သတင်းများ

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၁ ဦးသေဆုံး

ရီယိုဒီဂျနေရိုး   ဇန်နဝါရီ ၁၃

ဘရာဇီးနိုင်ငံတောင်ပိုင်း၌ ဇန်နဝါရီ ၁၂ ရက်က မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၁ ဦးရှိပြီး ၎င်းတို့အနက် ကိုးဦးမှာ မီးနပ်ဂျီရေ့စ်ပြည်နယ် တောင်ကြားဒေသ၌ မြေပြိုမှုကြောင့် သေဆုံးသူများဖြစ်သည်ဟု ဒေသခံအာဏာပိုင်များက ပြောသည်။

အိုင်ပက်တင်ဂါမြို့တွင် မြေပြိုမှုကြောင့် ကိုးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ အဆိုပါမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် တာဝန်ရှိသူများက ရက်ပေါင်း ၁၈၀ ကြာ လူထုသဘာဝဘေးအန္တရာယ်အဖြစ် ကြေညာခဲ့သည်။

မီးနပ်ဂျီရေ့စ် အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၁၃ ရက်တွင် အဆိုပါဒေသသို့ သွားရောက်ကာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်ရန်နှင့် နေအိမ်ဆုံးရှုံးသွားသူများအတွက် လုံခြုံစိတ်ချရသည့် ယာယီအိမ်ရာများ ပြုလုပ်ပေးသွားမည်ဟု လူမှုကွန်ရက်မီဒီယာတွင် ပြောသည်။ ဆန်တာ ကက်တာရီနားဒေသတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးခဲ့သည်ဟု သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Photo: Reuters

ဘန်ကောက်တွင် ကမ္ဘောဒီးယားအမတ်ဟောင်းတစ်ဦး အသတ်ခံရ

ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းတစ်ဦးသည် အင်္ဂါနေ့ညနေပိုင်းက ဘန်ကောက်မြို့တော် Phra Nakhon ခရိုင်တွင် မော်တော်ဆိုင်ကယ်သမားတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။

လင်မ်ကင်ယာ(၇၃ နှစ်) သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူကို မြို့တော်ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသည်။

အခင်းဖြစ်နေရာမှ ထောက်လှမ်းရေးကင်မရာဗီဒီယိုမှတ်တမ်းအရ Honda Wave 100 မော်တော်ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

သေဆုံးသူသည် ကမ္ဘောဒီးယားနှင့် ပြင်သစ်နှစ်နိုင်ငံ၏ နိုင်ငံသားခံယူထားသူဖြစ်ပြီး သူ၏ ပြင်သစ်ဇနီးသည် ကမ္ဘောဒီးယားလူမျိုးဦးလေးတို့နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ယိမှ ဘတ်စ်ကားဖြင့် ဘန်ကောက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး မကြာမီမှာပင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။ ဆိုင်ကယ်စီးလာသော ပြစ်မှုကျူးလွန်သူသည် အခင်းဖြစ်နေရာတွင် ဆိုင်ကယ်ကိုရပ်ကာ ဆင်းလာပြီးနောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် သူသည် Phra Sumen လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်မောင်းထွက်ပြေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

လင်မ်ကင်ယာသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သော CNRP ပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီသည် ၂၀၁၇ ခုနှစ်နိုဝင်ဘာလတွင် တရားရုံးချုပ်၏ ဖျက်သိမ်းမိန့်ဖြင့် အဖျက်ခံခဲ့ရသည်။

ယခင်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်လက်ထက်က ညှင်းပန်းနှိပ်စက်မခံရရေးအတွက် သူ့လုပ်ဖော်ကိုင်ဖက် ပါတီဝင်များစွာသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ပြင်သစ်ပတ်စ်ပို့ကိုင်ဆောင်ထားသော လင်မ်ကင်ယာသည် နေရာသစ်တွင် အလွယ်တကူအခြေချခွင့်ရှိသည့်တိုင် ကမ္ဘောဒီးယားတွင် ဆက်ရှိနေခဲ့သည့် လက်တစ်ဆုပ်စာ ပါတီအမတ်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

“နိုင်ငံရေးကို ဘယ်တော့မှ အရှုံးမပေးပါဘူး” ဟု ထိုအချိန်က သတင်းထောက်များကို သူ ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Source: Popular Myanmar

