တရုတ်သို့ တင်ပို့မည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ အပါအဝင် စားသောက်ကုန်အချို့ Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်

News Image

  • တရုတ်သို့ တင်ပို့မည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ အပါအဝင် စားသောက်ကုန်အချို့ Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ အပါအဝင် ကုန်စည်အုပ်စု (၇) မျိုးကို Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ GACC, ရုံးလုပ်ငန်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ကုန်ပစ္စည်များအတွက် ယခင်က မှတ်ပုံတင်ခြင်းအတွက် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)အောက်ရှိ CIFER မှတစ်ဆင့် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ စိုက်ပျိုးရေးစားသောက်ကုန်စည်အုပ်စု (၇) မျိုးကို China Department of Animal and plant Quarantine (DAPQ) ဌာနမှ ပြောင်းလဲတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကုန်စည် (၇) မျိုးမှာ ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့၊ ဟင်းသီးဟင်းရွက်အစိမ်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့် အစေ့အဆံများ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့် တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများကို Manual စနစ်ဖြင့် မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကုမ္ပဏီမှတိုက်ရိုက်ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်ဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနထံ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar