ကမ္ဘာ့ပထမဆုံးသော ကာဗွန်ဖိုင်ဘာမီးရထားကို တရုတ်စတင်အသုံးပြု

News Image

  • ကမ္ဘာ့ပထမဆုံးသော ကာဗွန်ဖိုင်ဘာမီးရထားကို တရုတ်စတင်အသုံးပြု

မော်စကို၊ နည်းပညာ

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ်တွင် ကမ္ဘာ့ပထမဆုံးသော ကာဗွန်ဖိုင်ဘာမီးရထားကို ချင်းတောင် Metro က စတင်အသုံးပြုလိုက်ပြီဖြစ်ကြောင်း CCTV ရုပ်သံက ထုတ်ပြန်သည်။

အဆိုပါမီးရထားသည် သမားရိုးကျမီးရထားများနှင့် နှိုင်းယှဉ်ပါက အလေးချိန်အားဖြင့် ၁၁ ရာခိုင်နှုန်းပေါ့ပါးကြောင်း သိရသည်။ မြေအောက်မီးရထားများကို သာမန်အားဖြင့် အလူမီနီယံ၊ သံမဏိတို့ဖြင့် တည်ဆောက်လေ့ရှိသော်လည်း ကာဗွန်ဖိုင်ဘာသည် သံမဏိထက် ၅ ဆ ပိုမိုကြံ့ခိုင်ပြီး ၄ ဆ ပိုမိုပေါ့ပါးမှုရှိကြောင်း ရုပ်သံက ဆက်လက်ဖော်ပြသည်။ အဆိုပါ မီးရထားအား ချင်းတောင် Metro က ဇန်နဝါရီလ ၁၀ ရက်တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကာဗွန်ဖိုင်ဘာမီးရထားကို အသုံးပြုခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လုပ်မှုကို နှစ်စဉ် ၁၃၀ တန်ခန့်အထိ လျှော့ချနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုကို သိသိသာသာလျှော့ချရန် ဆုံးဖြတ်ထားကြောင်း သမ္မတရှီကျင့်ဖျင်က ၂၀၂၁ ခုနှစ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Sputnik

Source: မြဝတီသတင်းစာ