လော့စ်အိန်ဂျလိစ် တောမီးကြောင့် သေဆုံးသူဦးရေ ၂၄ ဦးအထိ မြင့်တက်လာပြီး အများအပြား ပျောက်ဆုံး နေဆဲဖြစ်ကာ လေပြင်းများကြောင့် မီးတောက်များ ပိုမို ပြင်းထန်လာဖွယ်ရှိနေ

လော့စ်အိန်ဂျလိစ်တွင် ကြီးမားသော တောမီးလောင်ကျွမ်းမှုအတွင်း  ယခုအချိန်အထိ လူ ၂၄ ဦး သေဆုံးခဲ့ပြီး မီးလောင်ကျွမ်းမှု ပိုမိုပြင်းထန်လာနိုင်သည့် အန္တရာယ်ရှိ သောလေပြင်းများ ဝင်ရောက်လာနိုင်ကြောင်း သတိပေးထားသည်။

ခြောက်ရက်မြောက်နေ့တွင် အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့၌ မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားခဲ့ပြီး ဧရိယာတစ်ခုလုံးနီးပါး လောင်ကျွမ်းပျက်စီးသွားကာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က တောမီးသည် အမေရိကန်သမိုင်းတွင်အဆိုးရွားဆုံးသဘာဝဘေးဖြစ်ပြီး အိမ်ခြေ ထောင်ပေါင်းများစွာ ပျက်စီးကာ လူပေါင်း ၁,၀၀၀,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

မီးငြှိမ်းသတ်ရေးကြိုးပမ်းမှုများသည် ပါလီဆိတ်ဒေသ တောမီးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း တောမီးသည် ဘရန့်ဝုဒ်နှင့်လူဦးရေ ထူထပ်သော ဆန်ဖာနန်ဒို တောင်ကြားဆီသို့ ဦးတည်သွားခဲ့သည်။

လာမည့်ရက်များအတွင်း ပြင်းထန်သော မီးလောင်ကျွမ်းမှုများနှင့်အတူ အသက်အန္တရာယ်ရှိသော အခြေအနေများ ဆိုးရွားစွာကြုံတွေ့လာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။

လေပြင်းတိုက်ခတ်မှုနှုန်း တစ်နာရီလျှင် မိုင် ၇၀ (၁၁၀ ကီလိုမီတာ) အထိ တိုက်ခတ်နိုင်ပြီး အန္တရာယ်ရှိသောအခြေအနေ (PDS) ကို ဇန်နဝါရီ ၁၄ ရက်နေ့ အစောပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနမှ မိုးလေဝသပညာရှင် ရို့စ်ဆန်ချိုရန်ဖဲ က ပြောကြားခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် မီးတောက်များကိုဖြစ်ပေါ်စေပြီး လက်ရှိလောင်ကျွမ်းလျက်ရှိသော ဇုန်များမှ မီးတောက်များကို နေရာသစ်များသို့ တွန်းပို့သကဲ့သို့ဖြစ်နိုင်ကြောင်း မီးသတ်သမားများက သတိပေးထားသည်။

လော့စ်အိန်ဂျလိစ် မီးသတ်ဌာနက ၎င်းတို့သည် အခြားဒေသများမှ ရေထရပ်ကားများနှင့် မီးသတ်သမား ဒါဇင်ပေါင်းများစွာအပါအဝင် ထောက်ပံ့မှုများကို လက်ခံရရှိခဲ့ပြီး ထပ်မံဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များကိုရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ကိုးကား-Myanmar National Post

ကယ်လီဖိုးနီးယားတောမီးကြောင့် ပျောက်ဆုံးသွားသူများကို ရှာဖွေကယ်ဆယ်ရန် အထူးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ခု ဖွဲ့စည်း

ဝါရှင်တန်     ဇန်နဝါရီ ၁၂

ကယ်လီဖိုးနီးယားတောမီးကြောင့် ပျောက်ဆုံးသွားသူများကို ရှာဖွေကယ်ဆယ်ရန် အထူးအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တစ်ခုဖွဲ့စည်းခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားသည်။

ရဲတပ်ဖွဲ့က ပြည်သူ ၃၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့် သို့မဟုတ် သတိပေးချက်များ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ပစိဖိတ် Palisades ရပ်ကွက်တွင် ဇန်နဝါရီ ၇ ရက်က စတင်ခဲ့သော တောမီးလောင်ကျွမ်းမှုမှာ လေပြင်းတိုက်ခတ်မှုကြောင့် လော့စ်အိန်ဂျလိစ် အရှေ့မြောက်ပိုင်းအပါအဝင် အခြားနေရာများအထိ လျင်မြန်စွာကူးစက်ပျံ့နှံ့ခဲ့သည်။

