ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

သာယာအေးချမ်း ရွှင်လန်းဝေဖြာ ပြည်မြန်မာ
-

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ် နှစ်သစ်သို့ကူးပြောင်းရောက်ရှိသည့် အချိန်အခါတွင် လူတိုင်းသည်   စိတ်သစ်ကိုယ်သစ်၊ နှလုံးသားအသစ်ဖြင့်   မိမိ၏ကိုယ်ကျိုး၊  အများအကျိုး၊ တိုင်းပြည်အကျိုးများကို အောင်မြင်စွာသယ်ပိုးကြရမည်ဖြစ်သည်။ မြန်မာတို့တွင် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသည့် အချိန်ကာလ၌  နှစ်ဟောင်းမှအညစ်အကြေးများကို    ဆေးကြောသည့်သဖွယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(ရေသဘင်ပွဲ)ကို ဆင်နွှဲကြသည်။ သင်္ကြန်ရေအေးမြခြင်းနှင့်အတူ နှစ်သစ်တွင် အေးမြရွှင်လန်းသောစိတ်နှလုံးတို့ တိုးပွားနေစေရမည်ဖြစ်သည်။ ထိုသို့တိုးပွားအောင်ကျ

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ် နှစ်သစ်သို့ကူးပြောင်းရောက်ရှိသည့် အချိန်အခါတွင် လူတိုင်းသည်   စိတ်သစ်ကိုယ်သစ်၊ နှလုံးသားအသစ်ဖြင့်   မိမိ၏ကိုယ်ကျိုး၊  အများအကျိုး၊ တိုင်းပြည်အကျိုးများကို အောင်မြင်စွာသယ်ပိုးကြရမည်ဖြစ်သည်။ မြန်မာတို့တွင် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသည့် အချိန်ကာလ၌  နှစ်ဟောင်းမှအညစ်အကြေးများကို    ဆေးကြောသည့်သဖွယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(ရေသဘင်ပွဲ)ကို ဆင်နွှဲကြသည်။ သင်္ကြန်ရေအေးမြခြင်းနှင့်အတူ နှစ်သစ်တွင် အေးမြရွှင်လန်းသောစိတ်နှလုံးတို့ တိုးပွားနေစေရမည်ဖြစ်သည်။ ထိုသို့တိုးပွားအောင်ကျင့်ကြံ နေထိုင်ခြင်းဖြင့် လူမှုစီးပွားဘဝကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

စိတ္တာဓိပတိဟူသည့်အတိုင်းလူကို စိတ်က ဦးဆောင်နေခြင်းဖြစ်ပေရာ လူတိုင်းသည် မိမိတို့စိတ်တွင် နှစ်သစ်အချိန်အခါသမယ၌ မိမိတို့တစ်ဦးချင်းစီ၏   လူမှုစီးပွားဘဝ တိုးတက်အောင်    မည်သို့မည်ပုံ လုပ်ဆောင်ကြမည်ဆိုသည့် ရည်မှန်းချက်ကို  ထားရှိဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိဘဝအတွက်ကောင်းသောအခွင့်အလမ်းကို  မိမိတို့ကိုယ်တိုင်   ကြိုးစားကြရမည်ဖြစ်သည်။ အခွင့်အလမ်းဆိုသည်မှာ အဆင့်အတန်းနှင့်လည်း တိုက်ရိုက်သက်ဆိုင်လျက်ရှိသည်။ မိမိကိုယ်ကို အဆင့်အတန်းရှိသူတစ်ဦးဖြစ်အောင်   ကြိုးစားနိုင်မှသာ အခွင့်အလမ်းတို့ ပေါ်ထွန်းလာမည်ဖြစ်သည်။ လူငယ်လူရွယ်ဆိုသည်မှာ   နိုင်ငံအတွက်အားကိုးအားထား ပြုရမည့်   လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည်။ ထိုလူငယ်လူရွယ်တို့သည် ကိုယ်ရည်ကိုယ်သွေးပြည့်ဝ၍ အဆင့်အတန်းရှိနေပါလျှင် မိမိတို့နေထိုင်ရာ နိုင်ငံသည်လည်း အဆင့်အတန်းရှိသော နိုင်ငံဖြစ်လာပေလိမ့်မည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူငယ်များနှင့်ပတ်သက်လာလျှင် လူငယ်ကဏ္ဍတိုးတက် မြင့်မားရေးကို အထူးကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ပြီး အနိမ့်ဆုံးအဆင့် အခြေခံပညာအလယ်တန်းအထိ ပညာသင်ယူကြရမည်။ အခြေခံပညာအလယ်တန်းပြီးမြောက်၍ သာမန်အားဖြင့် ကျောင်းမှထွက်ကြမည့်အစား မိမိတို့၏အနာဂတ်ဘဝ ခိုင်မာရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာလမ်းကြောင်းများ ဖွင့်ပေးထားသည်။  ဘက်စုံပညာရေးစနစ် ကျင့်သုံးနေချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရပ်တစ်ခုခုကို တတ်မြောက်အောင် သင်ယူကြရမည်ဖြစ်သည်။  သို့မှသာ ကျောင်းပညာ သတ်မှတ်ချက်အရ ဘွဲ့တစ်ခုခုရရှိ၍ လုပ်ငန်းခွင်သို့ ဝင်ရောက်သည့်အခါ မိမိအဆင့်အတန်းနှင့် ညီမျှသည့်အခွင့်အလမ်းက ကြိုဆိုနေမည်ဖြစ်သည်။

နိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြသူ အပေါင်းတို့သည်  မိမိတို့၏နေ့စဉ်လူမှု စီးပွားဘဝ တိုးတက်ရှင်သန်ရေးအတွက်   ဆောင်ရွက်နေကြရသကဲ့သို့ နိုင်ငံ့အတွက်  အရေးကြုံလာလျှင်လည်း  နိုင်ငံ့အရေးတွင် ပါဝင်ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယနေ့ကာလသည်   နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးပဋိပက္ခများ၊ လက်နက်ကိုင်သောင်းကျန်းမှုများ၊ ပြည်ပစွက်ဖက်မှုများ၊  အကြမ်းဖက်အဖျက်သမားများ၊  သဘာဝဘေးအန္တရာယ်များ စသည့်အခက်အခဲ အတားအဆီးများစွာကို အန်တု၍  နိုင်ငံတော်ကို ဘက်စုံထောင့်စုံကဏ္ဍစုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ   ပြည်သူများ၏ လိုအင်ဆန္ဒဖြစ်သည့်  ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တည့်မတ်မှန်ကန်စွာ     လျှောက်လှမ်းနိုင်ရေး  အထူးကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ ဆောင်ရွက်နေသည်မှာ ပြည်သူအားလုံးအသိပင်ဖြစ်သည်။

 စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့်  ဆောင်ရွက်ပေးလျက်ရှိပြီး  ၂၀၂၅  ခုနှစ်  ဒီဇင်ဘာလတွင်လွတ်လပ်ပြီး     တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးကို    အလေးထားဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးလမ်းကြောင်းတွင် နိုင်ငံရေးနည်းဖြင့်ပါဝင်ကြရန် ပွင့်လင်းစစ်မှန်သော စိတ်စေတနာ သဘောထားဖြင့် ဖိတ်ခေါ်ထားပြီးဖြစ်သည်။   နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့်ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ  တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါသဘောတူညီချက်များအတိုင်း  အကောင်းဆုံး လုပ်ဆောင်လျက်ရှိသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ၍ ငြိမ်းချမ်းခြင်းကို ပြည်သူတစ်ရပ်လုံးက အကြွင်းမဲ့လိုလားသည်။ ပြည်သူတို့၏လိုအင်ဆန္ဒအမှန်သည်  မိမိတို့လူမှုစီးပွားဘဝကို  စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် ဆောင်ရွက်လိုခြင်းဖြစ်သည်။ မိမိတို့နေထိုင်ရာ အရပ်ဒေသ   အေးချမ်းတည်ငြိမ်မှုရှိနေခြင်းကို ပြည်သူအားလုံးက အကြွင်းမဲ့လိုလားသည်။ ထို့ကြောင့် ယခုနှစ်သစ်သို့ ရောက်သည့်အချိန်ကာလတွင်  လူသားချင်းစာနာ ထောက်ထားသောအားဖြင့် ငြိမ်းချမ်းရေးကို ရရှိအောင်ဆောင်ရွက်စေချင်သည်မှာ   ပြည်သူအားလုံး၏ ပကတိရင်တွင်းဆန္ဒဖြစ်သည်။

မင်္ဂလာရှိသောစကား၊ မင်္ဂလာရှိသောအကြောင်းအရာများမှာ လူသားတိုင်းလိုလားသော အချက်အလက်များဖြစ်သည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် သုံးဆယ့်ရှစ်ဖြာသောမင်္ဂလာတရားတော်ကို နှစ်သက်လိုက်နာ ကျင့်ကြံနေထိုင်ကြသည်။  မကောင်းမှုရှောင်၊    ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားဟူသော တရားသုံးပါးသည် လူသားတိုင်းအတွက်ဖြစ်သည်။ လူသားတိုင်းသည် စိတ်ကောင်းနှလုံးကောင်းဖြင့်   လူမှုပတ်ဝန်းကျင်တွင်   နေထိုင်ကြမည်ဆိုပါက  အမုန်းဆိုသည့်ဝေါဟာရသည် ပေါ်ပေါက်လာနိုင်မည်မဟုတ်ပေ။ အမုန်းကင်းစင်သည့် ပတ်ဝန်းကျင်သည် သာယာလှပနေမည်ဖြစ်သည်။

လူ့သက်တမ်းအနှစ်တစ်ရာတွင် လူသားတို့သည် လောဘ၊ ဒေါသ၊ မာန်မာနတို့ဖုံးလွှမ်းကာ ကိုယ်ကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်မည့်အစား အများကောင်းကျိုးကို ရွက်သယ်ပိုးသင့်သည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ပြင်းထန်စွာလှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် လူသားတို့အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။  လှပ၍နေချင်စဖွယ် အလွန်ကောင်းလှသော အဆောက်အအုံများ ပြိုလဲခဲ့ရသည်။ တရားသဘောဖြင့်ကြည့်မည်ဆိုပါက မမြဲသောအနိစ္စတရားတို့   ထင်ရှားစွာမြင်တွေ့နိုင်သည်။

ပြောလိုသည်မှာ နိုင်ငံနှင့်လူမျိုးအတွက် ကောင်းကျိုးမပြုသည့် အကြမ်းဖက်အဖျက်သမား လက်နက်ကိုင် သောင်းကျန်းသူတို့အနေဖြင့် လက်နက်ကိုင်ဆောင်ခြင်းကို စွန့်လွှတ်ကာ  ပြည်သူတို့၏ ကောင်းကျိုးကို ပြန်လည်သယ်ပိုးသင့်သည့် အချိန်ရောက်ပြီဟုပြောလိုသည်။ အကြမ်းဖက်အဖျက်သမား လက်နက်ကိုင်ထားသူများရှိနေသရွေ့ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများ နှောင့်နှေးကြန့်ကြာနေမည်ဖြစ်သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးအရိပ်အောက်ဝယ် တူညီသော  တိုင်းကျိုးပြည်ပြုစိတ်ဆန္ဒများဖြင့် ပေါင်းစည်းဆောင်ရွက်ရမည့် အချိန်အခါကောင်းပင်ဖြစ်သည်။

နှစ်တစ်နှစ်ကုန်ဆုံး၍ နှစ်သစ်တစ်ခုသို့ရောက်ရှိလေတိုင်း မိမိတို့၏လုပ်ဆောင်ခဲ့မှုများကို ပြန်လည် ဆန်းစစ်လေ့လာသင့်သည်။   အကြမ်းအားဖြင့် လွန်ခဲ့သည့်နှစ်သည် မိမိဘဝအတွက်  တိုးတက်မှုဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလားဟူသော သုံးသပ်ချက်ဖြင့် နှစ်ဟောင်းထက်ပိုမို ကောင်းမွန်အောင်နှစ်သစ်တွင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လူတိုင်းသည် အတိတ်ကိုပြန်လည် တမ်းတနေ၍ အချည်းနှီးသာဖြစ်သည်။ အချိန်သည်ရွေ့လျားနေသကဲ့သို့ လူတို့၏သက်တမ်းများမှာလည်း  ရွေ့လျားနေပေရာ လက်ရှိပစ္စုပ္ပန်ကာလကို အကောင်းဆုံးနှင့် အအောင်မြင်ဆုံးဖြစ်အောင်   ကြိုးစား လုပ်ဆောင်ကြရမည်သာဖြစ်သည်။

မြန်မာနိုင်ငံတွင် အမျိုးသားရေး ရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေးကို   ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ နိုင်ငံရေးရည်မှန်းချက်အဖြစ် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့်   ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။    အမျိုးသားရေး ရည်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက်တို့သည် လွန်စွာသင့်လျော်ကောင်းမွန်သော ရည်မှန်းချက်များဖြစ်သည်။ ထိုရည်မှန်းချက်များ အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့ကောင်းကျိုးကို ဦးဆောင်သယ်ပိုးဆောင်ရွက်နေချိန်တွင် ပြည်သူလူထုက စည်းလုံးညီညွတ်မှုဖြင့် အင်တိုက်အားတိုက်ပါဝင်ကြရမည်ဖြစ်သည်။  ပြည်ပသွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူတို့၏ မဟုတ်မမှန်ဝါဒဖြန့်နေမှုများမှာ   နိုင်ငံနှင့်လူမျိုးကောင်းမွန်ရေး အတွက်မဟုတ်သည်မှာ ကြုံတွေ့နေရသော ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြလျက်ရှိသည်။ 

လူတိုင်းသည်  မိမိကိုယ်ကို  ချစ်ကြသူများဖြစ်သည်။ မိမိကိုယ်ကိုချစ်ကြသလို မိမိနေထိုင်သောတိုင်းပြည်ကို  ချစ်မြတ်နိုးကြရမည်ဖြစ်သည်။

တိုင်းပြည်နှင့်လူမျိုးကိုမချစ်တတ်သူသည်  ဘာကိုမှ ချစ်လိမ့်မည်မဟုတ်ဟု ပညာရှင်တို့ကဆိုထားသည်။ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိမှာလည်း တာဝန်ရှိသည်ဟူသော အသိစိတ်ကို မွေးမြူထားကြရမည်ဖြစ်သည်။ ထိုအသိစိတ်ဓာတ်ကို ကျောင်းသားအရွယ်ကတည်းက   ဆရာသမားတို့က  လေ့ကျင့်မွေးမြူ ပေးကြရမည်ဖြစ်သည်။ အမျိုးသားစည်းကမ်းအစ   စာသင်ကျောင်းကဆိုသည့်အတိုင်း    မိမိအတန်းကိုကောင်းအောင်၊ မိမိကျောင်းကိုကောင်းအောင်၊ မိမိနိုင်ငံတော်ကိုကောင်းအောင် စွမ်းဆောင်မည်ဟူသောစိတ်မှာ  မျိုးဆက်သစ်လူငယ်တိုင်းတွင်ရှိနေရပေမည်။ ထို့ကြောင့် မိဘများ၊ ဆရာများက မိမိတို့၏ရင်သွေးများ၊ တပည့်များကို နိုင်ငံတော်အတွက်  တန်ဖိုးရှိသောလူငယ်များဖြစ်အောင် လမ်းကောင်းသို့ ညွှန်ပြကြရမည်ဖြစ်သည်ဟု တိုက်တွန်းခြင်းဖြစ်သည်။

လူငယ်ဆိုသည်မှာ နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးပုံဖော်ရမည့်သူများဖြစ်သည်။ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ပခုံးပြောင်း တာဝန်ယူကြရမည်မှာ လူငယ်များသာဖြစ်သည်။ လူငယ်များကို အကောင်းဆုံးဖြစ်အောင် မြေတောင်မြှောက်ပေးထားနိုင်မှသာ နိုင်ငံတော်၏ အနာဂတ်အတွက် စိတ်ချရပေလိမ့်မည်။ လူငယ်များကို မကောင်းသောအတွေး အမြင်များ လက်ဆင့်ကမ်းကြမည့်အစား ကောင်းသောအတွေး၊ ကောင်းသောအမြင်များဖြင့် လက်ဆင့်ကမ်းကြရမည်ဖြစ်သည်။ ကောင်းမွေကို လက်ဆင့်ကမ်းနိုင်မှသာ ကောင်းသောရလဒ်များ ပေါ်ထွန်းလာမည်ဖြစ်သည်။

နှစ်သစ်အချိန်အခါသည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်အခါသမယအဖြစ် လူတိုင်း၏စိတ်ထဲတွင် မှတ်ယူထားကြသည့်အတွက် အမှန်တကယ် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံအောင် နေထိုင်သင့်လှသည်။ ဗြဟ္မစိုရ်တရား လေးပါးသည် မည်သည့်ဘာသာဝင်မဆို   လိုက်နာကျင့်သုံးမည်ဆိုပါက လောကကြီးသည် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံနေမည်ဖြစ်သည်။ သတ္တဝါများကြီးပွားချမ်းသာသည်ကို   လိုလားချစ်မြတ်နိုးခြင်းသည် မေတ္တာစိတ်ဖြစ်သည်။   ဆင်းရဲသောသတ္တဝါများကို မြင်၍  သနားခြင်း၊ ဆင်းရဲခြင်းမှ  ကင်းလွတ်စေလိုခြင်းသည်ကရုဏာဖြစ်သည်။ ပြည့်စုံချမ်းသာသောသူတို့ကိုမြင်ရလျှင် ဝမ်းမြောက်ခြင်းသည် မုဒိတာဖြစ်သည်။ သတ္တဝါတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိ မျှမျှတတရှုမြင်ခြင်းသည် ဥပေက္ခာဖြစ်သည်။

မြန်မာနိုင်ငံသားတိုင်းသည် ဤလောကကြီးတွင် အသက်ရှင်သန်နေထိုင်ခွင့် ရှိနေစဉ်အတွင်း  မိမိတို့နေထိုင်လျက်ရှိသည့်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး   အဓွန့်ရှည်တည်တံ့ခိုင်မြဲနေစေရေးကို ပထမဦးစားပေးအဖြစ်  စဉ်းစားဆောင်ရွက် လုပ်ဆောင်စေလိုသည်။ ထို့အတူ မိမိတို့နှစ်သက်ကိုးကွယ်ရာ ဘာသာတရားနှင့် မိမိတို့အမျိုးအနွယ်တို့ကို မပျက်မယွင်းအောင် စောင့်ထိန်းကြစေလိုသည်။ မိမိတို့၏  ရိုးရာယဉ်ကျေးမှု စာပေ၊  ဂီတအနုသုခုမပညာများကို  ပိုမိုထွန်းတောက်အောင်  ဆောင်ရွက်ကြစေလိုသည်။ ထို့အတူ    အခြားသောလူမျိုး၊ အခြားသော ဘာသာတရားများကိုလည်း တန်ဖိုးထားလျက်   လူသားအချင်းချင်း ချစ်ခင်မြတ်နိုးသောစိတ်ဖြင့် နေထိုင်ကြစေလိုသည်။

