ရွေ့လျားစာကြည့်တိုက် (Mobile Library) စနစ်ဖြင့် စစ်ကိုင်းမြို့ကျောင်းများတွင် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးလျက်ရှိ

News Image

  • ရွေ့လျားစာကြည့်တိုက်  (Mobile Library) စနစ်ဖြင့်စစ်ကိုင်းမြို့ကျောင်းများတွင်စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးလျက်ရှိ

စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ရွေ့လျားစာကြည့်တိုက်  (Mobile Library) စနစ်ဖြင့် အပတ်စဉ် သွား ရောက်ဖွင့်လှစ်၍ သုတ/ရသစာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ)တွင် အပတ်စဉ်တနင်္လာနေ့တိုင်း နဝမတန်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် အပတ်စဉ် အင်္ဂါနေ့တိုင်း ဒဿမတန်းမှ ကျောင်းသား၊ ကျောင်းသူများအား သုတ/ ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

Popular Myanmar