ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အမျိုးသမီးများဘဝမြှင့်တင်ရေး ဝိုင်းဝန်းအားနှင့်ကူညီပေး
-

ဤလူ့ဘောင်တွင် အမျိုးသားနှင့်အမျိုးသမီးဟူ၍ လူသားအမျိုးအစား ခွဲခြားသတ်မှတ်ထားကြသည်။ ဤတွင် အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူအခွင့်အ‌ရေးမပေးဘဲ ကန့်သတ်မှုများရှိခဲ့ကြသည်။ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ နေရာတိုင်းနှင့် မတင့်တယ် မအပ်စပ်ဟူသောအယူဝါဒကို အမြဲအသုံးချနေကြသဖြင့် အမျိုးသမီးများ၏အခွင့်အလမ်းများ၊ အခွင့်အရေးများဆုံးရှုံးလျက်ရှိသည်။ အချို့က အမျိုးသမီးဟူသည် အိမ်တွင်းမှု၊ မီးဖိုချောင်ကိစ္စတို့သာ ကောင်းမွန်စွာလုပ်ကိုင်သင့်သည်ဟု ကန့်သတ်ခွဲခြားတတ်ကြသည်။ ထိုသူတို့သည် ပုခက်လွှဲသောအမျိုးသမီးများ၏လက်သည် ကမ္ဘာကိုအုပ်စိုးနိုင်သည်အထိ စွမ်းဆောင်နိုင်ကြောင်း သတိမ

ဤလူ့ဘောင်တွင် အမျိုးသားနှင့်အမျိုးသမီးဟူ၍ လူသားအမျိုးအစား ခွဲခြားသတ်မှတ်ထားကြသည်။ ဤတွင် အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူအခွင့်အ‌ရေးမပေးဘဲ ကန့်သတ်မှုများရှိခဲ့ကြသည်။ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ နေရာတိုင်းနှင့် မတင့်တယ် မအပ်စပ်ဟူသောအယူဝါဒကို အမြဲအသုံးချနေကြသဖြင့် အမျိုးသမီးများ၏အခွင့်အလမ်းများ၊ အခွင့်အရေးများဆုံးရှုံးလျက်ရှိသည်။ အချို့က အမျိုးသမီးဟူသည် အိမ်တွင်းမှု၊ မီးဖိုချောင်ကိစ္စတို့သာ ကောင်းမွန်စွာလုပ်ကိုင်သင့်သည်ဟု ကန့်သတ်ခွဲခြားတတ်ကြသည်။ ထိုသူတို့သည် ပုခက်လွှဲသောအမျိုးသမီးများ၏လက်သည် ကမ္ဘာကိုအုပ်စိုးနိုင်သည်အထိ စွမ်းဆောင်နိုင်ကြောင်း သတိမထားမိသူများဖြစ်ပေလိမ့်မည်။ အမျိုးသမီးများစွမ်းဆောင်နိုင်မှုသည် ကဏ္ဍအသီးသီး၌   ဝင်ရောက်ထိုးဖောက်နိုင်စွမ်းရှိသည်ဖြစ်ရာ နည်းပညာထွန်းကားလာသော ယနေ့ခေတ်ကာလတွင် အမျိုးသမီးများသည် အမျိုးသားနည်းတူ ညီမျှသောအခွင့်အရေး၊ အခွင့်အလမ်းများရရှိပြီး ဘဝမြင့်မားအောင် စွမ်းဆောင်နိုင်သူများဖြစ်အောင် မြှင့်တင်ပေးကြရပေမည်။

ကမ္ဘာ့နိုင်ငံအသီးသီးရှိအမျိုးသမီးဦးရေသည် အမျိုးသားဦးရေ၏ တစ်ဝက်ကျော်ရှိနေသည်။ ကမ္ဘာ့ အဆင့်ညီလာခံများ၏ဆုံးဖြတ်ချက်ဖြင့် တည်ထောင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အမျိုးသားအဆင့် ယန္တရားကော်မတီများဖြစ်နေသဖြင့် အမျိုးသားကော်မတီဝင် များသာ လုပ်ဆောင် ရမည့် ကန့်သတ်ချက်များရှိနေသည်။ သို့ဖြစ်၍ အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး အတွက်  ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်စွာလွှမ်းခြုံနိုင်ရန် လုပ်ငန်းသဘောထားချင်းတူညီသည့်  အပြည်ပြည်ဆိုင်ရာ အစိုးရအဖွဲ့မဟုတ်သောအဖွဲ့အစည်း၊ NGO များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးမြန်မာမင်းများလက်ထက်တွင် တရားစီရင်ခွင့်ရသူ ခုနစ်ဦးရှိသည်။ ထိုခုနစ်ဦးမှာ ကလန်၊ သံပျင်၊ တရားသူကြီး၊ အမတ်ကြီး၊ မင်းညီမင်းသား၊ မိဖုရားခေါင်ကြီး၊ မင်းဧကရာဇ်ဟူ၍ဖြစ်ပြီး မိဖုရားခေါင်ကြီး ဟူသော    အမျိုးသမီးတစ်ဦးပါဝင်နေရာ ထိုစဉ်ကတည်းက အမျိုးသမီးများ၏စွမ်းဆောင်နိုင်ခွင့် အခွင့် အရေးကို မျှတစွာထည့်သွင်းပေးထားသည်မှာ ထင်ရှားလှသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုမိုများပြားလာသည်ကို တွေ့ရသည်။ ထိုကဲ့သို့ များပြားလာသော အမျိုးသမီးများကို အမျိုးသားများနည်းတူ တန်းတူအခွင့် အရေးပေးနိုင်အောင်ဆောင်ရွက်ကြရန်လိုသည်။ အမျိုးသမီးများ၏အခန်းကဏ္ဍကိုကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်၍ အမျိုးသမီးများ၏စွမ်းရည်များ မြင့်မားလာအောင်မြှင့်တင် ဆောင်ရွက်ကြရမည်။

ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့(International Women’s Day)အဖြစ်သတ်မှတ်ကာ အခမ်းအနားများကျင်းပ၍ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ ၏ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်ဆောင်ရွက်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့ ဖြစ်ပေါ်လာပုံကိုအကျဉ်းမျှတင်ပြချင်သည်။ ၁၉၁၀ ပြည့်နှစ်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးညီလာခံတွင် ဂျာမနီနိုင်ငံမှ အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးဖြစ်သူ မီးစ်ကလယ်ရာဇယ်ကင်းက အမျိုးသမီးများနေ့သတ်မှတ်ကျင်းပနိုင်ရေး အကြံပြုတင်ပြ ခဲ့သည်။ ၎င်း၏ အကြံပြုတင်ပြချက်အရ နှစ်စဉ် မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အဖြစ် သတ်မှတ်ကျင်းပရန် တညီ တညွတ်တည်းဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်နှင့်အညီ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ၁၉၇၅ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် နှစ်စဉ်ဆောင်ပုဒ်တစ်ခုသတ်မှတ်၍ ကျင်းပလာခဲ့သည်။

အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ယနေ့ ၂၁ ရာစုကာလတွင် ရှေးယခင်ကထက် လုပ်ဆောင်နိုင်မှု စွမ်းရည်များ ပို၍ပို၍တိုးတက်လာသည်မှာ အများမျက်မြင်ဖြစ်ပေသည်။ အမျိုးသမီးများသည် အိမ်တွင်း မှုတာဝန်ယူရုံလောက်သာမကတော့ဘဲ   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်ပါ ပါဝင်ထမ်းဆောင် လာနိုင်ပြီဖြစ်သည်။ အမျိုးသမီးများ၏ ပင်ကိုဗီဇသည်အများအားဖြင့် အားနွဲ့သူများဟု ဆိုကြသော်လည်း အမျိုးသားများနှင့်အပြိုင် ကာယစွမ်းအင်၊ ဉာဏစွမ်းအင်၊ စိတ်ဓာတ်စွမ်းအင်များ မွေးမြူထုတ်လုပ်နိုင် စွမ်းရှိသည်။ လက်ရုံးရည်၊ နှလုံးရည်နှစ်မျိုးစလုံး ထက်မြက်ကြံ့ခိုင် သူများအဖြစ် ကြိုးစားအား ထုတ်နိုင်စွမ်းရှိသည်။ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်သူများ ဖြစ်လာအောင် ၎င်းကိုယ်တိုင် ကြိုးစားခွင့်ရှိအောင် ဖန်တီးဖော်ဆောင်ပေးရပေမည်။ အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ စွမ်းဆောင်နိုင်သည့် စွမ်းရည်များ ပိုမိုမြင့်မားတိုးတက်လာအောင် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့ အစည်းအားလုံးက နည်းပညာခေတ်နှင့်အညီ ဆန်းသစ်သောနည်းလမ်းများဖြင့် ကြံဆပံ့ပိုးပေးကြ ပေမည်။

ယခုအခါ နိုင်ငံအသီးသီးတွင် လူသားအားလုံးဖွံ့ဖြိုးတိုးတက်ရေးတွင်အမျိုးသမီးများ၏စွမ်းရည်ကို မြှင့်တင်ရန် ပုံဖော်သင့်ကြောင်း တိုက်တွန်းဆောင်ရွက်လာကြပြီဖြစ်သည်။ ထိုသို့ တိုက်တွန်း ဆောင်ရွက် လာကြခြင်းသည် အမျိုးသမီးများ၏စွမ်းရည်များကို မြှင့်တင်ပေးနိုင်ခြင်းနှင့်အတူ နိုင်ငံနှင့် လူမျိုးဖွံ့ဖြိုး တိုးတက်အောင်ကြံဆောင်လုပ်ကိုင်ကြခြင်းမည်ပေသည်။ ကမ္ဘာ့လူဦးရေသည် အရှိန်အဟုန်ဖြင့် တိုးတက်များပြားလာချိန်တွင် ဤသို့သော ကြောင်းကျိုးဆီလျော်မှုရှိသည့် ကြိုးစားဆောင်ရွက်မှုမှန်သမျှ အဖိုးတန်လှပေသည်။

နိုင်ငံ၏ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများပါဝင်ကြိုးစားခွင့်ရအောင်ကျား၊ မ တန်းတူညီမျှမှု အခွင့်ရ ရန်လိုအပ်သည်။ ကျား၊ မ တန်းတူညီမျှမှုဆိုသည်မှာ အမျိုးသားရော အမျိုးသမီးပါ မိမိရပိုင်ခွင့်အခွင့် အရေးများကို တန်းတူညီမျှရရှိခြင်းပင်ဖြစ်သည်။ ရပိုင်ခွင့် အခွင့်အရေးဟုဆိုရာတွင်လည်း အမျိုးသမီး ဖြစ်၍ အလေးသာ အရာပေးခြင်းမျိုးမဟုတ်ဘဲ မိမိ၏လုပ်ရည်ကိုင်ရည်နှင့်ညီမျှသော အခွင့်အရေး ကိုသာဆိုလိုသည်။ တစ်ဖန် မိန်းမသားဖြစ်၍ဟူသော ဟောင်းနွမ်းခေတ်မမီတော့သည့် ကန့်သတ်ချက် မျိုးဖြင့် အစစအရာရာ နောက်ချန်ထား၍မသင့်တော့ပေ။ ကျား၊ မ တန်းတူညီမျှမှုသည် လူသားတိုင်း ရရှိသင့်သည့် အခွင့်အရေးဖြစ်၍ အမျိုးသမီးတိုင်းအတွက် ရရှိသင့်ရရှိအပ်သော အခွင့်အရေးပင် ဖြစ်သည်။

ကျား၊ မ တန်းတူညီမျှမှုရှိသည်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာသောအထောက်အကူများကို ရရှိမည်ဖြစ်သည်။    အမျိုးသမီးများသည် အမျိုးသားများနည်းတူ ကြိုးစားပါဝင်လုပ်ကိုင်ခွင့်ရရှိလာ သဖြင့် ဆင်းရဲမှုကိုလျှော့ချနိုင်ခြင်း၊  အမျိုးသမီးများအိမ်တွင်းအောင်းနေရသောဘဝမှ   နေအိမ်ပြင်ပ သို့ထွက်၍ အလုပ်အကိုင်များလုပ်ကိုင်လာနိုင်ခြင်းကြောင့် အသိအမြင်ဗဟုသုတများ တိုးပွားလာခြင်း၊  မျက်စိပွင့် နားပွင့်လာနိုင်ခြင်းနှင့်အတူ လူကုန်ကူးမှုခံရမှုများကို တားဆီးကာကွယ်နိုင်ခြင်း၊ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုများမှ ကာကွယ်နိုင်ခြင်းစသည့် အမျိုးသမီးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များရရှိ လာမည်ဖြစ်သည်။ အမျိုးသမီးများ၏ပညာရေးကို အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးရအောင် ဖန်တီးနိုင်မှုသည်လည်း လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးဖြစ်ထွန်းအောင် စွမ်းဆောင် နိုင်မည် ဖြစ်သည်။

တစ်ဖန် ကျား၊ မ တန်းတူညီမျှမှု အခွင့်အရေးအရ အမျိုးသားနှင့်အမျိုးသမီး  လုပ်ငန်းမှန်သမျှ အပေးအယူမျှတစွာဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ အမျိုးသားများအနေဖြင့်လည်း အမျိုးသမီးပဲဟူသော   ဘောင်ကျဉ်းကလေးထဲ၌ ချန်လှပ်မထားခဲ့ဘဲ တန်းတူစွမ်းဆောင်နိုင်‌အောင် လက်တွဲ ခေါ်ဆောင်သင့်သည်။ ဤနည်းဖြင့် အမျိုးသမီးများ၏ကိုယ်ပိုင်အစွမ်းအစများ၊ ကိုယ်ပိုင်စွမ်းရည်များပိုမိုတိုးတက်မြင့်မားလာအောင် ကြိုးစားခွင့်ရရှိမည်ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ခန့်ရှိရာ ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်သည်။ ထိုထက်ဝက်ကျော်ကိန်းဂဏန်းရှိသော အမျိုးသမီးဦးရေ အရေအတွက်သည် နိုင်ငံတော်နှင့် မြန်မာ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်သောအရေအတွက်ဖြစ်သည်။ စွမ်းရည်မြင့်မား သော မြန်မာအမျိုးသမီးများအဖြစ် ပြုစုပျိုးထောင်ပေးကာ ကမ္ဘာနှင့် ရင်ပေါင် တန်း နိုင်သော နိုင်ငံ တစ်ခုဖြစ်အောင် ပုံဖော်ကြိုးစားကြရာ၌ ပါဝင်အားဖြည့်နိုင်ပေသည်။ အမျိုးသမီးများကို နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များအဖြစ်ခံယူကာ  အမျိုးသမီးတို့၏အခန်းကဏ္ဍကို နည်းပညာ၏ ဆန်းသစ် သောအကူအညီဖြင့်အားပေးကူညီရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးတို့၏ လုပ်ဆောင်နိုင်စွမ်း၊ စွမ်းရည်မြင့်မားမှုတို့ကို စုစည်းဖော်ဆောင်ပေးနိုင်စွမ်းရှိလျှင် အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကားဖြစ်ပေသည်။ ထိုအချက်ကို အလေးပေးစဉ်းစား၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ မြန်မာအမျိုးသမီးများသည် ကမ္ဘာ့အမျိုးသမီးများနှင့် ရင်ပေါင်တန်းနိုင်ရေး၊ အမျိုးသမီးထု၏စွမ်းအားစုကို နိုင်ငံတော်တည်ဆောက်ရေးတွင် အပြည့်အဝ အသုံးချနိုင်ရေးတို့ကိုရည်ရွယ်၍ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပ သော စတုတ္ထအကြိမ် အမျိုးသမီးညီလာခံမှ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကိုဖွဲ့ စည်း၍ ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်ကို မြန်မာအမျိုးသမီးများနေ့အဖြစ် ဂုဏ်ယူသတ်မှတ်ခဲ့သည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်  အမျိုးသမီးရေးရာအဖွဲ့ချုပ်ပေါ်ထွန်းလာခြင်းသည် မြန်မာအမျိုးသမီးများ အတွက် အားရတက်ကြွဖွယ်ဖြစ်သည်။ ယခင်က အမျိုးသမီးများ   အားကိုးအားထားပြုထိုက်သည့် အသင်းအဖွဲ့မရှိခဲ့ချေ။ ယနေ့ချိန်ခါတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်သည် မြန်မာအမျိုး သမီးထုအတွက် ကျောက်စိုင်ကျောက်သားပမာ ရှေ့တန်းမှ ရပ်တည်ကြိုးစားကာကွယ်ပေးလျက်ရှိသည်။  မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် Myanmar Women’s Affairs Federation(MWAF)ကို

(က)   အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင်ပေးရန်။

(ခ)     အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်။

(ဂ)  အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်များ ဖွံ့ဖြိုးတိုးတက်‌စေရန်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်။

(ဃ)   တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုပိုမိုမြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ် မြှင့်တင်ရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်။

(င)     အမျိုးသမီးများအားအကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်။

(စ)     အမျိုးသမီးများနှင့်ကလေးသူငယ်များ လူကုန်ကူးမှုလျော့နည်းပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နိုင်ရန်။

(ဆ)   အမျိုးသမီးများ၏ အခွင့်အရေးများကို တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဟူသော ရည်ရွယ်ချက်များဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အသင်းချုပ်ကြီး၏ရည်ရွယ်ချက်များမှာ တော်တည့်မှန်ကန်ပြီး အမျိုးသမီးတို့၏ လုပ်ငန်းဆောင်တာ အဝဝအတွက် အားကိုးလောက်သည်။ အမျိုးသမီးထု၏ ပညာရေး၊  ကျန်းမာရေး၊  အမျိုးသမီးများ၏ အကြမ်းဖက်မှုမှအကာအကွယ်ပေးရေးတို့မှာ အမျိုးသမီးတိုင်းအတွက် လိုအပ်သောအခွင့်အရေးများ ပင်ဖြစ်သည်။

မြန်မာအမျိုးသမီးတို့သည် ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း စသည်တို့တွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးနေသည်။ ထိုအခွင့်အလမ်းများကို ပြည့်ပြည့်ဝဝရရှိ၍ အမျိုးသမီးများ၏ ပင်ကိုအရည်အချင်းများကို တက်ကုန်ရွက်ကုန်ပြသခွင့်ရရှိအောင် နည်းပညာကဏ္ဍကို တိုးမြှင့်ဆန်းသစ်ဖော်ဆောင်ပေးသင့်သည်။ ကွန်ပျူတာနည်းပညာသည် ကမ္ဘာနှင့်အဝန်း ရေပန်းစား အသုံးဝင်လှသည်ဖြစ်ရာ အမျိုးသမီးများ   ကွန်ပျူတာခလုတ်ပေါ်လက်တင်၍ ကဏ္ဍအသီးသီး၌ ပါဝင်စွမ်းဆောင်နိုင်ပေပြီ။  ထိုသို့စွမ်းဆောင်နိုင်အောင် နိုင်ငံတော်နှင့်အဖွဲ့အစည်းအသီးသီးက အရေးပေးလုပ်ဆောင်ပေးရမည်ဖြစ်ပေသည်။

အမျိုးသမီးများ၏ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးအားလုံးပါဝင်ခွင့်ရအောင် ကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက်ပေးသင့်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ်ပန်းတိုင် (၁၇) ရပ်ချမှတ် ဆောင်ရွက်စေခဲ့သည်။  ယင်းပန်းတိုင်(၁၇) ရပ်အနက် ပန်းတိုင်(၅)   “ကျား၊ မ တန်းတူညီမျှ မှုရရှိရေးနှင့် အမျိုးသမီးများအားလုံး စွမ်းပကားတိုးမြှင့်စေရေး” (Goal 5 – Achieve gender equality and  empower all women and girls.) ဟူသောအချက်အရ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် အကူအညီများဆောင်ရွက်ပေးခဲ့သည်။

မြန်မာအမျိုးသမီးများသည်ခေတ်အဆက်ဆက်တွင် အမျိုးသားရေးလှုပ်ရှားမှုများတွင်လည်းကောင်း၊နိုင်ငံတော်တည်‌ဆောက်ရေးလုပ်ငန်းများတွင်လည်းကောင်း တိုင်းပြည်ချစ်စိတ်ဖြင့် ကြိုးစားဆောင်ရွက်နိုင်ခဲ့သည့် သမိုင်းပုံရိပ်များရှိခဲ့သည်။ ပိုးထည်ကုန်သည် ဒေါ်ဦးဇွန်းသည် အိုမင်းမစွမ်းဖြစ်နေသော ဘိုးဘွားများကို  မိမိ၏မိဘများသဖွယ်ပြုစုစောင့်ရှောက်နိုင်ရန်  မင်းကွန်း၊  သထုံ၊ပေါင်းတည်၊ ရန်ကုန်နှင်းဆီကုန်းနှင့် ပခုက္ကူတို့တွင် ဘိုးဘွားရိပ်သာများ ဖွင့်လှစ်ပေးခဲ့သည်။ ယခုအချိန်၌ ဒေါ်ဦးဇွန်း စတင်သန္ဓေတည်မွေးဖွားပေးခဲ့သော ဘိုးဘွားရိပ်သာများမှသည်  မြန်မာပြည်အနှံ့အပြားတွင်   ဘိုးဘွား ရိပ်သာများဆက်လက်ပေါ်ပေါက်လာခဲ့ပေသည်။ ကျန်းမာရေးကဏ္ဍတွင်လည်း   ဖလောရင့် နိုက်တင်ဂေးဆုရှင်သူနာပြုဆရာမကြီး ဒေါ်ခင်အုန်းမြသည်   လူနာများကို  သက်စွန့်ဆံဖျား ကယ်တင် ပြုစုနိုင်ခဲ့သူအဖြစ်ထင်ရှားခဲ့သည်။   ဒေါ်ခင်အုန်းမြသည်ဗုံးများ၊ စက်သေနတ်များပစ်ခတ် ပေါက်ကွဲ နေသည့်ကြားမှပင်ဒဏ်ရာရအမျိုးသမီးငယ်ကို ဘေးကင်းရာသို့ အရကယ်တင်ပြုစုကုသပေးခဲ့သည်။ထို့ကြောင့် ၁၉၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ချီးမြှင့်သည့်ဖလောရင့် နိုက်တင်ဂေးဆုကို ရန်ကုန်မြို့ အမှတ် -၂ တပ်မတော်ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်နေသော ဗိုလ်ခင်အုန်းမြ (နောင်တွင် အငြိမ်းစားဗိုလ်မှူး)က ဆွတ်ခူးရရှိခဲ့သည်။ ထိုဆုသည် မြန်မာနိုင်ငံသူနာပြုများထဲမှ ပထမဆုံးရရှိခဲ့သောဆုပင်ဖြစ်သည်။

