သတင်းများ

ကမ္ဘာ့သတင်းမီဒီယာကောင်စီအစည်းအဝေး တန်ဇန်းနီးယားနိုင်ငံ၌ ကျင်းပ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး

နေပြည်တော် ဇူလိုင် ၂၀

တန်ဇန်းနီးယားနိုင်ငံ Arusha မြို့တွင် ကမ္ဘာ့သတင်းမီဒီယာကောင်စီ (WAPC) (World Association of Press Councils) ၏ အထွေထွေအစည်းအဝေးနှင့် 2nd Pan-African Media Councils’ Summit 2025 ကို ဇူလိုင် ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ တက်ရောက်ဆွေးနွေးသည်။

ညီလာခံသို့ တန်ဇန်းနီးယားနိုင်ငံ ဒုတိယသမ္မတ Dr. Philip Isdor Mpango နှင့် ဝန်ကြီးများ၊ အာဖရိက၊ အာရှနှင့်ဥရောပတိုက်တို့ရှိ နိုင်ငံပေါင်း ၃၀ ခန့်မှ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အိမ်ရှင်နိုင်ငံမှ သတင်းမီဒီယာသမားများ တက်ရောက်ကြပြီး ဒုတိယသမ္မတက အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် အခြားသော ကမ္ဘာ့သတင်း မီဒီယာကောင်စီဝင်များနှင့်အတူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက မြန်မာနိုင်ငံမီဒီယာလောကနှင့် သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍကို ဆွေးနွေးပြောကြားသည်။

ညီလာခံတွင် ကမ္ဘာနှင့်အာဖရိကတိုက်နိုင်ငံများ၌ သတင်းမီဒီယာသမားများအတွက် သတင်းမီဒီယာ ဆိုင်ရာကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေး၊ ကျင့်ဝတ်နှင့်ညီညွတ်၍ တာဝန်ယူမှု တာဝန်ခံမှုရှိသော သတင်းမီဒီယာသမားများအတွက် စာနယ်ဇင်း လွတ်လပ်ခွင့်ရရှိစေရေး၊ သတင်းတုသတင်းမှားများ လျော့နည်းပပျောက်စေရေးနှင့် AI (Artificial Intelligence) နည်းပညာကို မီဒီယာကဏ္ဍတွင် စနစ်တကျအသုံးချနိုင်စေရေး စသည်တို့ကို ဆွေးနွေးကြသည်။ ဇူလိုင် ၁၇ ရက်တွင် နိုင်ငံတကာမှ တက်ရောက်လာကြသူများ Arusha National Park အမျိုးသားသဘာဝဥယျာဉ်ကို လေ့လာကြသည်။ အစည်းအဝေးတွင် ကောင်စီအတွင်းရေးမှူး ဦးအေးချမ်းလည်း တက်ရောက်ကြောင်း သိရသည်။

