ကျောက်ဆည်၊ ဇူလိုင်-၂၈

ကျောက်ဆည်၊ ဇူလိုင်-၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအတွက် အခြေခံ စားသောက်ကုန် များဝယ်ယူရာတွင် အထောက်ပံ့ဖြစ်စေရေး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး အသား ငါးများ၊ ဟင်းသီး ဟင်းရွက်များ၊ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်လျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် စဉ့်ကိုင်မြို့နယ်၊ စွန်ရဲ တောင်ရွာ၌ စားအုန်းဆီ(၂၂၀)ပိဿာအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ရောင်းချပေးရာတွင် အရည်အသွေးပြည့်ဝသော စားအုန်းဆီများကို Resources Group Trading Co,Ltd မှ ဝယ်ယူခဲ့ပြီး စားအုန်းဆီတစ်ပိဿာငွေ(၇၁၁၅)ကျပ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ထိုသို့ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချခြင်းများကို ကျောက်ဆည်၊ မြစ်သား မြို့နယ်များနှင့် ပုလိပ်၊ ကူမဲ မြို့နယ်ခွဲ များအတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင်လည်း သက်ဆိုင်ရာ မြို့နယ် များရှိ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီအရောင်းဆိုင်များမှ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်ပူးပေါင်းကာ အလှည့်ကျစနစ်ဖြင့် စဉ်ဆက်မပြတ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

ကျောက်ဆည်၊ဇူလိုင်-၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ၂၀၂၅-၂၀၂၆ခုနှစ် မိုးသီးနှံများ စိုက်ပျိုးလျက်ရှိရာ တိုက်နယ်(၇) ၌ ဇူလိုင်လ လလယ်ထိ မိုးသီးနှံစုံ(၂၆၂၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

မိုးသီးနှံမျိုးစုံစိုက်ပျိုးရာ၌ ချည်မျှင်ရှည်ဝါ(၉၄၆)ဧက၊ ပဲတီစိမ်း (၆၃၁)ဧက၊ ပဲစင်းငုံ(၂၁၇)ဧက၊ ကျွဲ/နွားစာ(၃၀၇)၊ နှံစားပြောင်း(၁၀၇)ဧက၊ ဖူးစားပြောင်း(၇၃)ဧက၊ မိုးနှမ်း(၄၁)ဧက၊ နေကြာ(၈)ဧက၊ မြေပဲ (၅၁)ဧက၊ အခြားပဲ (၉၁)ဧက၊ ငှက်ပျော(၇၁)ဧက၊ သရက်(၆၁)ဧက၊ လျှော်ဖြူ(၁၁)ဧက၊ ကွမ်း(၁၂)ဧက စုစုပေါင်း(၂၆၂၇)ဧက စိုက်ပျိုးပြီးကြောင်းနှင့် မိုးသီးနှံများလျာထားချက် ပြည့်မီကျော်လွန်ရေး ကျေးရွာအုပ်စုများအလိုက် ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်းနှင့် တိုက်နယ်(၇)၌ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းချော၊ ကြက်သားဟင်း ကျေးရွာအုပ်စု(၁၀)အုပ်စု ပါဝင်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် လျာထားသီးနှံများ ပြည့်မီကျော်လွန်စွာစိုက်ပျိုးနိုင်ရေး မြို့နယ် စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့်ပူးပေါင်း၍ စိုက်လျက်ရှိကြောင်းနှင့် စိုက်ပျိုးသီးနှံများအောင်မြင်ပြီး တောင်သူ များ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနများမှ ဒေသနှင့်ကိုက်ညီ ပိုးမွှားဒဏ် ခံနိုင်သည့် အထွက် တိုးသီးနှံမျိုးစေ့များ ဖြန့်ဝေလျက်ရှိပြီး သိပ္ပံနည်းကျ စိုက်နည်းစနစ်များ အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နေပြည်တော် ဇူလိုင် ၂၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ ပထမအဆင့် ၄၀ မဂ္ဂါဝပ်ဓာတ်အားထုတ်လုပ်နေမှုနှင့် ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ချုပ်ဆိုထားသည့်စာချုပ်များကို ပြန်လည်စိစစ်၍ စာချုပ်ပါအတိုင်းပြီးစီးနိုင်ရေး မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားရန်နှင့် စာချုပ်ပါစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လာမည့် နွေရာသီအမီဖြစ်နိုင်ခြေရှိသော ရှိပြီးသားစီမံကိန်းများမှ ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသဖြင့် ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နိုင်ရေးပြီးစီးရန် သတ်မှတ်ထားသည့် ၂၀၂၆ ခုနှစ် တတိယသုံးလပတ်ထက်စော၍ ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး မြေပြုပြင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ပထမအဆင့် ၄၀ မဂ္ဂါဝပ်မှ Solar Panel များ တပ်ဆင်ထားရှိမှုနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ် (National Grid System)သို့ ချိတ်ဆက်ပို့လွှတ်ပေးနေ မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လက်ရှိအချိန်တွင် နိုင်ငံခြားသားပညာရှင်များနှင့်တွဲဖက်၍ ဓာတ်အားထုတ်လုပ်မောင်းနှင်ဆောင်ရွက်နေရသော်လည်း မိမိတို့ဝန်ထမ်းများဖြင့် ဓာတ်အားထုတ်လုပ်မောင်းနှင်ရန် လိုအပ်လာပါက ထိန်းညှိမောင်းနှင်နိုင်ရန်အတွက် ယခုအချိန်မှစပြီး ကျွမ်းကျင်မှုရှိစေရေး နည်းပညာဆိုင်ရာအတွေ့အကြုံများရယူ၍ လေ့လာဆည်းပူးထားရန် လိုအပ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ရှိ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးတွင် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး ရည်မှန်းချက်ထားဆောင်ရွက်ရန်နှင့် တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်သွားရန်၊ မိမိတို့ဌာနအနေဖြင့် အများပြည်သူနှင့်ဆက်ဆံ၍ ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သဖြင့် ယဉ်ကျေးပျူငှာစွာဆက်ဆံပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကိုမြှင့်တင်၍ ပြည်သူလူထုလေးစားရသော ဝန်ထမ်းများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့အား ပေးအပ်ထားသောတာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုအပ်ပြီး ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအပေါ် တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ သတိဖြင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
MOI

