သတင်းများ

တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ(ဗီနိုင်း) စိုက်ထူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲကို မေလ ၁၉ ရက်နေ့၊ နံနက် (၈) နာရီက တံတားဦးမြို့ အမှတ် (၂) ရပ်ကွက် ဆုံကုန်းရပ် တံတားဦး-မြို့သာကားလမ်း မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ကျင်းပကြောင်း သိရသည် ။

 ရှေးဦးစွာ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ ၊ အခြေခံပညာအထက်တန်း ၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီးများနှင့်ဆရာ ၊ ဆရာမများက ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက် ပိုစတာ (ဗီနိုင်း)အား စိုက်ထူပေးကြသည် ။ ထို့နောက် မင်္ဂလာအချိန်တွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ တံတားဦးခရိုင်၊ ပညာရေးမှူး(တာဝန်ခံ) ဆရာကြီး ဦးစိုးတင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းဥတို့က မြေစိုက်ပိုစတာအား အမွှေးနံ့ရည်များ ပက်ဖြန်းပေးကြပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြသည်။ မြေစိုက် ပိုစတာတွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ပါရှိပြီး အဆိုပါဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို မေ(၂၂)ရက်နေ့မှ ဇွန်(၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည် ။

အဆိုပါမြေစိုက်ပိုစတာပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးဝန်ထမ်းများ ၊အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ကြကြောင်းသိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

လားရှိုးမြို့တွင်း နေထိုင်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြား လူဝင်မှုကြီးကြပ်ရေးကိစ္စများ စတင်ပြုလုပ်ပေး

လားရှိုးမြို့တွင်း နေထိုင်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြား လူဝင်မှုကြီးကြပ်ရေးကိစ္စများစတင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း လားရှိုး မြို့ခံ အချို့၏ ပြောကြားချက်များအရ သိရသည်။

မေ ၁၉ ရက်မှ စတင်ကာ လားရှိုးမြို့ပေါ်တွင် နေထိုင်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လားရှိုးမြို့နယ် ဦးစီးမှူးရုံးတွင် မှတ်ပုံတင်များပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးခဲ့သည့် မှတ်ပုံတင်များ၊ အိမ်ထောင်စုစာရင်းများ၊ မွေးတိုးပြုလုပ်ခြင်းများ၊ UID ကောက်ယူခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရ သည်။

“ဒီနေ့ကစပြီး လုပ်ပေးနေတယ်။ မှတ်ပုံတင်ပျောက်သွားတဲ့သူတွေ အတွက်ရော၊ တခြားသန်းခေါင်စာရင်း ပျောက်ဆုံးပျက်စီးသွားတာတွေ အတွက်ရော၊ UID ကောက်ယူတာရော ပြန်လုပ်ပေးနေတယ်။ ဒီနေ့ စလုပ်ပေးတာပေါ့” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့၏ အခြေအနေမှာ ဌာနဆိုင်ရာယန္တရားများ ပုံမှန် လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီးမှာမူ မြို့ပေါ်အချို့ ရပ်ကွက်များတွင်သာ ရရှိသေးကြောင်း သိရသည်။

“လျှပ်စစ်မီးကတော့ ရတဲ့နေရာတွေမှာတောင် ပြတ်နေတယ်။ နေရာ တော်တော်များများတော့ မရသေးဘူး။ ရေကတော့ စည်ပင်က ဖြန့်ဖြူး နိုင်အောင် လုပ်ပေးနေတာတွေ့တယ်။ တခြားဌာနဆိုင်ရာတွေကတော့ ပြန်လည်ပတ်ဖို့ ကြိုးစားနေတာ တွေ့ရတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

အလားတူ လားရှိုးမြို့ရှိ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးရှိ အရေးပေါ်ဌာနကို မေ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးဝါးကုသကြသည့်လူနာများကို လတ်တလောတွင် နံနက် ၈ နာရီမှ ၁၂ နာရီ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကြည့်ရှုကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- Eleven Media Group

အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၂၅ ဦး၊ ထိခိုက် ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၂ ဦးရှိ

