သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်သည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့်သက်ဆိုင်သည်။ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှု၊ ပုံမှန်အတိုင်းထားရှိမှု စသည်တို့နှင့်လူသားတို့၏ရှင်သန်မှုတို့မှာ တိုက်ရိုက်အချိုးကျနေခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံး၌ ရာသီဥတုပြောင်းလဲမှုများသည် ၂၁ ရာစုအစပိုင်းမှစ၍ ပြောင်းလဲလျက်ရှိသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ပုံမှန်မဟုတ်ဘဲ တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ပြောင်းလဲလာသော ရာသီဥတုဆိုင်ရာပြဿနာများကိုဖြေရှင်းလျက်ရှိကြသည်။ ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကြော
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်သည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့်သက်ဆိုင်သည်။ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှု၊ ပုံမှန်အတိုင်းထားရှိမှု စသည်တို့နှင့်လူသားတို့၏ရှင်သန်မှုတို့မှာ တိုက်ရိုက်အချိုးကျနေခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံး၌ ရာသီဥတုပြောင်းလဲမှုများသည် ၂၁ ရာစုအစပိုင်းမှစ၍ ပြောင်းလဲလျက်ရှိသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ပုံမှန်မဟုတ်ဘဲ တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ပြောင်းလဲလာသော ရာသီဥတုဆိုင်ရာပြဿနာများကိုဖြေရှင်းလျက်ရှိကြသည်။ ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့် ဆိုးကျိုးခံစားနေရသည့် နိုင်ငံပေါင်းများစွာရှိနေပြီဖြစ်ရာ ရာသီဥတု သမမျှတရေးနှင့် ရာသီဥတု၏အရင်းတည်ရာဖြစ်သောသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် လူသားအားလုံးအတွက် အဓိကကျလာသည်။
“သဘာဝဟူသည် ကောင်းစွာဖြစ်ခြင်း၊ အလိုအလျောက်ဖြစ်နေခြင်း”ဟူသော အဓိပ္ပာယ်ရသည်။ လူသားသည် သဘာဝထဲမှမွေးဖွားလာသူဖြစ်သည်။ လူသားဟူသည် သဘာဝ၏ကျေးကျွန်မဟုတ်သလို သဘာဝ၏အရှင်သခင်လည်းမဟုတ်ပေ။ “သစ်ပင်စိုက်ပါ ဤကမ္ဘာ၊ သာယာလှပ စိမ်းမြမြ”ဟူသောဆောင်ပုဒ်ကို လူတိုင်းကြားဖူးကြပါသည်။ သစ်ပင်တောတောင်သည်သတ္တလောကကြီးအတွက် မရှိမဖြစ်သောအရာဖြစ်သည်။ လူနှင့်သတ္တဝါများ အသက်ရှင်နေထိုင်ရန် မျှတသင့်လျော်သောပတ်ဝန်းကျင်ဖြစ်စေရေးအတွက် သစ်ပင်တောတောင်များက စေစားပေးလျက်ရှိသည်။ သစ်ပင်များသည် ၎င်းတို့ရှင်သန်ကြီးထွားရေးအတွက် လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူကာ လေထုထဲသို့အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသည်။ ထို့ကြောင့် သစ်တောများကို ကမ္ဘာမြေကြီး၏အဆုတ်များဟု တင်စားခေါ်ဝေါ်ကြသည်။
ကမ္ဘာပေါ်တွင် ပြောင်းလဲလာသောရာသီဥတုဖြစ်စဉ်ကြောင့် မတူညီသည့်သဘာဝဖြစ်စဉ်အမျိုးမျိုးတို့ကိုကမ္ဘာပေါ်ရှိလူသားတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည်။ လူတို့၏ပြုပြင်စီမံဖန်တီးမှုများကြောင့် ပုံမှန်ရာသီဥတုဖြစ်စဉ်များ၊ ပုံမမှန်ရာသီဥတုဖြစ်စဉ်ဖောက်ပြန်မှုများဖြစ်ပေါ်လာပြီးအကျိုးဆက်ကိုကြုံတွေ့နေကြပြီဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ပြီး ကြိုတင်ပြင်ဆင်သတိပြုမှုဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။
ကြိုတင်ပြင်ဆင်မှု
မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်ထုတ်ပြန်ချက်အရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိပြီးတဖြည်းဖြည်းလျော့နည်းလာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် “ဥတုရာသီ တောကိုမှီ”ဟုဆိုသည့်အတိုင်း ရာသီဥတုမှန်ကန်ကောင်းမွန်ရေးအတွက် သစ်ပင်သစ်တောများကိုထိန်းသိမ်းရန်လိုအပ်မည်ဖြစ်သည်။ စိုက်ပျိုးသီးနှံများစိုက်ပျိုးနိုင်ရေးအတွက် သစ်ပင်သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့်အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်သစ်တောများကို ခုတ်ထွင်ရှင်းလင်းနေမှုကြောင့် သစ်ပင်သစ်တောပြုန်းတီးမှုများမှာ များပြားလျက်ရှိသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြား၌ ရေကြီးရေလျှံမှုများ၊ မုန်တိုင်းတိုက်ခတ်မှုများ၊ မိုးခေါင်ရေရှားမှုများ စသည်ဖြင့် ရာသီဥတုဖောက်ပြန်မှု၏အကျိုးဆက်ကို ကြုံတွေ့လျက်ရှိရာ သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍ ရနိုင်သည်မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်ကာကွယ်မှုကောင်းခြင်းဖြင့် ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင် ကာကွယ်ကြရမည်ဖြစ်သည်။
သဘာဝကို ကောင်းအောင်ဖန်တီးသည်မှာ လူသားများပင်ဖြစ်သကဲ့သို့ ဆိုးအောင်ဖန်တီးသည်မှာလည်း လူသားများပင်ဖြစ်သဖြင့်လူသားများအနေဖြင့် သဘာဝသစ်တောထွက်သယံဇာတများကို စည်းကမ်းစနစ်တကျမဟုတ်ဘဲ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကြောင့် သဘာဝ၏အကျိုးဆက်ကို ပြန်လည်ခံစားကြရမည်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်ချို့ယွင်းမှုကြောင့် စားနပ်ရိက္ခာအထွက်နှုန်းကျဆင်းလာခြင်း၊ မွေးမြူရေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခြင်း၊ ဂေဟစနစ်များ ယိုယွင်းပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာခြင်း၊ အချို့သတ္တဝါမျိုးစိတ်နှင့် ဇီဝမျိုးစိတ်များ မူရင်းဒေသများမှနေရာပြောင်းရွှေ့ခြင်း၊ ပင်လယ်နှင့် သမုဒ္ဒရာများ၏ဂေဟစနစ်များယိုယွင်းပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာခြင်း၊ ရောဂါဖြစ်စေသောပိုးမွှားများရှင်သန်ရာဒေသ ပိုမိုကျယ်ပြန့်လာခြင်း၊ အပူလွန်ကဲခြင်းကြောင့် လူသားများ၏ကျန်းမာရေးဆိုင်ရာထိခိုက်လာခြင်း၊ သီးနှံစိုက်ခင်းနှင့် သစ်တောသစ်ပင်များပျက်စီးခြင်း စသည့်ပြဿနာများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလျက်ရှိသည်။ရာသီဥတုဖောက်ပြန်မှု၏လက္ခဏာများအဖြစ် မုန်တိုင်းများတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းများကျရောက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ အအေးလွန်ကဲခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုသည်လည်း ယခင်ကထက် ပိုမိုပြင်းထန်လာသည်။
ရာသီဥတုဖောက်ပြန်လာရခြင်း၏အဓိကအကြောင်းရင်းသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုသည်လည်း လူသားများ၏လုပ်ဆောင်ချက်များမှထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုက်များကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များ ကမ္ဘာ့လေထုထဲအလွန်အကျွံရောက်ရှိ လာခြင်းကြောင့်ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး လူသားများအတွက်လိုအပ်သည့် အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသည့် သစ်တောများပြုန်းတီးခြင်းသည်လည်း ကမ္ဘာကြီး ပူနွေးလာမှု၏အကြောင်းရင်းတစ်ရပ်ဖြစ်သည်။
ကုန်းမြေအခြေပြုသည့်မျိုးစိတ်များ၏ သုံးပုံနှစ်ပုံသည် သစ်တောများတွင်ရှင်သန်မှုအတွက် မှီခိုနေရ သည်ဖြစ်ရာသစ်တောများပြုန်းတီးမှုသည် ဇီဝမျိုးစုံမျိုးကွဲများ၏ဂေဟစနစ်ကိုများစွာထိခိုက်စေသည်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်လျှင် သစ်တောသစ်ပင်ထိန်းသိမ်းရေးကို အလေးထား ရမည်ဖြစ်သကဲ့သို့ လေထုညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းမှုများကိုလျှော့ချရန်၊ စက်ရုံသုံးစွန့် ပစ်ပစ္စည်း များကိုထိန်းသိမ်းကြပ်မတ်ရန်၊ သဘာဝသားငှက်တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရန် စသည့် လုပ်ငန်းများကို ဘက်စုံထောင့်စုံကဆောင်ရွက်သွားရမည်ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပျက်စီးခြင်း ကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများသည် ကမ္ဘာကြီးကို မှီခိုရှင်သန်နေရသော လူသားများနှင့်သက်ရှိဇီဝများကို ခြိမ်းခြောက်လျက်ရှိသည်။
ယနေ့ကမ္ဘာ့လူသားများ၏စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်နိုင်ရေးကိုအနှောင့်အယှက်မဖြစ်စေရန်နှင့်ကောင်းမွန်သောအနာဂတ်ကမ္ဘာကို နောင်လာနောက်သားများအတွက် ထားရှိပေးနိုင်ရန်ကိုလည်းဂရုပြုရမည်ဖြစ်သည်။သဘာဝကပေးထားသည့်စိမ်းလန်းစိုပြည်မှုများ မပျက်စီးစေရန် လူသားများကပင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်လျော့ နည်းလာသည့်အခါတွင်လည်း လူသားများကပင် ပြန်လည်ထိန်းသိမ်းဖန်တီးပေးရမည်ဖြစ်သည်။
နိုင်ငံတော်မှသစ်ပင်သန်းပေါင်းများစွာစိုက်ပျိုး
ကမ္ဘာ့နိုင်ငံများနည်းတူမြန်မာနိုင်ငံအနေဖြင့် သစ်ပင်သစ်တောများရေရှည်တည်တံ့စေရေးအတွက် သစ်တောများဖုံးလွှမ်းမှုတိုးတက်လာစေရေးနှင့် သစ်တောပြုန်းတီးမှုလျော့နည်းစေရေးကို အထူးအလေး ပေးလုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သော မိုးတွင်းကာလဖြစ်သည့် ဇွန်လ၊ ဇူလိုင်လများ၌ သစ်ပင်သန်းပေါင်းများစွာ စိုက်ပျိုးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီမှ ၂၀၂၄ခုနှစ် မိုးရာသီအထိ နိုင်ငံအဝန်းတွင် ပျိုးပင်စုစုပေါင်း၉၀ ဒသမ ၅၅ သန်းကျော် ဖြန့်ဝေစိုက်ပျိုးပေးနိုင်ခဲ့သည်။ နေပြည်တော်တွင် သစ်ပင်စိုက်ပျိုးပွဲ (၉)ကြိမ်ပြု လုပ်ခဲ့ပြီး ၃၂၀၉၇၀၃ ပင် စိုက်ပျိုးနိုင်ခဲ့သည်။
ရှင်သန်ဖြစ်ထွန်းမှု ၃၀၃၂၉၈၂ ပင် (၉၄ ရာခိုင်နှုန်း)ရှိသည်။ ဖြန့်ဝေစိုက်ပျိုးခဲ့သည့် သစ်ပင်များသည် သစ်တောနယ်မြေများဖြစ်သည့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း၌ စိုက်ပျိုးခြင်းသာမက ဘဲသစ်တောနယ်မြေပြင်ပနေရာများ၌လည်း ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများက မိုးရာသီလူထု လှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပေသည်။ ထို့ကြောင့်စိုက်ပျိုးလိုက်သည့်သစ်ပင်များ ရာနှုန်းပြည့် အောင်မြင်ရှင်သန်ရေးအတွက် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အားလုံးဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ပေသည်။ ယခုနှစ် မိုးရာသီ၌လည်း အမြင့် ၂ ပေအထက် ပျိုးပင် ၂၀ ဒသမ ၅၉ သန်းကို နိုင်ငံအဝန်းဖြန့်ဝေပေးထားပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဇွန်လ ၁၅ ရက်နေ့တွင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ သစ်မျိုး ၁၆ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ပင်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် နိုင်ငံတစ်နိုင်ငံ၏အစိုးရ၊ တာဝန်ရှိသူတို့မှ လုပ်ကိုင်ဆောင်ရွက်ရုံနှင့်ဖြေရှင်းနိုင်သည့်ပြဿနာမဟုတ်ပေ။ ကမ္ဘာပေါ်ရှိ လူတိုင်းလူတိုင်း အသိစိတ်ဓာတ်ရှိရှိဖြင့်ပါဝင်ဆောင်ရွက်မှသာ အောင်မြင်သောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရပိုင်းမှ မည်မျှပင်ဆောင်ရွက်စေကာမူ လူတစ်ဦးချင်း၏ မိမိကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်မှုမရှိပါက သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများမှာတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ မီးဖိုချောင်ထွက်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း၊ ရေတွင်းရေကန်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မြစ်၊ ချောင်းများအတွင်း အညစ်အကြေးနှင့် အမှိုက်သရိုက်များစွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သစ်တောသစ်ပင်များခုတ်ယူမှုမပြုခြင်း၊ ပလတ်စတစ်နှင့်ကြွပ်ကြွပ် အိတ်အသုံးပြုမှု များကို စနစ်တကျဆောင်ရွက်ခြင်း စသည့်အပြုအမူများသည် လူတစ်ဦးချင်းစီမှအစပြု၍ ကမ္ဘာပေါ်ရှိ လူသားတိုင်းဆောင်ရွက်ရမည့်တာဝန်များဖြစ်သည်။ ထိုသို့ လူတိုင်းအသိစိတ် ဓာတ်ရှိရှိပါဝင်ဆောင်ရွက်မှသာ မြန်မာနိုင်ငံ၏ဦးတည်ရာပန်းတိုင်ဖြစ်သော (Green Economic and Green Develop-ment) စိမ်းလန်းသောစီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ထို့ကြောင့်မလွန် ဆန်နိုင်သောသဘာဝဘေးအမျိုးမျိုးကို ကြိုတင်ပြင်ဆင်၍ စဉ်ဆက်မပြတ်ကာကွယ်ထိန်းသိမ်းပြီးရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို လျော့ကျစေကာ သက်ရှိနှင့်သဘာဝပတ်ဝန်းကျင်တို့ဟန်ချက်ညီညီနေထိုင်နိုင်သောအနာဂတ်ကို အကောင်အထည် ဖော်နိုင်ရေး ကာကွယ်ထိန်းသိမ်း စောင့်ရှောက် သွားကြရမည်ဖြစ်ကြောင်းရေးသား တင်ပြလိုက်ရပါသည်။ ။
MWD Web Portal

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်တို့ကို မူဝါဒချမှတ် ဆောင်ရွက် လျက်ရှိသည်။ မျှော်မှန်းချက်အနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာ ဖူလုံစေရန်၊ငါးလုပ်ငန်းကိုအခြေခံ၍ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ရည်မှန်း ချက်(၆)ရပ်၊ လ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်တို့ကို မူဝါဒချမှတ် ဆောင်ရွက် လျက်ရှိသည်။ မျှော်မှန်းချက်အနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာ ဖူလုံစေရန်၊ငါးလုပ်ငန်းကိုအခြေခံ၍ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ရည်မှန်း ချက်(၆)ရပ်၊ လုပ်ငန်းစဉ်(၂၅)ချက်ကို ရေးဆွဲချမှတ်ပြီး ငါးကဏ္ဍဖွံ့ဖြိုးရေးအတွက်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင်ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး၊ ငါးသယံဇာတများ စဉ်ဆက် မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများအလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေရရှိ စေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ မြစ်ကြီးများ၊ သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင် ယင်းတို့နှင့်ထိစပ်လျက်ရှိသော မြစ်ဖျား၊ ချောင်းဖျားများနှင့် ဆည်၊ ကန်၊ ရေလှောင်တမံများအတွင်းသို့ နှစ်စဉ် ၁ လက်မ အရွယ် ငါးသားပေါက် များကို မျိုးစိုက်ထည့်ပေးလျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲက“တိုင်းပြည်စားနပ်ရိက္ခာဖူလုံရေးမှာအရေးကြီးကြောင်း၊ မွေးမြူရေးလုပ်ငန်း များကိုလည်း တွန်းအားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအတွက် ရေမြေ နှင့်အခြေခံကောင်းများရှိပါကြောင်း၊ ယင်းကိုအကျိုးရှိရှိအသုံးချရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းကို နည်းစနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းပြည်အတွက် စားနပ်ရိက္ခာ ပေါများရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးမှာ လွယ်ကူသည့်နည်းလမ်းဖြစ်ကြောင်း မြစ်ချောင်းအင်းအိုင်များတွင် ငါးမျိုးများအမြောက်အမြားစိုက်ထည့်ပေးရန်လိုကြောင်း၊ စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်လျှင် စားနပ်ရိက္ခာဖူလုံသည့်အပြင် စီးပွားဖြစ်သည့် အဆင့်သို့ရောက်ရှိလာမည်ဖြစ်ကြောင်း” ကိုလည်း စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး(၂/၂၀၂၁) တွင် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုနှစ်တွင် စိုက်ထည့်မည့်ငါးမျိုးသည် ရှင်သန်မှုနှုန်း ပိုမိုကောင်းမွန်ရေးအတွက် အနည်းဆုံး၂ လက်မအရွယ်ရှိသည့်ငါးသားပေါက်များကိုသာ မျိုးစိုက် ထည့်ရန်၊ သားငါးပေါများစေရန် အဓိကမြစ်ကြီးများတွင် ပိုမိုစိုက်ထည့်ရန်၊ ငါးမျိုးစိုက်ထည့်သည့် အချိန်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့်လိုအပ်သည့်အဖွဲ့များဖွဲ့စည်း၍ငါးမျိုးစိုက်ထည့်ရန်၊ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်ပေါင်းစပ်၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ထိရောက်သည့် ငါးမွေးမြူရေးသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ရန်နှင့် ငါးသားဖောက်သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရေချိုရေပြင်များ