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ရွေ့လျားစနစ်ဖြင့် ပြည်သူ့သက်သာဈေးများဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အေးမြကြည်လင်ရပ်ကွက်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံစားသောက်ကုန်များရောင်းချရာ၌ လက်ရှိပေါက်ဈေးအပေါ်(၂၀)ရာခိုင်နှုန်းလျှော့ချ၍ နည်းပညာ တက္ကသိုလ် (ကျောက်ဆည်)မှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား ဝက်သား(၃၅)ပိဿာ၊ အမဲသား (၃၀) ပိဿာ၊ ဆိတ်သား (၁၅)ပိဿာ၊ စားအုန်းဆီ(၁၁၀)ပိဿာတို့အား ရောင်းချပေးခဲ့ကြောင်း ပြည်သူ့သက်သာဈေး ဖွင့်လှစ်ရောင်းချခဲ့သည့် တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍ သိရသည်။
ပေးပို့သူ- သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ ကြွေးမြီ ကင်းရှင်းပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့(၉)နာရီအထိ ငွေ(၄၂၂,၁၀၀,၀၀၀)ကျပ် ထုတ်ချေး ပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးများ ထုတ်ချေးပေးရာ၌ လယ်သီးနှံဖြစ်သည့် စပါး(၁)ဧကတွင် ငွေ(၁)သိန်းခွဲ ကျပ်၊ ယာသီးနှံများဖြစ်သည့် ကုလားပဲ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါ သီးနှံများအတွက် (၁)ဧက ငွေ(၁)သိန်းကျပ် နှုန်းဖြင့် ကျေးရွာအုပ်စု (၂၈) အုပ်စုမှ တောင်သူ (၆၁၇) ဦး၏ စပါးသီးနှံ (၂၃၃၄) ဧက၊ ပဲတီစိမ်းသီးနှံ (၆၅၁) ဧက၊ ချည်မျှင်ရှည်ဝါသီးနှံ (၅၉) ဧက၊ ကုလားပဲသီးနှံ (၁၀) ဧက စုစုပေါင်းသီးနှံမျိုးစုံ (၃၀၅၄) ဧကအတွက် စိုက်ပျိုး ချေးငွေ(၄၂၂,၁၀၀,၀၀၀)ကျပ် ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင် ဘဏ်ခွဲအနေဖြင့် တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း(၂)သောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ယနေ့ ဇူလိုင်လ (၂၇)ရက် ၊ နံနက် (၆) နာရီခွဲအချိန် တိုင်းတာချက်အရမြို့၏ စိုးရိမ်ရေအမှတ်ထက် (၄)ပေခွဲ ကျော်လွန်နေကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။
ဘားအံမြို့၏ စိုးရိမ်ရေမှတ်သည် (၇၅၀) စင်တီမီတာဖြစ်ကာ လက်ရှိတွင် မြစ်ရေသည် (၈၉၀) စင်တီမီတာ ထိရောက်ရှိနေခြင်း ဖြစ်သည်။
လက်ရှိတွင် မိုးလည်းရွာသွန်းနေကာ နေရာအနှံ့နီးပါး ရေကျော်နေကြောင်း မြို့ခံများကလည်း ပြောသည်။

“အခုအိမ်ကနေ စားစရာထွက်ဝယ်ဖို့တောင် ထွက်လို့အဆင်မပြေလို့စောင့်နေရပါတယ်။ ဘားအံကို ခရီးသွားမယ့်သူများ သတင်းသေချာလေး စုံစမ်းစေဖို့အတွက် မျှဝေပေးလိုက်ပါတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး ယနေ့ညနေအထိ ခန့်မှန်းချက်အရ ကရင်ပြည်နယ်တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်းလည်း သိရသည်။
Popular Myanmar