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အား အလွန် ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် မေ ၁၆ ရက်အထိ သေဆုံးသူ ၃၇၂၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၂ ဦးရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပမှ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံ များအတွင်း ပိတ်မိနေသူများ ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၀၂ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင် များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့‌လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မေ ၁၅ ရက် ညနေ ၅ နာရီမှ မေ ၁၆ ရက် ညနေ ၅ နာရီအတွင်း စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှတစ်ဆင့် စင်ကာပူနိုင်ငံရှိ Lotus Light Charity Society မှ လှူဒါန်းသည့် အသင့်စားခေါက်ဆွဲခြောက် (အလေးချိန် ၀.၁၆၅ တန်) ရောက်ရှိခဲ့ပြီး အဆိုပါထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်အမြန်ဆုံး ခွဲဝေထောက်ပံ့လျက် ရှိကြောင်း သိရသည်။

ကိုးကား- MHT

အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ၃၇၂၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၂ ဦးရှိ

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုတို့တွင် မေ ၁၆ ရက်အထိ သေဆုံးသူ ၃၇၂၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၂ ဦးရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများ ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၀၂ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင် များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့‌လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၁၅ ရက် ညနေ ၅ နာရီမှ မေ ၁၆ ရက် ညနေ ၅ နာရီအတွင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှတစ်ဆင့် စင်ကာပူနိုင်ငံရှိ Lotus Light Charity Society မှ လှူဒါန်းသည့် အသင့်စားခေါက်ဆွဲခြောက် (အလေးချိန် ၀.၁၆၅ တန်) ရောက်ရှိခဲ့ပြီး အဆိုပါထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်အမြန်ဆုံး ခွဲဝေထောက်ပံ့လျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော နွေစပါးနှင့် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း

တံတားဦး ၊ မေ - ၁၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားကြသည့် နွေစပါးနှင့်နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည် ။

တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေစပါးများကို ရေနည်းလမ်းအလိုက် စိုက်ပျိုးရာတွင် အခြား ရေသောက်နည်းလမ်းဖြင့် စိုက်ပျိုးရန် (၂၅)ဧကနှင့်  မယင်းရေသောက်နည်းလမ်းဖြင့် စိုက်ပျိုးရန်ဧက(၉၀) စုစုပေါင်း(၁၁၅)ဧက လျာထားရာ ရာနှုန်းပြည့်(၁၁၅)ဧကစိုက်ပျိုးနိုင်ပါကြောင်း ၊ ထို့အပြင် စပါးမျိုးကွဲအလိုက် စိုက်ပျိုးရန် မနောသုခနွေစပါး(၁၁၅)ဧက လျာထားသော်လည်း (၁၁၁)ဧက စိုက်ပျိုးနိုင်ပါကြောင်း၊ အောင်နိုင်တိုး စပါးမျိုးအနေဖြင့် (၄)ဧက စုစုပေါင်း(၁၁၅)ဧကစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါကြောင်း ၊ ထိုနည်းအတူ ၂၀၂၄-၂၀၂၅ ခုနှစ် နွေနှမ်းများစိုက်ပျိုးရန်အတွက် ရေသောက်နည်းလမ်းများအလိုက် ပြူကန် ကန်ရေသောက် စနစ်ဖြင့် ဧက(၁၀၀) ၊ ချောင်းမနက်ကန်ရေသောက်စနစ်ဖြင့် ဧက(၃၀၀) စုစုပေါင်းဧက(၄၀၀) စိုက်ပျိုးရန် လျာထားရာ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ပါကြောင်း ၊ နှမ်းမျိုးကွဲများအနေဖြင့် စိုက်ပျိုးရန် ဆင်းရတနာ-၄ နှမ်းမျိုး အတွက် ဧက(၃၀၀)နှင့် ကံရှိနှမ်းမျိုးအတွက် ဧက(၁၀၀) စုစုပေါင်း(၄၀၀)ဧကစိုက်ပျိုးထားကြရာ ယခုအခါ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည် ။

တောင်သူများအတွက် သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအရောက်ကွင်းဆင်းပြီး တောင်သူစိုက်ပျိုးနည်းသင်တန်းပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ရေသွင်း၊ ရေထုတ်စနစ်မှန်ကန်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ ရိတ်သိမ်း၊ ခြွေလှေ့ ရာတွင် အလေအလွင့်မရှိစေရေးနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။

တံတားဦးမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် ကျောင်းသား/ သူများ သောက်သုံးရေရရှိရေးနှင့် မီးဘေးကင်းဝေးစေရေးတို့အတွက် ကွင်းဆင်း စစ်ဆေး

