သတင်းများ

AI အခြေခံအဆောက်အအုံ တိုးမြှင့်ဖော်ဆောင်ရေး သမ္မတထရမ့်ကြေညာ

သမ္မတ ထရမ့်သည် အထင်ကရ နည်းပညာ အမှုဆောင်များဖြစ်သည့် ဆမ်အောလ်မန်နှင့် လာရီအယ်လီဆန်၊ ဂျပန်နိုင်ငံသား နည်းပညာကုမ္ပဏီ ပိုင်ရှင်သူဌေးကြီး Masayoshi Son တို့၏ ရှေ့တွင် အမေရိကန်အခြေစိုက် AI နည်းပညာကုမ္ပဏီ Stargate ကို မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ (ယူရိုဘီလီယံ ၄၀၄) ဖြင့် လည်ပတ်သွားမည် ဖြစ်ကြောင်း၊ ခန့်မှန်းခြေ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ သိန်းကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန် Oracle ဆော့ဝဲလ်နည်းပညာကုမ္ပဏီ တည်ထောင်သူ လာရီအယ်လီဆန်က တက္ကဆက် ပြည်နယ်တွင် data center ကို အဆောက်အအုံ ၁၀ ခု ဖြင့် တည်ဆောက်လျက်ရှိပြီး အဆောက်အအုံ ၂၀ အထိ တိုးချဲ့တည်ဆောက်မည်ဟု ပြောကြားခဲ့ပါသည်။

Open AI မှ နည်းပညာပညာရှင် Altman က “အမေရိကန် ယခုရွှေခေတ်ရောက်တော့မည်ဖြစ်ကြောင်း” ဒေါ်နယ်ထရမ့်၏ ပြောစကားနှင့်အညီ အခု စီမံကိန်းများသည်လည်း ထရမ့်၏ စွမ်းဆောင်မှုများကြောင့် အောင်မြင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ကိုးကား -BBC

Photo: AP News

ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဒေါ်လာ ၁ သန်း လာဘ်စားမှုဖြင့် ယူကရိန်းစစ်တပ်၏ စိတ်ရောဂါ အထူးကုဆရာဝန် အကြီးအကဲကို ဖမ်းဆီးထိန်းသိမ်း

ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဒေါ်လာ ၁ သန်း လာဘ်စားမှုဖြင့် ယူကရိန်းစစ်တပ်၏ စိတ်ရောဂါအထူးကုဆရာဝန် အကြီးအကဲကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါဆရာဝန်ကြီးမှာ စစ်ပွဲတွင် စစ်မှုထမ်းရန် သင့်၊ မသင့် ဆုံးဖြတ်ပေးရသည့် ကော်မရှင် တစ်ခု၏ အကြီးအကဲဖြစ်ကြောင်း ယူကရိန်း လုံခြုံရေးဝန်ဆောင်မှုဌာနထုတ်ပြန်ချက်အရ သိရပါသည်။

သစ်တောပြုန်းတီးမှုအပေါ် ဝေဖန်မှုများရှိလာသောကြောင့် ဇီဝလောင်စာစွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ အထောက်အပံ့ပေးအပ်မှုကို တောင်ကိုရီးယား လျှော့ချမည်

ဇီဝလောင်စာစွမ်းအင်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ သစ်တောပြုန်းတီးမှုအပေါ် ပြည်တွင်းနှင့် နိုင်ငံတကာမှ ဝေဖန်မှုများမြင့်တက်လာပြီးနောက် တောင်ကိုရီးယားအစိုးရသည် ဇီဝလောင်စာစွမ်းအင်ဆိုင်ရာ အထောက်အပံ့ပေးအပ်မှုကို လျှော့ချသွားမည်ဖြစ်သည်။ ယေဘုယျအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွ လှုပ်ရှားသူများက ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံခဲ့သော်လည်း တောင်ကိုရီးယားနိုင်ငံ၏ ဇီဝလောင်စာစွမ်းအင်ဆိုင်ရာ အထောက်အပံ့ပေးအပ်မှုကို ရပ်ဆိုင်းရန် ကြန့်ကြာနေမှုများနှင့် လိုအပ်ချက်များ အပေါ် ဝေဖန်ခဲ့ကြသည်။

သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် အများအပြားက ဇီဝလောင်စာစွမ်းအင် ထုတ်လုပ်မှုကို ပြဿနာတစ်ရပ်အဖြစ် ထင်မြင်ကြသော်လည်း ကမ္ဘာ့နိုင်ငံများအနေဖြင့် သန့်စင်သောစွမ်းအင်ကို ပြောင်းလဲအသုံးပြုမည့်လုပ်ငန်းကို အရှိန်မြှင့်လိုက်ခြင်းကြောင့် အဓိကအားဖြင့် သစ်သား အတိုအစများအား မီးရှို့ဖျက်ဆီးခြင်းဖြင့် ထုတ်လုပ်ရရှိသည့် ဇီဝလောင်စာစွမ်းအင်ကို ကမ္ဘာတစ်ဝှမ်းတွင် အများအပြား ထုတ်လုပ်လျက်ရှိသည်။ တောင်ကိုရီးယားနိုင်ငံတွင် ဇီဝလောင်စာစွမ်းအင်သည် ဒုတိယအကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်ဖြစ်သည်။

တောင်ကိုရီးယားအစိုးရသည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အစီအစဉ်များ ပြုလုပ်၍ ဇီဝလောင်စာစွမ်းအင် ထုတ်လုပ်မှုကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ဒေါ်လာသန်းနှင့်ချီ၍ ထောက်ပံ့ပေးထားသည်။ မကြာသေးမီက ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံများကို ထောက်ပံ့ပေးရန် တောင်ကိုရီးယားအစိုးရက ဒေါ်လာ ၆၈၈ သန်း ပေးအပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံတွင် ပြည်တွင်းသစ်တော အရင်းအမြစ်များ အကန့်အသတ်ဖြင့် ရှိနေသည့်အတွက် ၎င်း၏ဇီဝလောင်စာစွမ်းအင်လုပ်ငန်း လည်ပတ်ရန် သစ်တောပေါကြွယ်ဝသောနိုင်ငံများမှ သစ်တိုသစ်စ အများအပြားကို စျေးနှုန်းချိုသာစွာဖြင့် တင်သွင်းနေရသည်။ ၂၀၂၃ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်များတွင် နိုင်ငံ၏ သစ်တိုသစ်စ ဝယ်လိုအား၏ ၈၂ % ပါဝင်နေပြီး တောင်ကိုရီးယားသည် ဗြိတိန်နှင့် ဂျပန်နိုင်ငံပြီးလျှင် ကမ္ဘာ့တတိယအကြီးဆုံး ဇီဝလောင်စာ တင်သွင်းသူ ဖြစ်လာခဲ့သည်။

ကိုးကား-AP News

နိုင်ဂျီးရီးယား၌ စက်သုံးဆီတင်ယာည်ပေါက်ကွဲမှုကြောင့် လူပေါင်း ၈၀ ကျော်သေဆုံး

အဘူဂျာ  ဇန်နဝါရီ ၂၀

နိုင်ဂျီးရီးယားနိုင်ငံ၌ စက်သုံးဆီတင်ဆောင်လာသော ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၈၀ ကျော် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း သမ္မတ ဘိုလာတီနူဘူးက အတည်ပြုပြောသည်။

မကြာခဏ ဖြစ်ပွား

ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုပေးရန် သမ္မတဘိုလာတီနူဘူးက သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားထားသည်။ နိုင်ဂျီးရီးယားနိုင်ငံ၌ စက်သုံးဆီတင်ယာဉ်ပေါက်ကွဲမှုမှာ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ယမန်နှစ်တွင်လည်း စက်သုံးဆီယာဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့

ယမန်နှစ် စက်တင်ဘာလတွင် နိုက်ဂျာပြည်နယ် အဝေးပြေးလမ်း၌ စက်သုံးဆီယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၄၉ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့သည်။

Source: မြန်မာ့အလင်းသတင်းစာ

ဆက်စပ်သတင်း- https://sacministry.gov.mm/my/news/1809

 ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ တူကီယဲကောင်စစ်ဝန်ရုံးချုပ်ကို ပြန်လည်ဖွင့်လှစ်

အစ္စတန်ဘူလ် ဇန်နဝါရီ ၂၀

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ အနောက်မြောက်ပိုင်းရှိ တူကီယဲ၏ ကောင်စစ်ဝန်ရုံးချုပ်မှာ ဇန်နဝါရီ ၂၀ ရက်တွင် ၎င်း၏ လုပ်ငန်းများ ပြန်လည်စတင်ပြီ ဖြစ်ကြောင်း တူကီယဲနိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ထားသည်။ အဆိုပါ ကောင်စစ်ဝန်ရုံးကို ဆီးရီးယားလက်နက်ကိုင် ပဋိပက္ခကြောင့် ပိတ်ထားခဲ့ရပြီးနောက် ၁၃ နှစ်အကြာတွင် ကောင်စစ်ဝန် ရုံးအဆောက်အအုံတွင် တူကီယဲတာဝန်ရှိသူများက တူကီယဲအလံ လွှင့်တင်ထားသည်ကို နိုင်ငံပိုင် တီအာတီရုပ်သံက ထုတ်လွှင့် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံရှိ တူကီယဲ သံတမန်ရေးရာအဖွဲ့သည် နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်ရေး၊ စစ်ရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်စေရန် ပါဝင်ကူညီမည်ဖြစ်ကြောင်း ဒမတ်စကတ်မြို့ရှိ တူကီယဲသံရုံးမှ ခေတ္တသံအမတ် ဘူဟန်ခိုရိုဂ်လူက ပြောကြားသည်။ လာမည့် အချိန်ကာလအတွင်း တူကီယဲနှင့် ဆီးရီးယား နိုင်ငံတို့အကြား ဆက်ဆံရေးမှာ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

Source: Myanmar Digital News

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

ညောင်ဦး ၊ ဇန်နဝါရီ ၁၇

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် ခွဲဝေအသုံးပြုခဲ့သူများအား ညောင်ဦးမြို့နယ်တရားရုံးက ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

ဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ မိုးဟိန်း၊ ၂၆ နှစ်၊ (ဘ)ဦးတင်စိုး၊ပန်းရံ၊ နတ်ကြို့အိုင်ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူပါ (၁၁)ဦးတို့အား ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၇ အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်၊ ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉ အရ အလုပ်နှင့်ထောင်ဒဏ်(၁)နှစ်တို့အား သီးခြားစီကျခံစေရန်နှင့် အမှုမှ တရားခံ ကိုငယ်(ခ) လင်းလက်ဝင်း၊ ၁၇ နှစ် (ဘ)ဦးဖိုးတုတ်(ခ) ဦးခင်မောင်တင့်၊  ပန်းရံ၊ နတ်ကြို့အိုင်ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူနှင့် အောင်သူဖြိုး၊ ၁၇ နှစ်၊(ဘ)ဦးဝင်းနိုင်၊ ပန်းရံ၊ နတ်ကြို့အိုင်ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူတို့အား ကလေးသူငယ်ဥပဒေပုဒ်မ ၈၉၊ ပုဒ်မခွဲ(င)အရ မန္တလေးမြို့၊ လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်း စောင့်ရှောက်ခြင်းကို အသက်(၂၀) ပြည့်သည် အထိ ခံယူစေရန် အမိန့်ချမှတ်ခဲ့ပြီး ထွက်ပြေးတရားခံ ဦးညို(ခ)ကိုညိုနှင့် ဟန်ဝင်းသူတို့အား ၂၀၂၅ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၇/၈၈ နှင့်အညီအရေးယူ ဆောင်ရွက် ထားကြောင်းသိရသည်။

ကိုဇော် (ဓာတု)

ပေးပို့သူ- ဦးဇော်ဌေးအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ညောင်ဦးခရိုင်ပြန်/ဆက်

ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် တောမီးဆက်လက်လောင်လျက်ရှိ

ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် လောင်ကျွမ်းနေသည့်  တောမီးကိုလက်ရှိအချိန်အထိငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း NHK သတင်းဌာနက ဇန်နဝါရီလ ၁၉ ရက်တွင် ဖော်ပြသည်။ တောမီးသည်  ယာမာနာရှီစီရင်စုအတွင်းရှိ ကိုဖူမြို့နှင့် ဖူဖူကူးမြို့တို့တွင်ဇန်နဝါရီလ ၁၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က   စတင်လောင်ကျွမ်းခြင်းဖြစ်သည်။ တောမီးလောင်ကျွမ်းရာဒေသများသို့ အာဏာပိုင်အဖွဲ့က ရဟတ်ယာဉ်များစေလွှတ်၍ မီးကိုထိန်း ချုပ်နိုင်ရန်ကြိုးပမ်းခဲ့သော်လည်း   မီးကိုအပြီးသတ်ငြှိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သတင်းဌာနကဆက်လက်ဖော်ပြသည်။