နိဂုံးချုပ်အားဖြင့်ဆိုရသော်  မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်သည် “သာယာအေးချမ်း ရွှင်လန်းဝေဖြာ ပြည်မြန်မာ” အဖြစ်မြင်တွေ့နိုင်ရေး  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းလက်တွဲပါဝင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။      ။

ဘုန်းမောင်ဝင်း(ဖျာပုံ)

စွမ်းနိုင်သမျှသောအားတို့ဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်း ပူးပေါင်းကူညီ
-

မြန်မာနိုင်ငံသည်    စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသဖြင့်  မတ်လ  ၂၈  ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကို မြန်မာနိုင်ငံဗဟိုချက် မြောက်ဘက်မှ တောင်ဘက် တစ်လျှောက်ရှိ  မြို့ရွာများအားလုံး  ခံစားခဲ့ကြရသည်။ အင်အား အလွန်ပြင်းထန်သော မြေငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့်  စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်ခံစားခဲ့ကြရပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ထိခိုက်ပ

မြန်မာနိုင်ငံသည်    စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသဖြင့်  မတ်လ  ၂၈  ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကို မြန်မာနိုင်ငံဗဟိုချက် မြောက်ဘက်မှ တောင်ဘက် တစ်လျှောက်ရှိ  မြို့ရွာများအားလုံး  ခံစားခဲ့ကြရသည်။ အင်အား အလွန်ပြင်းထန်သော မြေငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့်  စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်ခံစားခဲ့ကြရပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးကာ ပြည်သူအချို့  ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတော်က     နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် (the day of national mourning)  တစ်နိုင်ငံလုံး အတိုင်းအတာလှုပ်ရှားမှုအဖြစ် မတ်လ  ၃၁  ရက်မှ  ဧပြီလ  ၆  ရက်အထိ ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏သမိုင်းတွင် မှတ်တမ်းတင်နိုင်သည့် ငလျင်ကြီး ၁၈ ကြိမ်လှုပ်ခဲ့သည့်အနက် ၁၉၁၂ ခုနှစ် မေလ ၁၃ ရက်တွင်လှုပ်ခဲ့သော ပြင်းအား ၈ ရစ်(ခ်) တာစကေးရှိသည့် မေမြို့ငလျင်သည်  အင်အားအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး  ယခု မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ ဒုတိယအင်အားအပြင်းထန်ဆုံး ငလျင်ဖြစ်သည်။ ငလျင်ကြီးသည် အင်အားပြင်းထန်သော ငလျင်ဖြစ်ပြီး ငလျင်မှထုတ်လွှတ်သော စွမ်းအင်မှာ အဏုမြူဗုံး ၃၃၄ လုံး ပေါက်ကွဲမှုမှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်စုစုပေါင်းနှင့် ညီမျှကြောင်း ပြည်ပပညာရှင်တစ်ဦးက ပြောကြားခဲ့ရာ ငလျင်ဒဏ်သင့်ရာဒေသများ၏ အပျက်အစီးဆုံးရှုံးမှုမှာ ကြီးမားလှသည်။ ထို့ပြင်  ၁၇၆၂  ခုနှစ်  ရခိုင်ငလျင်နှင့် ၁၉၄၆ ခုနှစ် စစ်ကိုင်းငလျင်တို့သည်လည်း  အင်အား ရစ်(ခ်)တာစကေး ၈ ရှိပြီး  အကြီးမားဆုံးငလျင်များဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့်  ဧပြီလ  ၉  ရက်အထိ  သေဆုံးသူ   ၃၆၄၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၈ ဦး၊   ပျောက်ဆုံးနေသူ ၁၄၅ ဦး စုစုပေါင်း ၈၇၀၀ ကျော်ခန့်   ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊   အသေးစိတ်စာရင်း မရရှိသေးသော်လည်း  အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊  ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခြင်း၊  ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင်   ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊  တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီး တစ်လျှောက် အပိုင်း ၁၈၄ ခု ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပေသည်။ ထိုသို့ပျက်စီးဆုံးရှုံးမှုများအတွက် နိုင်ငံတကာကူညီ ထောက်ပံ့မှုများ အနေဖြင့် နိုင်ငံ ၂၂ နိုင်ငံက လေယာဉ် ၁၀၆ ခေါက်၊ ကားအစီးရေ ၆ စီး၊ သင်္ဘော ၅ ခေါက် ရောက်ရှိခဲ့ပါသည်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းတန်ချိန် ၁၄၇၂ တန်ကျော်၊ ကယ်ဆယ်ရေး ပစ္စည်းများတန်ချိန် ၁၁၀၀ ကျော် ရောက်ရှိခဲ့ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ငလျင်နှင့်ပတ်သက်၍ အသိ၊ သတိရှိကြရမည်ဖြစ်သည်။ ငလျင်အန္တရာယ်သည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးအနက်  ကြိုတင်မသိနိုင်သော  သဘာဝဘေးအန္တရာယ်ဖြစ်၍ မဖြစ်ပွားမီ အဆောက်အအုံများကို ရေရှည်မျှော်မှန်းပြီး အောက်ခံမြေသားနှင့် အဆောက်အအုံများ  ပိုမိုခိုင်ခံ့အောင် တည်ဆောက်ထားရမည်ဖြစ်သည်။ ငလျင်အန္တရာယ်နှင့်ပတ်သက်၍ မဖြစ်မီ၊ ဖြစ်ပွားစဉ်၊ဖြစ်ပြီးအချိန်များတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ငလျင် နောက်ဆက်တွဲ ထူထောင်ရေးလုပ်ငန်းသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ခံနိုင်ရည်ရှိသော လူမှုအသိုင်းအဝိုင်း တစ်ရပ်ပြန်လည်တည်ဆောက်ရန် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်ဖြစ်သဖြင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခြင်းဖြင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပထမဦးစားပေးအနေဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အပျက်အစီး အပိုင်းအစများအားလုံး အမြန်ဆုံးရှင်းလင်း ဖယ်ရှားရေး၊   ဒုတိယအဆင့် အနေဖြင့် လက်ရှိအခြေအနေတွင် ပျက်စီးလုနီးပါး ဖြစ်နေသည့်အပြင် အန္တရာယ်ရှိသည့် အဆောက်အအုံများအား   ဘေးအန္တရာယ်ကင်းစွာ    အပြီးတိုင် စနစ်တကျဖြင့်     ဖြိုဖျက်ရေး၊   တတိယအဆင့်အနေဖြင့်   ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆောက်ရေး ကဏ္ဍ၌ ယခုငလျင်ဒဏ်ခံစားရမှုအပေါ်   သင်ခန်းစာယူရန်၊ လမ်း၊  တံတား၊  ရုံးအဆောက်အအုံ၊  အထပ်မြင့် အဆောက်အအုံများအား ငလျင်ဒဏ်ခံနိုင်ရေးအတွက် မြေအနေအထား စစ်ဆေးခြင်းပြုလုပ်ပြီးမှသာ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်ရေးဟူ၍ အပိုင်းသုံးပိုင်းကို ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း လမ်းညွှန်ထားသည်။

ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်လိုသည့် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ လုပ်ထုံးလုပ်နည်းနှင့် အကြောင်းကြား သတင်းပို့လာပါက   နိုင်ငံတော်  အစိုးရက  ကြိုဆိုလက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊  ဘယ်လာရုစ်၊   အင်ဒိုနီးရှား၊   ဘူတန်၊ ဖိလစ်ပိုင်၊   ဂျပန်   အပါအဝင်    နိုင်ငံများစွာက ကူညီထောက်ပံ့မှုများအပြင် ကယ်ဆယ်ရေးဝန်ထမ်းပေါင်းများစွာ ရောက်ရှိခဲ့ပြီး    ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ဧပြီလ ၁ ရက်တွင် ပြုလုပ်သော  အလှူငွေများပေးအပ် လှူဒါန်းပွဲတွင်လည်း  စေတနာရှင်၊ အလှူရှင်များက စုစုပေါင်း ငွေကျပ် ၁၁၆ ဒသမ ၈၄ ဘီလီယံကို အားတက်သရော လှူဒါန်းခဲ့ကြသည်။

မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉  ရောဂါ၊ အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၊ ရာဂိတို့၏  သက်ရောက်မှုကြောင့် မကြုံစဖူးဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုများနှင့် ရုတ်တရက်ရေကြီးမှုများ၊ လက်ရှိဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးအန္တရာယ် စသည့် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ပြီးတစ်နှစ် ခံစားခဲ့ကြရသည်။ ခံစားရမှုနှင့်အတူ အဆိုပါ သဘာဝဘေးအန္တရာယ်ကြီးများကို   နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့က အတူတကွဖြတ်ကျော်နိုင်ခဲ့ကြသည်။ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မိမိတို့တတ်စွမ်းသမျှသော အားတို့ဖြင့် ကျရာကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စိန်ခေါ်မှုများကို  ကျော်ဖြတ်နေရသည့်အချိန်တွင် ကြုံတွေ့လာရသည့် သဘာဝဘေးဒဏ်များကို လူသားချင်းစာနာ ထောက်ထားမှုဖြင့် ပြည်တွင်း၊ ပြည်ပအကူအညီများနှင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ မိမိတို့အနေဖြင့်လည်း နိုင်ရာဝန်ဖြင့် စွမ်းနိုင်သမျှသော အားတို့ဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် သွားကြရမည်ဖြစ်သည်။   ။

Source: https://myawady.net.mm/stories

ဆုလတ်မေ

တူယှဉ်လက်တွဲ ကျော်ဖြတ် အခက်အခဲ
-

ယနေ့   ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်နေကြရပေသည်။

လူသားတို့မှီတင်းနေထိုင်သော ကမ္ဘာပေါ်တွင်  သဘာဝအလျောက် ရုတ်တရက်ပြောင်းလဲ ဖြစ်ပေါ်လာသော ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်လေ့ရှိသည်။ သဘာဝဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းရန် ခက်ခဲသောသဘောရှိသည်။ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း စသည့် သဘာဝဘေးအန္တရာယ်များသည် တစ်မျိုးပြီးတစ်မျိုး တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လျက်ရှိပေသည်။  သဘာဝဘေးအန္တရာယ် ဆိုသည်မှာ  အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပွားနိုင်သည်။

မျက်မှောက်ကာလတွင်    ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာသည့် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များအား ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်တွေ့ကြုံနေရပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ် မေလတွင်   မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်စက်တင်ဘာလတွင် ရာဂိမုန်တိုင်း၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် ရေကြီးရေလျှံဘေးကို ကြုံတွေ့ခဲ့ရပါသည်။

၂၀၂၃ ခုနှစ် မေလအတွင်းဖြစ်ပွားခဲ့သော မိုခါမုန်တိုင်း၏ ပြင်းထန်သည့်အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့ရာ  အစိုးရကဏ္ဍပျက်စီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံကျော်၊ လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ် ၄၃၃ ဘီလီယံကျော် စုစုပေါင်းငွေကျပ် ၅၃၄ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပါသည်။ မိုခါမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ဝင်ရောက်ခြင်းဖြစ်၍ ပျက်စီးဆုံးရှုံးမှုများ၏ ၉၈ ရာခိုင်နှုန်းခန့်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂိမုန်တိုင်းအရှိန်နှင့် ဆက်စပ်ရေကြီးမှုများကြောင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ရှစ်ခုတွင် ပျက်စီးဆုံးရှုံးမှုများအား မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခဲ့ရာ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ရုံးအဆောက်အအုံပျက်စီးမှုများ အပါအဝင် အစိုးရကဏ္ဍပျက်စီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၂၄၄ ဘီလီယံကျော်၊ လူနေအိမ်ပျက်စီးမှု၊  ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ ပျက်စီးမှု၊ လယ်ယာမြေ စိုက်ပျိုးထားရှိမှုနှင့် လယ်ယာသုံးပစ္စည်းများ ပျက်စီးမှု၊ တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ်မွေးမြူရေး လုပ်ငန်း၊ ငါးလုပ်ငန်းများအပါအဝင် လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ်၂၂၁ ဘီလီယံကျော် စုစုပေါင်းငွေကျပ် ၄၆၆ ဘီလီယံကျော်  ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအနေဖြင့် နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးတို့က အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ဒုတိယဖြစ်ပါသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ကဏ္ဍအလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရေဘေးသင့်ဒေသများရှိ အခြေခံပညာကျောင်း ၁၅၀၀ ကျော်ကို တစ်လအတွင်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

လမ်းပျက်စီးမှု၏ ၇၃ ဒသမ ၂၃ ရာခိုင်နှုန်း၊  တံတား ပျက်စီးမှု၏ ၄၁ ဒသမ ၉၂ ရာခိုင်နှုန်း၊ မြန်မာ့မီးရထားလမ်းပိုင်းအလိုက်   ပျက်စီးမှု၏ ၆၇ ဒသမ ၃၅ ရာခိုင်နှုန်း ပြုပြင်ပြီးဖြစ်ပါသည်။ မိုးစပါးပျက်စီးဧကများအနက် ပြန်လည်စိုက်ပျိုးရန် လျာထားမှု၏ ၇၃ ဒသမ ၇၅ ရာခိုင်နှုန်း ပြန်လည်စိုက်ပျိုးပြီးဖြစ် ပါသည်။  ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြီးစီးမှုအနေဖြင့် ဆက်သွယ်မှု၏ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းလွှမ်းခြုံ နိုင်ခဲ့ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် သတ်မှတ်ကာလဖြစ်သည့် ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများပြီးမြောက် အောင်မြင်စေရေး အရှိန်အဟုန်ဖြင့် ကဏ္ဍ၊ အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

ယခုအခါ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့်  ဧပြီလ ၈ ရက် နေ့အထိ သေဆုံးသူ  ၃၆၄၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၇ ဦး၊   ပျောက်ဆုံးနေသူ ၁၄၈ ဦး စုစုပေါင်း ၈၇၀၀ ကျော်ခန့်   ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ အသေးစိတ်စာရင်း မရရှိသေးသော်လည်း အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊  ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခြင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခြင်း၊  တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခုထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပေသည်။ ထိုသို့ပျက်စီးဆုံးရှုံးမှုများ အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုများအနေဖြင့် နိုင်ငံ ၂၀ ကလေယာဉ် ၉၈ ခေါက်၊ ကားအစီးရေ ၆ စီး၊ သင်္ဘော ၅ခေါက်ရောက်ရှိခဲ့ပါသည်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦးရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းတန်ချိန် ၁၃၀၄ တန်ကျော်၊ ကယ်ဆယ်ရေးပစ္စည်းများတန်ချိန် ၉၁၀ ကျော် ရောက်ရှိခဲ့ပါသည်။

ငလျင်ဒဏ်ကြောင့်   လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လူအများစုမှာ အဆောက်အအုံများ၏   ပြင်ပတွင်နေထိုင်လျက်ရှိပေသည်။ ယခုလိုအချိန်မျိုးတွင် ပြည်သူများအနေဖြင့်  ဝမ်းရောဂါများ မဖြစ်ပွားစေရေးအတွက် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ယင်လုံအိမ်သာများ သုံးစွဲနိုင်ရေး  သက်ဆိုင်ရာဌာနများမှ တည်ဆောက်ပေးသွားရန်၊  ဝမ်းရောဂါကာကွယ်ဆေးနှင့် ကုသဆေးများကိုလည်း     သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးရန်  နိုင်ငံတော်အစိုးရ အနေဖြင့် တိုက်တွန်းမှာကြားထားသည်ကို တွေ့ရှိရသည်။  သန့်ရှင်းသည့်သောက်သုံးရေများ ရရှိစေရေးအတွက် နိုင်ငံတော်အနေဖြင့် ရေသန့်များ ဖြန့်ဝေပေးသကဲ့သို့ နိုင်ငံတကာမှ ရေသန့်စက်များ ရရှိစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပေသည်။ ငလျင်ဘေးဒဏ်သင့်ပြည်သူများ နေထိုင်မှု အဆင်ပြေစေရေး နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများ အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီထောက်ပံ့ ပေးအပ်သွားမည်ဖြစ်သည်။

ငလျင်ကျရောက်သည့်  ဒေသများတွင် ဝမ်းပျက် ဝမ်းလျှောရောဂါ၊ မျက်စိနာရောဂါ၊  ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ၊   မြွေအန္တရာယ်နှင့် အပူဒဏ်ကာကွယ်ရေးတို့ အတွက်  ကျန်းမာရေးဆိုင်ရာ သတိပြုရန် အချက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ငလျင်နှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် ငလျင်ဒဏ်ကိုခံနိုင်သည့် အဆောက်အအုံများ ဖြစ်စေရေး အင်ဂျင်နီယာပိုင်းဆိုင်ရာများကို   စနစ်တကျစိစစ်တည် ဆောက်သွားရန်လိုပေသည်။ ပေါ့ပေါ့လျော့လျော့ဖြင့် အဆောက်အအုံများကို ခိုင်ခံ့မှုနည်းပါးစွာ တည်ဆောက်ခဲ့ပါက ယခုကဲ့သို့ ငလျင်အန္တရာယ်ဖြင့် ကြုံတွေ့လာလျှင် ကြီးစွာသောဒုက္ခဆင်းရဲကို ခံစားကြရမည်ဖြစ်ပေသည်။ ပြည်သူများသည် ယခုအခါ  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာကို ခံစားနေကြရပေသည်။ ပြည်သူများ၏ ပူဆွေးမှုကို ကိုယ်ချင်းစာသောအားဖြင့်   နိုင်ငံတော်အစိုးရမှလည်း အဘက်ဘက်က  ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပေသည်။ 

ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရရှိပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြသူများကိုလည်း ကုသမှုများဆောင်ရွက်ပေးရာတွင် ပြန်လည်ထူထောင်ရေးအတွက် ခြေတုလက်တုများ တပ်ဆင်ပေးနိုင်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး     ထိခိုက်ဒဏ်ရာများ လုံးဝပျောက်ကင်းသည်အထိ ကုသမှုများဆောင်ရွက်ပေး လျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့်လည်း ဝမ်းသာပီတိဖြစ်ရပေသည်။ 

ငလျင်ဒဏ်ခံရသည့်ဒေသများကို     ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့်  ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်ကောင်းမွန် ရေးဆိုသည့် လူသားအရင်းအမြစ်၊ ၎င်းမှ ကျန်းမာရေး၊ စားဝတ်နေရေး၊ ထိုမှတစ်ဆင့် ပြည်သူများ နေထိုင်ရန်အတွက် အဆောက်အအုံများ၊ လမ်းပန်း ဆက်သွယ်ရေး စသည်ဖြင့်တစ်ဆင့်ချင်း ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရသည်။ မိမိတို့နိုင်ငံအနေဖြင့် ယခုကဲ့သို့ ငလျင်ဒဏ်ခံစားရမှု အခြေအနေကို နိုင်ငံတကာမှလည်း ကူညီဆောင်ရွက်ပေးသည်မှာ နိုင်ငံတော်အစိုးရနှင့် ပြည်ပနိုင်ငံများ၏ ကောင်းမွန်သော ဆက်ဆံရေးကြောင့်ဟုလည်း ဆိုနိုင်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အား သဘာဝဘေးအန္တရာယ် ကျရောက်မှု ဖြစ်စဉ်တိုင်းတွင် နိုင်ငံတော် ကြီးပြန်လည်ထူထောင် ကောင်းမွန်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်မှာ မိုခါနှင့် ရာဂိမုန်တိုင်းတို့သည် သက်သေပင်ဖြစ်သည်။

