ကျောက်ဆည်၊ဇူလိုင်-၁၇
ကျောက်ဆည်၊ဇူလိုင်-၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာသုံး စက်ကိရိယာများကို အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင် ကူးပြောင်း ဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှုပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကိုရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ကိုဘိုတာ(၆)တန်း သွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက လက်ပံကျေးရွာအုပ်စု ကွင်းအမှတ်(၁၁၅-ခ၊ ဦးပိုင်အမှတ် ၁၃၇/၁၃၈) တောင်သူ ဦးသိန်းဇော်ဌေး၏ လယ်မြေ(၃)ဧကတွင် သရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
သရုပ်ပြပွဲတွင် ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲနောင်က ကိုဘိုတာ (၆)တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များ အသုံးပြု၍ စပါးသီးနှံစိုက်ပျိုးခြင်းဖြင့် ရရှိ လာမည့် အကျိုးကျေးဇူးများ၊ စက်ပိုင်းဆိုင်ရာအချက်အလက်များနှင့် စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့် အချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြပွဲကို ဆက်လက်ကျင်းပခဲ့ရာ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီး ဌာနမှူး ဦးမိုးကျော်၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာ စက်ရုံ(အင်းကုန်း)မှ စက်ရုံမှူးဦးမျိုးလွင်ဦး၊ မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ပြီး စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)

စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ရွေ့လျားစာကြည့်တိုက် (Mobile Library) စနစ်ဖြင့် အပတ်စဉ် သွား ရောက်ဖွင့်လှစ်၍ သုတ/ရသစာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ)တွင် အပတ်စဉ်တနင်္လာနေ့တိုင်း နဝမတန်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် အပတ်စဉ် အင်္ဂါနေ့တိုင်း ဒဿမတန်းမှ ကျောင်းသား၊ ကျောင်းသူများအား သုတ/ ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

Popular Myanmar

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နှင့် ဗိုလ်တထောင်မြို့ နယ်တို့တွင် ဇူလိုင် ၁၆ ရက်ညပိုင်းက နာရီပိုင်းသာခြား၍ ကားတိုက်မှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ထံမှ သိရသည်။
အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂ လာဒုံလမ်းမပေါ်တွင် ည ၈ နာရီ ၁၀ မိနစ်ခန့်က ခရီးသည်တင် YBS ကားနှင့် Bongo ကားတို့တိုက်မိခဲ့သဖြင့် အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရသူ(၁၆)ဦးအား မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။
ထို့ပြင် ည ၉ နာရီခွဲကျော်ခန့်ကလည်း ဗိုလ်တစ်ထောင်မြို့နယ်၊ ၇ ရပ်ကွက်၊ ကမ်းနားလမ်းတွင်ကားတိုက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦးညပ်နေသဖြင့် တာမွေမြို့နယ်မီးသတ်စခန်း၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များကကူညီကယ်ထုတ်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိထား၍ ဘိုကလေးလူမှုကူညီရေအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်၊ ဇူလိုင်-၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ယမန့်နေ့ နံနက်ပိုင်းက မြို့မဈေးအရှေ့ဘက်ရှိ ဒေါ်စန်းစန်းဌေး (နေလသုခ-၂) စားသုံးဆီလက်လီလက်ကား ရောင်းဝယ်ရေး ဆိုင်မှ ဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်လျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သက်သာသောဈေးနှုန်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီသည့် စားအုန်းဆီများ ရောင်းချပေးနိုင်ရေး Resources Group Trading ကုမ္ပဏီ လီမီတက်မှ ရည်ညွှန်းဈေး (၆၀၃၀) ဖြင့်ဝယ်ယူခဲ့ပြီး ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက်နှင့် မင်းရပ် ရပ်ကွက်အတွင်းရှိ ပြည်သူများအား စားအုန်းဆီ တစ်ပိဿာလျှင် (၇၁၁၅)ကျပ်ဖြင့် (၃၃၀)ပိဿာ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော် ဇူလိုင် ၁၆
နေပြည်တော် ဇူလိုင် ၁၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေတည်တံ့ရေးဖိုရမ်အတွက် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစုတစည်းတည်း စုဆောင်းနိုင်ကြရန်ရည်ရွယ်၍ မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် သုံးခုပါ စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ဇူလိုင် ၂၀ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇူလိုင် ၂၀ ရက် (တနင်္ဂနွေနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
MOI

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက် (စနေနေ့) (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥဩဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက်ဌာန/ ရုံးအဆင့်ဆင့်သို့ ဆက်လက်အသိပေးညွှန်ကြားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အစိုးရရုံးဌာနအဖွဲ့အစည်းအားလုံးသို့ ညွှန်ကြားထားကြောင်း သိရသည်။
MOI
Photo: SarPhat

ကျောက်ဆည်၊ ဇူလိုင်-၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီကျောင်းဆောင်တွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာသို့ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထားရွှေနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွှန့်ဝင်းတို့က လုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲမရှိစေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူ(၂၄၁)ဦးအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအေးနှင့် ဆရာ၊ ဆရာမများမှ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် နေ့ချင်းပြီးပြုလုပ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက်ပေးအပ် ခဲ့ကြောင်းနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းစဉ်များပါ တစ်ပြိုင်တည်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။