သတင်းများ

ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် စာအုပ်၊ စာစောင်များ ပြသ

ကျောက်ဆည်၊ ဇူလိုင်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား ၊ကျောင်းသူများ ဗဟုသုတ ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်စာအုပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မီးခိုးနှင့်မြူတို့ပေါင်းစပ်မှုဖြစ်ပြီး၊ လေထုအတွင်း များစွာသော ဓာတုဗေဒ ပစ္စည်းများနှင့်အတူ ဖွဲ့စည်းနေသည့်အခိုးအငွေ့များဖြစ်ကြောင်း၊ ကားများ၊ စက်ရုံများ၊ တောမီးလောင်ခြင်းများမှ ထွက်ရှိလာသည့်မီးခိုးများကြောင့် မီးခိုမြူငွေ့များဖြစ်ပေါ်လာကြောင်းနှင့် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသီဟမှ မီးခိုးမြူငွေ့တွင်ပါဝင်သော ဓာတုပစ္စည်း များအကြောင်း၊ မီးခိုးမြူငွေ့ကြောင့် ကျန်းမာရေးအပေါ်သက်ရောက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ နှင့် မီးခိုးမြူငွေ့အား လျော့နည်းပပျောက်အောင် ဖြေရှင်းနိုင်သည့် နည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေသားနည်းအကြောင်းများ သင်ကြားပေးလျက်ရှိ

ကျောက်ဆည်၊ ဇူလိုင်-၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေးနှင့် အရည်အသွေးရှိသောသတင်းများရေးသားနိုင်ရေး သတင်းရေးသားနည်းအကြောင်းများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

သင်တန်းတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် သတင်းရေးသားခြင်း အကြောင်း များကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် သတင်းကောင်း တစ်ပုဒ် အတွက် လိုအပ်ချက်၊ သတင်းအချက်အလက်စုဆောင်းခြင်း၊ သတင်းရေးသားခြင်းအကြောင်းများနှင့် ဓာတ်ပုံကျွမ်းကျင်-(၂) ဦးသက်မောင်က သတင်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းဦးနှင့်သတင်းဆောင်းပါးရေးနည်းများကို စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလ မှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်(၂၁)ရက်နေ့မှ(၂၂)ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာရှိ အာမီရမ် အရက်ချက်စက်ရုံ level (1) အဆင့် မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ အမှတ်(၄)လမ်းရှိ အာမီရမ် အရက်ချက် စက်ရုံတွင် ယနေ့ ဇူလိုင် (၂၃) ရက်၊ နံနက် (၉) နာရီခွဲဝန်းကျင် အချိန်က Level (1) အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုကို မြောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တညင်းကုန်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ငြှိမ်းသတ်ခဲ့သည့်အတွက် (၁၀)နာရီ (၀၄) မိနစ် အချိန်တွင် မီးငြိမ်းကာ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံး ရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ညကလည်း ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level (1) အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ကြရသေးသည်။

Popular Myanmar

မော်လမြိုင်ကမ်းနားတွင် ရပ်ထားသည့် အပျော်စီးသင်္ဘော (ထီးလှိုင်ရှင်) နစ်မြုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်ကမ်းနားလမ်း၊ ထားဝယ်တံတားဆိပ်ကမ်းတွင် ရပ်ထားသည့် အပျော်စီးသင်္ဘော (ထီးလှိုင်ရှင်) နစ်မြှုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက်ကျမှ သိကြတာ၊ ဘယ်လိုမြုပ်သွားလဲတောင် မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသင်္ဘောသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင်သင်္ဘောဖြစ်ပြီး ဟာမိုနီ အပျော်စီးသင်္ဘောအဖြစ် ပြေးဆွဲခဲ့သည့် သင်္ဘောလည်း ဖြစ်သည်။

လက်ရှိတွင် ရေတက်လျက်ရှိနေသောကြောင့် ရေပြန်ကျသွားသည့်အချိန်မှသာ ပြန်လည်ဆယ်ယူမည် ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် (ဇူလိုင်၁၉)ရက်နေ့ကလည်း ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင် ရန်ကုန်မြစ်ဝ ရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင်အကွာ ပင်လယ်ပြင်၌ ကမ်းရိုးတန်းသွားကုန်တင်သင်္ဘောတစ်စီး မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့သေးသည်။

ကျောက်ဆည်မြို့တွင် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကျောက်ဆည်၊ ဇူလိုင်-၂၂

ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ လစဉ် လူငယ်စကားဝိုင်းဆွေးနွေးပွဲ၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ သင်တန်းများ ၊ စာဖတ်ဝိုင်းများနှင့် အသိပညာပေးဆွေးနွေးပွဲ Talk Showများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူ ဒေါ်တင်တင်ထွေးက ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဆွေးနွေးပွဲ Talk Showများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက ငလျင်ဘေးအတွက်ကြိုတင်ပြင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာ ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားရမည့် အချက်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေးပို့သူ- အောင်ပိုင်ပိုင်ကျော်(ကျောက်ဆည်)

သီးနှံမျိုးစုံ (၃၀၀၅) ဧက ရေပြည့်ဝစွာပေးနိုင်ရေး ထုံးကြီးမြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် နိမ့်ကျနေသည့် မြောင်းပေါင် အစိတ်အပိုင်းများ အား မြှင့်တင်ပေးသွားမည်ဖြစ်

