မီးခိုးမြူငွေ့ဆိုတာ
မီးခိုးမြူငွေ့ဆိုတာ
ဒီနေ့ခေတ်ကမ္ဘာကြီးမှာဖွံ့ဖြိုးတိုးတက်မှုတွေများလာတာနဲ့အမျှ လေထုညစ်ညမ်းမှုတွေလည်းများပြားလာပါတယ်။လူနေထူထပ်တဲ့မြို့ပြတွေမှာ စက်ရုံအလုပ်ရုံတွေနဲ့ မော်တော်ယာဉ်များမှ အခိုးအငွေ့များထွက်ရှိခြင်း၊ အမှိုက်မီးရှို့ခြင်းစတာတွေကြောင့် လေထုညစ်ညမ်းမှုတွေဖြစ်လာတာဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာဆိုရင်လည်း တောမီးနဲ့အခြားမီးလောင်ကျွမ်းမှုတွေကြောင့်မီးခိုးမြူငွေ့တွေဖြစ်လာပြီး လေထုညစ်ညမ်းမှုတွေ ကြုံတွေ့နေရပါတယ်။ မီးခိုးမြူငွေ့တွေမှာ အလွန်သေးငယ်တဲ့ အချင်း ၂ ဒသမ ၅၊ ၁၀ တို့ထက်မပိုတဲ့အမှုန်အမွှားများ(Particulate Matter, PM 2.5 နှင့် PM 10)၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ မြေပြင်အလွှာရှိအိုဇုန်း၊ ရေငွေ့နဲ့ လေထုကိုညစ်ညမ်းစေနိုင်တဲ့ အခြားဓာတ်ငွေ့များစွာ ရောနှောပါဝင်နေပါတယ်။
မီးခိုးမြူငွေ့တွေဟာ လေတိုက်ခတ်မှုလမ်းကြောင်းပေါ်မူတည်ပြီး တစ်နေရာမှ အခြားတစ်နေရာဆီကို အလွယ်တကူ ရွေ့လျားပျံ့နှံ့ရောက်ရှိနိုင်ပါတယ်။ ကျေးလက်တွေမှာဖြစ်ပေါ်တဲ့ မီးခိုးမြူငွေ့တွေ ဟာ မြို့ပြတွေကိုရောက်လာနိုင်ပါတယ်။ နယ်စပ်ဒေသတွေမှာဆိုရင် မူလဖြစ်ပေါ်ရာနိုင်ငံရဲ့ နယ်နိမိတ်ကိုကျော်လွန်ပြီး အခြားနိုင်ငံကိုလည်း ရောက်သွားနိုင်တာကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်လာရပါတယ်။
မီးခိုးမြူတွေ ဆိုးဝါးစွာကျရောက်တဲ့အခါ ကျောင်းများ၊ စျေးများ၊ စက်ရုံ အလုပ်ရုံများ ပိတ်ရခြင်း၊ ယာဉ်သွားလာမှုများခက်ခဲခြင်း၊ လေယာဉ်ခရီးစဉ်များ နှောင့်နှေးရခြင်း စတဲ့ပြဿနာများကြုံတွေ့ပြီး လူမှုစီးပွား ဘဝတွေ ထိခိုက်လာရပါတယ်။ မီးခိုးမြူငွေ့မှာပါဝင်တဲ့ PM 2.5 ဟာ လူသားတွေရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့အတွက် မမြင်နိုင်တဲ့လူသတ်သမားလို့တောင်မှ တင်စားခေါ်ဝေါ်လာကြပါတယ်။ ဒါ့အပြင် မီးခိုးမြူငွေ့တွေဟာ အပင်နှင့်တိရစ္ဆာန်တွေအပေါ်မှာလည်းအလွန်အန္တရာယ်ဖြစ်စေနိုင်ပြီး ပတ်ဝန်းကျင်သဘာဝဂေဟစနစ် ပျက်စီးခြင်းများနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကိုလည်း ဖြစ်ပေါ်စေပါတယ်။
မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ
မီးခိုးမြူငွေ့တွေဟာ တောမီးအပါအဝင် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပွားတဲ့ မီးလောင်မှု၊ မီးရှို့မှုတွေကြောင့် ဖြစ်လာတာဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း စတာတွေကြောင့် သဘာဝအတိုင်း တောမီးတွေလောင်နိုင်ပါတယ်။ တောထဲမှာလူတွေအမဲလိုက်ခြင်း၊ ပျားဖွပ်ခြင်းစတာတွေဆောင်ရွက်ရာကနေပြီးလည်း တောမီးတွေလောင်နိုင်ပါတယ်။ တချို့နေရာတွေမှာဆိုရင်စိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ မီးရှို့လေ့ရှိကြပါတယ်။ဥပမာဆိုရင်ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးဖို့ တောင်ယာခုတ်ထွင်မီးရှို့ခြင်း၊ စိုက်ပျိုးဖို့ မြေပြုပြင်တဲ့အခါ ရှေ့သီးနှံစိုက်ခင်းရိုးပြတ်များအား မီးရှို့ရှင်းလင်းခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ဘေးထွက်ပစ္စည်းများအား မီးရှို့ခြင်းစတာတွေဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ တောမီး လောင်ရာမှတစ်ဆင့် စိုက်ခင်းတွေကို ကူးစက်လောင်ကျွမ်းနိုင်သလိုစိုက်ပျိုးဖို့မီးရှို့တာကနေပြီးတော့လည်းတောမီးအဖြစ် ကူးစက်လောင်နိုင်ပါတယ်။ ဒါ့အပြင် အခြားအကြောင်းအမျိုးမျိုးနဲ့ မီးရှို့တာတွေကြောင့်လည်း မီးခိုးမြူငွေ့တွေဖြစ်ပေါ်လာရပါတယ်။ ပွင့်လင်းရာသီတွေမှာ မီးလောင်တာ၊ မီးရှို့တာတွေအဖြစ်များတာဖြစ်လို့ မီးခိုးမြူငွေ့တွေဟာ နိုဝင်ဘာလမှာစတင်ဖြစ်ပေါ်လေ့ရှိပြီး ဖေဖော်ဝါရီလ၊ မတ်လနဲ့ ဧပြီလတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။
တောင်သူလယ်သမားတွေက ဘာကြောင့်မီးရှို့တာလဲ
မြန်မာနိုင်ငံမှာ စပါးစိုက်ဧရိယာဧက ၁၇ သန်းခန့်ရှိတာဖြစ်ပြီးစပါးကိုလက်ဖြင့်ရိတ်သည်ဖြစ်စေ၊ စက်ဖြင့်ရိတ်သည်ဖြစ်စေ စိုက်ခင်းထဲမှာ ကောက်ရိုးပြတ်များ အနည်းနှင့်အများ အမြဲကျန်ခဲ့လေ့ရှိပါတယ်။ တောင်သူများအနေနဲ့ အလုပ်သမားရှားပါးလာခြင်း၊ နောက်သီးနှံအချိန်မီစိုက်ပျိုးလိုခြင်း၊ အချို့ဒေသတွေမှာဆိုရင် စိုက်ခင်းတွေဟာရွာနဲ့ဝေးလွန်းတဲ့အတွက် သွားလာရန်ခက်ခဲခြင်း၊ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း၊ ပိုးမွှားရောဂါနဲ့ ပေါင်းပြဿနာများဖြေရှင်းလိုခြင်းအစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် စပါးခြွေလှေ့ပြီးရင် ကောက်ရိုးတွေနဲ့ စိုက်ခင်းရိုးပြတ်တွေကိုမီးရှို့ပြီး ရှင်းလင်းဖယ်ရှားလေ့ရှိပါတယ်။ စပါးခင်းတွေသာမကပါဘူး တခြားသောသီးနှံစိုက်ခင်း ရိုးပြတ်၊ ပြောင်းရိုး၊ ကြံရွက်ခြောက်စတဲ့ သီးနှံအကြွင်းအကျန်တွေ၊ လယ်ယာမြေနဲ့ ဥယျာဉ်ခြံထွက်အမှိုက်တွေကို မီးရှို့ပစ်တာဟာ စရိတ်ကုန်၊အချိန်ကုန်သက်သာတယ်လို့မှတ်ယူပြီး တောင်သူအများစုက အလွယ်တကူမီးရှို့ကြပါတယ်။
တောင်ကုန်း၊ တောင်တန်းဒေသတွေမှာဆိုရင်တော့ ဒေသခံတွေဟာ ဒေသရဲ့မြေမျက်နှာသွင်ပြင်ပေါ်မူတည်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စားဝတ်နေရေးအခက်အခဲ၊ ဗဟုသုတနည်းပါးမှု စတာတွေကြောင့် ရွှေ့ပြောင်းတောင်ယာစနစ်ကို ရှေးယခင်ကတည်းက ကျင့်သုံးစိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် သစ်တောများခုတ်ခြင်း၊ ချုံရှင်းခြင်း၊ မီးရှို့ခြင်းလုပ်ငန်းများကို ရိုးရာဓလေ့အတိုင်း ဆောင်ရွက်လေ့ရှိတာဖြစ်ပါတယ်။
မီးရှို့ခြင်းကြောင့် မြေဆီလွှာအပေါ် ဆိုးကျိုးသက်ရောက်မှုများ မီးရှို့ရှင်းလင်းမှုကြောင့်ရွှေ့ပြောင်းတောင်ယာစိုက်ခင်းတွေမှာ ပထမဆုံးစိုက်ပျိုးတဲ့နှစ်မှာတော့ ပိုးမွှားရောဂါနဲ့ ပေါင်းပြဿနာများ ကင်းဝေးလေ့ရှိတတ်ပေမယ့် နောင်နှစ်တွေမှာ မြေဆီသြဇာအာဟာရဓာတ်များခန်းခြောက်ပြီး မြေဆီလွှာကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ သီးနှံတွေစိုက်ပျိုးရာမှာ စိုက်ပျိုးတဲ့မြေဆီလွှာ ကောင်းမွန်ထက်သန်ရေးဟာ အလွန်အရေးပါပါတယ်။ မြေဆီလွှာရဲ့ရုပ်ဂုဏ်သတ္တိနဲ့ ဓာတ်ဂုဏ်သတ္တိကိုကောင်းမွန်စေဖို့ အော်ဂဲနစ်ပစ္စည်းများပါရှိဖို့လိုသလို ဇီဝဂုဏ်သတ္တိကောင်းစေဖို့၊ သက်ရှိအဏုဇီဝများပေါကြွယ်ဝဖို့လိုပါတယ်။အော်ဂဲနစ်ပစ္စည်းတွေဟာ အပင်အတွက်အာဟာရဓာတ်ထောက်ပံ့ပေးနိုင်ရုံသာမက မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှုကောင်းမွန်ရန်နဲ့ ရေထိန်းစွမ်းအားကောင်းစေရန်အတွက်လည်း အထူးအရေးကြီးတဲ့ ပစ္စည်းဖြစ်ပါတယ်။ မီးရှို့ခြင်းကြောင့် အော်ဂဲနစ်ပစ္စည်းများဆုံးရှုံးခြင်း၊မြေတွင်းရှိ သက်ရှိအဏုဇီဝများသေဆုံးခြင်း၊ မြေအစိုဓာတ်ဆုတ်ယုတ်သွားခြင်း၊ မြေကျပ်ခြင်း၊ မြေကြီးအတွင်းသို့ရေစိမ့်ဝင်မှုနည်းသွားခြင်း၊မြေချဉ်ငန်ကိန်းမျှခြေပျက်သွားခြင်း၊ မြေဆီလွှာတိုက်စားမှုဖြစ်ပေါ်စေခြင်း စတာတွေဖြစ်ပေါ်နိုင်ပြီး မြေဆီလွှာအာဟာရဓာတ်ပျက်သုဉ်းခြင်းများ ဖြစ်လာမှာဖြစ်ပါတယ်။
မီးရှို့စိုက်ခင်းများမှထွက်ကုန်
စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ နိုင်ငံရဲ့အကျိုးစီးပွားတိုးတက်စေဖို့အတွက် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့လိုသလို အခြားတစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေဖို့အတွက် ဟန်ချက်ညီညီ ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။
ယခုအခါမှာဆိုရင် ကမ္ဘာ့နိုင်ငံအများစုမှာ သီးနှံစိုက်ခင်းများမီးရှို့မှုလျှော့ချရေးကို နည်းလမ်းပေါင်းစုံသုံးပြီး အထူးအလေးထားဆောင်ရွက်လျက်ရှိပါတယ်။အာဆီယံဒေသတွင်း နိုင်ငံများအနေနဲ့ကာဗွန်လျှော့ချရေးဆိုင်ရာ အာဆီယံမဟာဗျူဟာ (ASEAN Carbon Neutrality Strategy)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အဆိုပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ရာမှာ အထောက်အကူပြုနိုင်ရန်ရည်ရွယ်ပြီးတော့ “သီးနှံမီးရှို့မှုလျှော့ချရေးအတွက် အာဆီယံလမ်းညွှန်ချက်များ (ASEAN Guidelines for Crop Burning Reduction)” ကိုလည်း ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါတယ်။ စိုက်ခင်းတွေမှာ မီးရှို့တာတွေလျော့ကျစေဖို့ရည်ရွယ်ပြီးဈေးကွက်ကိုလည်း ထိန်းချုပ်လာတာမျိုး လုပ်လာပါတယ်။ မီးရှို့ထားတဲ့စိုက်ခင်းမှ လယ်ယာထွက်ကုန်များ ဥပမာ- ပြောင်းသီးနှံကို ထိုင်းနိုင်ငံမှဝယ်ယူမှာမဟုတ်တဲ့အတွက် တောင်သူလယ်သမားတွေအနေနဲ့ ဘယ်လိုအကြောင်းကြောင့်မှစိုက်ခင်းများမီးရှို့ခြင်းကို မပြုလုပ်ဖို့လိုအပ်ပါတယ်။
မီးရှို့ခြင်းတွေပပျောက်ဖို့
မြန်မာနိုင်ငံအနေနဲ့ အခြားကမ္ဘာ့နိုင်ငံများနည်းတူ လယ်ယာကဏ္ဍမှာ မီးရှို့ခြင်းအလေ့အထများ ပပျောက်အောင်ဆောင်ရွက်ရမှာဖြစ်သလို မိမိနိုင်ငံအနေအထားအရ တောင်သူလယ်သမားများ အကျိုးစီးပွားထိခိုက်မှုမရှိစေဖို့အတွက် မီးရှို့ခြင်းပြဿနာကိုဖြေရှင်းပေးနိုင်မယ့် အကျိုးရှိထိရောက်တဲ့ အခြားနည်းလမ်းများကို သုတေသနများပြုလုပ်ပြီး တီထွင်ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာတာနဲ့အမျှ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းများ၊ သီးနှံအကြွင်းအကျန်များ တိုးတက်များပြားလာတာကြောင့် ဒီပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့၊ မူဝါဒများ ချမှတ်ဆောင်ရွက်သွားဖို့လည်း လိုအပ်ပါတယ်။ သီးနှံစိုက်ခင်းအကြွင်းအကျန်များ မီးရှို့ခြင်းကိုရှောင်လွှဲနိုင်မယ့် ဘေးကင်းပြီး ရေရှည်တည်တံ့မှုရှိတဲ့ နည်းလမ်းများ ဥပမာ- သီးနှံစိုက်ခင်း အကြွင်းအကျန်များအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်း၊ သဘာဝမြေဩဇာများထုတ်လုပ်ခြင်း အစရှိတဲ့ အခြားရွေးချယ်စရာနည်းလမ်းများ ဖွံ့ဖြိုး တိုးတက်လာစေဖို့ အားပေးမြှင့်တင်ပေးရပါမယ်။
ပညာပေးလုပ်ငန်းများ
လက်ရှိကာလမှာ ပြည်သူများစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက်လာအောင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ရွှေ့ပြောင်းတောင်ယာစနစ်ကိုအမှီပြုနေရတဲ့ ကုန်းမြင့်ဒေသနေပြည်သူများ လူနေမှု ဘ၀မြင့်မားလာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်စေရေးစတာတွေအတွက် ကုန်းမြင့်တောင်တန်းဒေသများမှာ လှေကားထစ်လယ်ယာမြေ၊ ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းများကို စက်မှုလယ်ယာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
စိုက်ပျိုးရေးဦးစီးဌာနကလည်း တောင်ပေါ်ဒေသတွေမှာ ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးမယ့်အစား စိုက်ပျိုးရေးနည်းစနစ်သစ်များပြောင်းလဲစိုက်ပျိုးနိုင်ဖို့ရန်အတွက် ပညာပေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်။ ဥပမာအနေဖြင့် တင်ပြရမယ်ဆိုရင် နှစ်စဉ်ဝင်ငွေရရှိနိုင်တဲ့ နှစ်ရှည်သီးပင် စားပင်များ အစားထိုးစိုက်ပျိုးလာစေခြင်း၊နှစ်ရှည်သစ်ပင်ပျိုးပင်များ ဖြန့်ဖြူးပေးခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးစေခြင်း၊ ကွန်တိုလိုင်းဖော်သရုပ်ပြပညာပေးစိုက်ပျိုးခြင်း၊ တောင်စောင်းစိုက်ပျိုးနည်းစနစ် (Sloping Agricultural Land Technology, SALT) ဖြင့် စိုက်ပျိုးစေခြင်းစသဖြင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။ နှစ်ရှည်ပင်များစိုက်ပျိုးရာမှာ အချိန်တိုအတွင်းဝင်ငွေရရှိစေဖို့အတွက်လည်း ဒေသရေမြေရာသီဥတုနဲ့ကိုက်ညီပြီးရောဂါဒဏ်ခံနိုင်သော မျိုးကောင်းမျိုးသန့် များရွေးချယ်၍ ကိုင်းကူး/ကိုင်းဆက်ပျိုးပင်များအား ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချပေးခြင်း၊ ကိုင်းကူး/ ကိုင်းဆက် နည်းပညာများ ဖြန့်ဝေပေးနိုင်ဖို့ မျိုးပွားခင်းများ ထိန်းသိမ်းထားရှိပြီး စိုက်ပျိုးနည်းစနစ်များအား စာတွေ့လက်တွေ့သင်ကြား၍ နည်းပညာဖြန့်ဝေပေးခြင်းများကို လည်း ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် စိုက်ခင်းများမှ စွန့်ပစ်ဖယ်ရှားရမယ့် သီးနှံအကြွင်းအကျန်များကို တောင်သူများအကျိုးရှိရှိ ပြန်လည်အသုံးပြုနိုင်စေဖို့အတွက် ပညာပေးသင်တန်းများပြုလုပ်ပြီး မြေဆွေး၊ ဘိုင်အိုချာ စတဲ့သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲနိုင်ရန် အသိပညာပေးခြင်း၊ လက်တွေ့ ပြုလုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ ပညာပေးစာအုပ်များဖြန့်ဝေပေးခြင်း၊ ရိုးပြတ်များကို ထယ်မှောက် ဆွေးမြည့်စေပြီး စိုက်ခင်းအတွင်းပြန်လည်ထည့်သွင်းစေခြင်း၊ သီးနှံအကြွင်းအကျန်များအား မြေဖုံးပစ္စည်းအဖြစ် အသုံးပြုစိုက်ပျိုးသည့်စနစ်များအား လက်တွေ့သရုပ်ပြပညာပေးခြင်း စတာတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။
စိန်ခေါ်မှုများ
စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ သီးနှံအကြွင်းအကျန်များ(crop residues) နဲ့ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများ (Agricultural wastes)ပေါများစွာ ရရှိနေပါတယ်။ ပဲမှော်၊ နှမ်းမှော်၊ ကောက်ရိုးစတဲ့ သီးနှံအကြွင်းအကျန်အချို့ကိုတောင်သူများမှ တိရစ္ဆာန်အစာအဖြစ်အသုံးပြုခြင်း၊ မြေဆွေးပြုလုပ်ပြီး စိုက်ခင်းများမှာ ထည့်သွင်းအသုံးပြုခြင်း၊ပြည်တွင်းရှိလုပ်ငန်းရှင်များမှ သဘာဝမြေဩဇာအဖြစ် စီးပွားဖြစ်ထုတ်လုပ်ခြင်းများ ရှိနေသော်လည်းပဲ အများစုကိုတော့စနစ်တကျ စီမံခန့်ခွဲနိုင်မှု အားနည်းနေပါသေးတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲခြင်း၊ သီးနှံအကြွင်းအကျန်များကိုအသုံးချပြီး တန်ဖိုးမြှင့်ပစ္စည်းများထုတ်လုပ်ခြင်းကဲ့သို့သောလုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် အခြေခံအဆောက်အဦများ၊ ပညာရှင်များ၊ စက်ကိရိယာများစတဲ့ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များစွာရှိနေပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ငွေကြေးနဲ့နည်းပညာ အကူအညီအထောက်အပံ့များလည်း အများအပြားလိုအပ်နေပါတယ်။
လိုက်နာကျင့်သုံးသင့်သည့် စိုက်ပျိုးနည်းစနစ်များ
မီးခိုးမြူငွေ့ပြဿနာဟာ ဒေသတွင်းပြဿနာသာမဟုတ်ဘဲတစ်ကမ္ဘာလုံးနှင့် သက်ဆိုင်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မီးရှို့မှုများအားရှောင်ရှားပြီး ပတ်ဝန်းကျင်၊ လူထုကျန်းမာရေး၊ လူမှုအသိုက်အဝန်း၊ ဂေဟစနစ် စသည်တို့ကို ထိခိုက်မှုမရှိတဲ့ ရေရှည်တည်တံ့စေမယ့် စိုက်ပျိုးရေးနည်းစနစ်များဖြစ်တဲ့ ရာသီဥတုနဲ့လိုက်လျောညီထွေရှိမယ့်နည်းလမ်း၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးမှုမရှိသောနည်းလမ်းတွေကို လိုက်နာကျင့်သုံးဆောင်ရွက်သင့်ပါတယ်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးလေ့ရှိတဲ့ ဒေသများမှာ အမြဲတမ်းစိုက်ခင်းများဖြင့် အစားထိုးစိုက်ပျိုးသင့်ပါတယ်။ ကုန်းမြင့်လယ်ယာမြေများမှာ ကုန်းမြင့်လှေကားထစ် စပါးစိုက်ပျိုးခြင်း၊ စပါးအခြေခံနှစ်သီးစားသီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးခြင်းများ ဆောင်ရွက်သင့်ပါတယ်။ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ဒေသနှင့်သင့်တော်ပြီး ဝင်ငွေကောင်းမည့်နှစ်ရှည်သီးနှံပင်များစိုက်ပျိုးခြင်း၊တောင်စောင်းစိုက်ပျိုးခြင်း၊လှေကားထစ်စိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့်ဒေသခံတွေဟာ နေရာဒေသတစ်ခုမှာ ကောင်းမွန်စွာအခြေချနေထိုင်လာနိုင်ပြီး လူနေမှုအဆင့်အတန်းလည်း တိုးတက်လာနိုင်မှာဖြစ်ပါတယ်။
တောင်သူတွေအနေနဲ့ နောက်သီးနှံစိုက်ပျိုးဖို့ မြေပြုပြင်တဲ့အခါ ရှေ့သီးနှံ စိုက်ခင်းရိုးပြတ်တွေကို ယူရီးယားအသုံးပြုပြီး ဆွေးမြည့်မှုမြန်စေဖို့ ဆောင်ရွက်သင့်ပါတယ်။ ပြီးတော့မှ ထယ်ထိုး၊ ထွန်မွှေပြီး စိုက်ခင်းအတွင်း ပြန်လည်ထည့်သွင်းသင့်ပါတယ်။ သီးနှံအကြွင်းအကျန်တွေကို မြေဆွေးပုံများ၊ အမှိုက်ကျင်းများ၊မြေဆွေးကျင်းများပြုလုပ်ပြီးတော့ စိုက်ခင်းအတွင်းပြန်ထည့်ခြင်း၊ မြေဖုံးပစ္စည်းများအဖြစ်အသုံးပြုပြီး စိုက်ခင်းအတွင်းပြန်လည်ထည့်ခြင်း၊ မှိုစိုက်ပျိုးရေးတွင် ပြန်လည်အသုံးပြုခြင်း၊ ဖရဲ၊ သခွားစတဲ့သီးနှံတွေ စိုက်တဲ့အခါပလတ်စတစ်တွေနဲ့ ဖုံးအုပ်မယ့်အစား သီးနှံအကြွင်းအကျန်တွေ အသုံးပြုဖုံးအုပ်ပေးခြင်းအစရှိတဲ့ စိုက်ပျိုးရေး အလေ့အထကောင်းများကိုကျင့်သုံးဆောင်ရွက်သင့်ပါတယ်။ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေကိုအသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရားအခြေခံပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေဘဲ အကျိုးရှိထိရောက်စွာ အသုံးပြုသင့်ပါတယ်။မီးရှို့မှုကိုရှောင်ရှားနိုင်မယ့် နည်းလမ်းကောင်းတွေကိုတောင်သူများအချင်းချင်းမျှဝေပြီး အပြန်အလှန်လေ့လာဆည်းပူးဖို့လည်းလိုအပ်ပါတယ်။တောင်သူလယ်သမားတွေအနေနဲ့ အထက်ဖော်ပြပါ စိုက်ပျိုးရေးနည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မီးခိုးမြူငွေ့ပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်သလိုကျန်းမာရေးအတွက် လေကောင်းလေသန့်များရရှိနိုင်ခြင်း၊ စိုက်ခင်းများရေလိုအပ်မှုများလျော့နည်းခြင်း၊မြေဆီလွှာအရည်အသွေးတိုးတက်ကောင်းမွန်လာခြင်း၊ သီးနှံအထွက်နှုန်းတိုးလာခြင်းစတဲ့ အကျိုးကျေးဇူးများရရှိလာမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories

ခံနိုင်ရည်ရှိသောစိုက်ပျိုးရေးအစားအစာစနစ်များနှင့် သစ်တောဂေဟစနစ်များ
စားရေရိက္ခာဖူလုံရေးသည် မိသားစုတိုင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းသာယာဝပြောရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စားရေရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေးအတွက် နေ့စဉ်ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေးအစားအစာစနစ်များ(Agrifood Systems)နှင့်သစ်တောဂေဟစနစ်များ(Forest Ecosystems)သည် အစားအစာများ၊ ဇီဝလောင်စာများ ၊ သစ်တောထွက်ပစ္စည်းများ၊ စွမ်းအင်၊ ဆီထွက်သီးနှံများ၊ စားရေရိက္ခာများ စသည့်ထုတ်ကုန်များထုတ်လုပ်ရုံသာမက အပန်းဖြေမှု၊ ယဉ်ကျေးမှုအပါအဝင် ဂေဟစနစ်ဝန်ဆောင်မှုအမျိုးမျိုးကို လူသားများနှင့် လူ့အဖွဲ့အစည်းအတွက် ဖြည့်ဆည်းပေးလျက်ရှိပြီး အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ “အစားအစာစနစ်”ဟူသော ဝေါဟာရတွင် အစားအစာထုတ်လုပ်ခြင်း၊ စီမံဆောင်ရွက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စားသုံးခြင်းတို့ပါဝင်သည်။ အစားအစာစနစ်များ မှန်ကန်ကောင်းမွန်ပါမှသာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရိုးရာယဉ်ကျေးမှု ဓလေ့များနှင့်ပတ်ဝန်းကျင်အပေါ်တွင် ကောင်းကျိုးသက်ရောက်မည်ဖြစ်သည်။ အစားအသောက်ဘေးကင်းရေးသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပြီး စားရေရိက္ခာဖူလုံမှုအတွက် အရေးပါသောအစိတ်အပိုင်းတစ်ခုသာမက အစားအသောက်ကြောင့်ဖြစ်သော ရောဂါများကိုလျှော့ချရာတွင်လည်း အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။