တံတားဦး ၊ မေ - ၁၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ   ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ သောက်သုံးရေ အပြည့်အဝရရှိရေး၊ မီးဘေးလုံခြုံမှုရေးရှိရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာကျောင်းများသို့ မေလ ၁၆ ရက်၊ နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည် ။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူအောင်နှင့် ဝန်ထမ်းများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများ သောက်သုံးရေများ အခက်အခဲမရှိစေရေးအတွက် ရေတွင်းကန်များ ၊ သွယ်တန်းထားသည် ရေပိုက်များ စနစ်တကျရှိရေးတို့အပြင် မီးဘေးလုံခြုံရေးအတွက် သဲ ၊ မီးချိတ်၊ မီးကပ်၊ ရေပုံးများနှင့် လှေကားများထားရှိရေး ၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိရေး ၊ ပေါက်ပြဲနေသော လျှပ်စစ်ဝါယာကြိုးများအသုံးမပြုရေးတို့ကို သက်ဆိုင်ရာ ကျောင်းကြီးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပေးဆောင်ရွက်ခဲ့ပါကြောင်းနှင့် အခက်အခဲများရှိပါက မိမိတို့ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

နေပြည်တော် (၈)မြို့နယ်အတွင်းရှိ ငလျင်‌သင့်ပြည်သူများ နေထိုင်ရာ တည်းခိုရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

နေပြည်တော် (၈)မြို့နယ်အတွင်း ငလျင်‌ဘေးသင့်ပြည်သူများ နေထိုင်ရာတည်းခိုရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ တည်းခိုရေးစခန်းများ၊ စုရပ်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများရှိ ပြည်သူ (၄၆၉) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့်အပြင် ပြည်သူ(၂၇၄၀)ဦးတို့အား ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေသန့်ဆေးပြား(၁၂၆၀)ပြား၊ ရေတွင်ရေကန်(၂၂၅) ခုအား ကလိုရင်းဆေးခတ်ခြင်းနှင့် အိမ်ထောင်စုများအား ရေမလို လက်သန့်ဆေးရည်(၁၀၆)ဗူးတို့ကိုလည်း ပေးဝေခဲ့ကြောင်း သိရသည်။

ထို့နည်းတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စခန်းသွင်းကျောင်းသား၊ ကျောင်းသူများအား ဆေးစိမ်ခြင်ထောင် (၁၆၄)ခုကို ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များကို နေပြည်တော် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးမှ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar

တန့်ယန်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧက သုံးရာကျော်နယ်မြေကို နမ့်ပွန်း ကြိုးပြင်ကာကွယ်တော အဖြစ် သတ်မှတ်

ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ တန့်ယန်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃၂၅)ဧကရှိသောနယ်မြေကို “နမ့်ပွန်း ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

ထိုသို့သတ်မှတ်ခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

နမ့်ပွန်းကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း သစ်တောဦးစီးဌာနက စိုက်ပျိုးထားသည့်တားမြစ်သစ်စာရင်းဝင် ထင်းရှူးပင်များအားထိန်းသိမ်းကာကွယ်နိုင်မည့်အပြင် ယင်းစိုက်ခင်းဧရိယာအတွင်း ကျူးကျော်ဝင်ရောက်ဖျက်ဆီးမှုများအား ထိရောက်စွာ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊ ဧရိယာအတွင်းနေထိုင်ကျက်စားလျက်ရှိသည့် ရှဉ့်၊ တောကြက်၊ ခါနှင့် ငှက်စသည့် တိရစ္ဆာန်များအတွက် ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ယခုနှစ်အတွင်း ကြိုးဝိုင်းတော၁၄ခု၊ ကြိုးပြင်ကာကွယ်တော၁၅၆ခု စုစုပေါင်း ၁၇၀ ဖွဲ့စည်းသတ်မှတ်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရပြီး အခုလက်ရှိ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုးဝိုင်းတော ၈၂၆ခု၊ ကြိုးပြင်ကာကွယ်တော ၄၉၃ခု ဖွဲ့စည်းသတ်မှတ်ထားပြီး နိုင်ငံ့ဧရိယာ၏ ၂၆ရာခိုင်နှုန်းနီးပါး ဖွဲ့စည်းသတ်မှတ်ထားနိုင်ကြောင်း သိရသည်။

weather forecast

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။

နောက် ရက်အတွက်ခန့်မှန်းချက်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။       မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။                     မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။          နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Source: www.moezala.gov.mm

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။

နောက် ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။              မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။                     မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။                    မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

Source: https://www.moezala.gov.mm/