သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ - ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center ၊Neighboring Countries Coordination Center(NCCC) ဌာနတာဝန်ခံ General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ခေါင်ဆောင်များနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ အချင်းချင်းဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက်အစည်းအဝေးများ နှစ်စဉ် အောင်မြင်စွာကျင်းပနိုင်မှုအခြေအနေများ၊ နယ်စပ်ဒေသတွင်ဖြစ်ပွားလျက်ရှိသည့် တရားမဝင် လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံမှ အရေးယူထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ်ဆွေနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေး ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda (တန်ဝစ်ယုံချင်ဒါ) တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မှီငြမ်း။ Cincds.gov.mm

တရုတ်နိုင်ငံ သမ္မတ ရှိကျင့်ဖျင်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့ ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံသမ္မတ ရှိကျင့်ဖျင်သည် ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် ပေကျင်းမြို့ ပြည်သူ့ ခန်းမဆောင်တွင် ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံခေါင်းဆောင်များက နှစ်သစ်ဆုမွန်ကောင်းများ အပြန်အလှန် ပို့သခဲ့ကြသည်။ ရှိကျင့်ဖျင်က လာမည့်ရက်ပိုင်းများသည် တရုတ်နွေဦးပွဲတော်ဖြစ်ရာ ယခုလို နှစ်ဟောင်းကုန်၍ နှစ်သစ်ပြောင်းမည့်အခါသမယတွင် အဆွေတော် သမ္မတနှင့် ဗီဒီယိုဖြင့် တွေ့ဆုံရသည့်အပေါ် အလွန်ဝမ်းမြောက်ကြောင်း၊ နှစ်သစ်တွင် တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းကြောင်း ပြောကြားခဲ့သည်။ ပူတင်က နှစ်သစ် နှစ်ဦးကာလတွင် သမ္မတ ရှိကျင့်ဖျင်နှင့် ဗီဒီယိုဖြင့် ဆွေးနွေးဖလှယ်ရသည့်အပေါ် အလွန် ဝမ်းမြောက်ကြောင်း၊ သမ္မတ ရှိကျင့်ဖျင်နှင့် တရုတ်ပြည်သူများ နှစ်သစ်နွေဦးတွင် ပျော်ရွှင်ပါစေ၊ လိုအင်ဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားခဲ့သည်။

ရှိကျင့်ဖျင်က ၂၀၂၄ ခုနှစ်တွင် မိမိတို့အနေဖြင့် ၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာ အရေးကြီး သဘောတူညီချက်များစွာ ရရှိခဲ့ကြောင်းပြောကြားခဲ့သည်။ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ် နှစ်ပတ်လည်ကို နှစ်နိုင်ငံ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ကြရာ ထာဝရ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး၊ ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်အကျိုးရှိ၍ ဘုံအကျိုး ဖြစ်ထွန်းရေးဟူသော စိတ်ဓာတ်သော့ချက်ဖြစ်သော တရုတ်-ရုရှား ဆက်ဆံရေးသည် အင်သစ်အားသစ် စဉ်ဆက်မပြတ် ထွန်းတောက်ခဲ့ကြောင်း၊ တရုတ်-ရုရှား ယဉ်ကျေးမှုနှစ်သည် ရောင်သွေးစုံလင်စွာ ပွင့်လန်းခဲ့ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု များတည်ငြိမ်စွာ တိုးတက်မှုရှိသလို နှစ်ဖက်ကုန်သွယ်ရေးပမာဏ တိုးတက်မှုအရှိန်ကို ထိန်းထား ခဲ့ကြောင်း၊ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ၊ BRICS စသည့် နိုင်ငံပေါင်းစုံ ပလက်ဖောင်းများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးအတွက် အပြုသဘော စွမ်းအင်များ ပိုမိုပံ့ပိုးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှိကျင့်ဖျင်က နှစ်သစ်တွင် မိမိအနေဖြင့် အဆွေတော် သမ္မတနှင့်အတူ တရုတ်-ရုရှား ဆက်ဆံရေး ပို၍မြင့်မားကျယ်ပြန့်စေရန် ဆက်လက် ဦးဆောင်သွားလိုကြောင်း၊ တရုတ်-ရုရှား ဆက်ဆံရေး၏ တည်ငြိမ်မှုနှင့် ခံနိုင်ရည်ရှိမှုဖြင့် ပြင်ပပတ်ဝန်းကျင်၏မရေရာမှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွမြှင့်တင်ရန်၊ နိုင်ငံတကာ တရားမျှတမှုကို ကာကွယ် ထိန်းသိမ်းရန် ဆောင်ရွက်သွားလိုကြောင်း အလေးထားပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် မဟာဗျူဟာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်သလို အပြန်အလှန် အခိုင်အမာထောက်ခံအားပေးရမည်ဖြစ်ပြီး နှစ်နိုင်ငံ တရားနည်းလမ်း ကျသည့် အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၊ နှစ်ဖက်ဆက်ဆံရေးကို အခိုင်အမာတိုးချဲ့၍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရမည် ဖြစ်ကြောင်း ၊ ယခုနှစ်သည် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ၊ ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်ပွဲများဖြစ်သည့် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း ၈၀ ပြည့်နှစ်ဖြစ်သလို ကုလသမဂ္ဂတည်ထောင်ခြင်း ၈၀ ပြည့်နှစ်လည်း ဖြစ်ကြောင်း၊ ထိုအခါသမယတွင် တရုတ်-ရုရှား နှစ်နိုင်ငံသည် ကုလသမဂ္ဂ ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် ဒုတိယကမ္ဘာစစ်အောင်ပွဲ ရလဒ်များကို အတူတကွ ကာကွယ်ရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို နိုင်ငံ အသီးသီး လိုက်နာစောင့်ထိန်းရန် တွန်းအားပေးရမည် ဖြစ်သလို အများကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူများကို အခိုင်အမာ လက်ကိုင် ထားရမည်ဖြစ်ပြီး စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ရုရှားနှင့်တကွ အခြားသော အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အား ပို၍ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု၊ ပို၍ တာဝန်ယူမှု၊ စွမ်းဆောင်မှု ရှိသော ကဏ္ဍသစ်သို့ တက်လှမ်းရေး တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-ရုရှားသည် “BRICS ပူးပေါင်းဆောင်ရွက်မှု” ကို အတူတကွ အားပေးပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်ရေး၊ မိမိကိုယ်ကိုထူထောင်ရေး ကဏ္ဍသစ်ကို ရေးဆွဲရဦးမည် ဖြစ်ကြောင်း ရှိကျင့်ဖျင်က ပြောကြားခဲ့သည်။

ပူတင်က ရုရှား-တရုတ်သည် အစဉ်အမြဲအားဖြင့် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် ထောက်ခံအားပေးမှု၊ တန်းတူညီမျှ ဆက်ဆံမှုရှိကြရာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်ကိုက်ညီပြီး မည်သည့်အခါမျှ နိုင်ငံတကာအခြေအနေ ပြောင်းလဲမှု၏ သက်ရောက်မှုကို မခံခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ကုန်သွယ်စီးပွား၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှများ ကောင်းမွန်သည့်အရှိန် ထိန်းထားသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရကြောင်း၊ အပြန်အလှန် လည်ပတ်သည့် ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ် များပြားလာသလို နိုင်ငံပေါင်းစုံ အခင်းအကျင်းတွင် နှစ်ဖက်နီးကပ်သည့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းထားခဲ့ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ထိုင်ဝမ်သည် တရုတ်နိုင်ငံနယ်နိမိတ်၏ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို အခိုင်အမာ ထောက်ခံသလို “ထိုင်ဝမ် သီးခြားရပ်တည်ရေး” မည်သည့်ပုံစံကိုမဆို အခိုင်အမာ ဆန့်ကျင် သွားမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ မတိုင်မီက ရုရှား-တရုတ် နှစ်နိုင်ငံသည် ကျူးကျော်သူများအား အသက်သွေးချွေးဖြင့် ခုခံတော်လှန်ကာ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ခဲ့ကြောင်း၊ ယခုနှစ်သည် မိမိတို့အနေဖြင့် ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း ၈၀ ပြည့်နှစ်ကို အတူတကွ ခမ်းနားစွာ ဂုဏ်ပြုရမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ် ရလဒ်များကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံပေါင်းစုံရေးရာတွင် ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များက ဘုံဂရုပြုကြသည့် နိုင်ငံတကာ၊ ဒေသရေးရာကိစ္စရပ်များအား အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်ခဲ့ရာ နှစ်သစ်တွင် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေး မှုများ ဆက်လက် ထိန်းသိမ်းသွားရန် သဘောတူညီခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ ဝမ်ရိလည်းတက်ရောက်ခဲ့သည်။ 