ယခု မတ်လ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့်  ပြည်သူများ၏ အသက်အိုးအိမ်ဆုံးရှုံးမှုနှင့် နိုင်ငံတော်ပိုင် အဆောက်အအုံများနှင့် သာသနိက အဆောက်အအုံများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုကို အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတကာအကူအညီများ ရယူဆောင်ရွက်လျက်ရှိပေသည်။ ငလျင်ဒဏ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မူဝါဒချမှတ်ထားသည့် ပျက်စီးသွားခဲ့သည့် အပျက်အစီးများကို မြန်မြန်ဆန်ဆန်သိမ်းဆည်းသွားရန်၊   ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်သည့် အဆောက်အအုံများကို ပြင်ဆင်သွားရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် ဟူသည့် လုပ်ငန်းစဉ်များအတိုင်း ငလျင်ဘေးဒဏ်ကို နိုင်ငံတော်အစိုးရနှင့် ပြည်သူများကြံ့ကြံ့ခံ၍   ဆက်လက်ကျော်ဖြတ်သွားရမည်ဖြစ်ပေသည်။       ။

Source: https://myawady.net.mm/stories

နွေပိတောက်

“မတ်လ ၂၈ ရက် ငလျင်က ကျွန်မတို့ရဲ့ထမင်းအိုးကိုခွဲခဲ့တယ်။ဒါပေမဲ့ ဆက်ပြီးတော့ ကြိုးစားရုန်းကန် ရမှာပေါ့”
-

မထက်ထက်ဝင်းသည် တစ်ချိန်က အင်းဝ၏ သမိုင်းကြောင်းကြွယ်ဝမှု ဂုဏ်ယူဖွယ်ပြယုဂ်နှင့် ဒေသခံ များအတွက် အသက်သွေးကြောဖြစ်ခဲ့သည့် မယ်နုအုတ်ကျောင်း၏ ပြိုကျနေသည့် အပျက်အစီး များရှေ့ မတ်တတ်ရပ်နေသည်။

ထိုသို့ဖြစ်စဉ်မှာ မယ်နုအုတ်ကျောင်း တစ်ခုတည်းတော့မဟုတ်ပေ။မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း ဒေသကြီးတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အား ၇.၇ မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြောင့် အင်းဝမြို့ရှိ ရှေးဟောင်းအဆောက်အအုံအားလုံးနီးပါး ပြိုကျခဲ့ရကာ အင်းဝမြို့မှာလည်း အပျက်အစီး များဖြင့် ကျန်ရစ်ခဲ့ပေသည်။

နာမည်ကျော် အင်းဝမြို့သည် မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၁၄ ရာစုမှ ၁၉ ရာစုအထိ မြန်မာနိုင်ငံ၏ရှေးဟောင်းမြို့တော် ဖြစ်ခဲ့ကာ ရှေးဟောင်းအဆောက်အအုံနှင့် ဘုရားစေတီပေါင်း ၉၆၀ ကျော် ရှိကြောင်း သိရသည်။

ရာစုနှစ်များကြာ သက်တမ်းရှိသော ဘုရားများတစ်လျှောက် ပန်းများရောင်းလျက် ခရီးသွား ဧည့်သည်များကို လမ်းညွှန်ခြင်းလုပ်ကိုင်ရသည့် အစား မထက်ထက်ဝင်းသည် ယခုအခါ ပျက်စီးနေ သောအုတ်ပုံများနှင့် ပြုတ်ကျနေသော ထောက်တိုင်များကို ငေးငိုင်ကြည့်ကာ သဘာဝဘေး အန္တရာယ်က အင်းဝမြို့၏ အမွေအနှစ်ကိုသာမက ၎င်း၏အသက်မွေးဝမ်းကျောင်းကိုပါ မည်ကဲ့သို့ သိမ်းကြုံးဖျက်ဆီးခဲ့ပုံကို ရှင်းပြခဲ့သည်။

“ဒီငလျင်က ကျွန်မတို့ရဲ့ ထမင်းအိုးကိုခွဲခဲ့တာ” ဟု အသက် ၂၂ နှစ်အရွယ် မထက်ထက်ဝင်းက ၎င်းတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပျောက်ဆုံးခဲ့ပုံကို ပြောပြခဲ့သည်။ “အုတ်ကျောင်းကြီး ပြိုကျတုန်းက ကျွန်မတို့ထမင်းအိုးကွဲသွားတာ” ဟု ၎င်းက ဧပြီ ၃ ရက်၌ ပြောခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ၎င်းတို့မိသားစုသည် ယင်းနေရာ၌ ရှင်သန်ရပ်တည်နေခဲ့ ခြင်းဖြစ်သည်။ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများသို့ ခရီးသွားဧည့်သည်များ လာရောက်ချိန်တွင် မထက်ထက်ဝင်းကဲ့သို့ ဒေသခံများက ပန်းများရောင်းခြင်း၊ ခရီးသွားဧည့်သည် များအား ဓာတ်ပုံရိုက်ပေးခြင်း၊ ရှေးဟောင်းဘုရားစေတီများအကြောင်းကို ဝေမျှပြောပြပေးခြင်းဖြင့်ပုံမှန်ဝင်ငွေများ ရရှိခဲ့သည်။အလုပ်များသောနေ့ရက်များတွင် ၎င်းရေတွက်နိုင်သည်ထက် ဝင်ငွေပိုမို ရရှိခဲ့သည်ဟု မထက်ထက်ဝင်းက ဆိုသည်။

သို့ရာတွင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အရာရာမှာပြောင်းလဲသွားခဲ့ပေသည်။မြေငလျင်အားပြင်းစွာ လှုပ်ခတ်ခဲ့ခြင်းဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ဘုရားစေတီများ၊ရာစုနှစ်သက်တမ်းရှိသော အဆောက် အဦများ အပါအဝင် အင်းဝမြို့၏ ရှေးဟောင်းအထင်ကရနေရာများမှာ ပြိုကျပျက်စီးခဲ့ရသည်။

စနစ်တကျတည်ဆောက်ထားသော မယ်နုအုတ်ကျောင်းသည်လည်း ပြိုကျပျက်စီးခဲ့ရသည်။နေအိမ်များ အက်ကွဲပွင့်ထွက်ခဲ့ပြီး လမ်းများမှာလည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည်။

အင်းဝ၏ ဆုံးရှုံးမှုသည် ငွေကြေးပိုင်းဆုံးရှုံးမှုထက် ကျော်လွန်နေပေသည်။ ငလျင်ကြောင့် ‌ရေပိုက် လိုင်းများ တစ်စစီပျက်စီးသွားသဖြင့် ရာနှင့်ချီရှိသော အိမ်ထောင်စုများအား သန့်ရှင်းသော‌ရေရရှိရေး ပြတ်တောက်သွားခြင်းက အသက်ရှင်ကျန်ရစ်သူများအဖို့ နေ့စဉ်ရုန်းကန်ရသောအခက်အခဲပင် ဖြစ်သည်။

“အခု ကျွန်မတို့ ဧရာဝတီမြစ်ထဲက‌‌ရေသွားသယ်ရတာ။ဒါပေမဲ့ တချို့ မြစ်ကမ်းပါးတွေလည်း ပြိုကျကုန်တာ ဆိုတော့ အဲဒီကိုရောက်ဖို့တောင် တော်တော်လေးခက်ခဲတယ်” ဟု မထက်ထက်ဝင်းက ဆိုသည်။

ညအချိန်‌ရောက်ရှိပြန်လေတော့လည်း ကြောက်ရွံ့မှုက တစ်ဖန်ပေါ်လာပြန်လေသည်။နေအိမ်များက မလုံခြုံတော့သလို လူအများစုမှာလည်း အပြင်ဘက်တွင် အိပ်စက်ကြရသည်။နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ချိန်တိုင်း ၎င်းတို့မှာအိပ်ရာမှလန့်နိုးလာခဲ့ပြီး ယင်းမှာ ခက်ခဲစွာကျော်ဖြတ်ခဲ့ရသော ရက်စက် လှသည့် သတိပေးခေါင်းလောင်းသံပင်ဖြစ်သည်။

အခက်အခဲများရှိနေဆဲကြားထဲမှ အသက်ရှင်သန်ရသည့် ကံကောင်းထောက်မမှုကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ “တခြားနေရာတွေနဲ့ယှဉ်ရင်တော့ ကျွန်မတို့က အသက်ဘေးက လွတ် ကြတယ်။ ကျွန်မတို့ရပ်ကွက်ထဲမှာ ဘယ်သူမှမဆုံးပါးကြဘူး” ဟု ၎င်းက ဆိုသည်။

ပြိုကျပျက်စီးနေသည့် အဆောက်အအုံများအောက်မှ သေဆုံးသူများကို ဆွဲထုတ်ယူနေရသည့် အနီး ဝန်းကျင်ရှိ စစ်ကိုင်း၊ တံတားဦးနှင့် မန္တလေးတို့နှင့် မတူညီဘဲ အင်းဝမြို့မှာမူ လူအများအပြား သေဆုံးမှုများ ကင်းဝေးခဲ့သည်။သို့သော် အသက်ရှင်သန်ရေးအပြင် ဝမ်းရေးကလည်း ရှိနေပြန်သည်။

ခရီးသွားဧည့်သည်များလည်း မရှိ။ ဘုန်းတော်ကြီးကျောင်းများလည်း အပျက်အစီးပုံများဖြစ်သွားခဲ့ သည်။ ခရီးသွားဧည့်သည်များမရှိပါက ဝင်ငွေလည်းရှိမည်မဟုတ်ပေ။ ခုနစ်စတုရန်းမိုင်ဧရိယာလွှမ်းခြုံမှု ရှိသော အင်းဝမြို့သည် အဆောက်အဦနှင့် ဘုရားစေတီပုထိုး ၉၆၁ ဆူဖြင့် ကြွယ်ဝသော သမိုင်း ကြောင်းရှိသည်။ ထို့ပြင် အင်းဝကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းနိုင်‌ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြထားသည်။ အဆိုပါ ရှေးဟောင်းအုတ်ကျောင်းတော်ကြီးက ကိုဗစ်-၁၉ ရောဂါမတိုင်မီက ခရီးသွားဧည့်သည်ဦး‌ရေ ၁,၀၀၀ ကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ငလျင်မလှုပ်ခတ်မီက ခရီးသွားဧည့်သည်အရေအတွက် ရာနှင့်ချီ၍ ရှိခဲ့သည်ဟု မထက်ထက်ဝင်းက ဆိုသည်။

တစ်ချိန်က သမိုင်းဝင်နေရာဖြစ်ခဲ့ပြီး ယခုအခါ အုတ်ကျိုးအုတ်ပဲ့ပုံဖြစ်နေသော ၎င်း၏မြို့လေးကို ငေးကြည့်လျက် မထက်ထက်ဝင်းမှာ အိပ်မက်များ တစ်စစီပြိုကျပျက်စီးခဲ့ရသည်။ ယင်းကျောင်း တော်ကြီးအား ပြန်လည်ထိန်းသိမ်းနိုင်ဦးမည်လားဆိုသည်ကိုမူ ၎င်းအနေဖြင့် မသိရှိနိုင်ဟု ၎င်းက ပြောခဲ့သည်။ ထိုသို့ဆိုသည့်တိုင် ၎င်းအနေဖြင့် အရှုံးပေးရန်ကိုမူ ငြင်းဆိုလျက် “ကျွန်မတို့ကတော့ ဆက်ပြီးတော့ ကြိုးစားရုန်းကန်ရမှာပေါ့” ဟု ဆိုသည်။ 

ကိုးကား-Xinhua

မျိုးကျော်စိုး

အထူးသတိပြုရမည့် မီးဘေးအန္တရာယ်
-

မီးဘေးအန္တရာယ်ဆိုသည်မှာ  လူ့အသက်နှင့် ပစ္စည်းဥစ္စာများကို  ကြီးမားစွာ  ထိခိုက်နိုင်သည့် အန္တရာယ်တစ်မျိုးဖြစ်ပါသည်။  မီးဘေးသည် ရန်သူမျိုးငါးပါးတွင် တစ်ပါးပါဝင်သည်ကို  သိရှိကြသော်လည်း  ထိုရန်သူကို  သတိမမူသောကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုနှင့်ကြုံနေကြရပါသည်။   ယခုအခါ   ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့  ရောက်ပြီဖြစ်၍  ပူပြင်းသော ကာလတွင်  အထူးသတိပြုရမည့်  အချက်မှာ မီးဘေးအန္တရာယ်ဖြစ်ပါသည်။

အမှိုက်ကစ ပြာသာဒ်မီးလောင်

မီးကိုမလောင်ခင်က ကြိုတင်ကာကွယ်သင့်ပါသည်။ လူတို့  သတိပြုလေ့မရှိသော   အသေးအဖွဲကလေးမှစ၍ အကြီးအကျယ် ပျက်စီးတတ်သည်ကို “အမှိုက်ကစ ပြာသာဒ်မီးလောင်” သည်ဟု ဆိုစမှတ်ပြုကြသည်။  ထိုစကားမှာ  မီးဘေးကာကွယ်ရေး တွင် အလွန်အဖိုးတန်သော စကားတစ်ရပ်ဖြစ်၏။ အဆိုပါ   ပျက်စီးဆုံးပါးခြင်း၏   အကြောင်းရင်းကိုရှာမူ  များသောအားဖြင့် လူတို့၏ပေါ့လျော့မှုကို တွေ့ရတတ်သည်။ ထိုအခါ မိမိတို့၏ ပေါ့လျော့မှုအတွက် ကြီးစွာသော နောင်တဖြစ်တတ်ကြသည်။ ထို့ကြောင့်  ပျက်စီးပြီးမှ  နောင်တရမည့်အစား မီးမလောင်မီက အထူးသတိထား၍ ကာကွယ်သင့်ပါသည်။

နေ့စဉ်သုံးပစ္စည်းများမှ အလွယ်တကူ မီးစွဲလောင်နိုင်ပတ်ဝန်းကျင်၌ နေ့စဉ်သုံးပစ္စည်းများတွင် အလွယ်တကူ မီးစွဲလောင်နိုင်သော  ပစ္စည်းများစွာ ရှိသည်ကို ရှေးဦးစွာ သတိထားသင့်သည်။ အမှတ်တမဲ့ပစ်လိုက်သော မီးခြစ်ဆံ၊ ဆေးလိပ်တိုကလေးများမှ မီးသည် မီးတောက်ကြီးအထိပွားကာ ဆုံးရှုံးပျက်စီး လောက်အောင် ဖြစ်စေနိုင်သည်။

မီးမလောင်ရန် သတိပြုကာကွယ်ရာ၌ မီးကိုသာ သတိနှင့် ကိုင်တွယ်ရမည်မဟုတ်၊ အိမ်တွင်းအိမ်ပ၌ မီးစွဲလောင်စေတတ်သော အရာဝတ္ထုအားလုံးကိုလည်း မီးနှင့်ဝေးရန်  သို့မဟုတ် မီးမစွဲနိုင်စေရန် စီမံထားဖို့လိုပေသည်။ ရေနံဆီ၊ ဓာတ်ဆီ စသည်တို့မှတစ်ပါး မီးအစွဲလွယ်ဆုံး အိမ်တွင်းပစ္စည်းများမှာ စက္ကူနှင့် အဝတ်စများဖြစ်၏။ မီးခံပစ္စည်းများဟု  ဆိုရမည်ဖြစ်သော   သံ၊  သွပ်၊ ကျောက်၊ အုတ် စသည်တို့ဖြင့် ဆောက်လုပ်သော အဆောက်အအုံကြီးမှာပင် မီးလောင်ပါက ပျက်စီးမည်ဖြစ်သည်။ သို့ရာတွင် ထိုပစ္စည်းများမှာ သစ်၊ ဝါး၊ ဓနိ၊ သက်ငယ်တို့ကဲ့သို့ မီးစွဲလွယ်သောပစ္စည်းများ မဟုတ်သဖြင့် အိမ်တွင်း၌ မတော်တဆလောင်သော မီးတောက်များတစ်အိမ်လုံး သို့မကူးမီ ငြှိမ်းသတ်ချိန် ရနိုင်ပေသည်။    နေအိမ်အဆောက်အအုံများကို တတ်နိုင်လျှင် ရုတ်တရက် မီးမစွဲနိုင်သော ပစ္စည်းများဖြင့် ဆောက်သင့်ပါသည်။

လောင်ကျွမ်းကူးစက်ရာတွင် လျင်မြန်သော မီးတောက်မီးလောင်ရာတွင် မီးတောက်သည် လောင်ကျွမ်းကူးစက်ရာတွင် အလျင်မြန်ဆုံးဖြစ်သည်။ သိပ္ပံပညာထွန်းကားသော  ယခုခေတ်တွင်  မီးစွဲတတ်သော ပစ္စည်းအများအပြားကို မီးမစွဲနိုင်စေရန် ဆေးရည်ဖြင့်   စီမံထားကြသည်။   ဆာဝီလျံပါကင်သည် သစ်သားများကိုလည်းကောင်း၊ အဝတ်အထည်များကိုလည်းကောင်း မီးခံနိုင်စေရန် စိမ်သည့်ဆေးရည်များကို အောင်မြင်စွာ စမ်းသပ်ဖော်စပ်ခဲ့၏။ ထို့ပြင် မီးသတ်ဆေးဘူးများကိုလည်း တီထွင်ခဲ့ကြသည်။ မီးသတ်ဘူးတွင်   ဆိုဒီယမ်ဗိုင်   ကာဗွန်နိတ်နှင့် ဆာလဖျူရစ်အက်စစ်များကို တခြားစီထည့်ထားသည်။ အရေးကြုံ၍ သုံးလိုသောအခါ ထိုမီးသတ်ဘူးကို ဇောက်ထိုးလုပ်လိုက်ခြင်းဖြင့် ဓာတ်ရည်နှစ်ခု ရောနှောမိကာ    ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ထွက်ပေါ်လာပြီးလျှင်    မီးတောက်ဖြစ်စေသည့် အောက်ဆီဂျင်ဓာတ်ကို     ငြှိမ်းသတ်နိုင်သည်။ ဤကိရိယာမှာ ငွေကုန်ကြေးကျ မများလှဘဲ ဝယ်ယူအသုံးပြုနိုင်ကြ၍ မီးဘေးကာကွယ်ရေးတွင် များစွာ ခရီးရောက်ပါသည်။ မီးလောင်သောအခါ အမြန်ဆုံး ငြှိမ်းသတ်နိုင်ရန်   ကိရိယာများကို  အဆင်သင့် ထားသင့်သည်။  မီးသတ်အဖွဲ့များ  မရှိသေးသည့် ကျေးလက်တောရွာများတွင် မီးချိတ်၊ မီးကပ်များ အဆင်သင့် လုပ်ထားသင့်ပါသည်။

