သတင်းများ

မိကျောင်း နှစ်ဆက်ရက်တိုက် အဆွဲခံရပြီးနောက် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ပတ်ဝန်းကျင်၌ မိကျောင်းအန္တရာယ် သတိထားရန်နှိုးဆော်

ဧရာဝတီတိုင်းအတွင်းရှိ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်နေသည့် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာတွင် ဇူလိုင်လ (၂)ရက် နှင့် (၃)ရက်က နှစ်ရက်ဆက်တိုက် မိကျောင်းဆွဲခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် ထပ်မံမဖြစ်ပွားစေရေးအတွက် ဘဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက မိကျောင်းအန္တရာယ်သတိထားရှိရန် နေ့စဉ် လှည့်လည်၍ အသိပညာပေးနှိုးဆော်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ဇွန်လမှ ဩဂုတ်လအတွင်းသည် မိကျောင်းများ အသိုက်ဖွဲ့သည့်ကာလဖြစ်ပြီး ရေချိုရေငန်စပ် မိကျောင်းများရှင်သင်ပေါက်ပွားကျက်စားသည့် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စက်သည့် ဒီရေတောဒေသများသည် မိကျောင်း အန္တရာယ်ရှိနေသည့် ဒေသလည်း ဖြစ်သည်။

အဆိုပါ ဒေသများတွင် ချောင်းကမ်းစပ်များ၌ အိမ်မွေးတိရ စ္ဆာန်များကျောင်းခြင်း၊ မွေးမြူခြင်း၊ ကျေးရွာသူရွာသားများအနေဖြင့် ချောင်းအတွင်း ရေကစားခြင်း အဝတ်လျော်ခြင်းများ မလုပ်ဆောင်ကြရန်နှင့် ရေလုပ်သားများအနေဖြင့်လည်း သတိကြီးစွာထားရန် အသိ‌ပေးထားသည်။

ထိုအပြင် မိကျောင်းများ ရေပြင်၌ တွေ့ရှိပါက တုတ်၊ ခဲများဖြင့် ပစ်ပေါက်ခြောက်လှန့်ခြင်းများ မပြုလုပ်ကြရန်လည်း အသိပေးထားသည်။

Popular Myanmar

အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၇

အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်သည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim နှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဧည့်ခံပွဲတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အီဂျစ်အာရပ်သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ကြပြီး သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် သံအမတ်ကြီးတို့သည် အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃) ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ကြသည်။

ဆက်လက်၍ သံအမတ်ကြီးက ဧည့်ခံပွဲတက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

MOI

တညင်းကုန်းဈေးရှိ ဈေးရုံ(၇) ကို စက်တင်ဘာ (၁) ရက်တွင် ဖွင့်လှစ်မည်

တညင်းကုန်းဈေး (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဈေးရုံ (၇) ကို စက်တင်ဘာ (၁) ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)၏ အထွေထွေမန်နေဂျာ ဦးရဲထွန်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဈေးရုံအတွင်း၏ ဆိုင်ခန်းလျှောက်လွှာများကို အထူးအရိုမိုးရှင်းအဖြစ် တညင်းကုန်းဈေး၏ (၁၀) နှစ်ပြည့် ပျော်ပွဲရွှင်ပွဲရက်များဖြစ်သည့် ဇူလိုင် (၄)ရက် ၊ (၅)ရက်နှင့် (၆) ရက်များတွင် အခမဲ့ထုတ်ပေးခဲ့သလို အယောက် (၅၀၀) ကျော် လာရောက် လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။

“ဆိုင်ခန်းတွေကို အခမဲ့လျှောက်လွှာတင်ပြီး အခမဲ့ရောင်းချခွင့်ပေးတာပါ။ ဒီပရိုမိုးရှင်းရက်ကို မမီလိုက်တဲ့သူတွေအနေနဲ့လည်း ရုံးချိန်အတွင်း မနက် (၉)နာရီကနေ ညနေ (၅)နာရီအထိ ဈေးစီမံခန့်ခွဲရေးရုံး၊ B 12 ပထမထပ်ကို လာရောက်ဆက်သွယ်ပြီးတော့လည်း လျှောက်လွှာတွေ မေးမြန်းစုံစမ်းပြီး တင်လို့ရပါတယ်” ဟုမြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)၏ အထွေထွေမန်နေဂျာ ဦးရဲထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မကြာမီ ဖွင့်လှစ်မည့် ဈေးရုံ (၇) တွင် လူသုံးကုန်ပစ္စည်းများ၊ လွယ်လင့်တကူ စားသောက်နိုင်သည့် အစားအသောက်များ၊ ရေသန့်၊ အအေးနှင့် ကော်ဖီမစ်မျိုးမျိုး၊ မုန့်မျိုးစုံ၊ ခေါက်ဆွဲခြောက်မျိုးစုံစသဖြင့် Food & Snack ဆိုင်ခန်းများ၊ ဆေးဆိုင်များ၊ စာရေးကိရိယာဆိုင်များ၊ အလှကုန်ပစ္စည်းဆိုင်များနှင့် ကလေးပစ္စည်းရောင်းချသည့်ဆိုင်များ၊ မီးဖိုချောင်သုံးပစ္စည်းများအပါအဝင် လျှပ်စစ်ပစ္စည်းဆိုင်များ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ အင်းစိန်းမြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးရုံကြီးစီမံကိန်းကို မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)က ၂၀၁၅ ခုနှစ်ကစပြီး စီမံခန့်ခွဲလုပ်ဆောင်လာခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် (၁၀) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အထူးမိုးလေဝသသတင်း  (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