ကမ္ဘာ့နာမည်ကြီး ပြတိုက်များထဲမှ တစ်ခုဖြစ်သည့် Getty Center အပါအဝင် အခြားအခြေချနေထိုင်သူများကို မဖြစ်မနေရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ လူအများအပြားကို ကားဖြင့် ဘေးလွတ်ရာသို့ ‌ရွှေ့ပြောင်းခဲ့ရပြီး လမ်းမများပေါ်တွင် ပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်စေခဲ့သည်။

တောမီးသည် စတုရန်းကီလိုမီတာ ၁၆၀ ကျော် လောင်ကျွမ်းခဲ့သည်။ လက်ရှိအချိန်ထိ ၁၆ ဦးသေဆုံးပြီး အဆောက်အအုံ ၁၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုများကြောင့် အန္တရာယ်ရှိသော မီးခိုးငွေ့များနှင့် အမှုန်အမွှားများကြောင့် လေထုအရည်အသွေးကို ကျဆင်းစေသည့်အတွက် ဒေသဆိုင်ရာအာဏာပိုင်များက ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့သည်။

မီးငြှိမ်းသတ်မှုများ ဆောင်ရွက်လျက်ရှိစဉ် လေပြင်းများ ထပ်မံတိုက်ခတ်လာနိုင်သည့်အတွက် အာဏာပိုင်များက ပြည်သူများအား နိုးကြားစွာဖြင့် နေထိုင်ကြရန် တိုက်တွန်းပြောကြားသည်။

Source: ကြေးမုံသတင်းစာ

ကမ္ဘာ့ပထမဆုံးသော ကာဗွန်ဖိုင်ဘာမီးရထားကို တရုတ်စတင်အသုံးပြု

မော်စကို၊ နည်းပညာ

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ်တွင် ကမ္ဘာ့ပထမဆုံးသော ကာဗွန်ဖိုင်ဘာမီးရထားကို ချင်းတောင် Metro က စတင်အသုံးပြုလိုက်ပြီဖြစ်ကြောင်း CCTV ရုပ်သံက ထုတ်ပြန်သည်။

အဆိုပါမီးရထားသည် သမားရိုးကျမီးရထားများနှင့် နှိုင်းယှဉ်ပါက အလေးချိန်အားဖြင့် ၁၁ ရာခိုင်နှုန်းပေါ့ပါးကြောင်း သိရသည်။ မြေအောက်မီးရထားများကို သာမန်အားဖြင့် အလူမီနီယံ၊ သံမဏိတို့ဖြင့် တည်ဆောက်လေ့ရှိသော်လည်း ကာဗွန်ဖိုင်ဘာသည် သံမဏိထက် ၅ ဆ ပိုမိုကြံ့ခိုင်ပြီး ၄ ဆ ပိုမိုပေါ့ပါးမှုရှိကြောင်း ရုပ်သံက ဆက်လက်ဖော်ပြသည်။ အဆိုပါ မီးရထားအား ချင်းတောင် Metro က ဇန်နဝါရီလ ၁၀ ရက်တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကာဗွန်ဖိုင်ဘာမီးရထားကို အသုံးပြုခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လုပ်မှုကို နှစ်စဉ် ၁၃၀ တန်ခန့်အထိ လျှော့ချနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုကို သိသိသာသာလျှော့ချရန် ဆုံးဖြတ်ထားကြောင်း သမ္မတရှီကျင့်ဖျင်က ၂၀၂၁ ခုနှစ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Sputnik

Source: မြဝတီသတင်းစာ

Face Unlock ပါဝင်လာမည့် မော်တော်ကားများ

ကားအနီးရောက်သည်နှင့် ကားတံခါးကို အလိုအလျောက်ဖွင့်နိုင်မည့် စမတ်ဖုန်းများတွင်ပါဝင်သည့် Face Unlock နည်းပညာသည် ကားများတွင် ပါဝင်လာတော့မည် ဖြစ်ပါသည်။ 

နာမည်ကြီး ကားတာယာကုမ္ပဏီ Continental က Face Unlock နည်းပညာ ပါဝင်သည့်ကားများ လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီက ၎င်းနည်းပညာကို“Intelligent Vehicle Experience Car With IQ” ဟု အမည်ပေးထားပါသည်။ 