အထူးဂရုပြုရမည့် တောမီး

တောမီးလောင်ခြင်းသည် သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်ပြီး သစ်တောများ၊ တောရိုင်းတိရစ္ဆာန်များ၊   ပတ်ဝန်းကျင်နှင့်    လူသားများအတွက် ဆိုးကျိုးများဖြစ်စေနိုင်ပါသည်။   လူသားများ၏ ပေါ့ဆမှု (ဥပမာ - မီးညှိပြီး   သတိမထားခြင်း)၊   သဘာဝအကြောင်းရင်း (ဥပမာ - မိုးကြိုးပစ်ခြင်း၊ သစ်ပင်အချင်းချင်းပွတ်တိုက်ခြင်း)   စသည်တို့ကြောင့် တောမီးလောင်ပါသည်။  တောမီးများမှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းပါသည်။ ကျေးရွာများနှင့် အဖိုးတန်သစ်တောများမှာ တောမီးလောင်၍ ပျက်စီးဆုံးရှုံးရတတ်သည်။  အနောက်နိုင်ငံများ၌ တောမီးကို   အထူးဂရုပြုကြသည်။  တောမီးကို ကာကွယ်ရန်၊ ထိန်းချုပ်ရန် တောင်ပူစာထိပ်များ၌ မီးကြည့်မျှော်စင်များ ဆောက်ထားပြီးလျှင် တောမီးလောင်သည်နှင့်တစ်ပြိုင်နက်   အချက်ပေး၍ မီးငြှိမ်းသတ်ကြသည်။

ပြည်သူမှ အားကိုးအားထားပြုရသည့် မြန်မာနိုင်ငံမီးသတ်

မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊    နိုင်ငံတော်အတွင်းရှိ    ကုန်ထုတ် အရင်းအနှီးများကို  မီးဘေးအန္တရာယ်မှ  တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင်    အခြားသော   ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်ရည်ရွယ်၍ မီးသတ်ဦးစီးဌာနကို တည်ထောင်ခဲ့ပါသည်။ သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်အနော်ရထာမင်းစော (အေဒီ-၁၀၄၄-၁၀၇၇)  လက်ထက်ကပင်  မီးကပ်တပ်သား  ၆၆၃ ဦး(သောသောညံပုဂံမီးဆော်မောင်း)ခန့်ထားပြီး ပုဂံနေပြည်တော်၏ မီးဘေးကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ရှေးခေတ်မြန်မာမင်းအဆက်ဆက်   လက်ထက်တွင်လည်း မီးဘေးကာကွယ်ရေး အမိန့်ပြန်တမ်းများ ထုတ်ပြန်ပြီး နိုင်ငံတော်မီးဘေးကာကွယ်ရေး     လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့်   အထောက်အထားများရှိပါသည်။ မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့ကို သုံးမျိုးခွဲခြားထားပါသည်-

( ၁ )   အစိုးရမီးသတ်တပ်ဖွဲ့ဝင်များ (သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ)

( ၂ )    ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ

( ၃ )   သီးသန့်ဖွဲ့စည်းထားသော    မီးသတ်တပ်ဖွဲ့ဝင်များ  (မီးဘေးစိုးရိမ်ရသောစက်ရုံ/ အလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းများအတွက် ဖွဲ့စည်းထားသော ဝန်ထမ်းများ)ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်  မီးသတ်တပ်ဖွဲ့သည်  မီးငြှိမ်းသတ်ရေး၊  သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင်  ခေတ်မီယာဉ်ကြီးများ၊ ခေတ်မီနည်းပညာများဖြင့် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်လျက်ရှိရာ ပြည်သူများအနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Hot Line နံပါတ် ၁၉၁ သို့ အမြန်ဆုံးအကြောင်းကြားကြရန်နှင့် ပါဝင်ကူညီကြရန် နှိုးဆော်ထားပါသည်။ ထို့ကြောင့် ရန်သူမျိုးငါးပါးတွင် အဆိုးဆုံးဖြစ်သော မီးလောင်ခြင်းအား ကြိုတင်ကာကွယ်ရန် ပြည်သူ တစ်ဦးချင်းစီက မိမိနေထိုင်ရာ နေအိမ်၊ လမ်း၊ ရပ်ကွက်၊ မြို့နယ်မှသည် တစ်နိုင်ငံလုံး  အတိုင်းအတာအထိ  အသိ/ သတိ ရှိရှိဖြင့် ပူးပေါင်းကာကွယ်မှသာ မီးဘေးအန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်ပါကြောင်းကို    တိုက်တွန်း ရေးသားလိုက်ရပါသည်။    ။

ကိုအောင်(ထုတ်လုပ်)

ငလျင်ဘေးကို စည်းလုံးမှု စွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့
-

သက်ရှိများ မှီတင်းနေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးတွင်  သဘာဝအလျောက်   ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသည့်   ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ သာဓကအနေဖြင့်  မြေငလျင်လှုပ်ခတ်ခြင်း၊  လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊  ဆူနာမီလှိုင်းများမြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရောဂါအသစ်အဆန်းများ ကျရောက်ခြင်း စသည့် အန္တရာယ်များပင်ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပါသည်။သဘာဝဘေး အန္တရာယ်များအနက် မြေငလျင်သည်  ကြိုတင

သက်ရှိများ မှီတင်းနေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးတွင်  သဘာဝအလျောက်   ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသည့်   ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ သာဓကအနေဖြင့်  မြေငလျင်လှုပ်ခတ်ခြင်း၊  လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊  ဆူနာမီလှိုင်းများမြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရောဂါအသစ်အဆန်းများ ကျရောက်ခြင်း စသည့် အန္တရာယ်များပင်ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပါသည်။သဘာဝဘေး အန္တရာယ်များအနက် မြေငလျင်သည်  ကြိုတင်ခန့်မှန်းရခက်ခဲသည်။ မြေငလျင်ဗဟိုချက်သည် ကမ္ဘာ့အပေါ်ယံ မျက်နှာပြင်တွင် နီးကပ်စွာတည်ရှိနေမည်ဆိုလျှင် ထိခိုက်ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားနိုင်သည်။ တချို့သောငလျင်များသည် ပမာဏကြီးမားသော်လည်း နက်ရှိုင်းသော မြေအောက်တွင်   ဗဟိုပြုသောကြောင့်   ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးကြီးမားမား မဖြစ်ပွားချေ။

ထို့ကြောင့်   သဘာဝဘေးအန္တရာယ်များအနက် ငလျင်အန္တရာယ်သည်  ရှောင်တိမ်းရန် အခက်ခဲဆုံးအန္တရာယ်ပင်ဖြစ်သည်။

အလွန်ပြင်းထန်သောငလျင် လှုပ်ခတ်ခဲ့မတ်လ ၂၈ ရက်တွင် အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့်   ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊ သေဆုံးမှုများဖြစ်ပေါ်ခဲ့ရသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်

နိုင်ငံတော်အစိုးရ၊  တပ်မတော်၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့်  လူမှုရေးအသင်းအဖွဲ့များသည်   ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသလို ကျန်းမာရေးဝန်ကြီးဌာနနှင့်   ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်း၍   ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။    ထို့ပြင်  ရုရှား၊ တရုတ်၊ ထိုင်း၊ မလေးရှား အပါအဝင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များမှလည်း  ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင်အာဆီယံနိုင်ငံများ၊  အိမ်နီးချင်းနိုင်ငံများနှင့်အခြားသောနိုင်ငံများမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးလျက်ရှိသည်။

သဘာဝဘေးအန္တရာယ်များ

ကမ္ဘာတစ်ဝန်းတွင်   သဘာဝဘေးအန္တရာယ် ကျရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန် များပြားလာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြေငလျင်လှုပ်ခတ်မှုများ၊  အင်အားပြင်းထန်သော လေမုန်တိုင်းကြီးများ တိုက်ခတ်မှုများနှင့် အပူလှိုင်းဖြတ်မှုများသည်အကြိမ်ရေပိုမို များပြားလာခဲ့သည်။   ထိုသဘာ၀ဘေးအန္တရာယ်များကြောင့် ထိခိုက်သေကျေပျက်စီး ဆုံးရှုံးမှုများလည်း များပြားခဲ့သည်။ တချို့သောဒေသများတွင် မုန်တိုင်းဒဏ်ခံသော အဆောက်အဦများ   ကြိုတင်ဆောက်လုပ်ထားသော်လည်း   ဆုံးရှုံးမှုများ ရှိနေဆဲပင်ဖြစ်သည်။

သိပ္ပံပညာရှင်များ၊    ဘူမိဗေဒပညာရှင်များ၊ မိုးလေဝသပညာရှင်များနှင့်  မုန်တိုင်းစောင့်ကြည့် လေ့လာသူများသည် ကြီးမားသောသဘာဝဘေး အန္တရာယ်များကို ကြိုတင်ခန့်မှန်းရန် အခက်တွေ့လျက်ရှိကြသည်။   ခေတ်မီနည်းပညာများဖြင့် မုန်တိုင်းများ၊ နှင်းမုန်တိုင်းများ၊ ဆိုင်ကလုန်းမုန်တိုင်းများနှင့်   မိုးလေဝသနှင့် ဆက်စပ်သော  အခြားသဘာဝဘေးများကိုသာ ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ မမျှော်လင့်သည့် အချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် မြေငလျင်လှုပ်ခတ်မှုများ၊  တောမီးလောင်မှုများ၊  မြေပြိုမှုများနှင့်  မီးတောင်ပေါက်ကွဲမှုများသည်   လူသားတို့ကို ပျက်စီးဆုံးရှုံးမှုကြီးမားစေသော   သဘာ၀ဘေးအန္တရာယ်များအဖြစ် ဆက်လက်ခြိမ်းခြောက်လျက်ရှိသည်။

ဆူနာမီလှိုင်းလုံးများကြောင့် ဆားငန်ရေဖုံးလွှမ်းခံရသည့် လယ်ကွင်းများကို   ကာလအတန်ကြာ ပြုပြင်ပြီးမှသာ ပြန်လည်စိုက်ပျိုးနိုင်သည်။ ထိုနည်းတူစွာ ငလျင်ဒဏ်ကြောင့်ပြိုလဲခဲ့သော လူနေအိမ်ရာများနှင့်   အခြေခံအဆောက်အဦများကိုလည်း  အချိန်နှင့်ငွေကြေးများစွာ အကုန်အကျခံပြီးမှသာ  ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်သည်။   အထူးသဖြင့် သဘာဝဘေးအန္တရာယ် လွန်ကာလများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသောကြောင့်  နေ့စဉ်လူနေမှုဘဝသည်  များစွာခက်ခဲကြမ်းတမ်းလှပေသည်။ ဘေးအန္တရာယ်၏ နောက်ဆက်တွဲရောဂါများကိုလည်း   ခံစားကြရသည်။

ကြိုတင်ပြင်ဆင်ခြင်း

 ၂၁ ရာစုဦးပိုင်းမှစတင်ကာ   ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုများ  သိသိသာသာ များပြားလာခဲ့သည်။  ကမ္ဘာ့နိုင်ငံများစွာသည်  ရာသီဥတု ပြောင်းလဲမှုမှ ထွက်ပေါ်လာသော  ဆိုးကျိုးများကို ခါးစည်းခံစားရလျက်ရှိသည်။ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့်   သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားသည့်အကြိမ်ရေ    ပိုမိုများပြားလာသလို ပိုမိုလည်းပြင်းထန်လာသည်။ သဘာဝဘေးအန္တရာယ် ကျရောက်မှုကို တားဆီး၍မရနိုင်သော်လည်း ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုများ၊ ဘေးဒုက္ခများလျော့ပါး သက်သာအောင် နည်းနိုင်သမျှနည်းအောင် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။

သဘာဝဘေးကို မည်သူမှတားဆီး၍မရနိုင်သော်လည်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကိုမူ လျှော့ချနိုင်သည်။ အဆိုပါလုပ်ငန်းများကို   အခြေခံအုတ်မြစ်ဖြစ်သည့်   ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ဆောင်ရွက်ခြင်းနှင့် အဆင်သင့်ဖြစ်နေစေခြင်းတို့ဖြစ်သည်။ သဘာဝဘေးဆိုင်ရာ ကြိုတင်သတိပေးချက်များကို ဘေးကျရောက်မည့် ဒေသရှိ   ပြည်သူလူထုက  အချိန်နှင့်တစ်ပြေးညီ ရရှိပါက ဘေးကင်းစိတ်ချရသည့် နေရာကို အချိန်မီပြောင်းရွှေ့ခြင်းဖြင့်    အချိန်မီကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ငလျင်ဘေးကိုစည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့ ငလျင်ဘေးအပါအဝင်  သဘာဝဘေးထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ   လုပ်ငန်းကော်မတီများ၊   ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့များသည် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများကို  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နေ့မအားညမအား လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ပြိုကျပျက်စီးသွားသော အဆောက်အဦများနှင့် အပျက်အစီးများအား ရှင်းလင်းဖယ်ထုတ်ခြင်း၊ ပြိုကျပျက်စီးနေဆဲ အဆောက်အဦများအား ဘေးအန္တရာယ် မဖြစ်စေရေး စနစ်တကျရှင်းလင်းဖယ်ရှားခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း၊ လမ်းတံတားများ၊ နိုင်ငံပိုင် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့်  တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့် ပြင်းထန်စွာလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်နှင့် နောက်ဆက်တွဲငလျင်များကြောင့်  ဖြစ်ပေါ်ခဲ့သော သက်ရောက်မှုများကို စည်းလုံးမှု စွမ်းပကားဖြင့် ကျော်လွှားနိုင်ကြပါစေကြောင်း ရေးသား တင်ပြလိုက်ရပါသည်။     ။

မောင်သောင်းဝင်း(တမန်ဟောင်း)

သတိပြုကာကွယ် ငလျင်ဘေးအန္တရာယ်နှင့် ငလျင်သတိ အစဉ်ရှိဖို့လို
-

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးကို ဗဟိုပြု၍ အင်အားပြင်းထန်သည့်ငလျင်  လှုပ်ခတ်ခဲ့သည်။  ငလျင်သည် စက္ကန့်ပိုင်းလောက်သာ လှုပ်သော်လည်း  ထိုစက္ကန့်ပိုင်းလောက်ဖြင့် လူ့အသက်တွေ၊ လူ့ဘဝတွေပြောင်းလဲသွားခဲ့ရသည့် ဆိုးရွားသော သဘာဝဘေးအန္တရာယ် တစ်မျိုးဖြစ်သည်။

အထူးသဖြင့်   မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးက အဆိုးဆုံးဖြစ်သည်။   အင်းဝရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော   မယ်နုအုတ်ကျောင်းကြီးလည်း ပြိုပျက်ခဲ့ရသည်။  မန္တလေးကျုံးမြို့ရိုးလည်း ပြိုကျခဲ့သည်။ စာသင်တိုက်များ၊ မြန်မာနိုင်ငံ၏ အထင်ကရဘုရားပုထိုးများ မြေခခဲ့ရသည်။    ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ဝမ်းနည်းစရာကောင်းလှသည်။ အင်းလေးဒေသရှိ ရေပေါ်တွင် တည်ဆောက်ထားသော အဆောက်အအုံများလည်း ပြိုကျကုန်သည်။  မန္တလေးမဟာမြတ်မုနိဘုရား တန်ဆောင်းကြီးလည်း ပြိုကျသွားသည်ဟု သိရသည်။ အင်းဝမှာဆို မယ်နုအုတ်ကျောင်း၊ လေးထပ်ကြီးကျောင်း၊ မဟာလောကသရဖူဘုရားနှင့် အခြားစေတီပုထိုးများလည်း ပျက်စီးခဲ့ရသည်ဟုသိရသည်။  

သဘာဝဘေးအန္တရာယ်ငါးမျိုး

ယနေ့ခေတ်ကာလ၌   မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်တွေ့ကြုံနေရသည်။ ရေကြီးလိုက်၊ မြေပြိုလိုက်၊  မုန်တိုင်းတိုက်လိုက်၊ ငလျင်လှုပ်လိုက်နှင့် အမျိုးမျိုးတွေ့ကြုံနေရသည်။ သဘာဝဘေးအန္တရာယ် ငါးမျိုးရှိကြောင်း သိရသည်။ ထိုငါးမျိုးမှာ -

(၁) ရာသီဥတုကြောင့်ဖြစ်ပွားခြင်း၊

(၂) ပထဝီအနေအထားကြောင့်ဖြစ်ပွားခြင်း၊

(၃) မီးဘေးကြောင့်ဖြစ်ပွားခြင်း၊

(၄) ဓာတု၊ စက်မှု၊ အဏုမြူဘေးအန္တရာယ်ကြောင့်ဖြစ်ပွားခြင်း၊

(၅) မတော်တဆဖြစ်ပွားခြင်းစသည်တို့ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ငါးမျိုးအနက် ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီဖြစ်ပွားခြင်းတို့သည် နံပါတ် (၂) အချက် ပထဝီအနေအထားကြောင့် ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်ဖြစ်သည်။

ငလျင်ကြောင့်ဖြစ်ရသည့် ဘေးအန္တရာယ်

သဘာဝဘေး ကျရောက်လျှင် လူသားတို့ဘေးအန္တရာယ် ကျရောက်တတ်သည်။  ငလျင်လှုပ်ပြီးလျှင် နောက်ဆက်တွဲဘေး အန္တရာယ်များလည်း ကျရောက်လေ့ရှိတတ်သည်။   ရေကာတာများကျိုး၍ရေကြီးခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း စသည်တို့အပြင် တိုက်တာအဆောက်အအုံများ ပြိုကျခြင်းနှင့်အက်ကွဲခြင်း၊ ဓာတ်ကြိုးများ ပြတ်ကျခြင်းတို့လည်း ဖြစ်တတ်သည်။

