သတင်းများ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုအတွင်း မိုင်းလုပ်သားကိုးဦး ပိတ်မိလျက်ရှိ

နယူးဒေလီ      ဇန်နဝါရီ ၈

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ ရေလွှမ်းလျက်ရှိသည့် ကျောက်မီးသွေးတွင်းတစ်ခုအတွင်း မိုင်းလုပ်သားကိုးဦး ပိတ်မိလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အလောင်းတစ်လောင်းကို ဆယ်ယူရရှိထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ဇန်နဝါရှိ ၆ ရက်က အလုပ်သမားများသည် ကျောက်မီးသွေးတွင်းဟောင်းတစ်ခုအတွင်း မိုင်းလုပ်ငန်းများ ဆောင်ရွက်စဉ် ရေအရင်းအမြစ်တစ်ခုကို ထိမိခဲ့ခြင်းကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။

တာဝန်ရှိသူများက ရေငုပ်သမားများ၊ ကရိန်းများနှင့် ရဟတ်ယာဉ်များအသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း ကယ်ဆယ်ရေးသမားများသည် ရေလွှမ်းမိုးမှုများကြောင့် ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၌ တရားမဝင်မိုင်းတွင်း မတော်တဆမှုများသည် မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

၂၀၁၉ ခုနှစ်တွင် မီဂါလာယာပြည်နယ်၌ ကျောက်မီးသွေးတွင်း ပြိုကျခဲ့သည့်အတွက် မိုင်းတွင်းလုပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ၊ ဘာသာပြန်- အောင်ကျော်ကျော်

Source: ကြေးမုံသတင်းစာ

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် လူပေါင်း ၆၈ ဦး သေဆုံး

ဖနောင်ပင်     ဇန်နဝါရီ ၈

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် လူပေါင်း ၆၈ ဦး သေဆုံးမှုဖြစ်ပွားကြောင်း ဘေးအန္တရာယ်ထိန်းချုပ်ရေး ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးရှိ

သို့သော်လည်း ၂၀၂၃ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်း ကျဆင်းလာသည်ဟု ဆိုသည်။ ယမန်နှစ်က မိုးကြိုးပစ်မှုကြောင့် သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးရှိကြောင်း အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆော့သ်ကင်ကိုးလ်မိုနီက ပြောသည်။

မကြာခဏ မိုးကြိုးပစ်လေ့ရှိ

မိုးကြိုးပစ်ခြင်းမှရှောင်ရှားနိုင်ရန် အထူးသဖြင့် ကျေးလက်နေပြည်သူများသည် မုန်တိုင်း သို့မဟုတ် မိုးရွာသွန်းချိန်တွင် နေအိမ်များအတွင်း နေထိုင်သင့်သည်ဟု ကိုးလ်မိုနီက ဆင်ဟွာသို့ ပြောသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ မေလမှ အောက်တိုဘာလအထိ မိုးရာသီကာလအတွင်း မကြာခဏ မိုးကြိုးပစ်လေ့ရှိကြောင်း သိရသည်။

မီး‌လောင်မှုကြောင့် ၂၀ သေဆုံး

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် သေဆုံးမှုများအပြင် မီးလောင်မှုကြောင့် လူ ၂၀ သေဆုံးပြီး မုန်တိုင်းကြောင့် ခုနစ်ဦး သေဆုံးကြောင်း ကိုးလ်မိုနီက ပြောသည်။

ဆင်ဟွာ

Source: မြန်မာ့အလင်းသတင်းစာ

ဟနွိုင်းမြို့သည် ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့ ဖြစ်လာ

ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းနေပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့စာရင်း၌ ထိပ်ဆုံးက ရပ်တည်နေကြောင်း အစိုးရက ပြောကြားပါသည်။ အဆိုပါပြဿနာကို ဖြေရှင်းရန် လျှပ်စစ်ကား (EVs) များ ပိုမိုအသုံးပြုကြရန်လည်း တိုက်တွန်းထားသည်ဟု သိရှိ ရသည်။

