သတင်းများ

မြန်မာ့ GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းစဉ်

GAP ဆိုသည်မှာ 

GAP (စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ) ဆိုသည်မှာ မြေပြုပြင် စိုက်ပျိုး ထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ် ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံး ဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်း ထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများ ဖြစ်ပါသည်။

“သီးနှံများအတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စံချိန်စံညွှန်း” ကို စိုက်ပျိုးရေးဦးစီးဌာနမှ မူကြမ်းရေးဆွဲခဲ့ပြီး၊  စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ဖွဲ့စည်းထားသော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ် ကော်မတီ အဖွဲ့ဝင်များမှ အဆင့်ဆင့် ပြင်ဆင်ဖြည့်စွက်ညှိနှိုင်းဆွေးနွေး၊ အတည်ပြုချက် ရရှိခဲ့ပြီးနောက် နိုင်ငံတော် စံချိန်စံညွှန်းအဖြစ် အတည်ပြုချက်ရရှိရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီသို့ ပေးပို့တင်ပြခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ကျင်းပသော အမျိုးသား စံချိန်စံညွှန်းကောင်စီ အစည်းအဝေး (၁/၂၀၂၀) မှ MMS GAP 23:2020 ဖြင့် “သီးနှံများအတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စံချိန်စံညွှန်း” ကို နိုင်ငံတော်စံချိန်စံညွှန်းအဖြစ် အတည်ပြုချက်ရရှိခဲ့ပါသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်စွာထုတ်လုပ်၍ ဈေးကွက်သို့ ပိုမိုတင်ပို့ ရောင်းချ နိုင်ရေးအတွက် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ မြန်မာ(GAP) အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရန် တိုင်း၊ ခရိုင်၊ မြို့နယ် GAP Inspector Team များ ဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနခွဲများ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ပညာပေးရေးနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များသည် သက်ဆိုင်ရာ ဌာနခွဲ၊ တိုင်း၊ ခရိုင်တို့၏ စီမံကွပ်ကဲမှုဖြင့် (သီးနှံကာကွယ်ရေး/ မြေအသုံးချ / စိုက်ပညာ/ မျိုးစေ့) တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ 

ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တောင်သူများထားရှိ ရေးသွင်းရမည့် မှတ်တမ်းပုံစံများ ဖြန့်ဝေခြင်း၊  တောင်သူများ၏ စိုက်ကွင်းတွင် ခဲ၊ ပြဒါး နှင့် အာဆင်းနစ် စသည့် Heavy Metal များ ပါဝင်မှုနှင့် အာဟာရဓာတ်များ ပါဝင်မှု အခြေအနေအား စစ်ဆေးနိုင်ရန် မြေ၊ ရေ နမူနာများ ရယူခြင်းနှင့် ဓါတ်ခွဲခန်းသို့ ပေးပို့ခြင်း၊ သီးနှံများ ခူးဆွတ်ပြီးနောက်ပိုင်း သတ်မှတ်ထားသော အမြင့်ဆုံး ပိုးသတ်ဆေး ဓါတ်ကြွင်း အာနိသင် ပါဝင်မှုကို တိုင်းတာစစ်ဆေးရန် ဆောင်ရွက်ခြင်း၊ ဘက်စုံပိုးမွှား ကာကွယ်ရေး နည်းစနစ်များ အသုံးပြု ဆောင်ရွက်မှု၊ စိုက်ခင်းသန့်ရှင်းရေး၊ ရေအိမ် ဆောက်လုပ်ထား ရှိမှုနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ပုံ စသည်တို့အပြင် ခူးဆွတ်ပြီးနောက်ပိုင်း လုပ်ငန်းစဉ်များ အဆင့်ဆင့် ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆင့်အတန်း ခွဲခြားခြင်း၊ ထုတ်ပိုး ပြုပြင်ခြင်းနှင့် အမှတ်တံဆိပ်ကပ်ခြင်းတို့တွင် စနစ်တကျ ဆောင်ရွက်ခြင်းနှင့် သန့်ရှင်းရေး လိုက်နာ ကျင့်သုံးမှုတို့ကို စစ်ဆေးဆောင်ရွက်ရပါသည်။

Township Admin မှ Online Digitalization ဆောင်ရွက်မှု။ မြို့နယ်ဦးစီးမှူးမှ လျှောက်လွှာများကို စိစစ်၍ ထောက်ခံအတည်ပြုချက်နှင့်အတူ လျှောက်လွှာများအား (GAP website) သို့ (Township Admin) အကူအညီဖြင့် တင်သွင်းဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်း ပြီးမြောက်မှု (၂၀ %) အဖြစ် သတ်မှတ် ပါသည်။

