သတင်းများ

There is no winner in tariff or trade war, China reiterates

လာမည့်ဖေဖော်ဝါရီ ၁ ရက်တွင် စတင်၍ တရုတ်ကုန်ပစ္စည်းများကို အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၂ ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြောကြားလိုက်မှုအပေါ် အကောက်ခွန်နှင့်ကုန်သွယ်ရေးစစ်ပွဲတွင် အောင်နိုင်သူမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမောနင်းက ထပ်လောင်း ပြောကြားလိုက်ပါသည်။

 “မိမိတို့၏ ရပ်တည်ချက်ကို အကြိမ်ကြိမ် ရှင်းပြပြီးပါကြောင်း၊ အကောက်ခွန်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အောင်နိုင်သူမရှိကြောင်း ၊ တရုတ်နိုင်ငံက မိမိတို့၏ အမျိုးသားအကျိုးစီးပွားကို အမြဲတစေ အခိုင်အမာကာကွယ်သွားမည်ဖြစ်ကြောင်း” သူမက ပေကျင်းတွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

ကိုးကား-China Daily

Quad အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး၀န်ကြီး ၄ ဦး ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေး

ဂျပန်၊ အမေရိကန်၊ သြစတြေးလျနှင့်အိန္ဒိယတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် Quad မူဝါဒဆိုင်ရာ အစည်းအဝေးကို ဝါရှင်တန်၌ ပြုလုပ်ခဲ့ကြသည်။

ဇန်နဝါရီ ၂၁ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၌ အဆိုပါအစည်းအဝေးကျင်းပခဲ့ပြီး ဒေါ်နယ်ထရမ့်ဦးဆောင်သော အစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး Marco Rubio က အဓိကပါဝင်ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ပါဝင်သော အခြား နိုင်ငံခြားရေး ဝန်ကြီး ၃ ဦးမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့ဖြစ်ပါသည်။

ဇန်နဝါရီ ၂၀ ရက်နေ့တွင် အမေရိကန်သမ္မတအဖြစ် Donald Trump စတင်တာဝန်ထမ်းဆောင်ပြီးနောက် Quad နိုင်ငံ ၄ နိုင်ငံ သဘောတူထားသည့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အားကောင်းစေမည့်ကတိကဝတ်ကို ၎င်းတို့က ထပ်လောင်း အတည်ပြုခဲ့ကြပါသည်။

ဝန်ကြီးများသည် ဒေသဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး လက်ရှိအနေအထားကို ပြောင်းလဲရန်ကြိုးပမ်းနေသည့် တစ်ဖက်သတ် ဖိအားပေးလုပ်ဆောင်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းကို သဘောတူခဲ့ကြပါသည်။ ဆိုလိုသည်မှာ အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် တရုတ်၏ တိုးမြှင့်လုပ်ဆောင်လာနေသော လှုပ်ရှားမှုများကို ရည်ညွှန်းခြင်းဖြစ်သည်ဟု သုံးသပ်ကြပါသည်။

ဆွေးနွေးပွဲအပြီး၌ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် Quad နိုင်ငံ ၄ နိုင်ငံသည် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် Quad ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရန် နိုင်ငံခြားရေးဝန်ကြီးများ ပုံမှန်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကိုးကား-NKK World

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲအား လက်ခံတွေ့ဆုံ

နေပြည်တော်   ဇန်နဝါရီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (United Nations Office for the Coordination of Humanitarian Affairs- UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲဖြစ်သူ Mr.Sajjad Mohammad Sajid အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် အကူအညီလိုအပ်လျက်ရှိသော ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ရေး၊ ထိုသို့ပေးအပ်ရာတွင် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ နားလည်မှုရှိစွာ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးနှင့် ၂၀၂၅ ခုနှစ်၌ ဆက်လက်ဆောင်ရွက်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုနှင့် လုပ်ငန်းစဉ်များ တိုးချဲ့နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: မြန်မာ့အလင်းသတင်းစာ

တူကီယဲနိုင်ငံ၌ နှင်းလျှောစီးအပန်းဖြေစခန်းရှိ ဟိုတယ်တစ်လုံး မီးလောင်မှုဖြစ်ပွား၊ ၇၅ ဦး အနည်းဆုံး သေဆုံး

