ရုရှားနိုင်ငံမှ ဒေသတစ်ခုသည် အသက် ၂၅ နှစ်အောက် အမျိုးသမီးကျောင်းသူများကို ကျန်းမာသော ကလေး တစ်ဦး မွေးဖွားလျှင် ဆုငွေ ရူဘယ် ၁သိန်း ချီးမြှင့်မည် ဖြစ်ကြောင်း The Moscow Times သတင်းတွင် ဖော်ပြ ထားပါသည်။ ၎င်းမူဝါဒသည် နိုင်ငံ၏ကျဆင်းနေသော ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လျှောက်ထားနိုင်ပြီး မိခင် ဖြစ်လိုသူသည် ဒေသန္တရတက္ကသိုလ် သို့မဟုတ် ကောလိပ် တွင် အချိန်ပြည့်ကျောင်းသူ ဖြစ်ရမည်ဖြစ်သည့်အပြင် ကာရီလီယားတွင်နေထိုင်သည့် အသက် ၂၅ အောက် အမျိုးသမီးဖြစ်ရမည်ဟု ပါရှိပါသည်။

ဒေသဆိုင်ရာဥပဒေတွင် အဆိုပါမူဝါဒသည် မွေးကင်းစ ကလေးငယ်များကို မွေးဖွားသောမိခင်များနှင့် သက်ဆိုင်မည် မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြ ထားသော်လည်း မတော်တဆမှုကြောင့် ကလေး သေဆုံးပါက ငွေပေးချေခြင်းအား ရုတ်သိမ်းခြင်း ရှိ၊ မရှိ အတိအကျဖော်ပြထားခြင်းမရှိပေ။ မသန်စွမ်းကလေးမွေးဖွားသော အမျိုးသမီးများသည်ငွေကြေးအတွက် အရည်အချင်းပြည့်မီခြင်း ရှိ၊ မရှိ သို့မဟုတ် ကလေးစောင့်ရှောက်မှုနှင့် မီးဖွားပြီးနောက် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကုန်ကျစရိတ်များအတွက် အာဏာပိုင်များက ထပ်လောင်းပေးချေမှုများဖြင့် ကူညီမည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိကြောင်း အဆိုပါစာစောင်တွင် ဖော်ပြထားပါသည်။
ထိုကဲ့သို့ ကလေးမွေးဖွားပေးလျှင် ဆုချမည်ဆိုသည်မှာ ကာရီလီယားဒေသတစ်ခုတည်းမဟုတ်ဘဲ ရုရှားနိုင်ငံရှိ ပြည်နယ် ၁၁ ခုထက်မနည်းသော အစိုးရများက ကလေး မွေးဖွားမှုအတွက် ကျောင်းသူများကို ပေးဆောင်နေကြောင်း သိရပါသည်။ သင့်လျော်သော အစီအမံ မပါဝင်ကြောင်းနှင့် မိခင်အသစ်များအတွက် စံပြစီးပွားရေးအခြေအနေများ မပါရှိခြင်းကြောင့် အဆိုပါလှုပ်ရှားမှုကို ထိရောက်သော နည်းလမ်းတစ်ခုမဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ကလေး ၅၉၉,၆၀၀ ဦးသာ မွေးဖွားခဲ့ပြီး ၂၅နှစ်အတွင်း အနိမ့်ဆုံးကလေးမွေးဖွားနှုန်းအဖြစ် မှတ်တမ်းတင်ခဲ့ ပါသည်။ ၂၀၂၃ ခုနှစ်က အလားတူကာလထက် ၁၆,၀၀၀ ဦး လျော့နည်းခဲ့ပြီး ဇွန်လအတွင်းကလည်း ပထမဆုံးအကြိမ်အဖြစ် ကလေးမွေးဖွားမှု ဦးရေ ၁ သိန်း အောက်သို့ ကျဆင်းသွားသည့်အတွက် သမိုင်းကြောင်းအရ မွေးဖွားနှုန်းနိမ့်ကျမှုကိုလည်း တွေ့မြင်ခဲ့ရကြောင်း ဖော်ပြထားပါသည်။
ကိုးကား-Myanmar National Post