မှီငြမ်း။ Xinhua

တောမီးလောင်ရာ Los Angeles သို့   သမ္မတထရမ့် ဇန်နဝါရီ ၂၄ ရက်(သောကြာနေ့)တွင် သွားရောက်မည်

လွန်ခဲ့သောနှစ်ပတ်က တောမီးလောင်ကျွမ်းခဲ့သည့် လော့စ်အိန်ဂျလိစ်ရှိနေရာများသို့ ဇန်နဝါရီ ၂၄ ရက်နေ့ တွင် သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ သမ္မတ ကျမ်းသစ္စာဆိုပွဲ တွင် ပြောကြားခဲ့ပါသည်။

“သမ္မတထရမ့်၏ လာရောက်လည်ပတ်မှုကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အမေရိကန်ပြည်ထောင်စုသမ္မတ၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း” ကာလီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin က ဇန်နဝါရီ ၂၀ ရက်(တနင်္လာနေ့)တွင် ပြောကြားလိုက်ပါသည်။

တောမီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသောဒေသများအား ကူညီထောက်ပံ့ပေးနိုင်ရေး စံသတ်မှတ်ချက်များကို ပြည်ထောင်စုအနေဖြင့် ထုတ်ပြန်သင့်ကြောင်း ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် မိုက်ဂျွန်ဆင် က   အကြံပေးပြောကြားပါသည်။

ထရမ့်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကာလများတွင် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သောဒေသများဖြစ်သည့် Asheville၊ မြောက်ကာရိုလိုင်းနား နှင့် တောင်ကာလီဖိုးနီးယားဒေသများတွင် ပြည်ထောင်စု၏ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုအားကောင်းရန် လိုအပ်နေမှုကို ထောက်ပြပြောဆိုခဲ့ပြီး သမ္မတကျမ်းသစ္စာဆိုပွဲတွင်လည်း ထိုဒေသများတွင် ပြည်ထောင်စု၏ ထောက်ပံ့မှုအားနည်းနေကြောင်း ထောက်ပြပြောကြားခဲ့ပါသည်။ 

ကိုးကား - www.dailynews.com

ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စု၏ ၄၇ ဦးမြောက် သမ္မတဖြစ်လာ

အမေရိကန်ပြည်ထောင်စု၏ သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက် ဝါရှင်တန် စံတော်ချိန် နေ့လယ် ၁၂ နာရီတွင် အမေရိကန် ပြည်ထောင်စု၏ ၄၇ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ 

ဝါရှင်တန်၏ ၁၉၈၅ ခုနှစ် နောက်ပိုင်း အအေးဆုံးရာသီဥတုအခြေအနေကြောင့် အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို လွှတ်တော်အဆောက်အအုံ၏ ရှေ့ ဘက်မျက်နှာစာ၌ ပြုလုပ်ခြင်းမရှိတော့ဘဲ လွှတ်တော်အဆောက်အအုံတွင်းရှိ ခန်းမဆောင်၌ ခမ်းနားထည်ဝါစွာ ပြုလုပ်ခဲ့သည်။ ထို့နောက် သမ္မတဒေါ်နယ်ထရမ့်သည် ဝါရှင်တန်မြို့လယ်ရှိ Capital One Arena တွင် ပြုလုပ်သည့် ဆီးနိတ်လွှတ်တော် နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့သည်။ 

