အမေရိကန်၏ ၄၇ ဦးမြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆို

News Image

  • အမေရိကန်၏ ၄၇ ဦးမြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆို

အမေရိကန်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည်  ဇန်နဝါရီလ ၂၀ ရက်တွင် အမေရိကန်ပြည်ထောင်စု၏ ၄၇ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်းသိရသည်။

ထရမ့်အနေဖြင့် ၎င်း၏ကျမ်းသစ္စာကျိန်ဆိုပွဲကို မူလက Capitol အဆောက်အအုံ၏ ရှေ့မှောက်တွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း  ရာသီဥတုအေးမြမှုကြောင့် ဝါရှင်တန်မြို့လယ်ကောင်ရှိ Capital One arena ၏ အတွင်းပိုင်း၌သာ လုံခြုံရေးအထူးတင်းကျပ်၍ ကျင်းပခဲ့ရသည်။

အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲသို့ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်များ၊တရားရုံးချုပ်မှတရားသူကြီးများ၊ အနာဂတ်အမေရိကန်အစိုးရအဖွဲ့တွင် ပါဝင်မည့်အရာရှိကြီးများ၊ အမေရိကန်နည်းပညာနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်ဒုတိယသမ္မတအပါအဝင် နိုင်ငံ့ခေါင်းဆောင်များတက်ရောက်ခဲ့ကြောင်းသိရသည်။

ထရမ့်သည် သမ္မတအဖြစ် ပထမအကြိမ်သက်တမ်းကို ၂၀၁၇ ခုနှစ်တွင် စတင်ထမ်းဆောင်ခဲ့ပြီး  ယခုတစ်ကြိမ်တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထမ်းဆောင်ခြင်းဖြစ်သည်။

Source: Myawady Web Portal