MOI

စာပေကဏ္ဍမြင့်မားတိုးတက်ရေး မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဆည်၊ဇူလိုင်-၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်  စာပေကဏ္ဍမြင့်မားတိုးတက်ရေး ယနေ့ နံနက်(၁၀)နာရီက စာပေကဏ္ဍမြင့်မားတိုးတက်ရေး မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဂုဏ်ထူးဆောင်နာယက စာရေးဆရာ မိုး(ကျောက်ဆည်)က သင်းကြီးဂုဏ်ရှိဖို့ ကိုယ်ရေးကိုယ်တာများ ရှေ့တန်းမတင်ရေး၊ ညီညီညွတ်ညွတ်ဆောင်ရွက်သွားရေး၊ အမှတ်(၄)ကျောက်ဆည်မဂ္ဂဇင်း မကြာမီထွက်ရှိတော့ မည်ဖြစ်ကြောင်းနှင့် အမှတ်(၅)ကျောက်ဆည်မဂ္ဂဇင်းစာအုပ် ထုတ်ဝေသွားနိုင်ရေးနှင့်အသင်းနာယက ဦးအောင်မြင့်(ကျောက်ဆည်)၊ စိုးမြင့်ထွဏ်း(အာယုဗေဒ)၊ ဦးကျော်သန်း(ကျောက်ဆည်)တို့က အချိန်နှင့်အလုပ်ကို လေးစား သွားကြရန်၊ အများလေးစားအောင်နေထိုင်သွားကြစေရေးနှင့် အလုပ်အမှုဆောင်နေရာများတွင် လစ်လပ်သွားသော စာရေးဆရာများအား အစားထိုးရွေးချယ်နိုင်ရေး၊ စာရေးဆရာမ ချောယဉ်မင်းက အသင်းရန်ပုံငွေစာရင်းများအား အသီးသီးဦးဆောင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော စာရေးဆရာများမှ မြို့နယ်စာရေးဆရာအသင်းကြီး ရေရှည်တည်တံ့ခိုင်မြဲပြီး စာပေကဏ္ဍမြင့်မားတိုးတက်ရေးအကြောင်းများ အသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီး လစ်လပ်သွားသည့် အလုပ်အမှုဆောင် နေရာများအား အစားထိုးရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့နယ်အတွင်းရှိ ရန်ကုန် - ပုသိမ်လမ်းမတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် လမ်းဘေးဝဲယာ၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများအဆင့်မြှင့်တင်မှုနှင့် လူသွားစင်္ကြန်တည်ဆောက်လျက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းဘေးဝဲယာ၌ သန့်ရှင်းသာယာပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံရေးဆောင်ရွက်ရန်၊ ရေနုတ်မြောင်းများပိတ်ဆို့မှုမရှိစေရေး၊ ရေထွက်ပေါက်များမှ ရေများအလွယ်တကူစီးဆင်းသွားနိုင်ရေး စနစ်တကျတွက်ချက်၍ တည်ဆောက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်တုန်းလမ်းတစ်လျှောက်နှင့် ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းတစ်လျှောက် ရေနုတ်မြောင်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ မော်တော်ကားလမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင် ရန်ကုန်မြစ်ဝ ရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင်အကွာ ပင်လယ်ပြင်၌ မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ နစ်မြုပ်မှုကြောင့် တင်ဆောင်လာသည့် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး တပ်မတော် (ရေ) နှင့် ကုန်တင် သင်္ဘောတစ်စင်းတို့က အချိန်မီ လာရောက်ကူညီခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် သင်္ဘောသားများကိုမူ ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ကိုးကား- Popular Myanmar

၇၈) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနား ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ ကျင်းပ

ရန်ကုန် ဇူလိုင် ၁၉

(၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ ကျင်းပသည်။

အခမ်းအနားသို့ (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုကာဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူ၍ နှစ်မိနစ်ငြိမ်သက်စွာဂါရဝပြုကြသည်။

ယနေ့တွင် ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် အစည်းအဝေးခန်းမနှင့် ပါလီမန်အဆောက်အအုံတို့ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အများပြည်သူ လာရောက်လေ့လာနိုင်ရန်တစ်ရက်တာ အခမဲ့အထူးဖွင့်လှစ်ပြသခဲ့သည်။

အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမအတွင်း အာဇာနည်ခေါင်းဆောင်ကြီးများကျန်ရှိခဲ့သည့်ပစ္စည်း ၂၈ မျိုး၊ အဆောက်အအုံသမိုင်းကြောင်း၊ သက်တမ်းရာကျော်ရှိသည့် ပါလီမန်အဆောက်အအုံနှင့် အဆောက်အအုံအတွင်း သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှုကို လာရောက်ကြည့်ရှုလေ့လာကြသည့် အများပြည်သူနှင့် ကျောင်းသားကျောင်းသူများ ယမန်နှစ်ကထက်များပြားခဲ့ပြီး ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုမှုမှအမှတ်တရလက်ဆောင်များပေးအပ်သည့် အထူးအစီအစဉ်တွင်လည်း စိတ်ဝင်တစားပါဝင်ဖြေဆိုကြသူများ များပြားခဲ့သည်။

နေပြည်တော် ဇူလိုင် ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) ပြင်ဆင်ခင်းကျင်းပြသထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/72458

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ လာရောက်လေ့လာကြည့်ရှုသူများပြား

ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေအိမ်ကိုပြတိုက်အဖြစ်ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ လာရောက်လေ့လာကြည့်ရှုသူများပြားလျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစားမော်တော်ယာဉ်နှင့် မှတ်တမ်းဓာတ်ပုံများပြခန်း၊ ပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူ၊ ဗိုလ်ချုပ်၏ ငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ နောက်ခံသမိုင်းအကျဉ်းတို့ကို ခင်းကျင်းပြသထားသည်။

ဧည့်ခန်း၊ အိပ်ခန်း၊ ဘုရားခန်း၊ စာကြည့်တိုက်နှင့် အထူးအစည်းအဝေးခန်းများအတွင်း ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သော အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ ပန်းချီကားများ၊ ဓာတ်ပုံများနှင့် ပရိဘောဂပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းဖတ်ရှုလေ့လာခဲ့သည့် စာအုပ်များနှင့် ဗိုလ်ချုပ်၏သမိုင်းမှတ်တမ်းများအားရေးသားထားသော ခေတ်အဆက်ဆက်တွင်ထုတ်ဝေခဲ့သည့်စာအုပ်များကိုလည်း ခင်းကျင်းပြသထားသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သောအိမ်ကို ပြတိုက်အဖြစ်ခင်းကျင်းပြသထားခြင်းဖြစ်ကာ ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့သောအဆောက်အဦဖြစ်ပြီး အနောက်တိုင်းဗိသုကာဟန်များရောနှောတည်ဆောက်ထားသော ဥရောပပုံစံအ ဆောက်အဦဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် မိ သားစုနှင့်အတူ ယင်းအိမ်၌ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်နေ့ရက်များနှင့် ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်သည့် အာဇာနည်နေ့တို့တွင်နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အခမဲ့လေ့လာကြည့်ရှုနိုင်သည်။

Popular Myanmar

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန် (သစ်လွင်) များနှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၁၈

ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန် (သစ်လွင်) များနှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (ရန်ကုန်မြို့) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/72454

(၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူ များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ

ကျောက်ဆည်၊ ဇူလိုင်-၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပင်တလည်အခြေခံပညာမူလတန်း(လွန်) ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပင်တလည်အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းအောင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်းကြောင်းများသိရှိစေရန်၊ လွန်လပ်ရေး ရရှိအောင် အသက်ပေးလှူခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်များ၏ ကျေးဇူးတရားကို အောက်မေ့ သတိရ စေရန်၊ စာအုပ်စာပေလူ့ မိတ်ဆွေဆိုသည့်အတိုင်း ငယ်ရွယ်စဉ်အချိန်ကပင် စာအုပ်စာပေများဖတ်ရှုသည့် အလေ့ အကျင့်များဖြစ်အောင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ဒေါ်ခင်နှင်းရီက (၇၈)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှု သမိုင်းကြောင်းများ၊ စာပေဖတ်ရှု့သူများသည် အမှားအမှန်ကိုဝေဖန် ပိုင်းခြားနိုင်ပြီးအကောင်းအဆိုးကို ခွဲခြား နိုင်သောကြောင့် အောင်မြင်တိုးတက်သူများဖြစ်ကြောင်းနှင့် အားလပ်သည့်အချိန်များတွင် စာအုပ်များဖတ်ရှု့ သွားကြစေလိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်းအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)

ကျောက်ဆည်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင် ပြပွဲကျင်းပ

ကျောက်ဆည်၊ ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာနတွင် (၇၈) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြိုအဖြစ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင် ပြပွဲကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် အာဇာနည် စိတ်ဓာတ်အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးကြိုးပမ်းမှုများ၊ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိ တို့ကို ဟောပြောခဲ့ပြီး          ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်း ဆောင်ရွက်ခဲ့မှုသမိုင်းကြောင်းများ ဟောပြောခဲ့သည်။

ဟောပြောပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှခင်းကျင်းပြသထားသော သုသ၊ ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အသိပညာ ဗဟုသုတပြည့်ဝပြီး ဘက်စုံထူးချွန်ထက်မြက်စေရန် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲများကို မြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများသို့ လစဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် သိရသည်။

သက်မောင်(ကျောက်ဆည်)