Tachileik Night Market တွင် ဈေးရောင်းချလိုသူများ စာရင်းပေးသွင်းနိုင်ပြီဟုဆို
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင်ဖွင်လှစ်မည့် Tachileik Night Market ၌ ဈေးဆိုင်ဖွင့်လှစ်ရောင်းချလိုသူများအနေဖြင့် ဇန်နဝါရီ (၁၆)ရက်တွင် ညဈေးကြီးကြပ်မှုကော်မတီထံ သတ်မှတ်လျှောက်လွှာဖြင့် စတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ညဈေးကိုဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းလမ်းတွင်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး ၊ ဇန်နဝါရီ (၁၆) ရ က်မှ (၂၀) ရက်အတွင်း တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် နံနက် (၁၀) နာရီမှ မွန်းလွဲ (၃) နာရီအထိ လာရောက် စာရင်းပေးလျှောက်ထားနိုင်ကြောင်း သိရသည်။
တာချီလိတ် ညဈေးကြီးကြပ်မှုကော်မတီအနေဖြင့် ဇန်နါရီ (၂၁) ရက်တွင် အောင်မြတ်ခန်းတွင်ဈေးဆိုင်ဖွင့်လှစ်ရောင်းချလိုသူများနှင့် တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့တွင်းလမ်းမကြီး ဘေးဝဲ/ယာ တစ်လျှောက်တွင် ဖွင့်လှစ်ရောင်းချနေကြသော အိမ်ဆိုင်များ၊ ဈေးဆိုင်များအနေဖြင့် အများပြည်သူနှင့် သက်ဆိုင်သောလမ်းများ၊ ရေမြောင်းများ၊ ပလက်ဖောင်းများပေါ်တွင် ကုန်ပစ္စည်းများ ခင်းကျင်းရောင်းချခြ င်း၊ ကြော်ငြာဆိုင်းဘုတ်များချထားခြင်းအား လုံးဝမပြုလုပ်ကြရန်နှင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၂၅) ရက် နောက်ဆုံးထား ဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ခဲ့ပြီးနောက် အဆိုပါ လမ်းဘေးပျံကျသည်များကို Tac hileik Night Market ဖွင့်လှစ်ပေးကာ စနစ်တကျ ရောင်းချခွင့်ပြုခြင်းလည်းဖြစ်သည်။
Source: Popular Myanmar