မြန်မာနိုင်ငံတွင် ရေချိုငါးများရှင်သန် ပေါက်ပွားကြီးပြင်းနေ ထိုင်နိုင်သည့်ကုန်းတွင်းရေချိုရေပြင် များဖြစ်သော မြစ်၊ ချောင်း၊ အင်း၊ အိုင်များသည် ဧရိယာအားဖြင့် ဟက်တာသန်းပေါင်း ၈ ဒသမ ၁- ၈ ဒသမ၂ သန်း ရှိသည်။ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ် အရှည် ၂၁၅၀ ကီလိုမီတာ၊ ချင်းတွင်းမြစ် အရှည် ၁၂၀၀ ကီလိုမီတာ၊ သံလွင်မြစ် အရှည် ၂၈၀၀ ကီလိုမီတာ၊ စစ်တောင်းမြစ် အရှည် ၄၂၀ ကီလိုမီတာ၊ သဘာဝကန်ကြီးများဖြစ်သည့် ရှမ်းပြည်နယ် အင်းလေးကန် ၁၅၅၀၀ ဟက်တာ၊ ကချင်ပြည်နယ် အင်းတော်ကြီးကန် ၁၂၀၀၀ ဟက်တာ၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်ကန် ၂၈၅၀ ဟက်တာ၊ ရေချိုရေပြင် ဧရိယာ စုစုပေါင်း ၈ ဒသမ ၁ ဟက်တာသန်းအနက် ဧရိယာ ၁ ဒသမ ၂-၁ ဒသမ ၃ ဟက်တာသန်းသည် အမြဲတမ်းတည် ရှိသောရေချိုရေပြင်ဖြစ်ပြီး ကျန်ရှိသော ဧရိယာ ခုနစ်ဟက်တာသန်းခန့်သည် ရာသီအလိုက် ရေပေါ်ရေလျှံဧရိယာများဖြစ်သည်။ ရေချိုငါးသယံဇာတများ ရှင်သန် တည်ရှိပွားများရန် သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင် - ၂၀ ဒသမ၅၀ ဧက (သန်း)၊ ရေဝပ်ဧရိယာ ၁၅ ဧက (သန်း) ၊ ဆည်/ရေလှောင်ကန် ၄ ဒသမ ၅ ဧက (သန်း)၊ စပါးစိုက်ဧက ၁၃ ဒသမ ၃၈ ဧက (သန်း) စုစုပေါင်း ၅၃ ဒသမ ၃၈ ဧက (သန်း) ရှိသည်။
မြန်မာနိုင်ငံ၏ ရေချို/ရေငန်စပ်နှင့် ရေငန်ရေပြင်များ
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ဘက်တွင်အိန္ဒိယသမုဒ္ဒရာ၊ ဧရာဝတီတိုင်းဒေသကြီးဘက်၌ဘင်္ဂလားပင်လယ်အော်၊ တနင်္သာရီတိုင်း ဒေသကြီးဘက်တွင်ကပ္ပလီပင်လယ်ပြင်တို့နှင့် ထိစပ်နေပြီး ကမ်းရိုးတန်းဒေသများတွင် ရေငန်ပုစွန်၊ ကဏန်းပျော့မွေးမြူရေးနှင့် ကမ်းနီးပင်လယ်ပြင်တွင် ရေငန်ငါး၊ ရေမှော်စသည်တို့ကိုမွေးမြူ လျက်ရှိ သည်။
မြန်မာနိုင်ငံကမ်းရိုးတန်းအရှည်မှာ ၂၈၃၂ ကီလိုမီတာရှိသည်။ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ပုစွန်မွေးတောင်သူများ၏ပုစွန်မွေးမြူခြင်းလုပ်ငန်းမှာ အများအားဖြင့် သဘာဝမှပုစွန်သား ပေါက်များကို မွေးကန်အတွင်းရေသွင်းပြီးပါလာသည့် ပုစွန်သားပေါက်များကိုသာ ထည့်သွင်းမွေးမြူ သောလုပ်ငန်းတစ်ခုဖြစ်သည်။
ယခုအခါ သဘာဝတွင် ဖမ်းဆီးမှုများပြားခြင်းကြောင့်လည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့်လည်းကောင်း၊ သဘာဝ၌ပုစွန်သားပေါက်များထွက်ရှိမှုမှာ တဖြည်းဖြည်းလျော့ကျလာပြီဖြစ်သည်။ ပုစွန်သားပေါက်များအား ပုစွန်သားပေါက်စခန်းများမှရယူပြီး ပုစွန်မွေးမြူရေးလုပ် ငန်းအားလုပ်ဆောင်သွားရန်နှင့် သဘာဝရေပြင်သို့ ပုစွန်မျိုးများမျိုးစိုက်ထည့်ရန် လိုအပ်လာသည်။
သို့ဖြစ်ပါ၍ရေငန်ပုစွန်သားပေါက်များအားရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူပုစွန်သား ဖောက်စခန်း၊ စစ်တွေမြို့နယ်ရှိ ရေချမ်းပြင်ပုစွန်သားဖောက်စခန်းနှင့် အောင်တိုင်ပုစွန်သား ဖောက်စခန်းတို့မှလည်းကောင်း၊ ရေချိုပုစွန်သားပေါက်များအား ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်ရှိ ကျောက်တန်းပုစွန်သားဖောက်စခန်းမှ လည်းကောင်း နှစ်စဉ်မျိုးစိုက်ထည့်ပေးလျက်ရှိသည်။
ရေချိုငါးသယံဇာတ ရေရှည်တည်တံ့ရန်ဆောင်ရွက်ချက်များ
ငါးလုပ်ငန်းဦးစီးဌာနသည် ရေချို ငါးလုပ်ငန်းရေပြင်များပျက်စီးခြင်းမှကာကွယ်စောင့်ရှောက်ခြင်း၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်တား ဆီးခြင်း၊ ဂရန်အင်းအတွင်း ဖမ်းဆီးခြင်းကိုအခြေခံသော မွေးမြူရေးစနစ်(Capture Based Culture System)ဖြင့် တိုင်းရင်းငါးမျိုးများအား ထိန်းသိမ်းပြုစုမွေးမြူခြင်း၊ ဂရန်အင်းအတွင်း ငါးအထွက်တိုး စေရေးအတွက် မွေးမြူရေးကိုအခြေခံသော ဖမ်းဆီးထုတ်လုပ်မှုစနစ်(Culture Based Capture System )ဖြင့် မွေးမြူရေးငါးသားပေါက်များထည့်သွင်းမွေးမြူခြင်း၊ ဆည်၊ ကန်ရေလှောင်တမံများအပါအဝင် ရေချိုငါးလုပ်ငန်းရေပြင်များတွင် ငါးမျိုးစိုက်ထည့်ခြင်း၊ တိုင်းရင်းငါးမျိုးထိန်းသိမ်းခြင်းနှင့် ငါးမျိုးပြုန်းတီး မှုမရှိစေရေးအတွက် သုတေသနအင်းများ သတ်မှတ်ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ရေချိုငါးလုပ်ငန်းနှင့်စပ်လျဉ်း၍ ဌာနပိုင်ငါးလုပ်ငန်းစခန်းများမှ အရည်အသွေးကောင်းမွန် သော ငါးမျိုးများဖောက်ပြီး ငါးသားဖောက်ထုတ်လုပ်ခြင်းနှင့် သဘာဝရေပြင်များသို့ ငါးသားပေါက်များ မျိုးစိုက်ထည့်ပေးခြင်း၊ သဘာဝငါးနေငါးထိုင်များနှင့် ငါးများသားပေါက်၊ မျိုးပွားသည့်နေရာများ ထိန်းသိမ်းခြင်းကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ အခြားတစ်ဖက်၌လည်း ငါးဖမ်းလုပ်ငန်းများကို စီမံခန့်ခွဲမှုအနေဖြင့် တရားမဝင်သောငါးဖမ်းနည်းများ (ဘက်ထရီရှော့တိုက်ခြင်း၊ အဆိပ်ချ၊ မိုင်းခွဲငါးဖမ်းခြင်း)ဖြင့် ဖမ်းဆီးထုတ်လုပ်ခြင်းကို မပြုလုပ်ရန် အသိပညာပေးခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ငါးသယံဇာတများရေရှည်တည်တံ့ပွားများစေရန်ထိန်းသိမ်းခြင်းနှင့် မျိုးပွားရာသီတွင် မျိုးငါးမကြီးများနှင့် ပေါက်ပွားလာသော ငါးရစ်၊ ငါးသန်များကို မဖမ်းဆီးရေး အသိပညာပေးခြင်းနှင့် တားမြစ်ခြင်း၊ အရေးယူခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိသည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်မှု
ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများ ရေရှည်တည်တံ့ ပြန့်ပွားစေရေးနှင့် ငါးစားသုံးမှုဖူလုံစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်း ဒေသကြီး/ပြည်နယ်များရှိ သဘာဝမြစ်၊ ချောင်းများအတွင်းသို့ ဌာနပိုင် ငါးလုပ်ငန်းစခန်း ၂၆ ခုနှင့် ပုစွန်သားဖောက်စခန်း ၃ ခုတို့မှ အောက်ဖော်ပြပါအတိုင်း နှစ်အလိုက် ၂ လက်မအရွယ်ငါး/ပုစွန် သားပေါက်များအား မျိုးစိုက်ထည့်ပေးခဲ့သည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သဘာဝမြစ်၊ ချောင်းများအတွင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်မှု၊ ပြည်ထောင်စုဝန်ကြီး၏ ကြီးကြပ်မှုတို့ဖြင့် ၂ လက်မအရွယ် ငါး/ပုစွန်သားပေါက်ကောင်ရေ ၃၈၈ ဒသမ ၇၄ သိန်း မျိုးစိုက်ထည့်ပြီး ငါးရိက္ခာ ဖူလုံစေရေးအတွက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်းရေးသားဖော်ပြအပ်ပါသည်။ ။

သစ်ပင်တစ်ပင်ရှင်သန်ဖြစ်ထွန်း အောင်မြင်စေရန် သစ်မျိုး၊ မြေ၊ ရေ၊ ရာသီဥတုတို့အပေါ် များစွာမူတည်ပေသည်။ သစ်မျိုးအလိုက် ရှင်သန်အောင်မြင်ဖြစ်ထွန်းသည့် ရပ်ဝန်းရှိကြသည်။ မြန်မာတို့၏ ရှေးကဘိုးဘွားတို့အစဉ်အဆက် စိုက်ပျိုးခဲ့သောသစ်ပင်များမှာ လက်ရှိ လူသားမျိုးဆက်တို့ကို အကျိုးပြုလျက်ရှိနေသကဲ့သို့လက်ရှိမျိုးဆက်တို့ကလည်း နောင်လာမည့်မျိုးဆက်များအတွက် သစ်ပင်စိုက်ပျိုးခြင်းကို ပြုကြရမည်ဖြစ်သည်။

သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေခြင်း၊ ရာသီဥတု ညီညွတ် မျှတစေခြင်းအပြင် မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသနှင့် သန့်စင်သောလေရရှိခြင်း၊ သစ်ပင် ရှင်သန်နေစဉ် အသီး၊ အပွင့်၊ အရွက် စသည်တို့ခံစားရရှိခြင်း၊ နေစရာအတွက် သစ်၊ တိုင်၊ မျော အလွယ်တကူရရှိပြီး ပိုလျှံက ရောင်းချခြင်းဖြင့် ဝင်ငွေရရှိခြင်း၊ သားငှက်တိရစ္ဆာန်များအတွက် အစာရေစာနှင့် နားနေရာရရှိခြင်း စသည့်လက်ငင်း အကျိုးကျေးဇူးများ ရရှိပါမည်။
မြန်မာလူမျိုးတို့သည် ကိုးကွယ်သည့် ဘာသာတရား၏ အဆုံးအမအရသော် လည်းကောင်း၊ မိရိုးဖလာ အစဉ်အလာအရသော် လည်းကောင်း ရှေးပဝေသဏီကပင် မိုးကြို၊ မိုးဦးကာလမှသည် မိုးကာလ မြေဆီစိုခိုက် အချိန်တွင် သစ်ပင်စိုက်ခြင်းကို ဆောင်ရွက်ကြသည်၊
သစ်ပင်စိုက်ခြင်းကို ပသာဒဖြစ်စေရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန်လာစေရန်၊ သဘာဝတောများမှထုတ်ယူသုံးစွဲမှုလျှော့ချရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ သစ်တောများ ရေရှည်တည်တံ့စေပြီး စဉ်ဆက်မပြတ် အကျိုးရရှိစေရေးအတွက် ပြုစုထိန်းသိမ်းရေးနှင့် စနစ်တကျထုတ်ယူ သုံးစွဲရေးဆိုင်ရာ အသိအမြင်များ တိုးပွားပြီး သိရှိလိုက်နာစေရန်၊ ဒေသခံများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်အမျိုးမျိုးနှင့် သစ်ပင်များကို တစ်နိုင်တစ်ပိုင်၊ တစ်အုပ်တစ်မ၊ အစုအဝေးလိုက် ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ စိုက်ကြသည်။ နိုင်ငံတစ်ဝန်းတွင် နေရာဒေသအလိုက် ပြည်နယ်၊တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက်နှင့် အထိမ်းအမှတ်နေ့များ စသည်ဖြင့် လူစုလူဝေး အင်အားသုံး မိုးရာသီသစ်ပင်စိုက်ပွဲများလည်း နှစ်စဉ်ပြုလုပ်ကြသည်။ အားရစရာကြီးပင်။ သစ်ပင်စိုက်ခြင်းကို ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲများကလည်း အားပေးအားမြှောက် ပြုခဲ့ကြသည်။
သစ်ပင်စိုက်တိုင်း မိမိတို့၏ရည်ရွယ်ချက်အတိုင်း အကျိုးများသည့် သစ်ပင်များအဖြစ် ရှင်သန်ဖြစ်ထွန်းအောင်မြင်စေရန် အသွင်နှင့် အနှစ်သာရအပြည့်အဝဖြစ်စေရန်သစ်ပင်စိုက်လျှင်ရှင်သန်ချင် လိုက်နာကြဖို့ အသိယှဉ်စေ ချင်ပါသည်။
ဥပမာ ကျွန်း ဆိုပါစို့။ မိုးရေချိန်လက်မ ၆၀ မှ ၈၀ ကြား ရေစီးရေလာကောင်းပြီး မြေဩဇာထက်သန်သည့် မြေအမျိုးအစားတွင် ရှင်သန်ဖြစ်ထွန်းအောင်မြင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ဒေသတွင် ကျွန်းပင်စိုက်သော် ရှင်နိုင်သော်လည်း မဖြစ်ထွန်း မအောင်မြင်နိုင်ပါ။ ထိုအပင်မျိုးက ကောင်းမွန်သော ကျွန်းမျိုးဆက်များကို ပေးနိုင်စွမ်းမည်လည်း မဟုတ်ပါ။ ကျွန်း၏မျိုးရိုးဗီဇ အရည်အသွေးကိုပင် ယုတ်လျော့ကျ ဆင်းစေနိုင်သည်။ အလားတူ ဒီရေတောသစ်မျိုးများကို တောင်ပေါ်ဒေသ၊ အအေးပိုင်းဒေသ သစ်မျိုးများကို အပူပိုင်း ဒေသတို့တွင်စိုက်ပါက ရှင်သန်မှုမရှိနိုင်ပါ၊ သစ်မျိုးရွေးချယ်ရာတွင် ဒေသ၏ရေမြေရာသီဥတုနှင့် လိုက်လျောညီထွေပြီးဖြစ်သည့် ဒေသသစ်မျိုးများကို ဦးစားပေးရွေးချယ်ရမည်ဖြစ်ပြီး စိုက်သည့်ရည်ရွယ်ချက်က လောင်စာအတွက်ဆိုက အကြီးမြန်သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း၊ စီးပွားဖြစ် သစ်၊ တိုင်၊မျောအတွက်ဆိုပါက စျေးကွက်မှတောင်းဆိုသည့် အဖိုးတန်သစ်မျိုးများ ရွေးချယ်၍သော် လည်းကောင်း စိုက်ရမည်ဖြစ်သည်၊၊
မြေရှိလျှင် သစ်ပင်စိုက်၍ ရပါသည်။ စိုက်သည့်မြေတွင် သစ်မျိုးအလိုက် အပင်ဖြစ်ထွန်းချင်မှဖြစ်ထွန်းမည်၊ မြေဆီမြေနှစ် မြေဩဇာကင်းမဲ့သောမြေ၊ အပင်အတွက် လိုအပ်သော အစိုဓာတ်မထိန်းသော မြေမှာ သစ်ပင်စိုက်က ရှင်သန်ရန်ခဲယဉ်းသည်။ အပင်ရှင်သန်ရန်ရေလိုသလို လိုသည်ထက်ပိုသော ရေဝပ်နေရာများ၊ ရေစီးရေလာမကောင်းသော နေရာများတွင် အပင်စိုက်ပါကလည်း မဖြစ်ထွန်းနိုင်ပါ။ အလားတူ ရာသီဥတုကိုလည်း သတိပြုရမည်။ ပူပြင်းသော၊ အေးသော၊ မိုးနည်းသော၊ မိုးများသောဒေသအလိုက် ရှင်သန်ဖြစ်ထွန်းမည့် သစ်မျိုးကိုသာ စိုက်ရမည်ဖြစ်သည်။ စိုက်ပင်တိုင်း ရှင်သန် အောင်မြင်ဖြစ်ထွန်းရေး သစ်မျိုးကို ဦးစားပေးလိုက သစ်မျိုးနှင့် သဟဇာတဖြစ်မည့် မြေနေရာရွေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် မြေနေရာဦးစားပေးလိုက မြေနေရာနှင့်လိုက်လျောညီထွေဖြစ်မည့် သစ်မျိုးကိုရွေးစိုက်ရမည်ဖြစ်သည်။
သစ်ပင်စိုက်မည့်မြေနေရာသည် လျှပ်စစ်ဓာတ်အားလိုင်းများ၊ သွယ်တန်းထားသည့် ဓာတ်ကြိုးများအောက်၊ နဂိုရှင်သန်ကြီးထွားပြီး အပင်ကြီးများအောက်၊ လမ်းဘေးဝဲယာဖြစ်က တိုးချဲ့မည့်လမ်းအဆင့်မြှင့်တင်မည့် လမ်းဧရိယာနှင့် လမ်းနယ်နိမိတ်များ၊ အဆောက်အအုံ ဆောက်မည့်နေရာ၊ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည့်နေရာ၊ ရေဝပ်သည်နေရာတို့ဖြစ်ပါက ရှောင်ရှားရမည်။ ဓာတ်ကြိုးများအောက်ခြေမှ ပေ ၅၀ ခွာရမည်။ ရေဝပ်နေရာဖြစ်ပါက လုံလောက်သောမြေစာဖို့ရမည်။ အမြန်လမ်း၊ ဒွေးလမ်းကြီးများ၏ လမ်းလယ်ကျွန်း အပင်စိုက်က အပင်ကြီးသစ်မျိုးအစား အပင်ငယ် သို့မဟုတ် ပသာဒဖြစ်မည့် သစ်မျိုးကိုရွေးရမည်။
သစ်ပင်စိုက်ရန် သစ်မျိုး၊ စိုက်မည့်နေရာရွေးချယ်ခြင်း
( Choice of species & Site selection)ပြီးနောက် ပျိုးဥယျာဉ်ရှိ ပျိုးပင်များကို ဒဏ်ခံနိုင်စေရန် တစ်နည်းအားဖြင့် သန်စွမ်းသောပျိုးပင်ဖြစ်စေရန် ဧပြီလနောက်ဆုံးရက်သတ္တပတ်လောက်မှစ၍ မြေချမစိုက်မီအချိန်အတွင်း ရေလျှော့လောင်းခြင်း၊ အလင်းဖွင့်(Hardening process) စသည့်လုပ်ငန်းများ ဆောင်ရွက်ရမည်။ (သစ်တောဦးစီးဌာနသည် သစ်ပင်စိုက်ပြီး ရှင်သန်ကြီးထွားမှု ကောင်းစေရန် ဒဏ်ခံနိုင်သော၊ သန်စွမ်းသော အမြင့် ၂ ပေနှင့်အထက်ရှိ ပျိုးပင်များကို မိုးကာလတွင် ပြည်သူ လူထုသို့ အခမဲ့ဖြန့်ဝေလျက်ရှိသည်။) စိုက်မည့်အကွာအဝေးအလိုက် ပန္နက်ရိုက်ခြင်း၊ မြေပြုပြင်ခြင်းဆောင်ရွက်ရမည်။
မိုးရေချိန်နည်းပါးသော အပူပိုင်းဒေသများတွင် ရေစုစည်းသိုမှီးနိုင်သည့် အရွယ်အစားရှိ ကျင်းတူးရမည်။ အများအားဖြင့် ၄'x၄'x၁'/ ၃'x၃'x၁'/၄'x၁'x၁' အရွယ်အစားရှိ ကျင်းအတွင်း အလယ်တွင် တစ်ပေပတ်လည် ချက်ကျင်းတူးရပါမည်။ အပူပိုင်းဒေသမှအပ ကျန်ဒေသများတွင် နှစ်ပေပတ်လည် တစ်ပေအနက်ကျင်း သို့မဟုတ် ပျိုးအိတ်အရွယ်အစားပေါ်မူတည်၍ လိုအပ်သည့် အရွယ်အစား ကျင်းတူးရပါမည်။