အဆိုပါနည်းပညာတွင် အခြားအားသာချက်များလည်းပါဝင်ပြီး ကားကို ပိုင်ရှင်မဟုတ်သောသူ၊ ခိုးယူရန် ကြိုးစားသူက လာရောက်ဖွင့်လျှင် ပိုင်ရှင်ကို အသိပေးမည်ဖြစ်ပါသည်။ 

စမတ်ဖုန်းမှ ကားတံခါးဖွင့်နိုင်သည့် နည်းပညာကို အချို့ ကားများတွင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ အဆိုပါနည်းပညာတွင် စမတ်ဖုန်း၏ NFC Chip ကို အသုံးပြုထားခြင်းဖြစ်ပြီး စမတ်ဖုန်းများ၏ Face Unlock ကို ကားများတွင်အသုံးပြုနိုင်ရန် နှစ်အနည်းငယ် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ 

ကိုးကား-The Verge

၂၀၂၄ ခုနှစ်တစ်နှစ်လုံးတွင် ကမ္ဘာကြီး၏ အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ဟု ပညာရှင်များသတိပေး

ကမ္ဘာကြီး၏အပူချိန်သည် ၂၀၂၄ ခုနှစ်တစ်နှစ်လုံးတွင် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ခဲ့ကြောင်း သိပ္ပံပညာရှင်များက သတိပေးသည်။

၂၀၂၄ ခုနှစ်၏ လစဉ်လတိုင်းသည် ကမ္ဘာကြီးတွင် စက်မှုမထွန်းကားမီ ၁၈၅၀- ၁၉၀၀ ပြည့်နှစ် အချိန်ကာလက အပူချိန်ထက်ပူနွေးလာခြင်းကြောင့် မျက်မှောက်ခေတ် လူသားများသည် ယခင်ကမကြုံခဲ့ဖူးသော အပူချိန်နှင့် ကြုံတွေ့ခဲ့ရကြောင်း ဥရောပသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေးအဖွဲ့Copernicus Climate Change Service (C3S) မှ ပညာရှင်များကဇန်နဝါရီလ ၁၀ ရက်တွင်ပြောသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ဘေးများဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများသည် ၂၀၁၅ ခုနှစ် ပဲရစ်သဘောတူညီချက်အရ ကမ္ဘာ့အပူချိန် ပိုမိုမြင့်တက်လာမှုကို လျှော့ချရန် ကတိကဝတ်ပြုထားသည်။ သို့သော် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုမြင့်တက်လာခြင်းကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ၂၀၁၅ခုနှစ် ပဲရစ်သဘောတူညီချက်ပါ အချက်အလက်များကိုလိုက်နာဖြည့်ဆည်းပေးရန် အလှမ်းဝေးလျက် ရှိနေသေးကြောင်း၊ သို့သော် မိမိတို့အနေဖြင့် ယင်းအခြေအနေအား ပြောင်းလဲနိုင်သည့်စွမ်းအင်ရှိကြောင်း ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာဘူအွန်တန်ပိုက ပြောသည်။

ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုကို  ယခုအခါ  ကမ္ဘာကြီး၏နေရာအနှံ့တွင်တွေ့မြင်နေရပြီး အဆိုပါသက်ရောက်မှုဆိုးကျိုးကို ချမ်းသာကြွယ်ဝသော နိုင်ငံများသာမက ဆင်းရဲသည့်နိုင်ငံများကပါ ရင်ဆိုင်နေရကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် ဘိုလီဗီးယား၊ ဗင်နီဇွဲလားနိုင်ငံတို့သည် ဆိုးရွားသည့် တောမီးလောင်ကျွမ်းမှုများနှင့်  ရင်ဆိုင်ခဲ့ရပြီး နီပေါနိုင်ငံကမူ ရေကြီးမှုနှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်။

Source: Myawady Web Portal

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် တောမီးလောင်မှုကြောင့် လူပေါင်း ၁၈၀,၀၀၀ ခန့် ဘေးကင်းရာသို့ ပြောင်းရွှေ့