၁။     ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားအသင့်အတင့်မှ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ၇-၇-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရ

၁။     ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားအသင့်အတင့်မှ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ၇-၇-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီး မည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ  မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

ဝင်္ဂဘော်ဆင်စခန်းက ဆင်အမွှာလေး ထဲမှကျော်ပုလဲ နောက်မြီးရိုးဒဏ်ရာဖြင့် ‌သေဆုံး

ပဲခူးတိုင်း ဘုရားကြီးမြို့ဝင်္ဂဘော်ဆင်ထိန်းသိမ်းရေးစခန်းရှိ ဆင်အမွှာလေးတကောင်ဖြစ်သည့် ရှစ်လသားအရွယ် ဆင်ထီးလေး ကျော်ပုလဲမှာ ခါးရိုးဆစ်၊ နောက်မြီးရိုးဒဏ်ရာများဖြင့် ယနေ့ ဇူလိုင် ၆ ရက် နံနက် ၅ နာရီခွဲအချိန်တွင် ကွယ်လွန်ခဲ့ကြောင်း စခန်းကတရားဝင်အသိပေးသည်။

၄င်းအား ယနေ့နံနက်ပိုင်းတွင် ကောင်းမွန်စွာ မြေမြှုပ်သဂြိုဟ်ပြီးစီးပြီဖြစ်ကာ ၊ ဆင်စခန်းအတွင်း အမှတ်တရ အုတ်ဂူတည်ဆောက်ပြီး ထားရှိရန်စီစဉ်ထားရှိကြောင်း သိရသည်။

ထို့အပြင် ကျော်ပုလဲအားရည်စူး၍ ဝင်္ဂဘော်ရွာဦး‌ကျောင်း၌ လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည့်အပြင် ဆင်စခန်း၌ ဇူလိုင် ၁၂ရက်တွင် ရက်လည်ဆွမ်းကပ်ကုသိုလ်ဆောင်ရွက်ပေးရန်စီစဉ်ထားရှိကြောင်း သိရသည်။

အမွှာဆင်ထီးလေးကျော်ပုလဲသည် ပြီးခဲ့သည့် မေ ၃ ရက် ညသန်းခေါင်းယံအချိန်၌ ခွေးများရုတ်တရက်ဟောင်သည့်အတွက် မိခင်ဖြစ်သူ ဆင်မကြီးမှာ ရုတ်တရက် နောက်ခြေအားယူ ထလိုက်ရာ မိခင်အနားအိပ်ပျော်နေသည့် ကျော်ပုလဲလေး၏ ကျောနှင့် တင်ပါးဆုံပိုင်းကို ခြေထောက်ဖြင့်ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့‌ကြောင်း ဝင်္ဂဘော်ဆင်စခန်းက အသိပေးချက်တွင်ဖော်ပြထားသည်။

၈ လကျော်အရွယ် ဆင်ထီးကလေး ကျော်ပုလဲအား အနာသက်သာစေရန်‌ ဆေးမျိုးစုံ နည်းမျိုးစုံဖြင့် ၂ လနှင့် ၃ရက်ကြာ နေ့ညမပြတ် ဆေးကုသပေးခဲ့သော်လည်း ယနေ့တွင် ‌သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။

ကျော်ပုလဲနှင့် အစ်မဖြစ်သူ ပုလဲဆင့်တို့ကို အသက် ၂၂ နှစ်အရွယ် မိခင်ဆင်မကြီး ပုလဲစန္ဒာက၂၀၂၄ ဩဂုတ်လ၂၆ ရက်တွင် ဝင်္ဂဘော်ဆင်စခန်း၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။