လက်ရှိတွင်   တောမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသူမရှိသေးကြောင်းနှင့် လူနေရပ်ကွက်များသို့ ခြိမ်းခြောက်ခြင်းမရှိသေးကြောင်း သိရသည်။

Source: Myawady Web Portal

အသံထက်လေးဆ ပိုမိုမြန်ဆန်သည့် အမြန်နှုန်းဖြင့်ပျံသန်းနိုင်ပြီး နာဆာ၏ Son of Concorde အတွက်အဓိကပြိုင်ဘက်ဖြစ်လာမည့် ယွမ်ရှင်းအသံထက်မြန်လေယာဉ်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင်အခြေပြုသည့် Space Transportation ကုမ္ပဏီသည် နာဆာအတွက်  လော့ဟိမာတင်ကုမ္ပဏီက ထုတ်လုပ်နေသည့် Son of Concorde လေယာဉ်ထက် ပိုမိုမြန်ဆန်သည့် လေယာဉ် အင်ဂျင်တစ်မျိုးကို ထုတ်လုပ်လျက်ရှိသည်။

စမ်းသပ်မှုများလုပ်ဆောင်စဉ်အတွင်း အဆိုပါလေယာဉ်အင်ဂျင်သည် တစ်နာရီလျှင် ၃၀၄၅ မိုင်အထိ ရောက်ရှိခဲ့ကြောင်းတွေ့ရသည်။ ယင်းအရှိန်နှုန်းမှာ အသံထက် လေးဆပိုမြန်သည်။ ထို့ကြောင့်   အဆိုပါအင်ဂျင်သည် အရပ်ဘက်သုံးလေကြောင်းပျံသန်းရေးကဏ္ဍအတွက် အလားအလာကောင်းတစ်ရပ်ဖြစ်ကြောင်း   Space Transportation ကုမ္ပဏီကပြောသည်။

Space Transportation ကုမ္ပဏီက အဆိုပါလေယာဉ်အင်ဂျင်ကို ကျင်းတော့ယွမ် ဟုအမည်ပေးထားသည်။ ၎င်းကုမ္ပဏီသည် အဆိုပါအင်ဂျင်အား ၂၀၂၄  ခုနှစ်ဒီဇင်ဘာလ ၁၇ ရက်က   တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင်   အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း တရုတ် Global Times သတင်းစာကဖော်ပြထားသည်။

ကျင်းတော့ယွမ်ဟု အမည်ပေးထားသည့် အဆိုပါအင်ဂျင်သည် လေထုအတွင်းမှ အောက်ဆီဂျင်ကို တိုက်ရိုက်လောင်ကျွမ်းစေသည့် ramjet အင်ဂျင်အမျိုးအစားဖြစ်သည်။ အင်ဂျင်အားစမ်းသပ်ရာတွင်  ၎င်းအင်ဂျင်၏ အရေးပါသည့်အချက်အလက်များဖြစ်သည့် လောင်စာထောက်ပံ့မှု၊ လျှပ်စစ်နှင့် ထိန်းချုပ်ရေးစနစ်များ စသည့်အချက်အလက်များကို ဖော်ပြထားသည်။

ထို့ပြင် အဆိုပါအင်ဂျင်အား အောင်မြင်စွာစမ်းသပ်နိုင်ခြင်းသည် ယွမ်ရှင်းအသံထက်မြန်အရပ်ဘက်သုံး လေယာဉ်တည်ဆောက်ရေးအတွက် အရေးပါသည့် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ ထို့ပြင် ကျင်းတော့ယွမ်အင်ဂျင်အား ယွမ်ရှင်းအသံထက်မြန် အရပ်ဘက်သုံးလေယာဉ်တွင် တပ်ဆင်အသုံးပြုခြင်းအားဖြင့် ခရီးသည်များနှင့် အားလပ်ရက်အပန်းဖြေခရီးထွက်သူများအတွက် ဝေးကွာသည့်ဒေသများသို့ အချိန်တိုအတွင်းခရီးသွားလာနိုင်သည့်   အတွေ့အကြုံများကိုဖြစ်ပေါ်စေမည်ဖြစ်သည်။

Space Transportation ကုမ္ပဏီသည် ယွမ်ရှင်း အသံထက်မြန်အရပ်ဘက်သုံးလေယာဉ်   သို့မဟုတ် ခရီးသည်တင်လေယာဉ်ကို   လာမည့် ၂၀၂၇ ခုနှစ်တွင်ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပျံသန်းရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ခရီးသည်များကိုပထမဆုံးအကြိမ်အဖြစ် တင်ဆောင်ပျံသန်းနိုင်မည်ဟုရည်မှန်းထားသည်။

ယွမ်ရှင်း အသံထက်မြန်အရပ်ဘက်သုံးလေယာဉ်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ကြာချိန်နှစ်နာရီအတွင်း ပျံသန်းနိုင်မည်ဖြစ်သည်။ ထို့ပြင် ခရီးသည်များအနေဖြင့် မြေပြင်မှအမြင့် ပေ ၆၅၆၀၀ ကျော်မှပျံသန်းရမည်ဖြစ်သောကြောင့်   မိုးကုပ်စက်ဝိုင်းကို   သာမန်အတိုင်းမဟုတ်ဘဲထူးခြားစွာတွေ့မြင်ရမည်ဖြစ်သည်။

ယွမ်ရှင်း အသံထက်မြန်အရပ်ဘက်သုံးလေယာဉ်၏ပုံသဏ္ဌာန်မှာ သွယ်လျပြီး မျက်မှောက်ခေတ် လေဆိပ်များတွင်တွေ့မြင်နေရသည့် သမားရိုးကျလေယာဉ်များထက် Thunderbirds ရုပ်ရှင်ပြကွက်များအတွင်းမှ အနာဂတ်လေယာဉ်ဒီဇိုင်းမျိုးဖြစ်သည်။

Space Transportation ကုမ္ပဏီအနေဖြင့် အဆိုပါအသံထက်မြန် ခရီးသည်တင်လေယာဉ်ကို ထုတ်လုပ်ရာတွင် ပေါ့ပါးပြီးခံနိုင်စွမ်းရည်မြင့်မားသည့် ပစ္စည်းအစိတ်အပိုင်းများဖြင့် တည်ဆောက်မည်ဖြစ်သည်။ အထူးသဖြင့် အသံထက်လေးဆပိုမြန်သည့် အရှိန်နှုန်းဖြင့် ပျံသန်းရာတွင် တွေ့ကြုံရမည့် အပူချိန်ကို ခံနိုင်စေရန်အတွက်ဖြစ်သည်။

ထို့ပြင်  လေယာဉ်ပျံသန်းထွက်ခွာရာတွင်လည်း သာမန်လေယာဉ်များကဲ့သို့ ရေပြင်ညီအတိုင်း ပျံသန်းထွက်ခွာခြင်းမဟုတ်ဘဲ ယွမ်ရှင်းအသံထက်မြန်လေယာဉ်အနေဖြင့် ဒေါင်လိုက်အတက်အဆင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် တရုတ် Space Transpor-tation ကုမ္ပဏီက   ထုတ်လုပ်နေသည့်ယွမ်ရှင်းအသံထက်မြန်လေယာဉ်သည်နာဆာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းကထုတ်လုပ်ဖော်ပြခဲ့သည့် Son of Concordeဟုအမည်ပေးထားသော X-59 အသံထက်မြန်လေယာဉ်၏  ထူးခြားသည့် ပြိုင်ဘက် လေယာဉ်တစ်စင်းဖြစ်လာမည်ဖြစ်သည်။

X-59 အသံထက်မြန်လေယာဉ်ကိုအမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် လော့ဟိမာတင်က  ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ကုန်ကျစရိတ်မှာ ဒေါ်လာ ၂၄၇ ဒသမ ၅ သန်းရှိသည်ဟုဆိုသည်။ သို့သော် နာဆာ၏ Son of Concorde လေယာဉ်သည် တစ်နာရီလျှင် ၉၃၇ မိုင်သာ မောင်းနှင်ပျံသန်းနိုင် ခြင်းရှိသောကြောင့် အသံထက်မြန်သည်ဟုဆိုနိုင်သော်လည်း အသံထက်လေးဆပိုမိုမြန်ဆန်သည့်နှုန်းကိုမူ လိုက်၍မီနိုင်မည်မဟုတ်ကြောင်း ကျွမ်းကျင်သူများကခန့်မှန်းထားသည်။   ။

Titok အသုံးပြုမှုပိတ်ပင်ခြင်းကို ရက်ပေါင်း ၉၀ ကြာ သက်တမ်းတိုးနိုင်ဖွယ်ရှိဟု ထရမ့်ပြော