ငလျင်ပြင်းအားနှင့်ဖျက်ဆီးနိုင်မှုစွမ်းအား

မြေငလျင်ဖြစ်ပေါ်ရခြင်းမှာ ကမ္ဘာ့အောက်လွှာမှာ ရှိသည့်ကျောက်လွှာကြီးများ တွန်းထိုးရွေ့လျားမှုကြောင့် ကျောက်လွှာများ ရုတ်ခြည်းကျိုးပြတ် အက်ကွဲရာမှ    ထုတ်လွှတ်လိုက်သော စွမ်းအင်သို့မဟုတ် အားသည် မြေသားအတွင်း အဘက်ဘက်သို့ အရှိန်အဟုန်ပြင်းစွာ   ငလျင်လှိုင်းများအဖြစ် ရောက်ရှိသွားပြီး  ကြီးမားသောမြေကြီး တုန်ခါမှုဖြစ်ခြင်းသဘောကို  မြေငလျင်လှုပ်ခြင်းဟုခေါ်သည်။ ငလျင်ပြင်းအားကို ရစ်ချ်တာစကေး သို့မဟုတ် ရစ်ချ်တာပြင်းအားဖြင့်တိုင်းတာသည်။ ၂ ဒသမ ၅ ရစ်ချ်တာပြင်းအားဆိုလျှင် ငလျင်တိုင်းစက်ဖြင့် တိုင်းတာနိုင်သည်။  ရစ်ချ်တာပြင်းအား ၃ ဒသမ ၅ ဆိုလျှင်လူအချို့သိနိုင်သည်။ လှုပ်သည်ဆိုရုံသာဖြစ်သည်။ ရစ်ချ်တာပြင်းအား ၄ ဒသမ ၅ ဆိုလျှင် လူတိုင်းသိနိုင်သည့် အခြေအနေမျိုးဖြစ်သည်။ ရစ်ချ်တာပြင်းအား ၅ ဒသမ ၅ ဆိုလျှင် စနစ်တကျဆောက်မထားသော အိမ်များပျက်စီးနိုင်သည်။ ၆ ဒသမ ၀ဆိုလျှင် ကျောက်တိုင်များပြိုကျနိုင်ပြီး ၇ ဒသမ ၀ ဆိုလျှင် သံကူကွန်ကရစ် အဆောက်အအုံများ ပျက်စီးနိုင်သည်။ ရစ်ချ်တာပြင်းအား ၈ ဒသမ ၀ ဆိုလျှင် တံတားများ၊      မြေပြင်အက်ကြောင်းများ ဖြစ်ပေါ်နိုင်ပြီး မြေပြင်မှာလှိုင်းထသည်အထိ ဖြစ်နိုင်သည်။ ၁၉၃၀ ပြည့်နှစ် မေလ ၅ ရက်က ပဲခူးမြို့၌လှုပ်ခတ်ခဲ့သောငလျင်သည် ရစ်ချ်တာစကေး ၇ ဒသမ ၃ ခန့်ရှိကြောင်း သိရသည်။ ၁၉၁၂ ခုနှစ် မေလ ၂၃ ရက်က လှုပ်ခတ်ခဲ့သော မေမြို့ငလျင်ဆိုလျှင် ရစ်ချ်တာစကေး ၈ ခန့်ရှိပြီး  အပြင်းဆုံးငလျင်ပင်ဖြစ်သည်။  တိုကျိုမြို့မှာလှုပ်ခတ်ခဲ့သော ငလျင်ဆိုလျှင် လူပေါင်း ၁၄၃၀၀၀ သေဆုံးခဲ့ရသည့်အပြင် လူနေအိမ်ပေါင်း ၇၀၀၀၀ ခန့်ပျက်စီးခဲ့ရကြောင်း မှတ်သားခဲ့ရဖူးသည်။ ခုနှစ်ကိုကား  စာရေးသူမမှတ်မိတော့ပါ။ ငလျင်ဘေးအန္တရာယ်၏ ဆိုးကျိုးကိုသိနိုင်စေရန် ဖော်ပြခြင်းသာဖြစ်သည်။  ထို့ကြောင့် ငလျင်ရပ်ဝန်း ဧရိယာနေသူများအနေဖြင့် အထူးသတိရှိဖို့လိုသည်။

နောက်ဆက်တွဲဘေးအန္တရာယ်များ

ငလျင်ပြင်းပြင်းလှုပ်ပြီးနောက် နောက်ထပ်ပြင်းအားပျော့ ငလျင်များ ထပ်လှုပ်နိုင်သေးသည်ကို သတိပြုသင့်သည်။  ၁၉၇၆ ခုနှစ်  မေလ ၆ ရက်က   အဲ့ပ်တောင်တန်းကို ဗဟိုပြု၍လှုပ်ခဲ့သောငလျင်သည် ပြင်းအား ၆ ဒသမ ၅ ရှိပြီး   အီတလီမြောက်ပိုင်း၊ သြစတြေးလျ၊   ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းတို့ ထိခိုက်ခဲ့ရသည်။ ထိုငလျင်လှုပ်ပြီး နောက်ဆက်တွဲငလျင်က အကြိမ် ၁၃၀ ခန့် လှုပ်ခဲ့သည်ဟု သိရသည်။

ငလျင်ဘေးကြောင့်  မိလ္လာပိုက်လိုင်းများ၊ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများယိုစိမ့်နိုင်သည်။  အဆိုပါညစ်ညမ်းရေဆိုးများကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ 

ငလျင်ဒဏ်ကြောင့်   လမ်းတံတားများပြိုကျခြင်း၊ ကျိုးပဲ့ပျက်စီးနေခြင်းတို့ ဖြစ်တတ်သဖြင့် ပျက်စီးနေသောလမ်းများ အပေါ်သွားလာခြင်း၊ ယာဉ်မောင်းနှင် ခြင်းကိုရှောင်ကြဉ်သင့်သည်။  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံတော်အနေဖြင့် လုံခြုံမှုရှိကြောင်း အတည်ပြုမှသာ သွားလာသင့်သည်။ ထို့ပြင် ငလျင်ဗဟိုချက်သည် ပင်လယ်အောက်၌ရှိနေပါက ဆူနာမီလှိုင်းဖြစ်နိုင်သည်။ ထို့ကြောင့် ငလျင်လှုပ်ချိန်နှင့် လှုပ်ပြီးနောက် ကမ်းခြေနှင့် ဝေးရာတွင်နေရမည်ဖြစ်သည်။  ငလျင်လှုပ်ပြီး မပိတ်ထားသောမီးခလုတ်များနှင့် ငြှိမ်းသတ်ထားခြင်း မရှိသောမီးဖိုများမှ မီးလောင်မှုဖြစ်ပွားတတ်သည်။ မန္တလေးမြို့စိန်ပန်းရပ်မှာ ငလျင်လှုပ်အပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရသည်။  ယခုဖော်ပြချက်သည် ငလျင်လှုပ်အပြီး နောက်ဆက်တွဲဖြစ်တတ်သည့် ဘေးအန္တရာယ်များပင်ဖြစ်သည်။

မြေငလျင်ဘေးဝေးစေဖို့နှင့်ငလျင်သတိအစဉ်ရှိဖို့

 မြန်မာနိုင်ငံ၌ မြေငလျင်ဒဏ်ကို စစ်ကိုင်း၊ မန္တလေး၊ ပုဂံ၊ ပဲခူး၊  မေမြို့နှင့်အခြားဒေသများတွင်ရင်ဆိုင်ရသော်လည်း စစ်ကိုင်း၊ မန္တလေးနှင့် ပုဂံက ထိခိုက်မှုအများဆုံးဖြစ်သည်။  ထိုမြေငလျင်ဒဏ် အများဆုံး ခံရနိုင်ဖွယ်ရှိသောဒေသများ သို့မဟုတ် မြေငလျင်ဧရိယာအတွင်း နေထိုင်သူများသည် မိမိတို့လုံခြုံရေးအတွက် နည်းလမ်းကောင်းများကို ကြိုတင်ပြင်ဆင်ထားသင့်သည်။  နေ့စဉ်နေ့တိုင်း ပြင်ဆင်နေရမည်ဟု မဆိုလိုပါ။   သို့သော်လေးလံသော အရာဝတ္ထုများ ဦးခေါင်းပေါ် သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုပေါ်သို့မကျရောက်အောင် နေအိမ်များ၊ စာသင်ခန်းများ၊ ရုံးခန်းများကိုပြင်ဆင်ထားသင့်သည်။   အထူးသဖြင့် လူဦးရေထူထပ်များပြားသော အဆောက်အအုံမျိုးတွင် မြေငလျင်ဒဏ်အတွက်   အဆင်သင့်ပြင်ဆင်ထားဖို့ လိုအပ်သည်။ လူဦးရေထူထပ်သော ငလျင်ဧရိယာများ၌    အရေးပေါ်ငလျင်ဘေးကို ရှောင်တိမ်းနိုင်အောင် ကွင်းပြင်ဧရိယာမျိုးကိုလည်း ဖန်တီးထားသင့်သည်။  နေအိမ်များ ဆောက်လုပ်ရာတွင် ခိုင်ခံ့အောင်စနစ်တကျ ဆောက်လုပ်သင့်သည်။

အိုဟောင်းနေသောအိမ်များ၊ ကျောင်းများ၊ ရုံးများနှင့် လူထူထပ်သော အဆောက်အအုံများကို အသုံးမပြု သင့်ပေ။ ထို့ပြင် မြေငလျင်ဧရိယာအတွင်း နေထိုင်သူများသည် ရေဒီယို၊  ဓာတ်မီး၊ ရှေးဦးသူနာပြုသေတ္တာ၊ ရေနှင့်အရေးပေါ် အထောက်အပံ့ပစ္စည်းများကို သိုမှီးထားသင့်သည်။  ထို့ပြင်အဖွဲ့အစည်းများနှင့် အိမ်ထောင်စုများသည် မြေငလျင်ပြီးသည့်အခါ ပြန်ဆုံနိုင်ရန်စီမံချက်များ ရှိရပေမည်။  မြေငလျင်ပြီးသောအခါ ခိုင်ခံ့မှုမရှိသော အဆောက်အအုံများ၊ ကွဲအက်နေသော အဆောက်အအုံများနှင့်  ဝေးဝေးနေကြရမည်။ မြေငလျင်သည် မြို့၊ ရွာများကို ဖျက်ဆီးသွားပြီးနောက်    ဘာလုပ်ရမည်ကို သိရှိဖို့များစွာလိုအပ်သည်။ ပထမဆုံးပိတ်မိနေသော လူများ၊ ဒဏ်ရာရလူများကို ကူကယ်ရပါမည်။ ငလျင်လှုပ်ပြီးနောက်    နောက်ဆက်တွဲငလျင်များ ထပ်လှုပ်နိုင်သည်ကို သိရှိဖို့လိုသလို ပျက်စီးနေသော အဆောက်အအုံများနှင့် ငလျင်ဒဏ်ခံခဲ့ရသော အဆောက်အအုံများမှာ မနေသင့်ပါ။   အချိန်မရွေးပြိုကျနိုင်ကြောင်းကို သတိထားရမည်ဖြစ်သည်။   ယာယီစခန်းများချ၍ အပြင်ဘက်မှာ ချက်ပြုတ်ပြီး အပြင်ဘက်မှာသာ အိပ်စက်ကြရမည်။ သို့မှသာ ငလျင်ဘေး ကင်းဝေးစေမည်ဖြစ်သည်။  ထို့ပြင်  ငလျင်လှုပ်တော့မည်ဆိုလျှင် ရှေ့ပြေးနိမိတ်ဖြစ်သည့် ကန်ရေကျသွားခြင်း၊ ဘဲများရေစပ် သို့မသွားတော့ခြင်း၊ တိရစ္ဆာန်များ ပုံမှန်အနေအထားမျိုးမဟုတ်ဘဲ အစာမစားတော့ခြင်း ထိုအချက်မျိုးကို ငလျင်ဧရိယာအတွင်း နေထိုင်ကြသူများ အစဉ်သတိဖြင့် ကြည့်ရှုကြဖို့လိုသည်။  ထိုအချက်မျိုးတွေ့ပါက ငလျင်ကျရောက်နိုင်မည်ကို  ခန့်မှန်းသိရှိနိုင်သလို ငလျင်ဘေးအန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ ငလျင်သတိအစဉ်ရှိကြဖို့ တိုက်တွန်းချင်ပါသည်။

မြေငလျင်ဘေးကို ချက်ချင်းတုံ့ပြန်ခဲ့

ကပ်ဘေး သို့မဟုတ် သဘာဝဘေးတစ်ခုခုဖြစ်ပြီးနောက်  ဒေသအဖွဲ့အစည်းများနှင့် အစိုးရဝန်ထမ်း အဖွဲ့အစည်းများက ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပါက ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရှာဖွေရေးနှင့် တွေ့ရှိရေးလုပ်ငန်းများ၊ တူးဖော်ရေးလုပ်ငန်းများ၊  ရေနှင့်အစားအစာရရှိရေး လုပ်ငန်းများကို    အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ကြရသည်။   လုပ်ဆောင်ဖို့လည်း လိုအပ်သည်။ သို့မှသာ သဘာဝဘေးကို ချက်ချင်းတုံ့ပြန်နိုင်မည်ဖြစ်ပြီး  အသက်ဆုံးရှုံးမှုနည်းမည်ဖြစ်သည်။  ငလျင်တုံ့ပြန်မှု အဖွဲ့အစည်းများ အနေဖြင့် ငလျင်လှုပ်ပြီးနောက် ကွဲကွာသွားသောမိသားစုများ အားပြန်လည်တွေ့ဆုံနိုင်အောင် ဆောင်ရွက်ခြင်း၊   သတင်းထုတ်ပြန်ချက် ဆိုင်းဘုတ်များထောင်ခြင်း၊  နောက်ဆက်တွဲမြေငလျင်အတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် အဆက်မပြတ်   ထိတွေ့သတင်းယူနေရမည်ဖြစ်သည်။ သို့မှသာနောက်ဆက်တွဲငလျင်လှိုင်းကို ကာကွယ်ရှောင်တိမ်းနိုင်မည်ဖြစ်သည်။ 

အလွန်အဆင့်မြင့်သောငလျင် သတိပေးစနစ်များကို တပ်ဆင်သင့်သည်။ ကယ်လီဖိုးနီးယားတောင်ပိုင်းနေရာများ၌  အဆိုပါစနစ်မျိုးရှိကြောင်း သိရသည်။ အထူးသဖြင့် သဘာဝဘေးဖြစ်ပြီးနောက် ချက်ချင်းကူကယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။  ထိုသို့ချက်ချင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် သေဆုံးမှုနှုန်းကို လျော့နည်းစေမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်ကဖြစ်ပေါ်ခဲ့သော မြေငလျင်ကြောင့်  ပျက်စီးဆုံးရှုံးများရှိခဲ့သည်။  ပျက်စီးဆုံးရှုံးသွားသော အဆောက်အအုံများနှင့် ဒဏ်ရာရသူများကို ကူညီကယ်ဆယ်ရန် ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ   မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်  ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်စေရန် နေပြည်တော်သို့ထွက်ခွာသွားကြောင်းကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏  မတ်လ ၂၈ ရက် ထုတ်ပြန်ချက်အရသိရသည်ဟု သတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။   ဤကား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းပင်ဖြစ်သည်။  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကလည်း ငလျင်ဒဏ်သင့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ပြည်သူများကိုလည်း သွားရောက်အားပေး ကြည့်ရှုပြီးနေပြည်တော်ခုတင်-၁၀၀၀ ဆေးရုံမှာ ငလျင်ဘေးကြောင့် ထိခိုက်ဒဏ်ရာရသူများအား   ဆေးဝါးကုသ ဆောင်ရွက်ပေးနေမှုများကိုလည်း ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးကြောင့် ပျက်စီးခဲ့ရသည့် လမ်းများကိုကြည့်ရှု စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်အနေဖြင့် ငလျင်ဘေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်သကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း  အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ကို မေတ္တာရပ်ခံ တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။ အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း သဘာဝဘေးအရေးပေါ် ကြေညာချက်ထုတ်ပြီး ဆောင်ရွက်လျက်ရှိသည်။  နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ငလျင်ဒဏ်သင့်နေရာများအား ငလျင်လှုပ်ခတ်ပြီးနောက် နာရီပိုင်းအတွင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်ဟုလည်းသိရသည်။ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဦးစွာပင်လောင်း လမ်းဆုံနေရာမှ   နေပြည်တော်တိုင်းစစ်ဌာနချုပ် မီးပွိုင့်နေရာအထိ ငလျင်ကြောင့် လမ်းတံတားပျက်စီးခဲ့မှုများ၊ ရာဇဌာနီ လမ်းမကြီးပေါ်ရှိ လမ်းတံတားပျက်စီးမှုများ၊ ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်ရှိ လမ်းတံတား ပျက်စီးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး အများပြည်သူသွားလာရေး အဆင်ပြေစေရန် ဦးစားပေး ဆောင်ရွက်သွားရန်၊ ယာဉ်ယန္တရားအင်အားကို အသုံးပြု၍ လမ်းကြောင်းများ အမြန်ဆုံးကောင်းမွန်အောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ ကိုမှာကြားခဲ့သည်။  ဤကားငလျင်ဘေးကြောင့် ပျက်စီးခဲ့သည်များကိုပြင်ဆင်ရန် ချက်ချင်းတုံ့ပြန် ညွှန်ကြားခဲ့ခြင်းပင်ဖြစ်သည်။ ထို့ပြင် အများပြည်သူများအနေဖြင့်လည်း  နိုင်ငံတော်နှင့်အတူ လက်တွဲ၍ ပူးပေါင်းပါဝင်ကာ ငလျင်ဘေးကိုဝိုင်းဝန်း ကာကွယ်ကြဖို့လိုသလို ကူကယ်ရေးလုပ်ငန်းများကိုလည်း အတူပူးပေါင်း ဆောင်ရွက်ကြဖို့လိုသည်။ ထို့ပြင်ငလျင်ဘေး အန္တရာယ်ကင်းစေဖို့အတွက် အထက်မှာဖော်ပြခဲ့သည့် သတိပြုကာကွယ်သင့်သည်များကိုလည်း  သတိပြုလိုက်နာကြဖို့ လိုကြောင်းနှင့် ငလျင်သတိအစဉ်ရှိဖို့ လိုကြောင်းလည်း တိုက်တွန်းလိုပါသည်။      ။

မောင်ခ(ပညာရေး)

အနာဂတ်တွင် ထိရောက်သော အစီအမံများဖြင့် ငလျင်ဘေးအန္တရာယ်ကို ကာကွယ်ကြပါစို့
-

ကမ္ဘာအရပ်ရပ်တွင် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ခံစားရလျက်ရှိပြီး ထိုဘေးအန္တရာယ်များအနက် သဘာဝဘေးအန္တရာယ်မှာ အများဆုံးနှင့် ဒုက္ခအပေးဆုံးဖြစ်သည်။ သဘာဝ ဘေးအန္တရာယ်တစ်ခု ကျရောက်တိုင်း  လူတို့၏အသက် အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေသည်သာမက မူလအခြေအနေသို့ ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးရပါသည်။

ဆိုးဝါးသောဘေးအန္တရာယ် “ငလျင်”အဆိုပါ သဘာဝဘေးများထဲတွင် ငလျင်လှုပ်ခြင်းသည်လည်း ဆိုးဝါးသော ဘေးအန္တရာယ်တစ်ခုဖြစ်သည်။ ငလျင်ဆိုသည်မှာ ကမ္ဘာမြေကြီး၏ အတွင်းပိုင်းရှိ ကမ္ဘာမြေလွှာပလိပ်ကြီးများ ရွှေ့လျားမှုကြောင့် မြေပြင်အပေါ်ယံလွှာတွင် တုန်ခါမှုများ ဖြစ်ပေါ်စေသော    သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သည်။ ငလျင်သည် လူနေမှုဘဝ၊ အဆောက်အအုံများနှင့် သဘာဝပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်စေနိုင်ပါသည်။

ငလျင်လှုပ်ခတ်ရသည့် အကြောင်းရင်း

ငလျင်များသည်   ကမ္ဘာ့မြေလွှာပြားများ (Tectonic   Plates)     ရွေ့လျားမှုကြောင့် အဓိကဖြစ်ပေါ်လေ့ရှိသည်။       ကမ္ဘာ့မြေလွှာပြားများသည်   တဖြည်းဖြည်း ရွေ့လျားနေပြီး    တစ်ခုနှင့်တစ်ခု ထိမိသောအခါတွင်   စွမ်းအင်များ စုပုံလာကာ ရုတ်တရက်  လွှတ်ထုတ်ချိန်တွင် ငလျင်လှုပ်ခြင်းဖြစ်ပေါ်သည်။   ငလျင်၏ အဓိက အစိတ်အပိုင်းများကို ငလျင်ဗဟိုချက် (Epicenter) မြေပြင်ပေါ်ရှိ ငလျင်စတင်လှုပ်ခတ်ရာအချက်၊ အတွင်းဗဟိုချက် (Hypocenter/Focus)  မြေအောက်ရှိ ငလျင်စတင်ဖြစ်ပေါ်ရာနေရာနှင့်   ငလျင်ပြင်းအား  (Magnitude)  ဟူ၍ခွဲခြားထားသည်။ 

