ကိုဘိုတာ (၆)တန်းသွား ကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်များ အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ

News Image

  • ကိုဘိုတာ (၆)တန်းသွား ကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်များ အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ

ကျောက်ဆည်၊ဇူလိုင်-၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာသုံး စက်ကိရိယာများကို အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင် ကူးပြောင်း ဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှုပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကိုရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ကိုဘိုတာ(၆)တန်း သွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက လက်ပံကျေးရွာအုပ်စု ကွင်းအမှတ်(၁၁၅-ခ၊ ဦးပိုင်အမှတ် ၁၃၇/၁၃၈) တောင်သူ ဦးသိန်းဇော်ဌေး၏ လယ်မြေ(၃)ဧကတွင် သရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

သရုပ်ပြပွဲတွင် ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲနောင်က  ကိုဘိုတာ (၆)တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များ အသုံးပြု၍ စပါးသီးနှံစိုက်ပျိုးခြင်းဖြင့် ရရှိ လာမည့် အကျိုးကျေးဇူးများ၊ စက်ပိုင်းဆိုင်ရာအချက်အလက်များနှင့် စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့် အချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြပွဲကို ဆက်လက်ကျင်းပခဲ့ရာ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီး ဌာနမှူး ဦးမိုးကျော်၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာ စက်ရုံ(အင်းကုန်း)မှ စက်ရုံမှူးဦးမျိုးလွင်ဦး၊ မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ပြီး စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)