ကမ္ဘာလုံးဆိုင်ရာ ဇီဝစီးပွားရေး (Global Bioeconomy) သည် ကမ္ဘာ့စီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ဖွဲ့စည်းထားရုံသာမက အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အရေးပါသောအစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ စိုက်ပျိုးရေးအစားအစာနှင့်သစ်တောဂေဟစနစ်များသည် တစ်ခုနှင့်တစ်ခုနီးကပ်စွာချိတ်ဆက်လျက်ရှိပြီး အဆိုပါစနစ်များ၏ ကုန်ပစ္စည်းထုတ်လုပ်မှုများသည် ရေ၊ မြေဆီလွှာ၊ ဇီဝအာဟာရကြွယ်ဝမှု၊ စွမ်းအင်၊ ရာသီဥတု စသည့် သဘာဝပတ်ဝန်းကျင်အခြေအနေများပေါ်တွင် မူတည်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် စိုက်ပျိုးရေးအစားအစာစနစ်များနှင့်သစ်တောဂေဟစနစ်များသည် မြေဆီလွှာဖွဲ့စည်းပုံနှင့် မြေဩဇာထိန်းသိမ်းခြင်း၊ ဒေသဆိုင်ရာဇလဗေဒ ထိန်းညှိခြင်းစသည့်အရေးကြီးသော အခန်းကဏ္ဍများတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်သကဲ့သို့ စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိပါက ရေနှင့်မြေဆီလွှာညစ်ညမ်းမှုနှင့် မြေဆီလွှာနှင့် သဘာဝမြေသယံဇာတများပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
ယခုအခါ စိုက်ပျိုးရေးစားရေရိက္ခာများ၊ လယ်ယာထွက်ကုန်များနှင့် သစ်တောသယံဇာတများ၊ အစားအစာစနစ်နှင့် သစ်တောဂေဟစနစ်များသည် ရာသီဥတုဖောက်ပြန်ခြင်း၊ မကြုံစဖူးဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း၊ ကျူးကျော်မျိုးစိတ်များဝင်ရောက်မှု၊ ရေ၊ လေနှင့် မြေဆီလွှာညစ်ညမ်းမှုနှင့် မြေအသုံးချမှုပြောင်းလဲခြင်း (ဥပမာ မြို့ပြအဖြစ်ပြောင်းလဲခြင်းအပါအဝင်) စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်ရလျက်ရှိသည်။ ကမ္ဘာ့လူဦးရေတိုးပွားလာသည်နှင့်အမျှ စားရေရိက္ခာနှင့် သစ်တောထွက်ပစ္စည်းများ ဝယ်လိုအားသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာလျက်ရှိသည်။ အကန့်အသတ်ဖြင့်သာရှိသော သဘာဝသယံဇာတအရင်းအမြစ်များအပေါ် မှီခိုမှုအဆမတန်များပြားလာခြင်း၊ လိုအပ်ချက်များ မြင့်တက်၍ ဝယ်လိုအားတိုးပွားလာခြင်းသည် သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်စေရန် ဦးတည်လျက်ရှိသဖြင့်ပိုမိုထိရောက်သောအသုံးချမှုနှင့်ကာကွယ်ထိန်းသိမ်းမှုများကို အလေးထားဆောင်ရွက်ကြရန် မီးမောင်းထိုးပြလျက်ရှိသည်။
ဘေးကင်းပြီး အာဟာရပြည့်ဝသည့်စားရေရိက္ခာများ
စားရေရိက္ခာဆိုသည်မှာသက်ရှိသတ္တဝါများ ရှင်သန်ကြီးထွားနိုင်ရန်အတွက်လိုအပ်သော အာဟာရဖြစ်စေသည့်အရာများဖြစ်ပြီး လူသားတို့အသက်ရှင်မှုအတွက် စွမ်းအင်ကိုပြည့်ဝစေရန်အဓိကထောက်ပံ့သော ပစ္စည်းများဖြစ်သည်။ စားရေရိက္ခာများသည် လူ့ဘ၀၏ဗဟိုချက်ဖြစ်ပြီး လူသားများ၏တည်ရှိမှုအတွက်သာမက လူသားများ၏ ယဉ်ကျေးမှုစံနှုန်းများနှင့် လူမှုဘဝနေထိုင်မှုအတွက်လည်း အခြေခံအုတ်မြစ်ဖြစ်သည်။ လူတို့နေ့စဉ်သွားလာနိုင်ရန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးရန်နှင့် ရောဂါဘယများအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အဓိကလိုအပ်သော စွမ်းအင်ကို အစာအာဟာရမှ ရရှိနိုင်မည်ဖြစ်သည်။ အစားအစာများ၊ စားရေရိက္ခာများသည် လူသားတစ်ဦး၏ လူနေမှုဘဝတွင် အခြေခံအကျဆုံးလိုအပ်ချက်လည်းဖြစ်သည်။
မြေထု၊ ရေထုတွင်ထွက်ရှိသော သဘာဝပေါက်ပင်နှင့်ရေထွက်ပစ္စည်းများ၊ လူသားများစီမံလုပ်ဆောင်သော လယ်ယာထွက်ကုန်အစုအဝေးများ၊ မွေးမြူရေးအင်အားစုများသည် စားရေရိက္ခာ၏ထုတ်ကုန်များဖြစ်ကြသည်။ အပင်အမျိုးမျိုးမှ အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အဆီများနှင့်တိရစ္ဆာန်များမှအသားနှင့်အဆီ စသည့်စားရေရိက္ခာတို့ကိုရရှိသည်။ မြေထု၊ ရေထုတွင်ထွက်ရှိသော သဘာဝပေါက်ပင်နှင့်ရေထွက်ပစ္စည်းများ၊ လူသားများစီမံလုပ်ဆောင်သော လယ်ယာထွက်ကုန်အစုအဝေးများ၊ မွေးမြူရေးအင်အားစုများသည် စားရေရိက္ခာ၏ ထုတ်ကုန်များဖြစ်ကြသည်။ စားရေရိက္ခာသည် လူသားတို့အသက်ရှင်မှုအတွက် စွမ်းအင်ကိုပြည့်ဝစေရန်အဓိကထောက်ပံ့သောပစ္စည်းများဖြစ်သည်။
ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက် ပန်းတိုင် ၂ သည် “ဆာလောင်မွတ်သိပ်မှု လုံးဝမရှိ”ရန်ဖြစ်ပြီး“ငတ်မွတ်မှုရပ်တန့်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့်ပိုမိုကောင်းမွန်သော အာဟာရရရှိရန်နှင့်ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို မြှင့်တင်ရန်”ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင်ငတ်မွတ်ခေါင်းပါးမှုနှင့်အာဟာရချို့တဲ့မှုပုံစံအားလုံးကို အဆုံးသတ်ရန် ရည်မှန်းထားပြီး လူသားအားလုံး အထူးသဖြင့် ကလေးငယ်များ တစ်နှစ်ပတ်လုံးအာဟာရပြည့်ဝပြီး လုံလောက်သောအစားအစာရရှိကြောင်းသေချာစေရန်ချမှတ်ထားသည့်ရည်မှန်းချက်လည်းဖြစ်သည်။
အစားအစာဖူလုံရုံသာမက ဘေးကင်းပြီး အာဟာရပြည့်ဝသောအစားအစာ၊ အရည်အသွေးပြည့်ဝသော အစားအစာလုံလောက်စွာရရှိရေးသည် အလွန်အရေးကြီးသည်။ အစားအသောက်ကြောင့်ဖြစ်သော ရောဂါအမျိုးပေါင်း ၂၀၀ ခန့်ကြောင့် နှစ်စဉ် သန်း ၆၀၀ ဖျားနာကြပြီး နှစ်စဉ်သေဆုံးမှု ၄၂၀,၀၀၀ ကျော်ရှိကြောင်းသိရှိရသည်။ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာပေါ်ရှိခန့်မှန်းခြေလူပေါင်း ၂ ဘီလီယံခန့်သည် ဘေးကင်းသော၊ အာဟာရပြည့်ဝပြီး လုံလောက်သောအစားအစာကို ပုံမှန်လက်လှမ်းမီနိုင်ခြင်းမရှိကြောင်း သိရှိရပြီး အဆိုပါအတိုင်းဆက်လက်ဖြစ်ပေါ်နေပါက ငတ်မွတ်မှုဒဏ်ခံရသောလူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် သန်း ၈၄၀ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၉ ဒသမ၈ ရာခိုင်နှုန်းကျော်သွားမည်ဖြစ်သည်။
သစ်တောဂေဟစနစ်ဝန်ဆောင်မှုများသစ်တောအခြေခံစိုက်ပျိုးရေးစားရေရိက္ခာစနစ်များနှင့် အစားအစာစနစ်များသည် စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေးနှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ပေါင်းစည်းထားသည့်စနစ်များဖြစ်သည်။ သစ်တောအခြေခံစိုက်ပျိုးရေး အစားအစာစနစ်များ (Forests-based agrifood systems) သည် သဘာဝဂေဟစနစ်များနှင့် လူသားများ၏ ခံနိုင်ရည်အားကို ကောင်းမွန်စေပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်လိုက်လျောညီထွေဖြစ်စေရေးကို အထောက်အကူပြုစေသည်။ ရာသီဥတုနှင့်လိုက်လျောညီထွေရှိသော သစ်တောစီမံအုပ်ချုပ်မှုစနစ်၊ စိုက်ပျိုးရေးစနစ်နှင့်အာဟာရဆိုင်ရာအလေ့အကျင့်ကောင်းများကို ကျယ်ပြန့်စွာကျင့်သုံးခြင်းဖြင့် ပျက်စီးယိုယွင်းနေသော မြေဆီလွှာများကို ပြန်လည်ထိန်းသိမ်းမည်ဖြစ်သည်။
သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများသည် စားရေရိက္ခာထုတ်လုပ်မှုတိုးတက်စေရေးအတွက်သာမက ငွေကြေးဖြင့်တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးအမျိုးမျိုးပံ့ပိုးလျက်ရှိသောကြောင့် သက်ရှိလောကအတွက် အဖိုးတန်လှသည်။
သစ်တောများမှ
(က) ထောက်ပံ့မှုဆိုင်ရာ ဝန်ဆောင်မှု (Provisional Services)၊ဥပမာ သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ စားရေရိက္ခာ၊ ရေကောင်းရေသန့်ရရှိစေခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊
(ခ)ပတ်ဝန်းကျင်ထိန်းညှိမှုဆိုင်ရာဝန်ဆောင်မှု(Regulating Services)၊ ဥပမာ ရာသီဥတုပြောင်းလဲမှုအားထိန်းညှိခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူသိုလှောင်ခြင်း ဆိုင်ရာဝန်ဆောင်မှု၊ ရေ၊ လေသန့်စင်မှုလုပ်ငန်းများ၊ မြေတိုက်စားမှုမြေပြိုမှုများမှကာကွယ်ခြင်း၊ ဝတ်မှုန်ကူးခြင်းနှင့်ပိုးမွှားကျရောက်မှုများမှ ကာကွယ်ခြင်းစသည့်ဝန်ဆောင်မှုလုပ်ငန်းများ၊
(ဂ)ယဉ်ကျေးမှုနှင့်စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ (Cultural and Spiritual Spirit)၊ ဥပမာ အပန်းဖြေမှု၊ အလှအပနှင့် မျက်စိပသာဒဆိုင်ရာဝန်ဆောင်မှု၊ ယုံကြည်ကိုးကွယ်မှုရိုးရာဓလေ့ဆိုင်ရာ ဝန်ဆောင်မှုများနှင့် (ဃ)ဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အကူပေးသည့်လုပ်ငန်းများ (Supporting Services)၊ ဥပမာမြေဆီလွှာဖြစ်ပေါ်လာမှုဖြစ်စဉ်အဆင့်ဆင့်အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများအား ချိတ်ဆက်ပေါင်းစပ်ထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများကို သစ်တောများက ပံ့ပိုးထောက်ပံ့ပေးလျက်ရှိသည်။
ကောင်းမွန်သောဂေဟစနစ်နှင့်ဘေးကင်းသောစားရေရိက္ခာများ
တည်ငြိမ်ကောင်းမွန်သော ဂေဟစနစ်များသည် အပင်များနှင့်တိရစ္ဆာန်များ ရှင်သန်ကြီးထွားရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ စားရေရိက္ခာထုတ်လုပ်သည့်နည်းလမ်းနှင့် အစားအစာများသည် သဘာဝပတ်ဝန်းကျင်နှင့်နက်ရှိုင်းစွာဆက်စပ်နေသည်။ ဂေဟစနစ်တည်ငြိမ်ပြီး ရာသီဥတုမျှတကောင်းမွန်မှသာ စားရေရိက္ခာထုတ်လုပ်မှု ဖြစ်ထွန်းအောင်မြင်နိုင်သည်။ရေရှည်မတည်တံ့နိုင်သောအစားအစာထုတ်လုပ်မှုနှင့် စားသုံးမှုအလေ့အထများကျယ်ပြန့်လာပြီး အစားအစာစနစ်များ ပျက်စီးလာသောအခါ အကျိုးဆက်အနေဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာရသည်။
အစားအစာအရင်းအမြစ်များဖြစ်သောစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် စနစ်တကျဆောင်ရွက်နိုင်ခြင်းမရှိပါက စားနပ်ရိက္ခာထုတ်လုပ်ရေးကို ထိခိုက်စေရုံသာမက မြေထု၊ ရေထု၊ လေထုညစ်ညမ်းခြင်း၊ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်းနှင့် ရေလွှမ်းမိုးခြင်းကဲ့သို့သော ဘေးအန္တရာယ်များကျရောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း စသည့်ဆိုးကျိုးများစွာ ဖြစ်လာစေနိုင်သည်။
သဘာဝဂေဟစနစ်များသည် စားရေရိက္ခာများ တိုက်ရိုက်ထုတ်လုပ်ပေးသည့် အရင်းအမြစ်များဖြစ်ပြီး ဝတ်မှုန်ကူးခြင်း၊မြေဆီလွှာဖွဲ့စည်းခြင်း၊ အာဟာရစက်ဝန်းလည်ပတ်ခြင်းနှင့်ရေထိန်းညှိခြင်း စသည့်ဂေဟစနစ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများ၊ စားရေရိက္ခာဖူလုံရေးနှင့်အာဟာရပြည့်စုံကြွယ်ဝစေရေးအတွက် ပံ့ပိုးပေးသည်။ ရေရှည်တွင် သဘာဝနှင့်လိုက်လျောညီထွေရှိသောခံနိုင်ရည်ရှိသော အစားအစာစနစ်များ၊စားရေရိက္ခာထုတ်လုပ်မှုပုံစံများသာလျှင်လူသားများအတွက် ကျန်းမာဘေးကင်းပြီး ယုံကြည်စိတ်ချရသော အစားအစာအရင်းအမြစ်ကို ထုတ်လုပ်ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိနှင့်အနာဂတ်မျိုးဆက်များ၏ ကောင်းကျိုးချမ်းသာအတွက်၊ စားရေရိက္ခာပြည့်စုံဖူလုံစေရေးအတွက် သစ်ပင်သစ်တောများ၊ဂေဟ စနစ်များ၊ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အလွန်အရေးကြီးသည်။
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ပြည်သူများအကြား သစ်ပင်သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန်၊ သစ်တောများ၏ အရေးပါသည့်အခန်းကဏ္ဍကို ပိုမိုနားလည်လာစေရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်နှင့်သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် ဆုံးဖြတ်ချက်အမှတ် A/C.2/67/L.4 ဖြင့် မတ်လ ၂၁ ရက်ကို “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” (International Day of Forests) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day of Forests) ၏ဆောင်ပုဒ်မှာ “သစ်တောများနှင့် စားရေရိက္ခာများ” (Forests and Foods) ဖြစ်သည်။ သစ်ပင်သစ်တောများသည် စားရေရိက္ခာဖူလုံခြင်း၊ လုံခြုံစိတ်ချရခြင်း၊ အာဟာရပြည့်ဝ စေခြင်းနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အလွန်အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်နေခြင်းကို မီးမောင်းထိုးပြသည့်အနေဖြင့် အဆိုပါဆောင်ပုဒ်ကို သတ်မှတ်ထားခြင်းဖြစ်သည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)ကထုတ်ပြန်ထားသော သစ်တောများနှင့် စားရေရိက္ခာဆက်စပ်နေသည့် အဓိကသတင်းစကားများ မျှဝေထားသည်ကို အောက်ပါအတိုင်းတွေ့နိုင်ပါသည်-
ရာသီဥတုပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပွားမှု၊ ပဋိပက္ခများဖြစ်ပွားမှု၊ စီးပွားရေးကျဆင်းမှု၊မညီမျှမှုနှင့်ကပ်ရောဂါဖြစ်ပွားမှုတို့ကြောင့် ကမ္ဘာပေါ်ရှိလူပေါင်း ၇၃၃ သန်းခန့်သည် ငတ်မွတ်မှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၈၁၅ သန်းသည် အာဟာရချို့တဲ့လျက်ရှိပြီး တစ်နေ့လျှင်ကလေး ၁၆၀၀၀ ကျော်သည် ငတ်မွတ်ခေါင်းပါးခြင်းကြောင့်သေဆုံးနေကြောင်း၊
သစ်တောများသည် လူသန်းပေါင်းများစွာအတွက် စားရေရိက္ခာ၊ ဆေးဝါးနှင့်အသက်မွေးဝမ်းကျောင်းများကို ပံ့ပိုးပေးကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ လူ ၅ ဘီလီယံကျော်သည် သစ်တောနှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို အစားအစာ၊ ဆေးဝါးနှင့် အသက်မွေးဝမ်းကျောင်းအတွက် အသုံးပြုကြလျက်ရှိကြောင်း၊ နောက်ဆုံးပေါ်ဆေးဝါးများ၏ ၂၅ ရာခိုင်နှုန်းကျော်သည် အပူပိုင်းသစ်တောများမှ ရရှိကြောင်း၊
အပူပိုင်းသစ်တောများသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနှင့်ညီမျှသော စိုက်ပျိုးရေးအတွက် ဝတ်မှုန်ကူးခြင်းကို ကူညီထောက်ပံ့ပေးကြောင်း၊ ကမ္ဘာ့စားရေရိက္ခာ၏ ၃ ပုံ ၁ ပုံခန့်ကို တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူများမှ ထုတ်လုပ်ပေးကြောင်း၊
သစ်တောများနှင့် သစ်ပင်များသည် အစေ့အဆန်များ၊ သစ်သီးများ၊ အစေ့များ၊ အမြစ်များ၊ ဥများ၊အရွက်များ၊ မှိုများ၊ ပျားရည်၊ တောရိုင်းအသားများနှင့် အင်းဆက်ပိုးမွှားများကြွယ်ဝသော အရင်းအမြစ်များဖြစ်ပြီး လူတို့၏အစားအသောက်အတွက် မရှိမဖြစ်လိုအပ်သောအာဟာရများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊
သစ်တောများမှ တောရိုင်းတိရစ္ဆာန်အသားများသည် ပရိုတင်းနှင့်အဏုအာဟာရဓာတ်များ၏ မရှိမဖြစ်လိုအပ်သော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် အပူပိုင်းဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဌာနေတိုင်းရင်းသားများနှင့် ကျေးလက်နေပြည်သူများအတွက် အရေးကြီးသော ပရိုတင်းအရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်ပေါင်း ၃၂၀၀ ကျော်ကို အစာအဖြစ် အသုံးပြုကြကြောင်း၊
ပုံမှန်စားရေရိက္ခာရင်းမြစ်များ မရရှိနိုင်သောကာလများ၊ ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါ ကျရောက်သောကာလများ၊ အကျပ်အတည်းကာလများတွင် သစ်တောများသည် စားရေရိက္ခာဘေးကင်းရေးနှင့်အစားအစာရရှိရေးအတွက် အရေးပါသော အရင်းအမြစ်တစ်ခုအဖြစ်ပံ့ပိုးကြောင်း၊
လူဦးရေ ၂ ဘီလီယံကျော်သည် အစားအစာချက်ပြုတ်ရန်အတွက် သစ်သားနှင့်အခြားရိုးရာလောင်စာများကို မှီခိုအားထားနေရပြီး အဆိုပါလောင်စာများကို သစ်တောများမှရရှိကြောင်း၊
အပူပိုင်းသစ်တောများသည် လူများအတွက် ကျန်းမာရေးဂရုစိုက်မှုအဖြစ် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၀၈ သန်းနှင့်ညီမျှသည့် ဆေးဖက်ဝင်အပင်များကို ထောက်ပံ့ပေးကြောင်း၊
ကမ္ဘာ့သစ်တောဧရိယာ ဟတ်တာသန်းပေါင်း ၃၃၀ သည် မြေဆီလွှာထိန်းသိမ်းခြင်း၊ ရေဝေရေလဲထိန်းသိမ်းခြင်း၊ ရေခဲတောင်ပြိုကျမှုမှ တားဆီးကာကွယ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု ကာကွယ်တားဆီးခြင်းနှင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်တားဆီးပေးကြောင်း၊
သစ်တောပြုန်းတီးသောရေဝေရေလဲများသည် ကမ္ဘာ့မြို့ကြီးများ၏ ၈၅ ရာခိုင်နှုန်းကျော်အတွက် ရေချိုကိုထောက်ပံ့ပေးပြီး ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှုသည် မြို့ပြကြီးများတွင် နေထိုင်သူ ၁ ဒသမ ၇ ဘီလီယံကျော်အတွက် ရေအရည်အသွေးကိုမြှင့်တင်ပေးနိုင်ကာ ၎င်းတို့၏ စားနပ်ရိက္ခာနှင့်ရေဖူလုံမှုကိုအထောက်အကူပြုကြောင်း၊
သစ်တောများမှ ထုတ်လုပ်ပေးသော စွမ်းအင်သည် ဆိုလာ၊ ရေအားလျှပ်စစ်သို့မဟုတ်လေအားလျှပ်စစ်တို့မှ ထုတ်လုပ်ပေးသော စွမ်းအင်ထက်ပိုမိုပြီး ကမ္ဘာ့ပြန်ပြည့်မြဲစွမ်းအင်ထုတ်လုပ်မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ဖော်ပြထားသည်။
ဘေးကင်း၍ အာဟာရပြည့်ဝသော စားရေရိက္ခာများဖူလုံဖို့ စိုက်ပျိုးရေးနှင့်သစ်တောဂေဟစနစ်များထိန်းသိမ်းစို့
ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင် ၁၅ တွင် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အား ထိန်းသိမ်းကာကွယ်ပြီး စဉ်ဆက်မပြတ်အသုံးပြုနိုင်ရေး၊ သစ်တောများထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ရေးကို ရည်မှန်းချက်ပန်းတိုင်အဖြစ် သတ်မှတ်ထားသည်။ လူ့အဖွဲ့အစည်းတစ်ခု စားရေရိက္ခာဖူလုံစွာ ထုတ်လုပ်နိုင်ရေးအတွက် သဘာဝအခြေခံအရင်းအနှီးများဖြစ်သည့် မြေသယံဇာတ၊ ရေအရင်းမြစ်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တော၊ တောင်၊ ပင်လယ်ကမ်းရိုးတန်းတို့သည် အရေးကြီးသော သဘာဝအခြေခံအရင်းအမြစ်များဖြစ်သည်။ ကျန်းမာကြံ့ခိုင်သော၊ သဟဇာတမျှတသော သစ်တော ဂေဟစနစ်များသည် ဂေဟစနစ်ဝန်ဆောင်မှု အကျိုးကျေးဇူးများစွာကို ထောက်ပံ့နိုင်ပြီး နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဦးစားပေးလုပ်ငန်းများကို အောင်မြင်ရန် ပံ့ပိုးနိုင်သဖြင့် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များကို ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းရန် လိုအပ်သည်။
သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry) ကဲ့သို့သော မြေအသုံးချမှုနည်းစနစ်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ပေါင်းစုဆောင်ရွက်နိုင်သည့် သဘာဝကိုအခြေခံသော ဖြေရှင်းခြင်းနည်းလမ်းများ (Nature-based solutions)၊ စိုက်ပျိုးမွေးမြူရေး အလေ့အကျင့်ကောင်းများဖြစ်သဖြင့် အထူးအလေးထား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက အကျိုးကျေးဇူးများစွာရနိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေးအစားအစာစနစ်များ (Agrifood Systems) နှင့်သစ်တောဂေဟစနစ်များ(Forest Ecosystems) ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်း၊ သုတေသနနှင့်သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ခြင်း၊ ပညာပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရေးနှင့်သုတေသနအဖွဲ့အစည်းများနှင့်အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် ဆက်စပ်ပတ်သက်သူများအားလုံး ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့ပြီး စားရေရိက္ခာဖူလုံကာ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်းတင်ပြလျက် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ (၂၀၂၅) အား ဂုဏ်ပြုအပ်ပါသည်။ ။

