သတင်းများ

သရဲချောရုပ်ရှင်ဇာတ်ကားကို ဇွန် ၆ ရက်မှစတင်ကာ နိုင်ငံတစ်ဝန်း အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်

ရန်ကုန်  ဇွန် ၅

လက်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်သည့် သရဲချော ရုပ်ရှင်ဇာတ်ကားကို ဇွန် ၆ ရက်မှစတင်ကာ နိုင်ငံတစ်ဝန်း အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဖြစ်ကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားသူ ရွှေထူးက ပြောပြ၍ သိရသည်။

သရဲချော ရုပ်ရှင်ဇာတ်ကား၏ ဇာတ်လမ်းကို ညာလက်တော်က ရေးသားထားပြီး မင်းကိုစိုး(နတ်သံကွင်း) က ဇာတ်ညွှန်းရေးသားထားက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က လက်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန်ယူ ပုံဖော်ရိုက်ကူးထားကြောင်း သိရသည်။

“ကျွန်တော့်ကို ဒီဇာတ်ကားမှာ ဦးခင်လှိုင်နဲ့ သွက်လက်တို့ရဲ့ ပံ့ပိုးပေးမှုကြောင့် ဟာသကာရိုက်တာလေး ကြည့်ရမှာပါ။ ဒီဇာတ်ကားရိုက်ချိန် အမှတ်တရတွေများပါတယ်။ ဦးခင်လှိုင်နဲ့ သွက်လက်အတွဲရယ် မသုတို့နဲ့ တီဂွမ်းအချိတ်အဆက်မိမိလေး သရုပ်ဆောင်ထားတာ ကြည့်လို့ကောင်းတယ်။ ဟာသကားဆိုပေမဲ့ အချစ်ဇာတ်လေးလဲပါသလို နောက်ပိုင်းလေးမှာ ဒရာမာလေးနဲ့ ပရိသတ်ရင်ထဲရောက်အောင် ခံစားရမှာလေးတွေ ပါတယ်” ဟု အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားသူ ရွှေထူးက ပြောပြသည်။

အဆိုပါ သရဲချောရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် ရွှေထူး၊ ခင်လှိုင်၊ သွက်လက်၊ ခင်ဝင့်ဝါ၊ တက္ကသိုလ်ဂွမ်းပုံ၊ သုသု၊ စုရှိုင်းနှင့် သရုပ်ဆောင်များစွာ ပါဝင်ထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၅

၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်လာကြစေရန်အတွက် ၁၉၇၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှစ၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/70754

တံတားဦး ၊ ဇွန် - ၅

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဇွန်လ ၅ ရက်နေ့၊ နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကူညီရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှု ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူအောင် က ဆွေးနွေးတင်ပြရာ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက လေ့လာကြည့်ရှုကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးများကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် လူ၊ ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးသုံး စက်နှင့်ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှု၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးစက်ပစ္စည်းကိရိယာအသုံးပြု၍ လျင်မြန်စွာဆောင်ရွက်နိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည် မြန်မာ - တရုတ် သံတမန် ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့်အထိမ်းအမှတ် နှစ်နိုင်ငံ မီဒီယာဆွေးနွေးပွဲ အခမ်းအနားကျင်းပ

အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည် မြန်မာ - တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့်အထိမ်းအမှတ် နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် China Media Group(CMG)  တို့ပူးပေါင်း၍ ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Ms. Cao Jing နှင့် တာဝန်ရှိသူများ၊ ပါဝင်ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ယခုနှစ်သည် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် စိန်ရတုကာလဖြစ်သဖြင့် နှစ်နိုင်ငံအတွက် ထူးခြားလေးနက်မှုရှိပါ ကြောင်း၊ ယနေ့ပြုလုပ်သည့် နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ဖြစ်သော “အနာဂတ်ဆီသို့ အတူလက်တွဲလျှောက်လှမ်းမည်” ဆိုသည့်အတိုင်း နှစ်နိုင်ငံမီဒီယာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မြဲအောင် ဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မကြာမီက မိမိတို့နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံမှ မီဒီယာများက ကမ္ဘာအနှံ့သိရှိအောင် အချိန်နှင့်တစ်ပြေးညီ မျှဝေပေးခဲ့ သည့်အတွက် ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် များစွာအထောက်အပံ့ ဖြစ်ခဲ့ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား မီဒီယာပူးပေါင်းဆောင်ရွက်မှုသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး ရင်းနှီးခင်မင်သော ကူးလူးဖလှယ်မှုများ ရှိနေပြီဖြစ်ပါကြောင်း၊ တိုးတက်လာသည့် နည်းပညာများနှင့်အညီ ဖွံ့ဖြိုးတိုးတက်သည့် မီဒီယာကဏ္ဍကို ယခုထက်ပိုမိုပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံဆက်ဆံမှု ခိုင်မြဲရေး၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးတို့ကို ထိရောက်စွာ ဆောင်ရွက်သွားကြမည်ဖြစ်ပြီး အေးအတူ ပူအမျှအသိုက်အဝန်းပုံသဏ္ဌာန်ဖြင့် ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Ms. Cao Jing က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် မီဒီယာ၏ အခန်းကဏ္ဍကို အလေးထားပါကြောင်း၊ မြန်မာ-တရုတ် မီဒီယာတွေ့ဆုံပွဲကို သုံးလတစ်ကြိမ် ကျင်းပလေ့ရှိပါကြောင်း၊ နှစ်စဉ် မြန်မာမီဒီယာမိတ်‌ဆွေ များကို တရုတ်နိုင်ငံလေ့လာရေးခရီးစဉ်နှင့် မွမ်းမံသင်တန်းများ စီစဉ်ပေးပြီး မြန်မာ့နယ်ပယ်အသီးသီးသို့ စစ်မှန်သည့် တရုတ်နိုင်ငံ၏ ပုံစံကိုပြသလျက်ရှိပါကြောင်း၊ နောက်ပိုင်းတွင်လည်း တရုတ်သံရုံးက နှစ်နိုင်ငံမီဒီယာမိတ်ဆွေများ ကူးလူးဖလှယ် ဆွေးနွေးပွဲများကို ပိုမိုကျင်းပပေးပြီး တရုတ်ယဉ်ကျေးမှု၏ ဝိသေသလက္ခဏာများနှင့် ဆွဲဆောင်မှု၊ တရုတ်ပြည်သူများ၏ ခင်မင်ရင်းနှီးမှုနှင့် ရိုးသားမှုတို့ကို မြန်မာမိတ်ဆွေများ လက်တွေ့ခံစားရစေရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်း​နောက် “အရေးပေါ်အခြေအနေများအတွင်း မြန်မာ-တရုတ် မီဒီယာပူးပေါင်းဆောင်ရွက်မှု များသည် တူညီသော အနာဂတ်များရှိသည့် မြန်မာ-တရုတ်အသိုက်အဝန်း၏ အနှစ်သာရအဓိပ္ပာယ်ကို ဖော်ကျူးခြင်း” ခေါင်းစဉ်၊ “ငလျင်အလွန် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု သတင်းများရယူရေးအတွက် မီဒီယာပူးပေါင်းဆောင်ရွက်မှု အနာဂတ်အလားအလာ” ခေါင်းစဉ်နှင့် “မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့်မြောက်ခြင်းကို အခွင့်အလမ်းအဖြစ် သဘောထား၍ တရုတ်အသွင်ပုံစံခေတ်မီမှုဖြင့် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု (သံတမန်ဆက်ဆံရေး၊ မီဒီယာကဏ္ဍ) အတွက် အခွင့်အလမ်း အသစ်များယူဆောင်လာပေးခြင်း” ခေါင်းစဉ်တို့ဖြင့် အပိုင်းသုံးပိုင်းခွဲ၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ နှင့် China Media Group တို့မှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

MOI

ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှု ဖြစ်ပွားသည့်အတွက် ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရ

ဖားကန့်မြို့နယ်၊ လုံခင်း ကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာတွင် ဇွန်လ ၃ ရက်နေ့၊ နေ့လယ်ပိုင်းက ယမ်းဂိုထောင် ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရခဲ့ကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသော အချက်အလက်များအရ ကနဦး သိရသည်။

အဆိုပါ ဖြစ်စဥ်မှာ နေ့လယ်ပိုင်း ၁ နာရီကျော်အချိန်ခန့်က လုပ်ကွက်ဟောင်းတစ်ခုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယမ်းဂိုထောင် ပေါက်ကွဲသည့်အတွက် အသံကို ကျယ်လောင်စွာ ကြားခဲ့ရကြောင်း သိရသည်။

“လူကတော့ ထိခိုက်မှုရှိတယ်။ ကျွန်တော် သိသလောက်ကတော့ သုံးယောက် သေတယ် ဆယ်ယောက်လောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဒဏ်ရာရက အဲဒီထက် ပိုများနိုင်တယ်။ အခြေအနေကတော့ မသိရသေးဘူး။ ပေါက်တာက ယမ်းဂိုထောင်ပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

သေဆုံးသူ သုံးဦး အနက် အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦး ပါဝင်ကြောင်း ကနဦးသိရှိရပြီး ပေါက်ကွဲအားမှာ ပြင်းထန်ခဲ့ကာ အခြားပျက်စီးဆုံးရှုံးမှုများလည်း များပြားခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲအခြေအနေများအား ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

ကိုးကား- NP News

မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာရင်ပြင်ပေါ်သို့ မန်းချောင်းရေများတက်လာ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်းရွှေစက်တော်ဘုရားကြီး၏ အောက်စက်တော်ရာရင်ပြင်တော်ပေါ်သို့ ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက မန်းချောင်းရေများတက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရေကအတော်တက်လာတယ်လို့ပြောရမယ်။ အောက်စက်တော်ရာရင်ပြင်ပေါ်မှာတော့ ရေတွေဝင်နေပြီ။ အခြေအနေကိုစောင့်ကြည့်နေရတဲ့အနေ အထားပါ။ အောက်စက်တော်ရာရဲ့ ခြေတော်ရာဖန်အုပ်ဆောင်းရှေ့မှာလည်းရေတွေဝင်နေတယ်။ မနှစ်ကလည်း သြဂုတ်လထဲမှာ ရေတက်သေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မန်းရွှေစက်တော်ဘုရား၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော်အား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ(၇၅) ရက်ကြာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Source: Popular Myanmar

weather forecast

၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန်တွင် ထုတ်ပြန်ချက်

၁။      ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ကို ဖြတ်ကျော်ခဲ့သော လေဖိအားနည်းရပ်ဝန်း၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် လည်းကောင်း ယနေ့ညနေမှ ၂-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေး နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်သတိပေး နှိုးဆော်အပ်ပါသည်။  

မိုးဇလ

မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

နေပြည်တော် မေ ၂၉

မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက ဒုတိယအကြိမ်မြောက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး အလှူငွေများ လက်ခံသည်။

အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/70516

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂) သန်းနီးပါး အရေးပေါ် အကူအညီလိုအပ်နေဆဲဖြစ်

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။

မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား နေအိမ်များနှင့် မိသားစုဝင်များ၊ လုံခြုံသည့်နေရာများကို ဆုံးရှုံးခဲ့ကြရကြောင်း UNICEF Myanmar က ဆိုသည်။

ထို့ပြင် မုတ်သုံလေဝင်ရောက်လာသည်နှင့်အမျှ အန္တရာယ်များသည်လည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း၊ ယူနီဆက်အနေဖြင့် ကလေးသူငယ်များနှင့် မိသားစုများကို ကူညီထောက်ပံ့ပေးနေသော်လည်း အရေးပေါ်အကူအညီ အများအပြား လိုအပ်နေသေးကြောင်း အသိပေးထားသည်။

တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီအတွက် စိုက်ပျိုးမည့် ပျိုးပင်မျိုးစုံပေါင်း (၃၀၀၀၀) ပင် ပြုစုပျိုးထောင်ထားရှိ

တံတားဦး ၊ မေ - ၂၉

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီ အတွက် စိုက်ပျိုးကြမည့် ပျိုးပင်မျိုးစုံပေါင်း (၃၀၀၀၀) ပင်ကို တံတားဦးမြို့သစ်တောဦးစီးဌာန “သင်ပန်း” ပျိုးဥယျာဉ်ခြံတွင် ပြုစုပျိုးထောင်ထားရှိကြောင်းသိရသည်။

အဆိုပါစိုက်ပျိုးထားရာတွင် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ များကို ချစ်မြတ်နိုးတတ်စေရန် ၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် ထင်းသုံးစွဲမှု ဖူလုံစေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသရေမြေနှင့် ကိုက်ညီမှုရှိသည့် ပျိုးပင်မျိုးစုံကို ပျိုးထောင်ထားရှိပြီး နှစ်စဉ်မိုးရာသီ ကာလတွင် ဖြန့်ဝေစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ်မိုးရာသီကာလအတွင်း လူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသော ကုလားကုက္ကို (၈၀၀၀) ပင် ၊ တမာ (၅၀၀၀) ပင် ၊ မန်ကျည်း (၃၀၀၀) ပင် ၊ မြန်မာကုက္ကို (၃၀၀၀) ပင်၊ မယ်ဇယ် (၁၀၀၀) ပင် ၊ ယူကလစ် (၁၀၀၀၀) ပင် စုစုပေါင်း (၃၀၀၀၀) ပင် တို့ကို ပြုစု ပျိုးထောင်ထားရှိကြောင်း သိရသည်။ 

တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ယခုနှစ်မိုးရာသီကာလတွင် စိုက်ပျိုးရန် ဌာနဆိုင်ရာများ အတွက် (၅၀၀၀) ပင် ၊ တစ်ရွာ (၂) ဧကအတွက် (၆၀၀) ပင် ၊ သစ်ပင်စိုက်ပျိုးပွဲအတွက် (၁၅၀) ပင် ၊ လမ်းဘေးဝဲ၊ ယာ စိုက်ပျိုးရန် အတွက် (၂၈၃) ပင်နှင့် ပြည်သူလူထုဖြန့်ဝေရန်အတွက် (၂၃၉၆၇) ပင် တို့ကို ပြုစုပျိုးထောင်ထား ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ပေးပို့သူ- ဦးရဲတင့်( ပြန်/ဆက်)