ဟနွိုင်းမြို့၏ လေထုညစ်ညမ်းမှုနှုန်းသည် ၂၆၆ မိုက်ခရိုဂရမ်ထိရှိနေပြီး များသောအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ အမှိုက်မီးရှို့ခြင်းနှင့် စက်မှုလုပ်ငန်းများ ကြောင့် မြူခိုးများ ဖြစ်လာသည်ဟု သိရှိရပါသည်။ “အစတုန်းကတော့ မြူမှိုင်းလို့ ထင်ခဲ့တာ၊ ဒါပေမယ့် နောက်ပိုင်း အဲဒီဖုန်မှုန့်တွေကြောင့် ကောင်းကောင်း မမြင်ရတော့သလို အသက်ရှုမဝသလိုလည်း ခံစားရစေပါတယ်” ဟု အသက် ၂၁ နှစ်အရွယ် ကျောင်းသား တစ်ဦးက ဆိုပါသည်။

ဇန်နဝါရီ ၂ ရက်က ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင် တွေ့ဆုံချိန်တွင် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင်က ၎င်းပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် EV ကား များ ပြောင်းလဲအသုံးပြုရေးကို အရှိန်မြှင့်ရန်တောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာက ဆိုပါသည်။ အစိုးရက ၂၀၃၀ ၌ ဟနွိုင်း၏ ဘတ်စ်ကား ၅၀ ရာခိုင်နှုန်းနှင့် တက္ကစီ ၁၀၀ ရာခိုင်နှုန်းကို EV ကားများဖြစ်လာစေရန် ရည်မှန်းထားသည်ဟု သိရပါသည်။

ကိုးကား- NP News

Richter scale 6.8 earthquake happened in Western China, died 126 and wounded 188

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ရှီကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တင်းရီခရိုင်တွင် ဇန်နဝါရီလ ၇ ရက်က ပြင်းအား ရစ်ချ်တာစကေး  ၆ ဒသမ ၈ ရှိ   ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၂၆ ဦးသေဆုံးပြီး ၁၈၈ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်ခန့်တွင် ဆိုကိုမြို့နယ်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်မှ ၂၀ ကီလိုမီတာအကွာတွင် ကျေးရွာပေါင်း ၂၇ ရွာ၊ လူ ၆၉၀၀ ခန့်နေထိုင်လျက်ရှိကြောင်းသိရသည်။ တင်းရီခရိုင်အတွင်းမှာပင် လူပေါင်း ၆၁,၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

အာဏာပိုင်အဖွဲ့က အခင်းဖြစ်ပွားရာဒေသသို့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၄၀၀ ကျော်၊ ဆေးကုသရေးအဖွဲ့ဝင်  ၃၄၀ ကျော်အား စေလွှတ်ခဲ့သည်။ တင်းရီခရိုင်တွင် လာမည့် သုံးရက်အတွင်း အပူချိန်သည် အနုတ် ၁၈ မှ အနုတ် ၁၄ အထိရှိနိုင်ကြောင်းသိရသည်။

အစိုးရသည် ငလျင်လှုပ်ခတ်မှုဖြစ်ပွားသည့် ဒေသသို့ ယာယီတဲများ၊ အနွေးထည်များ၊ စောင်များနှင့် ခေါက်ခုတင်များအပါအဝင် အရေးပေါ် လိုအပ်သည့်ပစ္စည်း ၂၂,၀၀၀ ကျော်ကို ပေးပို့ခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ယွမ် သန်း ၁၀၀ (ဒေါ်လာ ၁၃ ဒသမ ၉ သန်းခန့်) ကိုလျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့က ပြောကြားခဲ့ကြောင်း သိရသည်။

 Ref: Xinhua

Source: Myawady Web Portal

ဗြဟ္မပုတ္တရမြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာကြီးက အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်ကို ထိခိုက်ခြင်းမရှိနိုင်ကြောင်း တရုတ်ဆို

အိန္ဒိယနယ်စပ်အနီး တိဗက်ရှိ ဗြဟ္မပုတ္တရမြစ်ပေါ်ရှိ ကမ္ဘာ့အကြီးဆုံး ရေကာတာတည်ဆောက်မည့် အစီအစဉ် ကို တရုတ်နိုင်ငံက ဇန်နဝါရီ ၆ ရက်နေ့တွင် ထပ်လောင်း ပြောကြားခဲ့ပြီး အဆိုပါစီမံကိန်းသည် သိပ္ပံနည်းကျ တိကျသေချာစွာအတည်ပြုထားပြီး မြစ်အောက်ပိုင်း နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံခန့် ကုန်ကျမည့် အဆိုပါ စီမံကိန်းသည် ဂေဟဗေဒအရ ပျက်စီးလွယ်ပြီး ငလျင်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဟိမဝန္တာ ဒေသနယ်နိမိတ်တစ်လျှောက်တွင် တည်ရှိသည်။

တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်စီမံကိန်းသည် ယာလန်းဆန်ပိုမြစ် (တိဗက်ဗြဟ္မပုတ္တရမြစ်အတွက် တိဗက်မြစ်အမည်) ကို သိပ္ပံနည်းကျ စစ်ဆေး အတည် ပြုမှု စနစ်တကျခိုင်မာစွာ ပြုလုပ်ခဲ့ပြီး မြစ်အောက်ပိုင်းရှိ နိုင်ငံများ၏ ဂေဟစနစ်၊ ဘူမိဗေဒနှင့် ရေအရင်းအမြစ် များ အပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှု တစ်စုံတစ်ရာ မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူအသစ် ဂေါင်ကျီကွမ် က မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် မြစ်အောက်ပိုင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လျော့ပါးသက်သာရေးနှင့် ရာသီဥတုဖောက်ပြန်မှုများကို အတိုင်းအတာတစ်ခု အထိ တုံ့ပြန်ရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း အိန္ဒိယတာဝန်ရှိသူများက ဆည်နှင့် ပတ်သက်သော ၎င်း၏စိုးရိမ်ပူပန်မှုကို ဖော်ပြသည့် မေးခွန်းကို ဖြေကြားခဲ့ပါသည်။ 

ဗြဟ္မပုတ္တရမြစ် ဆည်တည်ဆောက်မည့် အစီအစဉ်ကို တရုတ်က ပြီးခဲ့သည့်လက အတည်ပြုခဲ့ပါသည်။ အစီအစဉ်အရ ဗြဟ္မပုတ္တရမြစ်သည် အိန္ဒိယနိုင်ငံ အာရူနာချယ် ပရာဒေ့ရှ်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မရောက်မီ ဟိမဝန္တာတောင်တန်းရှိ ဂငယ်ကွေ့ချောက်ကြီးတစ်ခု၏ အနီးတွင် ဧရာမဆည်ကြီးကို တည်ဆောက်မည်ဖြစ်ပါသည်။ ဗြဟ္မပုတ္တရမြစ်နှင့်ထိစပ်နေသည့် ပြည်နယ်များ၏ အကျိုးစီးပွားကို အထက်ပိုင်းဒေသများ၏ လုပ်ဆောင်မှုများကြောင့် မထိခိုက်စေရန် တရုတ်ကို အိန္ဒိယက တိုက်တွန်းခဲ့သည်။

မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်လိုအပ်သည့် အစီအမံများကို ဆက်လက်စောင့်ကြည့်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ဒေလီတွင် မီဒီယာများကို ပြောကြားခဲ့သည်။

မြစ်ရေပိုင်နက်ကို ထူထောင်အသုံးပြုပိုင်ခွင့်ရှိသည့် မြစ်အောက်ပိုင်းပြည်နယ်တစ်ခုအနေဖြင့် ကျွမ်းကျင်အဆင့်နှင့် သံတမန်လမ်းကြောင်းများမှတစ်ဆင့် ၎င်းတို့ ပိုင်နက်တွင်ရှိ မြစ်များပေါ်တွင် ကြီးမားသည့် စီမံကိန်းများကို လေ့လာဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။  

ကိုးကား-Myanmar National Post

ဂျပန်နိုင်ငံမှ အသက် ၁၁၅ နှစ်အရွယ်  အိုဂါကီဟာယာရှိအမည်ရှိ အမျိုးသမီးကြီး နိုင်ငံ၏ အသက်အကြီး ဆုံးပုဂ္ဂိုလ်ဖြစ်လာ

ဂျပန်နိုင်ငံမှ  ကမ္ဘာ့အသက်အကြီးဆုံး အဖြစ်သတ်မှတ်ခံထားရသည့် အမျိုးသမီးကြီးသေဆုံးပြီးနောက် ဂီဖူစီရင်စုမှ အသက်  ၁၁၅ နှစ်အရွယ် အိုဂါကီဟာယာရှိအမည်ရှိ အမျိုးသမီးကြီးသည်  နိုင်ငံ၏ အသက်အကြီးဆုံးဖြစ်လာကြောင်း အာဏာပိုင်အဖွဲ့က ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်သည်။