ထိုမွေးဖွားမှုသည် မြန်မာ့သစ်ထုတ်ဌာန၏ ၁၂ ကြိမ်မြောက် ဆင်အမွှာမွေးဖွားမှု မှတ်တမ်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဝင်္ဂဘော်ဆင်စခန်းအတွက်လည်း ပထမဆုံးအကြိမ် ဆင်အမွှာမွေးဖွားမှုဖြစ်ကြောင်း သိရသည်။ကမ္ဘာပေါ်တွင် ဆင်အမွှာ မွေးသည်မှာ ရှားပါးလှသည်။ ထို့ထက်ပို၍ ဆင်မောင်နှမ အမွှာက ပိုရှားသည်။

ပုလဲဆင့်နှင့် ကျော်ပုလဲဆင်အမွှာ မွေးဖွားပြီးနောက်ပိုင်းတွင် စခန်းသို့ ဧည့်သည်လာရောက်မှုပိုမိုများလာခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေများ၌ တောင်ဆင်ရိုင်း ခန့်မှန်းကောင်ရေ ၁၅၀၀ ခန့်နှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားသည့် ဆင်ကောင်ရေ ၃၀၀၀ နှင့် ၅၀၀၀ ခန့်ထိ ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၆

ဇူလိုင် ၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ ဇူလိုင် ၆ ရက်သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအား အသိအမှတ်ပြုသည့် ဂုဏ်ယူဖွယ်နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဒသမ ၂ ဘီလီယံရှိသည့်အနက် ၄၃ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသ၌ နေထိုင်ကြသည့်သူများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၂၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၃ သန်းအနက် ၆၉ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်ကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်က ဖွံ့ဖြိုးမှုနိမ့်ကျခဲ့သော ကျေးလက်ဒေသများသည် ယခုအခါ သိသာစွာဖွံ့ဖြိုးတိုးတက်လာသော်လည်း ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များစွာရှိနေသော ကျေးရွာအချို့လည်း ရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်တန့်ရောင်စီမံကိန်းဖော်ဆောင်၍ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ဝင်ငွေတိုးစီမံကိန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း၊ ကျေးလက်လမ်းနှင့် ကုန်ထုတ်လမ်းတံတားများ ဖောက်လုပ်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြစိမ်းရောင်၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း၊ အသက်မွေးဝမ်းကျောင်းများဖြင့် ကျေးလက်စီးပွားမြင့်မားရေးဆောင်ရွက်ခြင်း၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဖြင့် ရပ်ရွာအခြေပြုဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို နှစ်စဉ်တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုနှစ် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “တို့ကမ္ဘာမြေတိုးတက်ပြောင်းလဲဖို့ ကျေးလက်စွမ်းအားမြှင့်တင်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Centre on Integrated Rural Development for Asia and the Pacific –CIRDAP) ညွှန်ကြားရေးမှူးချုပ်မှ ပေးပို့သော ဝမ်းမြောက်စကားမှတ်တမ်းဗီဒီယိုကိုလည်းကောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကိုလည်းကောင်း ပြသသည်။

ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က စဉ်ဆက်မပြတ်ကျေးလက်ဖွံ့ဖြိုးရေးအတွက် မူဝါဒဦးစားပေးမှုနှင့် ပြည်သူပူးပေါင်းပါဝင်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Water Aim မှ Advisor Mr. Shihab Uddin Ahamad က Unlocking the Potential of Regional Cooperation for Rural Transformation in Myanmar: A Pathway to Sustainable Deve-lopment ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဦးစီးမှူးများကို ဂုဏ်ပြုဆုများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တေးသံရှင် ရဲလေး၏ တေးဂီတဖျော်ဖြေပွဲကို တာမွေမြို့နယ်ရှိ iFour Bar Lounge and BBQ တွင် ပြုလုပ်မည်

ရန်ကုန်   ဇူလိုင် ၅

တေးသံရှင် ရဲလေး၏ Monsoon Raindrops Melody Solo Night တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ iFour Bar Lounge and BBQ ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုတော် ရဲလေး ထံမှ သိရသည်။

