Los Angeles တောမီးကြောင့် ကန်ဒေါ်လာ ဘီလီယံ ၅၀ ကျော်ဆုံးရှုံး

News Image

  • (USA Los Angeles တောမီး ဆက်စပ်သတင်း) Los Angeles တောမီးကြောင့် ကန်ဒေါ်လာ ဘီလီယံ ၅၀ ကျော်ဆုံးရှုံး

ဇန်နဝါရီ ၈ ရက်နေ့က လောင်ကျွမ်းခဲ့သည့် အမေရိကန်နိုင်ငံ၊ Los Angeles တောမီးကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ခန့်မှန်တွက်ချက်မှုအရ ကန်ဒေါ်လာ ဘီလီယံ ၅၀ကျော် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။ အိမ်ခြေရာနှင့်ချီကာ မီးလောင်သွားပြီး လူပေါင်း၁သိန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရကာ သမိုင်းတွင် တန်ဖိုးအများဆုံး ဆုံးရှုံးခဲ့ရသည့် တောမီးလောင်ကျွမ်းမှု ဖြစ်ခဲ့သည်။ 

မီးငြှိမ်းသတ်ရေးအရင်းအမြစ်များနှင့် ရေပေးဝေမှုလည်း ထိခိုက်ခဲ့ရပြီး ဇန်နဝါရီ ၇ ရက်နေ့ ညနေမှ စတင်ပြီး လောင်ကျွမ်းခဲ့စဉ် မီးသတ်သမားများက မီးငြှိမ်းသက် နေစဉ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မည်သို့မျှထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပျံ့နှံ့မှု မြန်ဆန်သွားခဲ့ခြင်းပင် ဖြစ်ပါသည်။ Los Angeles ရှိ Holly Wood တောင်တန်း တွင်လည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း နှင့် Los Angeles တွင် တောမီးလောင်ကျွမ်းမှု အရေအတွက် ခြောက်ကြိမ်အထိ မြင့်တက်လာခဲ့ကြောင်း မီးသတ် ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

Santa Monica နှင့် Malibu ကြားတွင်ရှိသော Pacific Palisades တွင် ၅၀% မှ ၇၅% ထိ ကူးစက် လောင်ကျွမ်း ခဲ့ပြီး အမေရိကန်၏ စျေးအကြီးဆုံး အိမ်ခြံမြေများ တည်ရှိရာ နေရာဖြစ်ကာ Ben Affleck၊ Tom Hanks နှင့် Michael Keaton စသည့်ဟောလီးဝုဒ် သရုပ်ဆောင်များ ပိုင်ဆိုင်သည့် အိမ်ခြံမြေများ မီးလောင်ဆုံးရှုံးသွားသည့် အထဲတွင် ပါဝင်သွားကြောင်းသိရှိရသည်။ 

ကိုးကား - RT