မြန်မာသူနာပြု အမျိုးသမီးများထဲမှ ဒုတိယအကြိမ်  ဖလောရင့်နိုက်တင်ဂေးဆုချီးမြှင့်ခံရသူတစ်ဦး  ၁၉၉၃ ခုနှစ်တွင် ပေါ်ထွန်းခဲ့ပြန်သည်။  ထိုသူမှာ သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယောနမ်ဖြစ်သည်။ ဒေါ်အမ်ယောနမ်သည်   တပ်မတော်စစ်ကြောင်းမှ ဒဏ်ရာရ ရဲဘော်များနှင့် အရပ်သူအရပ်သားများကို  မူဆယ်ဆေးရုံတွင် သက်စွန့်ဆံဖျား ပြုစုကယ်တင်ခဲ့သည်။

ဒေါ်အမ်ယောနမ်အတွက်အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက ချီးမြှင့်သည့် ဖလောရင့် နိုက်တင်ဂေးဆုတံဆိပ်ကို   ၁၉၉၃  ခုနှစ်  ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်၌ ကျင်းပ သော  အခမ်းအနားတွင်  မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာတင်ဦးက ဆုရသူအားပေးအပ် ခဲ့သည်။ ဆရာမကြီး ဒေါ်အမ်ယောနမ်က“သူနာပြုတိုင်းဟာ အနစ်နာခံရမယ်။ စိတ်ထားကောင်းရမယ်။ အနစ်နာ၊  စေတနာ၊  ဝါသနာ၊  မေတ္တာ၊ ကရုဏာရှိရမယ်။ လူနာတွေအပေါ်လည်း ဆက်ဆံရေးကောင်း မွန်ရမယ်။  အခုလို ဖလောရင့်နိုက်တင်ဂေး ဆုချီးမြှင့်ခံရတာဟာ ကျွန်မတစ်ဦးတည်း စွမ်းဆောင်နိုင်လို့ မဟုတ်ပါဘူး။ ကျွန်မနဲ့ပူးပေါင်းဆောင်ရွက်ကြတဲ့ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ၊ ဆေးတပ်သားတွေ ရဲ့ဝိုင်းဝန်းစွမ်းဆောင်မှုကြောင့်ရရှိခြင်းဖြစ်ပါတယ်။ သူတို့အားလုံးကိုလည်း  အထူးကျေးဇူးတင်မိပါတယ်”ဟု ပြန်လည်ဖွင့်ဟပြောဆိုခဲ့သည်။ သူသည် စွမ်းဆောင်ရည်မြင့်မားသော အမျိုးသမီးဖြစ်ရုံသာမက စိတ်ကောင်းစေတနာကောင်းရှိသူအဖြစ်  သူ့စကားများက ဖော်ပြနေသည်။  ဖလောရင့်နိုက်တင်ဂေး ဆုမရသော်လည်း သားဖွားဆရာမဒေါ်သိန်းရီ၏ စွမ်းဆောင်မှုကလည်း ချီးကျူးစရာဖြစ်သည်။ ဒေါ်သိန်းရီသည် ၁၉၉၅ ခုနှစ်ဖြစ်ပွားသည့်   မီးလောင်မှုတွင် အသက် ၈ နှစ်အရွယ်မိန်းကလေးတစ်ဦးကို မီးလောင်နေသော အိမ်အတွင်းမှအသက်စွန့်ကယ်တင်ခဲ့သည်။

လေကြောင်းပို့ဆောင်ရေးမှ လေယာဉ်မယ် ဒေါ်သွယ်သွယ်ဝင်းသည် လေယာဉ်စက်ချွတ်ယွင်း၍ သဲသောင်ပြင်သို့ ဆင်းသက်ရမည့်အချိန်တွင်     လေယာဉ်မှူးက ခါးပတ်ပတ်ရန်    ပြောဆိုသည်ကိုပင်  ဂရုမစိုက်နိုင်ဘဲခရီးသည်များအန္တရာယ်ကင်းရန်မည်သို့လုပ်ဆောင်မည်ကိုလမ်းညွှန်လျက်ကပင်    အသက်ဆုံးရှုံးခဲ့ရသည်။ သတ္တိကောင်းလှသော၊ စိတ်ထားမြင့်မြတ်လှသော လေယာဉ် မယ်ဒေါ်သွယ်သွယ်ဝင်းကို နိုင်ငံတော်က ရဲဗလဆုချီးမြှင့်ခဲ့သည်။

ယနေ့ခေတ်သည်  နည်းပညာများထွန်းကားသည်ထက်  ထွန်းကားလာသောခေတ်ဖြစ်ရာ ကမ္ဘာမှာရော မြန်မာမှာပါ အမျိုးသမီးများသည်  အမျိုးသားများနှင့်တန်းတူညီမျှ အခွင့်မရစရာအကြောင်း မရှိပေ။   နည်းပညာထွန်းကားနေသော ခေတ်တွင် အမျိုးသားတို့စွမ်းဆောင်နိုင်သမျှ လုပ်ငန်းဆောင်တာမှန်သမျှ အမျိုးသမီးများလည်း နည်းပညာအစွမ်းဖြင့် ဧကန်မလွဲတန်းတူ    စွမ်းဆောင်နိုင်ပေလိမ့်မည်။ သို့ဆိုလျှင် ကျား၊ မ မရွေးယှဉ်တွဲလုပ်ကိုင်ကာ ဖွံ့ဖြိုးသာယာသော လူ့ဘောင်ကြီးကို   တည်ဆောက်နိုင်မည် ဖြစ်သည်။

အချုပ်အားဖြင့်တင်ပြရလျှင် အမျိုးသမီးများသည်  အခွင့်အရေးရလျှင် ရသလောက်ကဏ္ဍအသီးသီးတွင် ပါဝင်စွမ်းဆောင်နိုင်ကြသည်။ ထို့ကြောင့်မိန်းကလေးငယ်များ၏ နိုင်ငံရေး၊  လူမှုရေး၊  စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာစွမ်းပကားများကို ဂုဏ်ပြုရန်နှင့်  ရှေ့ဆက်လျှောက်မည့် လူ့ဘောင်ခရီးတွင်   အမျိုးသမီးများ၏ဘဝကို   မြင့်မားတိုးတက်လာစေရန် အမျိုးသမီးများနှင့် စပ်ဆိုင်ရာကဏ္ဍများတွင်  ကျယ်ကျယ် ပြန့်ပြန့်ရင်းနှီးမြှုပ်နှံ၍  ကြိုးပမ်းဆောင်ရွက်သွားကြပါစို့ဟုတိုက်တွန်း နှိုးဆော်လိုက်ရ ပေသည်။     ။    

MWD Web Portal

ညွန့်ဝင်း(နတ်တလင်း)

ကျောင်းတက်ခေါင်းလောင်းသံနှင့်အတူ ရုန်းထကြရမည့် နေ့သစ်များ
-

မိုးဦးလေဦးနဲ့ ယှဉ်တွဲလို့ အနယ်နယ်အရပ်ရပ်က စာသင်ကျောင်းတွေဖွင့်ကြပြီ။ အခြေခံပညာကျောင်းသား ကျောင်းသူတွေ စာသင်နှစ်သစ်နဲ့အတူ အတန်းသစ်ကို စတင်လေ့လာဆည်းပူးနေကြတာ အခုဆိုရင် တစ်လနီးပါးရှိပါတော့မယ်။ စာသင်ကျောင်းဆိုတာ “စာကိုလည်းသင်၊ စိတ်ကိုလည်းပြင်” ဆိုသလို အသိပညာဆည်းပူးရာသာမက ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရား၊ ဘာသာတရားနဲ့ အခြားအခြားသော လူမှုစံနှုန်းတွေကို လူငယ်တွေသိရှိအောင် သင်ကြားပြသပေးတဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာ ဆရာမတွေရဲ့တာဝန်က အလွန်ကြီးမားပြီး ကျောင်းသား ကျောင်းသူတွေ ပညာတတ်ရုံသာမက ကျန်းမာကြံ့ခိုင်ဖို့၊ ဗဟုသုတကြွယ်ဝဖို့၊ စည်းကမ်းလိုက်နာတတ်ဖို့၊ နိုင်ငံကြီးသ

မိုးဦးလေဦးနဲ့ ယှဉ်တွဲလို့ အနယ်နယ်အရပ်ရပ်က စာသင်ကျောင်းတွေဖွင့်ကြပြီ။ အခြေခံပညာကျောင်းသား ကျောင်းသူတွေ စာသင်နှစ်သစ်နဲ့အတူ အတန်းသစ်ကို စတင်လေ့လာဆည်းပူးနေကြတာ အခုဆိုရင် တစ်လနီးပါးရှိပါတော့မယ်။ စာသင်ကျောင်းဆိုတာ “စာကိုလည်းသင်၊ စိတ်ကိုလည်းပြင်” ဆိုသလို အသိပညာဆည်းပူးရာသာမက ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရား၊ ဘာသာတရားနဲ့ အခြားအခြားသော လူမှုစံနှုန်းတွေကို လူငယ်တွေသိရှိအောင် သင်ကြားပြသပေးတဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာ ဆရာမတွေရဲ့တာဝန်က အလွန်ကြီးမားပြီး ကျောင်းသား ကျောင်းသူတွေ ပညာတတ်ရုံသာမက ကျန်းမာကြံ့ခိုင်ဖို့၊ ဗဟုသုတကြွယ်ဝဖို့၊ စည်းကမ်းလိုက်နာတတ်ဖို့၊ နိုင်ငံကြီးသားပီသဖို့စတဲ့ အသိပညာတွေကိုလည်း ဖြည့်ဆည်းပေးကြရပါတယ်။ ဒါ့အပြင် ကျောင်းသား ကျောင်းသူတွေ လမ်းမှားမရောက်ရှိအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပဲ့ပြင်ဆုံးမပေးကြရသလို ကလေးတွေ လုံခြုံစိတ်ချစွာနဲ့ ပညာသင်ကြားဖို့ ကျောင်းတက်ချိန်ကာလတစ်လျှောက် တာဝန်ယူထားကြရသူတွေ ဖြစ်ပါတယ်။

စာရေးသူတို့ရပ်ရွာမှာ ကျောင်းသားအရွယ် ကလေးငယ်တွေ အဖြူအစိမ်းကျောင်းဝတ်စုံလေးတွေနဲ့ ကျောင်းသွားကြတဲ့မြင်ကွင်းကို မြင်ရတိုင်း ကြည်နူးပီတိဖြစ်ရသလို မငြိမ်းချမ်းတဲ့ဒေသက ကလေးတွေအကြောင်းတွေးမိရင်း ရင်နာမိပါတယ်။ စစ်ပွဲတွေကြား ပြိုလဲပျက်စီးနေတဲ့ စာသင်ကျောင်းတွေ၊ ကျောင်းဝတ်စုံနဲ့ နှစ်အတန်ကြာ ဝေးကွာနေတဲ့ ကျောင်းသားကျောင်းသူတွေ၊ ကိုယ့်တာဝန် ကိုယ့်ဝါသနာကို ရွေးချယ်ဖို့မဝံ့ရဲ၊ မြေဖြူတောင့်ကိုလွှတ်ချပြီး ပဋိပက္ခတွေကြား ယူနီဖောင်းကိုဖွက်ကာထားရတဲ့ ကျောင်းဆရာ ဆရာမတွေ၊ စာသင်ကျောင်းတွေနဲ့ ဘဝခြားသွားတဲ့ လမ်းမှားရောက်သွားကြတဲ့ ကလေးသူငယ်တွေ… စသည်ဖြင့် အတွေးက မရပ်တန့်နိုင်တော့။

မိဘအများစုက ကလေးတွေကို စာသင်ခန်းဆီပို့ရမယ့် အသိအမြင်တွေရှိလာ

တစ်ချိန်က အတိတ်နေ့ရက်တွေကိုလည်း မြင်ယောင်မိတယ်။ ကချင်ပြည်နယ် မြောက်ဖျားပိုင်းက ကျေးရွာတစ်ခုဖြစ်တဲ့ မိမိမွေးရပ်မြေမှာ မူလတန်းပြီးဆုံးအောင် သင်ကြားနိုင်တဲ့သူ အတော်လေးနည်းပါးဖူးခဲ့ပါတယ်။ အများစုသော ဒေသခံတွေဟာ ခြေကျင်ခရီး တစ်နာရီလောက်လမ်းလျှောက်ရတဲ့ရွာမှာ မူလတန်းပြီးဆုံးအောင် သင်ကြရတယ်။ တောင်ပေါ်ဒေသမို့ အခုလိုမိုးတွင်းဆိုရင် သွားရခက်ခဲလွန်းလို့ ငွေကြေးတတ်နိုင်သူနဲ့ ဇွဲရှိသူအနည်းငယ်ကသာ မူလတန်းပြီးဆုံးခဲ့ရတယ်။ အလယ်တန်းနဲ့အထက်တန်း သင်ကြားဖို့အတွက် မြို့ပေါ်ကို ကျောင်းအိပ်ကျောင်းစားသွားနေကြရတယ်။ အဲဒီလို ကလေးမျိုးကလည်း အတော်ကို ရှားပါးခဲ့တာ။ ဒါက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပညာသင်ယူမှုအခက်အခဲတွေပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ အစိုးရအဆက်ဆက်က ပညာရေးကဏ္ဍကို မြင့်တင်ပေးခဲ့လို့ မိဘအများစုကလည်း ကလေးတွေ ကို စာသင်ခန်းဆီပို့ကြရမယ့် အသိအမြင်တွေရှိလာခဲ့ကြတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာရှိတဲ့ မြို့ကြီးပြကြီးကနေ ကျေးလက်အထိ စာသင်ကျောင်းတွေလည်း များပြားလာခဲ့သလို ကျောင်းဆရာ ဆရာမ တွေလည်း အတော်များများ မွေးထုတ်ပေးနိုင်ခဲ့လို့ “ပညာရေးဝေးသည်မရှိ” ဆိုတဲ့ စကားသံတို့ လှိုင်လှိုင်ထွက်ပေါ်ပေမယ့် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်းမှာတော့ ပညာရေးဟာ မငြိမ်းချမ်းတဲ့ဒေသမှာ နှင်းရိုင်းသင့်ပန်းသဖွယ် ညှိုးလျငုပ်လျှိုးနေရတာကို မချိတင်ကဲ ဖြစ်မိပါ တယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဒေါက်တိုင်ဖြစ်တဲ့ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍကို မသမာသူအဖျက်သမားတွေက ပြိုလဲပျက်စီးစေဖို့ အကြိမ်ကြိမ် တိုက်ခိုက်ဖျက်ဆီးခဲ့ကြပါတယ်။ စာသင်ခန်းမှာရှိနေ ရမယ့် ကျောင်းသား ကျောင်းသူတွေကို ကျောင်း မတက်ကြဖို့ စည်းရုံးတယ်၊ ဆရာဆရာမတွေကို စာမသင်ကြဖို့၊ ဆရာဝန်၊ သူနာပြုစတဲ့ကျန်းမာ ရေးဝန်ထမ်းတွေလည်း ဆေးရုံတွေမှာ တာဝန်မထမ်းဆောင်ဖို့စတဲ့ အဖျက်မျိုးစုံရဲ့ မာရ်နတ်ရဲ့ အပေါင်းအပါတွေလို အမြော်အမြင်နည်းပါးစွာ ပြုမူခဲ့ကြခြင်းရဲ့ နောက်ဆက်တွဲ အကျိုး ရလဒ်တွေ ကို ပြည်သူက ခါးစည်းခံနေကြရတာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ခန်းတွေ တစ်နှစ်ပိတ်ပြီးခဲ့ချိန် ကျောင်းတွေပြန် အဖွင့်မှာ “ကျောင်းမတက်နဲ့ကျောင်းထွက်” ဆိုတဲ့ အသိ ဉာဏ်မဲ့သွေးထိုးမှုနောက် လိုက်ပါစီးမျောရင်း ဘဝ တိုးတက်လမ်းတွေ ပိတ်ဆို့ခဲ့ရတဲ့ကျောင်းသား ကျောင်းသူတွေ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကြောင့် ကျောင်းနားခဲ့ရတဲ့ကလေးတွေ၊ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် အသက်ပေးလိုက်ရတဲ့ ဆရာကြီး ဆရာမကြီးတွေစသည်ဖြင့် တိုင်းပြည်ရဲ့ဆုံးရှုံးမှုက အလွန်ကိုကြီးမားလှပါတယ်။ တစ်ချိန်က ကျောင်းမတက်ဖို့ မြှောက်ထိုးပင့်ကော် ပြောဆိုနေကြသူ တိုင်းပြည်သစ္စာဖောက်အချို့ နိုင်ငံပြင်ပမှာ သားသမီးမြေးမြစ်တွေကို စာသင်ကျောင်း ဆီပျော်ပျော်ကြီး လိုက်ပို့နေချိန် ပြည်တွင်းနေရာ အချို့မှာတော့ သူတို့ရဲ့ ယုတ်မာပက်စက်တဲ့ လုပ်ရပ် တွေကြောင့် ကလေးတွေအတွက် စာသင်ကျောင်း တွေမရှိကြတော့ပါဘူး။

ပညာသင်ယူခြင်းဆိုတာ လူသားတိုင်းရဲ့ အခြေခံလူ့အခွင့်အရေးဖြစ်

နိုင်ငံတစ်နိုင်ငံမှာ ပညာသင်ကြားရေးကဏ္ဍ အားနည်းယိမ်းယိုင်ခဲ့မယ်ဆိုရင် နောင်မျိုးဆက်သုံး၊ လေးဆက်အထိ ပြန်လည်နာလန်ထူဖို့ခက်ခဲနိုင်တယ်လို့ ပညာရေးသုတေသီတွေက ဆိုထားခဲ့ပါတယ်။ ပညာသင်ယူခြင်းဆိုတာ လူသားတိုင်းရဲ့ အခြေခံ လူ့အခွင့်အရေးဖြစ်သလို နိုင်ငံအတွက်တင်သာမက လူ့ဘောင်လောကကြီးတစ်ခုလုံး သာယာဝပြောဖို့အတွက် အရေးကြီးဆုံးအရာတစ်ခုလည်းဖြစ် ပါတယ်။

ဒါပေမယ့် ယနေ့အချိန်အထိ အသိတရားမရတဲ့ တိုင်းပြည်သစ္စာဖောက် အကြမ်းဖက်သမားတွေက ကျောင်းဆရာ ဆရာမတွေကို ဖမ်းဆီးညှင်းပန်း သတ်ဖြတ်တဲ့အထိ အသိဉာဏ်မဲ့စွာ လုပ်ဆောင်နေပါတယ်။ ကျောင်းသားကျောင်းသူတွေကို ပညာအလင်း ဉာဏ်မျက်စိဖွင့်ပေးနေတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာကိုသာ ကိုင်ဆောင်ထားတဲ့ ဆရာ ဆရာမတွေကို လက်နက်ကိုင်အကြမ်းဖက်သမားတွေက စစ်ရေးပစ်မှတ်လို သဘောထားပြီး လူမဆန်စွာနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို ကြားသိရတာ စိတ်နှလုံးကြေကွဲဖွယ်ရာလည်း ဖြစ်ပါတယ်။ အခုလို ဆရာ ဆရာမတွေကိုသတ်ဖြတ်တာ၊ ကျောင်းတွေမဖွင့်ရဲအောင် အကျပ်ကိုင်ခြိမ်းခြောက်တာ၊ ကျောင်းသားလူငယ်တွေကို ကျောင်းမတက်ဖို့ ခြိမ်းခြောက်တာ တွေနဲ့ ကျောင်းတွေပတ်ဝန်းကျင်မှာ မိုင်းခွဲ၊ ဗုံးထောင်စတဲ့ ဖြစ်ရပ်မှန်တွေကို နိုင်ငံတော်က သတင်းတွေထုတ်ပြန်ပေးနေပေမယ့် လူ့အခွင့် အရေးလို့ တွင်တွင်အော်နေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကလည်း ရေငုံနှုတ်ပိတ်နေရက်ကြတာ မြင်ရတော့ အတော်လေးအံ့အားသင့်စရာပါ။

မိုးဦးလေဦး ပညာသစ်နှစ်အစမှာတင် PDF အမည်ခံ အကြမ်းဖက်သမားတွေက ဆရာမနှစ်ဦးနဲ့ ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ကြပါတယ်။ အကြောင်းကတော့ ကျောင်းဖွင့်ခြင်း၊ စာသင်ခြင်းကြောင့်ပါတဲ့။ ဖြစ်စဉ်က နတ်မောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့ပြီး နေအိမ်ကို လာရောက်ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်ခတ်၊ ဓားနဲ့ ခုတ်သတ်ဖြတ်ပစ်ခဲ့တာပါ။ ထို့အတူ ဆရာ ဆရာမတွေ ဖမ်းဆီး‌ခေါ်ဆောင်ခြင်းနဲ့ ကျောင်းသား ကျောင်းသူတွေကို ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်းဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဇွန် ၆ ရက်အထိ PDF တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် အသက်ဆုံးရှုံးရသူ ပညာ ရေးဝန်ထမ်း ၈၀ အထိ ရှိခဲ့ပါတယ်။

ကျောင်းဖွင့်ချိန်ရောက်တိုင်း တိုင်းပြည်သစ္စာဖောက်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ CRPH, NUG နဲ့ လက်ဝေခံ နောက်လိုက်နောက်ပါတစ်သိုက်ရော၊ တိုင်းပြည်မတည်ငြိမ်ချိန် တောကြောင်တွေလိုပေါ်လာတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေက ကျောင်းမတက်ဖို့နဲ့ ကျောင်းမဖွင့်နိုင်ဖို့နဲ့ နိုင်ငံ့ဝန်ထမ်းတွေ စိတ်ဓာတ်ယိမ်းယိုင်စေဖို့ နည်းအမျိုးမျိုးနဲ့ ကြေညာချက်တွေ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီနှစ်မှာလည်း ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဖြင့် နိုင်ငံနဲ့ပြည်သူအကျိုးထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို တရားစွဲမယ်လို့ ကယောင်ကတမ်းကြေညာခဲ့ပါသေးတယ်။ သူတို့တားမြစ် ခြိမ်းခြောက်မှုဟာ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသအချို့မှာသာ အနည်းငယ်သက်ရောက်မှုရှိပြီး တစ်နိုင်ငံလုံးက ကျောင်းတွေကတော့ အေးချမ်းစွာဖွင့်လှစ်သင်ကြားနေပါပြီ။

တိုင်းပြည်သစ္စာဖောက်တွေရဲ့ မှိုင်းမိခဲ့ရလို့ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ ဘဝပျက်ခဲ့ရသူတွေ၊ ဝန်ထမ်းဘဝမှထွက်လို့ တစ်ဝမ်းတစ်ခါးအတွက် ဘဝသစ်ပြန်စကြရသူတွေ၊ အခြေခံပညာဆုံးခန်းမ တိုင်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးမှာ စိန်ခေါ်မှုတွေနဲ့ ကြုံနေရသူတွေ၊ လမ်းမှားကို လျှောက်ရင်းနောက်ပြန်လှည့်မရသူတွေကလည်း အဓိပ္ပာယ်မရှိတဲ့၊ လမ်းမှန်ကမ်းမှန်မဟုတ်တဲ့ ရောက်တတ်ရာရာ ကြေညာချက်တွေကို ရွံရှာ မုန်းတီးလောက်ပြီထင်ပါတယ်။