ငလျင်၏ ပြင်းအားကို  Richter Scale (ရစ်ချ်တာစကေး) ဖြင့်   တိုင်းတာသည်။

Description: C:\Users\TinTunAung\Desktop\2-4-2025\24242.jpg

 ကမ္ဘာလွှာငလျင် (Tectonic Earthquake) မြေလွှာပြားများ ရွေ့လျားမှုကြောင့်ဖြစ်သော ငလျင်၊ မီးတောင်ငလျင် (Volcanic Earthquake) မီးတောင်ပေါက်ကွဲမှုနှင့် ဆက်စပ်သောငလျင်၊    အလွှာကျိုးငလျင် (Collapse Earthquake)၊ မြေအောက်ဂူများ ပြိုကျခြင်းကြောင့် ဖြစ်သောငလျင်နှင့် လူလုပ်ငလျင် (Induced/Artificial Earthquake)(ဥပမာ -မြေအောက်သို့ ဗုံးထိန်းခြင်း၊ ဆည်ကြီးများရေလွှဲခြင်း၊ ဓာတ်ငွေ့တူးဖော်ခြင်း) ဟူ၍ ငလျင်အမျိုးအစား များစွာရှိသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့်  ဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။

လူသားဆိုင်ရာ ဆိုးကျိုးများ

အိမ်ခြေ၊  ကျေးရွာများ  ပျက်စီးခြင်းကြောင့် လူအများအိုးမဲ့အိမ်မဲ့ဖြစ်ကာ ယာယီခိုလှုံရာနေရာများ လိုအပ်လာနိုင်သည်။  ငလျင်လှုပ်ခတ်ပြီးနောက်    အဆောက်အအုံပြိုကျခြင်း၊  ပြတ်ကျသည့် ပစ္စည်းများကြောင့် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများဖြစ်ပေါ်နိုင်သည်။ ထို့ပြင်   စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ  PTSD (Post-Traumatic Stress Disorder) ကဲ့သို့ စိတ်ဒဏ်ရာများ ဖြစ်ပေါ်နိုင်သည်။

စီးပွားရေးဆိုင်ရာ ဆိုးကျိုးများ

လမ်းများ၊ တံတားများ၊ လျှပ်စစ်ဓာတ်အားလိုင်းစသည့် အခြေခံအဆောက်အအုံပျက်စီးခြင်း၊ စက်ရုံများ၊ ဈေးများ၊   ကုန်တိုက်များ ပြိုကျခြင်းကြောင့် စီးပွားရေးထိခိုက်မှုရှိခြင်း၊  ပျက်စီးသွားသော အဆောက်အအုံများကို ပြုပြင်ရန် ငွေကြေးအမြောက်အမြား လိုအပ်ခြင်းတို့ကြောင့်   နောက်ဆက်တွဲစီးပွားရေးဆိုင်ရာ ဆိုးကျိုးများကို ခံစားရနိုင်သည်။

ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ

    တောင်ကုန်းဒေသများတွင် မြေဆီလွှာပြိုကျခြင်း၊ ကမ်းရိုးတန်းဒေသများတွင် ငလျင်ကြောင့် (ဆူနာမီ) လှိုင်းလုံးကြီးများဖြစ်ပေါ်ခြင်း၊ မြေကြီးအက်ကွဲခြင်းကြောင့် လမ်းများ၊ ရေမြောင်းများပျက်စီးခြင်း   စသည့် ပတ်ဝန်းကျင်ဆိုင်ရာ   ဆိုးကျိုးများကို ခံစားရနိုင်သည်။

လူမှုရေးနှင့်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ

    ရေသွယ်စနစ်ပျက်စီးခြင်းကြောင့် ရေရှားပါးမှု၊ ရေညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်း၊ ကယ်ဆယ်ရေးစခန်းများတွင် လူထူထပ်ပြီး ရောဂါကူးစက်မှု (ဥပမာ - ကိုဗစ်-၁၉ ၊ ဝမ်းလျှောရောဂါ) များ ဖြစ်နိုင်ခြေရှိခြင်း၊  စည်းကမ်းပျက်ပြားမှုများကြောင့်   လုယက်မှုများ   ဖြစ်ပေါ်နိုင်ခြေရှိသည်။

နောက်ဆက်တွဲဘေးအန္တရာယ်များ

ငလျင်ကြီးအပြီး ရက်သတ္တပတ်အတွင်း ငလျင်ငယ်များ (Aftershocks)  ဆက်လက်လှုပ်ခတ်နိုင်ပြီး  ပျက်စီးမှုကို ပိုမိုဆိုးရွားစေနိုင်သည်။ ထို့ပြင်   ဓာတ်ငွေ့ပိုက်လိုင်းပျက်စီးခြင်း၊ ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်းကြောင့် မီးလောင်မှုဖြစ်ပေါ်နိုင်သည်။

နောက်ဆက်တွဲ ထူထောင်ရေးလုပ်ငန်း

ငလျင်နောက်ဆက်တွဲ ထူထောင်ရေးလုပ်ငန်းသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဘေးဒုက္ခများကို ခံနိုင်ရည်ရှိသော လူမှုအသိုင်းအဝိုင်းတစ်ရပ် ပြန်လည်တည်ဆောက်ရန် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်သည်။ ဤလုပ်ငန်းအောင်မြင်ရန် အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးသည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်း၊ ဒုက္ခသည်များအား ယာယီခိုလှုံရာ နေရာများဖန်တီးပေးခြင်း၊ အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှုများပေးခြင်း၊ သောက်သုံးရေသန့် ဖြန့်ဖြူးပေးခြင်းတို့ကို   အရေးပေါ်အဆင့်အနေဖြင့် သတ်မှတ်သည်။

အခြေခံအဆောက်အအုံများ (လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ) ပြန်လည်တည်ဆောက်ခြင်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ ပြန်လည်စတင်ခြင်း၊ စီးပွားရေးလုပ်ငန်းငယ်များ ပြန်လည်စတင်နိုင်ရန် အထောက်အပံ့ပေးခြင်း၊ ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံများ တည်ဆောက်ခြင်း၊စီးပွားရေး လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေး၊ လူမှုအသိုင်းအဝိုင်း ပြန်လည်ဖွဲ့စည်းရေး၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း၊ အနာဂတ်အတွက် ကြိုတင်ကာကွယ်ရေး အစီအမံများပြုလုပ်ခြင်းတို့ကို   ဆက်လက်ဆောင်ရွက် ပေးရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်ဖြစ်သဖြင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခြင်းဖြင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများကို သိသိသာသာ လျှော့ချနိုင်သည်။ ထို့ကြောင့် ထိရောက်သော  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများဖြင့်   ငလျင်ဘေးအန္တရာယ်ကို ကာကွယ်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။           ။

ကိုဘုန်း(ထုတ်လုပ်)

ချိန်ခါမရွေးဖြစ်နိုင်သော ငလျင်ဘေးအန္တရာယ် သတိရှိစေဖွယ်
-

၂ဝ၂၅ နှစ်ဦးပိုင်းကစပြီး မြန်မာပြည်တစ်လွှား အင်အားအသင့်အတင့်ရှိသော   မြေငလျင်တချို့ ခပ်စိပ်စိပ် လှုပ်ခတ်နေကြောင်း    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက် မြန်မာစံတော်ချိန် ၁၃ နာရီ ၃၅ မိနစ် ၁၄ စက္ကန့်က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့၏ ၁၅ မိုင်ခန့်အကွာ၌ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၂ ရက် မြန်မာစံတော်ချိန် ၁၇ နာရီ ဝ၃ မိနစ် ၃ဝ စက္ကန့်က ဟားခါးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၇၃ မိုင်ခန့်ကွာဝေးသော   မြန်မာပြည်တွင်း   (မတူပီမြို့၏ အရှေ့ဘက် ၂၂ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၅၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၇၈ ဒီဂရီ၊ အနက် ၅၅ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး  ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။

မတ်လ ၃ ရက် မြန်မာစံတော်ချိန် ၁ဝ နာရီ ဝ၃ မိနစ် ၁၃ စက္ကန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၂၇ မိုင်ခန့်ကွာဝေးသော မြန်မာပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ဝ၆ ဒီဂရီ၊ အနက် ၁ဝ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။

မတ်လ ၅ ရက် မြန်မာစံတော်ချိန် ဝ၄ နာရီ ၃၆ မိနစ် ၄၇ စက္ကန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ  အနောက်-အနောက်မြောက်ဘက်  ၃၃ မိုင်ခန့်ကွာဝေးသော မြန်မာပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၆ ဒသမ ၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၆၆ ဒီဂရီ၊ အနက် ၁ဝ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး  ၅  ဒသမ  ၁  အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။

အင်အားအလွန်ပြင်းထန်သော မြေငလျင်မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ဝ၂ စက္ကန့်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်  ၂၁   ကီလိုမီတာခန့်ကွာဝေးသော မန္တလေးမြို့၏   အရှေ့မြောက်ဘက်  ကီလိုမီတာ ၂ဝ  ခန့်အကွာ၊  မြောက်လတ္တီတွဒ်   ၂၂  ဒသမ ဝ၉  ဒီဂရီ၊  အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃  ဒီဂရီ၊ အနက် ၁ဝ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော   မြေငလျင်တစ်ခု လှုပ်ရှားခဲ့ရာ ယင်းပြင်းထန်ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှကြေညာခဲ့သည်။

မြေငလျင်လှုပ်ခြင်း

ဘူမိဗေဒသဘောတရားအရ မြေထုချပ် (Plate) ဟုခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိသောအခါ တစ်ခုက အခြားတစ်ခုအောက်သို့     ငုပ်လျှိုးဝင်ရောက်သွားပြီးနောက်အပေါ်တစ်ခုမှာ တွန်းတိုက်ခံလိုက်ရသည့်အတွက် တွန့်ခေါက်လာပြီး  ထိုနေရာတွင်  အားတွေတဖြည်းဖြည်း စုစည်းမိလာသည်။  တစ်ချိန်ချိန်မှာ ၎င်းစုစည်းမိသော အားများက    ရုတ်တရက်ရုန်းကန်ပြီး အဘက်ဘက်သို့ပြန့်ထွက်သွားသည်။

ထိုအခါ ၎င်းအားတွေဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြားခံအရာများအားလုံး တုန်ခါသွားသည့်ဖြစ်စဉ်ကို “မြေငလျင်လှုပ်ခြင်း (Earthquake)”  ဟုခေါ်သည်။ တစ်နည်းဆိုသော် ကမ္ဘာမြေကြီးအောက်ရှိ ကျောက်လွှာများ ရုတ်တရက်ကျိုးပြတ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသောမြေသားများ  ပြင်းထန်စွာတုန်ခါခြင်းကို မြေငလျင်လှုပ်ခြင်းဟုခေါ်သည်။

မြေငလျင်လှုပ်သောအခြားအကြောင်းများ

အောက်ဖော်ပြပါအကြောင်းများကြောင့်လည်း မြေငလျင်လှုပ်တတ်သည်။

- မြေအောက်ကျောက်လွှာများ လှုပ်ရှားမှု။         (အဖြစ်အများဆုံး၊ အပြင်းထန်ဆုံး၊ ပျက်စီး ဆုံးရှုံးမှု အများဆုံးဖြစ်၏)

 -  မီးတောင်ပေါက်ကွဲခြင်းကြောင့် ကမ္ဘာ့မြေထု ချပ်ကြီးများ  တစ်ခုနှင့်တစ်ခု တွန်းကန်မှု  သို့မဟုတ် ကျွံကျနိမ့်ဆင်းမှု။ (ပျက်စီးအား   ပြင်းထန်လေ့မရှိပေ)

 -  မြေအောက်မိုင်းခွဲခြင်း သို့မဟုတ် ဖောက်ခွဲမှု ကဲ့သို့သော ပေါက်ကွဲအားပြင်းထန်သည့် လူတို့လုပ်ဆောင်မှု။

- အာကာသမှ ဥက္ကာခဲကြီးများ ကမ္ဘာမြေပေါ်သို့ ကျရောက်မှု။

သတိပြုစေလို

သတိထားရမည့်အချက်မှာ မြန်မာနိုင်ငံသည် မြောက်ဘက် ကချင်ပြည်နယ်ပူတာအိုမှ  ရန်ကုန်တိုင်းဒေသကြီး  သုံးခွမြို့ကိုဖြတ်ကာ အက်ဒမန်ပင်လယ်ထဲသို့ ဝင်ရောက်သွားသော အရှည်မိုင် ၆ဝဝ ကျော်သည့် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောကြီးပေါ်တွင် တည်ရှိနေသည်။ ထို့ကြောင့် ငလျင်အန္တရာယ် အချိန်မရွေး ကျရောက်နိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် ကျောက်ကြမ်း၊ ကဘော်၊ ရွှေတြိဂံ၊ ဒေးဒရဲ စသည့် ငလျင်ပြတ်ရွေ့ကြောများပေါ်တွင် တည်ရှိနေသည်။   ထို့ကြောင့် အများပြည်သူတို့အနေဖြင့် ငလျင်ဘေးကို အထူးသတိပြုကြရန် လိုအပ်သကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ငလျင်လှုပ်ခတ်ပါက အများပြည်သူတို့ ကြိုတင်စုဝေးနိုင်သည့် နေရာများကို ကြိုတင်ပြင်ဆင်ထားခြင်း၊ ငလျင်နှင့်စပ်လျဉ်းသည့်  အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ထားသင့်ပါသည်။

ထို့ပြင်အထိတ်တလန့်ဖြစ်စေသည့် သတင်းမှားများ ဖြန့်ချိမှုများကိုစိစစ်ကာ သတင်းမှန်ကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်းတို့ကိုလည်း အလေးထားလုပ်ဆောင်သင့်ပါသည်။

မြေငလျင်ရှေ့ပြေးလက္ခဏာများ

ဗဟုသုတတစ်ရပ်အနေဖြင့်  ငလျင်မလှုပ်မီ သဘာဝအလျောက် ကြိုတင်သိနိုင်သော ရှေ့ပြေးလက္ခဏာများကို အောက်ပါအတိုင်းအကြံပြုလိုပါသည်။

-တိရစ္ဆာန်များ ပုံမှန်မဟုတ်သော အပြုအမူများ ပြုမူအော်ဟစ်တတ်ခြင်း။ (အထူးသဖြင့် ပျား၊ ငှက်၊ ဝက်ဝံများသည် ၎င်းတို့ခိုအောင်းနေရာက ထွက်လာခြင်း၊ ငလျင်လှုပ်ခါနီးနိမိတ်တွင် ကြက်များဥဥတာ ရပ်သွားခြင်း၊ ငါးခူများက လျှပ်စစ်သံလိုက်လှိုင်းများကို   အာရုံခံနိုင်စွမ်းကောင်းသည့်အတွက် ငလျင်လှုပ်ခါနီးမှာ ငါးခူများ ကြမ်းကြမ်းတမ်းတမ်း ကူးခပ်နေကြခြင်း၊ ခွေးနှင့်ကြောင်များ ကြောက်လန့်နေပုံပေါ်ခြင်း)

- ဆိုးဝါးသောအနံ့များရခြင်း။

- ရေတွင်းများပုံမှန်မဟုတ်ဘဲ ရေခန်းသွားခြင်း။

- ရေမျက်နှာပြင်မြင့်တက်လာခြင်း။

- အပူချိန်တိုးလာခြင်း။

- ငလျင်လှုပ်မည့်ဒေသအောက်တွင် တော်လည်းသံများ ကြိုတင်ဖြစ်ပေါ်တတ်ခြင်း စသည်တို့ဖြစ်ကြသည်။

မြေငလျင်မလှုပ်မီ ကြိုတင်ဆောင်ရွက်သင့်သည့် အချက်များ

(၁) မိမိအိမ် သို့မဟုတ် ကျောင်း သို့မဟုတ် အလုပ်နေရာများအတွင်းရှိ လုံခြုံသော နေရာများကို လေ့လာထားပါ။

(၂) အန္တရာယ်ရှိတတ်သည့်နေရာများကို သတိထားပါ။

(၃) အိမ်အပြင်ဘက် သို့မဟုတ် ကျောင်း သို့မဟုတ် အလုပ်ခန်းအပြင်ဘက်တွင်လည်း လုံခြုံစိတ်ချရသည့်နေရာများကို ကြိုတင်လေ့လာထားပါ။

(၄) မိမိနေထိုင်ရာနေရာသည် မည်သည့် ငလျင်ဇုန်တွင် ကျရောက်နေသည်၊ မည်ကဲ့သို့ပြင်ဆင်ထားသင့်သည်ကို လေ့လာထားပါ။

(၅) ဘေးကင်းလုံခြုံသော နေရာလမ်းကြောင်းများကို သတ်မှတ်ထားပါ။ ငလျင်လှုပ်နေချိန်တွင် ပြုမူနေထိုင်ရမည့် နည်းလမ်းများကို မိသားစုဝင်များအား အသိပေးလေ့ကျင့်ထားပါ။

(၆) ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သောပစ္စည်းများ၊ တွဲလောင်းကျနေသောအရာများကို အန္တရာယ်မဖြစ်စေရန် မြဲမြံအောင်ပြုလုပ်ထားပါ။

(၇) မိသားစုသုံး အရေးပေါ်ပစ္စည်းများ၊   အရေးကြီး စာရွက်စာတမ်းများကို   ကြိုတင်ပြင်ဆင်ထားပါ။

(၈) မိမိအိမ်၏ ခိုင်ခံ့မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်း ခိုင်မာအောင်ပြုလုပ်ထားပါ။  (၉) ရေ၊ ဓာတ်ငွေ့၊ လျှပ်စစ်မီးအားမြှင့်စက်စသည့် အရေးပေါ်ကိစ္စများအား    ဖြတ်တောက်နိုင်မည့် နေရာများကို   လေ့လာထားပါ။

(၁ဝ) ရှေးဦးသူနာပြုပစ္စည်း၊ စားစရာ၊ သောက်ရေ၊ ဓာတ်မီး၊ ဓာတ်ခဲအပို၊ ခရီးဆောင်ရေဒီယိုနှင့် အရန်ဓာတ်ခဲများဆောင်ထားပါ။

(၁၁) မြေသားမခိုင်မာသည့် နေရာများရှိ အဆောက်အအုံများနှင့် သက်တမ်းလွန် အဆောက်အအုံများကို ရှောင်ပါ။