ထွန်းသစ်စနေရောင်ခြည်အောက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ကုန်းခြံကျေးရွာလေးသည် ရှမ်းအိုးစည်သံများ၊ တိုးနရားကကွက်ဆန်းများ၊ ရိုးရာဝတ်စုံဝတ်ဆင်ထားသော အင်းတိုင်းရင်းသား တိုင်းရင်းသူများ၏ လှပညီညာသော ရိုးရာအကများဖြင့် စည်ကားပျော်ရွှင် အသက်ဝင်လျက်ရှိသည်။

ပျော်ရွှင်မှုအပြည့်နှင့် ကျေနပ်မှုများ ထင်ဟပ်နေသော မျက်နှာဟန်ပန်အမူအရာများဖြင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ရွာအလယ်ဗဟိုရှိ မဏ္ဍပ်နေရာတွင် စုဝေးရောက်ရှိနေကြသည်။ ကျေးရွာအတွက် အထူးလိုအပ်လျက်ရှိသော သန့်ရှင်းသောသောက်သုံးရေကို အချိန်မရွေးရရှိစေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာရေပေးရေးစီမံကိန်း အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားကို ယခုလို စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းဖြစ်သည်။
သက်ရှိသတ္တဝါများ ရှင်သန်ရပ်တည်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် ရေသည်မရှိမဖြစ် အရေးပါသည်။ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများအတွက်လည်း ရေသည် အရေးကြီးသော အရင်းအမြစ်တစ်ခုဖြစ်သည်။ မိုးရေစက်များ ဆင်းသက်လာသည်နှင့်အမျှ မြန်မာ့ကျေးလက်ရှုခင်းသည် စိမ်းစိုနေသော စိုက်ခင်းပြင်များ၊ သစ်ပင်များဖြင့် ပြည့်နှက်လှပနေသည်။ သို့သော် မိုးရာသီပြီးဆုံး သွားသည်နှင့် အချို့ကျေးလက်ဒေသများသည် ရေရှားပါးမှုဒဏ်ကို ခံစားကြရသည်။
သောက်သုံးရေရရှိစေရန် ဝေးလံသော ရေအရင်းအမြစ်မှ ရေကို သယ်ယူသုံးစွဲကြရသည်။ ချိုးရေကိုခံယူ၍ တိရစ္ဆာန်များ သောက်ရေအဖြစ်အသုံးပြုကြရသည်။ တောင်ပေါ်ဒေသများတွင်တော့ မိုးရာသီတွင် စိမ့်စမ်းများအတွင်း ရေများနောက်ကျိနေပြီး နွေရာသီတွင် ကြည်လင်သွားသဖြင့် မိုးရာသီတွင် သန့်ရှင်းသော သောက်သုံးရေရှားပါးမှုဒဏ်ကို ခံစားကြရပြန်သည်။
မြန်မာ့ကျေးလက်ဒေသ၏ ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဟာဗျူဟာမြောက်အစီအစဉ်များ ရေးဆွဲချမှတ်ကာ ကျေးလက်သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများကို နိုင်ငံတော်ရန်ပုံငွေဖြင့်သော်လည်းကောင်း၊ ပြည်တွင်း/ ပြည်ပအလှူရှင်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ ယခုအခမ်းအနားကျင်းပနေသော ကုန်းခြံကျေးရွာလေးအပါအဝင် ရပ်စောက်မြို့နယ် ကျောက်တောကျေးရွာနှင့် လွိုင်လင်မြို့နယ် ဆင်တောင်ကျေးရွာတို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေဖြစ်သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ရေသန့်စင်စနစ်ပါဝင်သော အိမ်တိုင်ရာရောက်ရေရရှိရေး စီမံကိန်းကို ကျေးလက်ဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
သတ်မှတ်စီမံကိန်းကာလမှာ နှစ်နှစ်ဖြစ်သော်လည်း ကျေးလက်ဦးစီးဌာန၏ ကြိုးပမ်းအားထုတ်မှု၊ ကျေးရွာသူ ကျေးရွာသားများ၏ စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် တစ်နှစ်အတွင်း လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ပြီးစီးခဲ့သဖြင့် ယခုလိုစီမံကိန်းအောင်မြင်ခြင်း အခမ်းအနားဆင်နွှဲနေကြခြင်းဖြစ်သည်။
မဲခေါင်-လန်ချန်းစီမံကိန်း စတင်ဖြစ်ပေါ်လာပုံ
မဲခေါင်-လန်ချန်းစီမံကိန်း စတင်ဖြစ်ပေါ်လာခဲ့ပုံမှာ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့အကြား မဲခေါင်မိသားစု အယူအဆ (Mekong Family Concept) ကို မြန်မာနိုင်ငံ နေပြည်တော်မှ သန္ဓေတည်အစပျိုးခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ- တရုတ် ထိပ်သီးအစည်းအဝေးတွင် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်နေသည့်အတွက် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ်ထူထောင်ရန် တရုတ်နိုင်ငံမှ အဆိုပြုခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကို ဒေသတွင်းနိုင်ငံများအကြား ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်၏ ရစ်ပတ်စုစည်းထားမှုပုံစံဖြင့် တင်စားဂုဏ်ပြုပြီး “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (Mekong- Lancang Cooperation - MLC)” ဟု ခေါ်ဆိုခဲ့ကြသည်။
ထိုအချိန်မှစ၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်စတင်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာခဲ့ရသည်။
မဲခေါင်-လန်ချန်းစီမံကိန်း ရည်ရွယ်ချက်
မဲခေါင်-လန်ချန်းစီမံကိန်းကို မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံအသိုက်အဝန်းတည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များ (The 2030 Agenda for Sustainable Development) ကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation)ကို တိုးမြှင့်ဆောင်ရွက်သွားရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
မဲခေါင်-လန်ချန်းရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ
သမဝါယမကဏ္ဍဖွံ့ဖြိုးရေး၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့်ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်မှစတင်၍ မဲခေါင်-လန်ချန်း ပူးပေါင်းမှုအစီအစဉ်တွင် ပါဝင်ခဲ့သည်။ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးစီမံကိန်း ၁၅ ခုကို ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး လက်ရှိတွင် စီမံကိန်းကိုးခုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကာ စီမံကိန်းခြောက်ခုကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စီမံကိန်းကိုးခုကို ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ယင်းတို့တွင် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများပါဝင်သော ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးစီမံကိန်းသုံးခု၊ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာသန့်ရှင်းသောသောက်သုံးရေရရှိရေး စီမံကိန်းနှစ်ခုနှင့် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး (Mini-Grid) စီမံကိန်းလေးခုတို့ ပါဝင်သည်။ ဆောင်ရွက်ပြီး စီမံကိန်းငါးခု၏ အသီးအပွင့်များကို ပြည်သူများ အကျိုးခံစားနေရပြီဖြစ်ပြီး ဆောင်ရွက်ဆဲ စီမံကိန်းလေးခုသည်လည်း မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
ယခု အခမ်းအနားဆောင်ရွက်နေသော ညောင်ရွှေ မြို့နယ် ကုန်းခြံကျေးရွာတွင် ကျေးရွာနေပြည်သူ ၅၄၀ ကြုံတွေ့ခံစားနေရသော သောက်သုံးရေ ပြဿနာကို ရေရှည်ဖြေရှင်းပေးနိုင်ရန်အတွက် ရေတားတမံတည်ဆောက်ခြင်း၊ ဂါလန် ၁၀၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ ရေမီတာတပ်ဆင်ထားသော အိမ်သွယ်ရေတိုင်များသွယ်တန်းခြင်းတို့ကို ဆောင်ရွက်ထားကြောင်း တွေ့ရှိရသည်။
ရေပေးရေးလုပ်ငန်းများ ရေရှည်လည်ပတ်နိုင်စေရန်အတွက် ကျေးရွာရေကော်မတီများဖွဲ့စည်းခြင်း၊ လည်ပတ်ထိန်းသိမ်းရေးသင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ရေဖိုးရေခကောက်ခံခြင်းတို့ကို စနစ်တကျ စီစဉ်ထားကြောင်းလည်း သိရှိလေ့လာခဲ့ရသည်။ ထို့ပြင် ကျေးလက်ဦးစီးဌာနဝန်ထမ်းများကလည်း ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်၍ ကျေးရွာရေရရှိရေးစနစ်များကို လေ့လာခဲ့သလို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ ဖလှယ်ခဲ့ကြောင်း သိရှိရ၍ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းနေသည်ကို ဝမ်းမြောက်စွာသိရှိရသည်။
နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုးရေးဆောင်ရွက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Ms.Ma Jia နှင့် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ ရောက်ရှိလာချိန်တွင် အခမ်းအနားတက်ရောက်လာသော ဒေသခံပြည်သူ ၄၅၀ ကျော် ၏ လှိုက်လှဲပျူငှာစွာ ကြိုဆိုနှုတ်ခွန်းဆက်သံများက မိုးယံသို့ ပျံ့လွင့်သွားခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက “မိမိတို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်လျက်ရှိသလို နိုင်ငံတော်အစိုးရ၏ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထုအကျိုးရှိမည့် စီမံကိန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် လက်တွဲညီညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားသွားခဲ့ရာ ဒေသခံတိုင်းရင်းသားများ၏ မျက်နှာထက်ဝယ် နိုင်ငံတော်အစိုးရ၏ စေတနာနှင့် လက်တွေ့ဆောင်ရွက်ချက်များအပေါ် ကျေနပ်အားရ ဝမ်းမြောက်သည့် အမူအရာများကို တွေ့မြင်ခဲ့ရသည်။
တရုတ်နိုင်ငံမှ ဆက်လက်ကူညီမည်
ဆက်လက်ပြီး သံအမတ်ကြီး H.E. Ms. Ma Jia ကလည်း “သေးသော်လည်း လှနေဆဲ”ဟူသည့် စကားအတိုင်း ကျေးလက်ဦးစီးဌာနက ယခုဆောင်ရွက်ခဲ့သော စီမံကိန်းသည် အခြေခံပြည်သူများ၏ လူနေမှုဘဝကို လက်တွေ့ကျကျ မြှင့်တင်ပေးနိုင်ခဲ့ပြီး တရုတ်-မြန်မာ အသိုက်အဝန်း၏ အေးအတူပူအမျှ မျှဝေခံစားလိုသည့် စိတ်ဓာတ်ကို ထင်ရှားပေါ်လွင်စေခဲ့ကြောင်း၊ တရုတ် - မြန်မာ ဆွေမျိူးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုဖြင့် မြန်မာနိုင်ငံကို ငွေကြေး၊ နည်းပညာများ ဆက်လက်ကူညီပံ့ပိုးပေးပြီး မြန်မာနိုင်ငံ လူမှုစီးပွား စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ကို အားတက်ဖွယ်ကြားသိခဲ့ရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သမိုင်းကြောင်းအရ ရှည်လျားပြီး နက်ရှိုင်းသောဆက်ဆံရေးရှိမှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော စေတနာ၊ အပြုသဘောဆောင်သော သဘောထားရပ်တည်မှုနှင့် အားပေးကူညီမှုများသည် သံအမတ်ကြီး၏ မိန့်ခွန်းတွင်ထင်ရှားပေါ်လွင်လျက်ရှိသည်။
အကျိုးဖြစ်ထွန်းမှု
ယခု ဆောင်ရွက်ပေးခဲ့သော “တောင်ပေါ်ဒေသ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်းစီမံကိန်း”ကြောင့် စီမံကိန်းကျေးရွာသုံးရွာမှ အိမ်ထောင်စု ၃၆၉ စု၊ လူဦးရေ ၁၆၂၇ ဦးတို့သည် သန့်ရှင်း၍ဘေးကင်းသော သောက်သုံးရေကို ရာသီမရွေး အချိန်ပြည့်ရရှိနိုင်ပြီဖြစ်ကာ ရေကြောင့်ဖြစ်ပွားသော ရောဂါများအန္တရာယ်ကို လျှော့နိုင်ခဲ့ကာ လူနေမှုအဆင့်အတန်းကို မြင့်မားစေခဲ့မည်ဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်နိုင်မည်ဖြစ်သည်။
ကျေးရွာနေတိုင်းရင်းသူတစ်ဦးက “အရင်က ကျွန်မတို့ရွာလေးဟာ ရေရှားပါးမှုဒဏ်ကို အတော်လေး ခံစားခဲ့ရပါတယ်။ အိမ်တွေ၊ စာသင်ကျောင်းတွေအတွက် လိုအပ်တဲ့သောက်ရေ၊ သုံးရေကို ရွာနဲ့ နှစ်မိုင်ကျော်ခန့်ဝေးတဲ့ ချောင်းမှာ ကျေးရွာလူကြီးတွေရော ကလေးမိဘတွေပါ သွားရောက်ခပ်ယူရပါတယ်။ အချိန်ကုန် လူပင်ပန်းဖြစ်ရပါတယ်။ အခုလို ကျေးလက်ဦးစီးဌာနက သန့်စင်ပြီးသားရေကို အိမ်တိုင်ရာရောက်ရရှိအောင် ဆောင်ရွက်ပေးတဲ့အတွက် သုံးစွဲရတာလွယ်ကူပြီး ပေါပေါများများ သုံးစွဲနိုင်ပြီဖြစ်ပါတယ်။ ရေသန့်ဝယ်ယူသောက်သုံးနေရတဲ့ အခြေအနေကနေ ရေသန့်နဲ့ ရေချိုးနိုင်တဲ့အထိပါ ရောက်ရှိလာလို့ ကျေးရွာလူထုရဲ့ ကျန်းမာရေးတွေလည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ရွာလေးမှာ စိုက်ဧက ၅၀၀ ကျော်ရှိပြီး မိုးရာသီမှာသာ စိုက်ပျိုးနိုင်ပါတယ်။ အခုဆိုရင်တော့ ရေလုံလောက်စွာရလာပြီဖြစ်လို့ စိုက်ဧက ၄၀၀ ကျော်ဟာ နွေ၊ မိုး၊ ဆောင်းသုံးရာသီလုံး စိုက်ပျိုးနိုင်တော့မှာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့တာကို ကြားသိခဲ့ရပါသည်။ မြို့ကြီးပြကြီးတွေမှာသာ ရရှိနိုင်သည့် ရေပေးဝေရေးဝန်ဆောင်မှုမျိုးကို ယခုလို တောင်ပေါ်ဒေသ ကျေးရွာလေးများတွင်ပါ ရရှိလာသဖြင့် ဒေသခံများ၏အိပ်မက်တကယ်ဖြစ်လာပြီဟု ပြောလျှင်မမှားပါ။
အခမ်းအနားပြီးမြောက်ပြီး ဓာတ်ပုံပြခန်းနေရာကို ရောက်ရှိချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က တရုတ်သံအမတ်ကြီးနှင့် ဧည့်သည်တော်များအား ၎င်းတို့ဦးစီးဌာနအနေဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း ၄၄၂၁၀၊ ကျေးလက်မီးလင်းရေး လုပ်ငန်း ၁၆၂၇၂ ရွာ၊ ကုန်ထုတ်လမ်း ၄၀၁၂ မိုင်၊ တံတား ၆၁၇၃ စင်း၊ မြစိမ်းရောင်စီမံကိန်း ၁၅၁၇၆ ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်း ၁၅၇ ရွာ၊ ခေတ်မီစံပြကျေးရွာစီမံကိန်း ၁၂၈ ရွာ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ၁၉၄၁၇ ရွာ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ၅၉၆၆ ကြိမ်တို့ကို နိုင်ငံအနှံ့ဆောင်ရွက်ပေးခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းဝေဝေဆာဆာဖြင့် ရှင်းပြနေသည်ကို တွေ့မြင်ခဲ့ရပြန်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို အပြောမဟုတ်၊ အလုပ်နှင့်သက်သေပြပြီး အားမာန်အပြည့်ဖြင့် ဇွဲထက်သန်စွာ ဆောင်ရွက်ပေးနေကြောင်း မျက်မြင်တွေ့ရှိ ခံစားခဲ့ရသည်။
မြစ်တစ်စင်း၏ မိသားစု
မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားသော ကမ္ဘာ့ ၁၂ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်သည့် မဲခေါင်မြစ်ကို အခြေခံ၍ တည်ဆောက်ထားသော မဲခေါင်မိသားစု၊ တစ်နည်းဆိုသော် “ဖွံ့ဖြိုးတိုးတက်မှုအတွက် မြစ်တစ်စင်း၏ မိသားစု” (A River’s Family for Regional Development)သည် နက်နဲလှသော တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ သဘောထားကြီးမှု၊ တန်းတူရည်တူရှိမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် လေးစားမှုများဖြင့် တည်ဆောက်ထားပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော မဏ္ဍိုင်တစ်ရပ်ဖြစ်သည်။
အဖွဲ့ဝင်ခြောက်နိုင်ငံအနေဖြင့် “မြေထိုးစက်စိတ်ဓာတ်” (Bulldozer Spirit) ဖြင့် ဒေသအတွင်း ကြုံတွေ့နေရသော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးဆိုင်ရာ အခက်အခဲမှန်သမျှကို စုပေါင်းအင်အားပြင်းထန်သော အရှိန်အဟုန်များဖြင့် တွန်းတိုက်ဖယ်ရှားလျက်ရှိသည်။ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ပူးတွဲလုပ်ငန်းအဖွဲ့များ၊ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များဖွဲ့စည်းပြီး ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိကြသည်။
မဲခေါင်မြစ်အထက်ပိုင်းတွင်တည်ရှိသော မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေသည်။ ဤပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ လျှပ်စစ်စွမ်းအင်၊ သတင်းမီဒီယာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍများတွင် အကျိုးကျေးဇူးများ ရရှိလျက်ရှိသည်။
သို့သော် လုပ်ငန်းဆောင်ရွက်မှုတိုင်းတွင် စိန်ခေါ်မှုများလည်း ရှိနေမည်ဖြစ်၍ ယင်းစိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အာမခံရန်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားစိုက် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ထာဝရအဓွန့်ရှည် တည်တံ့စေရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ခိုင်မာအားကောင်းစေရေး သက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
Source: https://www.moi.gov.mm

“မတ်လ”တစ်နည်းအားဖြင့် မြန်မာနှစ်တပေါင်းလ အခါသမယ၏ နွေရာသီလေပြည်လေးများသည် ငြိမ်းချမ်းသောအသွင်ကိုဆောင်လျက် တသုန်သုန်ဆော်သွေး တိုက်ခတ်နေပါသည်။ “တပေါင်းသာခေါင်လများနောင်”ဆိုစကားနှင့်အညီပတ်ဝန်းကျင်တစ်ခွင်မှာ သာယာလှပ၊ ကြည်လင်ငြိမ်းချမ်းခြင်းတို့ဖြင့် တင့်တယ်လျက်ရှိပါသည်။ နေပြည်တော်ရှိ ရုံးအမှတ်(၉) အမည်နာမခေါ်တွင်သည့် ထည်ဝါသောရုံးအဆောက်အအုံကြီးရှေ့ရှိ မြန်မာနိုင်ငံအလံသည် တိမ်အပြာနုရောင်၊ တိမ်မီးခိုးရောင်ဖျော့ဖျော့နှင့် အဖြူရောင်တိမ်စိုင်တိမ်လိပ်များနှင့်အပြိုင်မိုးကောင်းကင်ယံတွင် ငွားငွားစွင့်စွင့်ဝင့်ဝင့်ကြွားကြွားလွင့်ပျံ့နေပါသည်။ ထိုကျက်သရေရှိလှ
“မတ်လ”တစ်နည်းအားဖြင့် မြန်မာနှစ်တပေါင်းလ အခါသမယ၏ နွေရာသီလေပြည်လေးများသည် ငြိမ်းချမ်းသောအသွင်ကိုဆောင်လျက် တသုန်သုန်ဆော်သွေး တိုက်ခတ်နေပါသည်။ “တပေါင်းသာခေါင်လများနောင်”ဆိုစကားနှင့်အညီပတ်ဝန်းကျင်တစ်ခွင်မှာ သာယာလှပ၊ ကြည်လင်ငြိမ်းချမ်းခြင်းတို့ဖြင့် တင့်တယ်လျက်ရှိပါသည်။ နေပြည်တော်ရှိ ရုံးအမှတ်(၉) အမည်နာမခေါ်တွင်သည့် ထည်ဝါသောရုံးအဆောက်အအုံကြီးရှေ့ရှိ မြန်မာနိုင်ငံအလံသည် တိမ်အပြာနုရောင်၊ တိမ်မီးခိုးရောင်ဖျော့ဖျော့နှင့် အဖြူရောင်တိမ်စိုင်တိမ်လိပ်များနှင့်အပြိုင်မိုးကောင်းကင်ယံတွင် ငွားငွားစွင့်စွင့်ဝင့်ဝင့်ကြွားကြွားလွင့်ပျံ့နေပါသည်။ ထိုကျက်သရေရှိလှသည့် အဆောက်အအုံသည်ကားမြန်မာနိုင်ငံ၏အထင်ကရ နိုင်ငံခြားရေးဝန်ကြီးဌာနပင်ဖြစ်ပါသည်။
စတင်အုတ်မြစ်တည်ခဲ့သည့် သမိုင်းမှတ်တိုင်များ
လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင် မော်ကွန်းတင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန သမိုင်းစာမျက်နှာများသည် “Diplomacy is the first line of defense” ဆိုသောစကားရပ်နှင့်အညီ မြန်မာနိုင်ငံ၏ဖြတ်သန်းခဲ့ရသော ခရီးလမ်းတစ်လျှောက်တွင် အရေးပါသော တစ်ထောင့်တစ်နေရာမှ အစဉ်အမြဲ ပါဝင်ခဲ့၊ ပါဝင်လျက်၊ ပါဝင်သွားမည်မှာ မငြင်းဆန်နိုင်သော အမှန်တရားပင်ဖြစ်ပါသည်။
သမိုင်းစာမျက်နှာများကို လွမ်းမောဖွယ်အဖြစ် လှန်လှောကြည့်မိပါက လွတ်လပ်ရေးရပြီးချိန်တွင် မြန်မာနိုင်ငံ၏နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာများကို ဆောင်ရွက်သွားရန်ဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားရေးဌာနကို “Department of Foreign Affairs”အဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ စတင်ထူထောင်စဉ်က အတွင်းဝန်တာဝန်ဖြင့် အရာထမ်းတစ်ဦး၊ အမှုထမ်းရှစ်ဦးစုစုပေါင်းဝန်ထမ်းအင်အား ကိုးဦးသာရှိခဲ့ပါသည်။ အခြေအနေအရ နည်းပါးသောအင်အားဖြင့် စတင်ခဲ့ရသော်လည်းခိုင်မာသည့် အခြေခံအုတ်မြစ်ဖြစ်ပါသည်။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၄၈ခုနှစ် မေလ ၄ ရက်တွင် နိုင်ငံခြားရေးရုံး “Foreign Office”ဟု အမည်ပြောင်းလဲခဲ့ပြီး အတွင်းဝန်ရာထူးကိုလည်း အမြဲတမ်းအတွင်းဝန်အဖြစ် ပြောင်းလဲသုံးစွဲခဲ့ကြပါသည်။ လက်ရှိသုံးစွဲနေသည့်နိုင်ငံခြားရေးဝန်ကြီးဌာန “Ministry of Foreign Affairs” (MoFA)အမည်ကို ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်တွင် စတင်သုံးစွဲခဲ့သည်မှာ ယနေ့တိုင်ခဲ့ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ
နိုင်ငံခြားရေးမူဝါဒဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စွမ်းအားများကိုစီမံခန့်ခွဲ၍ နိုင်ငံအကျိုးကိုဖော်ဆောင်သည့် အမျိုးသားရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။ အနှစ်သာရသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ဖော်ဆောင်ခြင်းဖြစ်ပါသည်။ အမျိုးသားလုံခြုံရေး၊ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတပြီး တည်ငြိမ်အေးချမ်းသည့် ကမ္ဘာ့ပတ်ဝန်းကျင်တိုးတက်ဖြစ်ထွန်းရေးကို ဦးတည်ချက် ထားရှိကြပါသည်။ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို အလေးထားမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားမှု စသည်တို့ကို တန်ဖိုးထားဖော်ဆောင်သည့် မူဝါဒဖြစ်ပါသည်။
မြန်မာ့နိုင်ငံခြားရေးမူဝါဒသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်အပေါ်ရပ်တည်၍ တန်းတူရည်တူရှိမှု၊ ကမ္ဘာ့ရေးရာများတွင် ဘက်မလိုက်မှု၊ ချစ်ကြည်ရင်းနှီးစွာ မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံမှု၊ ကုလသမဂ္ဂအဖွဲ့ကြီးအား အားပေးထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်ရေးကို အကျိုးတူမှု၊ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် နှောင်ကြိုးမပါသော ပြင်ပအကူအညီထောက်ပံ့မှုများကို ရယူဆောင်ရွက်သွားရေး စသည့်အခြေခံမူများနှင့်အညီ ကျင့်သုံးခြင်းဖြစ်ကြောင်း ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည်လည်း ဖြတ်သန်းခဲ့ရသည့် နိုင်ငံသမိုင်းကြောင်း တိုးတက်ဖြစ်ထွန်းမှုများနှင့်အတူ အဆင့်ဆင့်ပြောင်းလဲခဲ့ကြောင်း တွေ့ရှိနိုင်ပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်လွတ်လပ်ရေးရရှိချိန်တွင် အင်အားကြီးအုပ်စုများအကြား ရှောင်ရှားလိုသည့်“အပြုသဘောထားသည့် ကြားနေဝါဒ”( Positive Neutrality)ဖြင့်ရပ်တည်ခဲ့သည်။၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တော်လှန်ရေးကောင်စီအစိုးရလက်ထက်ကာလများတွင် “ Positive Neutrality ”ကို ဆက်လက် ကျင့်သုံးခဲ့ကြသည်ကို တွေ့ရှိရပါသည်။၁၉၇၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ပထမအကြိမ် ပါတီညီလာခံမှ “လွတ်လပ်သည့် နိုင်ငံခြားရေးဝါဒ” (Inde-pendent Foreign Policy)ကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏စတုတ္ထအကြိမ် ပါတီညီလာခံမှ “လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေးဝါဒ” (Independent and Active Foreign Policy)ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ အမိန့်ကြော်ငြာချက်(၃/၈၈)ဖြင့်“လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးဝါဒ”ကို ပြန်လည်အတည်ပြု၍လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ ၄၁ အရ) “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ” (Independent, Active and Non-aligned Foreign Policy)အဖြစ်လည်းကောင်း၊ ခေတ်အဆက်ဆက်အဆင့်ဆင့် တိုးတက်ပြောင်းလဲခဲ့သော်လည်း အခြေခံအနှစ်သာရဖြစ်သော လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်နယ်မြေတည်တံ့မှု၊ နိုင်ငံတော်လုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ ကိုယ့်အားကိုယ်ကိုးရပ်တည်နိုင်ရေးနှင့်ငြိမ်းချမ်းရေးတို့သည် ပြောင်းလဲမှုမရှိဘဲ အမျိုးသားရေး အကျိုးစီးပွားကို တစိုက်မတ်မတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပါသည်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒအပေါ် ရပ်တည်၍ နိုင်ငံတကာဆက်ဆံရေးကိုနှစ်နိုင်ငံဆက်ဆံရေး(Bilateral relations)၊ ဒေသတွင်းနိုင်ငံများနှင့် ပေါင်းစပ်ရေး(Regional integration)နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး(Multilateralism)စသည့် နယ်ပယ်များတွင် ကျင့်သုံးလျက်ရှိပြီး မိတ်ဝတ်မပျက်သည့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်သည့်ဆက်ဆံရေးကို ထူထောင်လျက်ရှိပါသည်။
မျက်မှောက်ကာလမော်ကွန်း
နိုင်ငံခြားရေးဝန်ကြီးဌာန စတင်တည်ထောင်ပြီးချိန်မှ ခေတ်အဆက်ဆက်များတွင် သမိုင်းပေးတာဝန်များကိုအောင်မြင်စွာ မော်ကွန်းတင်နိုင်စေရန် လက်ဆင့်ကမ်းတာဝန်ယူသူများအဖြစ်(၇၈)နှစ်တာကာလအတွင်း နိုင်ငံခြားရေးဝန်ကြီး ၂၅ ဦး (ဦးနု၊ ဦးစဝ်ခွန်ချိုနှင့် ဦးဝဏ္ဏမောင်လွင်တို့သည်နှစ်ကြိမ်စီတာဝန်ထမ်းဆောင်ခဲ့ပါသည်)နှင့် ဒုတိယဝန်ကြီး ၁၈ ဦးတို့မှ ထမ်းဆောင်ခဲ့ကြပါသည်။ လက်ရှိကာလတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ ဦးဆောင်မှု၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်တို့၏ တက်ညီလက်ညီ ပူးပေါင်းအကောင်အထည်ဖော်မှုတို့ဖြင့် ပြည်တွင်းပြည်ပရှိ ဝန်ထမ်းထောင်ကျော်အင်အားတို့သည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အားသွန်ခွန်စိုက် ထမ်းဆောင်လျက်ရှိပါသည်။အင်အား၏သုံးပုံနှစ်ပုံမှာ မြန်မာနိုင်ငံရှိရုံးဌာနချုပ်တွင် ထမ်းဆောင်လျက်ရှိပြီးသုံးပုံတစ်ပုံမှာ ကမ္ဘာတစ်လွှားရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် အသီးသီးကာလအလိုက် အလှည့်ကျတာဝန်ထမ်းဆောင်လျက်ရှိပါသည်။
လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့နိုင်ငံများနှင့် သံတမန်ဆက်ဆံမှု တိုးမြှင့်ရေးသည်အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့်သံတမန်ရေးရာများတွင် ထုံးတမ်းအစဉ်အလာအရ အပြန်အလှန်အသိအမှတ်ပြုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နှစ်နိုင်ငံဆက်ဆံရေးအရ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင်မြန်မာသံရုံး ၃၇ ရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး သုံးရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၁၁ ရုံး စုစုပေါင်း ၅၁ ရုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် ၂၀၂၂ ခုနှစ်တွင်တရုတ်နိုင်ငံရှိ ချုံချင့်မြို့၊ ၂၀၂၃ ခုနှစ်တွင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး)ရှိ ဒူဘိုင်းမြို့၊ ဘယ်လာရုစ် သမ္မတနိုင်ငံရှိ မင့်စ်မြို့၊ရုရှားနိုင်ငံ နိုဗိုစီဗစ်နှင့်စိန့်ပီတာစဘတ်မြို့များတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗာတီကန်နိုင်ငံနှင့်ယူအေအီးနိုင်ငံတို့မှ မြန်မာနိုင်ငံတွင် သံရုံးသစ်များ လာရောက်ဖွင့်လှစ်ခဲ့ပါသည်။ ယခုနှစ်အတွင်း အီသီယိုးပီးယားနိုင်ငံ၊ အဒစ်အဘာဘာမြို့နှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး)၊ အဘူဒါဘီမြို့တို့တွင် မြန်မာသံရုံးအသစ်များဖွင့်လှစ်သွားနိုင်ရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ကာတာနိုင်ငံ ဒိုဟာမြို့တွင်လည်း မြန်မာသံရုံး အသစ်ဖွင့်လှစ်နိုင်ရေးညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
မှတ်တမ်းများအရ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၆) နိုင်ငံနှင့် သံတမန် ဆက်ဆံရေး ထူထောင်ထားရှိပြီး၊ ကမ္ဘာ့နိုင်ငံ (၄၆)နိုင်ငံမှ သံရုံး၊ အဖွဲ့ရုံးနှင့်ကောင်စစ်ဝန်ချုပ်ရုံး (၅၀)ရုံးကို မြန်မာနိုင်ငံတွင် လက်ခံဖွင့်လှစ်ထားရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် နိုင်ငံတကာဆက်ဆံရေးတိုးမြှင့်ဆောင်ရွက် နိုင်ခဲ့မှုများအနေဖြင့် ၆-၃-၂၀၂၃ ရက်တွင် ဂီနီဘစ်ဆောနိုင်ငံနှင့် သံတမန်ဆက်ဆံရေးတိုးချဲ့ထူထောင်ခဲ့ပြီး ယူဂန္ဓာ၊ နမီးဘီးယား၊ မိုဇမ်းဘစ်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးထပ်မံတိုးချဲ့ ထူထောင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အစိုးရသက်တမ်းကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ပြည်ပနိုင်ငံများမှသံအမတ်ကြီး (၂၁) ဦး၏သံအမတ်ခန့်အပ်လွှာများအား အခမ်းအနားဖြင့် လက်ခံပေးခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပူးပေါင်းပါဝင် အကောင်အတည်ဖော်ဆောင်ရွက်ပေးမှုများဖြင့် နိုင်ငံတကာအစည်းအဝေးများ ပါဝင်တက်ရောက်မှုများ၊ ခရီးစဉ်သွားရောက်မှုများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏မကြာသေးမီရက်ပိုင်းဆီက သွားရောက်ခဲ့သော ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်များသည်အထင်ကရဖြစ် ပါသည်။ ၂၀၂၁ ခုနှစ်တွင် ASEAN ထိပ်သီးအစည်းအဝေး၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့အရှေ့ဖျားစီးပွားရေးဖိုရမ်၊၂၀၂၄ ခုနှစ်တွင် GMS ထိပ်သီးအစည်းအဝေး၊ ACMECS ထိပ်သီးအစည်းအဝေး၊ CLMV ထိပ်သီးအစည်းအဝေးများသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင် GMS ထိပ်သီးအစည်းအဝေး၊ ၂၀၂၁ ခုနှစ်နှင့်၂၀၂၃ ခုနှစ်တွင် MLC ထိပ်သီးအစည်းအဝေးများတွင် Video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ ၂၀၂၂ တွင် BIMSTECS ထိပ်သီးအစည်းအဝေး၊ ၂၀၂၄ ခုနှစ်တွင် NAM ထိပ်သီးအစည်းအဝေးနှင့် ACD ထိပ်သီးအစည်းအဝေးများသို့နိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ခဲ့ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ် ASEAN ထိပ်သီးအစည်းအဝေးများသို့ အမြဲတမ်းအတွင်းဝန်က တက်ရောက်ခဲ့ပါသည်။
လက်ရှိကာလ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ကုလသမဂ္ဂအေဂျင်စီ (၁၆) ခုနှင့် INGO (၂၁၆) ဖွဲ့မှ နိုင်ငံခြားသားဝန်ထမ်းများနှင့် ဒေသခန့်ဝန်ထမ်းများဖြင့် နိုင်ငံအနှံ့လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ၊ တစ်နှစ်လျှင် (၂)ကြိမ် ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုပြုလုပ်ပြီး စီမံကိန်း ဒေသများသို့လည်း ခရီးစဉ်များ ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။
ICRC, UNOCHA, UNHCR, UNOPS, UNODC, IFRC, UNDSS, UNEDG, UNICEF, IOM, UNFPA တို့မှ အဆင့်မြင့် အရာရှိကြီးများ မြန်မာနိုင်ငံသို့လာရောက်တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ခရီးစဉ်များနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ခရီးစဉ်များကိုလည်းလက်ခံဆောင်ရွက်ပေးခဲ့ပါသည်။
အာဆီယံ AHA ၏ ပူးပေါင်းဆောင်ရွက်မှုအဆိုပြုချက်အားလုံးကို ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၃ ပထမအဆင့်တွင် နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးများရှိ ဆေးရုံကြီးများသို့ အမေရိကန်ဒေါ်လာ (၁၅) သန်းဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးဆေးဝါးအကူအညီများ လက်ခံဖြန့်ဝေနိုင်ခဲ့ကာ၊ ၂၀၂၃-၂၀၂၅ ဒုတိယအဆင့်တွင် စစ်ကိုင်း၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဆီဆိုင်၊ မောက်မိုင်၊ ညောင်ရွှေ၊ မုံရွာ၊ ရွှေဘို၊ ကျောက်ထု၊ ထီးလင်း၊ မော်လမြိုင်၊ ချောင်းဆုံ၊ ဘားအံ၊ ကော့ကရိတ်၊ သံဖြူဇရပ်၊ ကျိုက်မရော၊ကျိုက်ထို၊ ဘီးလင်း၊ လွိုင်လင်မြို့နယ်များတွင် အမေရိကန်ဒေါ်လာ (၄) သန်းကျော်တန်ဖိုးရှိ အစားအသောက်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ဖြန့်ဝေပေးခဲ့ပြီး AHA monitoring Team ဖြင့်လည်း လက်ရှိအချိန်အထိ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအနေဖြင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း (၅) နိုင်ငံတွင် လူဦးရေသန်း(၃,၂၀၀)ကျော်နေထိုင်ပြီး လူမျိုး၊ ဘာသာ၊နိုင်ငံရေးနှင့်အုပ်ချုပ်ရေးစနစ် မတူကွဲပြားသည့်အတွက်ဖြစ်ပေါ်နေသော စိန်ခေါ်မှုများအား နီးကပ်သောဆက်ဆံမှုနှင့်ဖြေရှင်းကျော်လွန်နိုင်ရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။
ဒေသတွင်း ထိပ်သီးအစည်းအဝေးများ၊ ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် အလွတ်သဘောအစည်းအဝေးများတွင် ပိုမိုထိတွေ့ဆက်ဆံဆွေးနွေးနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကို အဓိကစိန်ခေါ်နေသည့် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှု၊ လက်နက်မှောင်ခိုမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြင့်တက်လာပြီး၊ မြန်မာ့နိုင်ငံအရေးကို မြန်မာကိုယ်တိုင်ဦးဆောင်သည့်မြန်မာ့၏ ကိုယ်ပိုင်အစီအမံဖြင့်သာ ဆောင်ရွက်ရမည်ကို နိုင်ငံတကာမှသိရှိလက်ခံလာခဲ့သလို၊ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် (၂)နိုင်ငံကြား ရွှေ့ပြောင်းလူအုပ်စုများ ကိစ္စကိုလည်း ပြင်ပစွက်ဖက်မှုမပါဘဲ (၂) နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေးသဘောထား ရရှိခဲ့ပါသည်။
ဒေသတွင်း နိုင်ငံများမှ ပြစ်ဒဏ်ကျခံနေရသည့်အကျဉ်းသားများအား အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်နေသောနိုင်ငံများမှ နိုင်ငံခြားသားများအား ရှာဖွေကယ်ဆယ်ဖမ်းဆီး၍သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ ပြုလုပ်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ရောက်ရှိသွားသူများအား သံတမန်လမ်းကြောင်းမှ ညှိနှိုင်း၍ ပြန်လည်လွှဲပြောင်းနိုင်ခဲ့ခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရောက်ရှိနေပြီး မမျှော်လင့်ဘဲ အခက်အခဲများကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံသားများအား လိုအပ်သည့်အကူအညီများပေးအပ်နိုင်ရေး၊ လိုအပ်ပါက အမိနိုင်ငံသို့ပြန်လည်ခေါ်ဆောင်နိုင်ရေးတို့ကိုလည်းမြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံးနှင့်ကောင်စစ်ဝန်ချုပ်ရုံးများက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကူညီဆောင်ရွက်ပေးမှု များမှာလည်း သိသာထင်ရှားသောသံတမန်ရေးရာဆောင်ရွက်ချက်များဖြစ်ပါသည်။
နိဂုံး
နိဂုံးချုပ်အနေဖြင့် ထင်ရှားပေါ်လွင်သည့် အစဉ်အလာကောင်းများရှိသောမြန်မာသံတမန်လောကတွင် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကိုဖော်ဆောင်ရန် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းသံတမန်များအနေဖြင့် ဘိုးဘေးဘီဘင် အဆက်ဆက် လက်ဆင့်ကမ်းစွမ်းဆောင်ခဲ့မှုကြောင့်တည်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး လာမည့်နှစ်ပေါင်းများစွာတိုင် ဆက်လက်တည်တံ့ ခိုင်မြဲရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် သစ္စာရှိရှိတာဝန်သိသိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြမည်မှာ သမိုင်းပေးတာဝန်ဖြစ်ပါကြောင်းဖော်ပြလျက် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်တွင်ကျရောက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ။

လွှစာမှုန့် စူပါပါဝါ- သစ်သားစွန့်ပစ် ပစ္စည်းအသုံးပြုထားသည့် ဘက်ထရီသည် အကြိမ် ၁၀,၀၀၀ အားသွင်းပြီးသည့် နောက်တွင် စွမ်းရည် ၆၀ ရာခိုင်နှုန်းကို သိုလှောင်ထိန်းသိမ်းထားနိုင်ပါသည်။
အဆိုပါစနစ်သည် ကုန်ကျစရိတ်နည်းသော လျှပ်ကူးပစ္စည်းများဖြင့် မြင့်မားသောစွမ်းအင်ကို သိုလှောင်ထားပြီး 700 Wh/kg တွင် 105 Wh/kg ကို ပေးစွမ်းနိုင်သည်။

Basque Country (UPV/EHU) တက္ကသိုလ်မှ သုတေသီများသည် ထင်းရှူးပင် (Pinus radiata) ၏ စွန့်ပစ်ပစ္စည်း များမှရရှိသော ကာဗွန်ကို အသုံးပြု၍ ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်အတွက် လီသီယမ်-အိုင်းယွန်းနည်းပညာနှင့် လျှပ်စစ်နှစ်ထပ်အလွှာ လျှပ်ကူးပစ္စည်း (Capacitor (EDLC)) တည်ဆောက်မှုတို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ် လျှပ်ကူးပစ္စည်း (Hybrid supercapacitor) ကို တီထွင်ခဲ့သည်။
လီသီယမ်-အိုင်းယွန်း capacitor တွင် စွန့်ပစ်ထားသော သစ်သားအမှုန်များနှင့် ပြုလုပ်ထားသည့် လျှပ်ကူးပစ္စည်း ပါ၀င်သောကြောင့် ရေရှည်တည်တံ့ပြီး ကုန်ကျစရိတ်သက်သာသော စွမ်းအင်သိုလှောင်မှု ဖြေရှင်းချက်တစ်ခုလည်း ဖြစ်ပါသည်။
စပိန်နိုင်ငံရှိ Basque ဒေသတွင် ဇီဝလောင်စာအရင်းအမြစ်များ ပေါများသဖြင့် သုတေတီအဖွဲ့သည် စွမ်းဆောင်ရည် မြင့်မားသော လျှပ်ကူးပစ္စည်းဖန်တီးရန်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေပြီး ဈေးနှုန်း သက်သာသော လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အသုံးပြုခဲ့ပါသည်။ ၎င်းတို့၏ တွေ့ရှိချက်များသည် ထိရောက်မှုရှိပြီး ဂေဟစနစ်သုံး စွမ်းအင်သိုလှောင်မှုစနစ်များ ထုတ်လုပ်ရာတွင် ဇီဝလောင်စာအခြေခံပစ္စည်းများ၏ အသုံးဝင်ပုံကို မီးမောင်းထိုးပြခဲ့သည်။
သုတေသီများ၏ အဆိုအရ လွှစာမှုန့်များမှစွမ်းအင်သိုလှောင်မှုစနစ် တီထွင်ဖန်တီးခြင်းသည် စွမ်းအားမြင့် စွမ်းအင် သိုလှောင်မှုတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်မှုကို လျှော့ချနိုင်မည့် အခြားရွေးချယ်စရာများ (Greener Alternatives) အတွက် နည်းလမ်းတစ်ခုအဖြစ် လမ်းခင်းပေးနိုင်ပြီး သမားရိုးကျပစ္စည်းများအပေါ် မှီခိုအားထားမှုကို လျှော့ချကာ စွမ်းအားမြင့် စွမ်းအင်သိုလှောင်မှုကဏ္ဍတွင်လည်း ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးနိုင်ပါသည်။
ဇီဝလောင်စာစွမ်းအင်သုံး လျှပ်ကူးပစ္စည်းများ (Biomass-powered capacitors)
ယနေ့ခေတ် လူ့အဖွဲ့အစည်း၏ စွမ်းအင်လိုအပ်ချက် မြင့်မားလာမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို မဖြစ်စေမည့် ရေရှည်တည်တံ့သော စွမ်းအင်သိုလှောင်မှုရွေးချယ်စရာများ လိုအပ်လာပါသည်။ စွမ်းအင်သိုလှောင်ရာတွင် လစ်သီယမ်- အိုင်းယွန်းဘက်ထရီများ (LIBs) နှင့် supercapacitor (SCs) တို့ကို အသုံးပြုမှု များပြားသော်လည်း၎င်းတို့တစ်ခုချင်းစီတွင် အားနည်းချက်များရှိပါသည်။ SCs များတွင် စွမ်းအင် မြင့်မားသော်လည်း လျင်မြန်စွာ အလိုအလျောက် အားလျော့သွားနိုင်ပြီး၊ LIBs များသည် စွမ်းအင်မြင့်မားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးယိုယွင်းသွားနိုင်ပါသည်။
နည်းပညာနှစ်ခုကို ပေါင်းစပ်ထားသည့် လီသီယမ်-အိုင်းယွန်း လျှပ်ကူးပစ္စည်းများ (LICs) သည် မြင့်မားသော စွမ်းအင်၊ ပါဝါနှင့် ကြာရှည်စွာ အသုံးပြုနိုင်မှုကို ပေးစွမ်းနိုင်သောကြောင့် ၎င်းတို့ကို လျှပ်စစ်ကားများနှင့် လေအားသုံးတာဘိုင် များတွင် အသုံးပြုရန်အတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
လျှပ်ကူးပစ္စည်းရွေးချယ်မှုသည် LICs ၏ စွမ်းဆောင်ရည်အပေါ် သိသာသည့် သက်ရောက်မှုရှိပါသည်။ လျှပ်ကူးပစ္စည်းအတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည့် ဂရပ်ဖိုက် (Graphite) သည် အဓိကကုန်ကြမ်းဒြပ်စင်ဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင်အတွက် စျေးနှုန်းကြီးမြင့်ပါသည်။ ဘက်ထရီ အမတိုင် (Anode Material) အတွက် အသုံးပြုရသော မြင့်မားသည့် အပူချိန်တွင် Graphite အဖြစ်သို့ အလွယ်တကူမပြောင်းနိုင်သည့် (Hard Carbon)များ၊ မြင့်မားသည့် အပူချိန်တွင် Graphite အဖြစ်သို့ အလွယ်တကူပြောင်းနိုင်သည့် (Soft Carbon)များနှင့် နာနိုကာဗွန်များကဲ့သို့သော အခြားရွေးချယ်စရာများကို လျှပ်ကူးပစ္စည်းများအဖြစ် အသုံးပြုမည့် အလားအလာရှိသော်လည်း ၎င်းတို့၏ ကုန်ကျစရိတ် ကြီးမြင့်မှုနှင့် ရှုပ်ထွေးမှုများကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ခြင်း မရှိပါ။