မိမိတို့နိုင်ငံဟာ မြင်ရတဲ့အကြမ်းဖက်သမားရန်အပြင် မမြင်ရတဲ့ရန်သူဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါ၊ ရှောင်လွဲလို့မရတဲ့ သဘာဝရေဘေးနဲ့ ငလျင်ဘေးတွေကိုလည်း ခါးစည်းခံခဲ့ရပါသေးတယ်။ ရေဘေး၊ မြေပြိုဘေးတွေကြောင့် ပြိုလဲပျက်စီးသွားခဲ့ရတဲ့ စာသင်ကျောင်းတွေ အသစ်ပြုပြင်မွမ်းမံလို့မှ မဆုံးသေးခင်မှာပဲ တစ်ကမ္ဘာလုံးက အံ့အားသင့်ခဲ့ရတဲ့ ပြင်းထန်တဲ့မန္တလေးငလျင်ကြီးလည်း လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဘေးကြောင့် ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုများစွာအနက် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ မီးသင့်ခဲ့ရတဲ့အတွက် ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ပြန်လည်ပြင်ဆင်လေ့ကျင့်မှု တွေကို နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုအချိန်မှာ ကျောင်းသား ကျောင်းသူတွေဟာ မြတ်သောဆရာ ဆရာမတွေရဲ့ အနီးကပ်စခန်းသွင်း သင်ကြားပေးမှုကြောင့် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုခြင်းတွေကို ငလျင်ဘေးသင့်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၄ ရက်အထိ သတင်းထုတ်ပြန်ချက်တွေအရ ယခုစတင်ဖွင့်လှစ်လိုက်တဲ့ အခြေခံပညာကျောင်းတွေရဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ရဲ့ ကျောင်းတက်သူဦးရေက စုစုပေါင်း ၆၁ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ အတိအကျအားဖြင့် ၆၁၁၉၂၆၀ ရှိပါတယ်။ မနှစ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီမှာ အခြေခံပညာ ကျောင်းတွေကို တက်ရောက်သူဦးရေက ၆၄၁၄၇၉၉ ဦး တက်ရောက်ခဲ့တဲ့အတွက် မနှစ်က ကျောင်းတက် ရောက်မှုနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၄ ဒသမ ၆ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာကို မြင်တွေ့ရပါတယ်။

မိမိတို့နိုင်ငံဟာ အသစ်အသစ်‌သော တိုးတက်မှုတွေကိုရရှိအောင် ကြိုးစားရုန်းကန်နေရတာနဲ့အတူ သဘာဝတရား၊ လူသားတို့ရဲ့ ဖျက်ဆီးမှုတွေပါ ခါးစည်းခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ပညာရေးကဏ္ဍ မှာ ကျောင်းတွေအဆင့်မြှင့်တင်တာ၊ သင်ရိုးစနစ် ပြင်ဆင်ရေးဆွဲတာ၊ စာသင်ကျောင်းတွေ တိုးချဲ့တည်ဆောက်တာ၊ အခမဲ့ပညာရေးအကောင်အထည် ဖော်တာတွေဟာ သဘာဝတရားကြောင့် ပျက်စီး ယိုယွင်းရတာရှိသလို အသိဉာဏ်နည်းပါးတဲ့ လူမဆန်သူ အကြမ်းဖက်သမားတွေကြောင့်လည်း တည်ဆောက်ရင်း ပျက်စီးရင်း၊ ပြန်လည်ထူထောင်ရင်း ပြိုလဲရင်းဖြင့် အနာဂတ်ပန်းတိုင်ရည်မှန်းချက် သွားရာလမ်းက ကြမ်းတမ်းလွန်းလှပါတယ်။ အခုလို ကျောင်းအပ်ရာသီမှာ ယမန်နှစ်ကထက် ကျောင်းတက်သူဦးရေ လျော့ကျမှုဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်တို့ အားဖြည့်ရေး မှာ များစွာထိခိုက်နစ်နာမှုပဲ ဖြစ်ပါတယ်။

ဒီနှစ်မှာလည်း ယမန်နှစ်တွေလို ကလေးတွေကို ကျောင်းအပ်နှံတဲ့အခါ သင်ရိုးညွှန်းတမ်းစာအုပ်တွေ၊ ဗလာစာအုပ်‌တွေနဲ့ စာရေးကိရိယာတွေ အခမဲ့ထုတ်ပေးတာကို မြင်တွေ့ရပြီး KG နဲ့ မူလတန်းကျောင်းသား‌ ကျောင်းသူတွေကို ကျောင်းဝတ်စုံတွေလည်း အခမဲ့ပေးအပ်ခဲ့တာကို မြင်တွေ့ရပါတယ်။ ဒါ့အပြင် ကျောင်းစာသင်ခန်းတွေ စနစ်တကျ သက်သောင့်သက်သာရှိဖို့၊ ကျောင်းတွင်းသာယာလှပဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာပညာ သင်ကြားနိုင် ကြဖို့ တာဝန်ရှိသူတွေက အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေတာကိုလည်း မြင်တွေ့ကြားသိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ် နောက်ကျတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း အခြေခံပညာကျောင်းတွေမှာ ဆက်လက်ပြီး ကျောင်းအပ်လက်ခံပေးလျက်ရှိပါတယ်။

ပြည်သူတစ်ရပ်လုံး ကလေးတွေစာသင်ခန်းသို့ ပြန်လည်ဝင်ရောက်စေ

ဒါကြောင့် မိဘတွေအနေနဲ့လည်း မိမိတို့ သားသမီးတွေကို စာသင်ကျောင်းကိုရောက်အောင် ပို့ဆောင်ပေးကြဖို့လိုအပ်သလို ပြည်သူတစ်ရပ်လုံး ကလည်း ကလေးတွေရဲ့ ပညာသင်ယူခွင့်ကို အလေးဂရုထားပြီး မိမိတို့ရပ်ရွာဝန်းကျင်မှာရှိတဲ့ ကလေးတွေစာသင်ခန်းသို့ ပြန်လည်ဝင်ရောက်ကြစေရေး ပူးပေါင်းဆောင်ရွက်ကြဖို့ တာဝန်ရှိပါတယ်။ ထို့အတူ ကလေးတွေရဲ့ ပညာသင်ယူခွင့်ကို နှောင့်ယှက်ဟန့်တား၊ ဖျက်ဆီးအကျပ်ကိုင်နေကြတဲ့ ယုတ်မာသူလူတစ်စုကို ဝိုင်းဝန်းရှုတ်ချပေးဖို့ လိုအပ်သလို ကလေးတွေနဲ့ ဆရာ ဆရာမတွေကိုလည်း ပညာသင်ယူခွင့်၊ သင်ကြားခွင့်ရရှိစေဖို့ မိမိတတ်စွမ်းသမျှ ကူညီပေးကြဖို့ တိုက်တွန်းလို ပါတယ်။

အတိတ် မှန်သမျှ ပစ္စုပ္ပန်အတွက် သင်ခန်းစာ ကောင်းတွေပဲဖြစ်ပါတယ်။ မိမိတို့ ပြည်သူတွေ အားလုံး ခါးသီးတဲ့ အခိုက်အတန့်တွေကို ကြုံခဲ့ကြရ ပေမယ့် မီးလျှံပြာပုံကြားက တောက်ပခြင်းတွေနဲ့ ပြန်လည်ရှင်သန်နိုးထနိုင်တဲ့ ဇာမဏီငှက်လို ပြန်လည်ရှင်သန်နိုးထကြဖို့ အချိန်ရောက်ရှိနေပါပြီ။ ပိုမိုကောင်းမွန်တဲ့ မြန်မာ့လူ့ဘောင်ကိုတည်ဆောက် ရာမှာ ပညာတတ်မြောက်ရေးဟာ အလိုအပ်ဆုံးသော အုတ်မြစ်ဖြစ်တာကြောင့် စာသင်ကျောင်းတွေ ခေါင်းလောင်းသံမစဲစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ခြင်းနဲ့အတူ နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုး၊ အနာဂတ်မျိုးဆက်သစ်တွေ အကျိုးကို ပျက်ပြားစေတဲ့ အကြမ်းဖက်သမားအားလုံးရဲ့ အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နိုင်ငံတော်အစိုးရနဲ့အတူ ပြတ်ပြတ်သားသားတိုက်ဖျက်ချေမှုန်း ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတော့တယ်။ ။

MOI

သွန်းဆက်

အရေးပါသည့်    ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို   တရားဝင်နှင့်တရားမဝင် အသုံးပြုခြင်း များ

Caffeine (ကေဖင်း) C8H10N4O2သည် အဖြူရောင်ကဲ့သို့ ပုံဆောင်ခဲအမှုန့်ဖြစ်ပြီး လက်ဖက်၊ ကော်ဖီစေ့နှင့် ကိုလာစေ့များတွင်ပါရှိသည့်  အဲလ်ကာလွိုက်တစ်မျိုးဖြစ်၍ ရေတွင်ပျော်ဝင်လွယ်သည်။   အစပြုသည့်ပရီကာဆာမဟုတ်သောဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ သွေးကြောများကျယ်၍လန်းဆန်းစေသောအာနိသင်အနည်းငယ်ရှိသည်။စိတ်ရွှင်လန်းပြီး အားအင်ပြည့်ဖြိုးရန်အတွက် အချို့သောလစ်ပိုဗီတန်၊ ကျွဲရိုင်း၊ လစ်ပိုနှင့် အချို့သောကော်ဖီမှုန့်များတွင်လည်း အသုံးပြုသည်။ Amphetamine၊  Methamphe-tamine နှင့် MDMA(Ecstacy)တို့ကို အခြားပရီကာဆာဓာတုပစ္စည်းဖြင့် ထုတ်လုပ်ရရှိပြီးနောက် အားမြှင့်ပေးသည့်ဓာတုပစ္စည်းဖြစ်သည်။ ဆေးဝါးများတွင် ရောစပ်သုံးစွဲကြသည်။ကမ္ဘာအနှံ့  တွင်ကျယ်စွာသုံးစွဲနေသည့် မူးယစ်ဆေးဝါးဖြစ်သည့် Amphe-tamine (WY ဆေးပြား)တစ်ပြားတွင်  Caffeine ပမာဏ 70 mg  မှ 100 mg  ထိပါပြီး  Amphetamine ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိပါဝင်ကြောင်းသိရသည်။

Red Phosphrous (Red-P) (အနီရောင်ဖော့စဖရပ်စ်) P4 (chain)ကို အီလက်ထရွန်နစ်အလွှာများ၊ ပိုလီမာများအတွက် မီးမလောင်စေသောအလွှာများတွင်လည်း ဘေးကင်းရေး မီးခြစ်ဆံများ၊ မီးပုံးပျံများ၊  လောင်မီးခွံများ၊ မီးခိုးဗုံးများ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာတွင်သုံးသည်။ အက်စစ်မှကလိုရိုက်သို့ပြောင်းလဲရာတွင် ကလိုရင်းသွင်းဓာတ်ပြုခြင်း၊ ဓာတ်တိုးခြင်းပြုလုပ်ရာတွင် တရားဝင်အသုံးပြုပြီး Metham-phetamine  ထုတ်လုပ်ရာတွင်  ဟိုက်ဒြောလစ်အက်စစ်နှင့် ဓာတ်လျှော့ရာတွင် ဓာတ်ပြုပစ္စည်းအဖြစ် တရားမဝင်အသုံးပြုသည်။Methylamine (မီသိုင်းလမင်း)သည် အမိုးနီးယားအနံ့ရှိသည့်  အရောင်မဲ့ဓာတ်ငွေ့ဖြစ်ပြီးအလွန်မီးလောင်လွယ်ကာအဆိပ်သင့်စေနိုင်သည်။ 

ယင်းသည် ရေ၊ အရက်နှင့်အီသာတွင် ပျော်ဝင်ပြီး ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ မှိုသတ်ဆေးများကဲ့သို့ စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများ၊ ဆေးဝါးထုတ်လုပ်ရေး၊ ရေသန့်စင်ရေး၊ အစားအသောက်ထိတွေ့ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများ၊ Sur-factants နှင့် Accelerator အပါအဝင် အခြားစက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းအမျိုးမျိုးအတွက် အခြေခံအဖြစ်အသုံးပြုသည့်  အလယ်အလတ်ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ သားရေအရောင်ဆိုးခြင်း၊ ဆေးဆိုးခြင်းနှင့်ဆေးသုတ်ခြင်းလုပ်ငန်းများအပြင် လောင်စာဆီထုတ်လုပ်ခြင်းလုပ်ငန်းများတွင်လည်း အသုံးများသည်။

Ammonium Chloride (အမိုနီယမ်ကလိုရိုက်) NH4Cl သည် တိုင်းရင်း/ပရဆေးတွင်ဇဝက်သာဟုခေါ်သည့်အဖြူရောင်ပုံဆောင်ခဲဒြပ်ပေါင်းတစ်ခုဖြစ်သည်။  ဇဝက်သာသည်  ရေထဲ၌ ကောင်းစွာပျော်ဝင်နိုင်ပြီး ရေတွင်စူးရှသောအနံ့ကိုဖြစ်စေနိုင်သည့်အပြင် ရေတွင်အက်စစ်ဓာတ်အနည်းငယ်ရနိုင်သည်။

ဇဝက်သာကို  ဆေးဝါး(အထူးသဖြင့် ချောင်းဆိုးပျောက်ဆေး)တွင် ဆီးချဆေးအဖြစ်လည်းကောင်း၊ အထပ်သားကိုချည်နှောင်ရာ၌  အထောက်အကူဖြစ်စေသောကော်တွင်လည်းကောင်း၊   Aqueous Solutions များ၊  Lechanche  Cell  များတွင်လည်းကောင်း၊ မုန့်လုပ်ရာတွင် တဆေး(Yeast)ကို  အာဟာရပစ္စည်းအဖြစ် အစာဖြည့်စွက်ပစ္စည်းများ (Food Additives)တွင်လည်းကောင်း အသုံးပြုသည်။

Sodium Acetate (ဆိုဒီယမ်အစီတိတ်) C2H3NaO2 သည် ရေတွင်အလွန်ပျော်ဝင်သော  Hygroscopic အမှုန့်ဖြစ်သည်။ ဆိုဒီယမ်အစီတိတ်ကို ဆိုဒီယမ်အိုင်းယွန်း၏ရင်းမြစ်တစ်ခုအဖြစ်  Dialysis အတွက်လည်းကောင်း၊ အထည်အလိပ်လုပ်ငန်းတွင် Aniline ဆိုးဆေးအဖြစ်လည်းကောင်း၊ Chrome Tanning တွင် Pickling Agent အဖြစ်လည်းကောင်း၊ ကွန်ကရစ်အလွှာ(Concrete Sealant) တစ်ခုအဖြစ်လည်းကောင်း၊ အစားအစာများတွင်  ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ pH တန်ဖိုးဆက်တိုက်ထိန်းသိမ်းရန် ၎င်းကို Acetic Acid နှင့်အတူ ကြားခံ(Buffer)အဖြစ်လည်းကောင်း၊ အပူပေးအဖုံးများ၊ ရေခဲဘူးများနှင့်လက်ပူစက်များတွင်လည်းကောင်း၊ တည်ငြိမ်လျှပ်စစ်ဓာတ်ကိုဖယ်ရှားရာတွင်လည်းကောင်း အသုံးပြုသည်။  ဆေးပညာအရ   ဆိုဒီယမ်အစီတိတ်သည်  သွေးကြောသွင်းသည့်အခါတွင် Electrolyte အားဖြည့်ဆေးအဖြစ် အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

Lead Acetate (လိဒ်အစီတိတ်) Pb(C2H3O2)2 သည် အချိုအရသာရှိသည့်အဖြူရောင်ပုံဆောင်ခဲဒြပ်ပေါင်းဖြစ်သည်။ Lead Acetate ကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်(Hydrogen Peroxide)နှင့် အက်စီတစ်အက်စစ်(Acetic Acid)တွင်ပွက်ပွက်ဆူအောင် တည်ခြင်းဖြင့်ပြုလုပ်နိုင်သည်။ ယင်းသည် အခြားခဲဓာတ်များကဲ့သို့ပင် ခဲဆိပ်သင့်နိုင်သည်။ ဓာတ်ခွဲခန်းသုံးဓာတုပစ္စည်းအဖြစ်လည်းကောင်း၊ အလှကုန်ပစ္စည်းများတွင်လည်းကောင်း၊  ရွှေတူး‌ဖော်ရာတွင်လည်းကောင်း၊ အထည်အလိပ်ပန်းရိုက်ခြင်းနှင့်ဆေးဆိုးခြင်းတို့တွင် ညီညာမျှတစေရန်လည်းကောင်း၊ အရောင်တင်ဆီနှင့်သုတ်ဆေးများတွင် အခြောက်ခံပစ္စည်းအဖြစ်လည်းကောင်း အသုံးပြုသည်။

Tartaric Acid (တာတာရစ်အက်စစ်)သည် C4H6O6 ရှိသော ကာဘောဇလစ်အက်စစ်ဖြစ်ပြီး အရောင်ကင်း၍ အလင်းပေါက်သည့်ပုံဆောင်ခဲအဖြူ Diprotic Aldaric Acid  ဖြစ်သည်။ ၎င်းကို 2,3-dihydroxy-succinic Acid သို့မဟုတ် Racemic Acid ဟုလည်းခေါ်သည်။ဝိုင်တွင်အရေးကြီးသော အက်စစ်ထဲမှတစ်ခုဖြစ်သည်။ Tartaric Acid သည် ငှက်ပျောသီး၊ စပျစ်သီးကဲ့သို့သော ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံအများအပြားတွင်တွေ့ရသော အော်ဂဲနစ်အက်စစ်ဖြစ်ပြီး ငှက်ပျောသီး၊ ဆစ်ထရပ်စ်(Citrus)နှင့် မန်ကျည်းသီးများတွင်လည်း တွေ့ရသည်။

Cosmetics၊ Food Additives ၊ Antioxidant၊ Fragrances အဖြစ်လည်းကောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်ရန်လည်းကောင်း၊ ဆေးဝါးနယ်ပယ်တွင်လည်းကောင်း၊  ခံတွင်းဆေးများ၏အရသာကိုမြှင့်တင်ရန်လည်းကောင်း၊ မဂ္ဂနီစီယမ်နှင့် ကယ်လစီယမ်ကဲ့သို့သော သတ္တုအိုင်းယွန်းများကို Chelate ပြုလုပ်ရန်လည်းကောင်း၊ အချဉ်အရသာရှိစေရန်   အစားအစာများတွင်လည်းကောင်း၊ အော့အန်စေရန်လည်းကောင်း၊  ငွေရောင်မှန်ပြုလုပ်ရာတွင်လည်းကောင်း၊ အထည်အလိပ်များကို ဆေးဆိုးရာတွင် ညီညာစေရန်လည်းကောင်း၊ သားရေကို ဆေးလိမ်းခြယ်ရာတွင်လည်းကောင်း၊ သကြားလုံးများတွင်လည်းကောင်း၊ Tartaric Acid  ကို ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်(Sodium Bicarbonate)နှင့်ရောစပ်ပါက မုန့်ဖုတ်အမှုန့်ရရှိပြီး မုန့်ဖုတ်ဆိုဒါနှင့် တဆေး (Yeast) အဖြစ်လည်းကောင်း၊ ၎င်း၏ခရင်မ်ပုံစံတွင် အစားအစာကိုတည်ငြိမ်စေသော Stabilizer အဖြစ်လည်းကောင်းအသုံးပြုနိုင်သည်။ Tartaric Acid ကို အများအပြားသုံးစွဲပါက လေဖြတ်ခြင်း သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်သည်။Sodium Cyanide (ဆိုဒီယမ်ဆိုင်ယာနိုက်) NaCN သည်   အဆိပ်ရှိသော ဒြပ်ပေါင်းတစ်ခုဖြစ်သည်။

အဖြူရောင်အခဲဖြစ်ပြီး ခါးသက်သောဗာဒံသီးအနံ့ရှိသည့်ရေတွင်ပျော်ဝင်နိုင်သော Sodium Cyanide ကိုအခိုးတိုက်/ပိုးသတ်မှိုင်းတိုက်ခြင်း၊ သတ္တုရည်စိမ်ခြင်း၊သတ္တုရိုင်းများမှရွှေငွေထုတ်ယူခြင်းအဆင့်နိမ့်သတ္တုရိုင်းကျောက်တွင်းများမှ အဖိုးတန်သတ္တုများထုတ်ယူရာတွင် Sodium Cyanide ကို အမြောက်အမြားအသုံးပြုသည်။ Cyanide သည် သတ္တုများနှင့်ဆက်စပ်မှုမြင့်မားသောကြောင့် ဆား၏အဆိပ်သင့်မှုမြင့်မားစေသည်။ဓာတုပစ္စည်းများထုတ်လုပ်ရာတွင် စီးပွားဖြစ်အသုံးပြုသည်။ အလွန်အဆိပ်သင့်သောကြောင့် Sodium Cyanide ကို ဇီဝဗေဒပညာရှင်များအသုံးပြုသော   အိုးများစုဆောင်းခြင်းနှင့်တရားမဝင်ငါးဖမ်းခြင်းကဲ့သို့ လျင်မြန်စွာဖမ်းဆီးရန်/ သတ်ရန်သို့မဟုတ် ထိတ်လန့်စေရန်အတွက် အသုံးပြုသည်။

ဆက်လက်ဖော်ပြပါမည်။

ဒေါက်တာလပြည့်ခင်

Drugs
-

အရေးပါသည့်ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို တရားဝင်နှင့် တရားမဝင် အသုံးပြုခြင်းများ Anthranilic Acid (အင်သရာနီလစ် အက်စစ်) C7H7NO2 သည် အဖြူရောင်၊ အဝါနုရောင်အမှုန့်၊ အခဲ၊ ပုံဆောင်ခဲဖြစ်ပြီး ချိုသောအရသာရှိသည်။ အရက် (Ethyl alcohol)၊ ရေပူနှင့်ရေအေးတို့တွင် ပျော်ဝင်သည်။ မျက်စိနှင့်အသက်ရှူလမ်းကြောင်းကို ထိခိုက်နိုင်သည်။ ဆိုးဆေးများ၊ ဆေးဝါးများနှင့် ရေမွှေးများ ထုတ်လုပ်ရာတွင် ဆက်စပ်အသုံးပြုသည်။ ငှက်များနှင့်ပိုးမွှားများ အန္တရာယ်မှ ကာကွယ်ဆေးများ၊ သန်ချဆေးများ ထုတ်လုပ်ရာတွင်လည်းသုံးသည်။ မက်သာကွာလုံး (Methaqualone)  (C16H14N2O)နှင့် မက်ကလိုကွာလုံး (Mecloqualone