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျလိစ်ဒေသ နေရာအများအပြားတွင် ဇန်နဝါရီ ၉ ရက်က တောမီးဆက်တိုက် လောင်ကျွမ်း ခဲ့ရာ လက်ရှိတွင် အနည်းဆုံး လူ ၅ ဦးသေဆုံး၊ ဒေသခံ ပြည်သူ ၁၈၀,၀၀၀ ခန့်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးခဲ့ရသလို အဆောက်အအုံ ထောင်နှင့်ချီ ပျက်စီးခဲ့ရသည်။ လက်ရှိတွင် လော့စ်အိန်ဂျလိစ် ဒေသ ၅ နေရာ ၌ အန္တရာယ်ရှိသော တောမီးလောင်မှုများ ပျံ့နှံ့လျက်ရှိရာ မီးလောင်ကျွမ်းမှု စုစုပေါင်းဧရိယာမှာ ၁၁၇ စတုရန်း ကီလိုမီတာကျော်ရှိကြောင်း၊ ၎င်းအနက် မီးလောင်ကျွမ်းမှု အကြီးဆုံးနေရာ ၂ ခုမှာ လော့စ်အိန်ဂျလိစ်ခရိုင် အနောက်ပိုင်းရှိ ကမ်းရိုးတန်းရပ်ကွက် Pacifi

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျလိစ်ဒေသ နေရာအများအပြားတွင် ဇန်နဝါရီ ၉ ရက်က တောမီးဆက်တိုက် လောင်ကျွမ်း ခဲ့ရာ လက်ရှိတွင် အနည်းဆုံး လူ ၅ ဦးသေဆုံး၊ ဒေသခံ ပြည်သူ ၁၈၀,၀၀၀ ခန့်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးခဲ့ရသလို အဆောက်အအုံ ထောင်နှင့်ချီ ပျက်စီးခဲ့ရသည်။ လက်ရှိတွင် လော့စ်အိန်ဂျလိစ် ဒေသ ၅ နေရာ ၌ အန္တရာယ်ရှိသော တောမီးလောင်မှုများ ပျံ့နှံ့လျက်ရှိရာ မီးလောင်ကျွမ်းမှု စုစုပေါင်းဧရိယာမှာ ၁၁၇ စတုရန်း ကီလိုမီတာကျော်ရှိကြောင်း၊ ၎င်းအနက် မီးလောင်ကျွမ်းမှု အကြီးဆုံးနေရာ ၂ ခုမှာ လော့စ်အိန်ဂျလိစ်ခရိုင် အနောက်ပိုင်းရှိ ကမ်းရိုးတန်းရပ်ကွက် Pacific Palisades နှင့် လော့စ်အိန်ဂျလိစ်ခရိုင်အရှေ့ပိုင်းရှိ Altadena ဒေသဖြစ်ကြောင်း ကယ်လီဖိုးနီးယား သစ်တောနှင့် မီးသတ်ဌာန၏ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်း နောက်ဆုံး ကြေညာချက်အရ သိရသည်။

အဆိုပါနေရာ ၂ ခု၏ မီးလောင်ကျွမ်းမှုဧရိယာသည် လက်ရှိတွင် ၇၀ စတုရန်းကီလိုမီတာ ကျော်နှင့် ၄၀ စတုရန်းကီလိုမီတာကျော် အသီးသီးရှိရာ မီးလောင်ကျွမ်းမှု အရှိန်အဟုန်သည် ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ Pacific Palisades တွင် ဖြစ်ပွားသော တောမီးပမာဏမှာ လော့စ်အိန်ဂျလိစ်သမိုင်းတွင် “ဖျက်ဆီးနိုင်စွမ်းအရှိဆုံး” သဘာဝကပ်ဘေးများအနက်တစ်ခုဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်ဒေသ မီးသတ် ဦးစီးမှူး Kristin Crowley က ပြောကြားခဲ့သည်။

တောမီးပျံ့နှံလျက်ရှိသော ဒေသများတွင် ဇန်နဝါရီ ၉ ရက်ထိ လေပြင်းတိုက်ခတ်လျက်ရှိရာ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၀ ကီလိုမီတာ နီးပါး ရှိကြောင်း မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ သိရ သည်။ ခြောက်သွေ့ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် လေတိုက်လမ်းကြောင်းပြောင်းလဲခြင်းကြောင့် တစ်စိတ်တစ်ပိုင်း မီးလောင်ကျွမ်းမှုအန္တရာယ်ကိုတိုးမြင့် စေရာ မီးလောင်ကျွမ်းမှုပျံ့နှံသည့်အရှိန်အဟုန်ကို ပိုမို ဆိုးရွားစေခဲ့သည်။ တောမီးလောင်မှုကြောင့် ဖြစ်ပေါ်သော မီးခိုးမီးငွေ့ထူထပ်ခြင်းနှင့် ပြာမှုန့်များက လော့စ်အိန်ဂျလိစ်ဒေသ၏ လေထုညစ်ညမ်းမှုကို ဆိုးရွားစေသည်။ လော့စ်အိန်ဂျလိစ်ဒေသရှိ စာသင်ကျောင်း အများအပြားကို ကျောင်းပိတ်ကြောင်းကြေညာထားပြီး လော့စ်အိန်ဂျလိစ်နှင့် အနီးနားဒေသများတွင် အိမ်ထောင်စုပေါင်း ၃၅၀,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်။ ကယ်လီဖိုးနီးယားသည် မီးငြှိမ်းသတ်ရန်အတွက် အမေရိကန်ပြည်ထောင်စု အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီမှ အတည်ပြုထားသော မီးဘေးအန္တရာယ်စီမံခန့်ခွဲမှုထောက်ပံ့ငွေများ ရရှိထားပြီးဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ဇန်နဝါရီ ၈ ရက်တွင် ကြေညာခဲ့သည်။ 

