သတင်းများ

အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုများ ပိုမို လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် ကတိပြု

အမေရိကန်အစိုးရအသစ်အနေဖြင့် အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်က ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအသစ်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့် ဦးဆောင်သောအစိုးရအဖွဲ့ တာဝန်ယူပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် ရူဘီအိုက အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနှင့် ဖုန်းဆက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။အစ္စရေးနိုင်ငံသည် အမေရိကန်အစိုးရအဖွဲ့အသစ်လက်ထက်အတွင်း အဓိကဦးစားပေးကူညီ ထောက်ပံ့ ပေးမည့် နိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်ကြောင်း ဝန်ကြီးရူဘီအိုက ပြောပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်က ဂါဇာဒေသ၌ ဖမ်းဆီးခံထားရသူများ အမြန်ဆုံးပြန်လွတ်မြောက်ရန် အစွမ်းကုန်ကူညီပေးသွားမည်ဖြစ်ကြောင်း ဟားမက်စ် နှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုများကို အနိုင်ရယူနိုင်ခဲ့မှုနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို ချီးကျူးပြောဆိုခဲ့ပါသည်။ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲသည် ၁၅ လကြာမြင့်ခဲ့ပြီးနောက် အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ပြီး ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးမည့်အစီအစဉ်များ ပါဝင်ခဲ့ပါသည်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲသည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်မယူမီရက်ပိုင်းအလို၌ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့် သမ္မတ အဖြစ်တာဝန်မယူမီ ရက်ပိုင်းအလိုကပင် ဂါဇာစစ်ပွဲ အဆုံးသတ်စေရန် ကိုယ်စားလှယ်များစေလွှတ်ကာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကူညီပေးခဲ့သည်။

ကိုးကား-NP News

ပါလက်စတိုင်း ကျန်းမာရေးလုပ်သားများ အစ္စရေး အကျဉ်းစခန်းများထဲ၌ ရှိနေဆဲဟုဆို

မကြာသေးမီက ဟားမက်စ်နှင့်ဓားစာခံလဲလှယ်မှုများ ပြုလုပ်ခဲ့သော်လည်း ကျန်းမာရေးကျွမ်းကျင်သူ အများအပြားကို ညှဉ်းပန်းနှိပ်စက်မှုသတင်းများ ပေါ်ထွက်လာပြီး အချို့မှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်သည်ဟု သိရပါသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ဒေါက်တာ အဘူဆာဖီယာဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်က ဖမ်းဆီးကာ နာမည်ဆိုးဖြင့်ကျော်ကြားသော ဆဒီတောမန် အကျဉ်းစခန်း (အစ္စရေး၏ ဂွာတာနာမိုပင်လယ်အော်ဟု အမည်ပေးထားသည့်) အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ 

ဒေါက်တာအဘူဆာဖီယာနှင့် အကျဉ်းထောင်တစ်ခုတည်းတွင်အတူရှိခဲ့စဉ် နှိပ်စက်ညှဉ်းပန်းခံနေရကြောင်း၊ လွတ်မြောက်လာသည့် အကျဉ်းသားများ၏ အစီရင်ခံစာများကြောင့် ၎င်းသေဆုံးမည်ကို စိုးရိမ်မှုများ တိုးပွားနေကြောင်း၊ ဂါဇာမှပြန်ပေးဆွဲခံရသော ပါလက်စတိုင်းဆရာဝန်များအနက် သုံးဦးထက်မနည်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကတည်းကပင် အစ္စရေးအကျဉ်းထောင်များ၌ သေဆုံးသွားခဲ့ကြောင်း သိရပါသည်။ 

ပါလက်စတိုင်းရှိ ဗြိတိန်ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် Medical Aid for Palestinians ၏ အဆိုအရ IDF သည် ပါလက်စတိုင်းဆေးရုံကို ကျူးကျော်ဝင်ရောက်လာပြီး လူနာများအပါအဝင် ခန့်မှန်းခြေ လူ ၃၅၀ ခန့်ကို ဆေးရုံမှ ဆင်းခိုင်းခဲ့သည်။ 

