပြုလုပ်ခဲ့သော်လည်းကျွန်ုပ်တို့အမိနိုင်ငံ ပိုမိုခိုင်မြဲလာခဲ့သည်။ အမိနိုင်ငံအား ကျိုးပျက်အောင်ချိုးဖျက်ခဲ့သော်လည်း ကျွန်ုပ်တို့အမိနိုင်ငံ တိုးတက်ခဲ့သည်။ ယောနိသောမနသီကာရနှင့် သတိ၊ ပညာ၊ ဝီရိယ စွမ်းအားသုံးမျိုးကြောင့် ဤသို့တိုးတက်ခဲ့ခြင်းဖြစ်သည်။ နောင်တွင်လည်း ယခုမန္တလေးငလျင်ကြီးကဲ့သို့ ဆိုးဝါးသော လောကဓံတရားမျိုးနှင့် တွေ့ကြုံကောင်းတွေ့ကြုံနိုင်သည်။ ဤသို့တွေ့ကြုံလာပါက မပျက်မကွက်ဆောင်ရွက်ရမည့်နည်းလမ်းမှာ တွေ့ကြုံလာရသည့် လောကဓံတရားအပေါ် ယောနိသောမနသီကာရမှန်ကန်စွာနှလုံးသွင်းဆင်ခြင်ပြီး သတိ၊ပညာ၊ ဝီရိယဟူသော စွမ်းအားသုံးမျိုးဖြင့် အောင်မြင်စွာရင်ဆိုင်ကျော်လွှားခြင်းသာဖြစ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြ အပ်ပါသည်။ ။