အန်ကာရာ   ဇန်နဝါရီ ၂၂

တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်း ဘိုလုပြည်နယ်ရှိ နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခု၌ ဟိုတယ်တစ်လုံး မီးလောင်ခဲ့ရာ ၇၆ ဦးအနည်းဆုံး သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တူကီယဲအစိုးရအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ယနေ့ သတင်းဖော်ပြသည်။

ဟိုတယ်သည် အထပ်ပေါင်း ၁၂ ထပ်ရှိပြီး သစ်သားဖြင့် ပြုလုပ်ထားသည့် အဆောက်အအုံတစ်ခုဖြစ်သည်။

အခင်းဖြစ်ပုံမှာ ဇန်နဝါရီ ၂၁ ရက် ဒေသစီတော်ချိန်နံနက် ၃ နာရီ ၂၇ မိနစ်တွင် အထပ် ၁၂ ထပ်တွင်ရှိသည့် စားသောက်ခန်းမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားအထပ်များသို့ ကူးစက်‌လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးသတ်သမားများသည် ၁၂ နာရီကျော်ကြာမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ်အတွင်း အဆိုပါ ဟိုတယ်၌တည်းခိုသည့် ဧည့်သည် ၂၃၀ ‌ကျော် ရှိသည်။ မြို့တော် အန်ကာရာနှင့် အစ္စတန်ဘူလ်တို့မှ မိသားစုအများအပြား နှင်းလျှောစီးရန်လာရောက်ချိန်ဖြစ်ကြောင်းလည်း သိရသည်။

မီးလောင်ကျွမ်းမှုမှ လွတ်မြောက်ရန်အတွက် တည်းခိုသည့် ဧည့်သည်အချို့သည် ပြတင်းပေါက်မှ ခုန်ချခဲ့ကြောင်းနှင့် အဆိုပါဟိုတယ်သည် ချောက်ကမ်းပါးတွင် တည်ရှိသည့်အတွက် မီးငြှိမ်းသတ်ရန် ခက်ခဲကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဟိုတယ်ပိုင်ရှင်အပါအဝင် ကိုးဦးကို ဖမ်းဆီးထားပြီး မီးလောင်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

Source: ကြေးမုံသတင်းစာ

တရုတ်သို့ တင်ပို့မည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ အပါအဝင် စားသောက်ကုန်အချို့ Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ အပါအဝင် ကုန်စည်အုပ်စု (၇) မျိုးကို Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ GACC, ရုံးလုပ်ငန်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ကုန်ပစ္စည်များအတွက် ယခင်က မှတ်ပုံတင်ခြင်းအတွက် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)အောက်ရှိ CIFER မှတစ်ဆင့် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ စိုက်ပျိုးရေးစားသောက်ကုန်စည်အုပ်စု (၇) မျိုးကို China Department of Animal and plant Quarantine (DAPQ) ဌာနမှ ပြောင်းလဲတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကုန်စည် (၇) မျိုးမှာ ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့၊ ဟင်းသီးဟင်းရွက်အစိမ်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့် အစေ့အဆံများ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့် တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများကို Manual စနစ်ဖြင့် မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကုမ္ပဏီမှတိုက်ရိုက်ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်ဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနထံ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar

ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အီလွန်မတ်၏ အမူအရာ ဝေဖန်ခံရ

သမ္မတ ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွင်း အီလွန်မတ်စ်သည် ဖက်ဆစ်ပုံစံ အလေးပြုခြင်းအမူအရာပြုလုပ်ခဲ့သည်ဟုဆိုကာ ဝေဖန်မှုများမြင့်တက်နေလျှက်ရှိသည်။

“သမ္မတအဖြစ်ကို ဖြစ်မြောက်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်ပြီး၊ SpaceX ကုမ္ပဏီ၊ X လူမှုကွန်ရက် နှင့် Tesla ကားကုမ္ပဏီတို့၏ပိုင်ရှင်လည်းဖြစ်ကာ၊ ထရမ့်မဲဆွယ်ကာလ အဓိကအလှူရှင်နှင့် လက်ရှိတွင်လည်း ထရမ့်အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အီလွန်မတ်စ် ဝါရှင်တန်ရှိ Capital One Arena တွင် ပြောကြားခဲ့သည်။

ထို့သို့ပြောကြားပြီးနောက် မတ်စ်သည် ၎င်း၏ သူ၏ ညာလက်ဖဝါးကို ဘက်ဖက်ရင်ဘတ်သို့ ထိရိုက်လိုက်ကာ လက်ချောင်းများဆန့်လျက် ညာလက်မောင်းကို အပေါ်ထောင့်ဖြတ်၊ တန်းတန်းသို့ ပြန်လည်ဆန့်တန်းလိုက်ခြင်းဖြစ်သည်။

