သတင်းများ

နေအိမ်ရောင်းချပြီး ဓမ္မစေတီ ခေါင်းလောင်းကြီးကို ထပ်မံဆယ်ယူဦးမည်ဟု ဆို

ကော့သောင်းမြို့ရှိနေအိမ်ကို ရောင်းချပြီး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ထပ်မံဆယ်ယူရန် ကြိုးပမ်းနေကြောင်း ဦးစံလင်းက NP News သို့ ပြောသည်။

ဦးစံလင်းသည် ပြီးခဲ့သည့်ကာလများက ဓမ္မစေတီခေါင်းလောင်းကြီးကို ဖော်ယူရန်အတွက် တိုင်းသိပြည်သိဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ယခုတစ်ကြိမ်တွင် ထပ်မံ ကြိုးပမ်းလာခြင်းဖြစ်ကာ ပြီးခဲ့သည့်ကာလများတွင် ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် အကြိမ်ကြိမ်စာတင်ခဲ့ဖူးကြောင်းသိရသည်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် သမိုင်းတစ်လျှောက် အမှန်တကယ် ရှိ၊ မရှိ စသည်ဖြင့် အငြင်းပွားနေသော ပစ္စည်းတစ်ခုဖြစ်ပြီး အများပြောစမှတ်ပြုကြသောစကားများအရ အဆိုပါ ခေါင်းလောင်းကြီးကို သန်လျင်စား ငဇင်ကာခေါ် ဒီဘရစ်တိုက အမြောက်သွန်းလုပ်ရန် ရွှေတိဂုံစေတီတော် မှ ရေကြောင်းဖြင့်သယ်ယူလာစဉ် ရန်ကုန်မြစ်ဝအတွင်း ပျောက်ဆုံးခဲ့သည်ဟူ၍ ဖြစ်သည်။

အဆိုပါ ခေါင်းလောင်းကြီးသည် ရေအောက် (၂၇) ပေ၊ မြေကြီးအောက် (၂၅) ပေ၊ စုစုပေါင်း ရေအောက် အနက် (၅၂) ပေတွင် နစ်မြုပ်နေခြင်းဖြစ်ပြီး (၁၀) ရက်အတွင်း ကြိုးချည်ကာ ကျန် (၁၀) ရက်အတွင်း ကုန်းပေါ်အရောက်တင်မည်ဖြစ်ကြောင်း ဦးစံလင်းကပြောသည်။ လက်ရှိတွင် ကော့သောင်းမြို့မှ နေအိမ်ကို ရောင်းနေကာ အဆိုပါ ရောင်းရငွေကို ခေါင်းလောင်းဆယ်ယူရာတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်းနှင့် ဆယ်ယူခွင့်ပြုရန် တင်ပြစာကို ဇန်နဝါရီလ (၉) ရက်က တာဝန်ရှိသူများ ထံ တင်ပြထားကြောင်း ဦးစံလင်းကပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ပေါ်ချိန်တန်ပြီဖြစ်သော်လည်း နှောင့်နှေးကြန့်ကြာနေခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်းနှင့် ခေါင်းလောင်းကြီးကို ဖော်ထုတ်ရန်အတွက် မြန်မာနိုင်ငံတွင် ပစ္စည်းအစုံအလင်ရှိသောကြောင့် မည်သည့်နိုင်ငံကိုမျှ အားကိုးရန်မလိုအပ်ကြောင်းကိုပါ ဦးစံလင်းက တင်ပြစာတွင် ဖော်ပြထားကြောင်း သိရသည်။

ကိုးကား-NP News

 ၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် မွေးဖွားစတွင် အရပ် အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဋ္ဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း၄ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။

အထက်ပါဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”သည် ယခုအသက် ၂ နှစ်၊ ၆ လသားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၉ လက်မ ၊ ကိုယ်လုံးလုံးပတ် ၇ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ၁၄၇၄ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” သည် ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Source: Myanmar Digital News

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲအား လက်ခံတွေ့ဆုံ

နေပြည်တော်   ဇန်နဝါရီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (United Nations Office for the Coordination of Humanitarian Affairs- UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲဖြစ်သူ Mr.Sajjad Mohammad Sajid အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် အကူအညီလိုအပ်လျက်ရှိသော ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ရေး၊ ထိုသို့ပေးအပ်ရာတွင် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ နားလည်မှုရှိစွာ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးနှင့် ၂၀၂၅ ခုနှစ်၌ ဆက်လက်ဆောင်ရွက်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုနှင့် လုပ်ငန်းစဉ်များ တိုးချဲ့နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: မြန်မာ့အလင်းသတင်းစာ

ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ ၂၁ 

ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့၊ Novotel Hotel ၌ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Mongkol Visitstump ၊  (ကြည်း၊ ရေ၊ လေ၊ ရဲ) စစ်သံမှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖွင့်၍ အလေးပြုကာ ဖွင့်လှစ်ကြသည်။ ထို့နောက် သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ထိုင်းဘုရင့်တပ်မတော်ဆိုင်ရာ ဗီဒီယိုပြသမှုအား ကြည့်ရှုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့က အထိမ်းအမှတ်ကိတ်မုန့်လှီးဖြတ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်ကြပြီး သရုပ်ပြဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးကြကာ စစ်သံမှူး Senior Colonel Thanwit Yomchinda က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Source: Myanmar National Post

တရုတ်သို့ တင်ပို့မည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ အပါအဝင် စားသောက်ကုန်အချို့ Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ အပါအဝင် ကုန်စည်အုပ်စု (၇) မျိုးကို Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ GACC, ရုံးလုပ်ငန်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ကုန်ပစ္စည်များအတွက် ယခင်က မှတ်ပုံတင်ခြင်းအတွက် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)အောက်ရှိ CIFER မှတစ်ဆင့် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ စိုက်ပျိုးရေးစားသောက်ကုန်စည်အုပ်စု (၇) မျိုးကို China Department of Animal and plant Quarantine (DAPQ) ဌာနမှ ပြောင်းလဲတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကုန်စည် (၇) မျိုးမှာ ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့၊ ဟင်းသီးဟင်းရွက်အစိမ်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့် အစေ့အဆံများ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့် တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများကို Manual စနစ်ဖြင့် မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကုမ္ပဏီမှတိုက်ရိုက်ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်ဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနထံ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

ညောင်ဦး ၊ ဇန်နဝါရီ ၁၇

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် ခွဲဝေအသုံးပြုခဲ့သူများအား ညောင်ဦးမြို့နယ်တရားရုံးက ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

ဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ မိုးဟိန်း၊ ၂၆ နှစ်၊ (ဘ)ဦးတင်စိုး၊ပန်းရံ၊ နတ်ကြို့အိုင်ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူပါ (၁၁)ဦးတို့အား ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၇ အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်၊ ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉ အရ အလုပ်နှင့်ထောင်ဒဏ်(၁)နှစ်တို့အား သီးခြားစီကျခံစေရန်နှင့် အမှုမှ တရားခံ ကိုငယ်(ခ) လင်းလက်ဝင်း၊ ၁၇ နှစ် (ဘ)ဦးဖိုးတုတ်(ခ) ဦးခင်မောင်တင့်၊  ပန်းရံ၊ နတ်ကြို့အိုင်ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူနှင့် အောင်သူဖြိုး၊ ၁၇ နှစ်၊(ဘ)ဦးဝင်းနိုင်၊ ပန်းရံ၊ နတ်ကြို့အိုင်ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူတို့အား ကလေးသူငယ်ဥပဒေပုဒ်မ ၈၉၊ ပုဒ်မခွဲ(င)အရ မန္တလေးမြို့၊ လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်း စောင့်ရှောက်ခြင်းကို အသက်(၂၀) ပြည့်သည် အထိ ခံယူစေရန် အမိန့်ချမှတ်ခဲ့ပြီး ထွက်ပြေးတရားခံ ဦးညို(ခ)ကိုညိုနှင့် ဟန်ဝင်းသူတို့အား ၂၀၂၅ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၇/၈၈ နှင့်အညီအရေးယူ ဆောင်ရွက် ထားကြောင်းသိရသည်။

ကိုဇော် (ဓာတု)

ပေးပို့သူ- ဦးဇော်ဌေးအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ညောင်ဦးခရိုင်ပြန်/ဆက်

Tachileik Night Market တွင် ဈေး ရောင်းချလိုသူများ စာရင်းပေးသွင်းနိုင်ပြီဟုဆို

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင်ဖွင်လှစ်မည့် Tachileik Night Market ၌ ဈေးဆိုင်ဖွင့်လှစ်ရောင်းချလိုသူများအနေဖြင့် ဇန်နဝါရီ (၁၆)ရက်တွင် ညဈေးကြီးကြပ်မှုကော်မတီထံ သတ်မှတ်လျှောက်လွှာဖြင့် စတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ညဈေးကိုဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းလမ်းတွင်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး ၊ ဇန်နဝါရီ (၁၆) ရ က်မှ (၂၀) ရက်အတွင်း တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် နံနက် (၁၀) နာရီမှ မွန်းလွဲ (၃) နာရီအထိ လာရောက် စာရင်းပေးလျှောက်ထားနိုင်ကြောင်း သိရသည်။

တာချီလိတ် ညဈေးကြီးကြပ်မှုကော်မတီအနေဖြင့် ဇန်နါရီ (၂၁) ရက်တွင် အောင်မြတ်ခန်းတွင်ဈေးဆိုင်ဖွင့်လှစ်ရောင်းချလိုသူများနှင့် တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့တွင်းလမ်းမကြီး ဘေးဝဲ/ယာ တစ်လျှောက်တွင် ဖွင့်လှစ်ရောင်းချနေကြသော အိမ်ဆိုင်များ၊ ဈေးဆိုင်များအနေဖြင့် အများပြည်သူနှင့် သက်ဆိုင်သောလမ်းများ၊ ရေမြောင်းများ၊ ပလက်ဖောင်းများပေါ်တွင် ကုန်ပစ္စည်းများ ခင်းကျင်းရောင်းချခြ င်း၊ ကြော်ငြာဆိုင်းဘုတ်များချထားခြင်းအား လုံးဝမပြုလုပ်ကြရန်နှင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၂၅) ရက် နောက်ဆုံးထား ဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ခဲ့ပြီးနောက် အဆိုပါ လမ်းဘေးပျံကျသည်များကို Tac hileik Night Market ဖွင့်လှစ်ပေးကာ စနစ်တကျ ရောင်းချခွင့်ပြုခြင်းလည်းဖြစ်သည်။

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန်တိုက်တွန်းပြောကြား

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။

၎င်းမှ ဇန်နဝါရီ ၁၅ ရက်က ကိုရီးယားနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Woo Won-shik မှတည်ခင်းဧည့်ခံသည့်အလုပ်သဘောနေ့လယ်စာစားပွဲသို့တက်ရောက်၍ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံကြားသံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည်မှာ ယခုနှစ်တွင် နှစ်(၅၀)ပြည့်မြောက်တော့မည်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်(၅၀) အတွင်း နှစ်နိုင်ငံကြား စီးပွားရေး၊ လူမှုရေးကဏ္ဍများအပြင် ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာများတွင်ပါ ခိုင်မာသောဆက်ဆံရေးကိုမြှင့်တင်နိုင်ခဲ့သည်ဟု ပြောသည်။

ထို့ကြောင့် ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များကို မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန်လည်းတိုက်တွန်းပြောကြားခဲ့သည်။

ထို့အတူ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Woo မှလည်း ၂၀၂၄ ခုနှစ်တွင် အာဆီယံ-ကိုရီးယားဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေးကိုတည်ထောင်ခဲ့ပြီးဖြစ်၍ အစိုးရများကြားတွင်သာမက လွှတ်တော်များကြားတွင်လည်းပူး ပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားလိုသည်ဟု ပြောသည်။

ထို့ပြင် အာဆီယံနှင့်ဆွေးနွေးဘက်ဆက်ဆံရေးကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိ ကုန်သွယ်မှု(၂၃)ဆနှင့် လူအချင်းချင်းထိတွေ့ဆက်ဆံမှု(၃၇)ဆမြင့်တက်လာခဲ့ကာ တောင်ကိုရီးယားနိုင်ငံအနေဖြင့် အာဆီယံ၏ သံခင်းတမန်ခင်းကိုအခြေတည်သော ရပ်တည်ချက်များကိုထိန်းသိမ်းလျက် အာဆီယံမှဖော်ဆောင်ထားသည့် လုပ်ငန်းစဉ်များတွင်တက်ကြွစွာဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

အဆိုပါ အလုပ်သဘောနေ့လယ်စာစားပွဲသို့ ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာတွင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် အချို့သော စက်ရုံများမှာ စွမ်းအားပြည့် မလည်ပတ်နိုင်

လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာတွင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် အချို့သော စက်ရုံများမှာ စွမ်းအားပြည့်ဝစွာလည်ပတ်နိုင်ခြင်း မရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၀ ရက်၊ မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာခန်းမ၌ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် မိမိတို့အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မိတ္ထီလာသည် မိုးရွာရက်နည်းသောဒေသဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်မှဆောင်ရွက်နေသည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မှုနှင့်ပတ်သက်၍ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် အချို့သောစက်ရုံများအနေဖြင့် စွမ်းအား ပြည့်ဝစွာ လည်ပတ်နိုင်မှုမရှိခြင်းများ ရှိနေကြောင်း၊ ဓာတ်ငွေ့လိုအပ်ချက်မပြည့်မီမှုများကြောင့်လည်း အခက်အခဲများရှိကြောင်းနှင့် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများလည်းရှိကြောင်း၊ ထို့ကြောင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်၍ရသည့် ဆိုလာစနစ်ကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားခဲ့သည်။

တုရင်တောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၉၀၅ ဧကရှိသောနယ်မြေကို “တုရင်တောင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသဖြစ်သော ပုဂံညောင်ဦးဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတုသာယာ မျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန်၊ မြေဆီလွှာပိုမိုကောင်းမွန်လာစေရန်၊ မြေဆီလွှာတိုက်စားမှုများ တားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန်၊ ဒေသခံပြည်သူများ၏ လယ်ယာသုံး သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်ရန်နှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းရန်ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။

တုရင်တောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် ဖျောက်ဆိပ်၊ ယင်းမာ၊ ထနောင်း၊ ရှား၊ ကျွန်းဖို၊ တမာ၊ ဒဟတ် စသည့်သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး သစ်၊ ထင်း၊ ဝါးနှင့် အခြားအပူပိုင်း ဒေသထွက်သစ်တောထွက်ပစ္စည်းများ ပိုမိုရရှိနိုင်ခြင်း၊ တုရင်တောင်ဘုရားဖူးမြော်ကြည်ညိုရန် လာရောက်သူများအတွက် အရိပ်နှင့်နားခိုရာနေရာများ တိုးပွားလာစေခြင်း၊ ခါ၊ ချိုး၊ တောကြောင်၊ ယုန်စသည့်တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာ ဒေသနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးအတွက် အထောက်အကူပြုခြင်း၊ မြေဆီလွှာတိုးတက်ကောင်းမွန်လာခြင်း၊ မြေအောက်ရေထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

Source: www.moi.gov.mm