Face Unlock ပါဝင်လာမည့် မော်တော်ကားများ
ကားအနီးရောက်သည်နှင့် ကားတံခါးကို အလိုအလျောက်ဖွင့်နိုင်မည့် စမတ်ဖုန်းများတွင်ပါဝင်သည့် Face Unlock နည်းပညာသည် ကားများတွင် ပါဝင်လာတော့မည် ဖြစ်ပါသည်။
နာမည်ကြီး ကားတာယာကုမ္ပဏီ Continental က Face Unlock နည်းပညာ ပါဝင်သည့်ကားများ လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီက ၎င်းနည်းပညာကို“Intelligent Vehicle Experience Car With IQ” ဟု အမည်ပေးထားပါသည်။
အဆိုပါနည်းပညာတွင် အခြားအားသာချက်များလည်းပါဝင်ပြီး ကားကို ပိုင်ရှင်မဟုတ်သောသူ၊ ခိုးယူရန် ကြိုးစားသူက လာရောက်ဖွင့်လျှင် ပိုင်ရှင်ကို အသိပေးမည်ဖြစ်ပါသည်။
စမတ်ဖုန်းမှ ကားတံခါးဖွင့်နိုင်သည့် နည်းပညာကို အချို့ ကားများတွင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ အဆိုပါနည်းပညာတွင် စမတ်ဖုန်း၏ NFC Chip ကို အသုံးပြုထားခြင်းဖြစ်ပြီး စမတ်ဖုန်းများ၏ Face Unlock ကို ကားများတွင်အသုံးပြုနိုင်ရန် နှစ်အနည်းငယ် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ကိုးကား-The Verge