ပရိသတ်က ဩဘာပေးကြရာတွင် မတ်စ်က နောက်တစ်ကြိမ် ထိုပုံစံအတိုင်းပင် ထပ်မံလုပ်ပြခဲ့သေးသည်။

ထိုသို့ပြုလုပ်ခြင်းကို ဖက်ဆစ်နာဇီတို့၏ အလေးပြုနည်းအဖြစ် နှိုင်းယှဉ်ဝေဖန်လာကြသော်လည်း အီလွန်မတ်စ်ကမူ မည်သို့ပြန်လည်ဖြေရှင်း မှတ်ချက်ပြုခြင်းမရှိချေ။

Source: Popular Myanmar

ဆက်စပ်သတင်းများ- https://sacministry.gov.mm/my/news/1852

ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ ၂၁ 

ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့၊ Novotel Hotel ၌ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Mongkol Visitstump ၊  (ကြည်း၊ ရေ၊ လေ၊ ရဲ) စစ်သံမှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖွင့်၍ အလေးပြုကာ ဖွင့်လှစ်ကြသည်။ ထို့နောက် သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ထိုင်းဘုရင့်တပ်မတော်ဆိုင်ရာ ဗီဒီယိုပြသမှုအား ကြည့်ရှုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့က အထိမ်းအမှတ်ကိတ်မုန့်လှီးဖြတ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်ကြပြီး သရုပ်ပြဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးကြကာ စစ်သံမှူး Senior Colonel Thanwit Yomchinda က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Source: Myanmar National Post

ကမ္ဘာ့တစ်ခုတည်းသော ရုရှားရေပေါ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံက တစ်နာရီလျှင် ကီလိုဝပ်တစ်ဘီလီယံကို ထုတ်လုပ်

ရုရှားနိုင်ငံ၏ ကမ္ဘာပေါ်တွင် တစ်ခုတည်းသောလည်ပတ်နေသည့် ရေပေါ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံသည် တစ်နာရီလျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်တစ်ဘီလီယံကို ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် Rosatom  နျူကလီးယားကော်ပိုရေးရှင်းကထုတ်ပြန်သည်။

Akademik Lomonosov ဟုအမည်ပေးထားသည့် အဆိုပါရေပေါ် ဓာတ်အားထုတ်လုပ်ရေးစက်ရုံသည် ရုရှားအရှေ့ဖျားဒေသရှိ ချူကော့တာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌တည်ရှိပြီး လက်ရှိတွင် အပူနှင့်လျှပ်စစ်စွမ်းအားကို ထုတ်လုပ်ပေးနေသည့် ကမ္ဘာကြီး၏မြောက်ဘက်အကျဆုံးသောစက်ရုံအဖြစ် ရပ်တည်လျက်ရှိသည်။

၎င်းစက်ရုံမှထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော်ကို အရှေ့ဖျားဒေသ၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။

Akademik Lomonosov ဓာတ်အားထုတ်လုပ်ရေးစက်ရုံသည် ရုရှားနျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောများတွင် အသုံးပြုသည့် နည်းပညာကိုအသုံးပြုထားပြီး လောင်စာအဖြစ် အဆင့်နိမ့်သန့်စင်ထားသည့် ယူရေနီယံကိုအသုံးပြုထားခြင်းဖြစ်သည်။ ၎င်းစက်ရုံသည် အလျား ၁၄၄ မီတာ၊ အကျယ် ၃၀ မီတာရှိသည်။

အဆိုပါဓာတ်အားထုတ်လုပ်ရေးစက်ရုံကို  ရုရှားနိုင်ငံက  အာတိတ်ဒေသနှင့် အရှေ့ဖျားဒေသများရှိ ဝေးလံသီခေါင်သော ဆိပ်ကမ်းမြို့ကြီးများရှိ   စက်မှုဇုန်ကြီးများသို့ ဓာတ်အားပေးနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။ 

Source: Myawady Web Portal

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စုနုတ်ထွက်မည်ဟု ထရမ့်ကြေညာခြင်းအပေါ် စိတ်မကောင်းဖြစ်မိဟုဆို

