ကျောက်မီးသွေးတွင်းများကို ဆိုလာများတပ်လိုက်လျှင် ဂျာမနီကိုပင် လျှပ်စစ်ပေးနိုင်

News Image

  • ကျောက်မီးသွေးတွင်းများကို ဆိုလာများတပ်လိုက်လျှင် ဂျာမနီကိုပင် လျှပ်စစ်ပေးနိုင်

ဆိုလာစွမ်းအင်ဆိုတာ အဖိုးနည်းဝန်ပါဆိုသလို သိပ်ကိုတန်ဖိုးကြီးတဲ့ စွမ်းအင်အရင်းအမြစ်ကြီးတစ်ခုဖြစ်ပါတယ်။ အခုတစ်ကမ္ဘာလုံးလိုလိုကလည်း    ဆိုလာစွမ်းအင်တစ်ဖြစ်လဲ နေရောင်ခြည်စွမ်းအင်ကို အပြည့်အဝ အသုံးချနိုင်ဖို့ ကြိုးစားလာနေတာတွေ့ ရှိရပါတယ်။ နေရောင်ခြည်စွမ်းအင်ကို ကျယ်ပြန့်စွာ အသုံးမပြုနိုင်ချိန်တုန်းက ကျောက်မီးသွေး စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားကို ရယူကြတာပါ။ ကျောက်မီးသွေးဆိုတာက ကမ္ဘာမြေထဲကနေထုတ် ယူရတဲ့ သယံဇာတတစ်ခုဖြစ်ပါတယ်။ သူတို့ကို ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေမှာ သုံးခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားကိုရရှိ အသုံးပြုတာဖြစ်ပါတယ်။

ဒီအတွက်လိုအပ်တဲ့ ကျောက်မီးသွေးကိုရရှိနိုင်ဖို့ ကျောက်မီးသွေးတွင်းကြီးတွေကိုတူးဖော်ပြီး အထဲမှ ကျောက်မီးသွေးကို ထုတ်ယူကြပါတယ်။ ထုတ်ယူခံလိုက်ရတဲ့ ကျောက်မီးသွေးတွင်းကြီးတွေ ဘဝမှာတော့ ကြီးမားလှတဲ့ ချိုင့်ခွက်တွေနဲ့ အတူ နောက်ဆုံးမှာ စွန့်ပစ်ခံဘဝကိုသာ ရောက်ရှိသွားကြတာပါ။ သူတို့ကိုတခြားနည်းနဲ့ပြန်သုံးကြဖို့ ဘယ်သူမှ မစဉ်းစားကြတော့ပါဘူး။

အခု Global Energy Monitor ဆိုတဲ့ အဖွဲ့အစည်းက ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ စွန့်ပစ်ကျောက်မီးသွေးတွင်းကြီးတွေကို ပြန်အသုံးပြုနိုင်စေမယ့် နည်းလမ်းကိုဖော်ပြထားပါတယ်။ အဲဒီနည်းလမ်းကတော့ ကျောက်မီးသွေးတွင်းဟောင်း နေရာတွေမှာ ဆိုလာပြားတွေတပ် ဆင်ခြင်းဖြစ်ပါတယ်။ ကျောက်မီးသွေး တွင်းဟောင်းနေရာတွေဆိုတာ အင်မတန်မှကြီးမားကျယ်ပြန့်တဲ့ ဟင်းလင်းပြင်မြေနေရာတွေဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ ဆိုလာပြားတွေကို တပ်ဆင်လိုက်မယ်ဆိုရင် ထွက်ရှိလာနိုင်တဲ့ လျှပ်စစ်ဓာတ်အားပမာဏက   300  GW  အထိ ရှိနိုင်ပါတယ်။    အဲဒီကနေထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား ပမာဏက ဂျာမနီလိုနိုင်ငံမျိုးကို တစ်နှစ်စာ စွမ်းအင်ပေးနိုင်တဲ့အထိ လုံလောက်ပါတယ်။ ဒီလိုနည်းလမ်းဟာ ကမ္ဘာကြီးပူနွေးမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်အဖြေဖြစ်ပါတယ်။        

MWD Web Portal