အစ္စရေးအကျဉ်းထောင်များ၌ ပါလက်စတိုင်းများကို ညှဉ်းပန်းနှိပ်စက်မှုများအား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပြီး လိင်အင်္ဂါအား လျှပ်စစ်ရှော့ခ်တိုက်ခြင်း၊ စိတ်ဖိစီးမှုများပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစာငတ်မွတ်စေခြင်းနှင့် ပြင်းထန်သော ကိုယ်အင်္ဂါအတွင်းပိုင်းပျက်စီးမှုများနှင့် မုဒိမ်းမှုကျူးလွန်ခြင်းများ ခံကြရသည်။ 

မကြာသေးမီက လွတ်မြောက်လာသူ ဟာဇမ်အယ်လ်ဝမ်၏ အဆိုအရ ၎င်းအား အစ္စရေးစစ်တပ်သည် ဂျာဘလီယာဆေးရုံမှ ပြန်ပေးဆွဲခဲ့ပြီး အစ္စရေးအကျဉ်းထောင်သို့ မပို့ဆောင်မီ လူသားဒိုင်းအဖြစ် အသုံးပြုခံခဲ့ရကြောင်းနှင့် ဒေါက်တာအဘူဆာဖီယာနှင့်နှစ်ရက်ကြာအတူနေထိုင်ခဲ့သည်ဟုသိရှိရပါသည်။

ကိုးကား-Myanmar National Post

အတုံ့အလှည့်အဖြစ် ဗင်နီဇွဲလားသံရုံးမှ သံအမှုထမ်းများအား၅ ရက်အတွင်း နိုင်ငံအတွင်းမှထွက်ခွာရန် ပြင်သစ်ညွှန်ကြား

ဗင်နီဇွဲလားအစိုးရက ပြင်သစ်နှင့်အခြားဥရောပသံတမန်များအား နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးမှုကို တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်နိုင်ငံက နိုင်ငံအတွင်းရှိ ဗင်နီဇွဲလားသံရုံးမှ သံအမှုထမ်းအချို့ကို၅ ရက်အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် ဇန်နဝါရီလ ၂၂  ရက်တွင်ညွှန်ကြားခဲ့ကြောင်းသိရသည်။

ပြင်သစ်အစိုးရ၏ လုပ်ဆောင်ချက်သည် ဗင်နီဇွဲလားနိုင်ငံက ဇန်နဝါရီလ ၁၄ ရက်တွင် ကရားကက်မြို့ရှိ   ပြင်သစ်သံရုံးမှသံအမှုထမ်းဦးရေကို လျှော့ချခဲ့ခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတနီကိုလပ်မာဒူရိုက ၎င်း၏တတိယမြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမှုပြုခြင်းအပေါ်ရန်လိုသည့် တုံ့ပြန်မှုများလုပ်ဆောင်ခဲ့မှုကြောင့် ဗင်နီဇွဲလားအစိုးရက   ပြင်သစ်၊အီတလီနှင့် နယ်သာလန် သံတမန်အရေအတွက်ကို ၃ ဦးအထိလျှော့ချခဲ့ပြီး သံအမှုထမ်းအချို့ကို နိုင်ငံအတွင်းမှ ထွက်ခွာရန်အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ပြင်သစ်အစိုးရက ပဲရစ်မြို့ရှိ ဗင်နီဇွဲလားအဆင့်မြင့် သံတမန်တစ်ဦးအားဆင့်ခေါ်၍ ကန့်ကွက်ခဲ့ပြီး ပြင်သစ်အနေဖြင့် လက်တုံ့ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူပင် နယ်သာလန်အစိုးရကလည်း ဗင်နီဇွဲလားနိုင်ငံ၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့နိုင်ငံအတွင်းရှိ ဗင်နီဇွဲလားသံတမန်အရေအတွက်ကို ၄ ဦးမှ ၂ ဦးအထိ လျှော့ချခဲ့ကြောင်းသိရသည်။   

Source: Myawady Web Portal

တရုတ်နိုင်ငံအနေဖြင့် ပနားမားတူးမြောင်းနှင့် ပတ်သက်၍ ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာကို အစဉ်အမြဲ လေးစားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြော

တရုတ်နိုင်ငံအနေဖြင့် ပနားမားတူးမြောင်း စီမံခန့်ခွဲမှုနှင့် လည်ပတ်လုပ်ကိုင်မှု၌ ပါဝင်ဆောင်ရွက်ခြင်း မရှိသကဲ့သို့ ယင်းတူးမြောင်း အရေးကိစ္စများတွင်လည်း ဘယ်သောအခါမှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိပေ။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါ တူးမြောင်းနှင့်ပတ်သက်၍ ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာကို အစဉ်အမြဲလေးစားကာ ယင်းအား အပြည်ပြည်ဆိုင်ရာကြားနေရေလမ်းကြောင်းတစ်ခုအဖြစ် အစဉ်သဖြင့် အသိအမှတ်ပြုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။

ပနားမားတူးမြောင်းအား ပြန်လည်ရယူမည်ဟူသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို ညှိနှိုင်း၍မရနိုင်ကြောင်း၊ ပနားမားတူးမြောင်းအား မည်သည့်အင်အားကြီးနိုင်ငံကမှ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိန်းချုပ်ထားခြင်းမရှိကြောင်း ပနားမား သမ္မတ ဟိုဆေးရာအူးလ်မူလီနို၏ အတိအလင်းပြောကြားချက်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း မော်က ဆိုသည်။

ကိုးကား-ဆင်ဟွာ

ရုရှားသမ္မတပူတင်နှင့်ဖုန်းမှတစ်ဆင့်ပြောဆိုဆွေးနွေးရန် ထရမ့်ကအကြံပေးများကိုညွှန်ကြား

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး   မကြာမီရက်ပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းမှတစ်ဆင့်ပြောဆိုဆွေးနွေးရန် ၎င်း၏အကြံပေးများကို ညွှန်ကြားခဲ့ကြောင်း အမေရိကန်အစိုးရအဖွဲ့မှအရင်းအမြစ်များကိုကိုးကား၍ မီဒီယာတစ်ခုက ဖော်ပြသည်။

နှစ်နိုင်ငံခေါင်းဆောင်များကြား လုပ်ဆောင်မည့် အဆိုပါဖုန်းခေါ်ဆိုမှုသည် နှစ်နိုင်ငံစလုံးမှ နိုင်ငံရေးသမားများကြား ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးရန် ဖြစ်နိုင်ဖွယ်ရှိကြောင်း  မီဒီယာတွင်ဆက်လက်ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို မကြာမီလပိုင်းအတွင်းကျင်းပမည့် အလားအလာရှိကြောင်းသိရသည်။

သို့ရာတွင် နှစ်နိုင်ငံစလုံးမှ နိုင်ငံရေးသမားများကြား   တွေ့ဆုံမည့်နေ့ရက်သတ်မှတ်ရေးအတွက်  နှစ်ဖက်စလုံးက သဘောတူညီချက်ချမှတ်နိုင်ခြင်းရှိ၊ မရှိကိုမူ မသိရသေးပေ။

ထရမ့်နှင့်  ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အနေဖြင့် မကြာမီရက်ပိုင်း သို့မဟုတ် ရက်သတ္တပတ်များအတွင်း ဖုန်းမှတစ်ဆင့်ပြောဆိုနိုင်ဖွယ်ရှိသည်ဟု     အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ခန့်အပ်ခြင်းခံထားရသူ မိုက်ဝေါ့ကဇန်နဝါရီလအစောပိုင်းတွင်ပြောကြားခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံသည် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် ပုံမှန် ဆက်ဆံရေးပြန်လည်ထူထောင်ရေးသဘောတူညီချက်အတွက် သံတမန်ရေးနှင့် ကာကွယ်ရေးမူဘောင်တွင် ပြင်ဆင်မှုများ ပြီးမြောက်

အစ္စရေးနိုင်ငံသည် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် ပုံမှန် ဆက်ဆံရေးပြန်လည်ထူထောင်ရေး သဘောတူညီချက်အတွက် သံတမန်ရေးနှင့် ကာကွယ်ရေးမူဘောင်တွင် ပြင်ဆင်မှုများ ပြီးမြောက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရသစ်သည် ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံလဲလှယ်ရေးသဘောတူညီချက် ဒုတိယအဆင့် နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန်လိုလားပြီး အစ္စရေး-ဆော်ဒီ သဘောတူညီချက်အတွက် လမ်းခင်းပေးလိုသည်ဟု အစီရင်ခံစာက ဖော်ပြထားပါသည်။