ဇန်နဝါရီ ၈ ရက်နေ့က လောင်ကျွမ်းခဲ့သည့် အမေရိကန်နိုင်ငံ၊ Los Angeles တောမီးကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ခန့်မှန်တွက်ချက်မှုအရ ကန်ဒေါ်လာ ဘီလီယံ ၅၀ကျော် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။ အိမ်ခြေရာနှင့်ချီကာ မီးလောင်သွားပြီး လူပေါင်း၁သိန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရကာ သမိုင်းတွင် တန်ဖိုးအများဆုံး ဆုံးရှုံးခဲ့ရသည့် တောမီးလောင်ကျွမ်းမှု ဖြစ်ခဲ့သည်။

မီးငြှိမ်းသတ်ရေးအရင်းအမြစ်များနှင့် ရေပေးဝေမှုလည်း ထိခိုက်ခဲ့ရပြီး ဇန်နဝါရီ ၇ ရက်နေ့ ညနေမှ စတင်ပြီး လောင်ကျွမ်းခဲ့စဉ် မီးသတ်သမားများက မီးငြှိမ်းသက် နေစဉ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မည်သို့မျှထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပျံ့နှံ့မှု မြန်ဆန်သွားခဲ့ခြင်းပင် ဖြစ်ပါသည်။ Los Angeles ရှိ Holly Wood တောင်တန်း တွင်လည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း နှင့် Los Angeles တွင် တောမီးလောင်ကျွမ်းမှု အရေအတွက် ခြောက်ကြိမ်အထိ မြင့်တက်လာခဲ့ကြောင်း မီးသတ် ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Santa Monica နှင့် Malibu ကြားတွင်ရှိသော Pacific Palisades တွင် ၅၀% မှ ၇၅% ထိ ကူးစက် လောင်ကျွမ်း ခဲ့ပြီး အမေရိကန်၏ စျေးအကြီးဆုံး အိမ်ခြံမြေများ တည်ရှိရာ နေရာဖြစ်ကာ Ben Affleck၊ Tom Hanks နှင့် Michael Keaton စသည့်ဟောလီးဝုဒ် သရုပ်ဆောင်များ ပိုင်ဆိုင်သည့် အိမ်ခြံမြေများ မီးလောင်ဆုံးရှုံးသွားသည့် အထဲတွင် ပါဝင်သွားကြောင်းသိရှိရသည်။
ကိုးကား - RT

အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း Andhra Pradesh ပြည်နယ်ရှိ Tirumala Venkateswara ဘုရားကျောင်းတွင် ဘာသာရေးဝတ်ပြုသူများသည် ဘာသာရေး ပွဲတော်လက်မှတ်များရရှိရေး တိုးဝှေ့လုယက်ကြရာမှ အနည်းဆုံး လူ ၆ ဦး သေဆုံး၍ လူပေါင်း ၄၀ ခန့် ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း တာဝန်ရှိသူ များက သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါဘာသာရေး ဝတ်ပြုပွဲကို ဇန်နဝါရီ ၁၀ ရက်တွင် စတင်ကျင်းပမည် ဖြစ်ပြီး ပွဲတော်ကာလမှာ ၉ ရက် ကြာမြင့်မည်ပါကြောင်းဘာသာရေးကိုးကွယ်သူ အများအပြား ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သိရပါသည်။

ဝန်ကြီးချုပ်မိုဒီက သေဆုံးသူများ၏ မိသားစုများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားထားပြီး တာဝန်ရှိသူများက ဖြစ်စဉ်အသေးစိတ်ကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။
ကိုးကား- TASS
Photo- Straight Arrow News