District Admin မှ Online Digitalization ဆောင်ရွက်မှု။ ခရိုင်ကွင်းဆင်း စစ်ဆေး ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ ရေ၊ မြေ စစ်ဆေးမှုအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ (GAP Guideline) နှင့် အညီ ဆောင်ရွက်ထားရှိမှု မှတ်တမ်းများအား ခရိုင်ဦးစီးမှူးမှ ထောက်ခံ အတည်ပြု၍ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးထံ တင်ပြဆောင်ရွက်ပါသည်။ ခရိုင်ဦးစီးမှူး၏ ထောက်ခံအတည်ပြုချက်နှင့်အတူ စစ်ဆေးချက်မှတ်တမ်းများအား (GAP website) သို့ တင်သွင်းဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်း ပြီးမြောက်မှု (၅၀%) အဖြစ် သတ်မှတ်ပါသည်။

Region/State Admin မှ Online Digitalization ဆောင်ရွက်မှု။ ခရိုင်ဦးစီးမှူး၏ ထောက်ခံ အတည်ပြု ချက်ဖြင့် တင်ပြလာသော (GAP Guideline) နှင့်အညီ ဆောင်ရွက်ထားရှိမှု မှတ်တမ်းများအား တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးမှ စစ်ဆေးထောက်ခံ၍ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲ၊ ညွှန်ကြားရေးမှုးထံ တင်ပြ ဆောင်ရွက်ရသည်။ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးမှထောက်ခံအတည်ပြုချက် နှင့်အတူ စစ်ဆေးချက်မှတ်တမ်းများအား (GAP website)သို့ တင်သွင်းဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်းပြီးမြောက်မှု (၇၀%) အဖြစ် သတ်မှတ်ပါသည်။

Main Admin မှ Online Digitalization ဆောင်ရွက်မှု။ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူး၏ ထောက်ခံချက်ဖြင့် တင်ပြလာသော မှတ်တမ်းများအား၊  ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာ ဌာနခွဲ၊ GAP ဌာနစိတ်မှ စိစစ်၍  GAP အသိအမှတ်ပြု လက်မှတ်များအား စီမံ၍  ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲ၊ ညွှန်ကြားရေးမှုး၏ ထောက်ခံချက်နှင့်အတူ ညွှန်ကြားရေးမှုးချုပ် (စိုက်ပျိုးရေး ဦးစီးဌာန) ထံ တင်ပြဆောင်ရွက်ရသည်။ မြို့နယ်၊ ခရိုင်၊ တိုင်း/ ပြည်နယ် များမှ  ထောက်ခံအတည်ပြုချက်များနှင့်အတူ စစ်ဆေးချက်မှတ်တမ်းများအားလုံးအား GAP website တွင် စိစစ် ၍ GAP certificate ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်း ပြီးမြောက်မှု (၁၀၀%) အဖြစ် သတ်မှတ်ပါသည်။

ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲ၊ GAP ဌာနစိတ်၏ Certification ဆိုင်ရာ လုပ်ငန်းတာဝန်များ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • တိုင်းဒေသကြီး/ ပြည်နယ်များမှ လျှောက်ထားမှုများကို Admin Panel မှ တစ်ဆင့် နေ့စဉ်စစ်ဆေးရန်

  • တိုင်းဒေသကြီး/ ပြည်နယ်များမှ ထောက်ခံချက်ပေးပြီး (၇၀ %) အဆင့်ရှိ လျှောက်လွှာများကို(GAP)အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်

  • Excel export ထုတ်ယူခြင်း

  • QR code အတွက် data ထည့်သွင်းခြင်း

  • Certificate တွင် တောင်သူ၏ data အချက်အလက်များ ဖြည့်သွင်းခြင်း

  • အုပ်စုအဖွဲ့ဝင်များ၏ စာရင်းများ ပြုစုရေးသွင်းခြင်း

  • DG (ညွှန်ကြားရေးမှူးချုပ်) လက်မှတ်အတွက် အပေါ်စာ ပြင်ဆင်ခြင်း

  • DG လက်မှတ်ထိုးပြီးသော Certificate များအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပေးပို့ရန်အတွက် ညွှန်ကြားရေးမှူးအပေါ်စာ ပြင်ဆင်ခြင်း

