ရေခဲပြင် ဆီးနှင်းကမ္ဘာ လက်ထပ်ပွဲ စုံတွဲ ၄၃ တွဲ ပါဝင် ဆင်နွှဲ

News Image

  • ရေခဲပြင် ဆီးနှင်းကမ္ဘာ လက်ထပ်ပွဲ စုံတွဲ ၄၃ တွဲ ပါဝင် ဆင်နွှဲ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ Heilongjiang စီရင်စုရှိ ဟာပင် ရေခဲပြင် ဆီးနှင်းကမ္ဘာတွင် ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၆ ရက်နေ့က ချစ်သူစုံတွဲများ၏ စုပေါင်းမင်္ဂလာဆောင်လက်ထပ်ပွဲကို လွတ်လပ်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။ 

ဆောင်းရာသီအထိမ်းအမှတ်လှုပ်ရှားမှုတစ်ခုအဖြစ် ကျင်းပသည့် အဆိုပါစုပေါင်းလက်ထပ်ပွဲအခမ်းအနားတွင်တရုတ်ပြည်တစ်လွှားမှ ချစ်သူစုံတွဲ ၄၃ တွဲက ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါစုပေါင်းလက်ထပ်ပွဲအခမ်းအနားမှာ ဟာပင်နိုင်ငံတကာ ရေခဲပြင်ဆီးနှင်းပွဲတော် အစီအစဉ် ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု သိရှိရပါသည်။ 

ကိုးကား - ဆင်ဟွာ