အိန္ဒိယ၌အရေးပေါ် ဆင်းသက်ရသည့် ဗြိတိန်မှ F-35B လေယာဉ် လေဆိပ်တွင် သောင်တင်နေ
အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ သီရူဗာနမ် သာပူရမ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ရသည့် ဗြိတိန်မှ F-35B တိုက်လေယာဉ်သည် ယခုအခါ လေဆိပ်တွင်သောင်တင်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် အိန္ဒိယရှိလေဆိပ်သို့ အရေးပေါ် ဆင်းသက်ရခြင်းဖြစ်ပြီး ယခု အချိန်အထိ ပြင်ဆင်မှုများ လုပ်ဆောင်၍ မပြီးသေးဘဲ သောင်တင်နေခြင်းဖြစ်သည် ဟု ဒေသတွင်းသတင်း ဌာနများက ဇွန်လ ၁၉ ရက်တွင် ဖော်ပြထားသည်။
ထိုတိုက်လေယာဉ်သည် HMS Prince of Wales လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တိုက်ခိုက်ရေးအုပ်မှ တိုက်လေယာဉ် ဖြစ်သည်။ အိန္ဒိယရေတပ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ တိုက်လေယာဉ်ကို လော့ဟိမာ တင်ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပြီး လေယာဉ်တင် သင်္ဘောများတွင် ဒေါင်လိုက် အတက်၊ အဆင်းလုပ်နိုင်အောင် ဒီဇိုင်းဆွဲ ထားခြင်းဖြစ်သည်။
MWD Web Portal