အထက်ဖော်ပြပါ အကြောင်းအရာများသည် စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ဖော်ပြချက်အား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ကိုးကား -https://www.doa.gov.mm/doa/index.php?route=information/information&information_id=32

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန နှစ်ပတ်လည် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ခံများနှင့်အတူ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန၊ အစည်အဝေးခန်းမ(၅)တွင် ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်သည့် အားသာချက်၊ အားနည်းချက်၊ သုံးသပ်ဖော်ထုတ်ချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ တစ်ဦးအား ဂုဏ်ပြုဆု (၁) ဆု၊ ခွင့်လုံးဝမယူသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆု (၅) ဆု၊ စာကြည့်တိုက်မှ စာအုပ်ငှားရမ်း ဖတ်ရှုမှုအများဆုံးဂုဏ်ပြုဆု (၃) ဆု၊ Website တွင် ဆောင်းပါးအများဆုံး ပြုစု ရေးသားသည့် ဂုဏ်ပြုဆု (၁) ဆု၊ အချိန်ပိုတာဝန်ထမ်းဆောင်မှုအများဆုံးဂုဏ်ပြုဆု (၃)ဆုတို့အား ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအမှူးတို့က ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

ကိုးကား-NSPD

ရန်ကုန်-တောင်ငူ-မန္တလေးလမ်းပိုင်းမှ နေ့ရထားများဖြစ်သည့် အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့ပြေးဆွဲချိန်ပြောင်းလဲ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ရန်ကုန်-တောင်ငူ-မန္တလေးရထားလမ်းပိုင်းတွင်ပြေးဆွဲနေသည့် အမြန်နေ့ရထားများဖြစ်သော အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့ သည် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်၍ ပြေးဆွဲချိန်များကိုပြောင်းလဲခဲ့ကြောင်း သိရသည်။

အမှတ်-၁၁ အဆန်နေ့ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ နေ့လည် ၁ နာရီတွင်ရောက်ရှိမည်ဖြစ်ပြီး မန္တလေးဘူတာသို့ ည ၆ နာရီ ၄၂ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ်-၁၂ အစုန်နေ့ရထားမှာ မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ နံ နက် ၁၁ နာရီ ၅၄ မိနစ်တွင်ရောက်ရှိကာ ရန်ကုန်ဘူတာကြီးသို့ ည ၆ နာရီ ၅၁ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ ဖြူး၊ တောင်ငူ၊ ဆွာ၊ ပျဥ်းမနား၊ နေ ပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ သဲတော၊ ကျောက်ဆည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထွက်ခွာချိန်ပြောင်းလဲပြေးဆွဲနေသည့် အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့အား နေ့စဥ်ပြေးဆွဲပေးလျက်ရှိကာ လိုက်ပါစီးနင်းမည့်သူများအနေဖြင့် ရထားလက်မှတ်ခ တစ်ဦးလျင် ရိုးရိုးတန်း (၁၁၀၀၀)ကျပ်၊ အထက်တန်း (၂၁၀၀၀)ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar

မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများ ကြုံတွေ့နေသည့် နိုင်ငံခြားသား များကို ရှာဖွေကူညီကယ်တင်ပေးမှုများ ဆောင်ရွက်

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသောကာလဖြစ်သည့် ၂၀၂၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများကြုံတွေ့နေသော နိုင်ငံခြားသားများကို ကူညီစုံစမ်း ရှာဖွေကယ်တင်ပေးနိုင်ပါရန် သက်ဆိုင်ရာနိုင်ငံအသီးသီးက သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲ ဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးအရာရှိ လမ်းကြောင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ အကြောင်းကြားစာများ ပေးပို့လာခဲ့ပါသည်။

 ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ကူညီစုံစမ်းရှာဖွေ ကယ်တင်ပေးနိုင်ပါရန် မေတ္တာရပ်ခံလာသူ ၄၆၆၆ ဦး (အမျိုးသား ၃၈၆၇ ဦး၊ အမျိုးသမီး ၇၉၉ ဦး) ရှိပြီး ၎င်းတို့ရောက်ရှိနေသည့် နယ်စပ်ဒေသအချို့သည် တိုင်းရင်းသားလက်နက်ကိုင်များ အခြေပြုနေထိုင်သည့် နယ်မြေများဖြစ်သဖြင့် ၎င်းတို့အား ကူညီစုံစမ်းရှာဖွေကယ်တင်ပေးနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် ညှိနှိုင်း၍ စုံစမ်းဖော်ထုတ်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ စုံစမ်းရှာဖွေခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ ရှာဖွေကယ်တင်နိုင်ခဲ့သူ ၁၃၉၉ ဦး (အမျိုးသား ၁၀၄၉ ဦး ၊ အမျိုးသမီး ၃၅၀ ဦး) အနက်မှ ၁၃၂၇ ဦး (အမျိုးသား ၉၈၅ ဦး၊ အမျိုးသမီး ၃၄၂ ဦး) ကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး လွှဲပြောင်းပေးရန်ကျန်ရှိသူ ၇၂ ဦး (အမျိုးသား ၆၄ ဦး ၊ အမျိုးသမီး ၈ ဦး) ကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ရှာဖွေကယ်တင်ပေးရန်ကျန်ရှိသူ ၃၂၆၇ ဦး (အမျိုးသား ၂၈၁၈ ဦး၊ အမျိုးသမီး ၄၄၉ ဦး) ကို အမြန်ဆုံး ကူညီကယ်တင်နိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေ အလိုက် စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ် အသိပေးသွားမည်ဖြစ်ပါသည်။
 ထိုသို့ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေ များအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ ကျူးလွန်စေရန် ငွေကြေးဖြင့် မက်လုံးပေးစည်းရုံးမှုများကြောင့် အဓမ္မလူကုန်ကူးခြင်းခံထားရသည့် တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁ ဦး၊ ပါကစ္စတန် နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၆၁ ဦး တို့အား ရှာဖွေ တွေ့ရှိသဖြင့် လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မြန်မာ-ထိုင်း၊ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ လွှဲပြောင်းပေးခဲ့သည့် အဆိုပါနိုင်ငံခြားသား ၆၁ ဦးတွင် သက်ဆိုင်ရာနိုင်ငံများက ကူညီစုံစမ်းရှာဖွေကယ်တင်ပေးနိုင်ပါရန် မေတ္တာရပ်ခံအကြောင်းကြားထားသော အိန္ဒိယနိုင်ငံသား ၁၂ ဦး (အမျိုးသား ၉ ဦး ၊ အမျိုးသမီး ၃ ဦး)၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး (အမျိုးသား ၂ ဦး ၊  အမျိုးသမီး ၂ ဦး )၊ တရုတ်နိုင်ငံသား ၅ ဦး (အမျိုးသား ၄ ဦး ၊ အမျိုးသမီး ၁ ဦး)၊ စုစုပေါင်း ၂၁ ဦး (အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၆ ဦး) ပါဝင်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ နိုင်ငံသံရုံးများသို့လည်း အသိပေးအကြောင်းကြားထားပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်း လောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို အိမ်နီးချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရဲတပ်ဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံခြား သားများအား  ကူညီကယ်တင်၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: www.moha.gov.mm 

မင်္ဂလာတောင်ညွန့်တွင် ယာဉ် (၄)စီး ဆင့်တိုက်ပြီး (၄) ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်၊ သံသုမာလမ်းပေါ် ယာဉ် (၄)စီးဆင့်တိုက်မိမှု ဖြစ်ပွားပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။

ယနေ့ ဖေဖောဝါရီ (၁၇)ရက်၊ နံနက် (၁၀)နာရီခွဲအချိန်ခန့်က ၎င်းနေရာတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သတင်းအရ YRO အဖွဲ့ဝင် ပုသိမ်ညွန့်လူမှုကူညီရေးအသင်း၊ မြန်မာမွတ်စလင်မ်ပရဟိတအသင်းနှင့် မေတ္တာရောင်ခြည်လူငယ်များ ပရဟိတအသင်းတို့မှ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁)ဦးတို့မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး လိုအပ်သည့် မြေပြင်ဆေးကုသမှုများပြုလုပ်ပေးကာ မြန်မာမွတ်စလင်မ်ပရဟိတအသင်း၊ မေတ္တာရောင်ခြည် လူငယ်များပရဟိတအသင်းတို့၏ အရေးပေါ်လူနာတင်ယာဉ် (၂) စီးဖြင့် စံပြအထွေထွေရောဂါကုဆေးရုံ(သင်္ဃန်းကျွန်း)သို့ ကူညီပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၁၆)ရက်၊ ည (၈)နာရီအချိန်ခန့်ကလည်း ရွှေပြည်သာမြိုနယ်၊ (၂)ရက်ကွက်၊ အမှတ်(၄) လမ်းမ၊ ရွှေပြည်သာကွေ့မီးပွိုင့်တွင် ယာဉ်(၃)စီး ဆင့်တိုက်မှု ဖြစ်ပွားပြီး အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာများရခဲ့ပြီး (၁)ဦးမှာ ဒဏ်ရာအပြင်းထန်ရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၊ ဒေသခံများနှင့် နယ်မြေခံ ပရဟိတအသင်းတို့ထံမှ သိရသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်း ကျေးရွာအုပ်စု၊ ပင်တောကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီး ဦးဆောင်သည့် အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့မျာ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်း ကျေးရွာအုပ်စု၊ ပင်တောကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီး ဦးဆောင်သည့် အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင် ပရဟိတအဖွဲ့နှင့် ပြည်သူလူထုများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။ 