ဟာယာရှိသည် ၁၉၀၉ ခုနှစ် စက်တင်ဘာလ ၂ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး တိုမီကို အီတူကာအမည်ရှိ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီးသည် အာရှီယာမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင်   ၂၀၂၄  ခုနှစ် ဒီဇင်ဘာလ  ၂၉ ရက်တွင်   သေဆုံးသွားပြီးနောက် ဂျပန်နိုင်ငံ၏အသက်အကြီးဆုံး အမျိုးသမီးကြီးဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလထုတ်ပြန်ချက်များအရ ဂျပန်နိုင်ငံတွင် အသက် ၁၀၀ ကျော်အရွယ်ရှိ သက်ကြီးရွယ်အိုဦးရေမှာ ၉၅၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၈၈ ရာခိုင်နှုန်းသည်  အမျိုးသမီးကြီးများဖြစ် သည်။

ဂျပန်နိုင်ငံ၏ လက်ရှိလူဦးရေ ၁၂၄ သန်း အနက် သုံးပုံတစ်ပုံမှာ အသက် ၆၅ နှစ်အရွယ် သက်ကြီးရွယ်အိုများဖြစ်ကြောင်း သိရသည်။

Ref: RNZ, KD

ငါးလအတွင်း နီပေါနိုင်ငံ၌ တိရစ္ဆာန်တိုက်ခိုက်မှုကြောင့် ၈၃ ဦးသေဆုံး

ခတ္တမန္ဒူ   ဇန်နဝါရီ ၆

နီပေါနိုင်ငံ၌ ငါးလအတွင်း တောရိုင်းတိရစ္ဆာန်တိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်း ၈၃ ဦးသေဆုံးပြီး ၅၉၉ ဦးဒဏ်ရာရရှိကြောင်း နီပေါရဲတပ်ဖွဲ့က ဇန်နဝါရီ ၆ ရက်တွင် ပြောကြားသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လလယ်မှ ဒီဇင်ဘာလလယ်အတွင်း မြွေကိုက်ခံရမှုကြောင့် သေဆုံးသူ ၇၀ ရှိပြီး ၅၃၂ ဦး ဒဏ်ရာရရှိကြောင်း နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

ဆင် တိုက်ခိုက်မှုကြောင့် ‌ခြောက်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိကာ ကြံ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ လေးဦးရှိပြီး ၁၄ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

ထို့ပြင် ကျားတိုက်ခိုက်မှုကြောင့် သေဆုံးသူ သုံးဦးရှိပြီး ၂၄ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဝက်ဝံတိုက်ခိုက်မှုကြောင့် ၁၅ ဦးဒဏ်ရာ ရရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၌ အစိုးရ၏ ဦးဆောင်မှုဖြင့် အခမဲ့ အစားအစာ ကျွေးမွေးသည့်အစီအစဉ် စတင်ဆောင်ရွက်

ဂျကာတာ   ဇန်နဝါရီ ၆

အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရ၏ ဦးဆောင်မှုဖြင့် အခမဲ့အစားအစာကျွေးမွေးသည့် အစီအစဉ်ကို ယနေ့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

၎င်းအစီအစဉ်ကို အဆင့်လိုက် ဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီလမှ ဧပြီလအတွင်း နိုင်ငံသား သုံးသန်းအား အစားအစာ အခမဲ့ ကျွေးမွေးမည်ဟု အမျိုးသားအာဟာရဆိုင်ရာအေဂျင်စီ တာဝန်ရှိသူ ဒါဒန်ဟင်ဒါယာနာက ပြောကြားသည်။

ပထမအဆင့်တွင် နိုင်ငံအတွင်းရှိ ဒေသ ၂၆ ခုမှ ကျောင်းသားများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား ကျွေးမွေးမည်ဟု သိရသည်။

လက်ရှိအချိန်တွင် ၎င်းအစီအစဉ်ဆောင်ရွက်ရန်အတွက် စားဖိုဆောင် ၁၉၀ က လုပ်ငန်းဆောင်ရွက်နေပြီး ယခုနှစ်ကုန်တွင် စားဖိုဆောင် ၅၀၀၀ အထိ လုပ်ငန်းများ ဆောင်ရွက်မည်ဟု သိရသည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ

ကမ္ဘာ့လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အမြင့်ဆုံး သတ်မှတ်ချက်ဖြစ်သည့် IOSA လက်မှတ်ကို MAI က သက်တမ်းတိုး

ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သည့် IOSA လက်မှတ်ကို MAI က သက်တမ်းတိုးလိုက်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း(MAI) ၏ ထုတ်ပြန်ချက်အရ သိရသည်။

MAI အနေဖြင့် အဆိုပါ အပြည်ပြည်ဆိုင်ရာလေကြောင်းပို့‌ဆောင်ရေးအဖွဲ့ IATA ၏ လုပ်ငန်းဆိုင်ရာ အရည်အသွေးစစ်ဆေးမှုအစီအစဉ် (IOSA) လက်မှတ်အား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကတည်းကပင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ IOSA Program သည် လေကြောင်းပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှုဆိုင်ရာတင်းကျပ်သည့် စစ်ဆေးအကဲဖြတ်မှုများကြောင့် ကမ္ဘာ့တစ်ဝန်းလုံးမှ အသိအမှတ်ပြုထားသည့် Program တစ်ခုလည်းဖြစ်သည်။

ထို့ပြင် IOSA သည် လေကြောင်းလိုင်းတစ်ခု၏ ပျံသန်းမှုဆိုင်ရာ လုပ်ငန်းကဏ္ဍအားလုံးပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၊ အရည်အသွေးထိန်းသိမ်းမှုနှင့် လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာစီမံခန့်ခွဲမှုတို့ကို စစ်ဆေးအကဲဖြတ်ရန် ရေးဆွဲထားသည့် ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစံနှုန်းတစ်ခုဖြစ်ပြီး IATA အဖွဲ့ဝင်လေကြောင်းလိုင်းအားလုံးသည် စစ်ဆေးအကဲဖြတ်မှုကို နှစ်နှစ်လျှင်တစ်ကြိမ်ခံယူကြရကြောင်း သိရသည်။

ထို့ကြောင့် MAI ၏ IOSA လက်မှတ်ကို အောင်မြင်စွာသက်တမ်းတိုးနိုင်ခြင်းသည် လုပ်ငန်း‌ဆောင်ရွက်ချက်အားလုံးတွင် တည်တံ့သောယုံကြည်စိတ်ချအားထားရမှု၊ MAI ၏ ပြုပြင် ပြောင်းလဲမှုကတိကဝတ်များနှင့် ခရီးစဥ်တိုင်းတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးမြင့်မားရေးနှင့် ကောင်းမွန်သည့်ဝန်ဆောင်မှုများ‌ပေးနိုင်‌ရေးတို့အပေါ် MAI၏ အလေးထားမှုပင်ဖြစ်ကြောင်း သိရသည်။

Source: NP News

တိဗက်ဒေသ၌ ငလျင်လှုပ်သဖြင့် အနည်းဆုံး လူ ၅၃ ဦး သေဆုံး

ဟိမဝန္တာ တောင်ခြေမြောက်ဘက် တိဗက်ဒေသ အမြင့်ဆုံး မြို့တစ်မြို့အနီးတွင် ဇန်နဝါရီ ၇ ရက်နေ့က ပြင်းအား ၆.၈ မဂ္ဂနီကျူအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခါခဲ့ရာ အနည်းဆုံး လူ ၉၅ ဦးသေဆုံးပြီး ၁၃၀ ဦး ဒဏ်ရာ ရသွားကြောင်း တရုတ်အာဏာပိုင်များက ပြောကြား ထားပါသည်။

အဆိုပါငလျင်မှာ ဒေသစံတော်ချိန် နံနက် ၀၉၀၅ အချိန်တွင် ဧဝရတ်တောင် မြောက်ဘက်ဝင်ပေါက်ဟု လူသိများသော တရုတ်ကျေးလက်ဒေသ Tingri ကို အခြေပြု၍ လှုပ်ခါခဲ့ခြင်းဖြစ်ပြီး အိမ်နီးချင်း နီပေါ၊ ဘူတန်နှင့် အိန္ဒိယနိုင်ငံတို့တွင်ပါ လှုပ်ခါခဲ့ကြောင်း သိရပါသည်။ အမေရိကန်ဘူမိဗေဒဌာနက အဆိုပါ ငလျင်မှာ ၇.၁ မဂ္ဂနီကျူ ပြင်းထန်ကြောင်း ဆိုထားပါသည်။ 

ကိုးကား - CNA