အိန္ဒိယ အရှေ့တောင်ပိုင်း ဘာသာရေးဝတ်ပြုသူများ လူအုပ်တိုးဝှေ့မှု လူ ၆ ဦးသေဆုံး
အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း Andhra Pradesh ပြည်နယ်ရှိ Tirumala Venkateswara ဘုရားကျောင်းတွင် ဘာသာရေးဝတ်ပြုသူများသည် ဘာသာရေး ပွဲတော်လက်မှတ်များရရှိရေး တိုးဝှေ့လုယက်ကြရာမှ အနည်းဆုံး လူ ၆ ဦး သေဆုံး၍ လူပေါင်း ၄၀ ခန့် ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း တာဝန်ရှိသူ များက သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါဘာသာရေး ဝတ်ပြုပွဲကို ဇန်နဝါရီ ၁၀ ရက်တွင် စတင်ကျင်းပမည် ဖြစ်ပြီး ပွဲတော်ကာလမှာ ၉ ရက် ကြာမြင့်မည်ပါကြောင်းဘာသာရေးကိုးကွယ်သူ အများအပြား ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သိရပါသည်။
ဝန်ကြီးချုပ်မိုဒီက သေဆုံးသူများ၏ မိသားစုများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားထားပြီး တာဝန်ရှိသူများက ဖြစ်စဉ်အသေးစိတ်ကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။
ကိုးကား- TASS
Photo- Straight Arrow News
MM-News-Category