သမ္မတဟောင်း ဂျိုးဘိုင်ဒင်သည်၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်၊ နေ့လယ်တွင် အမေရိကန်သမ္မတ ရာထူးကို သမ္မတဒေါ်နယ်ထရမ့်ထံ လွှဲပြောင်းပြီးနောက် ထရမ့်၏ ကျမ်းသစ္စာဆိုပွဲအပြီး ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားပါသည်။ 

ကိုးကား-CBS NEWS

အမေရိကန်၏ ၄၇ ဦးမြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆို

အမေရိကန်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည်  ဇန်နဝါရီလ ၂၀ ရက်တွင် အမေရိကန်ပြည်ထောင်စု၏ ၄၇ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်းသိရသည်။

ထရမ့်အနေဖြင့် ၎င်း၏ကျမ်းသစ္စာကျိန်ဆိုပွဲကို မူလက Capitol အဆောက်အအုံ၏ ရှေ့မှောက်တွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း  ရာသီဥတုအေးမြမှုကြောင့် ဝါရှင်တန်မြို့လယ်ကောင်ရှိ Capital One arena ၏ အတွင်းပိုင်း၌သာ လုံခြုံရေးအထူးတင်းကျပ်၍ ကျင်းပခဲ့ရသည်။

အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲသို့ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်များ၊တရားရုံးချုပ်မှတရားသူကြီးများ၊ အနာဂတ်အမေရိကန်အစိုးရအဖွဲ့တွင် ပါဝင်မည့်အရာရှိကြီးများ၊ အမေရိကန်နည်းပညာနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်ဒုတိယသမ္မတအပါအဝင် နိုင်ငံ့ခေါင်းဆောင်များတက်ရောက်ခဲ့ကြောင်းသိရသည်။

ထရမ့်သည် သမ္မတအဖြစ် ပထမအကြိမ်သက်တမ်းကို ၂၀၁၇ ခုနှစ်တွင် စတင်ထမ်းဆောင်ခဲ့ပြီး  ယခုတစ်ကြိမ်တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထမ်းဆောင်ခြင်းဖြစ်သည်။

Source: Myawady Web Portal

မြန်မာ့တပ်မတော်နှင့် MNDAA အပစ်ရပ် သဘောတူမှုရပြီဟု တရုတ်ဘက်က အသိပေးလာ

တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်က ယနေ့ ဇန်နဝါရီ (၂၀) ရက်တွင် သတင်းထောက်များကို အသိပေးပြောကြားခဲ့သည်။

တရုတ်၏ ကြားဝင်မှုဖြင့် နှစ်ဘက်တာဝန်ရှိသူများ ကူမင်းမြို့တွင် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုကို ဒုတိယအကြိမ်အနေဖြင့် ဇန်နဝါရီ (၁၆)ရက်နှင့် (၁၇)ရက်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးမှုအရ တစ်နှစ်ကျော်ကြာ စစ်ရေးတင်းမာခဲ့သည့် မြန်မာ့တပ်မတော် နှင့် MNDAA တို့ အကြား တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းသဘောတူညီမှုသည် ဇန်နဝါရီ (၁၈) ရက်တွင် စတင်အသက်ဝင်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စတင်ခဲ့သည့် ရှမ်းမြောက်တိုက်ပွဲများအတွင်း MNDAA က လောက်ကိုင်နှင့် လားရှိုးအပါအဝင် ရှမ်းမြောက်ရှိ မြို့အချို့ကို ထိန်းချုပ်ထားပြီး နယ်မြေပိုင်းခြားမှုများနှင့်ပတ်သက်၍ မည်သည့် သဘောတူညီမှုများ ရယူခဲ့သည်ဆိုသည့်အချက်ကို လက်ရှိအချိန်ထိ မသိရသေးပေ။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းကလည်း ပထမအကြိမ်ဆွေးနွေးမှုကို တရုတ်နိုင်ငံ ကူမင်းမြို့တွင်ပင် ပြုလုပ်ခဲ့ပြီး နှစ်ဘက်ဆွေးနွေးမှု မပြေလည်ခဲ့သည့်အတွက် တစ်လအကြာတွင် ဒုတိယအကြိမ်ထပ်မံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Source: Popular Myanmar