ကိုးကား - Israeli Channel 12

ရုရှားနိုင်ငံသည် အနောက်နိုင်ငံများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူရန် ဥပဒေသစ်ကို ရေးဆွဲနေ

ရုရှားအာဏာပိုင်များသည် မော်စကို၏ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို တရားမ၀င်သိမ်းယူထားသောအနောက်နိုင်ငံများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူနိုင်စေမည့် ဥပဒေမူကြမ်းကိုရေးဆွဲနေကြောင်း အစိုးရဥပဒေပြုရေးကော်မရှင်မှ ပြုစုထားသည့် စာရွက်စာတမ်းများကို ကိုးကား၍ Izvestia သတင်းစာက ဇန်နဝါရီ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ဥပဒေမူကြမ်းတွင် လုပ်ထုံးလုပ်နည်းကို အလေးပေးဖော်ပြထားပြီး ပစ်မှတ်ထားသော နိုင်ငံခြားပိုင်ဆိုင်မှုများကို ခုံသမာဓိတရားရုံးက စီရင်ဆုံးဖြတ်ပြီးနောက် ရုရှားနိုင်ငံပိုင်အဖြစ်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အလေးပေးဖော်ပြထားသည်။ သိမ်းဆည်းမည့် ပိုင်ဆိုင်မှုများနှင့် ဘဏ္ဍာငွေစာရင်းကို နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကပြုစုမည်ဖြစ်သည်။

မေလတွင် ရုရှားသမ္မတဗလာဒီမာပူတင်သည် ဝါရှင်တန် မှသိမ်းယူထားသော ရုရှားပိုင်ဆိုင်မှုများအတွက် လျော်ကြေးပေးရန် အမေရိကန်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်အတွက် အရေးပါသည့် ကနဦးအမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဥပဒေသည် အနောက်နိုင်ငံများနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များကို ပစ်မှတ်ထားမည်ဖြစ်ပြီး ရုရှားမှ ၎င်း၏ ဘဏ္ဍာငွေနှင့် ပိုင်ဆိုင်မှုများကို တရားမဝင်သိမ်းယူမှုမှ ဖြစ်ပေါ်လာသော ဘဏ္ဍာရေးပျက်စီးမှုများအတွက် ပြန်လည်လျော်ကြေးအဖြစ် ပိုင်ဆိုင်မှုများကို သိမ်းယူနိုင်စေမည်ဟု ဥပဒေမူကြမ်းတွင်ဖော်ပြထားသည်။ 

အဆိုပါဥပဒေကြမ်းကို နိုင်ငံ၏တရားရေး ဝန်ကြီးဌာနကရေးဆွဲခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်တွင် ကော်မရှင်၏ အစီရင်ခံစာတွင် ထည့်သွင်းခဲ့ကြောင်း Vedomosti သတင်းစာက ဖော်ပြခဲ့သည်။ 

၀ါရှင်တန်နှင့် ၎င်း၏မဟာမိတ်များသည် ဘရပ်ဆဲလ် အခြေစိုက် Euroclear တွင် ထိန်းသိမ်းထားသည့် ရုရှား ၏ ပိုင်ဆိုင်မှု ဒေါ်လာ ၃၀၀ ဘီလီယံခန့်ကို ယူကရိန်း၏ စစ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးစရိတ်များတွင် အစားထိုးအသုံးပြုနိုင်ရေး ၂၀၂၂ ခုနှစ်တွင် ထိန်းချုပ် သိမ်းဆည်းခဲ့သည်။ 

Kremlin က ၎င်း၏ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့ခြင်း အပေါ် “ခိုးယူမှု” ဟု အကြိမ်ကြိမ် ရှုတ်ချခဲ့ပြီး အဆိုပါ ထိန်းချုပ်မှုသည် တရားမ၀င်ဖြစ်ပြီး အန္တရာယ်ရှိသော လုပ်ဆောင်မှုတစ်ခုအဖြစ် တုန့်ပြန်ခဲ့သည်။ Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က မော်စကိုသည် ၎င်း၏ပိုင်ဆိုင်မှုသိမ်းယူခြင်းတွင် ပါဝင်ပတ်သက်သူများကို တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ကိုးကား-RT

