သတင်းများ

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

ကျောက်ဆည်၊ ဇွန်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေများခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများဖြစ်သည့် စိတ်ဓာတ်ကျရောဂါများ အကြောင်းနှင့် မိမိ ကိုယ်မိမိသေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ လိင်စိတ်အားနည်းခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင့်ကျမှုဖြစ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများဖြစ်သည့် AIDSခေါ် ခုခံအား ကျဆင်းမှု ရောဂါ ဖြစ်ခြင်း၊ ဆေးလွန်သဖြင့်မိန်းမောစွာအိပ်မပျော်ခြင်း၊ သတိမေ့မြောသွားခြင်း၊ အခန့်မသင့်လျှင် အသက်ဆုံးရှုံးခြင်း၊ ထုံနာ၊ကျင်နာ၊အကြောသေရောဂါဖြစ်ခြင်း၊ ဝက်ရူးပြန်တတ်ခြင်း၊ နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ အသည်းရောဂါ၊ သွေးကြောပိတ်ရောဂါဖြစ်ခြင်း၊ ခန္ဓာကိုယ်အနှံ့အပြား အနာစိမ်းများပေါက်၍ သွေးဆိပ်တက်ခြင်းများ အကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများဖြစ်သည့် ထုတ်လုပ်မှုလျှာ့ချရေးနှင့်အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေး နှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေး၊ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရေးအကြောင်းများနှင့် မဟာဗျူဟာနှင့် နည်းဗျူဟာများဖြစ်သည့် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်း ပပျောက်ရေး၊ သုံးစွဲသူပပျောက်ရေး၊ ထုတ်လုပ်မှုပပျောက်ရေး၊ တားဆီးနှိမ်နှင်းရေးစသည့် အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ပေးပို့သူ- စုစုအေး(ကျောက်ဆည်)

ကျောက်ဆည်မြို့နယ် သင်တောင်ကျေးရွာတွင် ကတ္တရာ လမ်းသစ် ဖွင့်ပွဲ ပြုလုပ်

ကျောက်ဆည်၊ ဇွန်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မန္တလေးမြို့ ဦးဝမ်းချင်းရွှေ+ဒေါ်ရီရီချို (အောင်မြန်မာဟိန်း)ကုမ္ပဏီမီသားစုမှ သင်တောင်း ကျေးရွာ၊ ရွာလယ် လမ်းမကြီးအား ကတ္တရာလမ်းခင်းပေးခဲ့ပြီး ယနေ့နံနက်ပိုင်းက လမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ အောက်ခြေ(၄လက်မ၊၂လက်မ) ကျောက်ခင်း၍ (၆) လက်မထုဖြင့် အရှည်(၇၀၀)ပေပေါ်တွင် ကတ္တရာ(၃)လက်မထု ထပ်ပိုးလွှာခင်းခြင်းနှင့် ယခင်ကွန်ကရစ်လမ်း အရှည်(၁၀၀၀)ပေပေါ်တွင် ကတ္တရာ(၃)လက်မထု ထပ်ပိုးလွှာခင်းခြင်း စုစုပေါင်းကတ္တရာလမ်း အရှည် (၁၇၀၀) ပေနှင့် အကျယ်(၁၃)လက်မ ဖြစ်ကြောင်း သိရှိပြီး ခန့်မှန်းကုန်ကျငွေ ကျပ်(၄၂၀)သိန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည့် တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍ သိရသည်။

သင်တောင်ကျေးရွာတွင် ကတ္တရာလမ်းခင်းပေးခြင်းဖြင့် သင်တောင်းကျေးရွာမှ ပြည်သူမှပြည်သူများနှင့် အဆိုပါ ကျေးလမ်းမကြီးအား အသုံးပြုလျက်ရှိသည့် တောင်လွှဲကျေးရွာမှ ပြည်သူများ၏ လူမှုဘဝများ၊ မြို့ပြနှင့်မခြား သွားလာရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

ပေးပို့သူ- သက်မောင်(ကျောက်ဆည်)

ဝီကီလိခ်၏ ထုတ်ပြန်ချက်အရ ဟောလိဝုဒ်သည် အီရန်နှင့်စစ်ပွဲဆိုင်ရာ ဇာတ်လမ်းများကို နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်နေခဲ့ဟုဆို

ဝီကီလိခ်၏ ထုတ်ပြန်ချက်အရ ဟောလိဝုဒ်ရှိ ဂျူးလူမျိုး ဇာတ်ညွှန်းရေး ဆရာများသည် ဆယ်စုနှစ်ကျော်ကြာ အီရန်နှင့်စပ်လျဉ်းသည့် စစ်ရေး အရ အရေးယူမှုတိုးမြှင့်ရန် လှုံ့ဆော်သော အကြောင်းအရာများကို ရုပ်ရှင်ဇာတ်လမ်းများတွင် တစ်ဆင့်ပြီးတစ်ဆင့် ထည့်သွင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

အစ္စရေးသည် လွန်ခဲ့သော ရက်သတ္တပတ်က အီရန်အပေါ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တီဟီရန်သည် နျူကလီးယား လက်နက်ထုတ်လုပ်ရန် နီးကပ်နေပြီဟု ဆိုခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ်တွင် အမေရိကန်သည်လည်း အီရန်၏ နျူကလီးယားစက်ရုံများကို ဗုံးကြဲ တိုက်ခိုက်ကာ အဆိုပါပဋိပက္ခတွင် တိုက်ရိုက်ပါဝင်လာခဲ့သည်။

တနင်္ဂနွေနေ့ (ဇွန် ၂၂) က X တွင် ဝီကီလိခ်၏ ပို့စ်တစ်ခုတွင် “ဂျူးလူမျိုး များဟု ဆိုကြသော” ဟောလိဝုဒ်ဇာတ်ညွှန်းရေးဆရာများသည် နှစ်ပေါင်း များစွာ အီရန်နှင့်စစ်ဖြစ်ရန် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်စည်းရုံးမှုများ ဖော်ပြ ခဲ့သည်။ ထိုသို့သော လုပ်ဆောင်မှုများကို Top Gun: Maverick၊ Homeland၊ 24 နှင့် The Fifth Estate ကဲ့သို့သော ရုပ်ရှင် ဇာတ်ကား များတွင် တွေ့မြင်နိုင်သည်ဟု ဆိုသည်။

ဝီကီလိခ်သည် ၂၀၁၃ ခုနှစ်က Oxford Union တွင် ဝီကီလိခ် တည်ထောင်သူ ဂျူလီယန်အာဆန်းချ် ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ခုကို မျှဝေခဲ့ပြီး ထိုဗီဒီယိုတွင် ၎င်းသည် The Fifth Estate (ဝီကီလိခ် အကြောင်း ရိုက်ကူးထားသော ဇီဝဇာတ်လမ်း) အကြောင်း ဆွေးနွေးခဲ့သည်။ ထို ဇာတ်ကားတွင် အီရန်၏ နျူကလီးယားဗုံးစီမံကိန်း (ဇာတ်လမ်းဖြည့်) ကို အစပိုင်းတွင် ပြသထားသည်။

အာဆန်းက တီဟီရန်ရှိ အီရန်သိပ္ပံပညာရှင်များ ဗုံးတစ်လုံးကို စုစည်းနေပုံကို ဖော်ပြထားသော ဇာတ်လမ်းအစပိုင်းကို ပြန်လည်ရည်ညွှန်းခဲ့ပြီး ဇာတ်ကောင်တစ်ဦးက “အဆိုပါလက်နက်ကို ခြောက်လအတွင်း အသုံးပြု နိုင်ပြီ” ဟု ပြောဆိုထားသည်။

“ဝီကီလိခ်အကြောင်း ဇာတ်ညွှန်းတွင် ထိုကဲ့သို့ မဟုတ်မမှန်သော အချက် ကို မည်သို့ထည့်သွင်းနိုင်သနည်း” ဟု အာဆန်းက မေးခွန်းထုတ်ခဲ့သည်။ ထိုအချိန်က အမေရိကန်ထောက်လှမ်းရေး အဖွဲ့ ၁၆ ဖွဲ့သည် အီရန်တွင် နျူကလီးယားလက်နက်စီမံကိန်း မရှိကြောင်း ရှာဖွေတွေ့ရှိပြီး ဖြစ်သည်ကို ၎င်းက ထောက်ပြခဲ့သည်။

အစ္စရေး၏ လတ်တလော တိုက်ခိုက်မှုများမတိုင်မီ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် အမေရိကန် ထောက်လှမ်းရေးအဖွဲ့များက အီရန်၌ နျူကလီးယားလက်နက် စီမံကိန်းရှိသည့် အထောက်အထား မတွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အရှေ့အလယ်ပိုင်း ဝေဟင်ပိုင်နက်များကို နိုင်ငံတကာလေကြောင်းလိုင်းများ ရှောင်ကွင်းပျံသန်းနေရ

