နေပြည်တော် မေ ၇

နေပြည်တော် မေ ၇
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ စဉ့်ကိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ချမ်းအေးသာစံမြို့ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စခန်းသွင်းသင်ကြားလေ့ကျင့်နေသည့် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများနှင့် အခြေခံပညာဆရာ ဆရာမများ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေးဒဏ်သည် မည်သူမျှ မျှော်လင့်မထားသည့် သဘာဝဘေးအန္တရာယ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ ယင်းအခြေအနေမှ ရုန်းထပြီး စာသင်ခန်းထဲသို့ ရောက်ရှိလာသည့် ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်နှင့် ယုံကြည်ချက်၊ မိဘများ၏ ဖေးမအားပေးမှု၊ ဆရာ ဆရာမများ၏ အားကြိုးမာန်တက်သင်ပြသွန်သင်မှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၏ စနစ်တကျစီမံဆောင်ရွက်ပေးမှုတို့ကို အသိအမှတ်ပြုချီးကျူးပါကြောင်း၊ ယင်းကဲ့သို့ စိတ်ဓာတ်များဖြင့် ကြုံတွေ့လာရသည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် Grade -12 စာမေးပွဲကြီးကို အောင်မြင်စွာဖြေဆိုပြီးမြောက်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းပြည်နှင့် လူမျိုး၊ အမျိုးဘာသာသာသနာအတွက် အကျိုးပြုမည့် အနာဂတ်ခေါင်းဆောင်ငယ်များ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာ နေထိုင်သင်ကြားလေ့ကျင့်နိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးကို ဂရုပြုဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့်စခန်းသွင်းဝင်ရောက်ရေး၊ ဆရာ ဆရာမများနှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက စနစ်တကျကြီးကြပ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် စာမေးပွဲပြန်လည်ဖြေဆိုမည့်သူ ၉၄ ရာခိုင်နှုန်းအထိရှိသည်ကို သိရပြီး ကျန်ရှိသည့် ၆ ရာခိုင်နှုန်းကိုလည်း စာမေးပွဲဖြေဆိုနိုင်ရေးဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။
ယင်းနောက် မန္တလေးမစိုးရိမ်ကျောင်းတိုက်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းတိုက်အခြေအနေတို့ကို သွားရောက်ကြည့်ရှု၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တာဝန်ရှိသူများနှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေးကာလအတွင်း တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Source: Myanmar National Portal

တိုက်ပွဲများငြိမ်သက်အေးချမ်းသွားပြီဖြစ်သည့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနဝန်ထမ်းများက ဝိုင်ဝန်းဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယနေ့ မေ(၆) ရက်၌ လားရှိုးမြို့ ကန်မိန်းကျောင်းရှေ့နှင့် မြို့ပတ်လမ်းရှိ အမှိုက်ပုံကြီးအား စည်ပင်သာယာရေးဝန်ထမ်းများ ရှင်းလင်းဖယ်ရှားမှုများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်ဟု ၎င်းကဆိုသည်။

ထို့ပြင် မြို့တွင်းရေပေးဝေရေးများလုပ်ဆောင်ရန် ရေကန်တောင်မှတဆင့် ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်သွယ်တန်းလျက်ရှိကြောင်း ဆိုသည်။
လက်ရှိတွင် လားရှိုးမြို့အတွင်း လျှက်စစ်မီးမရရှိသေးဘဲ မကြာမီရရှိရန် လျှပ်စစ်ဝန်ထမ်းများ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်းနှင့် ဖုန်းလိုင်းများအနေဖြင့် MPT မှ လွဲ၍ အခြားအော်ပရေတာများ ရရှိကြောင်း သိရသည်။
လားရှိုးမြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ညပိုင်းအချိန်များ၌ အုပ်စုလိုက်ခိုးယူခြင်းများရှိနေသေးကြောင်းနှင့် ရဲတပ်ဖွဲ့က နေ့ကင်း ညကင်းလှည့်ခြင်းများ ဆောင်ရွက်ကာ မြို့တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
Source: Popular Myanmar

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ငလျင်ဒဏ်သင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေဒေသရှိ ကလေးငယ်များ ကြောက်ရွှံထိတ်လန့်မှု သက်သာစေရေးအတွက် ကလေးပျော်စင်တာကို မေလ (၅) ရက်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စင်တာတွင် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်စေရန် နှင့် အားပေးစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာများပေးခဲ့သည့်အပြင် ရပ်ရွာလူထုကိုလည်း စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းဒေသရှိ သလဲအင်းအုပ်စု၊ ညောင်ဝန်းကျေးရွာနှင့် နမ့်ပန်မြို့ အုပ်စု (၁)၊ (၂)၊ (၃) တို့တွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစားရသော အိမ်ထောင်စု (၅၂၆) စု အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေသား (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၆၃) သိန်းကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်သင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ မထိခိုက်စေရေး ကလေးပျော်စင်တာများ ဆက်တိုက်ဖွင့်လှစ်ကာ အသိပညာပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှသည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source: MOI

ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူများထံ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Hill Marma Bhikkhu Sangha Bangladesh မှ အများစုပေါင်း လှူဒါန်းသည့် ငွေ တာကာ ၁,၃၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀,၅၃၉ ခန့်)ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက လက်ခံရယူပြီး ငလျင်ဘေးသင့်ပြည်သူများထံ ဆက်လက် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၌ မတ် (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ဘေးသင့်ပြည်သူများမှာ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အပံ့များ လိုအပ်နေကြောင်း သိရသည်။
ထို့ကြောင့် အထောက်အပံ့များ ရရှိစေရန် ဒါကာမြို့ရှိ Hill Marma Bhikkhu Sangha Bangladesh မှ အများစုပေါင်းလှူဒါန်းငွေ တာကာ ၁,၃၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀,၅ ၃၉ ခန့်)ကို မြန်မာသံရုံး၊ ဒါကာမြို့သို့ မေ(၄)ရက်က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်လှူဒါန်းရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါ လှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈ ရက် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၀ လမ်းနှင့် ၇၁ လမ်းကြား၊ ၃၂(B)လမ်းရှိ (၇)လွှာတိုက်ခန်း မြေညီထပ်၊ အခန်းအမှတ်(B-1)နေ ဒေါ်ခင်ဖြူမြင့်(၄၇)နှစ်(ဘ)ဦးကိုကိုသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ အထပ်ခိုးပေါ်၌ သိမ်းဆည်းထားသည့် ပီနံအိတ်အတွင်းထည့်ထားသော ငွေကျပ် သိန်း ၂,၀၀၀ နှင့် ကျောပိုးအိတ်အတွင်းထည့်ထားသော ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ် သိန်း ၂,၃၅၄၊ စုစုပေါင်း ငွေနှင့်ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေ ကျပ်သိန်း ၄,၃၅၄ မှာ ပျောက်ဆုံးနေကြောင်း တိုင်တန်းချက်အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း (ပ)၆၄/၂၀၂၅၊ ရာ
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈ ရက် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၀ လမ်းနှင့် ၇၁ လမ်းကြား၊ ၃၂(B)လမ်းရှိ (၇)လွှာတိုက်ခန်း မြေညီထပ်၊ အခန်းအမှတ်(B-1)နေ ဒေါ်ခင်ဖြူမြင့်(၄၇)နှစ်(ဘ)ဦးကိုကိုသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ အထပ်ခိုးပေါ်၌ သိမ်းဆည်းထားသည့် ပီနံအိတ်အတွင်းထည့်ထားသော ငွေကျပ် သိန်း ၂,၀၀၀ နှင့် ကျောပိုးအိတ်အတွင်းထည့်ထားသော ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ် သိန်း ၂,၃၅၄၊ စုစုပေါင်း ငွေနှင့်ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေ ကျပ်သိန်း ၄,၃၅၄ မှာ ပျောက်ဆုံးနေကြောင်း တိုင်တန်းချက်အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း (ပ)၆၄/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိနိုင်ရေး သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ လက်ပံကျေးရွာရှိ လွင်ကိုဦး(၂၇)နှစ်(ဘ)ဦးအောင်ကို နေအိမ်အား ဧပြီ ၂၆ ရက်တွင် ဝင်ရောက်ဖမ်းဆီးရှာဖွေခဲ့ရာ လွင်ကိုဦး၏ဇနီး သင်းသင်းစိုး(၂၆)နှစ်(ဘ)ဦးမြင့်နိုင်အား တွေ့ရှိရပြီး ၎င်း၏ထွက်ဆိုချက်အရ ဧပြီ ၁၉ ရက်တွင် လွင်ကိုဦးသည် ပြစ်မှုကျူးလွန်ရရှိသည့်ငွေဖြင့် တပ်ကုန်းမြို့၌ KENBO 125 အနက်ရောင် ဆိုင်ကယ် တစ်စီးအား ဝယ်ယူခဲ့ကြောင်း၊ ကျန်ခိုးရာပါငွေများနှင့် ရွှေထည်ပစ္စည်းများအား ဆာလာအိတ်ဖြင့်ထုတ်၍ လက်ပံကျေးရွာရှိ နေအိမ်သို့ ယူဆောင်လာခဲ့ပြီး ဧပြီ ၂၁ ရက်တွင် သင်းသင်းစိုး၏ဖခင် မြင့်နိုင်၊ ညီမ ဖြိုးဖြိုး၊ ခဲအို ကျော်ကျော်ခိုင်(ခ)ကျော်ခိုင်တို့နှင့်အတူ ကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာရှိ တောင်ကုန်းပေါ်၌ ကျင်းတူး၍ မြှုပ်နှံသိုဝှက်သိမ်းဆည်းထားခဲ့ကြောင်း စစ်ဆေးသိရှိရပြီး သင်းသင်းစိုး၏ ထွက်ဆိုချက်အရ ဧပြီ ၂၆ ရက်တွင် သက်သေခံ ငွေကျပ် သိန်း ၁,၄၀၀ နှင့် ရွှေထည်ပစ္စည်းမျိုးစုံ ၉ ကျပ် ၁၀ ပဲ ၅ ရွေးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ လွင်ကိုဦး အား ဧပြီ ၂၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူကျေးရွာရှိ “စိန်လျှံ” တည်းခိုခန်း၊ အခန်းအမှတ်(H-3)တွင် ရှာဖွေဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ သက်သေခံ ငွေ ၁၂၇ သိန်းကျပ်၊ ရွှေထည်ပစ္စည်းမျိုးစုံ ၃ ကျပ် ၃ ပဲ ၃ ရွေး၊ KENBO အမျိုးအစား အနက်ရောင် ဆိုင်ကယ် တစ်စီး၊ လွင်ကိုဦး၏နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခု၊ လွင်ကိုဦးဓာတ်ပုံကပ်ထားသော မျိုးသူ အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခု၊ လက်ကိုင်ဖုန်းမျိုးစုံ ငါးလုံးတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
တရားခံ လွင်ကိုဦး၏ထွက်ဆိုချက်အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာမှစတင်၍ မန္တလေးမြို့ပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု၌ အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဧပြီ ၁၈ ရက် နံနက် ၈ နာရီတွင် ၎င်းအလုပ်လုပ်ကိုင်သည့် နေရာအနီးရှိ (၇)လွှာတိုက်ခန်းမြေညီထပ်၊ အခန်းအမှတ်(B-1)၏ အခန်းအတွင်းသို့ ဝင်ရောက်ကာ ငွေနှင့် ရွှေထည်ပစ္စည်းများအား ခိုးယူခဲ့ကြောင်း၊ ထိုမှတစ်ဆင့် တပ်ကုန်းမြို့သို့ ခရီးသည်တင်မော်တော်ယာဉ်ဖြင့် ပြန်လာကာ ဇနီးဖြစ်သူအား ငွေနှင့်ရွှေထည်ပစ္စည်းများအား သိုဝှက်သိမ်းဆည်းထားခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် နေအိမ်အတွင်းဝင်ရောက်ကာ ငွေနှင့်ရွှေထည်ပစ္စည်းများအား ခိုးယူမှုကျူးလွန်ခဲ့သူ တရားခံ လွင်ကိုဦးနှင့် သက်သေခံပစ္စည်းများအား သိုဝှက်သိမ်းဆည်းပေးခဲ့သူများဖြစ်ကြသည့် တရားခံ သင်းသင်းစိုးပါ လေးဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ နီနွိုင်အကွီနို နိုင်ငံတကာလေဆိပ်(အင်န်အေအိုင်အေ) ဝင်ပေါက်အတွင်း မေလ ၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် လေးနှစ်အရွယ် မိန်းကလေးအပါအဝင် လူနှစ်ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။
ယာဉ်သည် အင်န်အေအိုင်အေ တာမင်နယ်ဝမ်း ဝင်ပေါက်အနီးရှိ အပြင်လက်ရန်းကို ဝင်တိုက်ကာ လျှောက်လမ်းအတွင်း ဝင်ရောက်ခဲ့သည်ဟု ယာဉ်တိုက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် လေဆိပ်က ပြောကြားခဲ့သည်။

“အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှ ပျံ့နှံ့ခဲ့တဲ့ ဓါတ်ပုံတွေကြောင့် ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ထင်ယောင်ထင်မှား သုံးသပ်တာမျိုးတွေ မလုပ်ကြဖို့နဲ့ မကြာခင်ထုတ်ပြန်လာမယ့် အတည်ပြုချက်တွေကို စောင့်ကြဖို့ တိုက်တွန်းပါတယ်” ဟု အင်န်အေအိုင်အေ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အခင်းဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသည့် ဖိလစ်ပိုင်ကြက်ခြေနီအသင်းက အဆိုပါဖြစ်ရပ်ကြောင့် အမျိုးသားတစ်ဦးနှင့် လေးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒေသတွင်းမီဒီယာများက ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် တင်ခဲ့သည့်ဓါတ်ပုံများ၌ လူအချို့ မြေပြင်တွင် လဲကျနေခဲ့သည်ကို တွေ့ရသည်။
ဝင်ပေါက်တစ်လျှောက်ရှိ မှန်များကွဲအက်နေကာ လေဆိပ်တံခါးများကို ဝင်တိုက်ပြီးနောက် အနက်ရောင် လေးဘီးယက် လမ်းကြမ်းမောင်းယာဉ်တစ်စီး အတော်ထိခိုက်ပျက်စီးသွားခဲ့သည်ကိုလည်း တွေ့ရသည်။
ဒဏ်ရာရရှိသူများကို ကုသပေးနေကြောင်းနှင့် ယာဉ်မောင်းဖြစ်သူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း အင်န်အေအိုင်အေ က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ရန်ကုန်-ပဲခူးကားလမ်းမကြီးပေါ်တွင် လမ်းဘေးရပ်ထားသည့် ၁၈ ဘီးကားကို ၆ ဘီးကားမှဝင်တိုက်မိခဲ့မှု မေလ ၄ ရက် မွန်းတည့် ၁၂ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာရှိ ရန်ကုန်-ပဲခူးကားလမ်းမဘေးတွင်ရပ်ထားသော NISSAN (၁၈)ဘီးကားအား MITSUBISHI CANTER (၆)ဘီးကားက အရှိန်မထိန်းနိုင်ဘဲနောက်မှဝင်တိုက်မိကာ ကားခေါင်းခန်းအတွင်း၌ လူညပ်နေသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ၆ ဘီးကားပေါ်မှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရနှင့် မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဓမ္မဂုဏ်ရောင် လူမှုကူညီရေးအသင်း၊ ဂရုဏာ လူမှုကူညီရေးအသင်း၊ Medical လူငယ်များ လူမှုကူညီရေးအသင်းတို့မှ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တို့က မေ ၃ ရက်တွင် လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့သည်။