Source:  DDM

15 February 2025

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က မန္တလေးတိုင်းဒေသကြီး၊  အမရပူရမြို့နယ်၌  တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအကြမ်းထည်တုံးများနှင့် ကျောက်စိမ်းလက်ကောက်များ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအနီးရှိ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမရပူရခရိုင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ်  စစ်ကိုင်းမြို့မှ မန္တလေးသို့ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်နေ  ခိုင်ဇင်ဦး(ခ)အရှည်ကြီး(၃၈)နှစ် မောင်းနှင်လာသည့် YGN-19 8K/XXXX Light Truck ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏နောက်ခန်းရှိ ပလတ်စတစ်ဆီပုံးများအတွင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ သိုဝှက်သယ်ဆောင် လာသည့် ကျောက်စိမ်းအကြမ်းထည် ၉ တုံး၊ ကျောက်စိမ်းလက်ကောက် ၇၁၀ ကွင်းတို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့်  ခိုင်ဇင်ဦး(ခ)အရှည်ကြီးအား အမရပူရမြို့မရဲစခန်း(ပ)၂၇/၂၀၂၅၊ မြန်မာ့ကျောက်မျက် ရတနာဥပဒေ ပုဒ်မ ၅၁(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

14 February 2025

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ အားဘ(ခ)အားဆာ မောင်းနှင်ပြီး မမိုးမိုးအေး လိုက်ပါလာသည့် MITSUBISHI PAJERO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်း ဖမ်းဆီးရမိခဲ့သည်။
     အလားတူ ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အဝေးပြေးကားကြီးဝင်းတွင် ထွန်းဇော်ဒေးဦးနှင့် မဖြူဖြူအောင်တို့ နှစ်ဦးအား TOYOTA NOAH VOXY မော်တော်ယာဉ် တစ်စီးနှင့်အတူ ငါးခြောက်အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စောအုန်းကြွယ်(ခ)အုန်းကျော်အား ဆိုင်ကယ် တစ်စီးနှင့်လည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် တိုးတက်ထွန်း(ခ)တိုးကြီးနှင့် ကောင်းဆက်ကျော်(ခ)ကိုဆက်တို့အား TOYOTA WISH မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့သည်။
     စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

လူကုန်ကူးမှုနှင့် ကျားဖြန့်လိမ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန် ထိုင်းဒုဝန်ကြီးချုပ်ထံ BGF ခေါင်း‌ဆောင်စာပို့အကူညီတောင်း

လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ကရင်နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူက စာ‌ပေးပို့အကူညီ တောင်းခဲ့ကြောင်း သိရသည်။

ကရင်နယ်ခြားစောင့်တပ် ဗိုလ်ချုပ်စောချစ်သူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့်စာကို ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ဖေဖော်ဝါရီ (၁၃)ရက်က ပေးပို့လိုက်ခြင်းဖြစ်သည်။

ပေးပို့စာ၌ မိမိဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် တရားမဝင် လာရောက်လုပ်ကိုင်နေကြသည့် လူ-ကုန်ကူးမှုကျူးလွန်သူများနှင့် လိ-မ်လည်လှည့်ဖျားသူများ (ကျားဖြန့်) အား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက် ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာသံရုံးများသို့ ပို့ဆောင်ပေးလျက်ရှိပါသည်ဟု ဖော်ပြထားသည်။