UPV/EHU အဖွဲ့သည် စပိန်နိုင်ငံ၊ Biscay ဒေသရှိ ပေါများပြီး ရေရှည်တည်တံ့သော အရင်းအမြစ်တစ်ခုဖြစ်သည့် ထင်းရှူးပင် (Pinus radiata) ၏ စွန့်ပစ်ပစ္စည်းများမှ ကာဗွန်ကို အသုံးပြု၍ ကုန်ကျစရိတ်သက်သာသော LIC ကို တီထွင် ခဲ့သည်။ ကုန်ကျစရိတ်ကြီးမားသည့် ဓာတုပစ္စည်းများ သို့မဟုတ် စွမ်းအင်အများအပြား သုံးစွဲရန်လိုအပ်သည့် လုပ်ငန်းစဉ်များအစား ဇီဝလောင်စာမှ ကာဗွန်အရင်းအမြစ်ကို အသုံးပြု၍ စွမ်းဆောင်ရည်မြင့် လျှပ်ကူးပစ္စည်းကို ထုတ်လုပ်ခဲ့သည်။
“မိမိတို့အနေဖြင့် စွမ်းအင်ကို သိုလှောင်နိုင်ရန်အတွက် အသုံးပြုနိုင်မည့် ကုန်ပစ္စည်းအသစ်များကို တီထွင်နေပါကြောင်း၊ ပတ်ဝန်းကျင်ရှိ ထင်းရှူးပင်များ၏ သစ်သားအမှုန်အမွှားများမှ ကာဗွန်များကို လျှပ်ကူးပစ္စည်းဖန်တီးရန်အတွက် ပြင်ဆင်ထားပြီး လက်သမားအလုပ်ရုံများတွင် အဆိုပါပစ္စည်းများကို အသုံးပြုကြပါကြောင်း” UPV/EHU မှ ကထိကနှင့် သုတေသနအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ Idoia Ruiz de Larramendi က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် ဘက်ထရီများ (Eco-friendly Batteries)
ဘက်ထရီနှင့် Supercapacitors များသည် စွမ်းအင်သိုလှောင်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး တစ်ခုစီတွင် ထူးခြားသော အားသာချက်များရှိသည်။ Supercapacitors များသည် အချိန်တိုအတွင်း ကြီးမားသော စွမ်းအင်ထုတ်ပေးနိုင်မှု (Power Output) ရှိသော်လည်း ဘက်ထရီများသည် စွမ်းအင်ကို ပိုမိုထိန်းသိမ်းပေးသည်။ Supercapacitors များသည် ကြာရှည်စွမ်းအင်ထောက်ပံ့မှုအတွက် အသုံးပြုရန် သင့်တော်မှုမရှိသော်လည်း ၎င်းတို့သည် အမြန်စွမ်းအင် ထုတ်လွှတ်မှု လိုအပ်သော Application များအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
သုတေသနသည် နည်းပညာနှစ်ခုလုံး၏ အားသာချက်များကို ပေါင်းစပ်ထားသည့် ပေါင်းစပ် လစ်သီယမ်-အိုင်းယွန်း စက်ပစ္စည်းတစ်ခုကို ဖန်တီးခဲ့သည်။ ၎င်းပစ္စည်းသည် ဘက်ထရီကဲ့သို့ ပါဝါမြင့်မားသော စွမ်းအင်ကို သိမ်းဆည်းထား နိုင်ပြီး supercapacitor ၏ ကြံ့ခိုင်မှုနှင့် အားသွင်းမြန်ဆန်မှု အရည်အသွေးများလည်း ပါဝင်ပါသည်။ ဘက်ထရီနှင့် Supercapacitor အမျိုးအစားများ၏ လျှပ်ကူးပစ္စည်းကိုများ ပေါင်းစပ်ခြင်းဖြင့် အဆိုပါစက်ပစ္စည်း၏ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးပါသည်။
ဇီဝလောင်စာအရင်းအမြစ်များမှ ဂရုတစိုက်ရွေးချယ်ထားသော ကာဗွန်အမျိုးအစား အမျိုးမျိုးကို လျှပ်ကူးပစ္စည်း ဖန်တီးရန် အသုံးပြုခဲ့ကြသည်။ ဇီဝလောင်စာအားလုံးသည် စွမ်းအင်သိုလှောင်မှုအတွက် သင့်လျော်သည့် ကာဗွန်ကို ပေးနိုင်ခြင်းမရှိသော်လည်း ရလဒ်များက ထင်းရှူးပင် (insignis pine) မှရရှိသော ကာဗွန်၏ထိရောက်မှုကို သက်သေ ပြနိုင်ခဲ့ပါသည်။
လျှပ်ကူးပစ္စည်းတစ်ခုသည် Hard carbon နှင့် အခြား Activated carbon တို့ဖြင့် ဖွဲ့စည်းထားကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ ကုန်ကျစရိတ်သက်သာသော ပေါင်းထည့်ပစ္စည်းများ (cost-effective additives) ကို အသုံးပြုပြီး ဓာတုတုံ့ပြန်မှုပြုလုပ်မည့် သီးခြားအပူချိန် (synthesis temperatures) 700°C အောက်ကို ထိန်းသိမ်းထားသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း ရေရှည်တည်တံ့မှုနှင့် ကုန်ကျစရိတ်သက်သာမှုတို့ကို ဦးစားပေးထားသည်။
ယခု တီထွင်လိုက်သည့် ပုံစံအသစ်တွင် တူညီသောကာဗွန်ဖြင့်ဖွဲ့စည်းထားသည့် အဖိုဓာတ်ရှိသောလျှပ်ကူးပစ္စည်း (Positive Electrode) သည် ကြီးမားသောမျက်နှာပြင်ဧရိယာရှိပြီး အမဓာတ်ရှိသောလျှပ်ကူးပစ္စည်း (Negative Electrode) သည် စျေးနှုန်းကြီးမားသော ဓာတုပစ္စည်းများ လိုအပ်ခြင်းမရှိဘဲ စွမ်းအင်များစွာကို သိမ်းဆည်းထားနိုင်သည်။ အဆိုပါ စနစ်သည် 700 W/kg တွင် 105 Wh/kg စွမ်းအင်ထောက်ပံ့ပေးနိုင်ပြီး အကြိမ် ၁၀,၀၀၀ အားသွင်းပြီးသည့်နောက်တွင် စွမ်းရည် ၆၀ ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်သည်။
ယခုလေ့လာမှုသည် လစ်သီယမ်-အိုင်းယွန်း လျှပ်ကူးပစ္စည်း (Lithium-ion Capacitors) များအတွက် ကုန်ကျစရိတ် သက်သာပြီး ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် အစားထိုးရွေးချယ်မှုအဖြစ် ဒေသတွင်း ဇီဝလောင်စာ၏ အလားအလာကို ထောက်ပြထားသည်။ သုတေသီအဖွဲ့အနေဖြင့် ဇီဝလောင်စာမှရရှိသောပစ္စည်းများသည် စွမ်းအင်မြင့်မားသော စွမ်းအင်သိုလှောင်မှုအတွက် အလားအလာရှိသောအခွင့်အလမ်းများကို ပေး ဆောင်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး ရေရှည်တည်တံ့သောဖြေရှင်းချက်များဖြင့် စွမ်းအင်သိုလှောင်မှုနည်းပညာများ ပိုမိုကောင်းမွန်လာစေရန် ဆက်လက်သုတေသနပြုရန် လိုအပ်ကြောင်းလည်း အလေးပေးဖော်ပြထားသည်။
သုတေတီအဖွဲ့၏ သုတေသန အသေးစိတ် စာတမ်းအား Power Sources ဂျာနယ်တွင် ထုတ်ဝေထားပြီးဖြစ်ပါသည်။
Source: https://interestingengineering.com/energy/sawdust-superpower-wood-waste-battery-breakthrough
(Interesting Engineering တွင် စာရေးသူ Jijo Malayil ရေးသားသည့် “Sawdust superpower: Wood waste battery retains 60% capacity after 10,000 cycles” အား အလွတ်သဘော ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်မှာ ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်မှ ၉ ရက်အထိ ကြာမြင့်ခဲ့သည်။ ခရီးစဉ်အတွင်း ဆောင်ရွက်နိုင်ခဲ့မှုများမှာ နိုင်ငံတော်အတွက် အကျိုးကျေးဇူးကြီးမားလှသည်။ ကာလအားဖြင့် ရက်သတ္တပတ်မျှသာ ကြာမြင့်ခဲ့သော ထိုခရီးစဉ်မှာ နိုင်ငံတော်အတွက် မှတ်တမ်း၊ မှတ်တိုင်၊ မော်ကွန်းတင်ထိုက်သည့် ခရီးစဉ်တစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်သည်။

အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်နှင့်ပြည်သူ အကျိုးကိုရှေးရှု၍ မှန်ကန်သော ရည်ရွယ်ချက်၊ ခိုင်မာသောသန္နိဋ္ဌာန်၊ ပြင်းပြထက်သန်သော လုံ့လဥဿာဟတို့ဖြင့် အောင်မြင်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ကြသည်။
ဖိတ်ကြားခဲ့သည့် အိမ်ရှင်နိုင်ငံတို့သည် နိုင်ငံတော်အကြီးအကဲအား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များကို ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ကော်ဇောနီခင်း၍ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြသည်မှာလည်း ဂုဏ်ယူဖွယ်ရာဖြစ်သည်။
တိုတောင်းလှသော ခရီးစဉ်အတွင်းမှာပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool အား လက်ခံတွေ့ဆုံခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာမီးကီယာပြည်နယ်အကြီးအကဲ H.E.Mr. Batu KHASIKOV နှင့်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံခြင်း၊ စိန့်ပီတာစဘတ် မြို့အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Mr. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခြင်း၊ နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များ ပူးတွဲထုတ်ပြန်ခြင်း၊ ဆာမားရာမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်းသို့ သွားရောက်လေ့လာခြင်းကို နိုင်ငံနှင့်ပြည်သူအကျိုးအတွက် ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးနိုင်သည်အထိ ဆောင်ရွက်ခဲ့သည်။
ထိုတွေ့ဆုံမှုများမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် အခြားကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား အာကာသနည်းပညာကို ငြိမ်းချမ်းစွာ အသုံးချရေး ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ကြသည်။
နှစ်နိုင်ငံအကြား ပညာရေးအရည်အချင်း သတ်မှတ်ချက်နှင့် ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီများ အပြန်အလှန် အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက်အခွန်ဆိုင်ရာ သဘောတူညီချက်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း စာချွန်လွှာများ၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင် ရွက်ရေးနားလည်မှုစာချွန်လွှာများ၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ပြင်ပအာကာသစူးစမ်း လေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(မူကြမ်း) အပေါ်ဆွေးနွေးညှိနှိုင်းမှု အောင်မြင်စွာ ပြီးမြောက်ခြင်းနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက်တို့ကို ထုတ်ပြန်နိုင်ခဲ့သည်။
ထို့အတူ ရုရှား-အာဆီယံ စီးပွားရေး ကော်မရှင်ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်သည့် အဖွဲ့ကို လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီး၊ သရက်သီး စသည့် သီးနှံများကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်သည့် အခြေအနေများ၊ စွန့်ပစ်အမှိုက်များကို Recycle ဖြင့် ပြန်လည်အသုံးပြုနိုင်ရေးကိစ္စရပ်များ၊ အာကာသနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့သည်။ ရုရှား-မြန်မာ စီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ အလုပ်အကိုင်နှင့် အခွင့်အလမ်းများကို လမ်းဖွင့်ပေးနိုင်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲသည် ခရီးစဉ်အတွင်း မအားလပ်သော လုပ်ငန်းတာဝန်များအကြားမှပင် အချိန်ကိုမရရအောင် ကြံဆထုတ်နုတ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့ရှိ ပညာတော်သင်ကျောင်းသားများကို တွေ့ဆုံအားပေးခဲ့သည်။ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အလားတူ သံရုံး၊ စစ်သံရုံးမိသားစုများကိုလည်း နွေးနွေးထွေးထွေး သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
အကြီးအကဲကိုယ်တိုင်က လုံ့လ၊ ဝီရိယစိုက်ထုတ်၍ အလေးထားချီးမြှင့်ခြင်းဖြစ်သဖြင့် ပညာတော်သင်များနှင့် မိသားစုဝင်များအဖို့ ရေခြားမြေခြား၌ စိတ်ဓာတ်ခွန်အားများ မြင့်မားတိုးတက်လာကြမည်မှာ ဧကန်ဖြစ်သည်။
ခရီးစဉ်အတွင်းမှာပင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာခြင်းနှင့်အတူ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် အချက်အချာ ကျသည့် စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာနိုင်ငံကောင်စစ် ဝန်ချုပ်ရုံးနှစ်ခုကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် ဘယ်လာရုစ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ၁၉၉၉ ခုနှစ်ကပင် အပြန်အလှန် တည်ဆောက်ထားနိုင်ခဲ့သည်။ ယနေ့တိုင် နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ဆက်ဆံရေး၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ဆက်ဆံရေး၊ အစိုးရဌာနအချင်းချင်း ဆက်ဆံရေးများကို လက်တွေ့ဖော်ဆောင်ခြင်းမှ တစ်ဆင့် အပြန်အလှန်ယုံကြည်မှုများ တိုးမြှင့်ခိုင်မာလျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲသည် ဘယ်လာရုစ်နိုင်ငံ၌ နိုင်ငံတော်အဆင့်တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေစဉ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Roman Alexandrovich Golovchenko နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်း၊ နှစ်နိုင်ငံသဘောတူညီချက်များ ပူးတွဲထုတ်ပြန်ကြေညာခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါး၊ စက်မှုလက်မှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ သိပ္ပံနှင့် ခေတ်မီပညာရပ်များ လေ့လာနိုင်စေရန်အတွက် ပညာသင်ကျောင်းသားများ စေလွှတ်နိုင်ရေးအစရှိသည့် ဆွေးနွေးညှိနှိုင်းမှုများကို အစပြုနိုင်ခဲ့ပြီဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်မှာ အမိနိုင်ငံတော်အတွက် သံတမန်ဆက်ဆံရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေး အစရှိသည့် နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများကို ရယူဆောင်ကြဉ်းပေးနိုင်ခဲ့သည့် ဘက်စုံအောင်မြင်သော ခရီးစဉ်တစ်ခုဟုဆိုရပါမည်။
ထိုသို့ချစ်ကြည်ရေး ခရီးစဉ်များအတွင်း နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာရှီအာယ်မွတ်စ်လင်မ် ဘာသာရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၊ လူမျိုး ပေါင်းစုံစည်းလုံးညီညွတ်ရေးနှင့် အကျိုးဆောင်အဖွဲ့(ယာယီ)၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ MSME (Cluster) ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ်အစရှိသော အဖွဲ့အစည်း အသီးသီးတို့က ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဘောထားများကို ကိုယ်စီကိုယ်စီ ထုတ်ပြန်ကြေညာခဲ့ကြသည်မှာ ဦးဆောင်သူ နိုင်ငံ့ခေါင်းဆောင်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏အမိနိုင်ငံအပေါ်ထားရှိအပ်သည့် ကောင်းမြတ်သော စိတ်စေတနာများ တစ်သားတည်းတစ်ထပ်တည်း ဖြစ်ကြောင်းပြဆိုနေခြင်းပင်။
နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန်မှာ မြန်မာစံတော်ချိန် ညနေပိုင်းအချိန်ဖြစ်သည်။ ညနေခင်းလေပြည်သည် အေးမြသောအသွင်ကိုဆောင်လျက် တသုန်သုန်ဆော်သွေး တိုက်ခတ်နေသည်။ “တပေါင်းသာခေါင် လများနောင်” ဆိုသည့်အတိုင်း ဝန်းကျင်တစ်ခွင်မှာ အေးမြခြင်း၊ သာယာခြင်း၊ ငြိမ်းချမ်းခြင်း၊ ကြည်လင်ခြင်းတို့ဖြင့်အတိပြီးကာ အကြီးအကဲ၏ခရီးစဉ်ကို နွေးထွေးစွာဆီးကြိုနေဘိသို့ တင့်တယ်သောအသွင်ကို ဆောင်လျက်ရှိသည်။
နေပြည်တော် တပ်မတော်လေဆိပ်သို့ အထူးလေယာဉ် ဆင်းသက်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံး၊ စစ်သံရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့် အကအဖွဲ့များ၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းမှ တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
တိုင်းရင်းသားရိုးရာ အကအလှအဖွဲ့များကလည်း ပျော်ရွှင်ဝမ်းမြောက်စွာ တီးမှုတ်ကခုန်၍ ဂုဏ်ပြုကြိုဆိုကြသည်။ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်ပြန်လည် ရောက်ရှိမှုကို ဝမ်းပန်းတသာကြိုဆိုနှုတ်ဆက်ကြခြင်းပင်ဖြစ်သည်။
အမိအဖသဖွယ်ဖြစ်သော နိုင်ငံ့ခေါင်းဆောင်အပေါ် သူတို့တစ်တွေ၏ ယုံကြည်ကိုးစားမှုနှင့် အားပေးထောက်ခံမှုကို တစ်ခဲနက်ပြသကြခြင်းလည်း ဖြစ်သည်။
ပြည်သူတို့သည် ခရီးစဉ်တစ်လျှောက် နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ တိုင်းပြည်နှင့်လူမျိုး အကျိုးကိုရှေးရှုသည့် တွေ့ဆုံဆွေးနွေးမှုများနှင့် ကြိုးပမ်းအားထုတ်မှုများကို ကောင်းစွာသိမြင်နားလည်ထားကြပြီးဖြစ်သည်။ ဤသို့သော အကြောင်း ရင်းခံများကြောင့်ပင် သူတို့ကိုယ်တိုင်၏ ရင်တွင်းစိတ်ဆန္ဒအခံဖြင့် ယခုလိုလာရောက် ကြိုဆိုကြခြင်းဖြစ်သည်။
ကြိုဆိုသူတိုင်း၏လက်ဝယ်တွင် မြန်မာနိုင်ငံအလံ၊ ရုရှားနိုင်ငံအလံနှင့် ဘယ်လာရုစ်နိုင်ငံ အလံငယ်လေးများမှာ အေးမြသော လေပြည်နှင့်အတူ တလူလူတဖျပ်ဖျပ် လွင့်မြူးလျက်ရှိနေကြသည်။
“ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေ၊ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအလိုက် တိုးမြှင့်ဆောင်ရွက်နိုင်ပါစေ၊ ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင်ဆောင်ရွက်ခဲ့သည့် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါသည်။ ရုရှားမြန်မာ ချစ်ကြည်စွာတွဲလက်မြဲပါစေ၊ မြန်မာ-ရုရှားပူးပေါင်းအား မုချအောင်မြင်ပါစေ၊ ဘယ်လာရုစ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေ၊ မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါ၏၊ ရုရှား-မြန်မာချစ်ကြည်ရေးကို ခိုင်မြဲစေသော နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား လှိုက်လှဲစွာကြိုဆိုပါ၏၊’’ စသည့်ဆိုင်းဘုတ်များကိုလည်းကောင်း၊ အကြီးအကဲ၏ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်များအတွင်း စွမ်းစွမ်းတမံလှုပ်ရှား ဆောင်ရွက်ခဲ့သည့် ရုပ်ပုံများကိုလည်းကောင်း လက်ဝယ်ကိုယ်စီ အမြတ်တနိုး ကိုင်ဆောင်ထားကြသည်။
“အမျိုး၊ ဘာသာ၊ သာသနာအတွက်ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကျန်းမာပါစေ၊ ရုရှား-မြန်မာချစ်ကြည်ရေး၊ဘယ်လာရုစ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေ၊ ခိုင်မြဲပါစေ ခိုင်မြဲပါစေ”အစရှိသော ကြွေးကြော်သံများကိုသံပြိုင်ညီညီဟစ်ကြွေး၍ သောင်းသောင်းဖြဖြ ကြိုဆိုနေကြပုံမှာ ကြက်သီးမွေးညင်းထဖွယ်ဖြစ်သည်။ အကြီးအကဲကလည်း ကားမှန်ကိုချ၍လက်ပြကာ အပြုံးဖြင့် တုံ့ပြန်နှုတ်ဆက်သည်။ နိုင်ငံတော်အကြီးအကဲ၏ စေတနာအရင်းခံဖြင့် ကြိုးစားအားထုတ်ခဲ့မှုများကို ပြည်သူအပေါင်းက ဝမ်းမြောက်ဝမ်းသာ အသိအမှတ်ပြု ဂုဏ်ပြုကြိုဆိုကြသည်။
ယင်းတို့၏ စေတနာစိတ်ဖြင့်ကြိုဆိုမှုများကို အကြီးအကဲက မေတ္တာစိတ်ဖြင့် ကမ်းလင့်တုံ့ပြန်သည်။ မေတ္တာဆိုသည်မှာ အလျားအနံမရှိသော်ငြား ကူးလူးတုံ့တင် အသွားအပြန်ရှိတတ်သည်ဆိုခြင်းမှာ မှန်လှပါသည်။ အပေးအယူမျှမျှ သဟဇာတကျကျဖြင့် မင်္ဂလာရှိသောမြင်ကွင်းတစ်ရပ်ပင်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ ဦးဆောင်သောအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်အတွင်း မိမိတို့မြန်မာနိုင်ငံနှင့် ရာသီဥတုကွာခြားချက်အရ အပူချိန် အနုတ် ၂ မှ အနုတ် ၁၂ ဒီဂရီစင်တီဂရိတ်အထိ အနေအထားရှိသော ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ အသွားအပြန် မိုင်ပေါင်း ၁၀၀၀၀ကျော်ခန့်အထိ သွားရောက်၍ နိုင်ငံတော် အကျိုးစီးပွားကို တစိုက်မတ်မတ်စွမ်းဆောင်ပေးခဲ့ကြသည်။ အမိနိုင်ငံတော်အတွက် မသွေသော သစ္စာတရားတို့ဖြင့် ထိုသို့ စွမ်းစွမ်းတမံကြိုးစား အားထုတ်ခဲ့ကြသည်ကို တိုင်းရင်းသားပြည်သူအပေါင်းကလည်း မပြယ်သောမေတ္တာတရားတို့ဖြင့် ဤသို့ ညီညီညွတ်ညွတ်၊ လှိုက်လှိုက်လှဲလှဲ လာရောက်ကြိုဆိုဂုဏ်ပြုနေကြပုံများမှာ နိုင်ငံသားတစ်ယောက်အနေဖြင့် ဝမ်းသာကြည်နူး၍ မဆုံးနိုင်အောင် ဖြစ်ရပါသည်။ ။

ရုရှားနှင့် မြန်မာ
မြန်မာနှင့် ရုရှား။
အချစ်မပျက်ပါဘု
ခေတ်အဆက်ဆက် မနှေးကူလို့
အတွေးတူ အယူမကွဲပါပဲ
အရေးတယူ အတူတွဲတယ်
ခိုင်မြဲတဲ့အား။
ရုရှားနှင့် မြန်မာ
မြန်မာနှင့် ရုရှား။
အချစ်မပျက်ပါဘု
ခေတ်အဆက်ဆက် မနှေးကူလို့
အတွေးတူ အယူမကွဲပါပဲ
အရေးတယူ အတူတွဲတယ်
ခိုင်မြဲတဲ့အား။
၂၀၂၅ ခုနှစ် မတ်လ ၃ ရက်၊ ၁၃၈၆ခုနှစ် တပေါင်းလဆန်း ၅ ရက်။ အမိမြန်မာနိုင်ငံ၏ သာယာစင်ကြယ် ငြိမ်းချမ်းလှပသော နေ့ရက်တစ်ရက်။
“ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံဂိမှေ - နွေလများတွင် နွေဦးအစဖြစ်သော၊ ကောင်းစွာပွင့်သော၊ ခက်ဖျားစုံရှိသောတောအုပ်သည် အသရေရှိဘိသကဲ့သို့ နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်ပိဋကတ်ကို နိဗ္ဗာနဓာတ် အမြတ်ဆုံးအကျိုးစီးပွားအလို့ငှာ” ဟူ၍ရတနသုတ်၌ နွေရာသီ ၏ အဦးအစ အလှနှင့်အဓိပ္ပာယ်ကို နိဗ္ဗာနဓာတ်တရားမြတ်နှင့် ရူပကပြုထားပါသည်။
ထိုနေ့သည်ကား ရုရှား-မြန်မာဆက်ဆံရေးသမိုင်းစာမျက်နှာတွင် မှတ်တိုင်အသစ်တစ်ခုကို ထပ်မံစိုက်ထူလိုက်နိုင်သော နေ့တစ်နေ့ပင်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး အစပြုရာနေ့ရက်ပင်ဖြစ်ပါ၏။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆောင်ရွက်မှုတို့မှာနွေးထွေးမြဲ နွေးထွေးဆဲ၊ နီးကပ်မြဲနီးကပ်နေဆဲပင်။ (၇၇)နှစ်တိုင်ကြာမြင့်ခဲ့ပြီဖြစ်သော နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးထူထောင်နိုင်ခဲ့သည့် သမိုင်းကြောင်းတစ်လျှောက် ယခင်ကာလများကလည်း ယခုလိုမှတ်တိုင်များရှိခဲ့ဖူးသည်။ အတိတ်တွင် လှပသော သမိုင်းပုံရိပ်များရှိခဲ့သလို မျက်မှောက်ကာလတွင်လည်း ယခုလို မှတ်တိုင်အသစ်များ ထပ်မံစိုက်ထူနိုင်မှုမှာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ထောက်မကူညီခဲ့မှုများအတွက် ပကတိအရှိတရားများဟု ဆိုရပါမည်။
အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်အတွင်းရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးခြင်းများအပါအဝင်ရုရှားအစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို နိုင်ငံတော်နှင့် ပြည်သူအကျိုးကိုရှေးရှု၍ မှန်ကန်သောရည်ရွယ်ချက်၊ ခိုင်မာသောသန္နိဋ္ဌာန်၊ ပြင်းပြထက်သန်သော လုံ့လ ဥဿာဟတို့ဖြင့် အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြသည်။
နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် မတ်လ ၃ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ စတင်ထွက်ခွာသည်။ ယင်းနေ့ ဒေသစံတော်ချိန် ညနေပိုင်းမှာပင်မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။မော်စကို၏ ရာသီဥတုမှာ ဆောင်းနှောင်းကာလဟု ဆိုရပါမည်။ အအေးဓာတ်မှာ သိသိသာသာ လွန်ကဲပြင်းထန်ခြင်းမရှိဘဲ သင့်တင့်မျှတရုံမျှရှိ၏။ သို့သော်ငြားအပူချိန်မှာ မိမိတို့နိုင်ငံရာသီဥတုနှင့် အတန်ငယ်ခြားနားသဖြင့် အနွေးထည်ထူထူကြီးများ ဝတ်ထားကြသည်ကို တွေ့ရသည်။ နိုင်ငံတော်အကြီးအကဲနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများမှာ နာရီပေါင်းများစွာ ခရီးနှင်ခဲ့ရသော်လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြမည်ဟူသော အားမာန်အပြည့်ဖြင့် လန်းဆန်းတက်ကြွနေသည်။
အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့အား ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်မိုးကျော်တို့က နွေးထွေးလှိုက်လှဲစွာ ဆီးကြိုနေကြသည်။
လေယာဉ်ပေါ်မှအဆင်း အနီရောင်လျှောက်လမ်း၏ လက်ယာဘက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့အား အသင့်အနေအထားဖြင့် စောင့်ဆိုင်းလျက်ရှိသည်။
ယင်းမှာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များကို ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုနေခြင်းပင် ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက အလေးပြုခံနေရာ၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ထိုသို့ဆောင်ရွက်နေစဉ် ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို တီးမှုတ်လျက် ဂုဏ်ပြုအလေးပြုသည်။
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီးနောက် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက အကြီးအကဲအား ရုရှားနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးသည်။ အကြီးအကဲကလည်း မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ပြန်လည်မိတ်ဆက်ပေးခြင်းဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများအကြား အပြန်အလှန်နွေးထွေးမှုတို့ စတင်သန္ဓေတည်ခဲ့ကြသည်။
ထိုနေ့ညနေပိုင်းမှာပင် အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာသို့ သွားရောက်၍ ဆရာတော်ကို ဖူးမြော်ကြည်ညိုကြသည်။
အကြီးအကဲသည် သဒ္ဓမ္မဇောတိကသိမ်တော်အတွင်း၌ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအစ္ဆရိယအား ဖူးမြော်ကြည်ညိုပြီးသည်နှင့် ဘာသာ၊ သာသနာအပေါ် အလေးအမြတ်ပြု ဦးထိပ်ထားသူပီပီ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ သီတင်းသုံးနေထိုင်ရမှုနှင့်သွားလာရေးအခြေအနေများ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက် လိုအပ်ချက်များ၊ ရုရှားနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးနှင့် ပတ်သက်၍ သာသနာပြု လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို မေးမြန်းလျှောက်ထားလေသည်။ လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်ပေးသည်။
မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာမှာ ရုရှားနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် အပြည်ပြည်ဆိုင်ရာသာသနာပြုတက္ကသိုလ်၊ ပါမောက္ခ မဟာဌာနမှူး ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒတို့၏ ဩဝါဒကိုခံယူ၍ ရည်ရွယ်တည် ဆောက်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အကြီးအကဲနှင့် ဇနီးအား အမှူးထား၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများ၊ ရုရှားနိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသည့် သင်တန်းသားမိသားစုများ၏ ပေါင်းစည်းညီညွတ်မှုဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်စီစဉ်ကာ ၂၀၁၅ ခုနှစ်တွင် ကျောင်းရေစက်ချအခမ်းအနားကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ထို့အတူပင် မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရ၌ ရဟန်းရှင်လူများ စိတ်အေးချမ်းသာစွာဖြင့် တရားအားထုတ်နိုင်ရန် သီတဂူ ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ နိုင်ငံတော်အကြီးအကဲနှင့် ဇနီး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ရဟန်းရှင်လူပြည်သူများ၊ ရုရှားနိုင်ငံရောက်ပညာတော်သင် သင်တန်းသားအရာရှိများ စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အကြီးအကဲနှင့်အလှူရှင်များက ရေစက်ချလှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ရုရှားနိုင်ငံရှိဗုဒ္ဓဘာသာဝင်များသာမက အိမ်နီးချင်းနိုင်ငံများမှ ဗုဒ္ဓဘာသာဝင်များအတွက်ပါ သာသနာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အလေးထားရသည့် နေရာတစ်ခုဖြစ်ကြောင်း ဝမ်းမြောက်ကြည်နူးဖွယ် သိရှိရသည်။
ခရီးစဉ်ပထမနေ့ရက်မှာပင် မိမိတို့အထွတ်အမြတ်ထားရာ ဘာသာတရား၏ အရိပ်အာဝါသကို ခိုလှုံလိုက်ရသဖြင့် ကိုယ်စားလှယ်တော်ကြီးများမှာ ရေခြားမြေခြားသို့ ရောက်ရှိနေလင့်ကစား စိတ်ဓာတ်ခွန်အားများတိုးပွားလျက်ရှိသည်။အချိန်မှာ ညဘက်သို့ ချဉ်းကပ်လာပြီဖြစ်ရာ အအေးဓာတ်ကအနည်းငယ်ပိုလွှမ်းလာသလိုခံစားရသည်။ အခန်းတွင်အပူချိန်ကမူ အနွေးပေးစက်များအစွမ်းဖြင့် သင့်တင့်ရုံမျှရှိနေသည်။
ယခုခရီးစဉ်မှာ သာမန်ထက်ပိုသည့် ချစ်ကြည်ရေးခရီးစဉ်တစ်ခုဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူအတွက် ကြီးလေးသောတာဝန်ဝတ္တရားများပါသည်ကို တွေ့ရသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမည့် ကြီးမားသောဆောင်ရွက်ချက်များပါသည်ကို တွေ့ရသည်။ ခရီးစဉ်တစ်လျှောက် တွေ့ဆုံဆွေးနွေးမှုများ၊ စာချုပ်ချုပ်ဆိုခြင်းနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းများ၊ တွေ့ဆုံဆွေးနွေးရာမှ ထွက်ပေါ်လာသော သဘောတူညီချက်များကို နှစ်နိုင်ငံပူးတွဲထုတ်ပြန်ကြေညာခြင်း စသည်ဖြင့် ကျယ်ပြန့်လေးနက်သော လုပ်ငန်းဆောင်တာများ ပါဝင်နေသည်။
ခရီးစဉ်၏ အတိမ်အနက်ကို တွေးဆကြည့်ရုံနှင့်ပင် အမိနိုင်ငံကို တိုးတက်ဖြစ်ထွန်းစေချင်သည့် မည်သူ့ကိုမဆို အားမာန်များ နိုးကြားတက်ကြွလာသည်အထိ ခံစားရစေမည်ဖြစ်သည်။
ခရီးစဉ်ဒုတိယနေ့တွင် ဆောင်ရွက်ဖွယ်ရာတို့မှာ နံနက်မှညတိုင်သည်အထိ များပြားလှစွာ အသင့်စောင့်ကြိုနေကြသည်။ နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာတိုင်းကျိုးပြည်ကျိုးရွက်သယ်ပိုးသည့်နေရာတွင် “စက္ကန့်လေးတွေ စိန်စီထားသည်”ဟု ဆိုရမတတ်ပင် အချိန်ကိုတလေးတစားတန်ဖိုးထားကြပုံရသည်။ အိပ်စက်အနားယူချိန်ဖြစ်သော်လည်း နိုင်ငံတော်အကြီးအကဲနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများမှာမိမိတို့အခန်းကဏ္ဍအလိုက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြလျက်ရှိသည်။ ခရီးစဉ်မစတင်မီကပင် ကြိုတင်ပြင်ဆင်ခဲ့ကြပြီးဖြစ်သော်လည်း အချိန်နှင့်အမျှပြောင်းလဲလာနိုင်သည့် အချို့အကြောင်းအရာများအတွက် မတိုင်မီကာလအထိပြင်ဆင်မှုကို မလျော့ကြချေ။ ကောင်းသည်ထက်ကောင်းအောင်၊ ပြည့်စုံသည်ထက်ပြည့်စုံအောင် အားကြိုးမာန်တက်ဆောင်ရွက်ကြလျက်ရှိသည်။
အကြီးအကဲမှာ ခရီးစဉ်ပထမဆုံးနေ့မှာပင် အနားမယူနိုင်သေးဘဲ လုပ်ငန်းတာဝန်များ တရစပ်ဆောင်ရွက်နေသော်လည်း မောပန်းနွမ်းနယ်ဟန်မရှိ၊ ရွှင်လန်းတက်ကြွလျက်ရှိသည်ကို သတိပြုမိသည်။
ပန်းတိုင်သို့ချီရာလမ်းဝယ်အကြီးအကဲနှင့်တကွ သူ၏ကိုယ်စားလှယ်တော်ကြီးများမှာ အမိနိုင်ငံတော်အကျိုးအတွက်တစ်ရံမလပ် စိတ်ကိုနှစ်၍ ရှေးရှုဆောင်ရွက်နေကြပုံမှာ ရှေ့သွားနောက်လိုက်ညီကြပါပေသည်။ သူတို့၏ အတွေးအာရုံထဲတွင် အမိနိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက်ဟူသည့် တစ်ကြောင်းတည်းသောရည်မှန်းချက်ကသာလျှင် အပြည့်အဝ နေရာယူထားကြပုံရသည်။
ခရီးစဉ်၏ ပထမဆုံးသောနေ့ဟုဆိုသည့်တိုင် သည်သို့လျှင် ပညာ၊ သဒ္ဓါ၊ဝီရိယတည်းဟူသော အင်္ဂါရပ်သုံးတန်ဖြင့် အရှိန်အဟုန်ကောင်းစွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများက အမိနိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်ကောင်းများလည်း ထွက်ပေါ်လာတော့မည်ကို ထင်ရှားစွာပြဆိုနေပါသတည်း။ ။

အစ္စတန်ဘူလ်မြို့သည် ဥရောပနှင့် အာရှတိုက်ကြား နယ်နိမိတ်တစ်ခုဖြစ်သည့် Bosporus ရေလက်ကြားကို ခွလျက်တည်ရှိသည့် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုနှင့်သမိုင်းဝင်မြို့တော်အဖြစ်သတ်မှတ်ခံထားရသည်။ အစ္စတန်ဘူလ်မြို့တွင် နေထိုင်သူလူဦးရေ (၁၅)သန်း ကျော်ရှိပြီး ဥရောပတိုက်တွင်လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ကာ ကမ္ဘာပေါ်တွင် (၁၆) ခုမြောက် အကြီးဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ ထို့ပြင် အစ္စတန်ဘူလ်မြို့သည် မတူကွဲပြားသော ယဉ်ကျေးမှုများ၊ သမိုင်းကြောင်း ကြွယ်ဝမှုနှင့် ခေတ်မီမှုတို့ ရောယှက်နေသည့် မြို့တစ်မြို့ဖြစ်ပြီး တိုက်ကြီးများ ကြားတွင် တံတားတစ်ခုအဖြစ
အစ္စတန်ဘူလ်မြို့သည် ဥရောပနှင့် အာရှတိုက်ကြား နယ်နိမိတ်တစ်ခုဖြစ်သည့် Bosporus ရေလက်ကြားကို ခွလျက်တည်ရှိသည့် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုနှင့်သမိုင်းဝင်မြို့တော်အဖြစ်သတ်မှတ်ခံထားရသည်။ အစ္စတန်ဘူလ်မြို့တွင် နေထိုင်သူလူဦးရေ (၁၅)သန်း ကျော်ရှိပြီး ဥရောပတိုက်တွင်လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ကာ ကမ္ဘာပေါ်တွင် (၁၆) ခုမြောက် အကြီးဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ ထို့ပြင် အစ္စတန်ဘူလ်မြို့သည် မတူကွဲပြားသော ယဉ်ကျေးမှုများ၊ သမိုင်းကြောင်း ကြွယ်ဝမှုနှင့် ခေတ်မီမှုတို့ ရောယှက်နေသည့် မြို့တစ်မြို့ဖြစ်ပြီး တိုက်ကြီးများ ကြားတွင် တံတားတစ်ခုအဖြစ် ၎င်း၏ထူးခြားသောအနေအထားသည် ကမ္ဘာပေါ်တွင် ဆွဲဆောင်မှုအရှိဆုံး မြို့များထဲမှ တစ်မြို့ဖြစ်လာစေခဲ့ကြောင်းလည်းသိရသည်။ အစ္စတန်ဘူလ်မြို့ကို ဘိုင်ဇန်တီယမ် အင်ပါယာအဖြစ် ဘီစီ (၇)ရာစုတွင် Megara မြို့မှ ဂရိအခြေချနေထိုင်သူများက စတင်တည်ထောင်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ ခရစ်နှစ်(၃၃၀)တွင် ရောမဧကရာဇ် Constantine the Great သည် အစ္စတန်ဘူလ်မြို့ကို ၎င်း၏အင်ပါယာမြို့တော်အဖြစ် ပြုလုပ်ခဲ့ကာ ပထမဆုံးရောမမြို့သစ်အဖြစ် အမည်ပြောင်းခဲ့ပြီး နောက်ဆုံးတွင် Constantinople အဖြစ် အမည်ပြောင်းခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။ထို့နောက် (၁၁)ရာစုတည်းက ဂရိအခေါ်အဝေါ်သုံးသော ဂရိဘာသာစကားအသုံးပြုသူများ သည်(၁၉၃၀)ပြည့်နှစ်တွင် အဆိုပါမြို့၏ အမည်ကို အစ္စတန်ဘူလ်အဖြစ် တရားဝင်ပြောင်းလဲခဲ့ ကြောင်းသိရသည်။ထို့ပြင် အစ္စတန်ဘူလ်မြို့သည် အင်ပါယာမြို့တော်အဖြစ် နှစ်ပေါင်း (၁၆၀ဝ) နီးပါး ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘိုင်ဇန်တီယမ်အင်ပါဘာ (၃၃၀-၁၂၀၄) ခုနှစ်၊ လက်တင် (၁၂၀၄- ၁၂၆၁)ခုနှစ်၊ late Byzantine အင်ပါယာ (၁၂၆၁-၁၄၅၃) ခုနှစ်နှင့် အော်တိုမန်အင်ပါယာ(၁၄၅၃-၁၉၂၂)ခုနှစ်တို့ ဖြစ်ကြောင်းသိရသည်။ နောက်ပိုင်းတွင် အစ္စတန်ဘူလ်မြို့သည် အရွယ်အစားနှင့် ဩဇာအာဏာကြီး မားလာခဲ့ပြီး ပိုးလမ်းမ၏ မီးရှူးတန်ဆောင်အဖြစ် သမိုင်းတွင် အရေးအပါဆုံး မြို့များထဲမှ တစ်မြို့ဖြစ်လာခဲ့ကြောင်းသိရသည်။
အစ္စတန်ဘူလ်မြို့သည် ရောမနှင့် ဘိုင်ဇန်တိုင်းခေတ်များအတွင်း ခရစ်ယာန်ဘာသာ ထွန်းကား ရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ခရစ်နှစ်(၁၄၅၃)ခုနှစ်တွင် Constantinople မြို့ကျဆုံးပြီး နောက် အစ္စလာမ်ဘာသာဝင်များ၏ အမာခံနယ်မြေအဖြစ်သို့ အသွင်ပြောင်းခြင်းမပြုမီ ပထမဦးဆုံးသောခရစ်ယာန်အသင်းတော်များကောင်စီ(၇)ခုမှ (၄)ခုကို လက်ခံထားရှိခဲ့ကြောင်းသိရသည်။ထို့နောက် အစ္စတန်ဘူလ်မြို့သည် (၁၅၁၇)ခုနှစ်တွင် အော်တိုမန် Caliphate ၏ ထိုင်ခုံနေရာတစ်ခု ဖြစ်လာခဲ့ ကြောင်းသိရသည်။တူရကီလွတ်လပ်ရေးစစ်ပွဲအပြီး (၁၉၂၃)ခုနှစ်တွင် အန်ကာရာမြို့ကို အသစ် ဖွဲ့စည်းလိုက်သော တူရကီသမ္မတနိုင်ငံ၏ မြို့တော်အဖြစ် အစ္စတန်ဘူလ်မြို့နေရာတွင် အစားထိုးခဲ့ ကြောင်းသိရသည်။အစ္စတန်ဘူလ်မြို့ကို (၂၀၂၃)ခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် သန်း(၂၀) ကျော် လာရောက်လည်ပတ်ခဲ့မှုနှင့်အတူ ကမ္ဘာပေါ်တွင်ခရီးသွားလာရောက်လည်ပတ်မှု အများဆုံး မြို့တစ်မြို့အဖြစ် လန်ဒန်နှင့်ဒူဘိုင်းမြို့တို့ကို ကျော်တက်သွားခဲ့ကြောင်း လည်းသိရသည်။ (၂၀၂၄) ခုနှစ်တွင် Euromonitor International ကုမ္ပဏီ သည် အစ္စတန်ဘူလ်မြို့ကို ကမ္ဘာပေါ်တွင် ဒုတိယ မြောက် လာရောက်လည်ပတ်မှုအများဆုံး မြို့တစ်မြို့အဖြစ် အဆင့်သတ်မှတ်ခဲ့ပြီး လာရောက်လည်ပတ်သူ ဦးရေမှာ (၂၃)သန်းကျော်ရှိခဲ့ကြောင်းသိရသည်။ထို့ပြင် အစ္စတန်ဘူလ်မြို့၏သမိုင်းဝင်မြို့လယ်ကောင် သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး တူရကီနိုင်ငံစီးပွားရေး၏ (၃၀) ရာခိုင်နှုန်း ကျော်ရှိသော တူရကီကုမ္ပဏီများ၏ ဌာနချုပ်များစွာသည် အစ္စတန်ဘူလ်မြို့တွင် အခြေစိုက်ကြောင်း လည်းသိရသည်။
(၂၀၁၈)ခုနှစ်တွင် အစ္စတန်ဘူလ်မြို့သည် ကမ္ဘာ့မြို့ပြဧရိယာများကြားတွင် (၁၁)ခုမြောက်အကြီးဆုံး စီးပွားရေးရှိသည့် မြို့တစ်မြို့ဖြစ်ပြီး တူရကီနိုင်ငံ စက်မှုထုတ်ကုန်၏(၃၀)ရာခိုင်နှုန်း၊ ဂျီဒီပီ၏(၃၁) ရာခိုင်နှုန်းနှင့် အခွန်ရငွေတို့၏ (၄၇)ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဝယ်လိုအားတန်းတူညီမျှမှု စွမ်းအားအရ ပြုပြင်ပြောင်းလဲထားသော အစ္စတန်ဘူလ် မြို့၏ ဂျီဒီပီသည် (၂၀၁၈)ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၅၃၇ ဒသမ ၅၀၇)ဘီလီယံရှိခဲ့ပြီး ထုတ်လုပ်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းသည် စီးပွားရေးထွက်ရှိမှု၏ (၃၆)ရာခိုင်နှုန်းနှင့် (၆၀)ရာခိုင်နှုန်း အသီးသီးရှိကြကြောင်း သိရသည်။ ထို့အပြင် အစ္စတန် ဘူလ်မြို့၏ ကုန်ထုတ်လုပ်မှုစွမ်းအားသည် တစ်နိုင်ငံလုံး ပျမ်းမျှအတိုင်း အတာထက် (၁၁၀)ရာခိုင်နှုန်း ပိုမြင့်မားကြောင်းလည်းသိရသည်။ ကုန်သွယ်မှုသည် စီးပွားရေးအရ အရေးပါသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး အစ္စတန်ဘူလ်မြို့စီးပွားရေးထွက်ရှိမှု၏ (၃၀)ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ (၂၀၁၉)ခုနှစ်တွင် အစ္စတန်ဘူလ်မြို့တွင် အခြေစိုက်သောကုမ္ပဏီများသည် အမေရိကန်ဒေါ်လာ(၈၃ ဒသမ ၆၆)ဘီလီယံတန်ဖိုးရှိ ပို့ကုန်များကို ထုတ်လုပ်ခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ(၁၂၈ ဒသမ ၃၄)ဘီလီယံတန်ဖိုးရှိ သွင်းကုန်များကို လက်ခံရရှိခဲ့ကြောင်း သိရသည်။ အဆိုပါကိန်းဂဏန်းများသည် တူရကီနိုင်ငံလုံးဆိုင်ရာ စုစုပေါင်းပို့ကုန်နှင့် သွင်းကုန်၏ (၄၇)ရာခိုင်နှုန်းနှင့် (၆၁)ရာခိုင်နှုန်း အသီးသီး ညီမျှကြောင်းလည်းသိရသည်။ Bosporus ရေလက် ကြားကို ခွလျက်တည်ရှိသော အစ္စတန်ဘူလ်မြို့သည် ဥရောပနှင့်အာရှတိုက်ကို ဆက်သွယ်ပေးသည့် နိုင်ငံတကာဆိပ်ကမ်းများကို လက်ခံထားရှိသည့် မြို့တစ်မြို့လည်းဖြစ်သည်။
Bosporus ရေလက်ကြားသည် ပင်လယ်နက်မှ မြေထဲပင်လယ်သို့သွားသော တစ်ခုတည်းသော လမ်းကြောင်းကိုပေးဆောင်ထားသည့် ရေလက်ကြားတစ်ခုဖြစ်ပြီး နိုင်ငံတကာ ရေကြောင်းသွားလာမှု အတွကအသုံးပြုသည့် ကမ္ဘာပေါ်တွင်အစည်ကားဆုံးနှင့်အကျဉ်းဆုံး ရေလက်ကြားဖြစ်ကာ နှစ်စဉ် ရေနံတန်ချိန် သန်း(၂၀ဝ)ကျော် ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။ရေနံတင်သင်္ဘောများက ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ဓာတုပစ္စည်းများနှင့် အခြားမီးလောင်လွယ်သော သို့မဟုတ် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ကုန်စည်အဖြစ်သယ်ဆောင်သည့်တိုင်အောင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများသည် ပင်လယ်နက်နှင့်မြေထဲပင်လယ်ကြား ဖြတ်သန်းသွားလာမှုများကို အာမခံထားကြောင်းသိရသည်။ ထို့ပြင် (၂၀၁၁)ခုနှစ်တွင် တူရကီ ဝန်ကြီးချုပ် အာဒိုဂန်သည် ပင်လယ်နက်နှင့် Marmara ပင်လယ် ကြားတွင် ရေလက်ကြားအသစ်တစ်ခု ဖွင့်လှစ်မည့်စီမံကိန်း တစ်ခုဖြစ်သော အစ္စတန်ဘူလ် တူးမြောင်းကို တင်ပြခဲ့ကြောင်းသိရသည်။ အဆိုပါ စီမံကိန်းသည် (၂၀၂၂)ခုနှစ်အထိ တူရကီ၏ အစီအစဉ်တွင်ရှိနေဆဲဖြစ်သော်လည်း ယင်းအတွက် ရက်အတိအကျ သတ်မှတ်ထားခြင်းမျိုး မရှိသေး ကြောင်းသိရသည်။ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်မှုသည် အစ္စတန်ဘူလ်မြို့၏ စီးပွားရေးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး (၂၀၁၈)ခုနှစ်တွင် ပို့ကုန်၏ (၇၃ ဒသမ ၉)ရာခိုင်နှုန်းနှင့် သွင်းကုန်၏ (၉၂ ဒသမ ၇) ရာခိုင်နှုန်းကို ပင်လယ်ရေကြောင်းဖြင့် အကောင်အထည်ဖော် ခဲ့ကြောင်း သိရသည်။ အစ္စတန်ဘူလ်မြို့တွင် အဓိကဆိပ်ကမ်းသုံးခုဖြစ်သည့် Haydarpasa ဆိပ်ကမ်း၊ Ambarl ဆိပ်ကမ်းနှင့် Zeytinburn ကဆိပ်ကမ်းတို့အပြင် Bosporus ရေလက် ကြားနှင့် Marmara ပင်လယ်တို့တစ်လျှောက်ရှိ သေးငယ်သောဆိပ်ကမ်းများနှင့် ရေနံဆိပ်ကမ်းများလည်းရှိကြောင်း သိရသည်။ Bosporus ရေလက်ကြား၏ အရှေ့တောင်ဘက်စွန်းတွင်ရှိသော Hayd- arpasa ဆိပ်ကမ်း သည် (၂၀ဝဝ) ပြည့်နှစ် အစောပိုင်းအထိ အစ္စတန်ဘူလ်မြို့၏ အကြီးဆုံးဆိပ်ကမ်းဖြစ်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း နောက်ပိုင်းတွင် Haydarpasa ဆိပ်ကမ်းကို ခရီးသွားလုပ်ငန်းလည်ပတ်ရာနေရာ တစ်ခုအဖြစ် ပြောင်းလဲရန် အစီအစဉ်များနှင့်အတူ လုပ်ငန်းလည်ပတ်မှုများကို Ambarl ဆိပ်ကမ်းသို့ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။(၂၀၁၉)ခုနှစ်တွင် Ambarl ဆိပ်ကမ်းသည် နှစ်စဉ်စွမ်းရည်(၃၁၀၄၈၈၂) TEUs ရှိခဲ့ပြီး မြေထဲပင်လယ်ချိုင့်ဝှမ်းတွင် တတိယမြောက်အကြီးဆုံး ကုန်တင်ကုန်ချ ဆိပ်ကမ်းတစ်ခု ဖြစ်လာခဲ့ကြောင်းသိရသည်။ထို့ပြင် အစ္စတန်ဘူလ်မြို့သည် (၁၉၈၀)ပြည့်နှစ်များမှ စတင်ပြီး နိုင်ငံတကာ ဘဏ်လုပ်ငန်းအချက်အချာနေရာတစ်ခုဖြစ်ခဲ့ပြီး (၁၈၆၆) ခုနှစ်တွင် အော်တိုမန်စတော့ အိတ်ချိန်း အဖြစ် ယခင်ကတည်ထောင်ခဲ့သော တူရကီရှိ တစ်ခုတည်းသောလည်ပတ်မှုရှိသည့် စတော့ အိတ်ချိန်းဖြစ်သော Borsa Istanbul ၏ နေအိမ်လည်းဖြစ်သည်။(၂၀၁၈)ခုနှစ်တွင် အစ္စတန်ဘူလ်မြို့ကို နိုင်ငံခြားခရီးသွား(၁၃.၄)သန်း လာရောက်လည်ပတ်ခဲ့ပြီး ကမ္ဘာပေါ်တွင် (၅)ခုမြောက် လာရောက် လည်ပတ်မှုအများဆုံးမြို့တစ်မြို့ဖြစ်ခဲ့ကြောင်းသိရသည်။အစ္စတန်ဘူလ်နှင့် အန်တာလီရာမြို့တို့သည် တူရကီ၏ အကြီးဆုံးနိုင်ငံတကာဝင်ပေါက်နှစ်ခုဖြစ်ပြီး နိုင်ငံတွင်းရှိ နိုင်ငံခြားခရီးသွားများ၏ လေးပုံပုံ တစ်ပုံခန့်ကို လက်ခံရရှိကြကြောင်းသိရသည်။အစ္စတန်ဘူလ်မြို့တွင် ခရီးသွား လာရောက်လည်ပတ်မှု အများဆုံးပြတိုက်ဖြစ်သည့် Topkap Palace ပြတိုက်နှင့်အတူ ပြတိုက်ပေါင်း (၅၀) ကျော်ရှိပြီး နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်း(၃၀)ကျော်ရှိကြောင်းသိရသည်။ထို့ပြင် အစ္စတန်ဘူလ် အာဏာပိုင်များသည် Karaköy ခရိုင်ရှိ Galataport ဟု လူသိများကြသော အပျော်စီး သင်္ဘော ဆိပ်ကမ်းကို ပြုပြင်မွမ်းမံမှုများလုပ်ဆောင်ခဲ့ပြီးနောက် အပျော်စီးသင်္ဘော ကုမ္ပဏီများထံမှခရီးသွား(၁) သန်း ခန့်ကို မျှော်လင့်ထားကြကြောင်းလည်း သိရသည်။