အရေးပါသည့်ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို တရားဝင်နှင့် တရားမဝင် အသုံးပြုခြင်းများ Anthranilic Acid (အင်သရာနီလစ် အက်စစ်) C7H7NO2 သည် အဖြူရောင်၊ အဝါနုရောင်အမှုန့်၊ အခဲ၊ ပုံဆောင်ခဲဖြစ်ပြီး ချိုသောအရသာရှိသည်။ အရက် (Ethyl alcohol)၊ ရေပူနှင့်ရေအေးတို့တွင် ပျော်ဝင်သည်။ မျက်စိနှင့်အသက်ရှူလမ်းကြောင်းကို ထိခိုက်နိုင်သည်။ ဆိုးဆေးများ၊ ဆေးဝါးများနှင့် ရေမွှေးများ ထုတ်လုပ်ရာတွင် ဆက်စပ်အသုံးပြုသည်။ ငှက်များနှင့်ပိုးမွှားများ အန္တရာယ်မှ ကာကွယ်ဆေးများ၊ သန်ချဆေးများ ထုတ်လုပ်ရာတွင်လည်းသုံးသည်။ မက်သာကွာလုံး (Methaqualone)  (C16H14N2O)နှင့် မက်ကလိုကွာလုံး (Mecloqualone) (C15H11ClN2O) ထုတ်လုပ်ရာ၌ တရားမဝင် ဖန်တီး၍သုံးသည်။

Methaqualone(မက်သာကွာလုံး)နှင့် Mecloqualone (မက်ကလိုကွာလုံး)Methaqualone ၏ Trade Name မှာ Quaalude ဖြစ်ပြီး ယင်းသည် ဗဟိုအာရုံကြောစနစ်၏လုပ်ဆောင်ချက်ကိုနှောင့်နှေးစေပြီး စိတ်ပူပန်မှုကိုလျှော့ချပေးပြီး အိပ်စက်ခြင်းကို နှိမ့်ချပေးသည့် sedative တစ်မျိုးဖြစ်သည်။ Mandrax (Methaqualone)ကို ဆေးခြောက်နှင့်   ရောနှောအသုံးပြုခြင်းကို   တောင်အာဖရိကတွင်သာ အစီရင်ခံခဲ့ပြီး “White pipe”ဟုခေါ်သည်။ Methaqualone သည် Barbiturates နှင့် ဆင်တူသော ဆေးဝါးဗေဒဆိုင်ရာအာနိသင်များရှိသော စိတ်ငြိမ်ဆေး၊ စိတ်ညှို့ဆေးအဖြစ်   လုပ်ဆောင်ပေးကာ စိတ်ပူပန်မှုကိုသက်သာစေပြီး အိပ်ပျော်ခြင်းကိုမြှင့်တင်ပေးသည်။ Methaqualone ကို ၁၉၅၄ ခုနှစ်တွင် US စျေးကွက်၌ ဆေးခန်းတွင် မိတ်ဆက်ထားခဲ့သော်လည်း မြင့်မားသော အလွဲသုံးစားပြုမှု အလားအလာကြောင့် ၎င်းကို ၁၉၈၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ယနေ့ခေတ်တွင် အခြားဆေးဝါးများ မထိရောက်ပါက   ခွဲစိတ်မှုနှင့်ပတ်သက်သော   စိုးရိမ်ပူပန်မှု၊ စိတ်ငြိမ်ဆေးအတွက်နှင့် ခေါင်းကိုက်ခြင်းတို့အတွက် Barbiturates  ကိုအသုံးပြုသည်။ Mecloqualone (Nubarene, Casfen)သည် ၁၉၆၀ ပြည့်နှစ်တွင် ပထမဆုံးထုတ်လုပ်ခဲ့သော Methaqualone ၏ Analogue တစ်ခုဖြစ်ပြီး ပြင်သစ်နှင့်အခြားဥရောပနိုင်ငံအချို့တွင် အဓိကအားဖြင့် စျေးကွက်တင်ခဲ့သည်။ ၎င်းတွင် စိတ်ငြိမ်ဆေး၊ စိတ်ညှို့ဓာတ်နှင့် စိတ်အားထက်သန်သောဂုဏ်သတ္တိများပါရှိပြီး အိပ်မပျော်ခြင်းကို ကုသရာတွင်အသုံးပြုသည်။ Mecloqualone သည် Methaqualone  ထက်  ပိုတိုသော်လည်း တာရှည်ခံနိုင်သောကြောင့်  အိပ်ဆေးအဖြစ်သာ အသုံးပြုခဲ့သည်၊၊ Mecloqualone ကို Methaqualone ကဲ့သို့ တွင်ကျယ်စွာအသုံးမချတော့ဘဲ အလွဲသုံးစားလုပ်မှုနှင့် ဆေးလွန်ကဲမှုဖြစ်နိုင်ခြေကို စိုးရိမ်မှုများကြောင့် သတ်မှတ်ခြင်းမရှိတော့ပါ။

Ethyl Ether (အီသိုင်းလ်အီသာ) (CH3CH2)2O ကို  ဒိုင်အီသိုင်းလ်အီသာ(Diethyl Ether) ဟုလည်းခေါ်ပြီး အတိုကောက်အားဖြင့်  Ether ဟုလည်းခေါ်သည်။ အရည်သွက်၍ အငွေ့ပြန်နိုင်ပြီး အလွန်မီးလောင်လွယ်သည်။ ချိုအီစူးရှသည့်အနံ့ရှိသည်။ Peroxide များနှင့်ရောနှော၍ လေ၊ အလင်းရောင်တို့နှင့်ဓာတ်ပြုပြီး ပေါက်ကွဲမှုဖြစ်စေနိုင်သည်။ ဓာတ်ခွဲခန်းသုံးနှင့်ဓာတုဗေဒလုပ်ငန်းသုံး ဓာတုဆေးရည်များနှင့် ဆေးဝါးများထုတ်လုပ်ရာ၌လည်းကောင်း၊ ဆေးခြောက် စမ်းသပ်ရာ၌ လည်းကောင်း၊ အဆိပ်အတောက်များဓာတ်ခွဲစမ်းသပ်ရာ၌ လည်းကောင်း၊ တိရစ္ဆာန်အဆီ၊ အခြားအဆီများ၊  ဖယောင်းများ၊ အဆီခဲများ၊   သစ်ဆေးများထုတ်လုပ်ရာ၌လည်းကောင်း၊ သတ္တုပစ္စည်းများ၊ ပလတ်စတစ်ပစ္စည်းများ၊ ရေမွှေးများ၊ အမွှေးနံ့သာများ၊  အများသုံးထုံဆေး၊ မေ့ဆေးများထုတ်လုပ်ရာ၌လည်းကောင်း၊ ပေါက်ကွဲစေသောဒြပ်ပေါင်းများနှင့်ခဲယမ်းများ ထုတ်လုပ်ရာ၌လည်းကောင်း အသုံးပြုသည်။ အထူးသဖြင့် Cellulose Acetate ကဲ့သို့သော Cellulose ပလတ်စတစ်များထုတ်လုပ်ရာတွင် ဓာတုပစ္စည်းအဖြစ် အသုံးများသည်။ ဓာတ်ခွဲခန်းများတွင် ဓာတုပစ္စည်းအဖြစ်နှင့် အချို့အင်ဂျင်များအတွက် စတင်ရည်အဖြစ် အသုံးများသည်။ Halothane ကဲ့သို့သော မီးလောင်လွယ်သောဆေးဝါးများမတီထွင်မီ   ၎င်းကိုယေဘုယျထုံဆေးအဖြစ် အသုံးပြုခဲ့သည်။ မူးယစ်ခြင်းကိုဖြစ်စေရန်အတွက် အပန်းဖြေဆေးအဖြစ် အသုံးပြုထားသည်။

Hydrochloric  Acid  (ဟိုက်ဒရိုကလိုရစ်အက်စစ်) HCL စူးရှသောအနံ့ရှိသည့် ကြည်လင်သော အဝါဖျော့ရောင်အရည်ဖြစ်ပြီး ယင်းကို ဟိုက်ဒရိုကလိုရိုက်(Hydrochloride)နှင့် ကလိုရိုက်(Chloride) ဆားများ၊ Organic ပစ္စည်းဖြင့်ဖန်တီးသောဓာတ်ဆားရည်များနှင့်အခြေခံဓာတ်ပြယ်ခြင်းစနစ်တွင် ဓာတ်ကူပစ္စည်းကဲ့သို့အရာများ (Chloride နှင့် Hydrochloride ဆားများ)၏ဓာတ်ပြုမှုတွင် ဓာတ်ပြယ်ပစ္စည်းအဖြစ်လည်းကောင်း၊ ဓာတုဆေးရည်အဖြစ်လည်းကောင်း၊ သတ္တုသန့်စင်ရာတွင် လည်းကောင်း အသုံးပြုသည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများဖြစ်သည့် Heroin ၊ Cocaine ၊ Hydrochloride ၊  Ephetamine ၊ Phency-clidine (PCP)၊ Phantanine နှင့် ၎င်း၏ဓာတ်ပေါင်းများ၊  Methaqualone ၊ Mecloqualone၊ Maxclean၊ L.S.D၊ Cylocine၊   Diethyltritamine (DET)နှင့် PEPAP များ ထုတ်လုပ်ရာ၌ တရားမဝင်အသုံးပြုသည်။

Methyl Ethyl Ketone (MEK) (မီသိုင်းလ်အီသိုင်းလ်ကီတုန်း)ကို  ဗျူတာနုန်း (Butanone) (C8H8O) ဟုလည်းခေါ်သည်။   စူးရှသောမွှေးရနံ့နှင့်အရောင်မဲ့အရည်ဖြစ်သည်။  သဘာဝထုတ်ကုန်တစ်မျိုး ဖြစ်သည့် သစ်ပင်တချို့မှထုတ်လုပ်ထားခြင်းဖြစ်ပြီး   အသီးအရွက်နှင့် အသီးအနှံတို့တွင် အနည်းငယ်သာ တွေ့ရသည်။ ၎င်းကို ကား၊ ထရပ်ကားအိတ်ဇောများမှလည်း လေထဲသို့ ထုတ်လွှတ်သည်။  MEK ကို  ကော်များ၊  သန့်စင်ရည်များ၊ အရောင်တင်ပစ္စည်းများ၊ အဆီအခဲများ၊  အရည်ပျော်စေသောပစ္စည်းများနှင့်  အခိုးမဲ့ပေါင်ဒါများထုတ်လုပ်ရာတွင် အသုံးများသော ဓာတုဆေးရည်ဖြစ်သည်။ ကိုကင်းဘေ့စ်(Cocaine Base)နှင့် ကိုကင်းဟိုက်ဒရိုကလိုရိုက်(Cocaine Hydrochloride)သို့ ပြောင်းလဲရာတွင် အသုံးပြုသော ဓာတုဆေးရည်ဖြစ်သည်။

Phenylacetic   Acid  (ဖီနိုင်းလ်အက်စီတစ်အက်စစ်) C8H8O2 သည် ရှည်မျောမျောအပြားငယ် အမှုန့်များဖြစ်သည်။ မင်သော်(Menthol)နှင့်ဆင်တူပြီး ရေတွင်အနည်းငယ်သာပျော်ဝင်၍  Ether Alcohol နှင့်ရေပူတွင်ပျော်ဝင်နိုင်သည်။ စားသောက်မိပါက အဆိပ်ဖြစ်ပြီး  အပူ သို့မဟုတ် မီးနှင့်တွေ့ပါက မီးလောင်တတ်သည်။  ဓာတုပစ္စည်းစက်ရုံနှင့်ဆေးဝါးစက်ရုံများတွင် Phenyl Acetate Ester၊ Ephetamine နှင့် ၎င်း၏ဘေးထွက်ပစ္စည်းများ ထုတ်လုပ်သည်။ ပင်နီဆီလင်ပေါင်းစပ် ထုတ်လုပ်သည်။ အမွှေးနံ့သာပစ္စည်းများနှင့်ရေမွှေးများ၊  သန့်စင်သောဓာတုဆေးရည်များတွင် ပေါင်းစပ်ထုတ်လုပ်ရာ၌လည်းသုံးသည်။

Piperidine  (ပိုင်ပါရီဒင်း)  C5H11N သည် အရောင်မဲ့ သို့မဟုတ် အဝါနုရောင်ဖြစ်ပြီး ဆပ်ပြာရည်နှင့်ဆင်တူသည်။  Chloroform၊ Benzene နှင့် Ether တို့တွင်ပျော်ဝင်သည်။ မီးလောင်လွယ်ပြီး အရေပြားကိုလောင်စေနိုင်သည်။ ဓာတုဗေဒစက်ရုံ၊ ဆေးဝါးစက်ရုံနှင့် ဓာတ်ခွဲခန်းများတွင် ပျော်ရည်နှင့်ဓာတ်ပြုပစ္စည်းအဖြစ်အသုံးများသကဲ့သို့ အနံ့ရှိသောပုံဆောင်ခဲများ၊ ရော်ဘာပစ္စည်းများနှင့်  ပလတ်စတစ်များထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်။ မက်သာမက်ဖက်တမင်း (Methamphe-tamine)၊  Phencyclidine (PCP) နှင့် Tenocylidine (TCP)များ ထုတ်လုပ်ရာ၌ တရားမဝင် အသုံးပြုသည်။

Phencyclidine (PCP) 

PCP သည် အရက် သို့မဟုတ် ရေတွင်ပျော်ဝင်နိုင်သော အဖြူရောင်အမှုန့်အဖြစ်များသောအားဖြင့် ထွက်လာသော တရားမဝင်လမ်းဘေးဆေး(Street Drug)ဖြစ်သည်။ အမှုန့် သို့မဟုတ် အရည်အဖြစ် ဝယ်နိုင်သည်။ အရည်များတွင် လျင်မြန်စွာပျော်ဝင်သော်လည်း ထူးခြားပြီး ခါးသက်သောဓာတုအရသာရှိသည့် ဓာတုဆေးတစ်မျိုးဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်များက မေ့ဆေးအဖြစ်အသုံးပြုခဲ့ပြီး  လူနာများ တုန်လှုပ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းနှင့်သုံးစွဲရန်အဆင်မပြေခြင်းတို့ကြောင့် ရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ  တိရစ္ဆာန်အကောင်ကြီးများ ငြိမ်သက်စေရန် မေ့ဆေးအဖြစ်သုံးသည်။   PCP သည်  စိတ်ငြိမ်ဆေးအာနိသင်ရှိနိုင်သည်။   အယ်လ်ကိုဟော သို့မဟုတ် စိတ်ကျဆေးများကဲ့သို့ အခြားသောစိတ်ငြိမ်ဆေးများနှင့်ရောစပ်ပါက သုံးစွဲသူကိုမေ့မြောသွားစေနိုင်သည်အထိ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသောနောက်ဆက်တွဲများကိုဖြစ်စေနိုင်သည်။ ControlledSubstances Act အရ Schedule II အရာဝတ္ထုတစ်ခုဖြစ်သည်။ ကိုကင်း(Cocaine)နှင့် စိတ်ကြွဆေးများ (Methamphetamine) ပါဝင်သော Schedule II မူးယစ်ဆေးဝါးများသည်  အလွဲသုံးစားလုပ်ရန်  အလားအလာမြင့်မားသည်။ ဤဆေးဝါးများကိုအလွဲသုံးစားလုပ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ (Psycological) သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ(Physical) အားကိုးအားထားပြုခြင်းသို့ ဦးတည်သွားစေနိုင်သည်။ PCP ကို နှာခေါင်းမှတစ်ဆင့် ရှူသွင်းခြင်း (နှာစေးခြင်း)၊ သွေးပြန်ကြောထဲသို့ ထိုးသွင်းခြင်း(သေနတ်ပစ်ခြင်း)၊ သောက်ခြင်း၊ မျိုချခြင်း စသည်ဖြင့် မတူညီသောနည်းလမ်းများဖြင့် အသုံးပြုနိုင်သည်။

Potassium Permanganate (ပိုတက်စီယမ်ပါမင်းဂနိတ်) KMnO4 သည် စိုစွတ်သော အခြေအနေတွင် အနံ့မရှိသောခရမ်းရောင် (သို့) အနက်ရောင်နီးပါးရှိသော ပုံဆောင်ခဲ (သို့) အမှုန့် ဖြစ်သည်။ ပိုတက်စီယမ်ပါမင်းဂနိတ်သည် ပိုးသတ်ဆေး၊ အနံ့ဆိုးထွက်ခြင်းနှင့် ယားယံခြင်းဂုဏ်သတ္တိများပါရှိသော    ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သည်။ ၎င်း၏ဘုံအမည်မှာ Condy’s crystals ဖြစ်ပြီး ယင်းကို ဓာတုဗေဒလုပ်ငန်းတွင် ဓာတ်ခွဲဖန်တီးထုတ်လုပ်သော Organic Material  နှင့် ဓာတ်ခွဲခြင်းဆိုင်ရာများတွင်  ပြင်းထန်သောဓာတ်တိုးအေးဂျင့်အဖြစ်လည်းကောင်း၊ အနာများကိုသန့်ရှင်းစေရန်နှင့်  အထွေထွေပိုးသတ်ဆေးအဖြစ်လည်းကောင်း၊ နှင်းခူရောဂါ၊ အရေပြားခြောက်သွေ့ရောဂါနှင့်အရေပြားရောင်ရမ်းခြင်းအတွက် အရေးကြီးသော ဓာတ်ပြုပစ္စည်းများဖြစ်သည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့်  ထိန်းချုပ် ဓာတုပစ္စည်းများကုန်သွယ်မှု၊ အသုံးပြုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများ   အပိုင်း(၃)
-

ယမန်နေ့မှအဆက်

MDMA Tablet များကို “Adam”၊ “Batman”၊ “Bibs”၊ “Blue Kisses” ၊ “Blue Nile”၊ “Charity” ၊ “Clearity” ၊ “Debs”၊ “Decadence” အစရှိသော အမည်အမျိုးမျိုးဖြင့် ရောင်းချခဲ့ကြသည်။ အနောက်နိုင်ငံများတွင် လူငယ်လူရွယ်များကြား၌ ရေပန်းစားတွင်ကျယ်စွာရှိနေသေးပြီး  Dancer အကအဖွဲ့ အခင်းအကျင်းများတွင် အဓိကအားဖြင့် အသုံးပြုကြသည်။

MDMA နှင့် MDA တို့သည် ထပ်နေသော်လည်း ကွဲပြားသော အကျိုးသက်ရောက်မှုများရှိသော အလားတူ  စိတ်ပိုင်းဆိုင်ရာ တက်ကြွစေသောအရာများဖြစ်သည်။ MDA သည် ၎င်း၏ ပြင်းထန်သော အာရုံစူးစိုက်မှုဆိုင်ရာဂုဏ်သတ္တိများနှင့် စိတ်ကြွစေသော အာနိသင်များကြောင့် လူသိများပြီး MDMA သည် ၎င်း၏ခံစားရစေသော ခံစားမှုနှင့် ပျော်ရွှင်ဖွယ်အတွေ့အကြုံများအတွက် အသိအမှတ်ပြု ထားသည်။

ဒြပ်စင်နှစ်ခုစလုံးသည် အာရုံကြောထုတ်လွှင့်မှုစနစ်များ အထူးသဖြင့် Serotonin များအပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်ပြီး   ကြာရှည်စွာ    သို့မဟုတ် ပြင်းထန်စွာအသုံးပြုခြင်းသည် ဆိုးကျိုးများဖြစ်နိုင်ခြေကို တိုးစေနိုင်သည်။ သတိလစ်ခြင်း၊ မူးဝေခြင်း၊ တက်ခြင်း၊   အထိတ်တလန့် တိုက်ခိုက်ခံရခြင်း၊ သွေးတိုးခြင်းနှင့် ချွေးအလွန်အမင်းထွက်ခြင်းတို့ ဖြစ်စေနိုင်သည်။  မူးယစ်ဆေးအဆိပ်သင့်မှုသည် ဆေးပမာဏ၊ ဆက်တင်၊ နောက်ဆက်တွဲအမူအကျင့်များနှင့် အခြားအရာများကို ပူးတွဲအသုံးပြုမှုဖြင့် ကွဲပြားနိုင်သည်။

၈။1-Phenyl-2-Propanone (၁-ဖီနိုင်းလ်-၂-ပရိုပန်နုန်း) C9H10O သည် အော်ဂဲနစ်ပျော်ရည်များတွင်ပျော်ဝင်နိုင်သော အရောင်မဲ့အဆီဖြစ်သည်။ 1-Phenyl-2-Propanone ကို ဆေးပေါင်း စက်ရုံများမှ Amphetamine ၊ Methamphetamine နှင့် Propanehaxidrine ထုတ်လုပ်ရန် အချို့သောဘေးထွက်ပစ္စည်းများ၊ သန့်စင်သောဓာတုဆေးရည်များ ပေါင်းစပ်ထုတ်လုပ်ရာ၌ အသုံးပြုသည်။ Amphetamine နှင့် Methamphetamine အချို့သော ၎င်းတို့၏ဘေးထွက်ပစ္စည်းများထုတ်လုပ်ရာတွင်  တရားမဝင်အသုံးပြုသည်။

၉။Piperonal (ပိုင်ပါရိုနယ်လ်) C8H6O3 သည် ပန်းနံ့ရသည့် အရောင်မဲ့ပုံဆောင်ခဲဖြစ်ပြီး ယင်းကို အမွှေးနံ့သာများ၊ ချယ်ရီနံ့၊ ဗင်နီယာရနံ့များ၊ အော်ဂဲနစ်ဓာတုပစ္စည်းများနှင့် ခြင်နိုင်ဆေးရည်များထုတ်လုပ်ရာတွင် တစ်စိတ်တစ်ပိုင်းအဖြစ်သုံးပြီး သန့်စင်ဆေးရည်များတွင် ပေါင်းစပ် ထုတ်လုပ်ရာ၌လည်း အသုံးပြုသည်။ Amphetamine၊ MDA (3,4-Methylenedioxyamphetamine)၊ MDE၊ MDMA ၊ Normalhydroxydine၊ Amphetamine (N-OM MDA) အစရှိသည့် စိတ်ကြွဆေးများ၊ စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင် တရားမဝင် အသုံးပြုကြသည်။  