ဆက်စပ်သတင်း- https://sacministry.gov.mm/my/news/1818

သမ္မတ ထရမ့် ၏ ပထမဆုံး တာဝန်ထမ်းဆောင်သည့်နေ့၌ အစိုးရဝန်ထမ်းများထဲမှ မဟာမိတ်မဟုတ်သော အစိုးရအရာရှိ ၁၀၀၀ ကျော်ကို ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအတွင်း ရာထူးများမှ ဖယ်ရှား

သမ္မတ ထရမ့် ၏ ပထမဆုံး တာဝန်ထမ်းဆောင်သည့်နေ့၌ အစိုးရဝန်ထမ်းများထဲမှ မဟာမိတ်မဟုတ်သော အစိုးရအရာရှိ ၁၀၀၀ ကျော်ကို ပစ်မှတ်ထားပြီး ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအတွင်း ရာထူးများမှ ဖယ်ရှားခဲ့သည်။ 

အဆိုပါ ထုတ်ပယ်ခံရသူများထဲတွင် ပင်တဂွန်စစ်ဌာန ချုပ်မှ ပူးတွဲစစ်ဦးစီးချုပ်ဟောင်း Mark Milley လည်း ပါဝင်ခဲ့သည်။ 

ကိုးကား - Truth Social Media

အမေရိကန် သမ္မတနှင့် ဇနီး၊ ဒုတိယ သမ္မတ ဇနီး မောင်နှံတို့သည် အိမ်ဖြူတော်၌ ရာထူးရယူခြင်း အထိမ်းအမှတ်အဖြစ် ကပြဖျော်ဖြေ

အမေရိကန် သမ္မတနှင့် ဇနီး၊ ဒုတိယ သမ္မတ ဇနီးမောင်နှံတို့သည် အိမ်ဖြူတော်၌ ရာထူးရယူခြင်း အထိမ်းအမှတ်အဖြစ် ကပြဖျော်ဖြေခဲ့ကြပါသည်။ 

ကိုးကား- The White House

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အမေရိကန်နုတ်ထွက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အမေရိကန်နုတ်ထွက်ရေးလုပ်ငန်းစဉ်စတင်ရန် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ လက်မှတ် ရေးထိုးမှုသည် ထရမ့် ရာထူးတက်သည့်နေ့တွင် လက်မှတ်ရေးထိုးထားသည့် ဒါဇင်များစွာသော လုပ်ဆောင်ချက်များအနက်တစ်ခုဖြစ်ပြီး WHO ကနေ အမေရိကန် နုတ်ထွက်ရန် ထရမ့် က ဒုတိယအကြိမ် အမိန့်ပေးလိုက်ခြင်း ဖြစ်ပါသည်။

ထရမ့်သည် နိုင်ငံတကာအဖွဲ့၏ Covid-19 ကပ်ရောဂါ ထိန်းချုပ်ကိုင်တွယ်ပုံကို ဝေဖန် ခဲ့ပြီး ကူးစက်ရောဂါကာလအတွင်း ဂျနီဗာအခြေစိုက်အဖွဲ့အစည်းမှ နုတ်ထွက်ခြင်းလုပ်ငန်းစဉ်ကို စတင်ခဲ့သော်လည်း ဂျိုးဘိုင်ဒင်လက်ထက်တွင် အဆိုပါ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ခဲ့ ပါသည်။ ထရမ့် သမ္မတရာထူးရယူသည့် ပထမနေ့တွင် အဆိုပါလုပ်ဆောင်ချက်ကို ဆောင်ရွက် ခြင်းဖြင့် အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာအေဂျင်စီမှ တရားဝင်ထွက်ခွာသွားဖွယ်ရှိပါသည်။