မြေငလျင်လှုပ်ရှားနေစဉ် ဆောင်ရွက်သင့်သည့် အချက်များ

(၁) ကြောက်ရွံ့ထိတ်လန့်မှုမရှိပါနှင့်။ သတိရှိပါ။ တည်ငြိမ်မှုရှိပါ။

(၂) မီးသုံးနေစဉ် ငလျင်လှုပ်ပါက မီးတောက်ငြှိမ်းပါ၊  မီးခလုတ်များကိုပိတ်ပါ။ 

(၃) ပြိုကျနိုင်သည့် အရာဝတ္ထုများ၊ အဆောက်အအုံများအနီးမှ အမြန်ဆုံးရှောင်ရှားပါ။

(၄) ၅ စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုင်ပါက ပြေးထွက်ပါ။  မရောက်နိုင်ပါက ဘေးကင်းသောနေရာတွင် (ဝပ် ကာ ကိုင်)  ပုံစံဖြင့်နေပါ။ (ဝပ်  =  ဘေးအန္တရာယ်ကင်းသောနေရာတွင် ဝပ်နေပါ။ ကာ = ခိုင်ခံ့သောစားပွဲ၊ ခုတင်အောက်တွင် မိမိကိုယ်ကို အကာအကွယ်ယူပါ။  ကိုင် = ခိုင်ခံ့သောစားပွဲ၊ ခုံ၊ ခုတင်များကို မြဲမြံစွာ ကိုင်ထားပါ။

(၅) အိမ်ထဲတွင်ရှိနေပါက ခုတင်၊ စားပွဲခုံအောက်သို့ ဝင်နေပါ။ ခုတင်၊ စားပွဲမရှိလျှင် အဆောက်အအုံ၏ အတွင်းနံရံတစ်လျှောက် သို့မဟုတ် ထောင့်တစ်ခုခုတွင် အကာအကွယ်ယူပါ။

(၆) တံခါးပေါက် သို့မဟုတ် ပြတင်းပေါက်  သို့မဟုတ် ဝရန်တာမှ ဝေးဝေးနေပါ။

(၇) မြင့်မားလေးလံသော ဗီရို သို့မဟုတ် ရေခဲသေတ္တာ စသည့်  ပရိဘောဂ အသုံးအဆောင်ပစ္စည်းများမှ ဝေးဝေးနေပါ။ 

(၈) အိပ်ရာထဲရောက်နေပါက ဦးခေါင်းကို ခေါင်းအုံးအောက်မှာ ထားပြီးကာကွယ်ပါ။ (၉) မြေညီထပ်တွင်ရှိနေပြီး ဝင်ပေါက်၊ ထွက်ပေါက်နှင့် နီးပါက အဆောက်အအုံအတွင်း မနေဘဲ အပြင်ဘက်သို့ အမြန်ဆုံး ထွက်ခွာရှောင်ရှားပါ။

(၁ဝ) အဆောက်အအုံကို စွန့်ခွာရမည်ဆိုလျှင် ဓာတ်လှေကားအတွင်း ပိတ်မိနိုင်သဖြင့် ရိုးရိုးလှေကားမှသာ ဆင်းပါ။

(၁၁) မီးများငြှိမ်းသတ်ထားပါ။

(၁၂) မြေငလျင်လှုပ်နေစဉ်   အပြင်သို့လုံးဝထွက်မပြေးပါနှင့်။ 

(၁၃) အထပ်မြင့်တိုက်များ၏ တံခါးပေါက်များမှ ခုန်ထွက်၊ ခုန်ချခြင်း မပြုပါနှင့်။

 (၁၄)  ဓာတ်လှေကားထဲသို့ တိုးဝှေ့ခြင်းမပြုရ။

(၁၅) ငလျင်လှုပ်စဉ် လမ်းပေါ်သို့ရောက်နေပါက မြင့်မားသော တိုက်တာ အဆောက်အအုံများ၊ မီးတိုင်၊ သစ်ပင်၊ လျှပ်စစ်ဓာတ်ကြိုးတန်းနှင့်ဝေးရာသို့ အမြန်ရှောင်ရှား၍ မြေပြင်မှာဝပ်နေပါ။

(၁၆) ငလျင်လှုပ်စဉ် ကားထဲတွင်ရှိနေပါက ကားကိုအရှိန်‌လျှော့၍  ဘေးကင်းမည့်နေရာကိုမောင်းသွားပြီးရပ်ထားပါ။ ကားကိုစက်သတ်ကာ ကားထဲမှာပဲ ဆက်ထိုင်နေပြီး တံတား၊ အဆောက်အအုံများနှင့် ဝေးရာမှာနေပါ။

(၁၇) နိမ့်သောကမ်းပါး သို့မဟုတ် ရေတွင်းရေကန်တို့မှ ဝေးဝေးနေပါ။

(၁၈) ပင်လယ်ကမ်းခြေ၊ မြစ်ကမ်းစပ်တွင် နေထိုင်သူများဖြစ်ပါက မြေပြင်တောင်ကုန်း ရှိရာနေရာသို့အမြန်ဆုံးသွားပါ၊ ဆူနာမီလှိုင်းကြီးများ ဝင်ရောက်လာနိုင်သဖြင့် ပင်လယ်ကမ်းခြေမှ ဝေးဝေးနေပါ။

မြေငလျင်လှုပ်ပြီးနောက် ဆောင်ရွက်သင့်သည့် အချက်များ

(၁) မိသားစုဝင်များကို စစ်ဆေးပါ။ မိသားစုဝင်များ ပျောက်ဆုံးသွားပါက  သက်ဆိုင်ရာသို့ အကြောင်းကြားပါ။

 (၂) မိမိကိုယ်ကို အနာတရဖြစ်၊ မဖြစ်စစ်ဆေးပါ။

(၃) ဒဏ်ရာရနေသူများ၊ လှောင်ပိတ်မိနေသူများကိုကူညီပြီး ရှေးဦးပြုစုပါ။

(၄) ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊  မကျန်းမာသူများ၊  ကိုယ်ဝန်ဆောင်များကို  ဦးစားပေးကယ်တင်ပါ။

(၅) အင်အားကြီးသည့် ငလျင်လှုပ်ပြီးတိုင်း နောက်ဆက်တွဲငလျင်များ လှုပ်တတ်သဖြင့် နောက်ထပ်ငလျင်ဆက်မလှုပ်မီ အဆောက်အအုံ အပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်ပါ။ 

(၆) မိမိအိမ်နှင့်ပတ်ဝန်းကျင်ရှိ လျှပ်စစ်ပစ္စည်းများ၊ ပျက်စီးမှုများ အားလုံးကို ပြန်လည်စစ်ဆေးပါ။

(၇) ကွင်းပြင်၊ ကွက်လပ်၊ လယ်ကွင်းစသည့်နေရာများတွင် ခေတ္တယာယီနေပါ။

 (၈) အပျက်အစီးအောက်တွင် ပိတ်မိနေပါက မီးခြစ်ကိုမသုံးပါနှင့် မီးလောင်နိုင်သည်။

 (၉)  မီးခလုတ်များကိုပိတ်ထားပြီး   ဓာတ်မီးနှင့် ဘက်ထရီမီးများကိုသာ သုံးပါ။

 (၁ဝ) ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့ စသောလောင်စာနံ့များရပါက အမြန်ဆုံး ထွက်ခွာပါ။

(၁၁) ငလျင်လှုပ်ပြီးနောက် အချို့ကမ်းခြေဒေသများတွင် ပင်လယ်ဒီလှိုင်းကြီးများ တက်လာခြင်း၊ ရေကာတာနှင့် ဆည်များပြိုကျခြင်း၊  တောင်ပြိုကျခြင်းတို့ကြောင့်  ရေကြီးရေလျှံခြင်းများဖြစ်တတ်၍ မြေမြင့်ပိုင်းသို့ ကြိုတင်ရှောင်ရှားပါ။

(၁၂) သက်ဆိုင်ရာ အစိုးရဌာနမှ ထုတ်ပြန်ကြေညာထားသော သတင်းများကို  စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကိုမျှဝေပါ။ ကောလာဟလသတင်းများကို မယုံပါနှင့်။

အချုပ်ဆိုသော် မြန်မာနိုင်ငံတွင်းတည်ရှိသော ပြတ်ရွေ့ကြောများအနက် နိုင်ငံတကာမြေငလျင်နှင့် ဘူမိဗေဒပညာရှင်များ လွန်စွာစိတ်ဝင်စားကြသော မိုင်  ၆ဝဝ  ကျော်ရှည်လျားသည့်  စစ်ကိုင်းပြတ်ရွေ့ကြောသည်  မြန်မာနိုင်ငံ အလယ်မှဖြတ်၍ တောင်မြောက်တန်းလျက် အနေအထားဖြင့် တည်ရှိနေသည်။ ဥတုရာသီ၊ ချိန်ခါမရွေး ငလျင်လှုပ်နိုင်သည်။ ကြိုတင်ခန့်မှန်းမရသော သဘာဝဘေးတစ်ခုဖြစ်၍ ပျက်စီးဆုံးရှုံးမှုများတတ်သည်။ လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာများလည်း ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် ပြည်သူလူထုများ ငလျင်ဘေးဆိုင်ရာ အသိပညာများ ရရှိလာစေရန်  သက်ဆိုင်ရာ   မြို့နယ်မီးသတ်ဦးစီးဌာနက မြန်မာပြည်တစ်ဝန်း လူနေရပ်ကွက်များ၊ စာသင်ကျောင်းများတွင် ငလျင်ဘေးကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ပြုလုပ်ပေးလျက်ရှိသည်။

သို့ပါ၍ မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးမှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့်ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရာတွင် မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးကာလတို့အတွက်   သတိပေးနှိုးဆော်မှု၊ ပညာပေးလေ့ကျင့်မှု၊  အရေးပေါ်တုံ့ပြန်မှု၊  ကူညီကယ်ဆယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ဖြင့် ရင်ဆိုင်ကြရခြင်းဖြစ်ရာ နိုင်ငံသူ၊  နိုင်ငံသားတို့၏  အရည်အချင်းပြည့်ဝမှု၊ လူသားချင်းစာနာမှုတို့ဖြင့် သဘာဝဘေးအန္တရာယ်အပေါင်းတို့ကို ကျော်လွှားကြရမည်သာ ဖြစ်ပါကြောင်း ထပ်ဆင့် အကြံပြုအပ်ပါသည်။      ။

တင်ထက်ထက်ဇော်

ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့
-

ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ “အေးခဲနေသော ရေလှောင်ကန်များ”ဟုပင်ရည်ညွှန်းပြောဆိုရသည့်ရေခဲမြစ်များသည် ရေချိုအရင်းအမြစ်များကိုတည်တံ့ခိုင်မြဲစေရန်အတွက် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။ဤကြီးမားသောရေခဲမြစ်များသည် ကမ္ဘာ့ရေချို၏ ၇၀ ရာခိုင်နှုန်းခန့်ကို သိုလှောင်ထားပြီး ၎င်းကို မြစ်များ၊ ကန်များနှင့်မြေအောက်ရေစနစ်များသို့ တဖြည်းဖြည်းထုတ်လွှတ်ပေးကာ သန်းပေါင်းများစွာသောလူများ၊ စိုက်ပျိုးရေးနှင့်ဂေဟစနစ်များအတွက် မရှိမဖြစ်လိုအပ်သောရေကိုထောက်ပံ့ပေးသည်။ သို့သော်လည်း ရာသီဖောက်ပြန်ပြောင်းလဲမှုများနှင့်လူသားတို့၏လုပ်ဆောင်ချက်များကြောင့် ရေခဲမြစ်များသည်စိုးရိမ်ဖွယ်ရာနှုန်းဖြင့် အရည်ပျော်နေပ

ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ “အေးခဲနေသော ရေလှောင်ကန်များ”ဟုပင်ရည်ညွှန်းပြောဆိုရသည့်ရေခဲမြစ်များသည် ရေချိုအရင်းအမြစ်များကိုတည်တံ့ခိုင်မြဲစေရန်အတွက် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။ဤကြီးမားသောရေခဲမြစ်များသည် ကမ္ဘာ့ရေချို၏ ၇၀ ရာခိုင်နှုန်းခန့်ကို သိုလှောင်ထားပြီး ၎င်းကို မြစ်များ၊ ကန်များနှင့်မြေအောက်ရေစနစ်များသို့ တဖြည်းဖြည်းထုတ်လွှတ်ပေးကာ သန်းပေါင်းများစွာသောလူများ၊ စိုက်ပျိုးရေးနှင့်ဂေဟစနစ်များအတွက် မရှိမဖြစ်လိုအပ်သောရေကိုထောက်ပံ့ပေးသည်။ သို့သော်လည်း ရာသီဖောက်ပြန်ပြောင်းလဲမှုများနှင့်လူသားတို့၏လုပ်ဆောင်ချက်များကြောင့် ရေခဲမြစ်များသည်စိုးရိမ်ဖွယ်ရာနှုန်းဖြင့် အရည်ပျော်နေပြီး ကမ္ဘာတစ်ဝန်းရေလုံလောက်စွာရရှိမှုကိုခြိမ်းခြောက်လျက်ရှိသည်။  ထိုအတိုင်းဆက်သွားပါကခန့်မှန်း၍မရနိုင်သော ရေပြတ်လပ်မှုများ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုများနှင့်သဘာဝဘေးအန္တရာယ်များကို ပိုမိုဆိုးရွားစွာကြုံတွေ့လာရနိုင်သည်။ အနာဂတ်မျိုးဆက်သစ်များအတွက် ရေချိုရရှိနိုင်မှုသေချာစေရန် ရေခဲမြစ်များကို ကျွန်ုပ်တို့အားလုံး တာဝန်သိစွာ ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

ရေခဲမြစ်များသည် သဘာဝရေလှောင်ကန်များအဖြစ် ရေစီးဆင်းမှုကိုတစ်နှစ်ပတ်လုံး ထိန်းညှိပေးခြင်းဖြင့် ကမ္ဘာ့ရေလည်ပတ်မှုတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်။ ၎င်းတို့သည် ပူနွေးသောလများအတွင်း သောက်သုံးရေ၊ ဆည်မြောင်းနှင့်ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းအတွက် မရှိမဖြစ်လိုအပ်သော မြစ်ချောင်းများနှင့်အင်းအိုင်များကိုပြန်လည်ဖြည့်တင်းပေးသည်။ အိန္ဒုမြစ်၊ ဗြဟ္မပုတ္တရမြစ်၊ အမေဇုန်မြစ်တို့ကဲ့သို့သော ကမ္ဘာ့အကြီးဆုံးမြစ်ကြီးများနှင့် ဂင်္ဂါမြစ်၊ ယန်ဇီမြစ်နှင့်ကော်လိုရာဒိုမြစ်တို့ကဲ့သို့သော အဓိကမြစ်ကြီးအများအပြားသည်အထူးသဖြင့် ခြောက်သွေ့ရာသီများတွင် ရေခဲမြစ်များအရည်ပျော်ကျမှုအပေါ်များစွာမှီခိုနေသည်။ ရေခဲမြစ်များသည် ရေအရင်းအမြစ်များအတွက် တိုက်ရိုက်ပံ့ပိုးကူညီမှုအပြင် တောင်ပေါ်ဒေသများရှိ ဇီဝမျိုးစုံမျိုးကွဲများကို ပံ့ပိုးပေးခြင်းဖြင့်လည်း ဂေဟစနစ်ဟန်ချက်ညီစေရန်ကူညီပေးသည်။ ၎င်းရေခဲမြစ်များမှ အေးသောရေများသည် ငါးများ၊ရေနေအပင်များနှင့်အခြားသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်များကိုပျောက်ကွယ်မသွားရအောင် ထိန်းသိမ်းပေးနိုင်သည်။ ထို့ပြင် ရေခဲမြစ်များသည် နေရောင်ခြည်ကို ရောင်ပြန်ဟပ်ခြင်းဖြင့် ရာသီဥတုထိန်းညှိမှုတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသဖြင့် ကမ္ဘာကြီးပူနွေးလာမှုကိုလည်း  ကာကွယ်ပေးနိုင်သည်။ဤကဲ့သို့ ကမ္ဘာကြီးကို များစွာထောက်ပံ့ကူညီပေးနေသော ရေခဲမြစ်များပျောက်ကွယ်သွားပါကကြီးမားလှသောကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းကြီးကို ဘက်ပေါင်းစုံမှ တွေ့ကြုံခံစားလာကြရမည်ဖြစ်သည်။

ယခုအခါတွင် ပတ်ဝန်းကျင်နှင့်လူတို့ကဖြစ်ပေါ်စေသောအကြောင်းရင်းများစွာတို့ကြောင့် ရေခဲမြစ်များသည် စိုးရိမ်ဖွယ်ရာနှုန်းဖြင့် တဖြည်းဖြည်းပျောက်ကွယ်လျက်ရှိသည်။ ထိုအကြောင်းရင်းများအနက်မှ အောက်ပါအချက်များသည် ရေခဲမြစ်များအတွက် အဓိကခြိမ်းခြောက်မှုများပင်ဖြစ်သည်။

(၁) ရာသီဥတုပြောင်းလဲမှုများ

ရေခဲမြစ်များ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် အရည်ပျော်လာရခြင်း၏အဓိကအကြောင်းရင်းမှာ  ကမ္ဘာကြီးပူနွေးလာခြင်းဖြစ်သည်။  အပူချိန်များပိုမိုမြင့်တက်လာခြင်းသည် ရေခဲအရည်ပျော်မှုကိုမြန်စေပြီး ရေခဲမြစ်အရွယ်အစားကိုလျော့ကျစေကာ မြစ်အောက်ပိုင်းဒေသများတွင် ပြင်းထန်သောရေပြတ်လပ်မှုကို ဖြစ်စေနိုင်သည်။ လေ့လာတွေ့ရှိချက်များအရ ကမ္ဘာကြီးပူနွေးလာမှုသည်  လက်ရှိနှုန်းအတိုင်း ဆက်လက်မြင့်တက်နေပါက    ရေခဲမြစ်အများအပြားသည်   ဆယ်စုနှစ်အနည်းငယ်အတွင်းပျောက်ကွယ်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့လူသားများအားလုံး အားထားမှီခိုနေရသည့်ရေအရင်းအမြစ်များစွာကိုဆုံးရှုံးရနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။

(၂) လေထုညစ်ညမ်းမှုနှင့် Black Carbon (BC)

အထူးသဖြင့်  ရုပ်ကြွင်းလောင်စာများနှင့်  ဇီဝလောင်စာများလောင်ကျွမ်းခြင်းကြောင့် Black Carbon များထွက်ပေါ်လာပြီး လေထုညစ်ညမ်းမှုများဖြစ်ပေါ်လာသည်။ ထိုမှတစ်ဆင့် Black Carbon များသည်ရေခဲမြစ်များပေါ်သို့ကျရောက်လာပြီး   ၎င်းတို့၏ မျက်နှာပြင်ကိုမည်းမှောင်သွားစေသည်။ ထိုသို့ဖြင့် ရေခဲမြစ်များ၏နေရောင်ခြည်ရောင်ပြန်ဟပ်နိုင်စွမ်းကို လျော့နည်းစေသည်။ ထို့ပြင် Black Carbon များဖုံးလွှမ်းနေသည့် ရေခဲမြစ်များ၏မျက်နှာပြင်သည် အပူကိုပိုမိုစုပ်ယူလာနိုင်ပြီး အရည်ပျော်မှုကိုပို၍လျင်မြန်လာစေသည်။ စက်မှုဇုန်များထွန်းကားလာမှု၊ သစ်တောပြုန်းတီးမှုနှင့် စက်တပ်ယာဉ်များအလွန်အကျွံသုံးစွဲလာမှုတို့သည် ဤပြဿနာ၏နောက်ခံအကြောင်းရင်းများပင်ဖြစ်သည်။