တောင်သူလယ်သမားနေ့ကို ရောက်လေတိုင်း တောင်သူလယ်သမားကြီးများကို ဂုဏ်ပြုချင်စိတ်ဖြစ်ပေါ်လာပါတယ်။ တောင်သူလယ်သမားကြီးများဆိုတာ နိုင်ငံတစ်ဝန်းရှိပြည်သူတွေရဲ့ စားရေးကို ဖန်တီးပေးနေသူများဖြစ်လို့ နိုင်ငံသားအားလုံးရဲ့ ကျေးဇူးရှင်တွေဖြစ်ပါတယ်။ လူတိုင်းကပစ္စည်းကို ငွေကြေးပေးဝယ်လို့ရတာပဲ ဆိုတဲ့အတွေးမျိုးမှာရပ်မထားဘဲ ဪ...သူတို့စိုက်ပျိုးပေးလို့ တို့များတွေ စားသောက်ရပါကလားဆိုတဲ့အထိ တွေးမြင်သင့်ပါတယ်။ စာရေးသူကတော့ တောမှာမွေးဖွားလာသူဖြစ်ပါတယ်။ တောင်သူလယ်သမားတွေရဲ့ကြိုးစား အားထုတ်မှုကိုမျက်မြင်ကိုယ်
တောင်သူလယ်သမားနေ့ကို ရောက်လေတိုင်း တောင်သူလယ်သမားကြီးများကို ဂုဏ်ပြုချင်စိတ်ဖြစ်ပေါ်လာပါတယ်။ တောင်သူလယ်သမားကြီးများဆိုတာ နိုင်ငံတစ်ဝန်းရှိပြည်သူတွေရဲ့ စားရေးကို ဖန်တီးပေးနေသူများဖြစ်လို့ နိုင်ငံသားအားလုံးရဲ့ ကျေးဇူးရှင်တွေဖြစ်ပါတယ်။ လူတိုင်းကပစ္စည်းကို ငွေကြေးပေးဝယ်လို့ရတာပဲ ဆိုတဲ့အတွေးမျိုးမှာရပ်မထားဘဲ ဪ...သူတို့စိုက်ပျိုးပေးလို့ တို့များတွေ စားသောက်ရပါကလားဆိုတဲ့အထိ တွေးမြင်သင့်ပါတယ်။ စာရေးသူကတော့ တောမှာမွေးဖွားလာသူဖြစ်ပါတယ်။ တောင်သူလယ်သမားတွေရဲ့ကြိုးစား အားထုတ်မှုကိုမျက်မြင်ကိုယ်တွေ့ဖြစ်လို့ တောင်သူလယ်သမားတွေရဲ့ကျေးဇူးကို ဘယ်သောအခါမှမမေ့ခဲ့ပါဘူး။
နိုင်ငံတော်အနေနဲ့ နှစ်စဉ်မတ်လ ၂ ရက်နေ့ရောက်လေတိုင်း တောင်သူလယ်သမားကြီးများကို ဂုဏ်ပြုတဲ့အနေနဲ့ တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ထားခြင်းကို ဝမ်းသာမိပါတယ်။ ထူးမြတ်တဲ့နေ့လည်းဖြစ်ပါတယ်။ တောင်သူလယ်သမားတွေကို အလေးအနက်ဂုဏ်ပြုသတ်မှတ်ထားတဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ်မို့ တောင်သူလယ်သမားနေ့ ဂုဏ်ပြုဆောင်းပါး ရေးသားခွင့်ရရှိတာကို အလွန်ပင်ဝမ်းသာကြည်နူးမိပါတယ်။ မြေကြီးကရွှေသီးတယ်ဆိုတဲ့ စကားဟာ တောင်သူလယ်သမားကြီးတွေအတွက် ညွှန်းဆိုထားသလား ထင်မိပါတယ်။
မြေကြီးဆိုတာ လူသားတွေကို ဘက်ပေါင်းစုံက အကျိုးပြုနေတဲ့အရာဖြစ်ပါတယ်။ သူ့အလိုအလျောက်တော့ ရွှေတွေထွက်မလာနိုင်ပေမယ့် တောင်သူလယ်သမားကြီးများရဲ့ ကာယအား၊ ဉာဏအားနဲ့ စွမ်းဆောင်ကြိုးပမ်းလိုက်တဲ့အခါ စိုက်ပျိုးတဲ့သီးနှံတွေအောင်အောင်မြင်မြင်ဖြစ်လာမယ်။ အဲဒီသီးနှံတွေကိုဈေးကွက်တင်ပို့တဲ့အခါ ငွေကြေးတွေထူးခြားစွာရရှိလာမယ်။ တောင်သူလယ်သမားကြီးတွေ ငွေကြေးရွှင်တာနဲ့အမျှ ကျေးလက်ဒေသတွေမှာစည်သံ၊ ဗြောသံညံမစဲဘဲ အလှူအတန်းတွေ ပေါများနေမှာဖြစ်ပါတယ်။ တောင်သူလယ်သမားကြီးတွေဟာ သာသနာ့ဒါယကာ၊ ဒါယိကာမများအဖြစ် ဂုဏ်ယူစရာကောင်းလှပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကိုအဓိကထား စီးပွားရေးလုပ်ဆောင်နေကြတာမို့ လယ်ယာစိုက်ပျိုးရေးတွေ အောင်မြင်လေလေ နိုင်ငံနဲ့ပြည်သူတွေအတွက် အကျိုးရှိလေလေပါပဲ။ အဓိကအားဖြင့် လယ်ယာထုတ်ကုန်တွေက ပြည်တွင်းဖူလုံမှုရှိတဲ့အပြင် ပြည်ပဈေးကွက်ကို ပိုမိုထိုးဖောက်နိုင်ဖို့လိုပါတယ်။ ပြည်ပဝင်ငွေများနေမှ နိုင်ငံတော်ရဲ့ GDP လည်း တိုးတက်နေမှာဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြင့်မားလာတာနဲ့အမျှ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပိုမိုလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကျေးလက်ဒေသတွေဖွံ့ဖြိုးပြီး အလုပ်အကိုင်တွေပေါများလာမယ်ဆိုရင် မြန်မာနိုင်ငံကလူငယ်တွေ ပြည်ပနိုင်ငံများဆီထွက်ပြီး အလုပ်အကိုင် ရှာဖွေစရာမလိုတော့ပါဘူး။
ဒါဟာမြေကြီးကရွှေသီးလာတဲ့ သဘောတရားပါပဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက်ထဲမှာ စီးပွားရေးနဲ့ ပတ်သက်လို့ “တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” လို့ဖော်ပြထားပါတယ်။
စိုက်ပျိုးရေးမှန်သမျှမှာ ပန်းတိုင်အထွက်နှုန်းတိုးအောင်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ပန်းတိုင်အထွက်နှုန်းတိုးဖို့ဆိုရင် မျိုး၊ မြေ၊ ရေ၊ နည်းတို့နဲ့ပတ်သက်လို့ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ မြေကိုစနစ်တကျပြုပြင်ဆောင်ရွက်ရေး၊ အောင်ရေရရှိရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေးနဲ့ သီးထပ်စိုက်ပျိုးမှုတို့ဖြင့် စိုက်ပျိုးသီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိအောင် စွမ်းဆောင်နိုင်ရေးမှာ မဖြစ်မနေလုပ်ဆောင်ရမည့် ကိစ္စများဖြစ်ပါတယ်။
တောင်သူလယ်သမားကြီးများအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းခွင်မှာ စိတ်ရောကိုယ်ပါနှစ်ပြီး တိုးတက်ကြီးပွားအောင် လုပ်ဆောင်ကြမယ်ဆိုရင် မိမိအတွက်၊ မိမိကျေးလက်ဒေသအတွက်၊ နိုင်ငံတော်အတွက် ကောင်းကျိုးတွေ တိုးပွားလာမှာဖြစ်ပါတယ်။
ကျေးလက်ဒေသတွေဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်တဲ့နေရာမှာ ကျေးလက်ဒေသလမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ သောက်သုံးရေဖူလုံစွာရရှိရေး၊ ကျေးလက်နေပြည်သူများရဲ့ ပညာရေးအဆင့်အတန်းမြင့်မားရေး၊ ကျန်းမာရေးအဆင့်အတန်း မြင့်မားရေးနဲ့ကျေးလက်ဒေသ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွေကို နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးနေပါတယ်။
ကျေးရွာချင်းဆက်လမ်း၊ တံတားတွေ တည်ဆောက်ခြင်း၊ ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ စာကြည့်တိုက်တွေ တည်ဆောက်ပေးနေခြင်းနဲ့ စက်ရေတွင်းတူးဖော်ပေးနေခြင်းတွေဟာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်စေဖို့ပဲဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးနဲ့ သန့်ရှင်းသောသောက်သုံးရေ ရရှိရေး လုပ်ငန်းနယ်ပယ်ခြောက်ခုကို ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းတွေဖြစ်တဲ့ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေး၊ သားငါးထုတ်လုပ်မှုနှင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စာရင်းအင်းအချက်အလက်များ ကောက်ယူစုဆောင်းရေးနှင့် စိစစ်အကဲဖြတ်ရေးတွေကိုလည်း လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ အားလုံးကတက်ညီလက်ညီ ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ကြမယ်ဆိုရင် ဘယ်လုပ်ငန်းမဆို အောင်မြင်လာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍဟာ နိုင်ငံအတွက် အခြေခံအကျဆုံးကဏ္ဍကြီး တစ်ခု ဖြစ်ပါတယ်။ ဒီကဏ္ဍကို အကောင်အထည်ဖော်ပေးနေတာက တောင်သူလယ်သမားကြီးများ ဖြစ်ကြပါတယ်။ စိုက်ပျိုးမွေးမြူရေးကို အောင်မြင်တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးတို့လည်း အောင်မြင်တိုးတက်လာပြီး နိုင်ငံရဲ့ GDP လည်း တိုးတက်လာမှာဖြစ်ပါ တယ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုစကားအတိုင်း တောင်သူလယ်သမားကြီးတွေကိုယ်တိုင်က လုပ်ကိုင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
စာရေးသူအနေနဲ့ကတော့ ကျေးလက်ဒေသတွေဖွံ့ဖြိုးတိုးတက်၊ မီးတွေထိန်ထိန်လင်းနဲ့ ဇာတ်ပွဲတွေ၊ အငြိမ့်တွေနဲ့ အပန်းဖြေကြတဲ့မြင်ကွင်းမျိုး၊ ရဟန်းခံရှင်ပြု၊ ဘုံကထိန် စတဲ့အလှူပွဲတွေ တခြိမ့်ခြိမ့်ကျင်းပနေတာမျိုးကိုမြင်တွေ့ချင်ပါတယ်။
အခုဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက် ဒေသတွေမှာ စံပြကျေးရွာတွေတည်ဆောက်နေတဲ့ သတင်းတွေကြားရလို့ တကယ့်ကိုပဲ ဝမ်းသာမိပါတယ်။ အေးအေးချမ်းချမ်း သာသာယာယာနဲ့ ပြုံးပျော်ရွှင်နေတဲ့မျက်နှာထားတွေ မြင်တွေ့ရလို့ ကြည်နူးပီတိဖြစ်ရပါတယ်။
စံပြကျေးရွာဆိုတာဘယ်လိုအင်္ဂါရပ်တွေနဲ့ပြည့်စုံရမလဲလို့ လေ့လာကြည့်လိုက်တော့ အချက် (၁၅)ချက်သွားတွေ့ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးရုံးနဲ့ စာကြည့်တိုက်၊ အားကစားကွင်းနဲ့ဘုံမြေ၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးနဲ့စိုက်ပျိုးရေး၊ လျှပ်စစ်မီးလင်းရေး၊ ရွာတံခါး ရွာစည်းရိုး အိမ်စည်းရိုး၊ ဘုရားကျောင်းကန် သာသနိကအဆောက်အအုံ၊ ဈေး ဈေးမြေနေရာ၊ လုံခြုံရေးအဖွဲ့များနဲ့ မီးကင်း ရေကင်း၊ အရိပ်ရအပင်တွေနဲ့ ထင်းစိုက်ခင်း၊ အစိုးရ မဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာသန့်ရှင်းရေး၊ သုသာန် စတာတွေ ပါဝင်တည်ဆောက် ထားတာဖြစ်ပါတယ်။
စံပြကျေးရွာတည်ဆောက်ခြင်းဆိုတာ နိုင်ငံတော်အစိုးရဦးဆောင်မှုနဲ့ တောင်သူလယ်သမားကြီးတွေက အကောင်အထည်ဖော်ကြရတာဖြစ်ပါတယ်။ အဲဒီလိုစံပြကျေးရွာတွေ တည်ဆောက်နိုင်ခြင်းဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာမှာဖြစ်တဲ့အပြင် ရွာအတွက်လုံခြုံရေး ဆိုင်ရာတွမှာ ပူပင် သောကမဖြစ်ရတော့ပါဘူး။ အားလုံးကတစ်စိတ်ဝမ်း တစ်လက်ညီ ရပ်ရေးရွာရေးကိုပြိုင်တူ မခိုမကပ် လုပ်ဆောင်ကြမယ်ဆိုရင် ပျော်စရာကောင်းလာမှာပါ။
ဒီလိုမျိုးကျေးလက်ဒေသတွေဖွံ့ဖြိုးဖို့၊ စံပြကျေးရွာတွေဖြစ်နေဖို့ဆိုရင် တောင်သူလယ်သမားကြီးများအနေနဲ့ မိမိတို့လုပ်ကိုင် ဆောင်ရွက်နေတဲ့ လယ်ယာလုပ်ငန်းတွေ ပိုမိုအောင်မြင်အောင်အင်တိုက်အားတိုက် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာစေဖို့အတွက် အထွက်နှုန်းတိုးတက်ရေး နည်းလမ်းတွေကိုဆောင်ရွက်ရပါမယ်။ ဒါ့အပြင်စိုက်ဧကတိုးတက်စေဖို့ သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းတွေကိုပါ ဆောင်ရွက်ရပါမယ်။ ထို့အတူ စိုက်ပျိုးရေးဆိုင်ရာ အလေ့အထ ကောင်းများနဲ့ အော်ဂဲနစ်စိုက်ပျိုးရေးကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ဒီကနေ့အချိန်အခါမှာ နည်းပညာတွေ တိုးတက်လာခြင်းနဲ့အတူ ခေတ်မီစိုက်ပျိုးနည်းပညာတွေ၊ ရာသီဥတု၊ ဈေးကွက်နဲ့ လယ်ယာကဏ္ဍဆိုင်ရာ သတင်းအချက်အလက်တွေကို “တောင်သူလယ် သမားကဏ္ဍရုပ်သံလိုင်း”၊ မြဝတီရုပ်မြင်သံကြားမှ“စိုက်ပျိုးသုတ၊ မွေးမြူသုတ”၊ မြန်မာ့အသံရေဒီယိုမှ “သုတပဒေသာ စိုက်ပျိုးနည်းပညာ အစီအစဉ်” ဖြင့် ထုတ်လွှင့်ပေးခြင်း၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ပညာပေး စာစောင်တွေ၊ လယ်ယာစီးပွား သတင်းစာစောင်တွေ ထုတ်ဝေပေးခြင်း၊ မိုဘိုင်းဖုန်းတွေကတစ်ဆင့်စိုက်ပျိုးရေးနည်းပညာများကို ဖြန့်ဝေပေး ခြင်းတွေဆောင်ရွက်ပေးနေပါတယ်။
တောင်သူလယ်သမားကြီးများအတွက် လိုအပ်ချက်မရှိအောင် အသိပညာဖြန့်ဖြူးပေးနေတာမို့ ဒါတွေကိုလည်း လေ့လာသိရှိကြစေချင်ပါတယ်။ စိုက်ပျိုးရေးကိုအဓိကထား လုပ်ဆောင်နေကြသလို စိုက်ပျိုးရေးနဲ့အတူ ပူးတွဲလုပ်ဆောင်လို့ရတဲ့မွေးမြူရေးကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရပါမယ်။ ဒေသ၊ ရာသီဥတု၊ ဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီဖြစ်ထွန်းတဲ့ ကျွဲ၊ နွား၊ ငါးမွေးမြူရေး တွေကိုလည်းလုပ်ဆောင်ခြင်းဖြင့် ဝင်ငွေတိုးပွားအောင် လုပ်ဆောင်ကြရပါမယ်။ နိုင်ငံတော်အစိုးရ အနေနဲ့လုပ်ငန်းတိုင်းလိုလိုမှာ ငွေကြေးအရင်းအနှီးတွေ ပေးအပ်ထားပြီးဖြစ်ပါတယ်။
တောင်သူလယ်သမားကြီးများအနေနဲ့ လယ်ယာလုပ်ငန်းတွေလုပ်ကိုင်နေခြင်းမှာ မိမိစီးပွား၊ တိုင်းပြည်စီးပွားကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း ဆိုသည်မှာ ထိုင်စောင့်နေ၍မရပါ။ မိမိတို့လုပ်ချင်သည့်အလုပ်ကို ပြင်းပြင်းပြပြနဲ့စိတ်အားထက်သန်စွာ လုပ်ကိုင်မယ်ဆိုပါက အောင်မြင်မှုတွေရလာမှာ အမှန်ဖြစ်ပါတယ်။ မည်သူမဆိုမိမိလုပ်ငန်းအောင်မြင်လျှင် ဘဝမှာပို၍ပျော်စရာကောင်းပါတယ်။ အရေးကြီးတဲ့အချက်များမှာ မိမိအလုပ်ကိုသိနားလည်ခြင်းနဲ့ အလုပ်ကိုချစ်မြတ်နိုးခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ နိုင်ငံတော်ရဲ့စီးပွား၊ တောင်သူလယ်သမားကြီးများရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနဲ့မွေးမြူရေး ကဏ္ဍများမှာ ကောင်းမွန်တဲ့ အခြေခံစိတ်ဓာတ်ဖြင့် လုံ့လ၊ ဝီရိယပေါင်းစပ်ပြီး အဘက်ဘက်က အကျိုးရှိအောင်ဝိုင်းဝန်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း “ပြည့်ဂုဏ်မြင့်မားတောင်သူလယ်သမားကြီးများ”အားဂုဏ်ပြုရေးသားလိုက်ပါတယ်။ ။

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောမြစ်ကြီးလေးစင်းအနက် အရှည်လျားဆုံးမြစ်တစ်စင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စားကြသော ဧရာဝတီမြစ်မှာ မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ ဟိမဝန္တာရေခဲတောင်များမှ မြစ်ဖျားခံစီးဆင်းလာသော နမ့်မိုင်ခ (ခေါ်) မေခမြစ်နှင့် မလိခမြစ်တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးတွင် ပေါင်းဆုံပြီး နိုင်ငံ၏ မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းကာ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ စီးဝင်ပါသည်။

မြစ်၏ အလျား မှာ ၁၃၇၅ မိုင်ခန့် ရှည်လျားပြီး ရေကြောင်းသွားလာနိုင်သည့် အလျားမှာ မိုင် ၉၅၀ ကျော်ရှိပါသည်။ မြစ်ရေစီးဆင်းသည့် ပမာဏမှာ နှစ်စဉ်ပျမ်းမျှအားဖြင့် ကုဗမီတာ သန်း ၈၆၀၀၀၀ ခန့်ရှိပါသည်။ မိုးရွာသွန်းမှုအနေဖြင့် မိုးရေချိန်လက်မ ၄၀ မှ ၁၅၈ လက်မခန့်အထိ ရွာသွန်းလေ့ရှိပြီး ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများအတွင်း အခြားလများထက် မိုးရွာသွန်းမှုပိုမိုများပြားပါသည်။ ဧရာဝတီမြစ်ဝှမ်းကို အထက်ဧရာဝတီ၊ အလယ်ဧရာဝတီ၊ ချင်းတွင်းမြစ်ဝှမ်းဒေသ၊ အောက်ဧရာဝတီနှင့် မြစ်ဝကျွန်းပေါ်ဒေသဟူ၍ ဇုန် (Hydro-ecological Zone) ငါးပိုင်း ခွဲခြားထားပါသည်။
မေခမြစ်နှင့် မလိခမြစ်တို့သည် မြစ်ကြီးနားမြို့အနီး၌ စတင်ပေါင်းဆုံကာ ဧရာဝတီမြစ်အဖြစ် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအထိ ဖြတ်သန်းစီးဆင်း လျက်ရှိပါသည်။ မြစ်ကြမ်းပြင် လျှောစောက်မှာ မြစ်ဆုံအထက်ပိုင်းဒေသ တွင် ပိုမိုမတ်စောက်ပြီး ၎င်းနေရာမှနေ၍ ဟင်္သာတမြို့အထိအပိုင်းမှာ မြစ်ကြမ်းပြင်လျှောစောက်ပြေပြစ်ပါသည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံအတွင်း၌ ကချင်ပြည်နယ်မှ စတင်စီးဆင်းပြီး မြစ်ဝှမ်းခွဲများမှာ မေခ၊ မလိခ၊ ချင်းတွင်း၊ မဏိပူရ်၊ ဧရာဝတီအထက်ပိုင်း၊ ဧရာဝတီမြစ်အလယ်ပိုင်း၊ ဧရာဝတီအောက်ပိုင်း၊ မူး၊ မြစ်ငယ်၊ ပန်းလောင်၊ ရွှေလီနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့ ဖြစ်ကြပါသည်။
ရာသီဥတု
ဧရာဝတီမြစ်ဝှမ်း၏ ရာသီဥတုအခြေအနေမှာ မိုးများပြီး မုတ်သုံရာသီဥတုအများစုဖြစ်ကာ ဘင်္ဂလားပင်လယ်အော်ဘက်မှ ဝင်ရောက်လာသည့် ဆိုင်ကလုန်းမုန်တိုင်းများ တိုက်ခတ်လေ့ရှိပါသည်။ နေ့အပူချိန်မှာ မြစ်ဝှမ်း၏မြောက်ဖျားပိုင်း၌ သုညဒီဂရီစင်တီဂရိတ်မှ မြစ်ဝှမ်း အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် ၃၈ ဒီဂရီစင်တီဂရိတ် ခန့်အထိ ရှိပါသည်။ မြစ်ဝကျွန်းပေါ်ဒေသ၌ မုတ်သုံရာသီဥတုမရောက်မီနှင့် မုတ်သုံရာသီဥတုနှောင်းပိုင်းကာလများတွင် ဆိုင်ကလုန်းမုန်တိုင်းများ၊ လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်လေ့ရှိပါသည်။ ရေငွေ့ပြန်နှုန်းအားဖြင့် နှစ်စဉ်ပျမ်းမျှပမာဏ (Mean Annual Potential Evapotranspiration) ၄၉ လက်မမှ ၇၃ လက်မအထိရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
မြစ်ရေစီးဆင်းမှု
နှစ်စဉ်မြစ်ရေစီးဆင်းမှုအခြေအနေမှာ ရာသီဥတု၊ မိုးလေဝသနှင့် ဇလဗေဒအခြေအနေများအပေါ်မူတည်၍ ပြောင်းလဲလေ့ရှိပါသည်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မုံရွာမြို့၊ စစ်ကိုင်းမြို့၊ မကွေးမြို့နှင့် ပြည်မြို့တို့ရှိ မိုးလေဝသနှင့် ဇလဗေဒတိုင်းတာရေးစခန်းများမှ မြစ်ရေထုစီးနှုန်းတိုင်းတာရရှိသည့် အချက်အလက်များအရ အမြင့်ဆုံးမြစ်ရေစီးဆင်းနိုင်မှုကာလမှာ နှစ်စဉ်ဇွန်လမှ အောက်တိုဘာလအတွင်း ဖြစ်ပေါ်လေ့ရှိပါသည်။
မြစ်ကြီးနားမြို့ဝန်းကျင်နှင့် ၎င်းမြို့၏ အထက်ပိုင်း မြစ်ဝှမ်းအပိုင်းတွင် ဇွန်လကုန်ထက် ပိုမိုစော၍ ဧပြီလမှစတင်ပြီး မြစ်ရေစီးနှုန်းပမာဏ များပြားပါသည်။ ရေနည်းကာလများမှာ မြစ်ကြီးနားမြို့၏ အထက်ပိုင်းတွင် ဇန်နဝါရီလလယ်မှ မတ်လကုန်အထိလည်းကောင်း၊ ဧရာဝတီမြစ်ဝှမ်းအလယ်ပိုင်းနှင့် အောက်ပိုင်း၌ တည်ရှိသော ပြည်မြို့အထိတွင် ဇန်နဝါရီလလယ်မှ မေလကုန်အထိလည်းကောင်း ဖြစ်ပေါ်လေ့ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ၁၉၉၇၊ ၂၀၀၂၊ ၂၀၀၄၊ ၂၀၁၅ (ဇူလိုင်နှင့်ဩဂုတ်)နှင့် ၂၀၁၅ (စက်တင်ဘာလ)တို့တွင် မြစ်ရေမျက်နှာပြင် နိမ့်/မြင့်မှတ်မြင့်တက်၍ မြစ်ရေကြီး/ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုကဲ့သို့ မြစ်ရေကြီး/ ရေလျှံ ဖြစ်ပေါ်ရာတွင် အချိန်ကာလအားဖြင့် ၂ ရက်ခန့်မှ ၁၇ ရက်ခန့်အထိ ကြာမြင့်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
ဧရာဝတီမြစ်ရေကို မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သည့် ဒေသများဖြစ်သော မူးမြစ်ဝှမ်းခွဲ၊ ဧရာဝတီအလယ်ပိုင်း၊ အောက်ပိုင်းနှင့် ပန်းလောင်မြစ်ဝှမ်းခွဲများရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် အများဆုံးအသုံးပြုလျက်ရှိပါသည်။ ဧရာဝတီမြစ်ဝှမ်းအတွင်းရှိ မြစ်ရေကို စိုက်ပျိုးရေးလုပ်ငန်းများအတွက် အများစုအသုံးပြုလျက်ရှိပြီး ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် သုံးရာခိုင်နှုန်းနှင့် အခြားလုပ်ငန်းများအတွက် အနည်းငယ်သာအသုံးပြုလျက်ရှိပါသည်။
ရေကြောင်းသွားလာမှု
ဧရာဝတီမြစ်ဝှမ်းသည် ဧရိယာ ၁၆၁,၆၀၉ စတုရန်းမိုင်ခန့်ရှိပြီး မြန်မာနိုင်ငံရှိ လူဦးရေ၏ ၄၁ ရာခိုင်နှုန်းခန့်ကို အကျိုးပြုလျက်ရှိပါသည်။ ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းရာ ဒေသအများစုသည် မြေဆီ၊ မြေဩဇာကောင်းမွန်သည့် လွင်ပြင်ဒေသများဖြစ်ပြီး ဆန်စပါးပိုမိုထုတ်လုပ်နိုင်ရေးအတွက် အခြေအနေကောင်းများရှိပါသည်။ ဧရာဝတီမြစ်ဝှမ်းမှ စိုက်ပျိုးရေးထွက်ကုန်အပါအဝင် တည်ဆောက်ရေးပစ္စည်းများ၊ လောင်စာဆီ၊ လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် ဝန်စည်များစွာ သယ်ယူပို့ဆောင်နိုင်သည်မှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသာဖြစ်ပါသည်။
ထို့ကြောင့် ဧရာဝတီမြစ်၏ ပြည်တွင်းရေကြောင်းသွားလာမှု လုပ်ငန်းသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်သည့် လူဦးရေအတွက်သာမက နိုင်ငံအတွက်ပါ အရေးပါသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကြီးဖြစ်ပါသည်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ပြည်တွင်းရေကြောင်းဖြင့် ပို့ဆောင်သည့်ကုန်စည် ပမာဏသည် ၂၀၁၅ ခုနှစ်တွင် တန်ချိန် ၁၀ သန်းကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၂၅ သန်းကျော်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသဖြင့် ဧရာဝတီမြစ် ရေကြောင်းသွားလာမှုလုပ်ငန်းသည် စီးပွားရေးအရ တန်ဖိုးရှိသည့် စင်္ကြံတစ်ခုဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။
မိုးရာသီကာလမြစ်ရေများချိန်တွင် ရေကြောင်းသွားလာမှုအခက်အခဲမရှိသော်လည်း နွေရာသီနှင့် ဆောင်းရာသီကာလ မြစ်ရေနည်းချိန်တွင် ရေစူးတိမ်၍ ရေကြောင်းကျပ်တည်းသည့် အခက်အခဲရှိပါသည်။ မြန်မာနိုင်ငံ၌ ပြည်တွင်းရေကြောင်းသွားလာမှုများအတွက် ပင်မမြစ် ကြီးများပေါ်တွင် ရေကြောင်းသွားလာရေး ရေထိန်းတံခါးများ တည်ဆောက်အသုံးပြုမှု မရှိသေးသော်လည်း နိုင်ငံတကာတွင် ပြည်တွင်းရေကြောင်းသွားလာမှုများအတွက် ရေကြောင်းသွားလာရေး ရေထိန်းတံခါးများ တည်ဆောက်၍ တွင်ကျယ်စွာအသုံးပြုလျက်ရှိပါသည်။
ဧရာဝတီမြစ်အတွင်း ရေလမ်းကြောင်းပြောင်းလဲနိုင်မှုအခြေအနေ
မြစ်ရေစီးလမ်းကြောင်းပုံစံပြောင်းလဲမှုသည် ဂေဟစနစ်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျသည့် အချက်အလက်လည်း ဖြစ်ပါသည်။ ဧရာဝတီမြစ်ဝှမ်း၏ ဂေဟဗေဒစနစ် (Ecohydro-logy Assessment)ကို ဆန်းစစ်လေ့လာရာတွင် ရေအရင်းအမြစ်ကို အသုံးချမှုပုံစံအပါအဝင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဇလဗေဒဆိုင်ရာအခြေအနေများ ပြောင်းလဲလာခြင်းနှင့် မြစ်ရေစီးကို အတားအဆီးပြုလုပ်ပြီး ရေသိုလှောင်အသုံးပြုခြင်းများမှ သက်ရောက်မှုများရှိသည်ကို လေ့လာတွေ့ရှိရပါသည်။
မြစ်အတွင်း ရေလမ်းကြောင်းစီးဆင်းမှုအခြေအနေ (FlowRegime) ကို နှစ်စဉ်မြစ်ရေစီးနှုန်းတိုင်းတာသည့် အချက်အလက်များအရလည်းကောင်း၊ နှစ်အလိုက် မြစ်ရေစီးသည့် ထုထည်အနည်း/အများ ပမာဏနှင့် ၎င်းပမာဏများဖြစ်ပေါ်ခဲ့သည့် အကြိမ်ရေ (Flood Frequency and Seasonal Timing)အရ လည်းကောင်း၊ ရေကြီး/ရေလျှံဖြစ်ပေါ်ခဲ့သည့် ရေစီးပမာဏနှင့် ကြာမြင့်ကာလများအရလည်းကောင်း အခြေခံပြီး ခန့်မှန်းတွက်ချက်နိုင်ပါသည်။
ခြောက်သွေ့သောနွေရာသီ၌ ရေစီးဆင်းမှုပမာဏ ပိုမိုလျော့နည်းပါက ပင်မမြစ်၊ မြစ်လက်တက်နှင့် ချောင်းလက်တက်များဆက်သွယ်၍ ရေစီးသည့်အခြေအနေ (Longitudinal Connectivity) လျော့နည်းနိုင်ပြီး ရေတိမ်ပိုင်းများဖြစ်ပေါ်ကာ ရေနေသတ္တဝါများ အသက်ရှင်နေထိုင်မှုနှင့် ရေကြောင်းသွားလာမှုများကို ထိခိုက်စေနိုင်ပါသည်။ အလားတူ မိုးရာသီကာလအတွင်း ရေစီးဆင်းနှုန်းပမာဏပိုမိုပါက မြစ်၏ လျှောစောက်ပြေပြစ်သောအပိုင်းများတွင် ရေကြီး/ရေလျှံ၍ ရေလွှမ်းမိုးမှုများ ရင်ဆိုင်ကြုံတွေ့ရပါသည်။
နှစ်စဉ်နုန်းအနည်အနှစ်ပို့ချမှု အခြေအနေ
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ လူမှုရေးနှင့်စီးပွားရေးတို့အတွက် အရေးပါသော ပင်မမြစ်ကြီးတစ်စင်းဖြစ်သဖြင့် ဧရာဝတီ၏ ဝဲယာမြစ်ရိုးတစ်လျှောက် မြေနိမ့်လွင်ပြင်များ၌ မြို့နှင့် ကျေးရွာများ ပျံ့နှံ့တည်ရှိလျက်ရှိပါသည်။ ဧရာဝတီမြစ်၏ ဝဲယာကမ်းပါးများကို လုံလောက်စွာ ကာကွယ်ထားမှုမရှိခြင်းကြောင့် နှစ်စဉ်ကမ်းပြိုမှု ဖြစ်ပွားခြင်း၊ ရေဝေရေလဲဒေသ၌ သစ်တောဖုံးလွှမ်းမှု လျော့နည်းလာခြင်း၊ မြေအသုံးချမှုပြောင်းလဲခြင်း၊ ကျောက်မျက်နှင့် ဓာတ်သတ္တုတူးဖော်ခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ ဖွံ့ဖြိုးမှုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည်တို့ကြောင့် မြစ်လက်တက်များနှင့် ပင်မမြစ်အတွင်းသို့ စီးဝင်လာသောရေ၌ သဲနုန်းပါဝင်မှု နှစ်စဉ်မြင့်မားလျက်ရှိပါသည်။
ဧရာဝတီမြစ်၏ လက်တက်အချို့အပေါ်၌ ရေအားလျှပ်စစ်နှင့် စိုက်ပျိုးရေပေးဝေရေးအတွက် ရေလှောင်တမံများတည်ဆောက်ထားခြင်းကြောင့် အဆိုပါမြစ်လက်တက်များမှ ဧရာဝတီမြစ်အတွင်းသို့ သဲနုန်းအနည်ကျပို့ချမှုအထိုက်အလျောက် သက်သာသွားသော်လည်း သဘာဝအလျောက်စီးဆင်းနေသည့် လက်တက်များမှ ဧရာဝတီမြစ်အတွင်းသို့ နှစ်စဉ်သဲနုန်းပို့ချမှု မြင့်မားနေဆဲ ဖြစ်ပါသည်။
ရေအားလျှပ်စစ်ထုတ်လုပ်မှု၊ နည်းပညာတိုးတက်လာမှုများနှင့် အနိမ့်တမံရေအားလျှပ်စစ် ရေအားလျှပ်စစ်ထုတ်လုပ်ရာတွင် ရေလှောင်တမံများ တည်ဆောက်အသုံးပြုခြင်း (Storage Type) နှင့် သဘာဝရေစီးအားကို အသုံးပြုခြင်း (Run-of-River Type) ဟူ၍ အဓိကနည်းလမ်းနှစ်မျိုးဖြင့် လျှပ်စစ်ဓာတ်အားကို လက်ရှိထုတ်လုပ်လျက်ရှိပါသည်။ ရေအားလျှပ်စစ်ထုတ်လုပ်မှုနည်းပညာတွင် အဓိကကျသည့်အချက်များမှာ လူလုပ်ဖန်တီးထားသော ရေအားအမြင့် (Water Head) (သို့မဟုတ်) သဘာဝ ရေစီးအား (Natural Flow)အပေါ်မူတည်ပြီး ဒီဇိုင်းတွက်ချက်ခြင်းဖြစ်သည့်အတွက် ထုတ်လုပ်နိုင်သည့် လျှပ်စစ်ဓာတ်အားပမာဏ အနည်းအများသည် အဆိုပါအချက်အလက်များအပေါ်တွင် မူတည်ပါသည်။
ရေလှောင်တမံများတည်ဆောက်၍ ရေအားအမြင့်တစ်ခုဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် သဘာဝရေစီးအားများပါက ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ သဘာဝရေစီးသန်သောမြစ်ချောင်းများ ဖြတ်သန်းစီးဆင်းရာ တောင်ပေါ်ဒေသများ (သို့မဟုတ်) မြစ်ကမ်းဘေးများတွင် တမံတည်ဆောက်နိုင်သော တောင်ကုန်းတောင်တန်းများရှိသည့် အရပ်ဒေသများ၌ လျှပ်စစ်ထုတ်လုပ်နိုင်သည့် အခြေအနေကောင်း ရှိပါသည်။ မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထားအရ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းရာ တစ်လျှောက်တွင် မြေပြန့်ဒေသများသာ တည်ရှိနေသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် အခွင့်အရေးနည်းပါးသည့် အခြေအနေရှိပါသည်။
ရေအားလျှပ်စစ်ကဏ္ဍတွင် နည်းပညာတီထွင်ဆန်းသစ်လာသည့်အလျောက် အနိမ့်တမံ ရေအားလျှပ်စစ်တည်ဆောက်မှုနည်းပညာကို အသုံးပြုလျက်မြေပြန့်ဒေသရှိ မြစ်ချောင်းများတွင်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လာနိုင်ပြီဖြစ်ပါသည်။ မြေပြန့်ဒေသရှိ မြစ်ချောင်းများ၌ ရေစီးအားနည်းသော်လည်း သီးခြားတီထွင်ထားသော တာဘိုင်နှင့် ဂျင်နရေတာစနစ်ဖြင့်လည်းကောင်း၊ တာဘိုင်နှင့် ဂျင်နရေတာကို ပေါင်းစပ်ထားသည့် ရေမြုပ်ခံနိုင်သော တာဘိုင်ဒီဇိုင်းကို အသုံးပြု၍လည်းကောင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ပြီ ဖြစ်ပါသည်။
အနိမ့်တမံရေအားလျှပ်စစ်တွင် အသုံးပြုနိုင်သည့် တာဘိုင်များ ၏ထူးခြားချက်မှာ တာဘိုင်ဒလက်၏ လည်ပတ်နှုန်းကို လေအားလျှပ်စစ်တာဘိုင်များကဲ့သို့ ဖြည်းညင်းစွာ လည်ပတ်စေရန် ဒီဇိုင်းထုတ်လုပ်ထားပြီး ဂျင်နရေတာ (Generator) များဖြင့် တွဲဖက်၍ စက်စွမ်းအားပြည့် လျှပ်စစ်ထုတ်လုပ်ပေးနိုင်ခြင်း ဖြစ်ပါသည်။ ထို့ပြင် အနိမ့်တမံဓာတ်အားပေးစက်ရုံများရှိ အချို့တာဘိုင်များတွင် တာဘိုင်ဒလက်လည်ပတ်မှုနှုန်းနှေးကွေးအောင် ပြုလုပ်ထားသည့်အပြင် တာဘိုင်ဒလက်အရေအတွက်ကို လျှော့ချထားခြင်း၊ တာဘိုင်အတွင်း ရေဖြတ်သန်းမှု ဧရိယာကျယ်ဝန်းစေခြင်း၊ ရေဖြတ်သန်းသည့် ဧရိယာတစ်လျှောက် ကြားလပ်မှုနေရာမရှိအောင် ဒီဇိုင်းပုံစံအမျိုးမျိုး ထုတ်လုပ်ထားခြင်းကြောင့် ငါးမျိုးစိတ်များ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်သော တာဘိုင်များအဖြစ် အသုံးပြုနိုင်သည်အထိ နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်လာပြီဖြစ်ပါသည်။
Axial Flow Fish Friendly Turbine အမျိုးအစားများတွင် တာဘိုင်လည်ပတ်နေချိန် တာဘိုင်အတွင်းမှငါးများ အလွယ်တကူဖြတ်သန်းသွားလာနိုင်ပါသည်။ အနိမ့်တမံရေအားလျှပ်စစ်စီမံကိန်းများကို မြစ်ကြမ်းပြင် လျှောစောက်ပြေပြစ်သောနေရာများတွင် တည်ဆောက်လေ့ရှိပြီး မြစ်၏ရေကြောင်းသွားလာရေး အထောက်အကူပြုစေရန် ရေတံခါးများ (Navigation Gate) များ ထည့်သွင်းတပ်ဆင်၍ အသုံးပြုလေ့ရှိကြပါသည်။
ထို့ပြင် တမံ၏ အထက်ဘက်နှင့် အောက်ဘက်ပိုင်းသို့ ငါးမျိုးစိတ်များ အလွယ်တကူဖြတ်သန်းသွားလာနိုင်ရန်အတွက် ငါးကူးလှေကား (Fish Ladder) များကို ဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ထည့်သွင်းတည်ဆောက်လေ့ရှိပါသည်။ အချို့သော အနိမ့်တမံစနစ် ဓာတ်အားပေးစက်ရုံများတွင် တာဘိုင်နှင့် ဂျင်နရေတာစနစ် (Turbine Generator Unit) တစ်စုံလုံးကို ရေပေါ်သို့ အလွယ်တကူမတင်နိုင်သည့် တွဲဆက်စနစ်များ (Hydromatrix Module)ကို ရွေးချယ်တည်ဆောက်နိုင်သဖြင့် နုန်းအနည်ကျမှုကိုလည်း လျှော့ချနိုင်ပြီ ဖြစ်ပါသည်။
အနိမ့်တမံရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ခြင်း၏ အကျိုးကျေးဇူးများ
ဧရာဝတီမြစ်ဝှမ်းအတွင်း ဆင့်ကဲထပ်ဆင့်အနိမ့်တမံနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းအားဖြင့် အောက်ဖော်ပြပါအကျိုးကျေးဇူးများကို ရရှိစေနိုင်သည်ကို လေ့လာတွေ့ရှိရပါသည်-
ဧရာဝတီမြစ်အတွင်းရှိ ရေချိုအရင်းအမြစ်များ ပင်လယ်အတွင်းသို့ စီးဝင်ခြင်းဖြင့် ဆုံးရှုံးလျက်ရှိသော ရေချိုများကို ထိန်းသိမ်းထားနိုင်ခြင်း၊
နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဧရာဝတီမြစ်ရေကို အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊
ရေကြောင်းသွားလာရေးအတွက် လုံလောက်သော ရေအနက် ရရှိနိုင်ခြင်း၊
အနိမ့်တမံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း (Low Head Hydropower) နှင့် ရေစုပ်တင် သိုလှောင်၍ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း (Pumped-storage Hydropower) တို့ဖြင့် ရေအားလျှပ်စစ်ထုတ်ယူနိုင်ခြင်း၊
စိုက်ပျိုးရေ၊ စက်မှုလုပ်ငန်းသုံးရေနှင့် မြို့ပြရေလိုအပ်ချက်များကို လုံလောက်စွာ ထောက်ပံ့နိုင်ခြင်း၊
ရေစီးအားကိုထိန်းထားနိုင်သဖြင့် မြစ်တစ်လျှောက်ရှိ ခြောက်သွေ့သောဒေသများအတွက် စိမ်းလန်းစိုပြည်လာနိုင် ပြီး ရာသီဥတုမျှတလာနိုင်ခြင်း၊
မြစ်ဝကျွန်းပေါ်ဒေသများတွင် နှစ်စဉ် ရေကြီး/ရေလျှံခြင်းနှင့် ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ခြင်း၊
ရေကြောင်းအသုံးပြု ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ နိုင်ခြင်း၊
မြစ်ကြောင်းထိန်းသိမ်းမှုလုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာနိုင်ခြင်း၊
ရေကြောင်းပို့ဆောင်ရေး၊ ကုန်စည်ဖလှယ်ရေးလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊
လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊
မြစ်ဝှမ်းအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ
အနိမ့်တမံများ တည်ဆောက်မည်ဆိုပါက ရေကြီး/ရေလျှံမှုဖြစ်သည့်အချိန်တွင် အနိမ့်တမံများတည်ဆောက်ခြင်းမရှိသည့်အချိန်က ရေကြီး/ ရေလျှံမှုထက် ပိုမိုဆိုးရွားမှုများမရှိစေရန် အဓိကလေ့လာဆန်းစစ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ မြှင့်တင်သိုလှောင်မည့် ရေမျက်နှာပြင် အမြင့်များလေလေ ထိခိုက်မှုများလေလေဖြစ်ပြီး ထိခိုက်မှုလျော့နည်း သက်သာစေရေးဆောင်ရွက်ပေးရမည့် ကုန်ကျစရိတ်လည်း များလာမည်ဖြစ်ပါသည်။
သို့ဖြစ်၍ စိုက်ပျိုးရေပေးဝေမှု၊ ရေလမ်းကြောင်းသွားလာမှုနှင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုတို့မှ ရရှိလာမည့် အကျိုးအပြစ်များနှင့် အရှုံးအမြတ်များကို ဘက်ပေါင်းစုံမှ ချင့်ချိန်၍ အနိမ့်တမံ၏ ထားရှိသင့်သည့်အမြင့်ကို စဉ်းစားသတ်မှတ်ရမည် ဖြစ်ပါသည်။ ဧရာဝတီမြစ်သည် သုံးနှစ်မှ ငါးနှစ်လျှင် တစ်ကြိမ်ခန့်ရေကြီး/ရေလျှံမှုများ ဖြစ်ပေါ်တတ်ပြီး မြစ်ရိုးတစ်လျှောက် မြေနိမ့်ပိုင်းများတွင် နေထိုင်ကြသော မြစ်ကမ်းခြေကျေးရွာများသည် ရေကြီး/ရေလျှံမှုနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရလေ့ရှိပါသည်။
သို့ဖြစ်ရာ အနိမ့်တမံများ ဆောင်ရွက်မည့် နေရာအလိုက် တမံအမြင့်နှင့် အမြင့်ဆုံးရောက်ရှိနိုင်မည့် ရေမျက်နှာပြင် နိမ့်/မြင့်မှတ် တို့ကိုသတ်မှတ်ရာ၌ ၎င်းတမံတည်ဆောက်မည့်နေရာတွင် နှစ်စဉ်မိုးရာသီအတွင်း မြင့်တက်လေ့ရှိသော ပုံမှန်အမြင့်ဆုံးရေမျက်နှာပြင် နိမ့်/မြင့်မှတ်ထက် ကျော်လွန်ခြင်းမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အလားတူပွင့်လင်းရာသီတွင်လည်း ထားရှိလိုသည့် ရေမျက်နှာပြင် နိမ့်/မြင့်မှတ်အောက် မရောက်ရှိစေရေးနှင့် မိုးရာသီကာလတွင် သတ်မှတ်ရေမျက်နှာပြင် နိမ့်/မြင့်မှတ်ထက် ကျော်လွန်မှုမရှိစေရေး ထိန်းညှိပေးနိုင်မည့်အစီအမံများကို ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ အနိမ့်တမံနှင့်တွဲဖက်၍ လိုအပ်သည့်နေရာများတွင် လူနေဧရိယာနှင့် စိုက်ပျိုးမြေများကို ရေကြီး/ရေလျှံမှုမဖြစ်စေရေးအတွက် တာပေါင်များ ထည့်သွင်းတည်ဆောက်ပေးရပါမည်။ တာပေါင်များ တည်ဆောက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ရေရှည်တွင် ပြုပြင်ထိန်းသိမ်းရသည့် ကုန်ကျစရိတ်သက်သာစေမည့် နည်းလမ်းကို လေ့လာဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့ပြင် ဧရာဝတီမြစ်၌ အနိမ့်တမံ စီမံကိန်းများဆောင်ရွက်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ မရှိကိုလည်း ထည့်သွင်းလေ့လာဆန်းစစ်ရန် လိုအပ်ပါမည်။
လေ့လာသုံးသပ်အကြံပြုတင်ပြချက်
ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် မှီတင်းနေထိုင်သည့် လူဦးရေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ ရေကြောင်းခရီးသွားလာမှုများ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဂေဟစနစ်၊ မြေအသုံးချမှုအားလုံးနှင့် ပတ်သက်ဆက်နွှယ်နေပါသဖြင့် ၎င်းမြစ်တစ်လျှောက်၌ အနိမ့်တမံစနစ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက လျာထားစီမံကိန်းအားလုံးကို နည်းပညာပိုင်းဆိုင်ရာ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးတွက်ခြေကိုက်မှုဆိုင်ရာနှင့် အခြားသောရှုထောင့် ပေါင်းစုံတို့မှ အကျိုးအပြစ်သက်ရောက်မှုများကို လေ့လာဆန်းစစ်ပြီးမှသာ စီမံကိန်းတစ်ခုချင်းစီ၏ ဦးစားပေးအဆင့်အလိုက် နိုင်ငံတော်အဆင့်စီမံကိန်းများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
ဦးစားပေး စီမံကိန်းများအပေါ် သတ်မှတ်လေ့လာဆန်းစစ်ရာတွင်-
အနီးတစ်ဝိုက်ရှိ မြေမျက်နှာသွင်ပြင်အနေအထား၊
မြစ်ကြောင်းအတွင်းရှိ သဲနုန်းအနည်ပို့ချမှုနှုန်းနှင့် မြစ်အတွင်း သောင်ထွန်းနိုင်မည့် အခြေအနေများ၊
ရေကြောင်းသွားလာနိုင်မှု အခြေအနေ၊
မိုးတွင်းနှင့် နွေရာသီကာလ မြစ်ရေအနက်ကွာခြားမှု အခြေအနေ၊
ဒေသခံပြည်သူများ မှီခိုနေထိုင်မှုအခြေအနေ၊
မြစ်ကြောင်းထိန်းသိမ်းခြင်း ဆောင်ရွက်နိုင်မှုအခြေအနေများကို လေ့လာဆန်းစစ်ပြီးမှသာ ဦးစားပေးစီမံကိန်းများကို ရွေးချယ်ရပါမည်။
မြစ်ကြောင်းထိန်းသိမ်းရာတွင် မြစ်ရေလမ်းကြောင်းစီးဆင်းမှု၊ မြစ်အတွင်းသောင်ထွန်းမှုနှင့် ရေကြီး/ရေလျှံမှုအခြေအနေများမှ ကာကွယ်ရန်အတွက် နှစ်ရှည်စီမံချက်ရေးဆွဲ၍ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ အနိမ့်တမံစနစ် ရေအားလျှပ်စစ်စက်ရုံများ၏ သက်တမ်းကာလအတွင်း နှစ်စဉ်ဖော်ပြပါအတိုင်း မြစ်ကြောင်းများထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။
ဥရောပရှိ မြစ်ကြီးများဖြစ်သည့် ဒင်ညုမြစ်နှင့် ရိုင်းမြစ်ပေါ်ရှိ ဆင့်ကဲထပ်ဆင့် အနိမ့်တမံစနစ် ရေအားလျှပ်စစ်စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ကဲ့သို့ပင် သဲနုန်းအနည်ကျပို့ချသည့်နှုန်းများသောကြောင့် မြစ်ကြောင်းထိန်းသိမ်းသည့် လုပ်ငန်းကို နှစ်ပေါင်းရာချီ၍ ဆောင်ရွက်ခဲ့ရကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၌လည်း အနိမ့်တမံစနစ် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်နိုင်ခြေအလားအလာကောင်းများ ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် အားသာချက်အနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခြင်းနှင့် ရေကြောင်းပို့ဆောင်ရေးပိုမိုသွားလာနိုင်ခြင်းတို့ဖြစ်ပြီး စိန်ခေါ်မှုများအနေဖြင့် ဧရာဝတီမြစ်နှင့်အပြိုင် တည်ရှိလျက်ရှိသော စစ်ကိုင်းပြတ်ရွေ့ကြော (Sagaing Fault) မြေငလျင်အခြေအနေကို အသေးစိတ်ထည့်သွင်း လေ့လာဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဧရာဝတီမြစ်အတွင်း အနိမ့်တမံရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါအခြေအနေများကို လေ့လာဆောင်ရွက်ရပါမည်-
အထက်/အောက် အနိမ့်တမံ အချင်းချင်းရေထောက်မှုမရှိစေရေး၊
အနိမ့်တမံစီမံကိန်းအချင်းချင်း ဆင့်ကဲအကျိုးသက်ရောက်မှုများ (Cumulative Impacts) မရှိစေရေး၊
မဟာဓာတ်အားလိုင်းနှင့် အလွယ်တကူချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး၊
သဲနုန်းအနည်များ ဆင့်ကဲပို့ချမှုအခြေအနေ လေ့လာရေး၊
သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝသက်ရောက်မှုအနည်းဆုံးဖြစ်စေရေးတို့ကို ပြည့်စုံသောလေ့လာဆန်းစစ်မှုများ ပြုလုပ်ရမည် ဖြစ်ပါသည်။
ဧရာဝတီမြစ်အတွင်း အနိမ့်တမံများတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ပါက ကုန်သွယ်ရေကြောင်းသွားလာရေးနှင့် ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်ပါတည်းဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဘက်စုံအကျိုးရှိပြီး မြစ်ဧရာထာဝစဉ် ရှင်သန်စီးဆင်းနေနိုင်မည်ဖြစ်ပါကြောင်း ပြုစုရေးသားတင်ပြလိုက်ရပါသည်။ ။
Source: https://www.moi.gov.mm/articles