လန်ဒန် ဇွန် ၂၂

အီရန်နျူကလီးယား အဆောက်အအုံများကို အမေရိကန်နိုင်ငံက ယနေ့တွင်တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့် အရှေ့အလယ်ပိုင်း ဝေဟင်ပိုင်နက် အတော်များများကို ဆက်လက်ရှောင်ကွင်းပျံသန်းနေရကြောင်း သိရသည်။ လေကြောင်းခရီးစဉ်စောင့်ကြည့်ရေးဝက်ဘ်ဆိုက်များ၏အဆိုအရ ယနေ့တွင် နိုင်ငံတကာလေကြောင်း လိုင်းများအနေဖြင့်အီရန်၊ အစ္စရေး၊ အီရတ်နှင့်ဆီးရီးယားဝေဟင်များကို ရှောင်ကွင်းပျံသန်းနေကြဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါဝေဟင်ပိုင်နက်များကို ဖြတ်သန်းရမည့် လေကြောင်းလမ်းများနေရာတွင် ကက်စပီယံ ပင်လယ်ဖြတ် လေကြောင်းလမ်းများ၊ အီဂျစ်နှင့် ဆော်ဒီအာရေဗျ ဝေဟင်ပိုင်နက်လေလမ်းကြောင်းများအစားထိုးအသုံးပြုနေရကြောင်း လေကြောင်းခရီးစဉ် စောင့်ကြည့်ရေးဝက်ဘ်ဆိုက်များက သတင်း ထုတ်ပြန်ထားသည်။

အစ္စရေးနိုင်ငံက ဇွန် ၁၃ ရက် တွင်အီရန်နျူကလီးယားအဆောက်အအုံများကို စစ်ရေးအရစတင် တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများ အနေဖြင့် အရှေ့အလယ်ပိုင်းဝေဟင်ပိုင်နက်များကို စတင်ရှောင်ရှားခဲ့ရသည်။

လက်ရှိအချိန်တွင် အစ္စရေးနှင့် အီရန်ပဋိပက္ခမှာ ယနေ့တွင် ၁၀ ရက်တာကာလအတွင်း ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper

Photo - CNA

အမေရိကန်က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရေနံစျေးနှုန်းများ ယာယီမြင့်တက်ကာ နောက်ပိုင်းတွင် ပြန်လည်ကျဆင်း

ယနေ့ (ဇွန် ၂၃) ရေနံစျေးနှုန်းများသည် အနှုတ်ဖြင့် ပိတ်သိမ်းသွားခဲ့ပြီး အမေရိကန်က အီရန်ကို တိုက်ခိုက်မှုကြောင့် ဒေသတွင်း ပိုမိုမတည်ငြိမ်မှု ဖြစ်နိုင်ခြေကို စွမ်းအင်ဈေးကွက်က လျစ်လျူရှုလိုက်ကြောင်း သိရသည်။

အမေရိကန်ရေနံဈေးနှုန်းသည် ယမန်နေ့က ၆ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တစ်စည်လျှင် ၇၈ ဒသမ ၄၀ ဒေါ်လာအထိ ခေတ္တ ရောက်ရှိခဲ့သည်။

အမေရိကန်စျေးကွက်များ စတင်ဖွင့်လှစ်ချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့် က ၎င်း၏ Truth Social စာမျက်နှာတွင် “ရေနံစျေးနှုန်းများကို တည်ငြိမ်စွာ ထားရှိကြရန်နှင့် ၎င်းက ဈေးကွက်ကို စောင့်ကြည့်နေကြောင်း၊ ရန်သူ့ အလိုကျ မလုပ်ဆောင်ကြရန် သတိပေးသည်” ဟု တိုက်တွန်းခဲ့သည်။

အီရန်က အမေရိကန်တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ရန် ကမ္ဘာ့ အရေးပါဆုံး ရေနံသယ်ယူမှုလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ် နိုင်ခြေကို ဈေးကွက်က စိုးရိမ်နေသည်။ ထိုရေလက်ကြားမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၂၀ သန်းခန့် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။