(၃) ရေအရင်းအမြစ်များမှ လွန်ကဲစွာထုတ်ယူသုံးစွဲခြင်း

ရေခဲမြစ်များပျက်စီးယိုယွင်းလာသည်နှင့်အမျှ လူတို့သည် ရေရယူသုံးစွဲရေးအတွက် မြေအောက်ရေနှင့် မြစ်ရေစီးကြောင်းများကို ပိုမိုအားကိုးလာကြသည်။ မြေအောက်ရေနှင့် မြစ်ချောင်းများမှရေကိုအလွန်အကျွံထုတ်ယူခြင်းသည် လူသားများအတွက်သာမက သဘာဝဂေဟစနစ်ကြီးတစ်ခုလုံးကိုပါ ထိခိုက်စေသည်။

(၄) သစ်တောပြုန်းတီးမှုနှင့် မြေယာပျက်စီးခြင်း

ရေခဲမြစ်များတည်တံ့ခိုင်မြဲမှုအပေါ်တွင် များစွာအကျိုးသက်ရောက်မှုရှိသောအပူချိန်ပြောင်းလဲမှုနှင့် မိုးရွာသွန်းမှုပုံစံများကို သစ်တောများက ထိန်းညှိပေးသည်။ သစ်တောပြုန်းတီးမှုသည် မြေဆီလွှာတိုက်စားမှုကို  ဖြစ်ပေါ်စေသည့်အပြင် သဘာဝရေသံသရာလည်ပတ်မှုကိုလည်း ပြောင်းလဲစေသည်။  ထိုမှတစ်ဆင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာကာ မိုးခေါင်ရေရှားခြင်းနှင့်ကမ္ဘာကြီးပူနွေးလာခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ကမ္ဘာ့အပူချိန်မြင့်တက်လာသည်နှင့်အမျှ ရေခဲမြစ်များသာမန်ထက်ပိုမိုလျင်မြန်စွာ အရည်ပျော်လာပြီး မြစ်များအတွင်းစီးဆင်းလာခြင်းနှင့်အနည်ကျမှုပိုမိုများပြားလာခြင်းကြောင့် ရေကြီးရေလျှံမှုများကိုပါ ဖြစ်ပွားလာစေသည်။

ယနေ့ ၂၁ ရာစုတွင် ရေခဲမြစ်များသည် အရှိန်အဟုန်ဖြင့် အရည်ပျော်လာပြီး သိသိသာသာယိုယွင်းလာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်နှင့်၂၀၂၃ ခုနှစ်အတွင်း အန္တာတိကတိုက်နှင့်ဂရင်းလန်းဒေသအပါအဝင် ကမ္ဘာတစ်ဝန်းလုံးရှိ ရေခဲမြစ်များသည် နှစ်စဉ် တန်ချိန် ၂၇၃ ဘီလီယံခန့်ဆုံးရှုံးခဲ့ပြီး  စုစုပေါင်းတန်ချိန် ၆ ဒသမ ၅၄၂ ထရီလီယံခန့် ဆုံးရှုံးခဲ့ရသည်။ ဤအရည်ပျော်မှုကြောင့်  ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သည် ၂ စင်တီမီတာနီးပါး (ပျမ်းမျှအားဖြင့် ၁၈ မီလီမီတာ)မြင့်တက်လာခဲ့သည်။ ထို့ပြင် ယခင်ဆယ်စုနှစ်များနှင့်နှိုင်းယှဉ်ပါက ၂၀၁၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း၌ ရေခဲဆုံးရှုံးမှုနှုန်းမှာ ၃၆ ရာခိုင်နှုန်းတိုးလာခဲ့သည်။ European Alps နှင့် Pyreness ဒေသအတွင်းရှိ ရေခဲမြစ်များသည် ၂၀၀၀ ပြည့်နှစ်မှစ၍၎င်းတို့ ထုထည်၏ ၄၀ ရာခိုင်နှုန်းခန့်ဆုံးရှုံးသွားသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။ ကမ္ဘာ့အပူချိန်တိုးတက်လာမှုအပေါ်မူတည်ပြီး  ရေခဲမြစ်များ၏ ထုထည် ၂၆ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းကြားဆုံးရှုံးမည်ဟု ခန့်မှန်းချက်များကညွှန်ပြနေသည်။ ဤကဲ့သို့အစုလိုက်အပြုံလိုက် ဆုံးရှုံးမှုသည် ပင်လယ်ရေမျက်နှာပြင်ကို ခန့်မှန်းခြေအားဖြင့်  ၉၀ မီလီမီတာမှ၁၅၄ မီလီမီတာအထိ မြင့်တက်လာစေကာ ကမ္ဘာတစ်ဝန်းရှိ ရေခဲမြစ်များ၏ ၄၉ ရာခိုင်နှုန်ုးမှ ၈၃ ရာခိုင်နှုန်းအထိ ပျောက်ဆုံးစေနိုင်သည်။ဤတွေ့ရှိချက်များသည် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသည့် ရေခဲမြစ်များ၏အနာဂတ်ကို မီးမောင်းထိုးပြနေပေသည်။ သဘာဝရေလှောင်ကန်များဖြစ်သည့် ရေခဲမြစ်များ၏ယိုယွင်းကျဆင်းလာခြင်းသည် သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့်စက်မှုလုပ်ငန်းများအတွက် ရေရရှိနိုင်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အထူးသဖြင့် ရာသီအလိုက်အရည်ပျော်သော ရေကိုမှီခိုနေရသော လူမှုအသိုင်းအဝိုင်းများကို ထိခိုက်စေသည်။ ရေခဲမြစ်များက ထောက်ပံ့ပေးနေသောမြစ်များသည်  စိုက်ပျိုးရေးအတွက် လိုအပ်သောရေကိုပေးသည်။ ထို့ကြောင့်ရေခဲမြစ်များအရည်ပျော်မှုနှုန်းမြင့်မားလာခြင်းသည် သီးနှံအထွက်နှုန်းလျော့ကျခြင်းနှင့် အစာရေစာပြတ်လပ်ခြင်းတို့ကိုပါဖြစ်စေနိုင်သည်။ ထို့ပြင် ရေခဲမြစ်များအရည်ပျော်ခြင်းသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကိုသိသိသာသာဖြစ်ပေါ်စေပြီး ကမ္ဘာတစ်ဝန်းရှိ ကမ်းရိုးတန်းဒေသများကို  ခြိမ်းခြောက်လျက်ရှိသည်။ “Doomsday Glacier”ဟုခေါ်လေ့ရှိသော အန္တာတိကတိုက်ရှိ Thwaites ရေခဲမြစ်သည် ယခင်ကမျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်စွာအရည်ပျော်နေပြီး ပြိုကျလာပါက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကို ၁၀ ပေအထိ မြင့်တက်လာစေနိုင်သည်။ ဤသည်သာမက ရေအရင်းအမြစ်များကိုမှီခိုနေရသည့်ရေနေဂေဟစနစ်နှင့်တောရိုင်းတိရစ္ဆာန်များသည်လည်း စားကျက်မြေများပျက်စီးခြင်းနှင့်  အပူချိန်ပြောင်းလဲမှုများကြောင့် ရှင်သန်တည်မြဲမှုအတွက် အခက်အခဲများကြုံတွေ့လာကြရမည်ဖြစ်သည်။ 

ထို့ကြောင့် ကျွန်ုပ်တို့၏တစ်ခုတည်းသော မှီခိုအားထားရာဖြစ်သည့် ကမ္ဘာကြီးအပေါ် များစွာအကျိုးသက်ရောက်မှုရှိသောရေခဲမြစ်များကို ရေရှည်တည်တံ့ခိုင်မြဲအောင်  ကာကွယ်ထိန်းသိမ်းကြရပေမည်။ နိုင်ငံတကာအစိုးရများနှင့်စက်မှုလုပ်ငန်းများအနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များကိုအသုံးပြုခြင်း၊  စွမ်းအင်ထိရောက်မှု မြှင့်တင်ခြင်းနှင့်သယ်ယူပို့ဆောင်ရေးတွင် စက်တပ်ယာဉ်များအသုံးပြုမှု လျှော့ချခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချရန် လုပ်ဆောင်ကြရမည်ဖြစ်သည်။ စက်မှုလုပ်ငန်းများ၊ မော်တော်ယာဉ် များနှင့် သစ်တောပြုန်းတီးမှုတို့မှလေထုညစ်ညမ်းမှုကိုလျှော့ချခြင်းဖြင့်   ရေခဲမြစ်များအပေါ် Black Carbon ကျရောက်မှုကို ကာကွယ်နိုင်သည်။ သစ်ပင်များပြန်လည်စိုက်ပျိုးမှုကိုမြှင့်တင်ခြင်းသည် ဒေသအပူချိန်ကို ထိန်းညှိပေးရန်၊ မြေဆီလွှာတိုက်စားခြင်းမှကာကွယ်ပေးရန်နှင့်သဘာဝ ရေလည်ပတ်မှုကိုထိန်းသိမ်းရန်အတွက် ကူညီပေးသည်။ ထိရောက်သော ဆည်မြောင်းရေပေးဝေခြင်းဆိုင်ရာနည်းပညာများ(Efficient Irrigation Techniques )ကို အကောင်အထည်ဖော်ခြင်း၊ မိုးရေများသိုလှောင်ခြင်းနှင့်ရေထိန်းသိမ်းခြင်းဆိုင်ရာမူဝါဒများချမှတ်ခြင်းဖြင့် ရေခဲမြစ်များအပေါ် မှီခိုမှုကိုလျှော့ချနိုင်သည်။      

ထို့ပြင် ရေခဲမြစ်များ၏အရေးပါမှုနှင့်ကာကွယ်ထိန်းသိမ်းရန်လိုအပ်နေမှုကို နိုင်ငံတကာရှိ အလွှာပေါင်းစုံမှ လူတန်းစားအားလုံး သိရှိနားလည်စေရန်  ကြိုးပမ်းဆောင်ရွက်ရန်မှာလည်းအရေးကြီးပေသည်။ကမ္ဘာ့ကုလသမဂ္ဂသည် ၁၉၉၇ ခုနှစ်တွင်  ကုလသမဂ္ဂရေညီလာခံ(Mar dal Plata Water Conference)ကို မတ်လ ၁၄ ရက်မှ ၂၅ ရက်အထိကျင်းပခဲ့ပြီး   ရေသည်  စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၏သော့ချက်ဖြစ်သည်ဟု အသိအမှတ်ပြုခဲ့ကြသည်ကို  တွေ့ရှိရသည်။၁၉၉၂ ခုနှစ် ရီယိုဒီဂျနေးရိုး(Rio de Janeiro)မြို့၌   ကျင်းပခဲ့သောကုလသမဂ္ဂပတ်ဝန်းကျင်နှင့်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံတွင်လုပ်ငန်းစဉ်အမှတ်(၂၁)အရ ကမ္ဘာ့ရေနေ့နှင့်ပတ်သက်၍ ပထမဆုံးအနေဖြင့် တရားဝင်အဆိုပြုခဲ့ကြသည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၌  “ကျွန်ုပ်တို့၏ဘဝတွင်   ရေ၏အရေးပါမှုကိုသတိပြုမိစေရန်နှင့် ကမ္ဘာ့ရေအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ တွန်းအားပေးရန်”အတွက် A/RES/47/193 ဆုံးဖြတ်ချက်အရ မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့(World Water Day)အဖြစ် သတ်မှတ်ခဲ့ကြသည်။ ပထမဆုံး ကမ္ဘာ့ရေနေ့အခမ်းအနားကို ၁၉၉၃ ခုနှစ်  မတ်လ ၂၂ ရက်နေ့တွင်  ကျင်းပခဲ့ရာ ယခု ၂၀၂၅ ခုနှစ် မတ်လ ၂၂ ရက်နေ့ဆိုလျှင် (၃၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ကုလသမဂ္ဂ၏  ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ(United Nations World Water Development Report-WWDR)သည် UN-Water ၏ အထင်ကရအစီရင်ခံစာဖြစ်သည်။ ယင်းတွင် ရေနှင့်မိလ္လာဆိုင်ရာပြဿနာများကိုလည်း ထည့်သွင်းဖော်ပြလေ့ရှိသည်။ ယင်းအစီရင်ခံစာကနှစ်စဉ်မတူညီသောဆောင်ပုဒ်တစ်ခုအပေါ်တွင် အလေးဂရုထားပြီးမူဝါဒချမှတ်ကာ ဆုံးဖြတ်လုပ်ဆောင်ကြမည့်သူတို့အတွက် အကောင်းဆုံးလုပ်ဆောင်သင့်သည်များ၊ ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ချက်များစသည့်အကြံပြုချက်များဖော်ပြပါသည်။ ရေရှည်တည်တံ့သောမူဝါဒများအား  ချမှတ်အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေသော ယင်းအစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲမှုအစီရင်ခံစာကို World Water Development Programme ကိုယ်စား UNESCO က ညှိနှိုင်းဆောင်ရွက်ပေးပြီး ယင်းအစီရင်ခံစာအရ ကမ္ဘာ့ရေနေ့၏ဆောင်ပုဒ်ကို သတ်မှတ်ဆုံးဖြတ်ခြင်းဖြစ်သည်။ UN-Water သည် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်ညှိနှိုင်းတိုင်ပင်ပြီး ယင်းဆောင်ပုဒ်ကို နှစ်စဉ်ရွေးချယ်ကာ နှိုးဆော်ပေးသည်။

ယခုနှစ် ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေနေ့အတွက်ဆောင်ပုဒ်မှာ “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့”  “Glacier Preservation”ဖြစ်သည်။ ထိုဆောင်ပုဒ်နှင့်အညီ ကျွန်ုပ်တို့ကမ္ဘာမြေကြီးအတွက်မရှိမဖြစ်လိုအပ်သော ရေအရင်းအမြစ်များ၏ကျောထောက်နောက်ခံဖြစ်သည့် ရေခဲမြစ်များကို ကာကွယ်ထိန်းသိမ်းကြရန်အထူးလိုအပ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် UNESCO နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO)တို့က အပြည်ပြည်ဆိုင်ရာရေခဲမြစ်များထိန်းသိမ်းစောင့်ရှောက်ရေးနှစ်(International Year of Glaciers Preservation)ကိုစတင်ခဲ့သည်။ ဤပဏာမခြေလှမ်းက ရေခဲမြစ်များသည် လူဦးရေနှစ်ဘီလီယံကျော်အား ရေချိုပေးဆောင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်းကို တစ်ကမ္ဘာလုံးက သတိပြုမိစေရန်နှင့်ရေခဲမြစ်အရည်ပျော်မှု အရှိန်မြင့်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့်စိန်ခေါ်မှုများကိုဖြေရှင်းရန်ရည်ရွယ်သည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေနေ့လှုပ်ရှားမှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင်စတင်ခဲ့သော “ရေခဲမြစ်များထိန်းသိမ်းခြင်း”ကို အဓိကထားလုပ်ဆောင်ခြင်းဖြစ်သည်။

မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် “အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ”(National Water Resources Committee) ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၁၂ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းကာ တစ်နိုင်ငံလုံးအတိုင်းအတာလွှမ်းခြုံသည့်  ရေအရင်းအမြစ်များ စီမံဆောင်ရွက်နိုင်ရန် ဦးတည်ကြိုးပမ်းလျက်ရှိပေသည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝလှသောရေသယံဇာတများကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်အတွက်  စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာဥပဒေများစိစစ်ခြင်း၊ မူလအစိုးရဌာနအဖွဲ့အစည်းများမှ  တာဝန်ရှိသူများနှင့်ပူးပေါင်းခြင်းတို့ကို အဆိုပါအမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကဦးဆောင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ရေချိုပေါများသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး  တစ်ကမ္ဘာလုံးရေချိုပိုင်ဆိုင်မှု၏  ၁ ဒသမ ၇ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။ နိုင်ငံအတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်၊ ဆည်တာတမံများနှင့် ရေတွင်းရေကန်များသည် မြန်မာ့ရေချိုအရင်းအမြစ်များပင်ဖြစ်ကြသည်။  ရေချိုအရင်းအမြစ်များ ပေါကြွယ်ဝသည်ဟုဆိုသော်လည်း အထက်အညာဒေသအပါအဝင် နေရာဒေသအချို့၌ နွေအခါတွင်ရေမလုံလောက်သည့်ပြဿနာမျိုးလည်း ရှိနေသေးသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်ကျင့်ဝတ်များကိုတာဝန်သိစွာ  လေးစားလိုက်နာကျင့်သုံးခြင်းဖြင့်  နိုင်ငံတော်အစိုးရ၏ ကမ္ဘာ့နိုင်ငံများနည်းတူ ရေအရင်းအမြစ်များ တည်တံ့ခိုင်မြဲရေးနှင့်ရေခဲမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

“Never Waste even a drop of water no water, no life and no blue,no green” ဟူသည့် ဆိုရိုးအတိုင်း ရေတစ်စက်၊ ရေတစ်ပေါက်မျှပင်အကျိုးမဲ့ဆုံးရှုံးမခံသင့်ပေ။ ရေမရှိလျှင် သက်ရှိတို့ အသက်ရှင်နေထိုင်ရန်မဖြစ်နိုင်သလို ကမ္ဘာမြေပေါ်တွင် အေးချမ်းသော အပြာရောင်နှင့်စိမ်းလန်းလတ်ဆတ်သောအစိမ်းရောင်များ မြင်တွေ့နိုင်ရန်မဖြစ်နိုင်ပေ။၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၅ ခုနှစ်  စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက အတည်ပြုချမှတ်ခဲ့သော “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၁၇)ချက်” (17 Sustainable DevelopmentGoals – 17 SDGs)၏ “ပန်းတိုင်(၆)-သန့်ရှင်းသောသောက်သုံးရေနှင့်မိလ္လာစနစ်ရရှိရေး”ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ယနေ့ကမ္ဘာကြီးကြုံတွေ့နေရသော ရေရရှိမှုဆိုင်ရာအကျပ်အတည်းကို ဖြေရှင်းကြရမည်ဖြစ်သည်။ ရှေ့ဆက်၍ မိမိတို့အနေဖြင့် “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” “Glacier Preservation”ဟူသည့်ဆောင်ပုဒ်နှင့်အညီ တာဝန်သိစွာ ရေခဲမြစ်များကို အရှိန်အဟုန်မြှင့်ကာကွယ်ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်းနှင့် မိမိတို့တစ်ဦးချင်းစီ၏လူမှုဘဝနေထိုင်မှုပုံစံများနှင့် ရေသုံးစွဲမှုပမာဏများကိုလည်း ဂရုပြုစီမံခန့်ခွဲကြစေလိုကြောင်း တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၅ ခုနှစ် မတ်လ၂၂ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရေနေ့(World Water Day)ကိုဂုဏ်ပြုကြိုဆိုရေးသားလိုက်ရပါသည်။    ။

Source: https://myawady.net.mm/stories

မောင်ရဲရင့်မှူး (မကွေးပညာရေးဒီဂရီကောလိပ်)