အမေရိကန်အစိုးရသည် အမျိုးသားနှင့် အမျိုးသမီး လိင်နှစ်မျိုးကိုသာ အသိအမှတ်ပြုသည့်အမိန့် ထရမ့် လက်မှတ်ရေးထိုး

အမေရိကန်အစိုးရသည် အမျိုးသားနှင့် အမျိုးသမီး လိင်နှစ်မျိုးကိုသာ အသိအမှတ်ပြုကြောင်း၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စီမံအုပ်ချုပ်ရေးအမိန့်ကို ဇန်နဝါရီ ၂၀ ရက်(တနင်္လာနေ့)တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။   

ကိုးကား- hindustantimes.com                                                                                                                   

သမ္မတထရမ့်၏ ဂရင်းလန်းပိုင်ဆိုင်ရေး ကြေညာ ချက် က နေတိုးအဖွဲ့ဝင်များကြား ပဋိပက္ခ မီးမွှေးလာနိုင်ကြောင်း ကျွမ်းကျင်သူပြောကြား

ဂရင်းလန်းကို အမေရိကန်ပိုင်နက်ဖြစ်လာစေရေး ထရမ့်မှတ်ချက်များက နေတိုးအဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်လာနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အမေရိကန်၏ ဝန်ထုတ်ဝန်ပိုးဖြစ်နေသော နေတိုးအဖွဲ့ လုပ်ငန်းလည်ပတ်မှုအတွက်  ထည့်ဝင်ပေးနေသည့် ကုန်ကျစရိတ်ပမာဏ လျှော့ချနိုင်ရေး ဥရောပနိုင်ငံများက ပိုမိုတာဝန်ယူပေးကြရန် ဖိအားပေးလာနိုင်ကြောင်း၊ ဂရင်းလန်းကိစ္စတွင်လည်း နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံအကြားနယ်မြေပိုင်နက်ရယူလိုမှုနှင့်ပတ်သက်၍  ပထမဆုံး သာဓကဖြစ်လာကြောင်း အမေရိကန်ကွန်မြူနစ်ပါတီဝင် Christopher Helali က TASS ကို  ပြောကြားထားပါသည်။

ကိုးကား-TASS

သမ္မတဟောင်း အာဆတ်ကို ပြင်သစ်တရားသူကြီးများ ဖမ်းဝရမ်းထုတ်

၂၀၁၇ ခုနှစ်တွင် အာရပ်ရှိ အရပ်သားများကို ပစ်မှတ်ထားကာ ဗုံးခွဲတိုက်ခိုက်ရာတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲကာ ဆီးရီးယားသမ္မတဟောင်း ဘာရှာ အာဆတ်ကို ပြင်သစ်တရားသူကြီးများက ဖမ်းဝရမ်း အသစ်ထုတ်ပြန်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားပါသည်။ 

အသက် ၅၉ နှစ်ရှိ ဖရန်ကိုဆီးရီးယားလူမျိုး အမျိုးသား Salah Abou Nabout သေဆုံးမှုကို စုံစမ်းစစ်ဆေးခဲ့သည့် ပြင်သစ်အမျိုးသားအကြမ်းဖက်မှု တိုက်ဖျက်ရေး အစိုးရရှေ့နေရုံး၏ တောင်းဆိုချက်အရ အဆိုပါ ဖမ်းဝရမ်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။

ယခု ဆီးရီးယားခေါင်းဆောင်ဟောင်းကို ဖမ်းဝရမ်းထုတ်လိုက်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်ကလည်း ဆီးရီးယားတပ်ဖွဲ့များက ဓာတုလက်နက်များအသုံးပြုတိုက်ခိုက်ခြင်းတွင် အာဆတ်နှင့် သက်ဆိုင်နေကြောင်း စွပ်စွဲကာ ဖမ်းဝရမ်းထုတ်ထားပါသည်။ 

ပြင်သစ်သတင်းဌာန AFP အရ ပြင်သစ်တရားစီရင်ရေးဌာနသည် ဆီးရီးယားအဆင့်မြင့်အရာရှိ ၁၄ ဦးကို ဖမ်းဝရမ်းထုတ်ထားပါသည်။ 