၁၀။  Pseudoephedrine (ဆူဒိုအက်ဖီဒရင်း) C10H15NO မှာ ပုံဆောင်ခဲအမှုန့်ဖြစ်ပြီး Ephedrine (အက်ဖီဒရင်း) နှင့်တူသည်။ Streao Isomer တစ်ခုဖြစ်ပြီး Ephedrine နှင့်အတူ ပူးတွဲတွေ့ရသည်။ အသက်ရှူလမ်းကြောင်း သန့်ရှင်းစေသောဆေးဝါးနှင့် နှာခေါင်းသွေးလျှံသောရောဂါကာကွယ်ဆေးများ၊ ပန်းနာရင်ကျပ်နှင့် အအေးမိရောဂါများထုတ်လုပ်ရာတွင်အသုံးပြုပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါ၊  ဆီးချိုရောဂါ၊ သိုင်းရွိုက်ရောဂါများ ကုသရာတွင်သုံးသည်။ Amphetamine၊ Methamphetamine နှင့် Phencyclidine ထုတ်လုပ်ရာ၌လည်း တရားမဝင်အသုံးပြုသည်။

၁၁။  Safrole (ဆာဖရိုးလ်) C10H10O2 သည်အရောင်မဲ့ဆီအရည်ဖြစ်ပြီး ယင်းကို အမွှေးနံ့သာပစ္စည်း (ဥပမာ - Piperonal) ထုတ်လုပ်ရာ၌လည်းကောင်း၊ Root Beer၊ ပီကေ၊ သွားတိုက်ဆေး၊ ဆပ်ပြာပြုလုပ်ရာတွင်သုံးသည့် ဖန်တီးထားသော ဓာတုဗေဒအဆီများထုတ်လုပ်ရာ၌လည်းကောင်း၊ အချို့သော ဆေးဝါးပြင်ဆင်ရာတွင် ဖြည့်စွက်ပစ္စည်းအဖြစ်လည်းကောင်း၊ အင်းဆက်သတ်ဆေး Piperronyl Butaoxide ပေါင်းစပ်မှုတွင် ရှေ့ပြေးအဖြစ်လည်းကောင်း အသုံးပြုသည်။ စိတ်ကြွဆေးပြား Amphetamine ၊ MDA (3,4-Methylenedioxyamphetamine)၊ MDE, MDMA (3,4-Methylenedioxymethamphetamine)၊  Normalhydroxydine, Amphetamine (N-OM  MDA) တို့ တရားမဝင်ထုတ်လုပ်ရာ၌လည်း အသုံးပြုသည်။

၁၂။  Acetic Anhydride (အက်စစ်တစ်အင်ဟိုက်ဒရိုက်) C4H6O3 သည်အရောင်မရှိ၊ အက်စစ်နံ့ စူးရှသည့် မီးလောင်လွယ်သောအရည်ဖြစ်သည်။ Chloroform နှင့် Ether တွင် ပျော်ဝင်သည်။ အငွေ့သည် အသက်ရှူလမ်းကြောင်း၊ အရေပြားနှင့် မျက်စိတို့ကို ထိခိုက်စေသည်။ Acetone Compound ကို ဓာတုပစ္စည်းနှင့် ဆေးဝါးစက်ရုံများတွင် Cellulose Acetate ထုတ်လုပ်သည်။ ချည်မျှင်အမျိုးမျိုး၊ အအေးခံချွတ်ဆေး၊ သတ္တုပစ္စည်းအရောင်တင်ခြင်း၊ အရည်များခွဲခြားစစ်ယူခြင်း၊   Nitrate ပစ္စည်းကဲ့သို့ Nitric Acid  နှင့်ပေါင်းစပ်ခြင်း၊ ဆိုးဆေးများ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများထုတ်လုပ်ခြင်း၌ အသုံးပြုသည်။ တရားမဝင်အသုံးပြုပုံမှာ Heroin ထုတ်လုပ်ရာတွင် ဓာတ်ပြုရာ၌ အသုံးပြုသည်။ Methaqualone နှင့် Mecloqualone ထုတ်လုပ်သည်။ M-acetyl-Anthranilic၊ Alpha-Methyl Phetanine၊ 1-Phenyl-2- Propanone (P2P) ထုတ်လုပ်ရာတွင် ဓာတ်ပြုစေသည်။

၁၃။  Acetone (အက်စီတုန်း) C3H6O သည် အရောင်မရှိ၊ အနံ့စူးရှ၍ ချိုသောအရသာရှိသော အရည်ဖြစ်ပြီး မီးလောင်လွယ်သဖြင့် မီးလောင်နိုင်သောပစ္စည်းများနှင့် ဝေးဝေးတွင်ထားရသည်။ ရေနှင့် Chloroform  တို့ဖြင့် ရောနှောနိုင်သည်။ ခဲတံ၊ ဘောပင်၊ ရေယွန်နှင့် ပလတ်စတစ်ပစ္စည်းများနှင့်ထိတွေ့ပါက ပျော်ပြီးပျက်စီးနိုင်သည်။  အက်စီတုန်းကို အသုံးများသော ဓာတ်ခွဲခန်းသုံး ဓာတုဆေးရည်များနှင့် ဓာတုပစ္စည်းများ၊ ဆေးဝါးထုတ်သည့်စက်ရုံများ၊ ဘိန်းစမ်းသပ်စစ်ဆေးရာ၌လည်းကောင်း၊ အလှဆီ၊ ကလိုရိုဖောင်းထုတ်လုပ်ရာတွင်လည်းကောင်း ဆက်စပ်အသုံးပြုသည်။ အချိုရည်အမျိုးမျိုး၊ ဆေးဝါးများနှင့် ပိုးသတ်ဆေးများ၊ သုတ်ဆေးများ၊ အရောင်တင်ဆီသုတ်ဆေးများ၊ ပလတ်စတစ်များ၊  ရော်ဘာများ  ထုတ်လုပ်ရာတွင်  အသုံးများသည်။ 

ဟီးရိုးအင်း (Heroin) နှင့် ကိုကင်း (Cocaine) ထုတ်လုပ်ရာတွင် ဘိန်းနှင့် ကိုကာရွက်အား Chloroform ဖြင့် ဓာတ်ပြုစေခြင်းဖြင့် အသုံးပြုပြီး   Amphetamine နှင့်  L.S.D ထုတ်လုပ်ရာ၌ တရားမဝင် အသုံးပြုကြသည်။ အနောက်နိုင်ငံတချို့တွင် ကိုကင်းသည် အပျံ့နှံ့ဆုံးတရားမ၀င် မူးယစ်ဆေးဝါးဖြစ်ပြီး ဒုတိယမှာ Canna-binoids ဖြစ်သည်ဟုဆိုသော်လည်း အချို့နိုင်ငံများရှိ လေ့လာမှုများတွင် ကိုကင်းသည် ပျံ့နှံ့မှုနည်းပါးပြီး ဒုတိယအဖြစ်အများဆုံး တရားမဝင်မူးယစ်ဆေးပင်မဟုတ်သည့် Cannabinoids သည်  အပျံ့နှံ့ဆုံး မူးယစ်ဆေးဖြစ်ကြောင်း   ဖော်ပြတင်ပြလိုက်ရပါသည်။    ။

narcotic drugs
-

အရေးပါသည့်ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို တရားဝင်နှင့်တရားမဝင် အသုံးပြုခြင်းများ အပိုင်း(၂)တွင်ဖော်ပြခဲ့သော United Nations Convention Against Illicit Traffic in Narcotic Drugs  and Psychotropic Substances က ကြေညာထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ၄၃ မျိုး၏တရားဝင် အသုံးပြုမှုများနှင့် တရားမဝင်အသုံးပြုမှုများကို ဆက်လက်ဖော်ပြသွားပါမည်။

၁။ N-acetylanthranilic Acid (အင်-အက်စီတိုင်းလ်အင်သရာနီလစ်အက်စစ်) C9H9NO3 ကို ဆေးဝါးများ၊ ပလတ်စတစ်များနှင့် သန့်စင်သောဓာတုပစ္စည်းများ၊ ပြင်းအားပျော့သော ဓာတုပစ္စည်းများ နှင့် ပလတ်စတစ်များထုတ်လုပ်ရာတွင် တရားဝင်အသုံးပြုပြီး မက်သာကွာလုံး (Methaqualone) နှင့် မက်ကလိုကွာလုံး (Mecloqualone) ကို ဖန်တီးထုတ်လုပ်ရာတွင် တရားမဝင်အသုံးပြုသည်။

၂။ Ephedrine (အက်ဖီဒရင်း) C10H15NO မှာ အနံ့မရှိသော အဖြူရောင်ပုံဆောင်ခဲအမှုန့်ဖြစ်ပြီး အက်ဖီဒရာအပင်မှ ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ရရှိသည်။ ၎င်းသည် Alcohol တွင် ပျော်ဝင်ပြီး Ether Chloroform တို့တွင် ပျော်ဝင်ခြင်းမရှိပါ။ ထိုအမှုန့်ကို ရှူရှိုက်လျှင်အန္တရာယ်ရှိသည်။ ပန်းနာရင်ကျပ် ကဲ့သို့ အသက်ရှူကျပ်သောရောဂါကာကွယ်ဆေး၊ အသက်ရှူလမ်းကြောင်း သန့်ရှင်းစေသောဆေးဝါးများ ထုတ်လုပ်ရာတွင်သုံးပြီး မက်သာအဖက်တမင်း (Metham-phetmine) တရားမဝင် ထုတ်လုပ်ရာတွင် လည်း အသုံးပြုကြသည်။

၃။ Ergometrine (အာဂိုမတ်ထရင်း) C23H27N3O6 ကို ခေါင်းကိုက်ရောဂါသက်သာစေသည့် ဆေးဝါး၊ သားဖွား/မီးယပ်တွင် သားအိမ်ညှစ်ဆေးနှင့် သားဖွားရာတွင် အသက်ရှူဝစေရန်အသုံးပြုပြီး လိုင်ဆာဂျစ် အက်စစ် (Lysergic Acid) နှင့် လိုင်ဆာဂျစ်အက်စစ်ဒိုင်အီသိုင်းလမိုဒ်  (Lysergic Acid Diethylamide (L.S.D))ဖန်တီးထုတ်လုပ်ရာ၌ တရားမဝင်အသုံးပြုသည်။

၄။ Ergotamine (အာဂိုတမင်း) C33H35N5O5 ကို သားဖွား/မီးယပ်သည့်မိခင်အား ကုသရာတွင် မရှိမဖြစ် အသုံးပြုရသောပစ္စည်းဖြစ်သည်။  ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုကုသပေးသည့်ဆေးဖြစ်ပြီး နာကျင်ခြင်း၊ ပျို့အန်ခြင်း၊  စိတ်တိုခြင်းနှင့် ယာယီအမြင်အာရုံဆုံးရှုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဤဆေးပြားများသည်  နာကျင်ခြင်းအချက်ပြမှုများကိုပိတ်ဆို့ကာ ဦးနှောက်အတွင်းရှိ သွေးကြောများကို ကျဉ်းစေရန် လုပ်ဆောင်သည်။    ဆေးအရည်ပျော်စေရန် လျှာအောက်တွင်ထား၍ သောက်နိုင်သည်။ Aura နှင့် ဦးခေါင်းအစုလိုက်အပြုံလိုက်ကိုက်ခြင်း ရှိ/မရှိ စစ်ဆေးသည့် Alpha-1 Selective Adrenergic Agonist Vasoconstrictor ဆေးဖြစ်သည်။ Lysergic Acid နှင့် L.S.D(Lysergic Acid Diethylamide) တို့ ထုတ်လုပ်ရာ၌လည်း တရားမဝင်အသုံးပြုသည်။

၅။ Isosafrole (အိုင်ဆိုဆာဖရိုး) C10H10O2 သည် အမွှေးရနံ့လုပ်ငန်းတွင် အသုံးပြုသော အော်ဂဲနစ်ဒြပ် ပေါင်းတစ်ခုဖြစ်ပြီး စမုန်နက် သို့မဟုတ် နွယ်ပင်၏ရနံ့ကိုရရှိစေသည်။ ယင်းကို ပိုင်ပါရိုနယ်လ် (Piperronal)၊ အဆင့်မြင့်ရေမွှေး (Perfume) ဖြစ်စေရန် ပြုပြင်ရာ၌လည်းကောင်း၊ အရည်အသွေး ကောင်းသော ဆပ်ပြာမွှေးဖြစ်စေရန်လည်းကောင်း၊ ဆာဆပါရိလ်အမွှေးနံ့ပြုလုပ်ရာတွင်လည်းကောင်း၊ ကပ်ရောဂါကာကွယ်ဆေးထုတ်လုပ်ရာတွင်လည်းကောင်း  အသုံးပြုသည်။ ဘီယာပြုလုပ်ရာ၌ မီသိုင်းလ် ဆီလီကိတ်(Methyl Silicate) နှင့်အတူ Isosafrole ပမာဏအနည်းငယ်ကို ထည့်သုံးခြင်းဖြင့် အနံ့ပိုမို ကောင်းမွန်စေသည်။ တရားမဝင်အနေဖြင့် MDA (3,4-Methylene-dioxyamphetamine)၊ MDE (3,4-Methylenedioxy-N-ethylamphetamine)၊ MIMA နှင့် Normalhy-droxitine Amphetamine တို့ထုတ်လုပ်ရာ၌ အသုံးပြုသည်။

၆။ Lysergic Acid  (လိုက်ဆာဂျစ်အက်စစ်) C16H16N2O2 ကို d-lysergic acid နှင့် (+)-lysergic acid ဟု ခေါ်ဆိုနိုင်သည်။ LA ကိုဆေးဝါး (Phamaceutical) အဖြစ်လည်းကောင်း၊ စိတ်အားထက်သန် စေသော ဆေးဝါးများ (Psychedelic Drugs) အဖြစ်လည်းကောင်း၊ အော်ဂဲနစ်ပစ္စည်းများ (Organics) ထုတ်လုပ်ရာ၌ အသုံးပြုနိုင်ပြီး L.S.D (Lysergic Acid Diethylamide) တရားမဝင် ထုတ်လုပ်ရာ၌ လည်းကောင်းအသုံးပြုသည်။

၇။ 3,4-Methylenedioxyphenyl-2-Propanone (၃၊ ၄-မီသိုင်းလ်လင်းဒိုင်အောက်ဆီဖီနိုင်းလ် -၂-ပရိုပန်နုန်း) (MDP-2-P/PMK) C10H10O3 ကိုပိုင်ပါရိုနောနှင့် အခြားသောအမွှေးဆီများ၊ ရေမွှေးများ ထုတ်လုပ်ရာ၌သုံးပြီး Amphetamine၊ MDA (3,4-Methylenedioxyamphetamine)၊ MDE (3,4-Methylenedioxy-N-ethylamphetamine)၊ MDMA (3,4-Methylenedioxymethamphetamine) Normalhydroxydine, Amphetamine (N-OM MDA) တို့ကို တရားမဝင်စိတ်ကြွဆေးများ ထုတ်လုပ်ရာ၌လည်း အသုံးပြုသည်။

MDMA (3,4-Methylenedioxymetham-phetamine) or Ecstasy“Ecstasy” ဟု ပို၍ လူသိများထင်ရှားသော MDMA သည် Schedule I ဆေးဖြစ်ပြီး ရေတွင် အလွန်ပျော်ဝင်နိုင်သော အဖြူရောင် Semisolid ဓာတုပစ္စည်းဖြစ်သည်။ ၎င်းသည် ကြည်လင်ပြီး အရောင်မဲ့အရည်ကို ရေတွင်  အယ်ကို ဟောရနံ့အနည်းငယ်ဖြင့် ဖွဲ့စည်းထားသည်။ MDMA ကို အစာစားချင်စိတ်ကိုသက်သာစေသည့် ဆေးဝါး အဖြစ်လည်းကောင်း၊ စိတ်ကုထုံးတွင် အသုံးပြုခဲ့ပြီး ပါကင်ဆန်ရောဂါနှင့် စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှု ရောဂါတို့ကိုကုသရာတွင်လည်းကောင်း အသုံးပြုကြသည်။ တစ်နည်းအားဖြင့် MDMA (C11H15NO2.HCl) သည် “စိတ်ကြွဆေးပြား” သို့မဟုတ် “Molly” ဟု အများအားဖြင့် ရည်ညွှန်းသည့်  လူသိများသောအပန်းဖြေဆေးဖြစ်သည်။ ၎င်းသည် ပြင်းထန်သော ကြည်နူးမှု၊ စိတ်ခံစားမှု၊ ပွင့်လင်းမှုနှင့် စာနာမှုတို့ကို ဖြစ်ပေါ်စေသကဲ့သို့ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး စွမ်းအင်အဆင့်ကို တိုးမြှင့်ပေးသည်။

MDMA အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော Serotonin များအလွန်အကျွံထုတ်လွှတ်မှုသည် ဦးနှောက်အတွင်းရှိ အာရုံကြောထုတ်လွှတ်မှုစနစ် (Neurotransmitter) ကို  သိသိသာသာ လျော့ကျ သွားစေနိုင်သည်။ အကျိုးဆက်အနေဖြင့် လူများသည် MDMA အသုံးပြုပြီးနောက် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်နှင့် ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော အပျက်သဘောဆောင်သော    စိတ်ပိုင်းဆိုင်ရာအကျိုး သက်ရောက်မှုများကို ရက်အတော်ကြာ ကြုံတွေ့ရနိုင်သည်။ MDMA သည် Norepinephrine ထွက်လာခြင်းကြောင့် အဓိကအားဖြင့် နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တိုးခြင်းကဲ့သို့သော Adrenergic သက်ရောက်မှုများကို တစ်သမတ်တည်းဖြစ်ပေါ်စေသည်။

MDMA သည် စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုကို ဖြစ်စေနိုင်သည်။ MDMA သည် နှလုံးခုန်နှုန်း ကို ဖြစ်ပေါ်စေပြီး နှလုံးတိုက်ခိုက်ခံရနိုင်ခြေကိုတိုးစေသည်ဟု   လူသိများသည်။ ရေတိုဘေးထွက် ဆိုးကျိုးအနေဖြင့် ပျို့ခြင်း၊ အန်ခြင်း၊ အစာစားချင်စိတ်ကိုလျော့ကျစေခြင်း၊ ဝမ်းသာပီတိစိတ်ဖြစ်ခြင်း၊ အဆိုးမြင်စိတ်များလျော့ပါးလာခြင်း၊ မလုံခြုံမှုများလျော့ပါးလာခြင်း၊  ခံစားချက်ခိုင်မာလာခြင်းတို့ ဖြစ်ပေါ်စေပြီးရေရှည်ဘေးထွက်ဆိုးကျိုးအနေဖြင့် စိတ်ဓာတ်ကျခြင်း၊ ပူပင်သောက ဖြစ်ခြင်း၊ အဆိုးမြင် စိတ်များတိုးလာခြင်း၊ အိပ်မပျော်ခြင်း၊ အစာစားချင်စိတ်ကို လျော့ကျစေခြင်း၊ မှတ်ဉာဏ် ပြဿနာ များဖြစ်ပေါ်ခြင်းနှင့် စိတ်တိုစရာခံစားချက်များကို ဖြစ်ပေါ်စေသည်။

MDA (3,4-Methylenedioxyamphetamine) or Sassafras"Sally" သို့မဟုတ် "Sassafras" ဟုလည်း ခေါ်သော MDA (C10H13NO2) သည် ကျေနပ်ပျော်ရွှင်မှု၊ စွမ်းအင်အဆင့်တိုးမြှင့်မှု၊  အာရုံခံစားမှုနှင့် စာနာမှုတို့ကို မြှင့်တင်ပေးပြီး ပြောင်းလဲလာသော အချိန်သညာကို ထုတ်ပေးသည်။ MDA သည် MDMA နှင့် နှိုင်းယှဉ်လျှင် ပိုမိုအားကောင်းသော အမြင်အာရုံနှင့် အကြားအာရုံယောင်များကို ဖြစ်ပေါ်စေပြီး စွမ်းအင်အဆင့်ကို ပိုမိုမြှင့်တင်ပေးနိုင်သည်။ MDA ခန္ဓာကိုယ်မှ အပြည့်အဝဖယ်ထုတ်ပစ်ရန် MDMA ထက် ၂ နာရီမှ ၄ နာရီ ပိုကြာတတ်သည်။ MDMA နှင့်ခံစားချက်ချင်း ဆင်တူသော်လည်း MDA ၏ serotonin receptors များပေါ်တွင် MDA ၏လုပ်ဆောင်ချက်သည် အသုံးပြုပြီး နောက်ရက်အတော်ကြာ ခံစားရနိုင်သည့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော အနုတ်လက္ခဏာ ဆောင်သော စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

MDA နှင့် MDMA နှစ်မျိုးလုံးကို စိတ်ကြွဆေးများအဖြစ်ခွဲခြားထားပြီး ဦးနှောက်အတွင်းရှိ Serotonin၊ Dopamine နှင့် Norepinephrine တို့ကို တိုးမြှင့်နိုင်သည်။ ဆေးဝါးနှစ်မျိုးလုံးသည် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို သယ်ဆောင်လာပြီး ဆိုးရွားသောကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများရှိသည်။ ပစ္စည်းတစ်ခုစီ၏ တိကျသောအန္တရာယ်သည် သောက်သုံးသောပမာဏ၊ သန့်ရှင်းမှု၊ တစ်ဦးချင်း ဇီဝကမ္မဗေဒနှင့် ကွဲပြားမှုနှင့်အသုံးပြုမှုအခြေအနေကဲ့သို့သော အချက်များပေါ်တွင် မူတည်၍ ကွဲပြားနိုင် သည်။

MDA သို့မဟုတ် MDMA လွန်ကဲစွာသုံးစွဲခြင်းသည် အန္တရာယ်ရှိသောခန္ဓာကိုယ်အပူချိန် (Hyperthermia)၊ နှလုံးသွေးကြောဆိုင်ရာ သက်ရောက်မှုများဖြစ်သည့် သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်ခြင်း၊ နှလုံးရပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ စိတ်ရှုပ်ထွေးမှုဖြစ်ပေါ်ခြင်း၊ မထိန်းချုပ်နိုင်သောတုန်လှုပ်ခြင်း သို့မဟုတ် တက်ခြင်း၊ သတိလစ်ခြင်း   စသည့်   အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော အကျိုးဆက်များဖြစ်စေနိုင်သည်။

ဆက်လက်ဖော်ပြပါမည်။

 MWD Web Portal

Photo - iPleaders

အဆိုးကျော့ သံသရာ
-

မူးယစ်ဆေးဝါးပြဿနာ၏ လက်ရှိအခြေအနေ

မြန်မာနိုင်ငံတွင်  ကြုံတွေ့ခံစားနေရသောမူးယစ်ဆေးဝါးပြဿနာကိုလေ့လာကြည့်လျှင် လူငယ်ထု အတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ နိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်ခြင်း၊ ကြားခံနိုင်ငံအဖြစ် အသုံးချခံနေရခြင်း၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ    ပါဝင်ပတ်သက်မှုမြင့်မား လာခြင်းနှင့်အတူ မူးယစ်ဆေးဝါးချက်လုပ်သူများ၏နယ်စပ်များမှ တရားမဝင်ဝင်ရောက်လာခြင်း တို့ကို ကြုံတွေ့ရသည်။

နိုင်ငံတော်၏လက်ရှိကြုံတွေ့နေသော  အခြေအနေနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ မူးယစ်ဆေးဝါးပြဿနာတွင် နက်ရှိုင်းစွာပါဝင်နေမှုကလည်း ပြဿနာဖြေရှင်းရာ၌ အဆိုးသံသရာကို ရှည်စေလျက်ရှိသည်။ မြန်မာနိုင်ငံကြုံတွေ့နေရသည့်မူးယစ်ဆေးဝါးပြဿနာတွင် အရင်းခံအချက်များစွာရှိသည့်အနက်  သိသာထင်ရှားသောပြဿနာမှာ နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းနေခြင်းနှင့်  လက်နက်ကိုင်အဖွဲ့များ၏ပါဝင်ပတ်သက်မှုမြင့်မားနေခြင်းပင်ဖြစ်သည်။ နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းရခြင်း၏အဓိကပြဿနာမှာ လက်နက်ကိုင်အဖွဲ့များ အမြင်ကျဉ်းမြောင်းခြင်းနှင့်   ကိုယ်ကျိုးစီးပွား ရလိုမှုများခြင်း၊ မတော်လောဘနှင့် ကိုယ်ချင်းစာတရားနည်းပါးခြင်း၊ နယ်မြေဒေသဖွံ့ဖြိုးမှုကို အမှန်တကယ် လိုလားမှုမရှိခြင်း၊   ရိုးသားသောဒေသခံတိုင်းရင်းသားများအပေါ်ခေါင်းပုံဖြတ် အမြတ်ထုတ်လိုခြင်းနှင့်အမြော်အမြင်နည်းပါးစွာဖြင့် အကြမ်းဖက်လိုခြင်း စသည့်အကြောင်းများပေါ် အခြေခံနေသည်။ ထိုလိုလားချက်များသည်ပင် မူးယစ်ဆေးဝါးထုတ်လုပ်၊  သယ်ဆောင်၊ ရောင်းဝယ်မှုများတွင်  လက်နက်ကိုင်အဖွဲ့များက  နက်ရှိုင်းစွာပါဝင်ပတ်သက်မှုရှိနေသည်ကို ဖမ်းဆီးရမိမှုများမှ သက်သေခံနေလျက်ရှိသည်။ ထို့အတူ လက်နက်ကိုင်အဖွဲ့အတွင်း ကိုယ်တိုင်မူးယစ်ဆေးဝါးသုံးစွဲမှုများကလည်း တစ်နေ့ ထက်တစ်နေ့ မြင့်မားလာလျက်ရှိသည်။

နိုင်ငံတော်အပေါ်ခြိမ်းခြောက်လာမှုများ

နိုင်ငံတစ်နိုင်ငံအတွင်း လူငယ်နှင့်လူလတ်ပိုင်းများ မူးယစ်ဆေးဝါးသုံးစွဲမှုမြင့်တက်လာခြင်းသည် နိုင်ငံ့အနာဂတ်အတွက် အဓိကခြိမ်းခြောက်မှုဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲရာမှ နိုင်ငံအတွင်း ပညာရည်မြင့်မားသောလူဦးရေနည်းပါးလာခြင်းနှင့်အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသော လူလတ်ပိုင်းအတွင်း မူးယစ်ဆေး ဝါးသုံးစွဲနေခြင်းကြောင့် စွမ်းရည်မြင့်မားသော ကုန်ထုတ်လုပ်သူစွမ်းအားစုများ လျော့နည်းလာစေခြင်း တို့ဖြစ်ပေါ်လာသည်။ အနာဂတ်တွင် ပညာရည်မြင့်မားပြီး အရည်အချင်းရှိသော လူ့စွမ်းအားအရင်း အမြစ်များနည်းပါးလာခြင်းကပင် နိုင်ငံ့အနာဂတ်နှင့် နိုင်ငံသားတို့၏ကံကြမ္မာကို အဆုံးစွန်ထိဆွဲချသွား မည်ဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲသူနှင့်  ၎င်းတို့၏မိသားစုအတွင်း ဦးစွာကြုံတွေ့ရမည့်ပြဿနာမှာ စီးပွားရေး ပြဿနာဖြစ်သည်။  ပညာရည်နည်းပါးခြင်းကြောင့်  အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေမှုနှင့် မိသားစုစီးပွားရေးအဆင်မပြေသူများအဖို့ မူးယစ်ဆေးဝါးသုံးစွဲလာမှုသည် မိသားစုအတွင်း ကြီးစွာသော စီးပွားရေးပြဿနာကိုပေါ်ပေါက်စေသည်။ မူးယစ်ဆေးစွဲသူအဆင့်သို့ ကျရောက်သွားပါက မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲနိုင်ရန်အတွက်  လိုအပ်သောငွေများရရှိရန်အတွက် မသမာသောနည်းလမ်းများဖြင့် ရှာဖွေရာမှ  မှုခင်းများကျူးလွန်လာခြင်းနှင့် နောက်ဆက်တွဲလူမှုရေးပြဿနာများ ကြီးထွားလာခဲ့သည်။ ထို့အတူ မူးယစ်ဆေးဝါးသုံးစွဲရာမှဖြစ်ပေါ်လာသော ကျန်းမာရေးဆိုင်ရာပြဿနာများက မိသားစုတစ်ခု လုံး၏လူမှုစီးပွားဘဝကို အနိမ့်ဆုံးအခြေအနေသို့ကျရောက်သွားစေလျက်ရှိသည်။   

နိုင်ငံတော်အစိုးရ၏  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဖမ်းဆီးရမိမှုများ နှစ်စဉ်တိုးတက်လာလျက်ရှိသည်။ မြန်မာတစ်နိုင်ငံလုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း အမှုပေါင်း ၆၅၃၉ မှုမှ တရားခံ ၈၈၅၃ ဦးအား တန်ဖိုးငွေကျပ် ၁၀၅၇ ဘီလီယံကျော်အားလည်းကောင်း၊ ၂၀၂၄ ခုနှစ်အတွင်း အမှုပေါင်း ၅၅၉၃ မှုမှ တရားခံ ၇၈၂၈ ဦးအား တန်ဖိုးငွေကျပ် ၉၉၈ ဒသမ ၆ ဘီလီယံကျော်အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမလေးလပတ်အတွင်း အမှုပေါင်း ၁၈၂၅ မှုမှ တရားခံ ၂၅၃၅ ဦးအား တန်ဖိုးငွေကျပ် ၃၅၆ ဘီလီယံ ကျော်တန်ဖိုးရှိသော  မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိမှုများ တိုးမြင့်လာခြင်းသည် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုနှင့်သုံးစွဲမှုများ နိုင်ငံအတွင်း မြင့်မားလာသည်ကို ဖော်ညွှန်းနေလျက်ရှိသည်။

မူးယစ်ဆေးဝါးထုတ်လုပ်ရာဒေသများ

နိုင်ငံအတွင်း အချို့ဒေသများတွင် တရားဥပဒေစိုးမိုးမှုအားနည်းနေခြင်းနှင့်လုံခြုံမှုမရှိခြင်းက မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်သည့် ဒုစရိုက်သမားများအတွက် အခွင့်အလမ်းကောင်းများ ကိုဖြစ်ပေါ်စေလျက်ရှိသည်။   ဤနေရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်ရာနေရာများ အားလေ့လာ ဆန်းစစ်ရန်လိုအပ်သည်။ ယခင်က ဘိန်းစိုက်ပျိုးရာဒေသများမှာလမ်းပန်းဆက်သွယ်မှုခက်ခဲပြီး အုပ်ချုပ်မှုအလှမ်းကွာဝေးသည့်တောင်ပေါ်ဒေသများ၌ဖြစ်ပြီး ရှမ်းပြည်နယ်သည် အဓိကဘိန်းစိုက်ပျိုး ရာဒေသတစ်ခုဖြစ်သည်။  အုပ်ချုပ်မှုအလှမ်းကွာဝေးသော တောင်ပေါ်ဒေသများသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေအရ လက်နက်ကိုင်အဖွဲ့များ ခိုအောင်းရာ၊  လွှမ်းမိုးရာဒေသများဖြစ်သည်။

ပြောင်းလဲလာသောအခြေအနေများအရ ဘိန်းနှင့်ဘိန်းဖြူထုတ်လုပ်မှုအပြင် လူလုပ်မူးယစ် ဆေးဝါးပြဿနာသည်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ကျယ်ပြန့်လာခဲ့သည်။ လူလုပ်မူးယစ် ဆေးဝါး ထုတ်လုပ်သည့်နေရာများမှာ ယခင်ဘိန်းနှင့်ဘိန်းဖြူစိုက်ပျိုးထုတ်လုပ်သည့်နယ်မြေများထက်ပိုမိုကျယ်ဝန်းလာပြီးထိုနယ်မြေများသည်လည်း အုပ်ချုပ်မှုအလှမ်းကွာဝေးသော လက်နက်ကိုင်များ ကြီးစိုးရာနယ်မြေများဖြစ်သည်။လူလုပ်မူးယစ်ဆေးဝါးများထုတ်လုပ်ရာတွင်  ဓာတုပစ္စည်းများ ဖြင့်သာချက်လုပ်ရသည်ဖြစ်ရာ လိုအပ်သည့်ဓာတုစ္စည်းများကို  တရားမဝင်မှောင်ခိုတင်သွင်းရာ၌ ပိုမိုလွယ်ကူသည့်နယ်စပ်ဒေသနယ်မြေများ၌ပါ လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်လာသဖြင့် မူးယစ် ဆေးဝါးထုတ်လုပ်ရာနယ်မြေများ ပိုမိုကျယ်ပြန့်လာသည်ကိုတွေ့ရသည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများသည် အခြားသောမည်သည့်စီးပွားရေးထက်မဆို အမြတ်အစွန်းများစွာရရှိသည်ဖြစ်ရာ လက်နက်ကိုင်သောင်းကျန်းသူများ၊ ဂိုဏ်းဖွဲ့ပြစ်မှုကျူးလွန်သူများအတွက် ကျင်လည်ကျက်စားရာနေရာများဖြစ်လာသည်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများဝင်ရောက်လာမှုကလည်း ပြဿနာ၏အဝန်းအဝိုင်းကို ပိုမိုကျယ်ပြန့်လာစေသည်။ နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမျိုးရေးနှင့်ဝါဒရေးရာပဋိပက္ခများက မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် မူးယစ်ဆေးဝါးဈေးကွက်ပြောင်းလဲမှုကို ဖြစ်ပေါ်လာစေသဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု (ဈေးကွက်) များ မြင့်တက်လာလျက်ရှိသည်။

လက်နက်ကိုင်အဖွဲ့များပါဝင်ပတ်သက်မှု

နိုင်ငံအတွင်းတည်ရှိနေသော လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များပေါ်ပေါက်မှုကို လေ့လာကြည့်လျှင် လူမျိုးစွဲ၊  ဒေသစွဲနှင့်ဘာသာရေးကိုအခြေခံပြီး အင်အားအနည်းငယ်ဖြင့်စတင်ပေါ်ပေါက်ခဲ့သော်လည်း လက်ရှိတွင် လက်နက်ကိုင်သောင်းကျန်းသူများ၊ အကြမ်းဖက်အဖွဲ့များ၏အင်အားများ ကြီးထွားလာသည်ကိုတွေ့ရသည်။ လက်နက်ကိုင်သောင်းကျန်းသူများ၊ အကြမ်းဖက်အဖွဲ့အစည်းများရေရှည်ရပ်တည်နိုင်ရေး အဓိကလိုအပ်ချက်မှာ လူအင်အားစုဆောင်းခြင်း၊ လိုအပ်သောစားရေရိက္ခာနှင့်လက်နက်ခဲယမ်းများ၊ စစ်ဘက်အသုံးအဆောင်များဝယ်ယူတပ်ဆင်ရန်ဖြစ်သည်။ ထိုအချက်များကို ဖြည့်ဆည်းနိုင်ရန်လိုအပ်သော ဝင်ငွေရလမ်းများမှာ တရားမဝင်စီးပွားရေးလုပ်ငန်းများကို နယ်မြေအတွင်းဆောင်ရွက်ခြင်း၊ သဘာဝသယံဇာတများတရားမဝင်ထုတ်လုပ်ခြင်း၊  စီးပွားရေးလမ်းကြောင်းများတွင် အခွန်ကောက်ခံခြင်း(ဆက်ကြေးကောက်ခြင်း)များသာဖြစ်ပြီး အဓိကဝင်ငွေရလမ်းမှာ အမြတ်အစွန်းများစွာရရှိသည့်မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်ခြင်းပင်ဖြစ်သည်။

လက်နက်ကိုင်သောင်းကျန်းသူများ ကြီးစိုးထားရာနယ်မြေများတွင်   အစိုးရ၏အုပ်ချုပ်ရေးယန္တရား နည်းပါးနေမှုကြောင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရသည့် တပ်/တပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုအပေါ်ကြီးစွာသောအခက်အခဲကိုဖြစ်ပေါ်စေသည်။ ဝင်ငွေရလမ်းလွယ်ကူမှုနှင့် နယ်မြေလုံခြုံမှုအားနည်းခြင်းကြောင့် တားဆီးနှိမ်နင်းရေးတပ်/တပ်ဖွဲ့များမရောက်ရှိနိုင်ခြင်းက မူးယစ်ဆေးဝါးချက်လုပ်သယ်ဆောင်မှုများ လွတ်လပ်စွာဆောင်ရွက်နိုင်သည့်အခြေအနေကို ဖန်တီးပေးရာရောက်စေသည်။ထိုအချက်များကြောင့်ပင်လက်နက်ကိုင်သောင်းကျန်းသူများကြီးစိုးရာနယ်မြေများတွင် မူးယစ်ဆေးဝါးချက်လုပ်မှုကို အမြောက်အမြားဆောင်ရွက်နေကြခြင်းဖြစ်သည်။ 

နိုင်ငံရေး၊ လူမျိုးရေး၊ ဝါဒရေးရာအရ မည်သို့ပင်ပြောဆိုနေခဲ့သော်လည်း နောက်ပိုင်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုက   လက်နက်ကိုင်အဖွဲ့များအတွက် အခွင့်အလမ်းများစွာကို ဖြစ်ပေါ်စေသဖြင့် မူးယစ်ဆေးဝါးချက်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးချက်လုပ်မှုအပေါ်ခွင့်ပြုပေးမှု၊လက်နက်ကိုင်အဖွဲ့များက မူးယစ်ဆေးဝါးချက်လုပ်မှုကို အကာအကွယ်ပေးမှု၊ သယ်ဆောင်ရောင်းဝယ်မှုများတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်မှုများသည် အမြစ်တွယ်လာခဲ့ပြီဖြစ်သည်။ မူးယစ်ဝါးချက်လုပ်ရန်အတွက်   လိုအပ်သောဓာတုပစ္စည်းများနှင့်ပစ္စည်းကိရိယာများ   တရားမဝင် ဝင်ရောက်မှုကိုအခကြေးငွေရယူပြီး ဆောင်ရွက်ပေးနေသကဲ့သို့ မူးယစ်ဆေးဝါးချက်လုပ်သူများအား ဝင်ရောက်ခွင့်ပေးခြင်း၊ အခကြေးငွေရယူပြီး နယ်မြေအတွင်း   ချက်လုပ်ခွင့်ပေးခြင်းနှင့်သယ်ဆောင်ရောင်းဝယ်မှုပြုခြင်းကလည်း တစ်ဆက်စပ်တည်း ပေါ်ပေါက်လာခဲ့သည်။  

အဆိုးကျော့ သံသရာ(၁)

အကြမ်းဖက်သောင်းကျန်းသူများ ကြီးစိုးရာနယ်မြေများတွင် ပညာသင်ကြားနိုင်သည့်အခွင့်အလမ်းနည်းပါးနေပြီး ကျန်းမာရေးနှင့်စီးပွားရေးအခွင့်အလမ်းများလည်း ဆုံးရှုံးနေရလျက်ရှိသည်။

ပညာရည်နည်းပါးခြင်း၊ ဘဝရပ်တည်ရေးအတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများ နည်းပါးနေခြင်းက ဒေသအလိုက် မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာခြင်းကိုဖြစ်ပေါ်စေသည်။ ဒေသခံများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာသည်နှင့်အမျှ ဘိန်းစိုက်ပျိုးထုတ်လုပ်ပေးသူ သားကောင်၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် ခိုင်းစေမည့်သူ/ခိုင်းစေခံရသူနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင်   အသုံးချနိုင်မည့် သားကောင်များ များပြားလာမည်ဖြစ်သည်။ အချို့သောမူးယစ်သားကောင်များမှာ ကိုယ်တိုင်သုံးစွဲခြင်းမှ လက်လီရောင်းချသူများ၊ သယ်ဆောင်သူများအဖြစ်ပါဝင်နေသည်ကို တွေ့ရသည်။

မူးယစ်ဆေးဝါးပြစ်မှုကြောင့်ဖမ်းဆီးခံရသူများထဲတွင် ပညာရည်နည်းပါးသူ၊ ဘဝရပ်တည်ရေးအတွက်စီးပွားရေးအဆင်မပြေသူနှင့်မူးယစ်ဆေးဝါးကိုယ်တိုင်သုံးစွဲသူအများစုဖြစ်နေသည်ကို စစ်ကြောချက်များအရတွေ့ရှိရသည်။ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူ  အများစုမှာလည်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်သယ်ဆောင်ရောင်းဝယ်သူများအဖြစ် ပြန်လည်အသုံးချခံနေရသည်ကိုတွေ့ရသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း၊ပြစ်ဒဏ်ကျခံရခြင်း၊ ပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသော်လည်းမူးယစ်ဆေးဝါး၏သားကောင်အဖြစ်သို့ ပြန်လည်ကျရောက်သွားပြီး သုံးစွဲခြင်း၊  သယ်ဆောင်ခြင်း၊ ရောင်းချခြင်းများမှပြစ်ဒဏ်ထပ်မံကျခံရခြင်းဖြင့်  အဆိုးကျော့သံသရာကို ရှည်လျားစေလျက်ရှိသည်။

အဆိုးကျော့သံသရာ (၂)

လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များစတင်ဖွဲ့စည်းစဉ်က  အင်အားအနည်းငယ်ဖြင့်သာ စတင်ခဲ့သော်လည်း လက်ရှိတွင်အင်အားများစွာ  ကြီးထွားလာလျက်ရှိသည်။ လက်နက်ကိုင်သောင်းကျန်းသူများ၏   လက်ရှိကာလဆောင်ရွက်နေမှုများကိုကြည့်လျှင်  အင်အားချဲ့ထွင်ခြင်း၊  လက်နက်တပ်ဆင်ခြင်း၊ နယ်မြေချဲ့ထွင်ခြင်း၊ တပ်/လုံခြုံရေးစခန်းများ၊ အစိုးရရုံးဌာနများကို တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာနေသော လမ်း/တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ သာသနာ့ဝန်ထမ်းများအား  သတ်ဖြတ်ခြင်း၊ သာသနိကအဆောက်အအုံများအား ဖျက်ဆီးခြင်း၊ ဝန်ထမ်းများအား ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊   အငြိမ်းစားဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အုပ်ချုပ်ရေးယန္တရား၏ အခြေခံအကျဆုံးဖြစ်သော   ရပ်ကွက်/ကျေးရွာအဆင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ စိုးမိုးထားရာနယ်မြေများအတွင်း အမည်အမျိုးမျိုးတပ်ကာ အခွန်(ဆက်ကြေး)ကောက်ခံခြင်းများဆောင်ရွက်လျက်ရှိနေသည်။ အဆိုးရွားဆုံးဖြစ်စဉ်များမှာ ပြည်သူများ၏ အသိပညာ နှင့်အနာဂတ်ကို လမ်းပြပေးနေသော ဆရာ၊ ဆရာမများကို သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအား ဖျက်ဆီးခြင်းနှင့်ပညာသင်ကြားနေသော  လူငယ်လူရွယ်များအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများပင်ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း သာမန်ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝကို အကြောက်တရားလွှမ်းမိုးနေစေရန်အတွက် ခရီးသွားပြည်သူများအပေါ်ခြိမ်းခြောက်ခြင်း၊ ပစ်ခတ်ခြင်း၊  မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊   ဆက်ကြေးမြင့်မားစွာကောက်ခံခြင်း၊ ဒေသအတွင်းနေထိုင်သော မိသားစုဝင်များအား အတင်းအကျပ်လူသစ်စုဆောင်းခြင်း၊ ဥပဒေမဲ့ဖမ်းဆီး/အပြစ်ပေးခြင်းများ ကြုံတွေ့နေရပြီး လူငယ်များ ပညာသင်ကြားခွင့်နှင့် ပြည်သူများစားဝတ်နေရေးအတွက် စီးပွားရေးအခွင့်အလမ်းများနည်းပါးစေရန်လုပ်ဆောင်နေလျက်ရှိသည်။ ပညာတတ်သူနည်းပါးခြင်း၊ မိသားစုစီးပွားရေးအဆင်မပြေခြင်းများဖြစ်ပွားလာရာမှ အနာဂတ်ပျောက်ဆုံးကာ   မှုခင်း/ပြစ်မှုကျူးလွန်သူများပြားလာစေပြီး နောက်ဆုံးတွင် မူးယစ်ဆေးဝါးသားကောင်များ ပိုမိုများပြားလာစေရန်ဖြစ်သည်။

ပြည်သူလူထုအတွင်း ပညာမတတ်သူများပြားလာစေရန်နှင့်စီးပွားရေးအရချွတ်ခြုံကျစေရန် လုပ်ဆောင်ခြင်းအားဖြင့် သက်ဆိုင်ရာနယ်မြေများအလိုက် အင်အားစုဆောင်းမှု ပိုမိုလွယ်ကူစေခြင်း၊ မှုခင်းနှင့်ပြစ်မှုများထူပြောလာခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာခြင်း၊ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့များအား အကြောက်တရားများ ဖုံးလွှမ်းနေစေခြင်းဖြင့်  လုပ်ငန်းဆောင်ရွက်မှုကို ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်းများကိုဖြစ်ပေါ်စေပြီး ပြည်သူလူထုအတွင်း အကြောက်တရားတိုးပွားလာခြင်းနှင့်အခြားနယ်မြေများတွင်ပြစ်မှုနှင့်ဒုစရိုက်မှုများစွာကို ဖြစ်ပေါ်စေခြင်းမှနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေလျက်ရှိသည်။ 

နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေခြင်းက  အုပ်ချုပ်ရေးယန္တရားကို အားနည်းစေပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများနှောင့်ယှက်ခံရခြင်းက မူးယစ်ဆေးဝါးချက်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများတိုးမြှင့်ဆောင်ရွက်ခြင်းကို ဖြစ်ပေါ်စေသည်။ မူးယစ်ဆေးဝါးချက်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်ရာမှရရှိလာသော   အကျိုးအမြတ်များဖြင့် နယ်မြေဒေသအတွင်း အဖျက်အမှောင့်လုပ်ငန်းများ၊ အကြမ်းဖက်သောင်းကျန်းမှုများကို တိုးမြှင့်လုပ်ကိုင်လာပြီး နယ်မြေဒေသလုံခြုံရေးနှင့်တည်ငြိမ် အေးချမ်းမှုများကို    ပျက်ပြားစေလျက်ရှိသည်။     တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းသည် မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊  ရောင်းဝယ်မှုများကို တိုးမြှင့်ဖြစ်ပေါ်စေခြင်းဖြင့် မူးယစ်ဆေးဝါး အဆိုးကျော့သံသရာကိုရှည်လျားစေလျက်ရှိသည်။

အဆိုးကျော့သံသရာ (၃)

မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများသည် အခြားစီးပွားရေးလုပ်ငန်းများထက်  အကျိုးအမြတ်များစွာရရှိစေသဖြင့် မူးယစ်ဆေးဝါးချက်လုပ်ရာနယ်မြေများသို့ ပြည်တွင်းဝိသမလောဘသမားများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ ဝင်ရောက်မှုမှာလည်း မြင့်မားလာစေလျက်ရှိသည်။

လက်နက်ကိုင်သောင်းကျန်းသူနယ်မြေများတွင်ထုတ်လုပ်သောမူးယစ်ဆေးဝါးများအားဝယ်ယူရာတွင် လက်နက်ကိုင်အဖွဲ့များမှ ကိုယ်တိုင်ပါဝင်ခြင်း၊ ပို့ဆောင်ပေးခြင်း၊ လက်နက်ကိုင်လုံခြုံရေးအစောင့်များဖြင့် လိုက်ပါပို့ဆောင်ပေးခြင်းနှင့်နယ်မြေဖြတ်ကျော်သယ်ဆောင်ရောင်းဝယ်မှုများအတွက် အခကြေးငွေရယူပြီး   ဆောင်ရွက်ပေးလျက်ရှိသည်။

မူးယစ်ဆေးဝါးကုန်သွယ်ရာ၌     လမ်းခရီးတစ်လျှောက်  မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရာတွင် စီးပွားရေးအရ  အဆင်မပြေသူများကို မက်လုံးပေးခြင်း၊ ရိုးသားစွာလုပ်ကိုင်နေသူများကို လိမ်လည်အသုံးချပြီးဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးရမိစစ်ကြောချက်များအရ   သိရှိရသည်။

မူးယစ်ဆေးဝါးဖမ်းဆီးခံရပါက  နောက်ကွယ်မှကြိုးကိုင်သူ အဓိကတရားခံများသည် မူးယစ်ဆေးဝါးထုတ်လုပ်ရာနေရာများဖြစ်သောအကြမ်းဖက်သောင်းကျန်းသူများ၏နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ကာ ပုန်းခိုနေထိုင်ခြင်းဖြင့် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့များ၏ဖမ်းဆီးမှုများမှ လွတ်မြောက်နေလျက်ရှိသည်။

ဖမ်းဆီးခံရပြီးနောက်   မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ပေးသူများ  ပြောင်းလဲသွားသော်လည်း မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသည့်အဓိကတရားခံများမှာ ယခင်ထွက်ပြေးတိမ်းရှောင်နေသူ လူနည်းစုဖြစ်သည်ကိုတွေ့ရသည်။   နောက်ကွယ်မှအဓိကကြိုးကိုင်သည့်    တရားခံများမှာအကြမ်းဖက် သောင်းကျန်းသူများ၏နယ်မြေအတွင်း    ပုန်းခိုနေထိုင်ရင်း မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို အခြားသူများဖြင့် ထပ်မံလုပ်ဆောင်လျက်ရှိသည်။ ဖမ်းဆီးခံရမှုများထပ်မံဖြစ်ပေါ်လာပါက မူလပုန်းခိုရာအကြမ်းဖက်သောင်းကျန်းသူနယ်မြေများအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေမှုများက မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုအဆိုးကျော့သံသရာကို ရှည်လျားစေလျက်ရှိသည်။

အဆိုးကျော့သံသရာ (၄)

လူငယ်ထုအတွင်း မူးယစ်ဆေးဝါးစတင်သုံးစွဲခြင်းတွင်   အပေါင်းအသင်းများ၏ တိုက်တွန်းမှုကို ရှောင်ရှားနိုင်မှုမရှိခြင်းက စတင်သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုသည် ခဏတာပျော်ရွှင်မှုကို ဖြစ်ပေါ်စေပြီး မူးယစ်ဆေးဝါး၏ အာနိသင်ပျက်ပြယ်သွားသည်နှင့် ခဏတာပျော်ရွှင်မှုများမှာ ပျောက်ဆုံးသွားမည်ဖြစ်သည်။ ခဏတာပျော်ရွှင်စေရခြင်းမှာလည်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဦးနှောက်အတွင်း ပျော်ရွှင်မှုကိုဖြစ်ပေါ်စေသည့် Dopamine ဟော်မုန်းများကို အဆမတန်ထုတ်လုပ်ပေးခြင်းကြောင့်ဖြစ်သည်။

မူးယစ်ဆေးအာနိသင်ပျက်ပြယ်သွားချိန်တွင် ဟော်မုန်းထုတ်လုပ်ပေးမှုများ သာမန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ယခင်ပျော်ရွှင်စွာနေနိုင်သည့်အခြေအနေများတွင် ပျော်ရွှင်နိုင်ခြင်းမရှိတော့ဘဲ မူးယစ်ဆေးဝါးသုံးစွဲမှုမှဖြစ်ပေါ်လာသည့် ပျော်ရွှင်မှုအခြေအနေမျိုးရောက်ရှိပါမှသာ ပျော်ရွှင်သည်ဟုခံစားလာရစေသည်။

မူးယစ်ဆေးဝါးသုံးစွဲမှုကြာလာသည်နှင့် ပုံမှန်ပမာဏဖြင့်သုံးစွဲရာမှဖြစ်ပေါ်လာသော ပျော်ရွှင်မှုများသည် လုံလောက်မှုမရှိတော့သဖြင့်  မူးယစ်ဆေးဝါးသုံးစွဲသည့်အကြိမ်အရေအတွက်နှင့်သုံးစွဲသည့်ပမာဏများတိုးလာပြီးနောက်ဆုံးတွင်မူးယစ်ဆေးစွဲသည့်အဆင့်သို့ရောက်ရှိစေသည်။ မူးယစ်ဆေးဝါးစတင်သုံးစွဲစဉ်က မိမိကိုယ်ကိုထိန်းသိမ်းနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း စတင်သုံးစွဲမိရာမှ ထပ်မံသုံးစွဲလိုသည့်စိတ်များဖြစ်ပေါ်လာကာ သုံးစွဲမှုကိုရပ်တန့်နိုင်ခြင်းမရှိတော့ဘဲ နောက်ဆုံးတွင် ဆေးစွဲသည့်အဆင့်သို့ ရောက်ရှိသွားစေသည်။

ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ဆိုင်ကယ်စီးခြင်းတို့သည် စတင်တတ်မြောက်သွားချိန်မှ သေဆုံးချိန်အထိ မေ့ပျောက်သွားခြင်းမရှိဘဲ မည်သည့်အချိန်တွင်မဆို ပြန်လည်ဆောင်ရွက်နိုင်သည်။ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ  ဦးနှောက်အတွင်းမှတ်သားထားမှုသည် မည်သည့်အခြေအနေမျိုးတွင်မဆို  ပျောက်ပျက်သွားခြင်းမရှိသကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲမှုသည် ဦးနှောက်အတွင်း    စွဲထင်ကျန်ရစ်စေခဲ့သည်။ ထို့ကြောင့်ပင်  မူးယစ်ဆေးဝါးစတင်သုံးစွဲရာမှာ မူးယစ်ဆေးစွဲခြင်း၊ မူးယစ်ဆေးစွဲမှုအားကုသခြင်းနှင့် နောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်မှုများ မည်မျှပင်ဆောင်ရွက်ခဲ့သော်လည်း ဆေးဖြတ်ပြီးသူအများစုသည် မူးယစ်ဆေးဝါးပြန်လည်သုံးစွဲမှုကိုဖြစ်ပေါ်စေပြီး သေဆုံးချိန်အထိ မူးယစ်ဆေးဝါးသုံးစွဲမှု အဆိုးကျော့သံသရာကို  ရှည်လျားစေလျက်ရှိသည်။  

မူးယစ်ဆေးဝါးသုံးစွဲရာမှ   စတင်ဖြစ်ပေါ်လာသောပြဿနာရပ်များသည် လူတစ်ဦးချင်းထံမှ စတင်ခဲ့သော်လည်း  မိသားစုအတွင်း  မိသားစုဝင်များ၊  လူမှုအသိုက်အဝန်းမှ ဒေသအထိ၊  ထိုမှတစ်ဆင့် နိုင်ငံတော်အဆင့်နှင့်ဒေသဆိုင်ရာအဆင့်ထိပါ ထိခိုက်ပျက်စီးမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ ဝိသမ လောဘသမားများ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ မီးလောင်ရာလေပင့်ဆောင်ရွက်ချက်များသည် နိုင်ငံနှင့်ပြည်သူတစ်ရပ်လုံးကို  ပျက်စီးခြင်း/ပျက်သုဉ်းခြင်းအဆင့်ထိသို့ပင်ရောက်ရှိသွားစေမည်ဖြစ်သည်။

ထို့ကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတိုင်းအတာဖြင့်ဆောင်ရွက်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုအဆိုးကျော့သံသရာအား ဖြတ်တောက်သွားရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်းနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ၊ အကြမ်းဖက်သောင်းကျန်းသူများ၊ ဝိသမလောဘသမားများကို ချေမှုန်းနိုင်ပါမှသာ ပြည်သူတစ်ရပ်လုံး ခံစားနေရသည့် အဆိုးကျော့သံသရာမှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။   ။

"The evidence is clear: invest in prevention"

"Break the Cycle. # Stop  Organized Crime"

ကိုကိုချွန်(မော်လမြိုင်)

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ
-

ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနှင့်တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနှင့် မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာ လုပ်တတ် လာကြပါသည်။ အဆိုပါကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်သည့် Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့

ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနှင့်တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနှင့် မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာ လုပ်တတ် လာကြပါသည်။ အဆိုပါကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်သည့် Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့ သိပြီးရဲ့လား! မသိသေးဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးထား တာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။

Terrible Two ဆိုတာ ဘာများပါလိမ့်

Terrible Two ဆိုတာက ကလေးတစ်ယောက်၏အသက် ၁ နှစ်ခွဲ ၂ နှစ်ဝန်းကျင်ကနေ ၄ နှစ်ကျော် ၅ နှစ်တာ အတွင်းမှာ တွေ့ကြုံရနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ အပြောင်းအလဲပါ။ ဒီအချိန်မှာ ကလေးက မကြာခဏ စိတ်တိုစိတ်ဆတ်တာ၊ ဘာလုပ်ပေးပေး စိတ်တိုင်းမကျတာမျိုးနှင့် ဖေဖေမေမေ နားလည်ရခက်သည့် အပြုအမူလေးတွေကို ပြုမူတတ်ကြပါသည်။ 

ခုလေးတင် အရမ်းသဘောကျတယ်ဆိုသည့် အရုပ်နှင့် ပျော်ပျော်ရွှင်ရွှင် ဆော့နေရာက တော်ကြာနေတော့ မကြိုက် တော့ဘူး စိတ်တိုတယ်ဆိုပြီး အရုပ်ကို ထကောက်ပစ်တာမျိုး၊ လူကြားထဲမှာ သူလိုချင်တာမရလို့ လှဲချပြီး အော်ငို ပစ်တာမျိုး ဂျစ်ကျတာမျိုးတွေကို လုပ်တတ်သည့် အရွယ်ပေါ့။

ဒီလို ဖြစ်ရတာက ကလေးက စိတ်ခံစားမှု အပြောင်းအလဲမြန်တာ၊ စိတ်ရှုပ်တာမျိုးတွေနှင့် သူကိုယ်တိုင်တောင် နားမလည်ဘဲ ရှုပ်ထွေးလှသည့် ခံစားချက်တွေကို ခံစားနေရတာကြောင့်လည်း ဖြစ်ပါသည်။ ထိုအရွယ်မှာ ကလေးက သိချင်တာတွေ များနေသလို သူကိုယ်တိုင်က သူသိချင်တာတွေ နောက်ကို မနည်းမီအောင် လိုက်ရင်း သူဖြစ်ချင်တာ၊ သူ့စိတ်ခံစားချက်တွေကို နားမလည်တာကြာင့် မေမေဖေဖေတို့အပေါ်မှာ ဂျစ်ကျသလို ဖြစ်ရတာပါ။

နားလည်လွယ်အောင် ပြောပြရရင် မြန်ဆန်လှသည့် အပြောင်းအလဲမှာ အသားကျအောင် ကြိုးစားနေရသည့် အချိန်ပါ။ ဒါကြောင့် ဒီကာလမှာ ကလေးတိုင်းက ဒီလိုပဲ ဖြစ်တတ်တာမို့ မေမေဖေဖေတို့က စိတ်ရှည်ရှည်နှင့် ကလေးကို ကူညီ ဖို့တော့ လိုပါမည်။ 

သားသားမီးမီး Terrible Twos ခံစားနေရတာလား

သားသားမီးမီးတို့မှာ Terrible Twos ခံစားနေရပြီဆိုရင် အခုလို အပြုအမူလေးတွေ တွေ့ရနိုင်ပါသည်။ 

ဟင့်အင်းကို တွင်တွင်သုံးမည် – အဆိုပါကာလမှာ မြင်သာတာ တစ်ခုက ဒါလေး လုပ်ပါလားဆိုလည်း မလုပ်ချင်ဘူး။ ဒါစားဆိုရင် ဟိုဟာစားချင်တာဆိုမျိုး ဒါမှမဟုတ်လည်း မစားဘူးဆိုတာမျိုး လုပ်တတ်လာပြီ။ မိဘက အိပ်တော့ ပြောရင်တောင် ထဆော့နေတာမျိုးပေါ့။ လူကြီးက ဒါဆို၊ သူတို့က ဟိုဟာ လုပ်ရမှာကျေနပ်တယ်လို့ မေမေဖေဖေတို့ ညည်းတွားကြသည့် ကာလပေါ့။ 

စိတ်တိုလွယ်မည်– အဆိုပါကာလက အရာရာကို အလွယ်တကူ စိတ်တို ပေါက်ခွဲရင်း သူတို့လေးတွေ၏ စိတ်ရှုပ် ထွေးမှုကို ဒေါသအဖြစ် ပြောင်းလဲပြသတတ်သည့် အရွယ်ပေါ့။ စိတ်တိုင်းမကျမှု များနေတတ်သလို စိတ်တိုလွယ်ကြ ပါသည်။

စကားနားမထောင်ကြဘူး – အဆိုပါကာလမှာ မေမေဖေဖေပြောသမျှကို လိုက်လုပ်တာမျိုး မဟုတ်ဘဲ သူတို့ လုပ်ချင်တာ၊ စားချင်တာ၊ သွားချင်တာကို မလုပ်ရရင် ငိုတာမျိုး၊ ဂျီကျနေတာမျိုးတွေ လုပ်တတ်ကြပါပြီ။ ပုံမှန် လိုက်နာ နေကျ အရာလေးတွေကိုတောင် မလိုက်နာတော့တာမျိုးပေါ့။ 

ရန်လိုသည့် အပြူအမူတွေ လုပ်လာမည် – အဆိုပါအရွယ်မှာ ရွယ်တူ အချင်းချင်းကို ဖြစ်ဖြစ်၊ လူကြီးတွေကို ဖြစ်ဖြစ် ရိုက်တာ၊ ကိုက်တာမျိုးတွေကို လုပ်တတ်ကြသလို ပစ္စည်းတွေကို ပေါက်ခွဲတာ၊ အရုပ်တွေကို ချိုးပစ်တာမျိုးတွေ လုပ်လာတတ်ကြပါသည်။ 

အခုဆိုရင် Terrible Twos ကဘာလဲ။ ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာကို သိပြီဆိုတော့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ဆက်ပြောပြပေးမယ်နော်။ 

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲဆိုတော့ ကလေးကို စိတ်ဖိစီးမှု ကင်းနိုင်သမျှ ကင်းအောင် ထားတာပါ။ ဒီလို ပြောလို့ ကလေးကို အလိုလိုက်ပြီး သူလုပ်ချင်တာ အကုန်ပေးလုပ်ရမှာလားဆိုတော့ ဟုတ်ပါဘူး။ ကလေးကို ဖိအား မပေး၊ အပျက်သဘောမဆောင်ဘဲ အပြုသဘောဆောင်သည့် အရာတွေနှင့်ပဲ ထိတွေ့စေတာက ကလေးအတွက်ရော မေမေ ဖေဖေတို့အတွက်ရော ပိုမိုလွယ်ကူမှာပါ။ 

စည်းကမ်းနှင့် တစ်ဖက်ကနေ ထိန်းကျောင်းပေးဖို့ လိုသလို ကလေးနှင့်အပြိုင် စိတ်ဆိုးဒေါသထွက်တာမျိုးတွေ မလုပ်မိဖို့ လိုပါသည်။ ထို့ကြောင့် ကလေးကို အဆိုပါကာလတွင် 

ကလေး အသားကျနေပြီဖြစ်သည့် အနေအထားကို ထိန်းထားပေးပါ 

ကလေးက ယင်းကာလမှာ စိတ်ခံစားမှု အပြောင်းအလဲကို ဖြေရှင်းနေရင်း ထပ်တိုး စိတ်ဖိစီးတာမျိုး မဖြစ်စေဖို့ သူတို့လေးတွေ၏ တစ်နေ့တာကို သူတို့လေးတွေ အသားကျပြီးသား အခြေအနေမျိုးဖြင့် ကျော်ဖြတ်နိုင်ဖို့ လုပ်ဆောင် ပေးပါ။ 

အိပ်ချိန်၊ စားချိန်၊ ကစားချိန်တွေကို အချိန်မှန်စေဖို့ ဂရုစိုက်ပေးပါ 

ကလေးကို နံနက်စာ၊ နေ့လယ်စာ၊ ညစာတွေကို အချိန်လေးတွေ တိတိကျကျ သတ်မှတ်ပေးထားပြီး အချိန်မကျော် စေဘဲ ပြင်ဆင်ပေးတာ၊ ကစားချိန်မှာ ပေးကစားတာ၊ အိပ်ရာဝင်ချိန်ကို တိတိကျကျ သတ်မှတ်ပေးတာကလည်း ကလေးကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကနေ အတိုင်းအတာ တစ်ခုအထိ သက်သာစေပြီး Terrible Two ကာလကို ကောင်းကောင်း ကျော်ဖြတ်နိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

ကလေးကို ရွေးချယ်ခွင့်ပေးပါ 

ကလေးကို နံနက်စာကစလို့ သူ့အတွက် ပြင်ဆင်ပေးသည့် အရာရာတိုင်းကို သူစိတ်ကြိုက် ရွေးချယ်ခွင့်ပေးပါ။ ဥပမာ –နံနက်စာကို နို့နှင့် ပေါင်မုန့်စားမလား။ ဒါမှမဟုတ် ထမင်းကြော်စားမလား စသဖြင့်ပေါ့။ ရေခွက်ကိုဆိုရင်လည်း ဘယ်အရောင်ခွက်နှင့် သောက်မလဲ။ အဝတ်အစားဆိုရင်လည်း ဘာလေးဝတ်ချင်လဲ စသဖြင့်ပေါ့။ 

ကလေးကို စိတ်ခံစားချက်တွေအကြောင်းတွေ နားလည်အောင် ပြောပြပေးပါ

ကလေးက တစ်ခုခုကို စိတ်တိုင်းမကျလို့ အော်ဟစ်ပေါက်ကွဲတာမျိုး လုပ်တဲ့အခါမျိုးမှာလည်း ကလေးကို ဆူတာ မျိုးထက် ကလေးကို နားလည်အောင် ပြောပြပေးပါ။ 

ဝမ်းနည်းတယ်ဆိုတာ ဘယ်လို၊ လိုချင်တာမရလို့ ဒေါသထွက်တယ်ဆိုတာ ဘယ်လိုမျိုး ဆိုတာကိုပေါ့။ စိတ်ခံစားချက် တွေကို နားလည်စေပြီး ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သင်ပေးတာမျိုးပါ။

ဥပမာ– သားသားလိုချင်တာ မရလို့ ဒေါသထွက်တာကို နားလည်တယ်။ ဒါပေမဲ့ ဒေါသထွက်တိုင်း ပစ်လှဲပြီး အော်ဟစ် တာမျိုး မလုပ်ရဘူးဆိုတာမျိုးပေါ့။ ကလေးခံစားချက်ကို ကိုယ်က နားလည်ပါတယ်ဆိုသည့် သဘောမျိုး ပြသပြီး ဖြည်းဖြည်းချင်း သင်ပေးရမှာပါ။

ကလေးကို စိတ်ပျော်စေမှာလေးတွေ လုပ်ပေးပါ

ဒီကာလမှာ ကလေးက အပြုအမူ ဆန်းလေးတွေကို လုပ်တတ်ကြပါသည်။ ဥပမာ – စကားကို ပြောင်းပြန်ပြောတာမျိုး၊ သီချင်းတွေကို သက်သက် မှားအောင် အော်ဆိုတာမျိုးတွေပေါ့။ လူကြီးတွေအတွက် ပေါတောတော အပြုအမူလို့ ထင်စရာ ရှိသော်လည်း သူတို့လေးတွေအတွက်တော့ ဒီလို အပြုအမူလေးတွေက စိတ်သက်သာရာ ရစေပါသည်။ ထို့ကြောင့် ကလေးနှင့် အတူတူ သီချင်းတွေ အော်ဆိုတာအပါအဝင် သူလုပ်နေသည့် အရာတွေကို အတူတူ လိုက်လုပ်ပေးလိုက်ပါ။

ကလေးကို တစ်ယောက်တည်း ပစ်မထားပါနှင့်

အဆိုပါကာလမှာ ကလေးက အရာရာကို စိတ်တိုင်းမကျ ဂျီကျနေတာက မေမေဖေဖေတို့ကို စိတ်ပင်ပန်း စေနိုင်သော် လည်း ကလေးကို ပစ်ထားတာမျိုး မလုပ်ပါနှင့်။ ဒီလို လုပ်တာက ကလေးကို အထီးကျန်စေပြီး စိတ်ခံစားမှုပိုင်းမှာ ထိခိုက်တာမျိုးတွေ ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ကလေးက ပြောရခက်ရင်တောင် ကလေးကို တစ်ယောက်တည်း ပစ်ထားတာမျိုး မလုပ်ပါနှင့်။ 