Nikolay Goltsev သည် ရုရှားစစ်ဘက်ဆိုင်ရာ ကုမ္ပဏီများအပါအဝင် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ရုရှား ကုမ္ပဏီများကိုယ်စား ရုရှားနိုင်ငံသို့ ပစ္စည်းများ ဝယ်ယူ တင်သွင်းခဲ့ကြောင်း အေဂျင်စီ၏ပြောကြားချက်အရ သိရှိရသည်။
နယူးယောက်ပြည်နယ် အရှေ့ပိုင်းခရိုင်ရှိ တရားရုံး တစ်ခုက ကနေဒါနိုင်ငံသား Nikolay Goltsev ကို ရုရှားနိုင်ငံသို့ အီလက်ထရောနစ်ပစ္စည်းများ တရားမဝင် တင်ပို့မှုဖြင့် ထောင်ဒဏ် သုံးနှစ်နှင့် လေးလ ချမှတ်ခဲ့ကြောင်း အမေရိကန် တရားရေးဌာနက သတင်းထုတ်ပြန် ခဲ့သည်။

Goltsev သည် ရုရှား-ယူကရိန်းစစ်ပွဲတွင် အသုံးပြု သည့် ရုရှားဒုံးကျည်များနှင့် ဒရုန်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာဆိုင်ရာပစ္စည်းများကို အိန္ဒိယ၊ တူရကီ၊ တရုတ်နှင့် အာရပ်စော်ဘွားများနိုင်ငံရှိ ကုမ္ပဏီ များမှတစ်ဆင့် တင်ပို့ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အစောပိုင်းတွင် Goltsev ၏ ဇနီး Kristina Puzyreva နှင့် ရုရှား-Tajik နိုင်ငံသားဖြစ်သူ Salimdzhon Nasriddinov တို့လည်း စွဲချက်တင်ခံထားရသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် Goltsev ၏ ဇနီး Puzyreva သည် အရေးယူဒဏ်ခတ်ပိတ်ဆို့ခံထားရသော ရုရှားကုမ္ပဏီ များထံ ဒရုန်းနှင့်ပတ်သက်သည့်ပစ္စည်းများ တရားမဝင် ပေးပို့ခြင်းဖြင့် ရရှိသောငွေကြေးအတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရသည်။ Nasriddinov ကိုမူ ယနေ့ အထိ ပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးပေ။
ကိုးကား - TASS
Photo: Global News

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ရှီကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တင်းရီခရိုင်တွင် ဇန်နဝါရီလ ၇ ရက်က ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၂၆ ဦးသေဆုံးပြီး ၁၈၈ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်ခန့်တွင် ဆိုကိုမြို့နယ်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်မှ ၂၀ ကီလိုမီတာအကွာတွင် ကျေးရွာပေါင်း ၂၇ ရွာ၊ လူ ၆၉၀၀ ခန့်နေထိုင်လျက်ရှိကြောင်းသိရသည်။ တင်းရီခရိုင်အတွင်းမှာပင် လူပေါင်း ၆၁,၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

အာဏာပိုင်အဖွဲ့က အခင်းဖြစ်ပွားရာဒေသသို့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၄၀၀ ကျော်၊ ဆေးကုသရေးအဖွဲ့ဝင် ၃၄၀ ကျော်အား စေလွှတ်ခဲ့သည်။ တင်းရီခရိုင်တွင် လာမည့် သုံးရက်အတွင်း အပူချိန်သည် အနုတ် ၁၈ မှ အနုတ် ၁၄ အထိရှိနိုင်ကြောင်းသိရသည်။
အစိုးရသည် ငလျင်လှုပ်ခတ်မှုဖြစ်ပွားသည့် ဒေသသို့ ယာယီတဲများ၊ အနွေးထည်များ၊ စောင်များနှင့် ခေါက်ခုတင်များအပါအဝင် အရေးပေါ် လိုအပ်သည့်ပစ္စည်း ၂၂,၀၀၀ ကျော်ကို ပေးပို့ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ယွမ် သန်း ၁၀၀ (ဒေါ်လာ ၁၃ ဒသမ ၉ သန်းခန့်) ကိုလျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့က ပြောကြားခဲ့ကြောင်း သိရသည်။
Ref: Xinhua
Source: Myawady Web Portal

ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းနေပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့စာရင်း၌ ထိပ်ဆုံးက ရပ်တည်နေကြောင်း အစိုးရက ပြောကြားပါသည်။ အဆိုပါပြဿနာကို ဖြေရှင်းရန် လျှပ်စစ်ကား (EVs) များ ပိုမိုအသုံးပြုကြရန်လည်း တိုက်တွန်းထားသည်ဟု သိရှိ ရသည်။

ဟနွိုင်းမြို့၏ လေထုညစ်ညမ်းမှုနှုန်းသည် ၂၆၆ မိုက်ခရိုဂရမ်ထိရှိနေပြီး များသောအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ အမှိုက်မီးရှို့ခြင်းနှင့် စက်မှုလုပ်ငန်းများ ကြောင့် မြူခိုးများ ဖြစ်လာသည်ဟု သိရှိရပါသည်။ “အစတုန်းကတော့ မြူမှိုင်းလို့ ထင်ခဲ့တာ၊ ဒါပေမယ့် နောက်ပိုင်း အဲဒီဖုန်မှုန့်တွေကြောင့် ကောင်းကောင်း မမြင်ရတော့သလို အသက်ရှုမဝသလိုလည်း ခံစားရစေပါတယ်” ဟု အသက် ၂၁ နှစ်အရွယ် ကျောင်းသား တစ်ဦးက ဆိုပါသည်။
ဇန်နဝါရီ ၂ ရက်က ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင် တွေ့ဆုံချိန်တွင် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင်က ၎င်းပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် EV ကား များ ပြောင်းလဲအသုံးပြုရေးကို အရှိန်မြှင့်ရန်တောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာက ဆိုပါသည်။ အစိုးရက ၂၀၃၀ ၌ ဟနွိုင်း၏ ဘတ်စ်ကား ၅၀ ရာခိုင်နှုန်းနှင့် တက္ကစီ ၁၀၀ ရာခိုင်နှုန်းကို EV ကားများဖြစ်လာစေရန် ရည်မှန်းထားသည်ဟု သိရပါသည်။
ကိုးကား- NP News

ခတ္တမန္ဒူ ဇန်နဝါရီ ၆
နီပေါနိုင်ငံ၌ ငါးလအတွင်း တောရိုင်းတိရစ္ဆာန်တိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်း ၈၃ ဦးသေဆုံးပြီး ၅၉၉ ဦးဒဏ်ရာရရှိကြောင်း နီပေါရဲတပ်ဖွဲ့က ဇန်နဝါရီ ၆ ရက်တွင် ပြောကြားသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လလယ်မှ ဒီဇင်ဘာလလယ်အတွင်း မြွေကိုက်ခံရမှုကြောင့် သေဆုံးသူ ၇၀ ရှိပြီး ၅၃၂ ဦး ဒဏ်ရာရရှိကြောင်း နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

ဆင် တိုက်ခိုက်မှုကြောင့် ခြောက်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိကာ ကြံ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ လေးဦးရှိပြီး ၁၄ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ထို့ပြင် ကျားတိုက်ခိုက်မှုကြောင့် သေဆုံးသူ သုံးဦးရှိပြီး ၂၄ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဝက်ဝံတိုက်ခိုက်မှုကြောင့် ၁၅ ဦးဒဏ်ရာ ရရှိကြောင်း သိရသည်။
ဆင်ဟွာ
Source: မြန်မာ့အလင်းသတင်းစာ

ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဖြစ်သတ်မှတ်ခံထားရသည့် အမျိုးသမီးကြီးသေဆုံးပြီးနောက် ဂီဖူစီရင်စုမှ အသက် ၁၁၅ နှစ်အရွယ် အိုဂါကီဟာယာရှိအမည်ရှိ အမျိုးသမီးကြီးသည် နိုင်ငံ၏ အသက်အကြီးဆုံးဖြစ်လာကြောင်း အာဏာပိုင်အဖွဲ့က ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်သည်။

ဟာယာရှိသည် ၁၉၀၉ ခုနှစ် စက်တင်ဘာလ ၂ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး တိုမီကို အီတူကာအမည်ရှိ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီးသည် အာရှီယာမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် သေဆုံးသွားပြီးနောက် ဂျပန်နိုင်ငံ၏အသက်အကြီးဆုံး အမျိုးသမီးကြီးဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလထုတ်ပြန်ချက်များအရ ဂျပန်နိုင်ငံတွင် အသက် ၁၀၀ ကျော်အရွယ်ရှိ သက်ကြီးရွယ်အိုဦးရေမှာ ၉၅၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၈၈ ရာခိုင်နှုန်းသည် အမျိုးသမီးကြီးများဖြစ် သည်။
ဂျပန်နိုင်ငံ၏ လက်ရှိလူဦးရေ ၁၂၄ သန်း အနက် သုံးပုံတစ်ပုံမှာ အသက် ၆၅ နှစ်အရွယ် သက်ကြီးရွယ်အိုများဖြစ်ကြောင်း သိရသည်။
Ref: RNZ, KD

ဂျကာတာ ဇန်နဝါရီ ၆
အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရ၏ ဦးဆောင်မှုဖြင့် အခမဲ့အစားအစာကျွေးမွေးသည့် အစီအစဉ်ကို ယနေ့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။
၎င်းအစီအစဉ်ကို အဆင့်လိုက် ဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီလမှ ဧပြီလအတွင်း နိုင်ငံသား သုံးသန်းအား အစားအစာ အခမဲ့ ကျွေးမွေးမည်ဟု အမျိုးသားအာဟာရဆိုင်ရာအေဂျင်စီ တာဝန်ရှိသူ ဒါဒန်ဟင်ဒါယာနာက ပြောကြားသည်။

ပထမအဆင့်တွင် နိုင်ငံအတွင်းရှိ ဒေသ ၂၆ ခုမှ ကျောင်းသားများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား ကျွေးမွေးမည်ဟု သိရသည်။
လက်ရှိအချိန်တွင် ၎င်းအစီအစဉ်ဆောင်ရွက်ရန်အတွက် စားဖိုဆောင် ၁၉၀ က လုပ်ငန်းဆောင်ရွက်နေပြီး ယခုနှစ်ကုန်တွင် စားဖိုဆောင် ၅၀၀၀ အထိ လုပ်ငန်းများ ဆောင်ရွက်မည်ဟု သိရသည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ
Source: ကြေးမုံသတင်းစာ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ Heilongjiang စီရင်စုရှိ ဟာပင် ရေခဲပြင် ဆီးနှင်းကမ္ဘာတွင် ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၆ ရက်နေ့က ချစ်သူစုံတွဲများ၏ စုပေါင်းမင်္ဂလာဆောင်လက်ထပ်ပွဲကို လွတ်လပ်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ဆောင်းရာသီအထိမ်းအမှတ်လှုပ်ရှားမှုတစ်ခုအဖြစ် ကျင်းပသည့် အဆိုပါစုပေါင်းလက်ထပ်ပွဲအခမ်းအနားတွင်တရုတ်ပြည်တစ်လွှားမှ ချစ်သူစုံတွဲ ၄၃ တွဲက ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါစုပေါင်းလက်ထပ်ပွဲအခမ်းအနားမှာ ဟာပင်နိုင်ငံတကာ ရေခဲပြင်ဆီးနှင်းပွဲတော် အစီအစဉ် ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု သိရှိရပါသည်။
ကိုးကား - ဆင်ဟွာ