ကျောက်ဆည်၊ ဇူလိုင်-၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာနှစ်အလိုက် ဆည်၊ မြောင်းများအား ပြန်လည် ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၃၀၀၅)ဧက ရေပြည့်ဝစွာပေးနိုင်ရေး ထုံးကြီးမြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် နိမ့်ကျနေသည့် မြောင်းပေါင် အစိတ်အပိုင်း များအား မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထုံးကြီးမြောင်းသည် တူးဖော်ခြင်းမရှိသည်မှာ နှစ်ကာလကြာမြင့်ပြီဖြစ်၍ တူးမြောင်းအတွင်း ခြုံနွယ်များ ပေါက်ရောက်၍ သဲနုန်းပို့ချခြင်းများကြောင့် ရေစီးရေလာကောင်းမွန်ခြင်း မရှိဖြစ်ကာ မြောင်းဆုံးမြောင်းဖျား များရှိ သီးနှံစိုက်ခင်းများ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများပေးဝေနိုင်ရေး၊ မြို့နယ်ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၂၃)သန်း အကုန်အကျ ခံပြီး လေးဆယ်ကုန်းကျေးရွာအနီးရှိ မြောင်း၏ပေတိုင်အမှတ်(၂၀၀၀၀)ပေနှင့်(၂၈၀၀၀)ပေ အတွင်းရှိ နိမ့်ကျနေသည့် မြောင်းပေါင်အား (၄)ပေအထိ မြှင့်တင်ပေးပြီး မြောင်းအကျယ်(၁၀)ပေနှင့် အလျား(၈၀၀၀)ပေအထိ သဲနုန်း တူးဖော်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မြောင်းဘောင်မြှင့်တင်ခြင်း၊ သဲနုန်းတူးဖော်ပေးခြင်းလုပ်ငန်းများ ပြီးစီးခဲ့ပါက မြောင်း အသုံးပြုသူ ပြည်သူများ၏ သွားလာရေးနှင့် စိုက်ပျိုးရေပေးဝေနေသည့် သီးနှံမျိုးစုံ (၃၀၀၅)ဧကအတွက် စိုက်ပျိုးရေများအား ရေစီး ရေလာ ကောင်းမွန်စွာဖြင့် ပြည့်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်၊ဇူလိုင်-၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါးသီးနှံများ စိုက်ပျိုးရာ၌ စက်မှုလယ်ယာစနစ်ကူးပြောင်း၍ စပါးသီးနှံများစိုက်ပျိုးခြင်းဖြင့် လုပ်သားအင်အား ရှားပါးမှု ပြဿနာဖြေရှင်းနိုင်ခြင်း၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ခြင်း၊ ကောက်ကွက်ပြည့်မီပြီး ပန်းတိုင် အထွက်နှုန်းရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရနိုင်သည့်အတွက် ကောက်စိုက်စက်များ အသုံးပြု၍ ပြောင်းလဲ စိုက်ပျိုးလျက်ရှိကြောင်းနှင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ လက်ပံကျေးရွာ အုပ်စု ကွင်းအမှတ် (၁၁၅-ခ၊ ဦးပိုင်အမှတ် ၁၃၇/၁၃၈) တောင်သူဦးသိန်းဇော်ဌေး၏ လယ်မြေ(၃)ဧကတွင် ကိုဘိုတာ(၆) တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်တို့ကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

သရုပ်ပြပွဲတွင် ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲနောင်က  ကိုဘိုတာ (၆) တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များ အသုံးပြု၍ စပါးသီးနှံစိုက်ပျိုးခြင်း ဖြင့်ပျိုးထောင်မှု ကုန်ကျစရိတ်သက်သာလွယ်ကူခြင်း၊ ပျိုးသက်နုချိန်တွင်ပြောင်းရွေ့စိုက်ပျိုးခြင်းဖြင့် ကောက်ပင်သန်စွမ်းခြင်း၊ ကောက်ကွက်ပြည့်မီပြီး ကောက်ပင်မနာသဖြင့် ကောက်ပင်လှန်ရက်မစောင့်ရခြင်း၊ အချိန်၊ လုပ်သား၊ သွင်းအား စုများ သက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်းနှင့် စက်ပိုင်းဆိုင်ရာ အချက်အလက်များ အကြောင်းနှင့် သတိပြုလိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

သရုပ်ပြပွဲသို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမိုးကျော်၊ မြန်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ (အင်းကုန်း)မှ  စက်ရုံမှူးဦးမျိုးလွင်ဦး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံစပါးစိုက် တောင်သူများ တက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးနေမှုများအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။

စုစုအေး(ကျောက်ဆည်)

ဖားကန့် မှော်စီစာတောင်ယာကုန်း မြေစာပြိုကျမှုဖြစ်ပွား လူသေဆုံးပျောက်ဆုံးမှု ၁၇ ဦး ထိရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် က မှော်စီစာတောင်ယာကုန်းမှာ ယနေ့(ဇူလိုင်၂၁ရက်) မနက်ပိုင်းက မြေစာပြိုကျမှုဖြစ်ပွားခဲ့ပြီး ကနေဦးသတင်းများအရ လူသေဆုံး ပျောက်ဆုံး (၁၇) ဦး ထိရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေစာပြိုကျမှုကြောင့် လူသေဆုံးပျောက်ဆုံးမှုဦးရေမှာ တိုးလာနိုင်သေးကြောင်း ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

လက်ရှိနေလည်ပိုင်းထိ ​သေဆုံးနေသည့်အလောင်းတစ်လောင်းကိုဘဲ တူးဖော်နိုင်သည့် အခြေအနေတွင်ရှိနေကြောင်းလည်း သိရသည်။

မြေစာပြိုကျသည့်နေရာမှာ မှော်စီစာတောင်ယာကုန်း စိန်စိန် ဂျိတ်ပါဝါကြောဖြစ်ပြီး ပြိုကျသည့်အချိန်တွင် ဆိုင်ကယ်သုံးစီးနှင့် လူများလည်းပါဝင်ကြောင်း သိရသည်။