ကျင်းများအတွင်း ရောစပ်ထားသည့်မြေဆွေးများ အလုံအလောက်ထည့်ရပါမည်။ ရေလောင်းပေးနိုင်ပါက မိုးကြိုသစ်ပင်စိုက်ခြင်း၊ သစ်ပင်စိုက်ရန်လုံလောက်သည့် မြေအစိုဓာတ်ရရှိသည့် မိုးဦးကာလတွင်သစ်ပင်စိုက်ခြင်း ဆောင်ရွက်နိုင်ပါပြီ။ ပျိုးဥယျာဉ်တွင် ဒဏ်ခံနိုင်အောင် ပြုစုထားသည့် ပျိုးပင်တို့သယ်ယူချိန်တွင် ပျိုးပင်များမကျိုးမပျက်စေရန်၊ ပျိုးအိတ်မြေလုံးမကွဲစေရန်သယ်ရမည်။
သစ်ပင်စိုက်ကြရာတွင် ပျိုးအိတ်မြေလုံးမကွဲစေရန် သတိနှင့်ကိုင်တွယ်ပါ။ ပျိုးအိတ်ကို လက်နှစ်ဖက်ဖြင့် အသာဆုပ်ညှစ်ရပါမည်။ သစ်ပင်စိုက်မည့်ကျင်းအနီး ပျိုးအိတ်ပလတ်စတစ်အား လက်သည်း သို့မဟုတ် အသွားထက်ဓားသေးသေးဖြင့် ခွဲထုတ်ရပါမည်။
စိုက်ပင်အားတည့်တည့်မတ်မတ်ထား၍ မြေလုံးကို သတိဖြင့်ကျင်းအတွင်းအသာထည့်ပြီး စိုက်ပင်ဘေးပတ်လည် လေဟာမှုမဖြစ်စေရန် ဖို့မြေကို ဖိသိပ်ပေးရမည်၊။ အပင်အခြေ ရေဝပ်မှုမရှိစေရေး မို့မောက်သည်အထိ ရောစပ်ထားသည့် မြေဆွေးပုံပေးရပါမည်။
စိုက်ပင်များအား ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသည့်အိမ်မွေးတိရစ္ဆာန်များ၊ အခြားဖျက်ဆီးမှုများ မရှိစေရန် အကာအရံ အရံအတားများ စနစ်တကျပြုလုပ်ပေးရမည်။ လိုအပ်သလို ရေလောင်းပေးခြင်း၊ အရိပ်ပေးခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းသင်ရှင်းလင်း၊ မြေတောင်မြှောက် ခါးဆွခြင်းများဆောင်ရွက်ခြင်းဖြင့် ပြုစုထိန်းသိမ်းမှုပြုရပါမည်။
သစ်တောဦးစီးဌာနသည် ၂၀၂၅ ခုနှစ် မိုးကာလတွင် သစ်ပင်စိုက်ရန် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ အာဆီယံလမ်း၊ အမြန်လမ်းနှင့် လမ်းဘေးဝဲယာများ၊ အထူးလုပ်ငန်းတစ်ရပ်အနေဖြင့် အပင်စိုက်ခြင်း၊ နိုင်ငံတစ်ဝန်း မိုးကြို/မိုးကာလ သစ်ပင်စိုက်ပွဲတော်များ ကျင်းပခြင်း၊ ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများသို့ဖြန့်ဝေခြင်းတို့ အတွက် သစ်မျိုးစုံ၊ ဝါးမျိုးစုံ ပျိုးပင် ၂၁ သန်းနီးပါး ပျိုးထောင်ထားရှိပေသည်။ ထို့ပြင် သစ်ပင် ပျိုးထောင်မှုနှင့်ပတ်သက်၍ သစ်တော သစ်ပင်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တစ်သီးပုဂ္ဂလတစ်နိုင်တစ်ပိုင် ဝါသနာရှင်များ၏ ဆောင်ရွက်မှုများ ပါဝင်ပါက နှစ်စဉ်မြန်မာနိုင်ငံတွင် ပျိုးပင်များ သန်းဆယ်ချီမှုများသော အရေအတွက် ပမာဏဖြင့် ပျိုးထောင်ကြပါသည်။
ထို့အတွက် အချိန်၊ လုပ်အား၊ ငွေကြေး၊ နည်းပညာအရင်းအနှီးများ၏ တန်ဖိုးကား အနမတဂ္ဂပါ၊ သစ်ပင်စိုက်ရာတွင် ရှင်သန်အောင်မစိုက်ပါက၊ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပင်များ ပျက်စီးပါက တန်ဖိုး တွက်ချက်ရသည်ရော မရသည်ရော ဆုံးရှုံးမှုများကား မနည်းမနောရှိနိုင်ပေသည်။ မြေဆီစိုခိုက် သစ်ပင်စိုက်ကြရာဝယ် စိုက်ပင်များအား
-ရှင်အောင်စိုက်၊
-ကြီးအောင်ပြုစု
-မြဲအောင်ထိန်းသိမ်းခြင်းဖြင့် တစ်ပင်မှတစ်တောဖြစ်အောင် စွမ်းဆောင်ရင်း သစ်ပင်များ စိုက်ကြပါစို့။
သစ်ပင် သစ်တောများသည်- အတိတ်ကာလ၏ အမွေအနှစ်၊ပစ္စုပ္ပန်ကာလတွင် အကျိုးစီးပွား၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးမြှုပ်နှံသည့် အရင်းအနှီးကောင်း များပင်ဖြစ်သည်။
နောင်လာနောက်သား မျိုးဆက်သစ်များအား အမွေကောင်းများပေးနိုင်စေရေး၊ စိမ်းလန်းစိုပြည်သည့်မြေကြီးမှ ရွှေသီးစေရေးနှင့် သက်ရှိများအားလုံး အကျိုးရှိစေရေးအတွက် မိုးကာလမြေဆီစိုခိုက် သစ်ပင်များများ စိုက်ကြပါစို့။ ။

hengdu J-36 နဲ့ Shenyang J-50 တို့ဆိုတာက တရုတ်နိုင်ငံရဲ့ နောက်ထပ်မျိုးဆက်သစ်ကိုယ်ပျောက် တိုက်လေယာဉ်များဖြစ်ပါတယ်။ သူတို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၆ ရက်မှာ အတိအကျ ဖော်ပြထားခြင်းမရှိတဲ့ နေရာတစ်ခုကနေ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီအချိန်မှာပဲ တရုတ်နိုင်ငံရဲ့မျိုးဆက်သစ် တိုက်လေယာဉ်များကို စောင့်ကြည့်နေကြတဲ့လေ့လာသူများက မထင်ထားလောက်အောင် အံ့အားသင့်ခဲ့ရပါတယ်။

သို့ပေမယ့် ဘယ်လိုမျိုးနည်းပညာတွေကိုအသုံးပြုထားတယ်။ ဘယ်လိုစွမ်းဆောင်ရည်တွေရှိတယ်ဆိုတာကိုတော့ ဘယ်သူမှမသိခဲ့ကြပါဘူး။ ခန့်မှန်းပြီးတော့သာတစ်ယောက်တစ်မျိုး ထင်ကြေးပေးခဲ့ ကြတာပါ။
အခုဆိုရင် အဲဒီလေယာဉ်တွေထွက်ပေါ်လာတာ အချိန်အားဖြင့် ခြောက်လထဲကိုရောက်လာပါပြီ။ ဒီလေယာဉ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေလည်း တစ်စွန်းတစ်စထွက်ပေါ်လာခဲ့ပါပြီ။ ဒါကြောင့် ပညာရှင်များစိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ တရုတ်ရဲ့အဆင့်မြင့်တိုက်လေယာဉ်များ အကြောင်းနဲ့ပတ်သက်လို့ SCMP ဝက်ဆိုက်မှာဖော်ပြထားတာကို ပြန်လည်လက်ဆင့်ကမ်းဖော်ပြလိုက်ပါတယ်။
Chengdu J-36
သူ့ရဲ့ပုံပန်းသဏ္ဌာန်ကိုကြည့်ပြီးခေါ်ရမယ်ဆိုရင် "Gingko Leaf" (ကမ္ဘာဦးပင်အရွက်)လို့ခေါ်နိုင်ပေမယ့် ချန်ဒူးလေကြောင်းစက်မှုကော်ပိုရေးရှင်းကထုတ်လုပ်ထားတဲ့လေယာဉ်ရဲ့တရားဝင်အမည် ကထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ လက်ရှိမှာ သူ့ရဲ့အမှတ်အသားနဲ့ နံပါတ်စဉ်ကိုလိုက်ပြီးခေါ်ဝေါ် ထားတာက တော့ Chengdu J-36 ဆိုပြီးဖြစ်ပါတယ်။
ပုံစံအပိုင်းကိုအရင်ပြောရမယ်ဆိုရင် J-36 ကစိန်ပွင့်ပုံစံရှိပါတယ်။ တောင်ပံက တြိဂံပုံစံရှိပါတယ်။ ဒီလိုတောင်ပံပုံစံကြောင့် လေယာဉ်ကအလွန်မြင့်မားတဲ့ အမြန်နှုန်းနဲ့သွားချိန်မှာ ဖြစ်ပေါ်လာတဲ့ လေဆွဲအားကိုလျော့ကျစေပါတယ်။ ပြီးတော့ သူ့မှာနောက်တစ်ခုထူးခြားတာက အမြီးပိုင်းမပါဝင်ပါဘူး။ ဒီလိုပုံစံနဲ့ဒီဇိုင်း ထုတ်ထားခြင်းက အထူးသဖြင့် ရေဒါရဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်စေဖို့ ဖြစ်ပါတယ်။
လေယာဉ်တစ်စင်းအတွက်အဓိကကျတဲ့အင်ဂျင်ပိုင်းကိုကြည့်မယ်ဆိုရင် သမားရိုးကျတိုက် လေယာဉ်တွေမှာအများဆုံးအနေနဲ့ အင်ဂျင်နှစ်လုံးပဲပါတာပါ။ ဒါပေမဲ့ J-36 မှာတော့ အင်ဂျင်သုံးလုံးအထိ တပ်ဆင်ထားပါတယ်။ အင်ဂျင်အမျိုးအစားက ဘာဖြစ်မလဲဆိုတာကိုအသေးစိတ် မသိရပေမယ့် လက်ရှိအသုံးပြုလျက်ရှိတဲ့ J-20 တိုက်လေယာဉ်မှာတပ်ဆင်ထားတဲ့ WS-10C Taihang အမျိုးအစား အင်ဂျင် ဒါမှမဟုတ် အင်ဂျင်ရဲ့တွန်းအားညွှန်ရပ် ကိုလိုသလိုပြောင်းလဲနိုင်ပြီး အဆင့်မြှင့်တင်ထားတဲ့ WS-10 အင်ဂျင် သို့မဟုတ် ပိုမိုအဆင့်မြင့်မားပြီး စွမ်းဆောင်ရည်ပိုင်းမှာသာလွန်လှတဲ့ WS-15 Emei ကိုတပ်ဆင်ထားနိုင်ဖွယ်ရှိပါတယ်။ဒီဇိုင်းပိုင်းအနေနဲ့ပြောရရင်သူ့မှာမြင့်မားလှတဲ့ကိုယ်ပျောက် စွမ်းရည် ရရှိစေဖို့ အထူးဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။
J-36 တိုက်လေယာဉ်က ဆဋ္ဌမမျိုးဆက်ဖြစ်တာကြောင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များနဲ့ တစ်မူထူးခြားတာတစ်ခုပါဝင်နေပါတယ်။ အဲဒါကတော့ လေယာဉ်ရဲ့ ပတ်ပတ်လည်မှာ ရေဒါနဲ့လျှပ်စစ်-မျက်မြင်ထောက်လှမ်းရေးကိရိယာတွေ တပ်ဆင်ထားတာဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့ဓာတ်ပုံတွေကိုမြင်ရသလောက်ဆိုရင် J-36 တိုက်လေယာဉ် ကို J-20S လေယာဉ်က ဘေးကနေအတူ ယှဉ်တွဲလိုက်ပါတာကိုတွေ့ရတဲ့အတွက် J-36 ရဲ့အရွယ်အစားကိုလည်း ခန့်မှန်းရလွယ်ကူသွားပါတယ်။ ခန့်မှန်းချက်အရဆိုရင် အလျားက J-20 ရဲ့အလျားဖြစ်တဲ့ ၂၁ မီတာအောက်နဲ့ တောင်ပံအလျား ၃ မီတာအောက်သေးဖို့တော့ မရှိပါဘူး။
ဒါကြောင့် အတိအကျပြောနိုင်တဲ့တစ်ချက် က J-36 ဟာ အကြီးစားတိုက်လေယာဉ် ဖြစ်တဲ့ J-20 ထက်ကိုကြီးမားနိုင်တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဒီလိုမျိုးအရွယ်အစားကြီးမားနိုင်တယ်ဆိုခြင်းကြောင့် သူ့မှာလက်နက်အများ အပြားပိုမိုတပ်ဆင်လာနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ သီအိုရီအရဆိုရင် သူ့ရဲ့ဝမ်းဗိုက်ပိုင်းမှာတပ်ဆင်ထားတဲ့ လက်နက် အိမ်ထဲမှာ တာဝေးပစ်ဒုံးကျည်ခြောက်စင်းကနေ ရှစ်စင်းအထိသယ်ဆောင်နိုင်ဖွယ်ရှိမှာပါ။ ဘေးတစ် ဖက်တစ်ချက် စီမှာတော့ အသေးစားဒုံးကျည်နှစ်စင်းစီသယ်ဆောင်နိုင်မှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်က လက်ရှိထွက်ပေါ်လာတဲ့ဓာတ်ပုံအရ လေယာဉ်ဦးခန်းထဲမှာထိုင်ခုံနေရာက သမားရိုးကျတိုက် လေယာဉ်တွေလိုမျိုး ရှေ့တစ်ခုံ၊ နောက် တစ်ခုံမဟုတ်ဘဲ ဘေးကပ်ရပ်နှစ်ခုံတွဲပုံစံ ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီလိုပုံစံမျိုးနဲ့သာ အမှန်တကယ်ထွက်ပေါ်လာရင် ဒါကဒရုန်း တွေကိုထိန်းချုပ်ဖို့အတွက်ဖြစ်နိုင်ဖွယ်ရှိပါတယ်။
Shenyang J-50
Chengdu J-36 လိုမျိုးပဲ စွမ်းဆောင်ရည်ပိုင်းမှာယှဉ်ပြိုင်လာနိုင်တဲ့ နောက်ထပ်လေယာဉ်တစ်စင်းက Shenyang J-50 ဖြစ်ပါတယ်။ သူ့ကို ရှန်းယန်းလေယာဉ် ထုတ်လုပ်ရေးကော်ပိုရေးရှင်းက ဖန်တီးထားတာပါ။ သူသည်လည်း J-36 လိုမျိုးပဲ အမြီးပိုင်းမပါတဲ့ တိုက်လေယာဉ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် J-50 က J-36 လိုမျိုး ပျံသန်းမှု စွမ်းဆောင်ရည်များပါရှိတဲ့ လေယာဉ်တစ်စင်းဖြစ်ပါတယ်။
ဒါပေမဲ့ သူ့မှာအသုံးပြုထားတဲ့အင်ဂျင်ကတော့ နှစ်လုံးတည်းပါပဲ။ J-36 လိုမျိုး သုံးလုံးမဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအရှိဆုံးသော အင်ဂျင်အမျိုးအစားက တွန်းအား ညွှန်ရပ်ကို လိုသလိုပြောင်းလဲထိန်းချုပ်နိုင်စွမ်းရှိတဲ့ WS-10B/C အမျိုးအစားအင်ဂျင်ကိုအသုံးပြုလာနိုင်တယ်လို့ဆိုပါတယ်။
ဒီအင်ဂျင်ကိုအသုံးပြုထားတဲ့အတွက် လေယာဉ်ရဲ့လှုပ်ရှားသွားလာမှုကို ပိုမိုမြန်ဆန်စေမယ့်အပြင် လေယာဉ်ရဲ့ကိုယ်ပျောက်နိုင်စွမ်းကိုလည်း ပိုမိုမြင့်မားစေမှာဖြစ်ပါတယ်။
J-50 ရဲ့အရွယ်အစားကို J-16 နဲ့ယှဉ် ကြည့်လိုက်ချိန်မှာ အရွယ်အစားအားဖြင့် J-16 နဲ့အတူတူ ဖြစ်နေပေမယ့် တောင်ပံအလျားမှာတော့ J-50 ကပိုမိုရှည်လျား တာကိုတွေ့ရပါတယ်။ ဒါ့အပြင် J-50 ရဲ့ အရွယ်အစားက J-36 လောက်ကြီးမားခြင်းမရှိတဲ့အတွက် သူ့ကိုလေယာဉ်တင် သင်္ဘောပေါ်မှာ တင်ဆောင်အသုံးပြုသွား နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
လေယာဉ်ရဲ့ဝမ်းဗိုက်အောက်မှာ အချိုး ညီမျှစွာတည်ရှိနေတဲ့ လက်နက်အိမ်နှစ်ခုက တရုတ်နိုင်ငံရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးသော ဝေဟင်မှ ဝေဟင်တာဝေးပစ်ဒုံးကျည်ဖြစ်တဲ့ PL-17 ကိုတင်ဆောင်ဖို့ အထိအရွယ်အစားကြီးမားတာကိုမြင်ရပါ တယ်။ PL-17 ဒုံးကျည်ဆိုတာ ရေဒါလမ်း ညွှန်စနစ်သုံး ဝေဟင်မှဝေဟင်ပစ်ဒုံးကျည် တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် J-50 ဟာ ပစ်ကူပေးရေးနဲ့ဝေဟင် ကာကွယ်ရေးမှာ မြင့်မားတဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင် စေမယ်လို့ မျှော်မှန်းရပါတယ်။
ချန်ဒူးကုမ္ပဏီနဲ့ ရှန်းယန်းကုမ္ပဏီတို့သာမက တခြားတာဝန်ရှိသူများကလည်း J-36 နဲ့ J-50 တိုက် လေယာဉ်နှစ်စင်းစလုံးရဲ့အချက်အလက်တွေနဲ့ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာ ပေးထားခြင်း မရှိပါဘူး။
ဒါကြောင့် ဒီလေယာဉ်တွေထွက်ပေါ်လာမယ့်အချိန်၊ တပ်တော်ဝင်နိုင်မယ့်အချိန်၊ ထုတ်လုပ်သွားမယ့်အရေအတွက် အစရှိတာတွေနဲ့ပတ်သက်လို့ ဘာတစ်ခုမှမသိရသေးပါဘူး။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတာနဲ့အမျှစစ်လက်နက်နည်းပညာပိုင်းမှာလည်း ကိုယ့်အားကိုယ်ကိုးလာတာကြာနေပါပြီ။ လေယာဉ်တွေကို ကိုယ်တိုင်ထုတ်လုပ်တယ်။ လေယာဉ်တင်သင်္ဘောတွေကို ကိုယ်တိုင်ထုတ်လုပ်တယ်။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ အသံနှုန်းလွန် ဒုံးကျည်တွေကိုလည်း ကိုယ်တိုင်ပဲထုတ်လုပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တစ်နည်းပြောရရင် စစ်လက်နက်နည်းပညာပိုင်းမှာ တခြားပြိုင်ဘက်နိုင်ငံတွေထက်ခြေတစ်လှမ်း နောက်ကျနေခြင်း မရှိဘဲ အမီလိုက်နိုင်နေတာကို တွေ့ရပါတယ်။
ဒီအချိန်မှာ အံ့ဩမင်သက်လောက်စရာကောင်းတဲ့ တိုက်လေယာဉ်နှစ်စင်းထွက်ပေါ်လာတာက ပြိုင်ဘက်နိုင်ငံတွေအပေါ်ကျော်လွန်သွားစေနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။
အစောပိုင်းတုန်းကတော့ ရှေ့ပြေးပုံစံတူ လေယာဉ်တွေကိုစမ်းသပ်ပျံသန်းနေရာမှ လေ့လာစောင့်ကြည့် သူတွေကသတိထားမိပြီး သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုစူးစမ်းလေ့လာရင်း အခုလိုမျိုး အချက်အလက်တွေကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့များတရားဝင် ထုတ်ပြန်ချက်တွေထွက်လာရင် အခုလေယာဉ်နှစ်စင်းဟာ တရုတ်နိုင်ငံရဲ့ဝေဟင်အရေးသာမှုကို ဦးဆောင်မယ့် လေယာဉ်များဖြစ်လာမှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။ ။
Ref: SCMP

သဘာဝပတ်ဝန်းကျင်ကို လူတိုင်းတန်ဖိုးထားမြတ်နိုးကြရပေမည်။ ယနေ့ရင်ဆိုင်နေရသည့် သဘာဝဘေးအန္တရာယ်အသွယ်သွယ်သည် လူတို့နေထိုင်ရာ ကမ္ဘာမြေကြီးကို ကြိမ်ဖန်များစွာ ရန်စတိုက်ခိုက်နေပြီဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဖြင့် ရန်စတိုက်ခိုက်မှုအန္တရာယ်အသွယ်သွယ်ကို နည်းလမ်းမျိုးစုံကျင့်သုံး၍ ကာကွယ်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးကျင့်စဉ်တစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်းဓလေ့ ရှင်သန်ဖြစ်ထွန်းရန်လိုပေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ အရိပ် အာဝါသရရှိခြင်းကိုဖြစ်စေသည်။ သစ်ပင်များအလွန
သဘာဝပတ်ဝန်းကျင်ကို လူတိုင်းတန်ဖိုးထားမြတ်နိုးကြရပေမည်။ ယနေ့ရင်ဆိုင်နေရသည့် သဘာဝဘေးအန္တရာယ်အသွယ်သွယ်သည် လူတို့နေထိုင်ရာ ကမ္ဘာမြေကြီးကို ကြိမ်ဖန်များစွာ ရန်စတိုက်ခိုက်နေပြီဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဖြင့် ရန်စတိုက်ခိုက်မှုအန္တရာယ်အသွယ်သွယ်ကို နည်းလမ်းမျိုးစုံကျင့်သုံး၍ ကာကွယ်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးကျင့်စဉ်တစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်းဓလေ့ ရှင်သန်ဖြစ်ထွန်းရန်လိုပေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ အရိပ် အာဝါသရရှိခြင်းကိုဖြစ်စေသည်။ သစ်ပင်များအလွန်အကျွံခုတ်လှဲမှုကို ကုစားသည့်အနေဖြင့် လျော့နည်းလာသည့်သစ်ပင်များနေရာတွင် အစားထိုးပြန်လည်ဖြည့်တင်းကြရမည်ဖြစ်သည်။ သစ်ပင်သည် လေကိုသန့်စင်စေသည့် အလုပ်ကို တာဝန်ကျေစွာလုပ်ဆောင်နိုင်စွမ်းရှိသည်။