တရုတ်နိုင်ငံ၊ ဝူဟန်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကို လွဲမှားစွာ ကိုင်တွယ်ဖြေရှင်းမှု၊ အခြားကမ္ဘာ့ကျန်းမာရေးအကျပ်အတည်းများ၊ အရေးပေါ်လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ချမှတ်ရန် ပျက်ကွက်ခြင်းနှင့် WHO အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး လွှမ်းမိုးမှုများကြောင့် WHO အဖွဲ့မှ အမေရိကန် နုတ်ထွက်ခြင်းဖြစ်ကြောင်း အမိန့် ထုတ်ပြန် ခဲ့သည်။ ထို့အပြင် WHO သို့ အမေရိကန်မှ ပေးဆောင်ခဲ့သော "မမျှတသော အခကြေးငွေများ" ကြောင့် ဖြစ်သည်ဟုလည်း အမိန့်တွင် ဖော်ပြထားပါသည်။

WHO သည် Covid-19 ရောဂါဖြစ်ပွားစဉ်အတွင်း လမ်းညွှန်ချက်ထုတ်ပြန်ရာတွင် တရုတ်နိုင်ငံအပေါ် ဘက်လိုက်မှုရှိကြောင်း ထရမ့်က စွပ်စွဲခဲ့သည်။ ဂျိုးဘိုင်ဒင်လက်ထက်တွင် အမေရိကန် သည် WHO ၏ အကြီးဆုံးရန်ပုံငွေထောက်ပံ့သူ အဖြစ်ဆက်လက်တည်ရှိနေပြီး ၂၀၂၃ ခုနှစ်တွင် WHO ဘတ်ဂျက်၏ ငါးပုံတစ်ပုံနီးပါးကို ထည့်ဝင်ခဲ့ပါသည်။

အဖွဲ့အစည်း၏ နှစ်စဉ်ဘတ်ဂျက်မှာ ဒေါ်လာ ၆.၈ ဘီလီယံ (ပေါင် ၅.၅ ဘီလီယံ) ဖြစ်ပါသည်။ WHO မှ အမေရိကန် နုတ်ထွက်ပါကရန်ပုံငွေထောက်ပံ့မှု ရပ်တန့်သွားနိုင်ပြီး ရန်ပုံငွေကွာဟချက်အတွက် မည်သည့်နိုင်ငံက ဆက်လက်ထောက်ပံ့မည်ဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။ အမေရိကန်နုတ်ထွက်ခြင်းသည် အီဘိုလာဖြစ်ပွားခြင်း သို့မဟုတ် MPOX ကဲ့သို့သော အရေးပေါ်အခြေအနေများကို WHO ၏ တုံ့ပြန်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိနိုင်ပြီး အခြား Covid-19 ကဲ့သို့ ကပ်ရောဂါပုံစံမျိုးအတွက် ဆိုဖွယ်မရှိပါ။ ငှက်ဖျား၊ တီဘီ၊ HIV နှင့် AIDS ကဲ့သို့သော ကူးစက်ရောဂါများကို တိုက်ဖျက်ရာတွင် အမေရိကန်တို့၏ ကျန်းမာရေးအတွက် အခြားသော အကျိုးဆက်များရှိလာနိုင်ကြောင်း ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများက အကြံပြုထားသည်။

အမေရိကန်၏ နုတ်ထွက်မှုသည် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှု ပိုမိုအားကောင်းလာစေရန် တံခါးဖွင့်ပေးမည်ကို စိုးရိမ်မှုများလည်း ရှိပါသည်။ ထိုကဲ့သို့သော ဖြစ်ရပ်ဖြစ်လာပါက အမေရိကန်ကိုကျောခိုင်းဖို့ လုံလောက်ပါကြောင်း၊ သို့သော် ဝါရှင်တန်မှ ထွက်ပေါ်လာသည့် လေသံက အမေရိကန်အား နိုင်ငံတကာကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ရန် သမ္မတ ထရမ့်၏ ဒုတိယအကြိမ် ကြိုးပမ်းမှုကို ပြန်လည်ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း အကြံပြုထားသည်။