ကိုးကား - ဆင်ဟွာ

Photo: Mint

Nvidia ၏ ကမ္ဘာ့အသေးဆုံး AI စူပါကွန်ပြူတာ

Nvidia က Consumer Electronics Show (CES) 2025 တွင် Project DIGITS အမည်ရှိ ကမ္ဘာ့အသေးဆုံး AI စူပါကွန်ပြူတာကို ပြသလိုက်ပါသည်။ ဒီဇိုင်းသည် Apple Mac Mini နှင့်တူညီပြီး ဒေါ်လာ ၃,၀၀၀ သတ်မှတ်ထား ပါသည်။ 

AI စူပါကွန်ပြူတာသည် 200 Billion AI Model များကို Run နိုင်ပါသည်။ AI ဝါသနာရှင်များ၊ AI Researcher များနှင့် ဒေတာ Scientist များအတွက် ရည်ရွယ်ထုတ် လုပ်ထားခြင်းဖြစ်ပါသည်။ Project Digits တွင် AI Model များကို ဖန်တီးနိုင်၊ စမ်းသပ်နိုင်ပြီး Cloud Server ကို တင်နိုင်ပါသည်။

လက်ဖဝါး အရွယ်မျှသာရှိပြီး သေးငယ်သော်လည်း GB 10 Superchip ပါသည့်အတွက် AI စွမ်းဆောင်ရည် မြင့်မားပါသည်။ 128GB Memory နှင့် 4TB Storage ထည့်သွင်းထားပါသည်။

Nvidia က AI စူပါကွန်ပြူတာကို ရောင်းချမည့်အချိန်ကိုမူ ကြေညာထားခြင်းမရှိသေးကြောင်း သိရှိရပါသည်။ 

ပြင်သစ်နိုင်ငံ အရှေ့ပိုင်းတွင် ဓာတ်ရထားနှစ်စင်း တိုက်မိ အများအပြား ဒဏ်ရာရရှိ

ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ စထရာဘာ့ဂ်မြို့၌ ဖြစ်တောင့်ဖြစ်ခဲ ဓာတ်ရထားနှစ်စင်း တိုက်မိခဲ့ရာ အများအပြား ဒဏ်ရာရရှိသွားကြောင်း    အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါမတော်တဆမှုသည် မြို့အတွင်းရှိ ပင်မဘူတာရုံ၌ ဇန်နဝါရီလ ၁၁ ရက်တွင် ဖြစ်ပွားခြင်းဖြစ်သည်။   အဆိုပါဘူတာရုံသည် ပဲရစ်မြို့ပြင်ပရှိ ယာဉ်နှင့်ဓာတ်ရထား အသွားအလာအများဆုံး ဒေသတစ်ခုဖြစ်ကြောင်း   သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖိလစ်တာဘာရော့က ပြောသည်။ အဆိုပါ မတော်တဆမှုအတွင်း လူပေါင်း ၃၆ ဦးခန့် ဒဏ်ရာရရှိကြောင်း    ၎င်းကဆက်လက် ပြောကြားထားသော်လည်း  မီးသတ်တပ်ဖွဲ့က လူ ၅၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ရထားနှစ်စင်း ဝင်တိုက်မိပြီးနောက် တစ်စင်းမှာ လမ်းချော်သွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား   ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်   မီးသတ်အဖွဲ့ဝင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စထရာဘာ့ဂ်မြို့သည် ၁၉၉၄ ခုနှစ်တွင် ဓာတ်ရထားပြေးဆွဲခြင်းကို    ပြန်လည်အသုံးပြုသည့်   ပြင်သစ်နိုင်ငံအတွင်းရှိ မြို့ကြီးတစ်မြို့ဖြစ်သည်။