လေထုညစ်ညမ်းမှုပြဿနာကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးနိုင်ပေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသည် လေထုညစ်ညမ်းမှုပြဿနာကိုကာကွယ်ရန် နည်းလမ်းမျိုးစုံအသုံးပြုလာခဲ့ကြသည်။ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့လျှော့ချရေးအစီအစဉ်များလည်း တစိုက်မတ်မတ် ကြိုးစားမှုအဖြစ် သစ်တော ပြုန်းတီးမှုပြဿနာကို အဖြေရှာဖွေလျက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြည့်တင်းနိုင်ရေး အားထုတ်လျက်ရှိပေသည်။
သစ်တောများကို ကမ္ဘာကြီး၏အဆုတ်ဟုပင် တင်စားထားရှိသဖြင့် သစ်တောသစ်ပင်များကို လိုအပ်သည်ထက်ပိုမိုမထုတ်ယူကြရန်လိုအပ်ခြင်းနှင့်အတူ ဆုံးရှုံးသွားသောသစ်တောများ၊သစ်ပင်များကိုပြန်လည် အစားထိုးစိုက်ပျိုးသွားရန်လိုအပ်သည်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းမက နားခိုနိုင်သည့် စကားရပ်အတိုင်း သစ်တစ်ပင်၊ ဝါးတစ်ပင်၏ တန်ဖိုး ကိုသိရှိမှသာ တန်ဖိုးထားနားလည်နိုင်မည်ဖြစ်သည်။
သစ်ပင်သည် မြေဆီလွှာဖြစ်တည်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးအလုပ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိသဖြင့် သစ်ပင်များကို တန်ဖိုးထားစိုက်ပျိုး သွားကြရမည်ဖြစ်သည်။
သစ်ပင်များကို မြတ်နိုးတန်ဖိုးထား၍ စိုက်ပျိုးခြင်းသည် လောကကိုအလှဆင်ခြင်းဖြစ်ပြီး သစ်ပင်၊ ဝါးပင်၊ ပန်းအလှပင်ဟူသမျှ အမြင်အရ လှပသည်သာမက စိတ်ကြည်နူးမှုကိုပါဖြစ်စေသည်။ ခြံဝင်းထဲတွင် သီးပင်၊ စားပင်များစိုက်ပျိုးခြင်းဓလေ့သည် ကျေးလက်သာမက မြေဧရိယာကျယ်ဝန်းသူတိုင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းအလေ့အထရှိကြပေသည်။ ပျိုးပင်မြေချ အမြစ်ခိုင်လာသည့်အချိန်မှစ၍ သစ်ပင်တန်ဖိုးသိရှိခွင့်ရကြသည်။ အညွန့်အဖူးသည် သစ်ပင်စိုက်သူ၏ ပီတိဖြစ်သည်။ ပန်းပွင့်ချိန် စိတ်ကူးအထူးပင်ပျော်ရွှင်ရသည်။ ပန်းပင်စိုက်ပျိုးလျှင် ဘုရားပန်းကပ်လှူနိုင်ပြီး ခြံဝင်းအတွင်း ပန်းရနံ့ တို့မွှေးကြိုင်စေမည်ဖြစ်သည်။
အလားတူသီးပင်စားပင်စိုက်ပျိုးခြင်းဖြင့်လည်း မီးဖိုချောင်ကုန်ကျစရိတ်ကို တစ်ဖက်တစ်လမ်းမှ ဖေးကူနိုင်စွမ်းရှိပေသည်။ စိုက်ပျိုးရေးဝါသနာပါသူတိုင်း သစ်ပင်လေးများကို ချစ်မြတ်နိုးကြသည်။အစေ့ပေါက်ပင်စိုက်သူတစ်ယောက်အတွက် အပင်ကို အရိပ်တကြည့်ကြည့်ကြည့်သည်။ အညှောက်မှ အပင်လေးကြီးလာသည့်ကာလတစ်လျှောက် ကြည်နူးပီတိဖြစ်ရသည်။
တစ်သက်လုံးပျော်ချင်လျှင် သစ်ပင်စိုက်ရမည့် သဘောတရားကိုပို၍လက်ခံလာကြသည်။ မိုးတွင်းကာလသည် သစ်ပင်လေးများ ရှင်သန်ဖြစ်ထွန်းရန်အကောင်းဆုံးအချိန်ကာလဖြစ်ခြင်းကြောင့် မိုးရွာမြေစိုလျှင် မျိုးစေ့ချသည်။ သစ်ပင်ကလေးများ နုရာမှ ရင့်၊ ဖူးရာမှ သီးပွင့်လာလျှင် မောသမျှ အမောပြေပျောက်ကြရပေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် မိမိအတွက်သာမက ပတ်ဝန်းကျင်အတွက်ပါ အကျိုးများသော ချစ်စဖွယ်အလုပ်တစ်ခုဖြစ်သည့်အပြင် လေထုညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အကောင်းဆုံးလက်နက်တစ်ခုလည်းဖြစ်သည်။
သို့ဖြစ်၍ သစ်တောသစ်ပင် ရှင်အောင်စိုက်ရမည် ဖြစ်သည်။ ရှင်သန်အောင်ထိန်းသိမ်းရမည်ဖြစ်သည်။ အဆိုပါ သစ်ပင်ကလေးများ ရှင်သန်ရေးအတွက်မြေနေရာရွေးချယ်သတ်မှတ်ခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေတောင်မြှောက်ခြင်းဆိုင်ရာ စိုက်ပျိုးပြီးအပင်များ ရှင်သန်ရေး ပြုစုစောင့်ရှောက်ခြင်း များပြုလုပ် ရလေ့ရှိသည်။ သစ်ပင်များရှင်သန်ကြီးထွားမှုဖြစ်စဉ်တွင် အလင်းရောင်နှင့် ရေသည်အဓိကကျသည်။ လောင်းရိပ်ကျသောအပင်များ၊ ချုံနွယ်ပင်တက်နေသောအပင်များသည် လွတ်လပ်စွာ ရှင်သန်ကြီးထွား ခွင့်များ ဆုံးရှုံးရလေ့ရှိသည်။ ကိုင်းထွက်နေသော သစ်ကိုင်းများကို ခုတ်ထွင်ရမည်။ အလင်းဖွင့်ပေး ရမည်။ ချုံနွယ်ပင်များကို ရှင်းလင်းပေးရမည်ဖြစ်သည်။ မြေဆီစိုခိုက် သစ်ပင်စိုက်ပျိုးခြင်းသည် သစ်ပင်များရှင်သန်ရန် အကောင်းဆုံးအချိန်ကာလဖြစ်ပေသည်။
ထို့ကြောင့်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ်သစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ ပျဉ်းကတိုး ၆၀၀ ပင်၊ ပိတောက် ၃၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၂ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၃၆၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။
သစ်ပင်စိုက်ပျိုးရသည့်ရည်ရွယ်ချက်များစွာရှိသည်။ သစ်ပင်စိုက်ပျိုးခြင်းမှတစ်ဆင့်ရာသီဥတုကောင်း မွန်ရေးအတွက်အထောက်အကူဖြစ်စေသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အကျိုးပြုခြင်း၊ ဂေဟစနစ်များကို ပိုမိုကောင်းမွန်စေခြင်းတို့ကိုဖြစ်စေသည်။ သစ်ပင်စိုက်ပျိုးခြင်းကြောင့် အကျိုးရလဒ်များစွာရရှိနိုင်ပေသည်။ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကောင်းစွာအန်တုနိုင်သည်။ လေထုအတွင်းတည်ရှိနေသည့် ကာဗွန်ဒိုင်အောက်ဆိုက် များကို စုပ်ယူပြီးနောက် လူနှင့်သက်ရှိတိရစ္ဆာန်များကို အကျိုးပြုစေမည့် အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးနိုင် စွမ်းရှိသည့်အပြင်သဘာဝဘေးအန္တရာယ်မှ အကာအကွယ်ပေးခြင်း၊ လေကောင်းလေသန့်ထုတ်လုပ်ပေးခြင်း၊အေးမြသည့်အရိပ်များဖန်တီးပေးခြင်းနှင့် ထင်းအဖြစ်သုံးစွဲနိုင်ခြင်းအစရှိသည့်လူသားအကျိုးပြုနိုင်စွမ်းရှိပေသည်။ သို့သော်လောင်စာအတွက်သစ်ပင်များကိုအဆမတန်ခုတ်လှဲခြင်း၊ ပရိဘောဂနှင့်အိမ်ဆောက်ပစ္စည်းအသုံးပြုရန်အတွက် သစ်ပင်များကို အလုံးအရင်းခုတ်လှဲခြင်းများကို ထိန်းညှိဆောင်ရွက်သင့်လှသည်။
သစ်ပင်တစ်ပင်အတွက် တန်ဖိုးသတ်မှတ်ချက်မထားရှိသင့်ပေ။ သစ်ပင်မှရရှိနိုင်သည့်အကျိုးကျေးဇူးများကို တန်ဖိုးသတ်မှတ်ရန်ခက်ခဲလှသည်။ အဓိကအားဖြင့် ရာသီဥတုကို ထိန်းညှိပေးနိုင်သည့် လုပ်ဆောင်ချက်ကြောင့်သစ်ပင်စိုက်ပျိုးခြင်းကို လူတိုင်းအားဖြည့်ပါဝင်ကူညီသင့်သည်။ သစ်တော ဖုံးလွှမ်းမှုပြန်လည်အားကောင်းလာစေရေး သစ်တောစိုက်ကွင်း၊ စိုက်ခင်းများ အစားထိုး ဖော်ဆောင်ခြင်းသာ အကောင်းဆုံးကုစားမှုတစ်ခုဖြစ်သည်။သစ်ပင် စိုက်ပျိုးပွဲများတွင်လည်း ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊စိန်ပန်း၊ ကံ့ကော်၊ ပိတောက်၊ ခရေ၊ ငုဝါကဲ့သို့ ရတနာတန်းဝင်အပင်များနှင့်အရိပ်ရလေကာပင်များ စိုက်ပျိုးကြသည်ကိုတွေ့ရှိရသည်။ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များသည် ဇူလိုင်လ၏ မိုးဖွဲများအောက် မြေပြင်ခြင်း၊ ကျင်းတူးခြင်းများ၊ သစ်ပင်စိုက်ပျိုးခြင်းများပျော်ရွှင်စွာပြုလုပ်ကြသည်။ ပူပြင်းခြောက်သွေ့သော အခြေအနေမှ စိမ်းလန်းသောကမ္ဘာတစ်ခုဖြစ်ပေါ်ရေး သစ်ပင်စိုက်ပျိုးနိုင်စွမ်းအားဖြင့် မြှင့်တင်ကြရမည်ဖြစ်သည်။ အရိပ်လိုနေပူကစောင့်ရန်မလိုသည့် သစ်တောအုပ်များဖြစ်ပေါ်ပါက သက်ရှိသက်မဲ့အားလုံးအတွက် ပင်ပန်းဆင်းရဲခြင်းဒုက္ခမှ အထိုက်အလျောက်သက်သာစေမည်ဖြစ်သည်။ သို့ဖြစ်၍ လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုးပြုစေသော သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းကို တစ်ဦးချင်းသော်လည်းကောင်း၊ အသင်းအဖွဲ့များအလိုက်သော်လည်းကောင်း ပြုလုပ်သင့်ပေသည်။ သစ်ပင်သစ်တော အမြစ်တွယ်ရှင်သန်ခြင်းမှတစ်ဆင့် အမြဲတစေခြိမ်း ခြောက်နေသည့် သဘာဝဘေးအန္တရာယ်များမှ စွမ်းနိုင်သမျှ ကာကွယ်သွားနိုင်လိမ့်မည်ဟု ယုံကြည်စွာ ရေးသားတင်ပြလိုက်ရပါသည်။ ။

၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသည် “အပြန်အလှန်အခွန်ကောက်ခြင်း” (Reciprocal tariff)ကို ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့ကုန်သွယ်ဖက်နိုင်ငံများအပေါ် မတူညီသော အချိုးအစားဖြင့် အကောက်ခွန်များ သတ်မှတ်ခဲ့သည့်အပြင် “မတ်လ ၂၈ ရက်နေ့” မန္တလေးငလျင်ကြီး၏ သက်ရောက်မှုကိုပင် ထောက်ထားညှာတာမှုမရှိဘဲ မြန်မာနိုင်ငံအား ၄၄ ရာခိုင်နှုန်းအထိ မြင့်မားသောအကောက်ခွန်များ စည်းကြပ်ခဲ့သဖြင့် အထည်အလိပ်၊ အဝတ်အစား၊ စိုက်ပျိုးရေး၊ သစ်သား၊ သတ္တု အစရှိသော ကဏ္ဍများအပေါ် သက်ရောက်ခဲ့သည်။

ဤလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစည်းမျဉ်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်း၊ နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ထိခိုက်စေခြင်းနှင့် ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို ပြင်းထန်စွာရိုက်ခတ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ပြန့်သော ကန့်ကွက်မှုများကြောင့် အမေရိကန်သည် အချို့သော ကုန်သွယ်ဖက်နိုင်ငံများအား အကောက်ခွန်များ ယာယီရွှေ့ဆိုင်းခြင်း၊ အချို့သောကုန်ပစ္စည်းများကို “အပြန်အလှန် အခွန်ကောက်ခြင်း”မှ ကင်းလွတ်ခွင့်ပြုကြောင်း ရှေ့ဆင့်နောက်ဆင့် ကြေညာခဲ့သည်။
မေလ ၈ ရက်နေ့တွင် ဗြိတိန်နှင့်အမေရိကန်တို့သည် သဘောတူညီမှုတစ်ရပ်ရရှိခဲ့ပြီး အချို့သော ကဏ္ဍများတွင် အကောက်ခွန်များ ရုပ်သိမ်းခဲ့သည်။ မေလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံနှင့် အမေရိကန် တို့သည် ဂျီနီဗာစီးပွားရေးနှင့်ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးပွဲ၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံကြားအကောက်ခွန်များကို သိသာထင်ရှားစွာလျှော့ချခဲ့သည်။ အမေရိကန်သည် ကမ္ဘာတစ်ဝန်းသို့ စတင်လိုက်သော အကောက်ခွန်စစ်ပွဲ၏ အဓိပ္ပာယ်ဟာ ဘာဖြစ်မလဲ။ ကျွန်တော်၏ ထင်မြင်ချက်ကို ဆွေးနွေးမျှဝေချင်ပါသည်။
၁။ “အပြန်အလှန်အခွန်ကောက်ခြင်း” ဆိုသည်မှာ အဘယ်နည်း
အမေရိကန်သည် ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချရန်၊ အစိုးရ၏ဘဏ္ဍာရေးဝင်ငွေကို တိုးမြှင့်ရန်၊ အမေရိကန်လုပ်ငန်းများကို ကာကွယ်ရန်နှင့် “ထုတ်လုပ်မှုလုပ်ငန်းများ နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိရန်” ဟူသော ရည်ရွယ်ချက်ဖြင့် “အပြန်အလှန်အခွန်ကောက်ခြင်း” ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု အကြိမ်ကြိမ်ကြေညာခဲ့ပါသည်။ အဆိုပါလုပ်ရပ်များသည် တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည်ဟု ထင်မြင်ရသော်လည်း အမှန်တကယ်တွင် စီးပွားရေးနိယာမများနှင့် ကုန်သွယ်ရေးဆိုင်ရာ အသိပညာအခြေခံများကို ဆန့်ကျင်နေပြီး ဤသည်မှာ စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ အနိုင်ကျင့်ခြင်း၏ လုပ်ရပ်ဖြစ်သည်။
အမေရိကန်သည် “တန်းတူညီမျှမှု” နှင့် “တရားမျှတမှု”ဆိုသည့် အကြောင်းပြချက်များဖြင့် ကုန်သွယ်ခွန်များတိုးမြှင့်ကာ အမှန်တကယ်မှာ “အမေရိကန်ဦးစားပေး” ဝါဒကို ကျင့်သုံးလျက် “အမေရိကန်အထူး”အခွင့်အရေးကို လိုက်စားနေ ခြင်းဖြစ်သည်။ အမေရိကန်သည် “လိုသုံးမလိုစွန့်” ဟူသော ပေါ့ပေါ့တန်တန် သဘောထားဖြင့် ၎င်းကိုယ်တိုင်တည်ဆောက်ခဲ့သော စစ်ပြီးခေတ် ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းစနစ်ကို ဖျက်သိမ်းရန်ရည်ရွယ်ကြံဆနေခြင်းဖြစ်သည်။
“အပြန်အလှန်အခွန်ကောက်ခြင်း”၏ အဓိကအခြေခံသည့် ကုန်သွယ်ရေးလိုငွေပြမှုကို “အခြား နိုင်ငံများမှ အမေရိကန်အား အမြတ်ထုတ်ခြင်း” ဟု မှတ်ယူကာ “အမေရိကန်နစ်နာမှု”ကို ကျယ်ကျယ် ပြန့်ပြန့်ဝါဒဖြန့်ချိခြင်းဖြစ်သောကြောင့် အမှန်တရားနှင့် လုံးဝကိုက်ညီမှုမရှိပေ။ ပထမအချက်၊ အမေရိကန်သည် နစ်နာခြင်းမရှိသည့်အပြင် လက်ရှိနိုင်ငံတကာ ကုန်သွယ်ရေးစနစ်၏ အဓိကအကျိုး ကျေးဇူးခံစားရသူဖြစ်သည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ တွင် အမေရိကန်မှ ကုမ္ပဏီပေါင်း ၁၃၆ ခုပါဝင်နေပြီး အရေအတွက်အားဖြင့် ပထမနေရာတွင် ရပ်တည်နေသည်။
ဒုတိယအချက်၊ အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုသည် ဈေးကွက်၏ စုပေါင်းသက်ရောက် မှုကြောင့်ဖြစ်ပြီး စီးပွားရေးဖွဲ့စည်းပုံ၊ နိုင်ငံတကာအလုပ်ခွဲဝေမှုနှင့် အမေရိကန်ဒေါ်လာ၏ ငွေကြေးဆိုင်ရာ အခန်းကဏ္ဍ စသည့်အကြောင်းရင်းများ၏ သက်ရောက်မှုကြောင့်ဖြစ်သည်။ ထို့အပြင် ကုန်သွယ်ရေး၏ သဘောသဘာဝသည် အပြန်အလှန်အကျိုးကျေးဇူးရရှိရန်ဖြစ်ပြီး ကုန်သွယ်ရေး လိုငွေပြမှုသည် ကုန်သွယ်ရေးနစ်နာမှုနှင့် မတူညီပါ။ တတိယအချက်၊ အမေရိကန်သည် ဝန်ဆောင်မှုကုန်သွယ်ရေးတွင် အမြဲတမ်းအပိုငွေရှိပြီး ၂၀၂၄ ခုနှစ်တွင် အပိုငွေပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ခန့်ရှိသည်။ အမေရိကန်သည် ကုန်သွယ် ရေးလိုငွေပြမှုကိုသာ ပြောဆိုပြီး ဝန်ဆောင်မှုကုန်သွယ်ရေးတွင် အပိုငွေရှိကြောင်းကို လုံးဝဖော်ပြခြင်းမရှိကြောင်း တွေ့ရသည်။ ဤသည်မှာ အမေရိကန်၏ ဘက်စုံမကြည့်ခြင်း၊ တစ်ဖက်စောင်းနင်းသာ ကြည့်ခြင်းပင်ဖြစ်သည်။
“အပြန်အလှန် အခွန်ကောက်ခြင်း”သည် ကမ္ဘာ့စီးပွားရေး ပြန်လည်ထူထောင်ရေးကို ထိခိုက်စေပြီး အမေရိကန်ကိုယ်တိုင်လည်း နစ်နာစေသည်။ “အပြန်အလှန် အခွန်ကောက်ခြင်း” အား အကောင် အထည်ဖော်ပြီးနောက် ကမ္ဘာ့ဈေးကွက်များ လျင်မြန်ကြီးမားသည့် လှုပ်ခတ်မှုဖြစ်ပေါ်ကာ အဓိက စတော့ဈေးကွက်အညွှန်းများ ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာနှင့် အမေရိကန်နိုင်ငံ ကြွေးမြီညွှန်းကိန်းများ ဆက်လက်အားနည်းခဲ့သည်။ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန်(GDP)သည် ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်လျှင် သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း အမေရိကန်စီးပွားရေး၏ အဆိုးရွားဆုံးသော သုံးလပတ်အဖြစ် မှတ်တမ်းတင်ခဲ့သည်။
The Budget Lab at Yale ၏ ခန့်မှန်းချက်အရ အကောက်ခွန်များ တိုးမြှင့်ခြင်းသည် သာမန်အမေရိကန်မိသားစုတစ်စုစီအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ ကျော် ဆုံးရှုံးစေမည်ဖြစ်ပြီး အမေရိကန်လုပ်ငန်းများအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံကျော် အပိုကုန် ကျစေမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)က အမေရိကန်၏ အကောက်ခွန် ဆိုင်ရာ အစီအမံများသည် ကမ္ဘာ့စီးပွားရေးအား ကြီးမားသော ဆိုးကျိုးသက်ရောက်မှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းခန့်မှန်းချက်ကို ဇန်နဝါရီလက ၃ ဒသမ ၃ ရာခိုင်နှုန်းမှ ဧပြီလတွင် ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ နောက်ဆုံးထုတ်ပြန်ချက်အရ အမေရိကန်၏ အကောက်ခွန်မူဝါဒများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအလားအလာများ ရုတ်တရက် ဆိုးရွားလာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ကုန်စည် ကုန်သွယ်မှုပမာဏသည် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားသည်။