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ  အမေရိကန်ပြည်ထောင်စုနုတ်ထွက်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ကကြေညာခဲ့ခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း အဆိုပါအဖွဲ့ကြီးက ဇန်နဝါရီလ၂၁ ရက်တွင်ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ထရမ့်အနေဖြင့် ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားမည်ဟုမျှော်လင့်မိကြောင်း၊   ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အမေရိကန်နှင့်မိတ်ဖက်ပူးပေါင်းခြင်းကို ဆက်လက်ထိန်းသိမ်းရန်  မျှော်လင့်ထားကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်သည့်ကြေညာချက်တွင်ဖော်ပြသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အမေရိကန်ပြည်သူများ၏ ချမ်းသာသုခအပါအဝင် တစ်ကမ္ဘာလုံး၏ ကျန်းမာရေးနှင့်ဘေးကင်းရေးကို စောင့်ရှောက်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း ယင်းအဖွဲ့ကြီးကအလေးပေးပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အားတည်ထောင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံ အဖြစ် ၁၉၄၈ ခုနှစ်မှစ၍ အဖွဲ့ဝင် ၁၉၃ နိုင်ငံနှင့်အတူ အဖွဲ့ကြီး၏အုပ်ချုပ်မှုနှင့် အဖွဲ့ကြီးအား ပုံဖော်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စုနုတ်ထွက်သည့် အမိန့်ကြေညာချက်အား ထရမ့်က ဇန်နဝါရီလ ၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Snowden ၏ ဇနီး Lindsay Mills က ရုရှား နိုင်ငံသားဖြစ်ခွင့်လျှောက်ထား

အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NCA)၏ ကွန်ပျူတာလုံခြုံရေးအကြံပေး၊ CIA ဝန်ထမ်းဟောင်း Eward Snowden ၏ ဇနီးဖြစ်သူ Lindsay Mills သည် ရုရှားနိုင်ငံသားဖြစ်ခွင့်လျှောက်ထားခဲ့ကြောင်း ရှေ့နေ Anatoly Kucherena ကပြောကြားခဲ့သည်။

Mills သည် ရုရှားနိုင်ငံတွင် ငါးနှစ်ကျော်နေထိုင်ခဲ့ပြီး ရုရှား၏နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ သတ်မှတ်ချက်ဥပဒေစံနှုန်းများနှင့်အညီ ဆောင်ရွက်နေကြောင်း Kucherena ကပြောသည်။

အမေရိကန်နိုင်ငံသူဖြစ်သည့် Mills သည် ယခင်က ဂျွမ်းဘားမယ်နှင့် ဘလော့ဂါတစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စနိုးဒန်း၏ လက်တွဲဖော်အဖြစ် နိုင်ငံတကာ၏ အာရုံစိုက်ခြင်းခံခဲ့ရသူဖြစ်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အမေရိကန်နှင့်ဗြိတိန်တို့၏ ထောက်လှမ်းရေးအေဂျင်စီများ၏ စောင့်ကြည့်ထောက်လှမ်းခဲ့သည့် ထောင်နှင့်ချီသောအရေးကြီးအချက် အလက်များစွာကို ဂျာနယ်လစ်များထံသို့ ပေးအပ်ခဲ့ပြီး The Guardian ၊ Newyork Time နှင့် The Washington Post တို့မှ ထုတ်ဖော်ခဲ့ပြီးနောက် စနိုးဒန်း သည် အမေရိကန်မှ ထွက်ပြေးခဲ့ရသည်။

ခိုလှုံခွင့်ပေးရန် နိုင်ငံများစွာ၏ ငြင်းပယ်မှုကိုခံခဲ့ရပြီး နောက်ဆုံးတွင် ရုရှားနိုင်ငံသို့ရောက်ရှိလာကာ လေဆိပ်တစ်ခုတွင် တစ်လကြာသောင်တင်နေပြီးနောက် ခိုလှုံခွင့် ရရှိခဲ့သည်။

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် Mills သည် အမေရိကန်နိုင်ငံမှထွက်ခွာခဲ့ပြီး မော်စကိုတွင် စနိုးဒန်းနှင့်ပေါင်းစည်းနိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၇ ခုနှစ် တွင် လက်ထပ်ခဲ့ကြပြီး သားသမီးနှစ်ဦး မွေးဖွားခဲ့ကာ ကလေးနှစ်ဦးအား ရုရှားနိုင်ငံသားများအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

စနိုးဒန်းအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် သမ္မတအမိန့်ဖြင့် ရုရှားနိုင်ငံသားဖြစ်ခွင့်ပေးခဲ့သည်။

ကိုးကား-RT