ကျောက်ဆည်၊ ဇူလိုင်-၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဇူလိုင်(၂၇)ရက် နံနက်ပိုင်းက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာ စာဖြေဌာနကျောင်းများ၌ ထုတ်ပြန်ကြေညာခဲ့ရာ (၆၄၂)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းတွင်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ(၁၁၄၉)ဦးရှိပြီး အောင်မြင်သူ(၅၆၀)ဦး၊ အလွတ်ဖြေဆိုသူကျောင်းသား/ကျောင်းသူ (၃၃၅)ဦးရှိပြီး အောင်မြင်သူ(၈၂)ဦးရှိကြောင်းနှင့် ဂုဏ်ထူးဖြင့်အောင်မြင် သည့်ကျောင်းသား/ကျောင်းသူများအနေဖြင့် (၅) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂) ဦး၊ (၄)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၇) ဦး၊ (၃) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂၈) ဦး၊ (၂) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၄၉)ဦး၊ (၁)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၁၂)ဦး ဖြစ်ကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ (၆၃.၂၆) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျွန်းစု ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများသည် ဇူလိုင် ၂၃ ရက်မှစ၍ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိရာမှ ယနေ့နံနက်ပိုင်းတွင် အမြန်ရေယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တစ်နာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်မှ မိုင် ၄၀ နှင့် ပင်လယ်ပြင်အခြေအနေမှာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်သဖြင့် မြိတ် - ကျွန်းစု - မြိတ်ခရီးစဉ် ပြေးဆွဲနေသော သစ်သားခွံကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကမ်းရိုးတန်းသွားခရီးသည်တင် အမြန်ရေယာဉ်များအားလုံး ထွက်ခွာခွင့် လုံးဝ (လုံးဝ) မပြုကြောင်း၊ ရေယာဉ်ထွက်ခွာခဲ့ပါက ဖြစ်ပေါ်လာနိုင်မည့် နောက်ဆက်တွဲပြဿနာများအတွက် ရေယာဉ်ပိုင်ရှင်၏ တာဝန်သာဖြစ်ကြောင်း၊ မြိတ် - ကျွန်းစု - မြိတ်ခရီးစဉ်ပြေးဆွဲမည့် ခရီးသည်တင်အမြန်ရေယာဉ်များအနေဖြင့် ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်ပါ၍ ခရီးသည်အားလုံးကို ရေယာဉ်အတွင်း၌သာ စီးနင်းကြရန်တို့ကို ဇူလိုင် ၂၂ ရက်က ထုတ်ပြန်ထားကြောင်း သိရသည်။
ကျွန်းစုမြို့တွင် နေ့စဉ်အမြန်ရေယာဉ်အတက်၊ အဆင်းနှစ်ခေါက်နှင့် သစ်သားခွံကုန်တင်စက်လှေအတက်၊ အဆင်းတစ်ခေါက်ပြေးဆွဲလျက်ရှိရာ ယခုအချိန်တွင် ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိသော အမြန်ရေယာဉ်များသည် တိုင်းဒေသကြီး မိုး/ဇလမှ ရာသီဥတုကောင်းမွန်၍ ရေယာဉ်များ ထွက်ခွာခွင့်ရရှိကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက ၂၃၃၇၀ ရှိသောနယ်မြေကို “ခိုကျွန်းဒီရေတောကြိုးပြင် ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၇၁/၂၀၂၅) အရ ၁၃၈၇ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၃ ရက် (၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်း ဒဏ်ခံစားရမှုများကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန်စသောရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲ နိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန် လာစေရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ် တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
ခိုကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိကသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ ကျန၊ မဒမ၊ ပင်လယ် အုန်းစသည့်သစ်မျိုးများနှင့် သရော၊ နှံဗြူး(ငှက်)နှင့် ဓနိပင်စသည့် ဒေသမျိုးရင်း ဒီရေတောသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ဗျိုင်းအောက်၊ စွန်၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုတ်ငှက်၊ ရေညှောင့်နှုတ်ဝိုင်းငှက်၊ တင်ကြီးငှက်၊ ငှက်တုံး ငှက် စသည့်ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင် မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ကဏန်း၊ ပုစွန်များရှင်သန်ပေါက်ပွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့်ဂေဟ စနစ်တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

နေပြည်တော် ဇူလိုင် ၂၅
ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကိုးလ်ကတ္တားမြို့(Kolkata)၏ တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိသော မုန်တိုင်းငယ် (Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ကုန်းတွင်း ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိသည်။

အဆိုပါမုန်တိုင်းငယ်သည် အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ် မြောက်ပိုင်းနှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း ယနေ့ညမှ ဇူလိုင်လ ၂၈ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။
(မိုး/ဇလ)