အမေရိကန်အနေဖြင့် TikTok အသုံးပြုမှုပိတ်ပင်ခြင်းကို  ရက်ပေါင်း ၉၀ ကြာသက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း သမ္မတသစ်အဖြစ် တက်ရောက်လာသည့် ဒေါ်နယ်ထရမ့်ကပြောသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍   မိမိအနေဖြင့် ဆုံးဖြတ်ချက်တစ်ရပ်ကို အပြီးသတ်ချမှတ်ရခြင်း မရှိသေးသော်လည်းဇန်နဝါရီလ ၁၉ ရက်တွင်   အပြီးသတ်ဆုံးဖြတ်မည်ဖြစ်ကြောင်း ထရမ့်က NBCသတင်းဌာနနှင့် ဇန်နဝါရီလ ၁၈ ရက်ကတယ်လီဖုန်းမှတစ်ဆင့်   ပြုလုပ်သည့်မေးမြန်းခန်းတစ်ခုတွင်ပြောခြင်းဖြစ်သည်။

ထို့ကြောင့် TikTok အသုံးပြုမှု ပိတ်ပင်ခြင်းကို ရက်ပေါင်း ၉၀ ကြာ သက်တမ်းတိုးခြင်းအား အမေရိကန်က ဇန်နဝါရီလ၂၀ ရက်တွင် ထုတ်ပြန်နိုင်ဖွယ်ရှိသည်။

အမေရိကန်အစိုးရအနေဖြင့် အဆိုပါကိစ္စရပ်အား သတိထားဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းကိစ္စရပ်သည် အလွန်အရေးကြီး သည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း၎င်းကဆက်ပြောသည်။

TikTok ၏ မိခင်ကုမ္ပဏီဖြစ်သည့် ByteDance အနေဖြင့် အမေရိကန်မဟုတ်သည့် ကုမ္ပဏီတစ်ခုသို့ TikTok အား ရက်ပေါင်း၂၇၀ ကြာ  ရောင်းချရန်  အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုထားသည့် မူကြမ်းတစ်ရပ်ကို သမ္မတဟောင်းဂျိုးဘိုင်ဒင်က ၂၀၂၄ ခုနှစ်  ဧပြီလအတွင်း၌လက်မှတ်ရေးထိုးခဲ့သည်။

Byte Dance အနေဖြင့် TikTok အပလီကေးရှင်းအား အမေရိကန်ကုမ္ပဏီတစ်ခုသို့ရောင်းချရန် အမေရိကန်တရားရုံးချုပ်ကဇန်နဝါရီလ ၁၈ ရက်တွင် တောင်းဆိုလိုက်ပြီး လိုက်နာခြင်းမရှိပါက TikTok အသုံးပြုမှုကို      အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံး၌  တားမြစ်ပိတ်ပင်မည်ဟု တရားရုံးက   ဆက်လက်ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုအတွင်းရှိ လူဦးရေ သန်း  ၁၇၀ ခန့်သည် TikTok အပလီကေးရှင်းအား ဇန်နဝါရီလ ၁၉ ရက်မှစ၍ ယာယီအသုံးပြုနိုင်မည်မဟုတ်ဟု အဆိုပါကုမ္ပဏီက    အပလီကေးရှင်းအသုံးပြုသူများအား   ဇန်နဝါရီလ   ၁၈  ရက်နှောင်းပိုင်းတွင် အသိပေးခဲ့ကြောင်းသိရသည်။     

Time မဂ္ဂဇင်းသည် ဇန်နဝါရီ ၂၀ ရက်အတွက် စာစောင် အသစ်၏ မျက်နှာဖုံးတွင် အိမ်ဖြူတော်ရှိ စာရွက်စာတမ်း များလွှင့်ပစ်နေသည့် Trump ၏ ပုံကို အသုံးပြု

Time မဂ္ဂဇင်းသည် ဇန်နဝါရီ ၂၀ ရက်အတွက် စာစောင်အသစ်၏ မျက်နှာဖုံးတွင် အိမ်ဖြူတော်ရှိ စာရွက်စာတမ်းများ လွှင့်ပစ်နေသည့် Trump ၏ ပုံကို အသုံးပြုထားသည်။ မျက်နှာဖုံးတွင်လည်း “သူပြန်လာပြီ” ဆိုသည့် စာတန်း ရေးသားဖော်ပြထားသည်။

ကိုးကား - Time မဂ္ဂဇင်း