အမေရိကန်အစိုးရ၏ ဇွတ်အတင်းလုပ်ဆောင်မှုသည် ပြည်တွင်းတွင် ကြီးမားသော ကန့်ကွက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ နေရာဒေသအများအပြားရှိ ပြည်သူများသည် အစိုးရအား အကောက်ခွန် တိုးမြှင့်မှုကို ဆန္ဒပြရန် လမ်းများပေါ်သို့ ထွက်လာခဲ့ကြပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ အော်ရီဂွန် ပြည်နယ်အပါအဝင် ပြည်နယ် ၁၃ ခုသည် ဖက်ဒရယ် အစိုးရအား တရားစွဲဆိုခဲ့ကြသည်။ အမေရိကန်၏ အဆင့်မြင့်စီးပွားရေးပညာရှင်များနှင့် အစိုးရအကြံပေး(ဟောင်း)များက “အကောက်ခွန်ဆန့်ကျင်ရေး ကြေညာချက်”ကို ထုတ်ပြန်ခဲ့ကြပြီး နာမည်ကျော် ကြားသော လူပုဂ္ဂိုလ် ၁၀၀၀ ကျော်က လက်မှတ်ရေးထိုးထောက်ခံခဲ့ကြသည်။ အမေရိကန်၏ ဘဏ္ဍာရေးဝန်ကြီး(ဟောင်း) လော်ရင့်စ်ဆမ်းမား (Lawrence Summers)က အမေရိကန်၏ အဆိုပါ လုပ်ရပ်သည် ၎င်း၏သမိုင်းတွင် မိမိနိုင်ငံစီးပွားရေးအား မိမိကိုယ်ကို ပြန်လည်ထိခိုက်နစ်နာစေသည့် အကြီးမားဆုံးသော လုပ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။
၂။ တရုတ်နိုင်ငံက အဘယ်ကြောင့် တန်ပြန်အရေး ယူသနည်း
ဧပြီလ၌ အမေရိကန်နိုင်ငံသည် ရှေ့ဆက် နောက်ဆက် တရုတ်နိုင်ငံအပေါ် အပြန်အလှန်အခွန် ကောက်ခြင်းကို ၃၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းနှင့် ၁၂၅ ရာခိုင်နှုန်းအထိ သုံးကြိမ်တိုးမြှင့်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ကျိုးကြောင်းဆီလျော်သော တန်ပြန်မှုပြုလုပ်ကာ အမေရိကန်ကုန်ပစ္စည်းများအပေါ် တူညီသောအချိုးအစားကို သုံးကြိမ်တိုင် အခွန်တိုးမြှင့်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေးယန္တရား(Dispute settlement)တွင် တရားစွဲဆိုခြင်းနှင့် Middle rare-earth elements ဆိုင်ရာ ပို့ကုန်ထိန်းချုပ်မှုများ စသည့် အစီအမံများစွာကို လုပ်ဆောင်ခဲ့သည်။
ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံနှင့် ဂုဏ်သိက္ခာရှိသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုရှိသော နိုင်ငံကြီးအနေဖြင့် တရုတ်နိုင်ငံ၏ တန်ပြန်ဆောင်ရွက်မှုများသည် မိမိနိုင်ငံ၏ တရားဝင်အခွင့်အရေးဖြင့် မိမိအကျိုးစီးပွားများကို ကာကွယ်ရန်သာမက ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားအပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်နှင့် နိုင်ငံတကာ၏ ဖြောင့်မှန်သော တရားမျှတမှုကို ကာကွယ်ရန်လည်း ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ အခွင့်အာဏာကို ခိုင်မာစွာထိန်းသိမ်းခြင်း၊ ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ် (International System)၊ နိုင်ငံတကာဥပဒေအပေါ် အခြေခံထားသော နိုင်ငံတကာစည်းမျဉ်းစည်းကမ်း (International order)၊ ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် အခြေခံထားသော နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်သာလျှင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း၏ ရှေးဦးလိုအပ်ချက်နှင့် အာမခံချက်ပင်ဖြစ်ပါသည်။
အမေရိကန်သည် ၂၀၁၈ ခုနှစ်ကတည်းက တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲကို စတင်ခဲ့သည်နှင့် အမျှတရုတ်နိုင်ငံ၏စီးပွားရေးသည် “ဖိအားအောက်တွင် ပိုမိုအားကောင်းလာသည်” ဟူသောအချက်မှာ ပိုမိုထင်ရှားပေါ်လွင်လာခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် နံပါတ်တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၅၀ ကျော်၏ အဓိကကုန်သွယ်ဖက် နိုင်ငံဖြစ်လာခဲ့သည်။ နိုင်ငံနှင့်ဒေသပေါင်း ၃၀ နှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုစာချုပ် ၂၂ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် ၃၀ ရာခိုင်နှုန်းကို အကျိုးထမ်းဆောင်ခဲ့သည်။ တရုတ်နိုင်ငံသည် အမြဲတစေ ရင်းနှီး မြှုပ်နှံမှု၏ မြေဩဇာထက်သန်သော မြေဆီလွှာဖြစ်ပြီး ယုံကြည်စိတ်ချရသော ကုန်သွယ်ဖက်ဖြစ်ကာ အပြင်လောက၏ အနှောင့်အယှက်ကို အရေးမထားခြင်း၊ ခြိမ်းခြောက်မှုနှင့်အကျပ်ကိုင်မှုကို မကြောက်ခြင်း၊ စည်းချက်နှောင့်ယှက်မှုများမခံခြင်းဖြင့် ကျွန်တော်တို့သည် မိမိတို့၏ ကိုယ်ပိုင်ရေးရာများကို ဆက်လက်အာရုံစိုက်မည်ဖြစ်ပြီး ကမ္ဘာကြီးကို သေချာမှု၊ အနာဂတ်နှင့်အခွင့်အလမ်းများစွာကို လက်တွေ့ကျသော လုပ်ဆောင်ချက်များမှတစ်ဆင့် အားပေးသွားမည်ဖြစ်သည်။
၃။ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းက ဘယ်ကို ဦးတည်နေသနည်း
ဒုတိယကမ္ဘာစစ်အပြီးတွင် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းသည် အရင်းအနှီး၊ သတင်း အချက်အလက်၊ နည်းပညာ၊ လုပ်အားနှင့်စီမံခန့်ခွဲမှုစသည့် ထုတ်လုပ်မှုဆိုင်ရာ အချက်များကို ပြောင်းလဲပြင်ဆင်ပေးရာမှ နိုင်ငံများ အပြန်အလှန်မှီခိုကာ နီးနီးကပ်ကပ်ချိတ်ဆက်နေသည့် ကမ္ဘာ့စီးပွားရေးဖွဲ့စည်းပုံတစ်ခု ဖြစ်လာခဲ့သည်။ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ (UNCTAD) မှ ထုတ်ပြန်သည့် နောက်ဆုံးအစီရင် ခံစာအရ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုပမာဏ သည် အမေရိကန်ဒေါ်လာ ၃၃ ထရီလီယံအထိ စံချိန်တင်မြင့်မားလာခဲ့သည်။ ယင်းက စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းသည် လူအင်အားဖြင့် ကြံစည်ဖန်တီးထားခြင်း မဟုတ်သောကြောင့် အချို့သောနိုင်ငံများ၏ဆန္ဒအရ ဆန့်ကျင်ဘက်သို့ ဦးတည်ပြောင်းလဲသွားမည်မဟုတ်ကြောင်း အပြည့်အဝပြသနေပါသည်။
မည်သည့်နိုင်ငံမဆို “မိမိနိုင်ငံကို ဦးစားပေးခြင်း”ကို လုပ်ဆောင်ခြင်းသည် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံး၏ တရားဝင်အကျိုးစီးပွားကို အရင်းခံ၍ မိမိနိုင်ငံ၏ ဗိုလ်ကျလွှမ်းမိုးမှု(Hegemony) အကျိုး စီးပွားကို အကျိုးပြုစေသော တစ်ဖက်သတ်ဝါဒ (Unilateralism) လုပ်ရပ်ဖြစ်၍ ၎င်းသည် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း၏ သမိုင်းလမ်းကြောင်းနှင့် ဆန့်ကျင်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ဆန့်ကျင်မှုများကို ဆက်လက်ခံရလိမ့်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မကြုံခဲ့ဖူးသည့် ကြီးမားသော အပြောင်းအလဲတစ်ခုဖြစ်ပွားနေသည်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေး စသည့်နယ်ပယ်၏ မညီမျှမှုများကို ရင်ဆိုင်နေရပြီး ဤမညီမျှမှု အကျပ်အတည်းများကို ရင်ဆိုင်ရာတွင် ကျွန်တော်တို့ အားလုံးသည် မျက်လုံးများကိုဖွင့်ကာ မည်သူက ဖျက်ဆီးနေသနည်း၊ မည်သူက တည်ဆောက်နေသနည်းကို ကြည့်ရှုရန်လိုအပ်ပါသည်။ ကမ္ဘာကြီးသည် အတားအဆီးများမဟုတ်ဘဲ ပွင့်လင်းခြင်း၊ လွှမ်းမိုးမှုမဟုတ်ဘဲ တရားမျှတမှု၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်ဘဲ စည်းလုံးညီညွတ်မှုစသည်တို့ လိုအပ်ပါသည်။ နိုင်ငံအားလုံးသည် နိုင်ငံကြီးငယ်မရွေး၊ အင်အားကြီးငယ်မဟူ၊ ဆင်းရဲချမ်းသာမခွဲခြားဘဲ နိုင်ငံတကာအသိုက်အဝန်းတွင် တန်းတူညီတူသော အဖွဲ့ဝင်များဖြစ်သင့်သည်။
နိုင်ငံများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစည်းသင့်ပြီး မိမိနိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် နိုင်ငံအသီးသီး၏ အကျိုးစီးပွားကို ပေါင်းစပ်ကာ တန်းတူညီတူစည်းစနစ်ကျသော ဗဟုဝင်ရိုးကမ္ဘာကြီးနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုး ပြုသော ပါဝင်ထိုက်သူအားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အတူအဆိုပြုကြပြီး မောက်မာထောင်လွှားသော လွှမ်းမိုးရေးဝါဒ (Hegemonism)၊ အင်အားကြီးသူက အင်အားငယ်သူကိုအနိုင်ကျင့်သော တောရိုင်းဥပဒေသ (The Law of the Jungle) ကို ဆန့်ကျင်ကြရမည်ဖြစ်သည်။ ဤနည်းဖြင့်သာလျှင် ကျွန်တော်တို့သည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီးပွားရေးစည်းစနစ်များကို ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ရာသို့ ခရီးဆက်နိုင်မည်ဖြစ်သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က “ကုန်သွယ်ရေးစစ်ပွဲရဲ့ သက်ရောက်မှုက အလွန်အပျက်သဘောဆောင်ပါတယ်။ ဘယ်သူမှအနိုင်ရမှာ မဟုတ်ဘူး၊ အားလုံးက အရှုံးသမားဖြစ်လိမ့်မယ်”လို့ ပြောကြားခဲ့ပါသည်။ အရေးကြီးသော အခိုက်အတန့်တွင် ဂျီနီဗာမြို့၌ တရုတ်-အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲသည် သိသာထင်ရှားသော တိုးတက်မှုရရှိခဲ့၍ အမေရိကန်သည် ၎င်း၏ တိုးကောက်သော အကောက်ခွန်ပေါင်း ၉၁ ရာခိုင်နှုန်းကို ပယ်ဖျက်ခဲ့ပြီး တရုတ်နိုင်ငံသည် လက်တုံ့ပြန်အကောက်ခွန် ၉၁ ရာခိုင်နှုန်းကို ရုပ်သိမ်းခဲ့သလို အမေရိကန်က အပြန်အလှန်အကောက်ခွန် ၂၄ ရာခိုင်နှုန်း အကောင်အထည်ဖော်မှုကို ဆိုင်းငံ့ထားပြီး တရုတ်နိုင်ငံကလည်း လက်တုံ့ပြန်အကောက်ခွန် ၂၄ ရာခိုင်နှုန်း အကောင်အထည်ဖော်မှုကို ဆိုင်းငံ့ထားပါသည်။
ဆွေးနွေးပွဲ၏ ပူးတွဲကြေညာချက်ထုတ်ပြန် ပြီးနောက် ကမ္ဘာ့ဈေးကွက်များသည် ယေဘုယျအားဖြင့် တိုးတက်မှုရှိနေပြီး နိုင်ငံအများအပြား၏ စတော့ဈေးကွက်များသည် “အပြန်အလှန်အခွန် ကောက်ခြင်း”ကို အကောင်အထည်မဖော်မီအဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ယင်းသည် သင်၏ကိုယ်ပိုင်တံခါးကို ပိတ်ခြင်းသည် သင့်အားပိုမိုအားကောင်းစေမည် မဟုတ်ကြောင်း၊ အခြားသူများ၏ လမ်းကြောင်းများကို ပိတ်ဆို့ခြင်းသည်သင့်အား ပိုမိုတိုးတက်စေမည်မဟုတ်ကြောင်း၊ အကောက်ခွန်စစ်ပွဲများနှင့် ကုန်သွယ်ရေးစစ်ပွဲများသည် လူကြိုက်များခြင်းမရှိကြောင်းကို တစ်ဖန် ရှင်းလင်းစွာ ပြသနေပါသည်။
တရုတ်-အမေရိကန် ဂျီနီဗာစီးပွားရေးနှင့် ကုန်သွယ်ရေးတွေ့ဆုံဆွေးနွေးပွဲသည် တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် မတူညီမှုများကို ဖြေရှင်းရန်အရေးကြီးသော ခြေလှမ်းတစ်ရပ်ကို လှမ်းခဲ့သော်လည်း ပြဿနာ၏အရင်းအမြစ်ကို ဖြေရှင်းရန် အမေရိကန်ပြည်ထောင်စုသည် တစ်ဖက်သတ် အကောက်ခွန်တိုးမြှင့်ခြင်းဆိုင်ရာ မှားယွင်းသောလုပ်ဆောင်မှုကို အသေအချာပြုပြင် ရန်လိုအပ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှတ သော ထောက်ခံမှုလည်း လိုအပ်ပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးမှ ပြည်သူများသည်သမိုင်း၏ အမှန်တရားဘက်နှင့် တရားမျှတသောဘက်တွင်သာ ရပ်တည်ရန် ရွေးချယ်ကြမည်ဟု ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါသည်။
ယခုနှစ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သည်။ နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးမှု၊ ရိုးသားမှု၊ အပြန်အလှန်အကျိုးရှိမှု၊ အားလုံးပါဝင်မှု၊ မျှဝေအနာဂတ်၊ အေးအတူပူအမျှဆိုသည့် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးအယူအဆကို ဆက်လက် ကိုင်စွဲထားပြီး မြန်မာနိုင်ငံနှင့် သာအတူနာအတူ၊ အပြန်အလှန်ဖေးမကူညီကာ နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ပူးပေါင်းထိန်းသိမ်းကာကွယ်သွားမည်ဖြစ်သည်။ ထို့ပြင် တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်ရေးအနိုင်ကျင့်မှုများကို အတူတကွတွန်းလှန်ကာ ပိုမိုကောင်းမွန်သော အနာဂတ်ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့်လှစ်မှုနှင့် ပါဝင်ထိုက်သူအားလုံးပါဝင်နိုင်မှုတို့ကို ဖန်တီးရန်အတူတကွ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ။
(ဆောင်းပါးပါ ဖော်ပြချက်များသည် ဆောင်းပါးရှင်၏ အာဘော်များသာ ဖြစ်ပါသည်။)
Source: MOI

နှစ်စဉ် ဇွန်လ ၅ ရက်ရောက်တိုင်း ကုလသမဂ္ဂကဦးဆောင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အထိမ်းအမှတ်အခမ်းအနားတွေ၊ လူထုလှုပ်ရှားမှုတွေပြုလုပ်ကြတဲ့ အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ အထင်ကရနေ့တစ်နေ့မှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့စတဲ့ရည်ရွယ်
နှစ်စဉ် ဇွန်လ ၅ ရက်ရောက်တိုင်း ကုလသမဂ္ဂကဦးဆောင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အထိမ်းအမှတ်အခမ်းအနားတွေ၊ လူထုလှုပ်ရှားမှုတွေပြုလုပ်ကြတဲ့ အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ အထင်ကရနေ့တစ်နေ့မှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ ကျင်းပကြတာ ဖြစ်ပါ တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အလွန်အရေးပါတဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံ (UN Conference on the Human Environment)ကို ကမ္ဘာ့ကုလသမဂ္ဂကကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။
အဲဒီညီလာခံကြီးဟာ ကမ္ဘာ့နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပူးပေါင်းလာစေဖို့ စတင်တွန်းအားပေးလိုက်တဲ့ ညီလာခံကြီးဖြစ်ပြီး အဆိုပါညီလာခံ ကျင်းပခဲ့တဲ့ ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါ တယ်။ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)အနေနဲ့ ၁၉၇၄ ခုနှစ်ကစပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်တွေကို သတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အထိမ်း အမှတ်အခမ်းအနားတွေကိုတော့ ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိမြို့ကြီးတွေမှာ နှစ်စဉ် လှည့်လည်ကျင်းပခဲ့ကြပါတယ်။ ယခု ၂၀၂၅ ခုနှစ်မှာတော့ ကမ္ဘာ့အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသွားမှာဖြစ်ပါတယ်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally)” ဖြစ်ပါတယ်။
ဆောင်ပုဒ်၏ ရည်ရွယ်ချက်
အဆိုပါဆောင်ပုဒ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ ကျွန်ုပ်တို့မှီခိုရှင်သန်ရာသဘာဝပတ်ဝန်းကျင် သန့်ရှင်းကျန်းမာဖို့အတွက် ကမ္ဘာပေါ်မှာ တစ်နေ့တခြားဆိုးရွားလာနေတဲ့ ပလတ်စတစ်ညစ်ညမ်းမှု တွေကို အဆုံးသတ်တိုက်ဖျက်သွားမယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တစ်ခုပေါ်ထွက်လာပြီး အနာဂတ်ကာလမှာ ပိုမိုကောင်းမွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်လာစေရေး အစိုးရအဖွဲ့အစည်း တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေအားလုံး စုပေါင်းအားနဲ့ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်ထားတာပဲ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကကိုရီးယားသမ္မတနိုင်ငံမှာကျင်းပခဲ့တဲ့ အဏ္ဏဝါပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုနဲ့ပတ်သက်တဲ့ အစိုးရချင်းညှိနှိုင်းရေးကော်မတီရဲ့ ပဉ္စမအကြိမ်မြောက် အစည်း အဝေးမှာနိုင်ငံတကာပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိတဲ့ သဘော တူညီချက် တစ်ခုပေါ်ထွန်းလာစေရေး ကြိုးပမ်းချက်တွေကိုယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က အသိ အမှတ်ပြု မီးမောင်းထိုးထင်ဟပ်စေမှာ ဖြစ်ပါတယ်။
ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်
ယနေ့ ကမ္ဘာပေါ်ကလူသားတွေ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကျပ် အတည်းပြဿနာ (၃)ရပ်ကတော့ ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲတွေမျိုးသုဉ်း ပျောက်ကွယ်လာခြင်းနဲ့ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းဆိုတဲ့ အချက်သုံးချက်ဖြစ်ပါတယ်။
ပလတ်စတစ်စွန့်ပစ်အမှိုက်တွေဟာလည်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းရဲ့ အဓိကစိန်ခေါ်မှု တစ်ခု ဖြစ်နေပြီး သက်ရှိသတ္တဝါတွေ ရှင်သန်ရပ်တည်ရေး၊ နိုင်ငံသားအားလုံးရဲ့ကျန်းမာရေးနဲ့ ရေရှည်စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် များစွာခြိမ်းခြောက်လျက်ရှိလာပါတယ်။ ကမ္ဘာ့လူဦးရေတိုးပွား လာခြင်းနဲ့အတူ နည်းပညာတွေဖွံ့ဖြိုးလာပြီး လူနေမှုအဆင့် အတန်းနဲ့ နေထိုင်မှုပုံစံတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပလတ်စတစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး လူသားတွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့ပါ တယ်။ သစ်သား၊ သတ္တု၊ ဖန်ထည်၊ ကြွေထည်၊ မြေထည် စတာတွေနဲ့ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းတွေထက် ပလတ်စတစ်ရဲ့ထူးကဲသာလွန်ပြီး စွဲမက်စရာကောင်းတဲ့ဂုဏ်သတ္တိတွေကြောင့် လူ့ပတ်ဝန်းကျင်နေရာ အနှံ့မှာလွှမ်းမိုးနေရာယူလာပါတယ်။ ထုတ်လုပ်သုံးစွဲကြရာမှာ ထိန်းချုပ်မှုအားနည်းခြင်းနဲ့ စည်းကမ်းမဲ့ မဆင်မခြင်စွန့်ပစ်တာတွေကြောင့် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများစွာကိုယနေ့အချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ဖွယ်ရာတွေ့ကြုံရင်ဆိုင်လာကြရပါတယ်။
ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှုအခြေအနေ
ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၂၃ ခုနှစ်စာရင်းတွေအရ တန်ချိန်သန်းပေါင်း ၄၀၀ ကျော် အထိ ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၀၀ ပြည့်နှစ်က တန်ချိန် သန်းပေါင်း ၂၃၄ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ တန်ချိန်သန်းပေါင်း ၄၆၀ အထိ ရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ နှစ်ဆမြင့်တက်လာခဲ့ပြီး ဒီပမာဏအတိုင်းသာ ထုတ်လုပ်မှုတွေ ဆက်လက် တိုးတက်နေဦးမယ်ဆိုရင် လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ တန်ချိန် သန်းပေါင်း ၁၁၀၀ အထိ ရောက်ရှိလာနိုင်ပါတယ်။ ဒါဟာ အဆမတန်များပြားလွန်းလှတဲ့ စိုးရိမ်ဖွယ်ရာ ထုတ်လုပ်မှုပမာဏဖြစ်နေပါတယ်။
ထုတ်လုပ်မှုအားလုံးရဲ့ ထက်ဝက်ခန့်ဟာလည်း တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ဖြစ်ကြောင်း သိရှိရပါတယ်။ တစ်ခါသုံးပလတ်စတစ်ဆိုတာ တစ်ကြိမ်တစ်ခါသာအသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်အိတ်တွေ၊ ပလပ်စတစ်ပိုက်တွေ၊ ပလတ်စတစ်ပုလင်းတွေ၊ ဖော့ဘူးတွေ၊ ကြွပ်ကြွပ် အိတ်တွေနဲ့ အစားအစာထုပ်ပိုးရာမှာအသုံးပြုတဲ့ ပလတ်စတစ်ပစ္စည်းမျိုးစုံကိုဆိုလိုတာ ဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေဟာ သယ်ယူရလွယ်ကူပြီး ထုပ်ပိုးရာမှာ ပေါ့ပါးခိုင်ခံ့ပါတယ်။ စျေးနှုန်းအလွန်ချိုသာပြီး စွန့်ပစ်ရင်လည်းလွယ်ကူပါတယ်။ ဒီအချက်တွေကြောင့် ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ တစ်ခါသုံးပလတ်စတစ်တွေကို တွင်တွင်ကျယ်ကျယ် လူကြိုက်များ အသုံးပြုလျက် ရှိနေကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ပလတ်စတစ်မူလကုန်ကြမ်း(ကော်စေ့ကုန်ကြမ်း) ၄၀၀ တန်ခန့် ပြည်ပမှ နှစ်စဉ်တင်သွင်းလျက်ရှိပြီး အဆိုပါတင်သွင်းမှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ်မြင့် တက်လာနေကြောင်း ပလတ်စတစ်လုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။
ပလတ်စတစ် စွန့်ပစ်မှုအခြေအနေ
ယနေ့အချိန်အခါမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အလွန်အန္တရာယ်ကြီးမားလှတဲ့ ပတ်ဝန်းကျင် ဆိုင်ရာပြဿနာတစ်ရပ် ဖြစ်လာနေပါပြီ။ ကမ္ဘာပေါ်က ထွက်ရှိလာသမျှ စွန့်ပစ်အမှိုက်မျိုးစုံစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းဟာ ပလတ်စတစ်တွေပဲ ဖြစ်လို့နေပါတယ်။ နှစ်စဉ် ပလတ်စတစ် အမှိုက်တန်ချိန် သန်းပေါင်း ၃၅၀ ခန့် ပတ်ဝန်းကျင်ရှိ ရေ၊ မြေကြီးထဲကို စွန့်ပစ်လျက်ရှိနေကြပါတယ်။ ဒီလို စွန့်ပစ်နေမှုအနက်က ပလတ်စတစ်တန်ချိန် ၉ သန်းမှ ၁၄ သန်းအထိဟာ ပင်လယ်သမုဒ္ဒရာထဲကို နှစ်စဉ်စီးဝင်ရောက်ရှိနေပါတယ်။ အဏ္ဏဝါပင်လယ်ပြင်ထဲက အမှိုက်သရိုက်တွေကို အမျိုးအစား ခွဲခြား ကြည့်ရင် ၈၅ ရာခိုင်နှုန်းဟာ ပလတ်စတစ်စွန့် ပစ်ပစ္စည်း တွေချည်း ဖြစ်နေပါတယ်။
ဒါတွေဟာ ကုန်းမြေပေါ်က အခြေပြုရောက်ရှိလာတာ အများဆုံးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက လူတွေဟာ တစ်မိနစ်တိုင်းမှာ ရေနဲ့အချိုရည်ထည့်တဲ့ ပလတ်စတစ်ဘူးပေါင်း တစ်သန်းကျော် ဝယ်ယူ သောက်သုံး၍ စွန့်ပစ်နေကြကြောင်းနဲ့ တစ်နှစ်မှာ ပလတ်စတစ်အိတ်ပေါင်း ၅ ထရီလီယံကျော် သုံးစွဲနေကြကြောင်း ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဧရာဝတီမြစ်ထဲကို ပလတ်စတစ်အမှိုက်တန်ချိန် ၁၁၉ တန်ခန့် နေ့စဉ်နဲ့အမျှ ရောက်ရှိနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။ သတိပြုဆင်ခြင်ရမယ့် စွန့်ပစ်မှုပမာဏ ဖြစ်ပါတယ်။
ပလတ်စတစ်၏ ဆိုးကျိုးများ
တစ်ခါသုံးပလတ်စတစ်ထုတ်ကုန်ပစ္စည်းတွေရဲ့ ၉၈ ရာခိုင်နှုန်းကို ရေနံ၊ သဘာဝဓာတ်ငွေ့စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်တဲ့ သဘာဝသယံဇာတအရင်းအမြစ် တွေကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပလတ်စတစ်ပစ္စည်းတွေဟာ စတင်ထုတ်လုပ်တဲ့ အဆင့်၊ အသုံးပြုတဲ့အဆင့်မှသည် စွန့်ပစ်တဲ့အဆင့်အထိ ၎င်းရဲ့ သက်တမ်းကာလတစ်လျှောက်လုံးမှာ ဆိုးကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါတယ်။
ပထမဦးစွာ ပလတ်စတစ်တွေ စတင်ထုတ်လုပ်တဲ့အချိန်မှာ ဘေးထွက်ပစ္စည်းအဖြစ် ကာဗွန်ဒိုင် အောက်ဆိုက်၊ မီသိန်း စတဲ့ဓာတ်ငွေ့အမျိုးမျိုးထုတ်လွှတ်တာကြောင့် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ထွက်ရှိလာတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာ့ပူနွေးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကို ပိုမိုတွန်းအားပေးဖြစ်ပေါ်စေပါတယ်။
ရုပ်ကြွင်းလောင်စာတွေအသုံးပြုထားတဲ့ ပလတ်စတစ်ထုတ်လုပ်မှုတွေကတစ်ဆင့် လေထုထဲကို မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ကမ္ဘာ့ကာဗွန်စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းအထိ တိုးပွားနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။
ဒုတိယအနေနဲ့ အသုံးပြုတဲ့အဆင့်မှာ ပလတ်စတစ်မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် လူသားတွေကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ပူလောင်တဲ့အစားအသောက်တွေကို ကြွပ်ကြွပ် အိတ်နဲ့ တစ်ခါသုံးပလတ်စတစ်တွေထဲကို ထုပ်ပိုးသယ်ဆောင် ကြတဲ့အခါ ပလတ်စတစ်မှာပါဝင်တဲ့ ခဲဓာတ်၊ အဆိပ်ဓာတ်နဲ့ အရောင်ဆိုးဆေးတွေဟာ အပူနဲ့ထိတွေ့မိပြီး အစားအစာထဲကို ပုံမှန်ထက် ပိုမိုလျင်မြန်စွာစိမ့်ဝင်ကာ ကင်ဆာရောဂါ အပါအဝင် လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။
တတိယအချက်အနေနဲ့ အသုံးပြုပြီးနောက် စွန့်ပစ်တဲ့အဆင့်မှာလည်း ပလတ်စတစ်အမှိုက်တွေကို စနစ်တကျမစွန့်ပစ်ပါက မြို့၊ ရွာရဲ့ သန့်ရှင်းသာယာလှပမှုကို အရုပ်ဆိုးအကျည်းတန်စေတဲ့အပြင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေပါတယ်။ ပလတ်စတစ်ပစ္စည်းတွေရဲ့ဓာတ်ဖွဲ့စည်းမှုအရ မြေကြီးထဲမှာ သဘာဝအလျောက်မပျက်စီးလွယ်ဘဲ နှစ်ပေါင်းရာနဲ့ချီကြာမှသာ ပြိုကွဲဆွေးမြည့်နိုင်တဲ့အတွက် သဘာဝမြေဆီလွှာတွေကို ထိခိုက်ပျက်စီးစေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ သစ်တော/ သစ်ပင်တွေ ရှင်သန်ပေါက်ရောက်မှုကို များစွာထိခိုက်စေရပါတယ်။ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ ပလတ်စတစ် အမှိုက်တွေဟာ ကုန်းမြေပေါ်ကတစ်ဆင့် ရေမြောင်းတွေ၊ မြစ်ချောင်းတွေရဲ့ စီးဆင်းမှုတွေကို ပိတ်ဆို့ သွားပြီး မြို့လယ်ခေါင်မှာပင် ရေကြီးရေလျှံမှုတွေ မကြာခဏမြင်တွေ့ကြရပါတယ်။ ပလတ်စတစ် စွန့်ပစ်အမှိုက်တွေဟာ ရေထုညစ်ညမ်းစေပြီး အဖိုးတန်ရေချိုသယံဇာတတွေ ဆုံးရှုံးစေနိုင်ပါတယ်။ မြစ်ချောင်းတွေကတစ်ဆင့် ပင်လယ်သမုဒ္ဒရာထဲကိုရောက်ရှိသွားတဲ့အခါမှာလည်း အဏ္ဏဝါ ညစ်ညမ်းမှုနဲ့ အဏ္ဏဝါဂေဟစနစ်တွေ ထိခိုက်ပျက်စီးကြရပါတယ်။ ပင်လယ်သမုဒ္ဒရာတွေထဲက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ ရေနေသတ္တဝါတွေကို တွယ်ငြိမိခြင်း၊ သေးငယ်တဲ့ ပလတ်စတစ်အပိုင်းအစတွေကို ရေနေသတ္တဝါတွေက စားသုံးမိကြတဲ့အတွက် အစာချေဖျက်မှုဆိုင်ရာပြဿနာတွေနဲ့ သေဆုံးမှုတွေ ဖြစ်ပွားကြရပါတယ်။ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကိုမီးရှို့ဖျက်ဆီးပါကလည်းအီသိုင်လင်းအောက်ဆိုက်၊ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင် စတဲ့အဆိပ်ဓာတ်ငွေ့တွေထွက်ရှိလာပြီးလေထု ညစ်ညမ်းမှုကိုဖြစ်စေတဲ့အပြင်အဆိုပါဓာတ်ငွေ့တွေကို ရှူရှိုက်မိတဲ့သူရဲ့ သွေးနဲ့ဆီးထဲအထိရောက်ရှိသွားနိုင်ပြီး ကင်ဆာကဲ့သို့ ရောဂါအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကုန်းမြေပေါ်မှာသာမက ရေထုနဲ့လေထုထဲအထိပါ ကောင်းကျိုးတစ်ခုမျှမပြုတဲ့ ပလတ်စတစ်ပစ္စည်းတွေဟာ ထုတ်လုပ်တဲ့အဆင့်မှသည် အသုံးပြုပြီး စွန့်ပစ်တဲ့အဆင့်အထိ ကာလတစ်လျှောက်လုံးမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းစေရုံမျှမက သက်ရှိသတ္တဝါတွေအားလုံးအပေါ် ဆိုးကျိုး အန္တရာယ်တွေ သက်ရောက်စေနိုင်ပါတယ်။
မိုက်ခရိုပလတ်စတစ် (Microplastics)မိုက်ခရိုပလတ်စတစ်လို့ခေါ်ကြတဲ့ အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှားတွေဟာ အရွယ်အစားအနေနဲ့ ၅ မီလီမီတာအောက်သာရှိပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ လေနဲ့ရေထဲမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးခြင်းနဲ့ ပလတ်စတစ်ပစ္စည်းတွေ စတင်ထုတ်လုပ်စဉ်က ထွက်ရှိလာကြတာ ဖြစ်ပါတယ်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ Microplastics အရွယ်အစားအထိ တစ်စတစ်စပြိုကွဲပျက်စီးသွားရင်တောင် ပလတ်စတစ်ထဲမှာပါတဲ့ ဆိုးရွားတဲ့ ဓာတ်ဂုဏ်သတ္တိတွေဟာ ပျောက်ပျက်မသွားပါဘူး။ ယနေ့အချိန်အခါမှာ Microplastics တွေဟာ ပင်လယ်သမုဒ္ဒရာတွေ၊ မြစ်ချောင်းတွေ၊ လေထုအတွင်းနဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အစားအစာ တွေထဲထိ အောင် နေရာတကာမှာ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပါတယ်။ စွန့်ပစ်ရေဆိုးသန့်စင်တဲ့ စက်ရုံတွေမှာတောင် Microplastics အမှုန်အမွှားတွေကို စစ်ထုတ်သန့်စင်ဖို့ခက်ခဲနေကြပါတယ်။
Microplastics တွေကို ရေနေသတ္တဝါတွေက သူတို့ရဲ့အစားအစာအမှတ်နဲ့ မှားယွင်းစားသုံးမိနေကြလို့ အဏ္ဏဝါမျိုးစိတ်ပေါင်း ၁၁၄ မျိုးရဲ့ခန္ဓာကိုယ်ထဲမှာ Microplastics တွေကို တွေ့ရှိနေရကြောင်း သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ Microplastics တွေပါဝင်နေတဲ့ ညစ်ညမ်းရေ၊ လေနဲ့အစား အစာ တွေကတစ်ဆင့် နောက်ဆုံးမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲအထိ ထိုးဖောက်ရောက်ရှိလာကြပါတယ်။ ဒါကြောင့် Microplastics တွေကို ပင်လယ်ထဲက အသံတိတ်လူသတ်သမားဟုပင် ခေါ်ဆိုလာကြပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ လူတစ်ဦးဟာ တစ်နှစ်မှာ Microplastics အမှုန်အမွှား ခန့်မှန်း ၃၉၀၀၀ မှ ၅၂၀၀၀ အထိအစာလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကိုရောက်ရှိနိုင်ပါတယ်။ ဒါ့အပြင် အသက် အရွယ်ပေါ်မူတည်ပြီး Microplastics အမှုန်အမွှား ၇၄၀၀၀ မှ ၁၂၁၀၀၀ အထိ အသက်ရှူလမ်း ကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။ လူသားတွေရဲ့အဆုတ်နဲ့ သွေးထဲမှာ သာမက ကိုယ်ဝန်ဆောင်မိခင်တွေရဲ့အချင်းထဲအထိပါ Microplastics တွေကို တွေ့ရှိနေရကြောင်း သုတေသနပြုချက်တွေအရ သိရှိရပါတယ်။ ဆိုးကျိုးအနေနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အဆုတ်ပျက် စီးခြင်း၊ အဆစ်အမျက်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အာရုံကြောရောဂါဖြစ်ခြင်း၊ လေဖြတ် ခြင်းနဲ့ မျိုးပွားမှုထိခိုက်ခြင်း စတဲ့ရောဂါဝေဒနာတွေ ဖြစ်ပွားနိုင်ပါတယ်။
ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး ကြိုးပမ်းဆောင်ရွက်မှုများလက်ရှိအချိန်မှာ ပလတ်စတစ် ညစ်ညမ်းမှုဟာ အရေးတကြီးကိုင်တွယ်ဖြေရှင်းရမယ့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတဲ့ အတွက် ကမ္ဘာတစ်ဝန်းလုံးမှာ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အထူး အလေး ထားလုပ်ဆောင်နေကြပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင်ညီလာခံ (United Nations Environment Assembly-UNEA-5.2) ရဲ့ ဆုံးဖြတ်ချက်အမှတ်(၅/၁၄)မှာ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ဖို့ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက် ပေါ်ပေါက်လာစေရေး End Plastic Pollution: Towards an International Legally Binding Instrument ကို အတည်ပြုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းကကျင်းပခဲ့တဲ့ (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက် ကြေညာ စာတမ်းနှင့် အာဆီယံမူဘောင်ကို သဘောတူချမှတ်ခဲ့ကြပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဒေသတွင်း လုပ်ငန်းအစီအစဉ်တွေမှာ အခြားအာဆီယံနိုင်ငံတွေနည်းတူ လက်တွဲပူးပေါင်းဆောင်ရွက် လျက်ရှိနေပါ တယ်။
