ဂျပန်နိုင်ငံမှ အသက် ၁၁၅ နှစ်အရွယ် အိုဂါကီဟာယာရှိအမည်ရှိ အမျိုးသမီးကြီး နိုင်ငံ၏ အသက်အကြီး ဆုံးပုဂ္ဂိုလ်ဖြစ်လာ

News Image

  • ဂျပန်နိုင်ငံမှ အသက် ၁၁၅ နှစ်အရွယ်  အိုဂါကီဟာယာရှိအမည်ရှိ အမျိုးသမီးကြီး နိုင်ငံ၏ အသက်အကြီး ဆုံးပုဂ္ဂိုလ်ဖြစ်လာ

ဂျပန်နိုင်ငံမှ  ကမ္ဘာ့အသက်အကြီးဆုံး အဖြစ်သတ်မှတ်ခံထားရသည့် အမျိုးသမီးကြီးသေဆုံးပြီးနောက် ဂီဖူစီရင်စုမှ အသက်  ၁၁၅ နှစ်အရွယ် အိုဂါကီဟာယာရှိအမည်ရှိ အမျိုးသမီးကြီးသည်  နိုင်ငံ၏ အသက်အကြီးဆုံးဖြစ်လာကြောင်း အာဏာပိုင်အဖွဲ့က ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်သည်။

ဟာယာရှိသည် ၁၉၀၉ ခုနှစ် စက်တင်ဘာလ ၂ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး တိုမီကို အီတူကာအမည်ရှိ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီးသည် အာရှီယာမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင်   ၂၀၂၄  ခုနှစ် ဒီဇင်ဘာလ  ၂၉ ရက်တွင်   သေဆုံးသွားပြီးနောက် ဂျပန်နိုင်ငံ၏အသက်အကြီးဆုံး အမျိုးသမီးကြီးဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလထုတ်ပြန်ချက်များအရ ဂျပန်နိုင်ငံတွင် အသက် ၁၀၀ ကျော်အရွယ်ရှိ သက်ကြီးရွယ်အိုဦးရေမှာ ၉၅၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၈၈ ရာခိုင်နှုန်းသည်  အမျိုးသမီးကြီးများဖြစ် သည်။

ဂျပန်နိုင်ငံ၏ လက်ရှိလူဦးရေ ၁၂၄ သန်း အနက် သုံးပုံတစ်ပုံမှာ အသက် ၆၅ နှစ်အရွယ် သက်ကြီးရွယ်အိုများဖြစ်ကြောင်း သိရသည်။

Ref: RNZ, KD

Source: Myawady Web Portal