ပြင်သစ်နိုင်ငံ အရှေ့ပိုင်းတွင် ဓာတ်ရထားနှစ်စင်း တိုက်မိ အများအပြား ဒဏ်ရာရရှိ
ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ စထရာဘာ့ဂ်မြို့၌ ဖြစ်တောင့်ဖြစ်ခဲ ဓာတ်ရထားနှစ်စင်း တိုက်မိခဲ့ရာ အများအပြား ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါမတော်တဆမှုသည် မြို့အတွင်းရှိ ပင်မဘူတာရုံ၌ ဇန်နဝါရီလ ၁၁ ရက်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါဘူတာရုံသည် ပဲရစ်မြို့ပြင်ပရှိ ယာဉ်နှင့်ဓာတ်ရထား အသွားအလာအများဆုံး ဒေသတစ်ခုဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖိလစ်တာဘာရော့က ပြောသည်။ အဆိုပါ မတော်တဆမှုအတွင်း လူပေါင်း ၃၆ ဦးခန့် ဒဏ်ရာရရှိကြောင်း ၎င်းကဆက်လက် ပြောကြားထားသော်လည်း မီးသတ်တပ်ဖွဲ့က လူ ၅၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ရထားနှစ်စင်း ဝင်တိုက်မိပြီးနောက် တစ်စင်းမှာ လမ်းချော်သွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် မီးသတ်အဖွဲ့ဝင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စထရာဘာ့ဂ်မြို့သည် ၁၉၉၄ ခုနှစ်တွင် ဓာတ်ရထားပြေးဆွဲခြင်းကို ပြန်လည်အသုံးပြုသည့် ပြင်သစ်နိုင်ငံအတွင်းရှိ မြို့ကြီးတစ်မြို့ဖြစ်သည်။
Source: Myawady Web Portal