ကိုးကား-BBC

ဒေါ်နယ်ထရမ့် သမ္မတ ရာထူး တာဝန်စတင် ထမ်းဆောင်သည်နှင့် ၎င်းအားထောက်ခံခဲ့သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

လွန်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးခဲ့သော ဒေါ်နယ်ထရမ့်ကို ထောက်ခံခဲ့သည့် ၎င်း၏အမာခံ ပရိသတ် ထောင်ပေါင်းများစွာတို့သည် ထိုစဉ်က အနိုင်ရ ခဲ့သည့် ဂျိုးဘိုင်ဒန်ကို ကန့်ကွက်သည့်အနေဖြင့် ၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့က ကယ်ပီတယ် အဆောက်အအုံကို သိမ်းပိုက်မှုလုပ်ခဲ့ပြီး အမြောက်အမြား ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါဖမ်းဆီးခံခဲ့ရသူများတွင်  ဂျိုးဘိုင်ဒန်သမ္မတသက်တမ်း ၄ နှစ်ပြည့်မြောက်သွားသည့်တိုင် မလွတ်သေးသောသူများရှိနေခြင်းကြောင့် ထရမ့် သမ္မတဖြစ်ဖြစ်ချင်း ၎င်းကိုထောက်ခံသူများကို ချက်ချင်း လွှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။

အိမ်ဖြူတော်ရှိ သမ္မတရုံးခန်းတွင် စတင်တာဝန်ထမ်းဆောင်သည်နှင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို လက်မှတ်ထိုးထုတ်ပြန်လိုက်ပြီး ခန့်မှန်းခြေအားဖြင့် လူပေါင်း ၁,၅၀၀ ခန့် ပါဝင်ကြောင်း ဒေါ်နယ်ထရမ့် က ပြောခဲ့ပါသည်။

ယခုနှစ်ဇန်နဝါရီလ အစောပိုင်းအထိ ဇန်နဝါရီ ၆ ရက် အမှုနှင့်ဆက်စပ်၍ ပြည်ထောင်စုတရားရုံးတွင် လူပေါင်း ၁၅၈၀ ကျော်ကို ရာဇဝတ်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ၁၀၀၀ ကျော်က အပြစ်ရှိကြောင်း ဝန်ခံထားသည်ဟု တရားရေးဌာနမှ သိရှိရသည်။

ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဒဏ်ရာရပြီး ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးကို ခြိမ်းခြောက်ခဲ့သည့် ဇန်နဝါရီ ၆ ရက် တိုက်ခိုက်မှုသမိုင်းကို ပြန်လည်ရေးသားရန် ဒေါ်နယ်ထရမ့်က လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပြီး အမေရိကန်သမိုင်းတွင် အမှောင်မိုက်ဆုံးနေ့ရက်များထဲမှ တစ်ခုအဖြစ် ဖော်ပြခံထားရသည့် အဆိုပါ အမှုနှင့်ပတ်သက်၍ ပါဝင်သူများကို တာဝန်ခံရန်တရားရေးဌာန၏ ကြိုးပမ်းအားထုတ်မှုအပေါ် ကြီးမားသော ထိုးနှက်ချက် ဖြစ်နေပါသည်။ 

အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည့် ရက်သတ္တပတ်များအတွင်း ထရမ့်က ဇန်နဝါရီ ၆ ရက် တရားခံများ၏ အမှုတွဲတစ်ခုချင်းအလိုက် ကြည့်ရှုလိုကြောင်း ပြောကြားထားပါသည်။ သို့သော် ကယ်ပီတယ် အဓိကရုဏ်းအတွင်းအကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို ခွင့်လွှတ်ခြင်းမပြုသင့်ဟု ဒုသမ္မတ ဂျေဒီဗန့်စ် က မကြာသေးမီရက်ပိုင်းက ပြောခဲ့ပါသည်။ 

ကိုးကား-Myanmar National Post