အဆိုပါ တေးသံရှင် ရဲလေး၏ Monsoon Raindrops Melody Solo Night တေးဂီတဖျော်ဖြေပွဲကိုရကောက်ဟု အမည်ပေးထားပြီး တေးသံရှင် ရဲလေးနှင့်အတူ HI BIRD Music Band တေးဂီတအဖွဲ့က တီးခတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်နဲ့ HI BIRD တို့ရဲ့ ပူးပေါင်းတင်ဆက်ဖျော်ဖြေမှုတွေကို အားပါးတရခံစားပေးဖို့ မိုးစက်တွေနဲ့အတူ ငယ်ဘဝကို ပြန်ခံစားမယ်။ ငယ်ဘဝက အမှတ်တရတွေ ပြည့်နှက်နေတဲ့ သီချင်းလေးတွေကို ပြန်ခံစားရင်း အတိတ်ထဲ ပြန်ရောက်သွားဖို့ Ready ပဲဆိုရင်တော့ ဇူလိုင် ၈ ရက်နေ့မှာ iFour ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ " ဟု တေးသံရှင် ရဲလေးက ပြောပြသည်။

တေးသံရှင် ရဲလေး၏ Monsoon Raindrops Melody Solo Night တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး တာမွေ iFour Bar Lounge and BBQ ၌ ဇူလိုင် ၈ ရက် ည ၇ နာရီတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံသတင်းစာ

ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်သူများ၏ နေအိမ်ပေါင်း (၅၀၀၀၀)ကျော်အတွက် (၁ ဒသမ ၆)ထရီလီယံကျော်ထောက်ပံ့ပေးသွားမည်

မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်သူများ၏ နေအိမ်ပေါင်း (၅၀၀၀၀)ကျော်အတွက် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများဝယ်ယူရန် (၁ ဒသမ ၆) ထရီလီယံကျော် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှသိရသည်။

မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈) ခုရှိ မြို့နယ် (၅၄) ခုတွင် ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်သူများ၏ နေအိမ်ပေါင်း (၅၀၀၀၀) ကျော်အတွက် ဘိလပ်မြေ၊ သံချောင်း၊ သစ်၊ အိမ်မိုးသွပ်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ထိုကဲ့သို့ ထောက်ပံ့ရာတွင် နေအိမ်အမျိုးအစားပေါ်မူတည်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ငွေသားနှင့်ပစ္စည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် လူရည်ချွန်သမီးငယ်ကိုတွေ့ပါက ငွေကျပ် သိန်းနှစ်ရာဆု ချီးမြှင့်မည်ဟု မိခင်ဖြစ်သူပြော

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၌ ကျောင်းလာတက်ရင်း လနှင့်ချီကြာ ပျောက်ဆုံးနေသည့်လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင်သမီးငယ်ကိုတွေ့ပါက သိန်းနှစ်ရာ ဆုချီးမြှင့်မည်ဟု မိခင်ဖြစ်သူက ဆုကြေးထုတ်ထားသည်။

ပျောက်ဆုံးနေသော မိန်းကလေးငယ် မဆုရတနာအောင်သည် အသက် (၁၇) နှစ်ကျော်အရွယ်ဖြစ်ကာ G12 တက်ရောက်နေသူဖြစ်ပြီး ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မှ မငြိမ်သက်သည့်နိုင်ငံရေးအခြေအနေကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကျောင်းတက်နေခြင်း ဖြစ်သည်။

“ကျွန်မအသဲနှလုံး အရှင်လတ်လတ်ဆွဲထုတ်ခံထားရတဲ့ မိခင်တစ်ယောက်ပါ။ ကျွန်မသမီးဘယ်ရောက်သွားလဲ။ ကျွန်မအသက်ရှင်နေသရွေ့သမီးငယ်လေးဆုရတနာအောင်ကိုရှာနေမှာပါ။ အခုတော့ ဘယ်တွေများရောက်နေပြီလဲ၊ သမီးငယ်လေးရယ်။ မေမေ့ကို ​သေဒဏ်ထက်ပိုဆိုးတဲ့ပြစ်ဒဏ်ကို ချပေးခဲ့တာလား သမီးငယ်လေးရယ်” ဟု  မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေး က လူမှုကွန်ရက်၌ ရေးသားထားသည်။

မဆုရတနာအောင်သည် သူမ ပညာသင်နေသည့် လှည်းကူးမြို့ဘော်ဒါဆောင်မှ ဧပြီ (၂၄) ရက်တွင် မုန့်ထွက်ဝယ်စားရင်း ပျောက်သွားခဲ့ကာ ရှာမတွေ့သေးသောကြောင့် ထိုကဲ့သို့ဆုကြေးထုတ်ရခြင်း ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ အသေးစိတ်သိရှိနိုင်ရန် သက်ဆိုင်သူများနှင့် နယ်မြေရဲစခန်းဆီ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

နေပြည်တော် ဇူလိုင် ၅

(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သမဝါယမစီးပွားရေးဗဟိုဌာန၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက် နာယက၊ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/71905