အာဟာရပြည့်ဝစေဖို့ မမေ့ပါနှင့်

အဆိုပါကာလမှာ ကလေးက ဘာကိုမဆို မစားချင်ဘူးဆိုပြီး ငြင်းတာမျိုးတွေ၊ နည်းနည်းပဲ စားပြီး ဆက်မစားတာ မျိုးတွေ ရှိနိုင်ပါသည်။ ထိုအခြေအနေမှာ ကလေးက မစားဘူး ငြင်းနေရင်တောင် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေး ပါသည့် အဆိုပါကာလမှာ ကလေး အာဟာရ ပြည့်ဝဖို့ကလည်း တော်တော်လေးကို အရေးပါပါသည်။ ထို့ကြောင့် ကလေးကြီးထွားဖွံ့ဖြိုးရန် လိုအပ်မည့် အာဟာရတွေကို ပြည့်ဝစေရန် အစာအုပ်စုတွေကို စုံလင်အောင် ကျွေးပေးဖို့ လိုပါမည်။ ဥပမာ – ပရိုတင်း ပြည့်ဝစေဖို့ အသား၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ နို့နှင့် နို့ထွက်ပစ္စည်း၊ ဖော်မြူလာနို့ ဗီတာမင်တွေ ပြည့်ဝစေဖို့ အသီးအရွက်တွေ၊ သစ်သီးတွေ စသဖြင့်ပေါ့။ အကယ်၍ ကလေးက မေမေပြင်ဆင်ပေးသည့် ထမင်းနှင့် ဟင်းတွေကို စားဖို့ ငြင်းမည်။ နည်းနည်းပဲ စားတာမျိုးတွေ လုပ်နေလျှင် အာဟာရ မပြည့်မှာစိုးပါက တစ်ခွက်တည်းမှာတင် သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်သည့် ပရိုတင်း၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် နှင့် သတ္တုဓာတ်တွေ အပြင် Dual Fiber၊ DHA ပါဝင်နေသည့် ဖော်မြူလာနို့လေးကို ပြင်ဆင်ပေးတာကလည်း စားစရာ တွေကို မစားချင်ဘဲ ဘာကျွေးကျွေး ဟင့်အင်း ငြင်းတတ်သည့် သားသားမီးမီးတို့အတွက် အာဟာရလိုအပ်ချက် မရှိစေဖို့ ဖြည့်ဆည်းပေးမှာပါ။ ထို့ကြောင့် ကလေးကို ဘာကျွေးကျွေး ငြင်းတတ်သည့် အဆိုပါကာလတွင် ကလေး၏ နေ့စဉ်စားသုံးမှုမှာ ဖော်မြူလာနို့လေး ပါဝင်အောင် ပြင်ဆင်ပေးတာကလည်း နည်းလမ်းကောင်းပါ။ 

ကဲ …. အခုပြောပြခဲ့သည့် နည်းလမ်းလေးများဖြင့်Terrible Two ကာလကို ကလေးရော မေမေဖေဖေတို့ပါ အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေကြောင်း ……

Hello Sayarwon

မှတ်စုတို

ထန်းပင်သည် အပူပိုင်းဒေသတွင်သာ အများဆုံးတွေ့ရ၍  ပင်စည်  ၃၀/၄၀ လက်မကြား၊  အမြင့်  ၇၀/၈၀  ပေရှိပြီး ကမ္ဘာပေါ်တွင် အပူပိုင်းဒေသများဖြစ်သော အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်နှင့်  ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများတွင်  တွေ့နိုင်သည်။ ထန်းပင်ဟု ပြောလိုက်ပါက  လူတိုင်းသိကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ထန်းပင်ကို တွေ့ရပြီး မိုးရေချိန် ၂၀ လက်မနှင့် ၄၀လက်မကြားဒေသများတွင် ပေါက်ရောက်သည်။   ထန်းပင်သည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ပေါက်ရောက်ရှင်သန်နိုင်သော နှစ်ရှည်ပင်မျိုးဖြစ်ကာ ကျေးလက်ဒေသအနှံ့အပြားတွင် ထန်းပင်၊ ထန်းတောများစွာတွေ့ရှိ၍ ထန်းဖို၊ ထန်းမဟူ၍နှစ်မျိုးရှိသည်။ အညာဒေသသည်  လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာကတည်းက   ထန်းအရင်းအမြစ်ကို  ပိုင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။ အညာရိုးရာယဉ်ကျေးမှု ထွက်ကုန်များသည် မြန်မာနိုင်ငံသာမက ကမ္ဘာအထိ ဂုဏ်သတင်း ကျော်ဇောခဲ့သည်။ အညာဒေသ၌ ခေတ်အဆက်ဆက်  ထန်းပင်၊ ထန်းတောများ ပေါများသည်။ အရှေ့တောင်အာရှတစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ် ဒေသ၏ အမှတ်သင်္ကေတသည် အုန်းပင်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ၏ အမှတ်သင်္ကေတသည် ထန်းပင်ဖြစ်သည်ဟု ဆိုကြသည်။

ထန်းပင်သည် ပူနွေးစိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသများဖြစ်သောစစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၏   မြို့နယ်များအတွင်းရှိ ကျေးလက်ဒေသများတွင် ပေါက်ရောက်ဖြစ်ထွန်းပြီး  ထန်းပင်၊ ထန်းတောများစွာရှိခြင်းကြောင့် ဈေးကွက်တွင် မျက်နှာပန်းလှသော ထန်းလျက်လုပ်ငန်းကို များစွာလုပ်ကိုင်နိုင်သည်။ ထန်းပင်အသုံးပြုမှုပေါ်မူတည်ပြီး ထန်းလက်၊ ထန်းရွက်၊ ထန်းသီး၊ ထန်းမြစ် စသည်ဖြင့် တစ်ပင်လုံး အသုံးဝင်သည်။ အညာကျေးလက်ဒေသများမှာ ထန်းလက်ဖြင့် အိမ်ကာခြင်းအပြင် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးပြုလုပ်၍ အသုံးပြုကြခြင်းသည် အညာဒေသ၏ ရိုးရာဓလေ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေသည်။ ထန်းပင်မှတစ်ဆင့် လူတိုင်းသောက်သုံးနိုင်သော ထန်းရည်ရရှိပြီး ထိုထန်းရည်မှတစ်ဆင့် ထန်းလျက်အမျိုးမျိုးချက်လုပ်ရောင်းချနိုင်သည်။ အညာဒေသယာခင်းများ၏  ခြံစည်းရိုးများတွင် ထန်းပင်များ စိုက်ပျိုးထားခြင်းများဖြင့် ထန်းပင်၊ ထန်းတောပေါများပြီးဒေသခံကျေးလက်နေ ထန်းတောင်သူများ ထန်းလျက်ချက်လုပ်ငန်းကို ဒေသစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြသည်။

ထန်းလျက်လုပ်ငန်းကို မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်း ပူပြင်းခြောက်သွေ့သော ဒေသများတွင် အများဆုံးတွေ့ရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦး၊ ပုပ္ပား၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ မိတ္ထီလာ၊ မလှိုင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်း မြို့နယ်တို့တွင် အများဆုံး ပေါက်ရောက်သည့်အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း အနည်းငယ်တွေ့ရသည်။

အညာဒေသဟု ဆိုလိုက်၊ ပြောလိုက်လျှင် ပင်စည် မြင့်မြင့်ရှည်ရှည် အမြဲစိမ်းလန်းနေသော ထန်းတောများက ပူပြင်းခြောက်သွေ့လှသည့် မိုးခေါင်ရေရှားလှသော အညာဒေသ၏ ပြယုဂ်သဖွယ် ထင်ရှားစွာ တည်ရှိနေပါတော့သည်။    ။

MWD Web Portal

ဇေယျာနိုင်(ရွှေကန်မြေ)

ဟီးရိုးအင်းဆိုတာ

ဟီးရိုးအင်း(Heroin)သည် မော်ဖင်းမှထုတ်ယူရရှိသောဆေးဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဓာတုဗေဒ ဝေါဟာရအားဖြင့် Diamorphine ဟုခေါ်၍ ဓာတုသင်္ကေတမှာ C21H23NO5 ဖြစ်သည်။ မော်ဖင်းကို ဘိန်းမှထုတ်ယူရရှိခြင်းဖြစ်သောကြောင့် ဟီးရိုးအင်းသည်လည်း မူးယစ်စေတတ်သော ဘိန်းတစ်မျိုး ပင်ဖြစ်သည်။ အဖြူရောင်ဖြစ်သောကြောင့် ဟီးရိုးအင်းကို ဘိန်းဖြူဟူ၍လည်းကောင်း၊ ဆေးဖြူမှုန့် ဟူ၍လည်းကောင်း၊ နံပါတ်ဖိုးဟူ၍လည်းကောင်း အမည်များဖြင့် လူသိများထင်ရှားသည်။ ဟီးရိုးအင်း သည် မော်ဖင်းနှင့်အကျိုးပေးပုံချင်းဆင်တူသဖြင့် ဆေးဘက်တွင်  မော်ဖင်းကို အသုံးပြုသည့်အတိုင်း ဟီးရိုးအင်းကိုလည်း အသုံးချလေ့ရှိသော်လည်း အကျိုးအာနိသင်အရာ၌မူ ဟီးရိုးအင်းသည် မော်ဖင်း နှင့် ဘိန်းတို့ထက် အဆပေါင်းများစွာ ပြင်းထန်ထိရောက်ပြီး ပိုမို၍ အဆိပ်ပြင်းထန်ကာ ပိုမိုလွန်ကဲစွာပင် အလေ့အကျင့်အထုံ စွဲမြဲမြန်ဆန်စေသည်။  ဟီးရိုးအင်းသည် နာကျင်မှုဝေဒနာကို  မငြိမ်းစေတတ်သလို အိပ်ပျော်အောင်လည်း အလျင်အမြန်မဖြစ်စေတတ်ဘဲ မှီဝဲသူအား  တုံ့နှေးခြင်း ဖြစ်စေတတ်သည်။

ဟီးရိုးအင်းနှင့် လူမှုကျင့်ဝတ် လစ်ဟင်းမှု

ဟီးရိုးအင်းကို ဘိန်းစွဲသူများကမှီဝဲလေ့ရှိပြီး   ဟီးရိုးအင်းသည် အခြားမည်သည့်ယစ်မျိုးနှင့်မျှမတူဘဲ မှီဝဲသူ၏စိတ်ကို ပိုမိုလွန်ကဲစွာထိခိုက်စေသည်။ မှီဝဲစ၌ ပေါ့ပါးပျော်ရွှင်လာစေကာ ငါသာလျှင်အဓိက၊  ငါလုပ်လျှင် မည်သည့်အရာမဆိုအောင်မြင်ရမည် စသည့်အမြင်အစွဲများဝင်လာပြီးနောက် အရှိကိုအရှိ အတိုင်း မမြင်နိုင်တော့ဘဲ ပုံကြီးချဲ့ထင်မြင်လာကာ မဆင်မခြင်ပြုလုပ်တတ်သော သတ္တိများပေါက်ဖွားလာစေသည်။ ဟီးရိုးအင်းစွဲသူများသည် ကိုယ်ချင်းစာ တရားနှင့် စောင့်ထိန်း လိုက်နာအပ်သော လူမှုကျင့်ဝတ်နှင့်တာဝန်များ မေ့ပျောက်လစ်ဟင်းကာ လူမှုအသိုင်းအဝိုင်းနှင့် ဆန့်ကျင်ဘက် အပြုအမူများ ပြုလုပ်လာပြီးနောက် အချိန်ကြာလာလျှင် လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်မှ ဖယ်ကြဉ်ကာ ရာဇဝတ်ကောင်များဘဝသို့ ကူးပြောင်းသွားတတ်သည်။ ထို့ကြောင့် လူညွန့်တုံးစေသော မူးယစ်ဆေးဝါး ဟီးရိုးအင်းကို မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများတွင် တရားဝင် ရောင်းဝယ်သုံးစွဲခြင်းကို ပိတ်ပင်တားမြစ်ထားသည့်အပြင် ဟီးရိုးအင်းကို ထုတ်ယူရရှိနိုင်သော ဘိန်းပင်စိုက်ပျိုးခြင်းကိုလည်း  တားမြစ်ထားသည်။

ဟီးရိုးအင်းထုတ်လုပ်ရာတွင် ပါဝင်သည့်ဓာတုပစ္စည်းများအဆိုပါ ဟီးရိုးအင်း ၁ တန်ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်း ဘိန်းနှင့်ဓာတုပစ္စည်းများဖြစ်သည့် တိုင်းရင်းဆေး(ပရဆေးများ)တွင် “ဇဝက်သာ” ဟုအများသိကြသော   အမိုနီယမ်ကလိုရိုက် (Ammonium Chloride)၊ အက်စီတစ်အင်ဟိုက်ဒရိုက် (Acetic Anhydride)၊ ဟိုက်ဒရိုကလိုရစ် အက်စစ် (Hydrochloric Acid)၊ အက်စီတုံး (Acetone) နှင့်အခြားပစ္စည်းများ ပါဝင်ထုတ်လုပ်ရသည်။

စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင် ပါဝင်သည့်ဓာတုပစ္စည်းများ

စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးဖြစ်သည့် အမ်ဖက်တမင်း (Amphetamine)နှင့် မက်အဖက်တမင်း (Methamphetamine)  ထုတ်လုပ်ရာတွင်  Acetic Acid ၊ Acetic Anhydride၊ Acetone ၊  Acetyl  Chloride ၊ Chloroform ၊ Ethyl Ether ၊ Ephedrine ၊ Hydrochloric Acid ၊ Phenyl Acetic Acid ၊ Phosphrous Pentachloride ၊ Pseudoe-phedrine၊ Sulphuric Acid၊ Thionyl Chloride နှင့် Toluene အစရှိသည့် ဓာတုပစ္စည်းများကို ထည့်သွင်းအသုံးပြုရသည်။ ထို့ကြောင့် အဆိုပါဓာတုပစ္စည်းများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများအဖြစ် သတ်မှတ်ကြေညာထားသကဲ့သို့ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရလည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေအရလည်းကောင်းကန့်သတ်ဓာတုပစ္စည်းများ (Restricted Chemicals) အဖြစ် အမိန့်ကြော်ငြာစာများထုတ်ပြန်၍  ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ မက်အဖက်တမင်း (Methampheta-mine) ထုတ်လုပ်ရာတွင်  အက်ဖီဒရင်း (Ephedrine) နှင့် သိုင်အိုနိုင်းလ်ကလိုရိုက် (Thionyl Chloride)၊ ကလိုရိုဖောင်း (Chloroform) ၊ အက်စီတစ်အက်စစ် (Acetic Acid) ၊ ပလာဒီယမ် (Palladium)နှင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ (Hydrogen Gas) တို့ သတ်မှတ်အချိုးအစားအလျောက်ပါဝင်ကြသည်။

စိတ်ကြွဆေးဝါးများထုတ်လုပ်ရာတွင်  အသုံးပြုသော ပရီကာဆာဓာတုပစ္စည်း

များမှာ အက်စီတစ်အက်စစ် (Acetic Acid)၊ အက်စီတုန်း (Acetone)၊ ကလိုရိုဖောင်း (Chloroform)၊ အီသိုင်းလ်အီသာ (Ethyl Ether)၊ ဟိုက်ဒရိုကလိုရစ်အက်စစ် (Hydro-chloric Acid )၊ ဆာလ်ဖျူရစ်အက်စစ် (Sulphuric Acid)၊ အိုင်ဆိုဆာဖရိုးလ် (Isosafrole)၊ တော်လူအင်း (Toluene)၊ ပိုက်ပါရိုနောလ် (Piperonal)၊ ဆာဖရိုးလ်(Safrole)၊ ၃၊ ၄ မီသိုင်းလင်းဒိုင်အောက်စီဖီနိုင်းလ်-၂ ပရိုနန်း (3,4 Methylenedio-xyphnyl-2 Pronone) တို့ဖြစ်သည်။ MDMA အက်တက်စီ (Ecstasy) ဆေးဝါးများမှာ  အမ်ဖက်တမင်း (Amphetamine) နှင့် မက်အဖက်တမင်း (Methamphetamine) ဆေးဝါးတို့ထက်ပိုမိုအစွမ်းထက်ပြီး ပို၍စျေးကြီးသည်။

ထိန်းချုပ်ဓာတုပစ္စည်း (PrecursorChemicals) (၄၃) မျိုးမြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့်အညီ မြန်မာနိုင်ငံ၏လိုအပ်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၅-၂-၂၀၂၅ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၅)ဓာတုပစ္စည်း စုစုပေါင်း ၄၃ မျိုးကို Schedule-I၊ Schedule-II နှင့် Schedule -III ဟု အုပ်စုသုံးစုသတ်မှတ်၍ ပြင်ဆင်ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထိန်းချုပ်ဓာတုပစ္စည်းများကို စက်မှုဝန်ကြီးဌာနမှ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေအရ ၂၀၁၆ ခုနှစ်တွင်  ကန့်သတ်ဓာတုပစ္စည်း ၂၆ မျိုးနှင့် ၂၀၂၁ ခုနှစ်အတွင်း ၁၁ မျိုးကို ထပ်မံ၍ထုတ်ပြန်ကြေညာ၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

Schedule-I တွင် ပါဝင်သော ထိန်းချုပ်ဓာတုပစ္စည်း (၂၅) မျိုး

(က)   ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သယ်ဆောင်ရောင်း ဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဇယား(၁)ပါ ထိန်းချုပ် ဓာတုပစ္စည်းများ-

          ( ၁  )        Acetic Anhydride (အက်စီတစ် အင်ဟိုက်ဒရိုက်):C4H6O3 (108-24-7)

          ( ၂  )        N-acetylanthranilic Acid (အင်-အက်စီတိုင်းလ်အင်သရာနီလစ်အက်စစ်)  :C9H9NO3 (89-52-1)

     ( ၃ )    4-anillino-N-phenethyl-   piperidine (ANPP)/  Fentanyl analogues (၄-အနီလီနို- အင်ဖီနိုင်သိုင်းလ် ပိုင်ပါရီဒင်း)(အေအင်ပီပီ) :C19H24N2 (21409-26-7)

          ( ၄ )        Ephedrine(အက်ဖီဒရင်း)C10H15NO (299-42-3)

          ( ၅ )        Ergometrine (အာဂိုမတ်ထရင်း)  :  C23H27N3O6(60-79-7)

          ( ၆  )        Ergotamine (အာဂိုတမင်း) : C33H35N5O5 (113-15-5)

          ( ၇ )        Isosafrole (အိုင်ဆိုဆာ ဖရိုးလ်):C10H10O2 (120-58-1)

          (  ၈ )        Lysergic Acid  (လိုက်ဆာဂျစ်အက်စစ်) :C16H16N2O2 (82-58-6)

       ( ၉)        3,4-MDP-2-P methyl glycidate (PMK glicidate)(all stereoisomers)(၃၊ ၄-အမ်ဒီပီ-၂ပီ မီသိုင်း ဂလိုက်စီဒိတ်):C12H12O5 (13605-48-6)

          (၁၀ )        3,4-MDP-2-P methyl glycide acid (PMK glycidic acid) (all stereoisomers)(၃၊ ၄-အမ်ဒီပီ-၂-ပီ-မီသိုင်း  ဂလိုက်စီဒစ်အက်စစ် (ပီအမ်ကေဂလိုက်စီဒစ် အက်စစ်): C11H9O5.Na (62167189-50-4)   

          ( ၁၁ )        3,4 - Methyllenedio- xyphenyl-2 Propane (၃-၄  မီသိုင်းလ်လင်ဒိုင်အောက်ဆီ ဖီနိုင်းလ်-၂-ပရိုပန်နုန်း) :C10H10O3 (4676-39-5)

          ( ၁၂ )        Norephedrine (နော်အက်ဖီ ဒရင်း) : C9H13NO (14838-15-4)

          ( ၁၃ )        N-phenethyl-4-piperidone (NPP) (အင်-ဖီနိုင်းသိုင်းလ်-၄-ပိုက်ပါရီဒုန်း (အင်ပီပီ):C13H17NO (39742-60-4)

          (  ၁၄ )        Phenylacetic Acid (ဖီနိုင်းလ်အက်စစ်တစ် အက်စစ်):C8H8O2(103-82-2)

          (  ၁၅ )        1-phenyl - 2 Propanone  (၁-ဖီနိုင်းလ်-၂-ပရိုပန်နုန်း) :C9H10O (103-79-7)

          ( ၁၆ )        Alpha-phenylacetoa-cetamide (APAA) (including  its optical isomer)(အလ်ဖာ-ဖီနိုင်းလ်အက်စီတိုအက်စီတမိုဒ်(အေပီ အေအေ):C10H11NO2(4433-77-6)

          (  ၁၇ )        Alpha-Phenylacetoace-tonitrile (APAAN) အလ်ဖာ-ဖီနိုင်းလ်အက်စီတိုအက်စီတိုနိုဒ်ထရေး (အေပီအေအေအန်):  C10H9NO (4468- 48-8)

          (  ၁၈  )        Piperonal (ပိုက်ပါရိုနယ်လ်):C8H6O3 (120-57-0)

          (  ၁၉ )        Potassium Permanganate(ပိုတက်စီယမ်ပါမင်းဂနိတ်):KMnO4(7722-64-7)

          ( ၂၀ )        Pseudophedrineဆူဒိုအက်ဖီဒရင်း)  : C10H15NO(345-78-8)

          (  ၂၁ )        Safrole (ဆာဖရိုးလ်):   C10H10O2  (94-59-7)

          (၂၂ )        tert-Butyl 4-(phenylamino)  piperidine-1- carboxylate (1-boc-4-AP) တာတ်- ဗြူတိုင်း ၄-(ဖီနိုင်အမိုင်နို)ပိုင်ပါရီဒင်း-၁-ကာဘောက်စီလိတ် (၁-ဘီအိုစီ-၄-အေပီ): C16H24N2O2 (125541-22-2)

          ( ၂၃  )        Methyl alpha-phenylacet-  oacetate (MAPA) မီသိုင်းလ် အယ်ဖာ- ဖီနိုင်းအက်စီတို အက်စီတိတ် (အမ်အေပီအေ):C9H10O2 (101-41-7)

          (  ၂၄  )        Norfentanyl နော်ဖင်တာနိုင်း :C14H20N2O (1609-66-1)

          ( ၂၅  )        N-Phenyl-4-piperidinamine (4-AP) အင်-ဖီနိုင်းလ်-၄-ပိုင်ပီရီဒီနာမိုက် (၄-အေပီ) :C11H16N2(23056-29-3)