Rapidan Energy Group ၏ ဥက္ကဋ္ဌ Bob McNally က CNN သို့ ပြောကြား ရာတွင် “ရေနံဈေးကွက်တွင် နိုင်ငံရေးအရ တည်ငြိမ်မှုမရှိခြင်းနှင့်ပတ်သက်၍ အချက်ပေးသံများစွာကို ကုန်သည်များ မြင်တွေ့ဖူးပြီး ဖြစ်သည်။ ပင်လယ်ကွေ့ဒေသမှ ရေနံထုတ်လုပ်မှု သို့မဟုတ် သယ်ယူပို့ဆောင်မှုတွင် ကြီးမားသော အဟန့်အတား မဖြစ်မချင်း စျေးနှုန်း မြင့်တက်မှုများသည် ကန့်သတ်ခံရမည်ဟု ယုံကြည်သည်” ဟု ဆိုသည်။

ကိုးကား- CNN

Photo: Bloomberg

အရှေ့တရုတ်ပင်လယ် ပိုင်ဆိုင်ခွင့်အငြင်းပွားကျွန်းစုအနီး တရုတ်သင်္ဘောများ ဆက်တိုက်လှုပ်ရှားနေဟုဆို

တိုကျို ဇွန် ၂၂

အရှေ့တရုတ် ပင်လယ်ဒေသပိုင်ဆိုင်ခွင့်အငြင်းပွားကျွန်းများအနီး လှုပ်ရှားသွားလာနေသော တရုတ်သင်္ဘောများကို ၂၁၆ ရက် မြောက်နေ့အဖြစ် တွေ့ရှိထား ကြောင်း ဂျပန်အစိုးရက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံက ဆန်ကာကူ ကျွန်းစုဟူ၍ သတ်မှတ်ထားပြီး တရုတ်နိုင်ငံက တောင်ယုကျွန်းစုဟုခေါ်ဝေါ်သည့် အဆိုပါအရှေ့ တရုတ်ပင်လယ် ကျွန်းစုဒေသ သည် တရုတ်နှင့် ဂျပန်တို့ကြား ပိုင်ဆိုင်ခွင့် အငြင်းပွားနေသည့် နယ်မြေဖြစ်သည်။

သို့ရာတွင် လက်ရှိအချိန်တွင် ဆန်ကာကူ၊ ကျွန်းစုကို ဂျပန်နိုင်ငံက ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံက ပိုင်ဆိုင်ခွင့်တောင်းဆိုထားသည်။ ယနေ့တွင် ဆန်ကာကူကျွန်း၏ ရေပိုင် ၁၂ မိုင် ရေပိုင်နက် အတွင်းမောင်းနှင်နေသည့် တရုတ် ကမ်းခြေစောင့်တပ် သင်္ဘောလေးစီးကို တွေ့ရှိထားကြောင်း ဂျပန်အစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း တရုတ်သင်္ဘောများသည် ဆန်ကာကူကျွန်းစု၀န်းကျင်၌ ရက်ပေါင်း ၂၁၅ ရက်ဆက်တိုက်မောင်းနှင်လှုပ်ရှားခဲ့ကြောင်း ဂျပန်အစိုးရတာဝန်ရှိသူများက ပြောကြားထားသည်။

ဆန်ကာကူ ကျွန်းစုအနီး တရုတ်သင်္ဘောများလာရောက်မှုကို ဂျပန်အစိုးရက သံတမန်ရေးအရ ကန့်ကွက်လေ့ရှိကြောင်း သိရသည်။ 

Ref: RT

Τrs: KKO

နေရာကွက်၍မိုးကြီးနိုင်

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယား - ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။

(မိုး/ဇလ)

Photo - Spectrum News

ရွှေတိဂုံစေတီတော်သို့ ယခုနှစ်ငါးလတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသောင်းကျော် လာရောက်ဖူးမြော်

ရန်ကုန် ဇွန် ၂၂

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ ငါးလတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသောင်း ကျော် လာရောက်ဖူးမြော်ကြကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပက အဖွဲ့မှ သိရသည်။

အဆိုပါကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ဇန်နဝါရီလက ၈၈၂၁ ဦး၊ ဖေဖော်ဝါရီလက ၇၆၄၀ ဦး၊ မတ်လက ၇၅၀၂ ဦး၊ ဧပြီလက ၄၁၇၃ ဦး၊ မေလက ၅၂၆၂ ဦး စုစုပေါင်း ၃၃၃၉၈ ဦးနှင့် ပြည်တွင်းခရီးသွားဝင်ရောက်မှုအနေဖြင့် ၃၀၉၉၆၉၀ ဦး ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်သို့ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုတွင် အာရှ၊ ဥရောပ၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသားများ အများဆုံးလာ ရောက်လည်ပတ်ကြကြောင်း သိရသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့သည် ရပ်နီးရပ်ဝေးမှဘုရားဖူးများအဆင်ပြေစေရန်နှင့် စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ နံနက် ၅ နာရီ မှ ည ၉ နာရီအတွင်း ဖွင့်လှစ်ပေးလျက်ရှိရာမှ ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်မှစတင်ကာ ဘုရားဖူးမြော်ချိန်ကို နံနက် ၄ နာရီမှ ည ၁ဝ နာရီအတွင်း တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ဝန်းရံခ

 MWD Web Portal

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက် အအုံသစ်ကို ကော့သောင်းမြို့တွင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသစ်ကို မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွား ဆက်သွယ်ရေးကို မြှင့်တင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နယ်စပ်ဖြတ်သန်းမှု စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသင်္ဘောများနှင့် စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမို ဝင်/ထွက် ဆိုက်ကပ်လာ၍ တိုးတက်လာသည့်အတွက် နှစ်ပေါင်း (၆၀) ခန့် အဆောက်အအုံကို မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာများဖြင့် နိုင်ငံတကာအဆင့်မီ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက် ဂိတ်အဆောက်အအုံအဖြစ် ပြင်ဆင်တည်ဆောက်ထားသည်။

ထို့ပြင် ခရီးသွားရာသီများတွင် နေ့ချင်းပြန်နှင့် ညအိပ် ကျွန်းအလည်အပတ် ခရီးစဉ်များဖြင့် လာရောက်လည်ပတ်ပြီး ကော့သောင်းမြို့၏ ရေ၊ မြေ၊ တော၊ တောင်တို့၏ သဘာဝအလှတရားများကို ကြည့်ရှုခံစားမည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ရန်လည်း ရည်ရယ်ထားကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်သစ်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေကျပ် (၁,၆၉၇.၁၄) သန်းဖြင့် ၂၀၂၃ ခုနှစ်မှ စတင်ပြီး နောင်ရိုး မြန်မာဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သံကူကွန်ကရစ် အဆောက်အဦး အမျိုးအစားဖြစ်ကာ အလျား (၁၂၀) ပေ၊ အနံ (၆၀) ပေ၊ အမြင့် (၁၄) ပေ ရှိပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု လွှမ်းခြုံသော ခေတ်မီဗိသုကာဒီဇိုင်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar

huge fire

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်၌ရှိသော စက်မှုဇုန်တစ်ခု၏ အင်ဂျင်ဝိုင်သိုလှောင်ရုံတစ်ခုတွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း တာဝန်ရှိသူများကပြောသည်။

အဆိုပါမီးလောင်မှုကြောင့် မီးခိုးလုံးများ အလိပ်လိုက်တက်လာကာ အနီးနားရှိ ဒေသခံများကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးလိုက်ရကြောင်း တာဝန်ရှိသူများ က ဇွန်လ ၂၁ ရက်တွင်ပြောသည်။

မီးလောင်မှုသည် ဇွန်လ ၂၁ ရက်မွန်း လွဲဝိုင်းတွင် ဖြစ်ပွား​ခြင်းဖြစ်ပြီး လေပြင်းများတိုက်ခတ်မှု၊ မီးတောက်က အနီးရှိဆီဟောင်းသိုလှောင်ရုံသို့ကူးစက်သွားမှု တို့ကြောင့် မီးလောင်မှုကြီးမားရခြင်းဖြစ်သည်။

ထိုမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူရှိသည်ဟု သတင်းများမတက်လာသေးကြောင်း၊ အင်ဂျင်ဝိုင်သိုလှောင်ရုံ၌ လောင်သည့်မီးသည် အခင်းဖြစ်ပွားရာနေ ရာမှ မီတာ ၅၀ အကွာတွင်ရှိသည့် လူနေအိမ်ရာဘက်အထိ ကူးစက်သွားကြောင်း မလေးရှားနိုင်ငံပိုင်သတင်းဌာနကဖော်ပြထားသည်။

Ref: Xinhua

MWD Daily Newspaper