ယခုအသုတ် ကယ်ဆယ်ရေးပစ္စည်းများတွင် အသင့်တပ်ဆင်ရန်နေအိမ် အလုံးရေ ၃၄၀ ပါဝင်ကြောင်း သိရသည်။ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံ အင်အားပြင်း မန္တလေး ငလျင်ကြီးကြောင့် မေ ၂ ရက်အထိ သေဆုံးသူ ၃,၈၃၉ ဦး၊ ဒဏ်ရာရရှိသူ ၅,၁၀၅ ဦး၊ ပျောက်ဆုံးသူ ၁၀၁ ဦး ရှိကြောင်း “The Global New Light of Myanmar” ၏ မေ ၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ကိုးကား- Xinhua
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၌ မတ်လ၂၈ ရက်ကလှုပ်ခတ်သည့် မန္တလေးငလျင်ကြီး ကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား ပံ့ပိုးငွေပေးအပ်ခြင်း၊ လတ်တလောစားသောက်ရေး အဆင်ပြေစေရန်စားသုံးကုန်ပစ္စည်းများပေးအပ်ခြင်းနှင့် နေအိမ်ပြိုကျပျက်စီးမှုများအား ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပံ့ပိုးပေးခြင်းအခမ်းအနားကို မေလ ၁ ရက် နံနက်ပိုင်းတွင် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမ၌ ကျင်းပသည် ။

အခမ်းအနားတွင် ကျောက်ဆည်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက ငလျင်ဘေးကြောင့် တံတားဦး မြို့နယ်မှ သေဆုံးသူများ၏ မိသားစုဝင်များအား ပံ့ပိုးငွေများနှင့် ငလျင်ဘေးဖြစ်ပွားခဲ့သည့် အိမ်ထောင်စု များအတွက် နိုင်ငံတော်မှပေးအပ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ တစ်လစာပံ့ပိုးငွေကျပ် ၃၈၀ ဒသမ ၃၁၆ သန်းအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုထံသို့ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် တံတားဦးခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက တံတားဦးမြို့နယ်မှ သေဆုံးသူများ၏ မိသားစုဝင်များအား ပံ့ပိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကိုလည်းကောင်း၊ မြို့ နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်အိဖြူဖြူနှင်းက ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကို လည်းကောင်း ပြည်သူများလက်ဝယ်အရောက် ပေးအပ်ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများသည် ဘေးသင့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေး စကားပြောကြားကာ ပံ့ပိုးငွေများပေးအပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ငလျင်ဘေးကြောင့် သေဆုံးသူ တစ်ဦးလျှင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူ ကော်မတီမှ ငွေကျပ် ၁၀ သိန်း၊ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ငွေကျပ်ငါးသိန်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သုံးသိန်း - စုစုပေါင်းငွေကျပ် ၁၈ သိန်း၊ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ ၈၁၆ လုံးအား ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးနှင့် စားနပ်ရိက္ခာအနေဖြင့် တစ်လစာအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ရိက္ခာငါးမျိုးအတွက် တန်ဖိုး ငွေကျပ်စုစုပေါင်း ၃၈၀ ဒသမ ၃၁၆ သန်းကိုပေးအပ်ခဲ့ ကြောင်း သိရသည် ။
ဦးရဲတင့်(ပြန်/ဆက်)