ထို့သို့ ပြန်လည်ပို့ဆောင်ရာတွင် မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတဆင့် မြန်မာနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံအစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းအတွက် ပိုမိုမြန်ဆန်ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဒုတိယဝန်ကြီးချုပ်မှ လိုအပ်သလို လမ်းညွန်ကူညီမှုပြုနိုင်ရန် လေးစားစွာ တင်ပြအပ်သည်ဟု ပါရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၁၄)ရက် နံနက်ပိုင်းတွင်လည်း ကရင် ပြည်နယ်၊ မြဝတီခရိုင် ၊ ‌ရွှေက္ကိုလ်မြို့သစ်အတွင်း ဖွင့်လှစ်ထားရှိသည့် ဟိုတယ်နှင့် ဖျော်ဖြေရေးလုပ်ငန်းအမည်ခံကာ လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းကာ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီခရိုင်အတွင်း ကျားဖြန့်နှင့် လူမှောင်ခိုရေးနှိမ်နင်းရန် ဖေဖော် ဝါရီ (၁၂)ရက်တွင် အထူးအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းလိုက်ပြီး (၂)ရက်အကြာ စတင်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ဝင်ရောက်စီးနင်းမှုတွင် တရုတ်အပါအဝင် နိုင်ငံခြားသား (၁၀၀၀) ကျော်ကို ယာယီထိန်းသိမ်းခဲ့ပြီး (၅၀၀) စီ နှစ်ခေါက်ခွဲ၍ ထိုင်းအာဏာပိုင်များထံပြန်လည် အပ်နှံသွားမည်ဖြစ်ကြောင်း BGF နှင့် နီးစပ်သူများထံမှ သိရသည်။

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာကသိရှိစေရန် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် သနပ်ခါးနှင့်ပတ်သက်၍ အများပြည်သူ၏ သဘောထားစစ်တမ်း ကောက်ခံခြင်းကို ဆောင်ရွက်လျက်ရှိပြီး မတ်လမတိုင်မီ ယူနက်စကိုသို့ တင်ပြသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ သိရသည်။

အဆိုပါ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုရေးကို ၂၀၂၀ ပြည့်နှစ်က ဆောင်ရွက်ခဲ့ရာ လိုအပ်ချက်များနှင့် အများပြည်သူပါဝင်သည့် အထောက်အထားများ ထပ်မံဖြည့်ဆည်း၍ ယခုနှစ်တွင် ဆက်လက် ဆောင်ရွက်ခြင်းဖြစ်ပြီး တပိုတွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။

အများပြည်သူတို့၏ သဘောထားစစ်တမ်းကောက်ခံချက်များကို ယူနက်စကိုအဖွဲ့အစည်းသို့ တင်ပြသွားမည်ဖြစ်ပြီး သနပ်ခါးနှင့် ပတ်သက်သည့် သဘောထားစစ်တမ်းကောက်ယူမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ဌာနခွဲများအလိုက် ဆောင်ရွက်လျက်ရှိရာ တပို့တွဲလပြည့်နေ့က မန္တလေး နန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်နှင့် အောင်မြေသာစံမြို့နယ်ရှိ ရွှေနန်းတော်ကျောင်းတို့တွင် အများပြည်သူ ပိုမိုသိရှိပြီး ပူးပေါင်းပါဝင်လာစေရန်အတွက် မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်အဖြစ် သနပ်ခါးလိမ်းခြယ်ခြင်းနှင့် သဘောထားစစ်တမ်းကောက်ယူခြင်း လှုပ်ရှားမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုမှ အသိအမှတ်ပြုရေး ဆောင်ရွက်ရန် အများပြည်သူ ပူးပေါင်းပါဝင်မှုရှိကြောင်းနှင့် သနပ်ခါးသုံး စွဲမှုနှင့်ပတ်သက်၍ မိမိတို့၏သဘောထားများ ဖြည့်စွက်ရာ၌ သနပ်ခါး သုံးစွဲသည့်အကြောင်းအရင်းနှင့် ယူနက်စကိုအသိအမှတ်ပြုရေးတွင် ပူးပေါင်း ပါဝင်သဘောတူကြောင်းတို့ကို ဖြည့်စွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာ့ သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားသည့် တပိုတွဲလပြည့်နေ့တွင် မန္တလေး မြို့၊ နန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်နှင့် ရွှေနန်းတော် ကျောင်းတို့တွင် သနပ်ခါးများ၊ ကျောက်ပျဉ်များနှင့် မှန်များထားရှိပြီး လာရောက်သူများအား သနပ်ခါးလိမ်းခြယ်စေခြင်းနှင့် QR Scan ဖတ်၍ ၎င်းတို့၏ သဘောထားစစ်တမ်းများ ကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုးကား- ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန