ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
Source: https://www.moezala.gov.mm/

၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။
(မိုး/ဇလ)

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဂျပန်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ မြန်မာလုပ်သား စေလွှတ်သည့် တရားဝင်လမ်းကြောင်းများကို ထိန်းချုပ်နေမည့်အစား နယ်စပ်လမ်းကြောင်းများကို ထိန်းချုပ်သင့်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်ကြီးတစ်ဦးက NP News မှ တစ်ဆင့် အကြံပြုပြောကြားထားသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် အလုပ်ကမ်းလှမ်းစာများကို စိစစ်အတည်ပြုပေးပို့ထားသော်လည်း အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒများကြောင့် ဂျပန်သို့ အလုပ်သမားစေလွှတ်မှုများ ကြန့်ကြာမှုများ ဖြစ်ပေါ်နေပြီး ဂျပန်ပြည်ဝင်ခွင့်ရရှိထားသည့် လုပ်သားအချို့အနေဖြင့်လည်းသက်တမ်း ကုန်ဆုံးခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့သို့ အလုပ်အကိုင်ဖြင့်စေလွှတ်ပေးမည်ဟုဆိုကာ အခကြေးငွေများယူထားသော်လည်း စေလွှတ်နိုင်ခြင်းမရှိသည့်အတွက် အလုပ်သမားဝန်ကြီးဌာနသို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ တိုင်စာသည် ယခင်နှစ်ထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။
“ယခုဆိုလျှင် တိုင်စာတွေ များလာပါသည်။ ပိုက်ဆံယူထားပြီး နိုင်ငံခြား မပို့ဘူးဆိုသည့် အလုပ်သမားများကနေ တိုင်သည့် တိုင်စာများက မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှာဆိုရင် နေ့တိုင်းလိုလို တိုင်စာတွေက များနေပါသည်။ ဒီနှစ်မှာတော့ မနှစ်ကထက် အဆပေါင်းများစွာ များပါသည်။ အတိအကျတော့ မတွက်ရသေးပါ။ ဂျပန်ဆိုရင်လည်း ဂျပန်မှာရှိသည့် မြန်မာသံရုံးက အလုပ်ခေါ်စာများ ပို့ပြီးသော်လည်း ဒီဘက်မှာ ဆက်လက်ဆောင်ရွက်ခွင့်မပြုဘူး။ ရပ်ထားပါသည်။ ဂျပန်ဘက်မှာ ပြည်ဝင်ခွင့်တွေက (၃)လ ရသော်လည်း သက်တမ်း သေပါသည်။ ယခုတော့ (၆)လ တိုးပေးသော်လည်း သက်တမ်းသေ ပါသည်။ ဂျပန်ဘက်က လုပ်ငန်းရှင်တွေက မခေါ်တော့ပါ။ ထို့ကြောင့် ယခုနှစ်တိုင်စာက (၅)လတည်းကို မနှစ်က တစ်နှစ်လုံးစာထက် များပါ သည်” ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်ကြီးတစ်ဦးက NP News သို့ ပြောသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ မြန်မာလုပ်သားစေလွှတ်ရာတွင် တရားဝင်လမ်းကြောင်းများကို ထိန်းချုပ်မည့်အစား နယ်စပ်လမ်းကြောင်းများကို ထိန်းချုပ်သင့်ကြောင်းလည်း ၎င်းက အကြံပြုထားသည်။ SOP လုပ်ငန်းစဉ်ဆိုပြီး သတင်းစာမှာ တစ်မျက်နှာလောက် အပြည့်ကြီးထည့်ပြီးတော့ အောက်မှာကြုံတွေ့နေရသည့်လူက ဘာမျှ အထောက်အပံ့မရပါ။ ၎င်းတို့ ချမှတ်ထားသည့် SOP နှင့် လက်တွေ့မှာ ဖြစ်နေသည်က လွဲနေပါသည်။
တိုင်းပြည်မှာ လုပ်သားရှားပါး၍ ပြည်တွင်းမှာပဲ လုပ်ကိုင်စေချင်သည် ဆိုလျှင် ထိုမူဝါဒတွေမှာ အသေးစိတ်ပါရမည်။ တရားဝင် လမ်းကြောင်း တွေကို ထိန်းချုပ်စရာမလိုပါ။ နယ်စပ်လမ်းကြောင်းတွေကို ထိန်းချုပ် လိုက်ပါ။ ထိုအချက်က အကောင်းဆုံးပါ။ တာချီလိတ်ကနေ တခြားနိုင်ငံ တွေကိုသွားသည် ဆိုသည်မှာ ပွင့်ပွင့်လင်းလင်းပြောရလျှင် ယခင် ကတည်းက ရန်ကုန်လေဆိပ်ကနေ တင်းကြပ်လိုက်ခြင်းကြောင့်တာချီလိတ်ကနေတစ်ဆင့် သွားကြပါသည်” ဟု ၎င်းက ဆက်လက်ပြောသည်။ ယခင်ကာလကတည်းက အလုပ်သမားဝန်ကြီးဌာန၏ထိန်းချုပ်မှုများကြောင့် မြန်မာလုပ်သားများအနေဖြင့် တာချီလိတ် အပါအဝင် အခြားနယ်စပ်ဂိတ်များမှတစ်ဆင့် တရားမဝင် သွားရောက်မှု များရှိနေပြီး ယခုနောက်ပိုင်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
ကိုးကား- NP News

ပြီးခဲ့သည့် မတ် ၂၀ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၄၆/၀ အနီးတွင် အဝေးပြေးခရီးသည်တင်ယာဥ်တစ်စီးတိမ်းမှောက်ကာ လိုက်ပါလာသောခရီးသည်များ ယာဥ်အတွင်း၌ပိတ်မိနေခဲ့ကြောင်း သိရသည်။
ထိုသို့ ပိတ်မိနေသည့်ခရီးသည်များအား မန္တလေးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့မောင်းနှင်လာသော Elite Express ယာဥ်လိုင်းမှ ယာဥ်အမှတ် 1F-8742 မှတွေ့ရှိခဲ့သဖြင့် ယာဥ်ပေါ်တွင်တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများမှ ပိတ်မိနေသောခရီးသည်(၁၇)ဦးအား အပြင်သို့ကူညီကယ်ထုတ်ပေးခဲ့ကြသည်။

ကယ်ထုတ်ပေးမှုများပြုလုပ်ပြီးနောက် ယာဥ်ပေါ်တွင်အသင့်ပါလာသော အခြေခံဆေးဝါးများဖြင့် ကျန်းမာရေးပြုစုခြင်းများပြုလုပ်ပေးခဲ့ကြသဖြင့် ခရီးသည်(၁၇)ဦးလုံးမှာ သေဆုံးမှုမရှိခဲ့ဘဲ ထိခိုက်ဒဏ်ရာရသူအနည်းငယ်သာရှိခဲ့သည်။
ထို့ကြောင့် Telematic Control Center မှ တာဝန်ရှိသူများက ကူညီပေးခဲ့ကြသော Elite Express ဝန်ထမ်းများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်ခဲ့ကြသည်။
Source: Popular Myanmar

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့- ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်နေခြင်းလည်း ဖြစ်သည်။

ထိုမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နှင့်လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများသည် ကူးသန်းသွားလာမှုလွယ်ကူမြန်ဆန်လာမည်လည်း ဖြစ်သည်။
ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် ၈၀၁ မီတာ၊ အကျယ် ၉.၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL) ဖြင့်တည်ဆောက်နေဆဲဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် နေ့ကလေးထိန်း(မူကြို) ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် တံတားဦးခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တံတားဦးမြို့ စီမံအုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ ပူးပေါင်းပြီး ပြည်သူ့ အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို မေလ ၉ ရက်နေ့၊နံနက် (၇) နာရီက အဆိုပါကျောင်း၌ ဆောင်ရွက်ကြကြောင်း သိရသည် ။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့ တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိ သူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံမှဝန်ထမ်းများနှင့်အတူ ပြည်သူ့ဆေးရုံကြီးဝန်း အတွင်းရှိ ချုံနွယ်များ၊ ပေါင်းပင်၊ မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြပြီး ထွက်ရှိလာသော အမှိုက်သရိုက်များနှင့် ချုံနွယ်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ကြသည်။ စုစုပေါင်းသန့်ရှင်းဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်အဆင့်ဝန်ထမ်း များနှင့် လူမှုရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၈၀)ဦး တက်ရောက်ဆောင်ရွက်ကြကြောင်းသိရသည်။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် စက်သုံးဆီ (92) နှင့် ပရီမီယံတို့ကို တစ်လီတာ ၄၅၀၀ ကျပ် နှုန်းဖြင့် မေ ၁၁ ရက်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စက်သုံးဆီများကို ဆိုင်ကယ်တစ်စီးလျှင် နှစ်လီတာ၊ မော်တော်ယာဉ် တစ်စီးလျှင် ၁၀ လီတာနှုန်းဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိရာ စက်သုံးဆီဖြည့်တင်းရန် လာရောက်ကြသူ များပြားလျက် ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဆိုင်အနေဖြင့် ယခုသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းပေးသည့် စက်သုံးဆီ လီတာ အရေအတွက်က တစ်ရက်ကို လီတာလေးထောင်ကျော်ပါသည်။ စရောင်းသည့်နေ့ကဆိုလျှင် နံနက် ၁၀ နာရီ လောက်တွင် ရောင်းကုန်ပါသည်။ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းကုန်သွားလျှင် ယင်းနေ့မှာ အပြင်ပေါက်ဈေးအတိုင်းရောင်းချပါသည်” ဟု စက်သုံးဆီရောင်းချသူ တစ်ဦးက ပြောကြားသည်။
လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် စက်သုံးဆီ (92) နှင့် ပရီမီယံတို့ကို တစ်လီတာ ၄၅၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးသည့် ဆိုင်နှစ်ဆိုင်ရှိပြီး လားရှိုးမြို့၊ ရပ်ကွက် (၁၂) ရှိ Regency စက်သုံးဆီဆိုင်နှင့် လားရှိုးမြို့အဝင်ရှိ အသောကစက်သုံးဆီဆိုင်တို့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကိုးကား- Eleven Media Group

သံ၊ သံမဏိ၊ ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးမည့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် တပေါင်းကွင်း၌ မေလ ၁၂ ရက်နေ့တွင် စတင်ကျင်းပနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါဈေးရောင်းပွဲတော်ကို မေ ၁၂ ရက်မှစတင်၍ ၁၈ ရက်နေ့ အထိ ၇ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကုမ္ပဏီပေါင်း ၆၁ ခုတို့က ပြခန်းပေါင်း ၇၄ ခုဖွင့်လှစ်ကာ ဘိလပ်မြေ၊ သံ၊ သံမဏိ စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများစွာကို သက်သာသော ဈေးနှုန်းဖြင့် လွတ်လပ်စွာဝယ်ယူနိုင်သည်ဟုဆိုသည်။

ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများကိုအများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူ နိုင်ရန် ရည်ရွယ်၍ ယင်းဈေးရောင်းပွဲတော်ကို ကျင်းပခြင်းဖြစ်သည်ဟု သိရပြီး နေပြည်တော်အပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား- ဒေသတွင်းမီဒီယာ

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ ဆရာဝန်၊ ဆရာမများနှင့်အတူ လက်တွဲ၍ ဧရာဝတီဖောင်ဒေးရှင်းမှ အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သား နှစ်ရာကျော်တို့က မေတ္တာဖြင့် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်လည်း မန္တလေးပြည်သူ့ဆေးရုံကြီး (၉)ထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အပျက်အစီးများ ရှင်းလင်းခြင်း၊ ပျက်စီးခဲ့သည့် အစိတ်အပိုင်းများ ပြုပြင်မွမ်းမံပေးခြင်း၊ လိုအပ်သည့် အဲကွန်းများ ဖြည့်စွက်တပ်ဆင်ပေးခြင်း၊ M&E လုပ်ငန်းများ စစ်ဆေးပြုပြင်ပေးခြင်းနှင့် သန့်ရှင်းရေးတို့ကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် မေ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ မေ ၇ ရက်မှစ၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။
ထိုသို့အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် အထူးလေယာဉ်ပေါ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ပြီး မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဖော်ပြလိုက်ရပါသည်။
မေး။ ။ ဗိုလ်ချုပ်မှူးကြီးရှင့်၊ မတ် ၃ ရက်မှ ၉ ရက်အထိ သွားရောက်ခဲ့တဲ့ မြန်မာ-ရုရှား ချစ်ကြည်ရေးခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့ဆွေးနွေးညှိနှိုင်းမှုရလဒ်များက မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိခဲ့ပါတယ်။ ယခု မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ကျွန်မတို့နိုင်ငံအတွက် ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့သလဲဆိုတာ သိချင်ပါတယ်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/69713