ဂျပန်-အာဆီယံပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ရဲ့ နည်းပညာအထောက်အပံ့နဲ့ မြန်မာနိုင်ငံမှာ “Strengthening Capacity for Marine Debris Reduction in ASEAN region through formulation of National Action Plans for ASEAN Member States and Integrated Land-to-Sea Policy Approach (Phase-2)” စီမံကိန်းကိုဆောင်ရွက်ခဲ့ပြီး အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် (National Plastic Management Action Plan-NPMAP) ကို ရေးဆွဲခဲ့ပြီး ယခုအခါ အတည်ပြုထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ လုပ်ငန်းအစီအစဉ်ရဲ့ အဓိကမျှော်မှန်း ချက်ကတော့ ပလတ်စတစ်တွေ စတင်ထုတ်လုပ်မှုမှသည် ၎င်းရဲ့သက်တမ်းတစ်လျှောက်မှာ အရင်းအမြစ်တွေကို အကျိုးရှိစွာအသုံးချနိုင်တဲ့ ပတ်လည်စီးပွားရေးစနစ် ပေါ်ပေါက်လာစေရေး တွန်းအားပေးခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်စေရေးပင်ဖြစ်ပါတယ်။
ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများနယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းကို ထိန်းချုပ်ရေးဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်းရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ တင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်တွေမှာကွန်ဗင်းရှင်းပါ ကတိကဝတ်တွေနဲ့အညီသက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စနစ်တကျထိန်းချုပ် ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ကာ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့နဲ့ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကို ဦးစားပေးစီမံခန့်ခွဲနိုင်ဖို့ အလေးထား ဆောင်ရွက် လျက်ရှိနေပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းထားရှိပြီး အဆိုပါကော်မတီများအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချနိုင်ဖို့အတွက် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြပါ တယ်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
အစားအစာထုပ်ပိုးရာကစလို့ယာဉ်၊ လူ့အသုံးအဆောင်၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းနဲ့ ဆေးရုံသုံးပစ္စည်းအမျိုးမျိုးတို့အထိ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်အသုံးပြုနေကြရတဲ့ပလတ်စတစ်တွေကို ကျွန်ုပ်တို့လူ့ပတ်ဝန်းကျင်ကနေလုံးဝဖယ်ထုတ်ပစ်လို့ မရနိုင်ပေမယ့် ပလတ်စတစ်ညစ်ညမ်းမှုကိုတော့စနစ်ကျတဲ့နည်းလမ်းကောင်းတွေနဲ့အတူသေချာပေါက်ကန့်သတ်ထိန်းချုပ်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိနေသလို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထုတို့ဟာတက်ကြွစွာစုပေါင်းဆောင်ရွက်ကြဖို့ လွန်စွာအရေးကြီးလှပါတယ်။
နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံရဲ့အခြေအနေနဲ့သင့်လျော်တဲ့ ပလတ်စတစ်ဆိုင်ရာစည်းမျဉ်း စည်းကမ်း၊ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပြဋ္ဌာန်းပြီး သက်ဆိုင်ရာဌာနတွေက ထိထိရောက်ရောက် အကောင်အထည်ဖော်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေရှည်အတွက်ကောင်းမွန်ပြီး စနစ်ကျတဲ့စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတွေဟာ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါ တယ်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အမှိုက်ခွဲခြားစွန့်ပစ်တဲ့စနစ်နဲ့ အမှိုက်ခွဲခြားသိမ်းဆည်းတဲ့စနစ်တို့ကိုလည်း ပိုမိုတိုးတက် ကောင်းမွန်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ အသိပညာပေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရင်း ရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုနဲ့စားသုံးမှုပုံစံတွေ မြှင့်တင်ပေးဖို့၊ တစ်ခါသုံးပလတ်စတစ်တွေကို လျှော့ချနိုင်ဖို့နဲ့ Recycle လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ထောက်ပံ့တွန်းအား ပေးကြရမှာဖြစ်ပါတယ်။
ပလတ်စတစ်ထုတ်လုပ်သူ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ နည်းလမ်းတွေနဲ့ တာဝန်ယူစီမံဆောင်ရွက်ကြရပါမယ်။ အလွယ်တကူ ဆွေးမြည့်နိုင်တဲ့ Bio-degradable Plastics တွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းခြင်း၊ တစ်ခါသုံးပလတ်စတစ်အစားထိုးပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဈေးဆိုင်တွေမှာတစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ အခမဲ့ပေးခြင်းကိုရှောင်ရှားခြင်းနဲ့ အသုံးပြုလိုပါက သီးခြားအဖိုးအခကောက်ခံခြင်း စတဲ့အချက်တွေကို အလေးထားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ထုတ်လုပ်သူက တာဝန်ယူဖြေရှင်းဆောင်ရွက်ရမယ့် သတ်မှတ်ချက်(Extended Producer Responsibility- EPR)ကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လည်း အရေးကြီးပါတယ်။ ဒါ့အပြင် ယနေ့ကမ္ဘာပေါ်မှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင်သုံးစွဲနှုန်း(Recycling Rate)ဟာ ပလတ်စတစ်ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း အောက်သာရှိနေသေးတဲ့အတွက် Recycle လုပ်ငန်းတွေ ပိုမိုအားကောင်းလာဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းထွက်ရှိမှုအနည်းဆုံးနဲ့ ပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေတဲ့ ပတ်လည်စီးပွားရေးစနစ်(Circular Economy)ကိုအကောင်အထည်ဖော်ကြဖို့လည်း အထူးလိုအပ်လှပါတယ်။ ပတ်လည်စီးပွားရေးစနစ်ကိုသာ အသွင်ကူးပြောင်းလုပ်ဆောင်နိုင်မယ်ဆိုရင် လာမယ့် ၂၀၄၀ ပြည့်နှစ်မှာ ပင်လယ်သမုဒ္ဒရာတွေထဲကို ရောက်ရှိလာမယ့် ပလတ်စတစ်ထုရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ပလတ်စတစ်ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းခန့်ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ပြည်သူတွေကလည်း အစားအသောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုပ်ပိုးသယ်ဆောင်ကြတဲ့အခါ ဟိုယခင်နှစ်ပေါင်း ၃၀ ကျော်ခန့်က မိရိုးဖလာအသုံးပြုခဲ့တဲ့ အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်တို့အပြင် ကိုယ်ပိုင်ထမင်းချိုင့်၊ ထမင်းဘူး၊ ဓာတ်ဘူး၊ ရေဘူး၊ လက်ဆွဲခြင်း၊ ချည်နဲ့ ပြုလုပ်ထားတဲ့ ဈေးဝယ်အိတ်စတာတွေကိုအသုံးပြုပြီး တစ်ခါသုံးပလတ်စတစ်တွေ သုံးစွဲမှုကို လျှော့ချခြင်း(Reduce)၊ ပြန်လည်အသုံးပြုခြင်း(Reuse)နဲ့ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း(Recycle) ဆိုတဲ့ 3R နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ ပလတ်စတစ်အစားထိုးပစ္စည်းတွေကို သုံးစွဲရင်း တစ်ခါသုံးပလတ်စတစ်တွေကို ငြင်းဆန်ခြင်း(Reject)နဲ့ပြန်လည်ပြုပြင်ထုတ်လုပ်တဲ့နေရာတွေဆီကို ပို့ဆောင်ခြင်း(Return) စတဲ့အချက်တွေကိုလည်း အလေးထားလိုက်နာဆောင် ရွက်ကြရပါမယ်။ အမှိုက်တွေကို လဟာပြင်မီးရှို့ခြင်းနဲ့ မြစ်ချောင်းတွေထဲကို တိုက်ရိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ကြရမှာဖြစ်ပါတယ်။ မိမိတို့သုံးစွဲလိုက်တဲ့ ပလတ်စတစ် အပါအဝင် အခြားစွန့်ပစ်အမှိုက်တွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျစွန့်ပစ်ကြရမှာဖြစ်ပါတယ်။ ဒီလို လူတိုင်းအလွယ်တကူလုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေကို နေ့စဉ်နဲ့အမျှ အလေ့အကျင့်ဖြစ်လာတဲ့အထိ ကျင့်သုံးလိုက်နာကြရပါမယ်။ ကမ္ဘာမြေကြီးအတွက် စိုးရိမ်ပူပန်စရာ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေက ကျွန်ုပ်တို့ရဲ့ လက်ဝယ်မှာ အသင့်ရှိနေပြီး လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ကြဖို့ပဲ လိုအပ်ပါတယ်။
တိုက်တွန်းနှိုးဆော်ချက်
ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ဖို့အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍနဲ့ ကျွန်ုပ်တို့ပြည်သူအားလုံးက လက်တွဲညီညီပူးပေါင်းပြီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြဖို့ အချိန်တန်ပါပြီ။ ကြွပ်ကြွပ်အိတ်အပါအဝင် တစ်ခါသုံးပလတ်စတစ်တွေကို မဆင်မခြင်ဆက်လက်ထုတ်လုပ်သုံးစွဲစွန့်ပစ်နေသမျှကာလပတ်လုံး ကမ္ဘာပေါ်က ပလတ်စတစ်ညစ်ညမ်းမှုဟာ တစ်နေ့တခြား ဆက်လက်တိုးပွားနေဦးမှာဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ်သုံးစွဲမှုကိုလျှော့ချနိုင်ဖို့နဲ့ ရေရှည်စဉ်ဆက်မပြတ်ဖြစ်တဲ့ အခြားနည်းလမ်းကောင်းတွေကိုလည်း အတူတကွပူးပေါင်းရှာဖွေဖော်ထုတ်ကြရပါမယ်။ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးပြီး ကောင်းမွန်ခိုင်လုံတဲ့ စီမံခန့်ခွဲမှုစနစ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ လက်တွဲညီညီလိုက်နာအကောင်အထည်ဖော်သွားကြရရင် အောင်မြင်မှုမလွဲမသွေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့လူသားတွေ ရှင်သန်နေထိုင်ရာ တစ်ခုတည်းသော ဤကမ္ဘာမြေကြီးစိမ်းလန်းသာယာပြီး အနာဂတ်မျိုးဆက်သစ်တွေအတွက် ပျော်ရွှင်စရာကမ္ဘာမြေအဖြစ် လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ကြစေဖို့ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူလူထုတစ်ရပ်လုံးက စုပေါင်းအားနဲ့ ပူးပေါင်းပါဝင်ကြပါလို့ အလေးအနက်တိုက်တွန်းရင်း ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုဂုဏ်ပြုကြိုဆိုအပ်ပါတယ်။ ။
MWD Web Portal
Photo - The Ocean Cleanup

နှစ်စဉ် ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့ စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ ကုလသမဂ္ဂကဦးဆောင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အခမ်းအနားကို ကျင်းပပြုလုပ်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အလွန်အရေးပါတဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံ (UN Conference on the Human Environment)ကို ကုလသမဂ္ဂကကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကြီးဟာ ကမ္ဘာ့နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပူးပေါင်းလာစေဖို့ စတင်တွန်းအားပေးလိုက်တဲ့ ညီလာခံကြီးဖြစ်ပြီး အဆိုပါညီလာခံ ကျင်းပပြုလုပ်ခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)အနေနဲ့ ၁၉၇၄ ခုနှစ်ကစပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်တွေသတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်အခမ်းအနားတွေကို ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးတွေမှာ နှစ်စဉ်လှည့်လည်ကျင်းပခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ကိုရီးယားသမ္မတနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ယခုနှစ်အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally )” ဖြစ်ပါတယ်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/article/70669

(Ending Plastic Pollution Globally)
(Ending Plastic Pollution Globally)
ကမ္ဘာတစ်ဝန်းတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် “ရာသီဥတုပြောင်းလဲမှု”၊“သဘာဝပတ်ဝန်းကျင်နှင့်ဇီဝမျိုးစုံမျိုးကွဲများပျက်စီးဆုံးရှုံးမှု”၊ “ပတ်ဝန်းကျင်ညစ်ညမ်းမှု”တို့သည်လူသားတို့ အဓိကဖြေရှင်းဆောင်ရွက်ရမည့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများပင်ဖြစ်သည်။ အဆိုပါကမ္ဘာ့အကျပ်အတည်းများအတွင်း ၎င်းတို့၏ကိုယ်ပိုင်အကြောင်းတရားများနှင့် သက်ရောက်မှုများစွာရှိနေသော်လည်း ၎င်းတို့အားလုံးတွင် အဓိကထပ်တူညီနေသော “ပလတ်စတစ် စွန့်ပစ်ပစ္စည်းကဏ္ဍ” ကို ဖြေရှင်းဆောင်ရွက်မှုများနှင့် ဦးဆောင်မှုများ အရေးတကြီးလိုအပ်လျက်ရှိရာ ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအတွက် ကမ္ဘာ့နိုင်ငံများ၏စုပေါင်းအားဖြင့် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပေမည်။
ပလတ်စတစ်များကို ၁၉၀၇ ခုနှစ်၌ နယူးယောက်မြို့တော်နေ Leo Baekelandမှစတင်ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်းတွင်ခေတ်မီနည်းပညာများဖြင့်ပုံစံအမျိုးမျိုးသောထုတ်ကုန်ပစ္စည်းများကို တီထွင်ထုတ်လုပ်အသုံးပြုလာခဲ့ကြသည်။ ၂၀ ရာစုနောက်ပိုင်းတွင် ပလတ်စတစ်သည် လူသုံးအများဆုံးကုန်စည်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ "Plastics" ဟူသောဝေါဟာရသည် ဂရိဘာသာစကား Plastikos က ဆင်းသက်လာပြီး “ပုံဖော်နိုင်စွမ်း၊ ပုံသွင်းနိုင်စွမ်းရှိသောပစ္စည်း” ဟု အဓိပ္ပာယ်ရသည်။
ပလတ်စတစ်ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် များပြားမှုမရှိသည့်အတွက် ကမ္ဘာတစ်ဝန်းတွင် စီးပွားဖြစ်ထုတ်လုပ်လာကြသည်။အမေရိကန်နိုင်ငံတွင် ပလတ်စတစ်ပစ္စည်းအသစ်များထုတ်လုပ်မှုသည် ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ကျယ်ပြန့်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် ဓာတုပစ္စည်းများနှင့် စက်မှုနည်းပညာများဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် ပလတ်စတစ်မျိုးစုံထုတ်လုပ်မှုသည်လည်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်းပေါင်း ၁၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတိုင်မီအချိန်တွင် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ထုတ်လုပ်မှုတန်ချိန် ၃၂၂ သန်းအထိ ဆပွားတိုးမြင့်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ(UNEP) ၏ လတ်တလောထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း ၄၃၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံသည် စွန့်ပစ်ပစ္စည်းများအဖြစ်သို့ရောက်ရှိလျက်ရှိလာခဲ့သည်။
နှစ်စဉ် ပလတ်စတစ်တန်ချိန် ရှစ်သန်းခန့်သည်လည်း သမုဒ္ဒရာနှင့် ပင်လယ်ပြင်အတွင်း ရောက်ရှိလျက်ရှိပြီး ထိရောက်သောစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုများပြုလုပ်နိုင်ခြင်းမရှိပါက ၂၀၂၅ ခုနှစ်တွင် ပင်လယ်ပြင်အတွင်း ပလတ်စတစ်စွန့်ပစ်ပစ္စည်းတန်ချိန်သန်း ၁၀၀ - ၂၅၀ထိ ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင် ပလတ်စတစ်တန်ချိန်သန်းပေါင်း ၁၅၀ခန့်သည် ပင်လယ်သမုဒ္ဒရာအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိကာ အပိုင်းပိုင်းပြိုကွဲမှုဖြစ်စဉ်ကြောင့် အန္တရာယ်ရှိသည့် အချင်း ၅ မီလီမီတာထက်သေးငယ်သော ပလတ်စတစ်အမှုန်များ မိုက်ခရိုပလတ်စတစ် (Microplastics) အဖြစ်သို့ ပြိုကွဲလျက်ရှိသည်။
ပလတ်စတစ်အားလုံးသည် ရုပ်ကြွင်းလောင်စာကို အခြေခံသောပစ္စည်းများဖြစ်ပြီး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များအတွက် ရေနံစိမ်းပမာဏများစွာကို အသုံးပြုရသည်။ ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှုများ အရှိန်အဟုန်မြင့်မားလာသောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝယ်လိုအား ပိုမိုများပြားလျက်ရှိရာ ကမ်းလွန်ရေနံတူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကြောင့် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာဇီဝမျိုးစုံမျိုးကွဲများကိုပံ့ပိုးပေးရာတွင် မရှိမဖြစ်လိုအပ်သောဂေဟစနစ်များ ပျက်စီးဆုံးရှုံးသွားစေသည်။ သမုဒ္ဒရာထဲတွင်ရှိသော မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများကို စားသုံးမိခြင်းကြောင့် ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကိုဆုံးရှုံးစေပြီး ဇီဝမျိုးစုံမျိုးကွဲများကိုလည်း ထိခိုက်စေသည်။ ရေနှင့်မြေဂေဟစနစ်နှစ်ခုလုံးတွင်ရှိသော ဇီဝမျိုးစုံမျိုးကွဲများသည်လည်း ပလတ်စတစ်ညစ်ညမ်းမှုများကြောင့် လွန်စွာထိခိုက်ပျက်စီးလျက်ရှိသည်။ ပလတ်စတစ်များသည် ၎င်းတို့၏ ထုတ်လုပ်မှုနှင့် အသုံးပြုပြီး စွန့်ပစ်မီးရှို့ဖျက်ဆီးခြင်းကွင်းဆက်တစ်လျှောက်လုံးတွင် မှန်လုံအိမ်ဓာတ်ငွေ့များကို လေထုအတွင်းသို့ တိုက်ရိုက်ထုတ်လွှတ်လျက်ရှိရုံသာမက ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုမီးရှို့ဖျက်ဆီးပါကလည်း ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်နှင့် ဟိုက်ထရိုဂျင်ဆိုင်ယာနိုက်စသည့်
ဓာတ်ငွေ့များထွက်ရှိပြီး လေထုထဲသို့ရောက်ရှိနေသည့် ပလတ်စတစ်အမှုန်များက လူသားတို့၏ အသက်ရှူလမ်းကြောင်းသို့ရောက်ရှိကာ အချိန်ကြာလာသည်နှင့်အမျှ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေသဖြင့် လူသားတို့၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။
ပလတ်စတစ်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များမှတစ်ဆင့် မှန်လုံအိမ်ဓာတ်ငွေ့များ လိုအပ်သည်ထက် ပိုမိုထုတ်လွှတ်သောကြောင့် ကမ္ဘာတစ်ဝန်းပျမ်းမျှမျက်နှာပြင်အပူချိန်မြင့်တက်လာပြီး ကမ္ဘာကြီးပူနွေးလာမှုမှတစ်ဆင့် မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသော ရာသီဥတုပြောင်းလဲခြင်းအခြေအနေများကို ဆက်လက်ဖြစ်ပေါ်စေသည်။ နောက်ဆုံးခန့်မှန်းချက်များအရ ၂၀၅၀ ပြည့်နှစ်တွင် ပလတ်စတစ်ထုတ်လုပ်မှုသည် သုံးဆအထိတိုးမြင့်လာနိုင်ပြီး ၎င်းနှင့်အတူ ပလတ်စတစ်ညစ်ညမ်းမှုသည်လည်း ကမ္ဘာမြေပေါ်တွင် ပိုမိုတိုးပွားလာသည့် အရေးကိစ္စတစ်ခုပင်ဖြစ်သည်။
သို့ဖြစ်ရာ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှ ကြီးမှူးပြီးပထမဆုံးအကြိမ်သမိုင်းဝင်လူသားညီလာခံကြီး (United Nation Conference on Human Environment) စတင်ကျင်းပခဲ့သည့် ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ အဆိုပါကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၂ ခုနှစ်တွင် သတ်မှတ်ပေးခဲ့သော်လည်း အထိမ်းအမှတ်အခမ်းအနားများကို ၁၉၇၃ ခုနှစ်မှ စတင်ကျင်းပခဲ့ကြသည်။
ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိခိုက်ပျက်စီးနေမှုပြဿနာများအနက် အရေးကြီးပြဿနာရပ်များ၊ အဓိကစိန်ခေါ်မှုများကိုသိရှိကာအလေးထားဖြေရှင်းဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ပြန်သတ်မှတ်ပေးခဲ့သည်။ ၁၉၈၇ ခုနှစ်မှအစပြု၍ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကိုပါ ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးများတွင် နှစ်စဉ် လှည့်လည်ကျင်းပလျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်တွင် ကျရောက်မည့် (၅၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ် အခမ်းအနားကို ကိုရီးယားသမ္မတနိုင်ငံ (ဂျယ်ဂျူးအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ “ဂျယ်ဂျူးကျွန်း၏အနာဂတ်တွင် ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး ကတိကဝတ်သည် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ ရည်မှန်းချက်များနှင့် အပြည့်အဝကိုက်ညီမှုရှိပြီး ၎င်း၏ မပျက်စီးသေးသော သဘာဝအလှတရားများနှင့် ဆန်းသစ်တီထွင်မှုရှိသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုပြသခြင်းဖြင့် ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ရန် လူသားများကို လှုံ့ဆော်ပေးလိမ့်မည်” ဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Ms.Inger Andersen က ပြောကြားခဲ့သည်။
ယခုနှစ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့်ကျင်းပသွားမည်ဖြစ်ပြီး ၎င်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုကို အဆုံးသတ်စေမည့် သဘောတူညီချက်တစ်ခုထွက်ပေါ်လာစေရန် အရေးပါသောအပြောင်းအလဲတစ်ရပ်ဖြစ်လာစေမည်ဖြစ်သည်။ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၏အရေးပါမှုနှင့်၂၀၂၄ခုနှစ်နိုဝင်ဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ၌ကျင်းပခဲ့သည့် ပင်လယ်ပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အစိုးရအချင်းချင်းညှိနှိုင်းရေးကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးတွင် နိုင်ငံတကာပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိသော သဘောတူညီချက်တစ်ခု ပေါ်ထွန်းလာစေရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်းအဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံအတည်ပြုခဲ့ကြပြီး အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်လျှော့ချရေးလုပ်ငန်းများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး၎င်းမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင်ပါဝင်သော ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူစွာ အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာဘန်ကောက်ကြေညာစာတမ်းကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက်အမျိုးသားအဆင့်ပလတ်စတစ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (National Plastic Action Plan) ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အစိုးရဌာနဆိုင်ရာရုံးများတွင် ပလတ်စတစ်စွန့်ပစ်မှုနှင့် တစ်ခါသုံးပလတ်စတစ်(ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချနိုင်ရေးအတွက် အစည်းအဝေးများကျင်းပရာတွင်တစ်ခါသုံးရေသန့်ဘူးများအစား အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်သော ဖန်ပုလင်းနှင့် ဖန်ခွက်များကို အစားထိုးအသုံးပြုလျက်ရှိသည့်အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုစနစ်တကျစွန့်ပစ်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် ပြည်သူလူထုများအားပလတ်စတစ်၏ဆိုးကျိုးများကို သိရှိနားလည်စေရန်နှင့် ပလတ်စတစ်လျှော့ချသုံးစွဲစေရန် အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် စုပေါင်းအမှိုက်ကောက်ပွဲများကျင်းပခြင်းကိုဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ ပူးပေါင်းပါဝင်လာစေရေး နှိုးဆော်တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။
ပြည်သူများအနေဖြင့်လည်း ကမ္ဘာမြေပေါ်တွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေရသော ပလတ်စတစ်ညစ်ညမ်းမှုကိုလျှော့ချနိုင်ရေးအတွက် ပလတ်စတစ်အိတ်သုံးစွဲမှုကိုငြင်းပယ်ခြင်း၊ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများအသုံးပြုခြင်း၊ အလွယ်တကူဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကို တစ်ဦးတစ်ယောက်ချင်းအားဖြင့် တတ်နိုင်သမျှ လျှော့ချသင့်ပေသည်။ ထို့ပြင် သုံးစွဲပြီးသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို သတ်မှတ်အမှိုက်ပုံနေရာတွင် စနစ်တကျစွန့်ပစ်ခြင်းဖြင့် ကမ္ဘာမြေ၏ သဘာဝအလှတရားကိုထိန်းသိမ်းသင့်ပေသည်။ အမိကမ္ဘာမြေ အစဉ်ကျန်းမာပြီး ပလတ်စတစ်ကင်းဝေးစေရေးအတွက် အသုံးပြုရန်မလိုအပ်ပါက ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း(Reject)၊ပလတ်စတစ်အိတ်များအစားချည်ဖြင့်ပြုလုပ်ထားသည့်ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များကိုအသုံးပြု၍ ပစ္စည်းထုပ်ပိုးရာတွင် အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်စသည်တို့ကိုသုံးစွဲခြင်းဖြင့် ပလတ်စတစ်အိတ်အသုံးပြုမှုကိုလျှော့ချခြင်း (Reduce)၊ ပလတ်စတစ်အိတ်အဟောင်းများကို အမှိုက်အဖြစ်စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်အသုံးပြုခြင်း(Reuse)၊ ကုန်ကြမ်းအဖြစ်အသုံးပြုပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း(Recycle)၊ အသုံးပြုပြီးသောပလတ်စတစ်အိတ်ခွံများကိုစုထားပြီး ပြန်လည်အသုံးပြုနိုင်သောနေရာများသို့ ပြန်လည်ပေးပို့ခြင်း (Return) စသည်တို့ကို အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ လိုက်နာဆောင်ရွက်သင့်ပေသည်။
ကမ္ဘာလုံးဆိုင်ရာပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးနှင့်အတူပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးကိုအချိန်မီမဆောင်ရွက်နိုင်ပါကကမ္ဘာမြေ၏ရေထုထဲတွင်ရေနေသတ္တဝါများထက်ပလတ်စတစ်အမှိုက်များဖြင့်ပြည့်နှက်နေမည်ဖြစ်ရာအနာဂတ်ကမ္ဘာမြေ၏သဘာဝဂေဟစနစ်လည်ပတ်မှုမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဖြေရှင်းနိုင်ရန် နိုင်ငံအဆင့်၊ ဒေသအဆင့်မှ အစိုးရများ၏ကဏ္ဍအပြင် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး စုပေါင်းအားဖြင့် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။
လူသားတိုင်းသည် သန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတွင်နေထိုင်ကြမှသာကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး လူသားများနှင့် ကုန်းနေ၊ ရေနေသတ္တဝါများအားလုံးအတွက်သန့်ရှင်းသောပတ်ဝန်းကျင်သည် မဖြစ်မနေလိုအပ်လျက်ရှိသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၏ ရေရှည်မျှော်မှန်းချက်ပါ “သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်” ဖြစ်ပေါ်လာစေရေးကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်အကျိုးကို ယိုယွင်းစေမည့်အပြုအမူများအား အတတ်နိုင်ဆုံးရှောင်ရှားကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ပူးပေါင်းကာ ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းကောင်းမွန်သာယာလှပရေးအတွက် စုပေါင်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုရင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ။
Source: MWD Web Portal

ကမ္ဘာ့ဒေသအသီးသီးရှိ အဏ္ဏဝါရေပြင်များသည် ပြင်းထန်သောပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကြောင့် ညစ်ညမ်းမှုများရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်အဖြစ် တဖြည်းဖြည်း ကြီးထွားလျက်ရှိပါသည်။ အဏ္ဏဝါရေပြင် ညစ်ညမ်းမှုကြောင့် စီးပွားရေးအရေးပါမှုရလဒ်များ လျော့နည်းလာနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြီးမားစွာဆုံးရှုံးခြင်း၊ ဂေဟစနစ်ဆိုင်ရာ ပြောင်းလဲမှု စသည်တို့ကို ဖြစ်စေနိုင်ပါသည်။

ညစ်ညမ်းပစ္စည်းများဖြစ်သော သတ္တုများ၊ စွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ်များသည် ဇီဝမျိုးစုံ၊ မျိုးကွဲများ၏ အစားအစာကွင်းဆက်တွင် တဖြည်းဖြည်း စုပြုံလာပြီး များပြားလာခြင်း၊ ကမ်းရိုးတန်းဒေသရှိ သဘာဝရေပြင်များတွင် ဗက်တီးရီးယား အမြောက်အမြားရှိနေခြင်းကြောင့် သန်းပေါင်းများစွာသော လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၊ မြို့ပြစွန့်ပစ်အညစ်အကြေးများသည် ထိတ်လန့်စရာ ကောင်းသော အချက်တစ်ခုအထိ ဖြစ်လာခဲ့ပါသည်။
ကျွန်ုပ်တို့ ကမ္ဘာကြီး၏ လေထုနှင့် သမုဒ္ဒရာတို့သည် ယခုအခါ သိသာစွာ ပြောင်းလဲနေပါသည်။ ယခုကဲ့သို့ဖြစ်ရခြင်းမှာ ကမ္ဘာကြီးပူနွေးလာခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲခြင်း စသည်တို့ ကြောင့် အချိန်တိုင်း လျင်မြန်စွာ ပြောင်းလဲနေသည် ကို တွေ့ရှိနေရပါသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ယင်းအကျိုးဆက်အဖြစ် ရင်ဆိုင်နေရပြီး အဆိုပါ ဖြစ်ရပ်များအနက် အချို့သိသိသာသာ မြင့်တက်လာသော အခြေအနေများမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ဆိုးရွားသော ရာသီဥတုအခြေအနေဖြစ်ပေါ်ခြင်း၊ သမုဒ္ဒရာတွင် အက်ဆစ်ဓာတ် လွန်ကဲခြင်း၊ တခြား ကျူးကျော်ဝင်ရောက်လာနိုင်သော မျိုးစိတ်များရောက်ရှိလာခြင်းတို့ဖြစ်ပါသည်။
အဆိုပါ သက်ရောက်ပြောင်းလဲခြင်းများက ကမ်းရိုးတန်းဒေသတွင် နေထိုင်သော လူ့အဖွဲ့အစည်းတို့ကို များစွာဆိုးကျိုးပေးနိုင်ပါသည်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် ပင်လယ်ကမ်းရိုးတန်းဒေသများအတွင်းရှိ မီတာရာ နှင့်ချီသော မြေပြင်များ နိမ့်ဆင်းလာခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းနှင့် ဆိုးရွားသော ရာသီဥတု အခြေအနေများကြောင့် ကြီးမားသော ကပ်ဆိုက်မှုဖြစ်ပေါ်လာနိုင်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် ရိုးရာအသက်မွေးဝမ်းကျောင်းလုပ်ငန်းတို့ကို များစွာ ထိခိုက်စေနိုင်ပါသည်။ သေးငယ်သော ကျွန်းနိုင်ငံများအနေဖြင့် ထိုအန္တရာယ်များနှင့် ကြုံတွေ့လာပါက စီးပွားရေးထိခိုက်စေနိုင်ခြင်း၊ ကုန်သွယ်မှု ပြုလုပ်နေသည့် ကမ်းရိုးတန်း မြေနိမ့်ဒေသများနှင့် ကမ္ဘာ့လူဦးရေအများဆုံးရှိသည့် ကမ္ဘာ့နိုင်ငံများမှ ချမ်းသာကြွယ်ဝသော နိုင်ငံများအထိကိုပါ ထိခိုက်စေနိုင်ပါသည်။
အပြည့်အစုံဖတ်ရှုရန်- https://www.mdn.gov.mm/my/annnnwrepngnng-pttwnkngthinsimre-acnyalethaape