ဂျပန်ဝန်ကြီးချုပ် Ishiba သည် အရှေ့အာရှနှင့် ကမ္ဘာတစ်ဝှမ်းတည်ငြိမ်ရေးကို အထောက်အကူပြုစေသည့် ဂျပန်-ရုရှား ဆက်ဆံရေးကို တန်ဖိုးထားပါကြောင်း၊ ရုရှားနိုင်ငံသမိုင်းနှင့် ယဉ်ကျေးမှုအပါအဝင် အခြားသောကိစ္စရပ်များကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ရုရှားနိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဂျပန်၏ အိမ်နီးချင်းနိုင်ငံလည်းဖြစ်ကြောင်း အထက်လွှတ်တော်အမတ် Muneo Suzuki က TASS သတင်းဌာနကို ပြောကြားခဲ့ပါသည်။

ရုရှား-ယူကရိန်း စစ်ပွဲစတင်ခဲ့ပြီးနောက် ဂျပန်အစိုးရသည် ရုရှားအပေါ် အမျိုးမျိုးသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ ဒဏ်ခတ် ပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက တိုကျိုနှင့်ငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်ဆိုရေး ညှိနှိုင်းဆွေးနွေးခြင်းကို ရပ်ဆိုင်းထားခဲ့ပါသည်။
၂၀၂၄ ခုနှစ် အကုန်တွင် ကျင်းပပြုလုပ်သည့် Valdai အစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဂျပန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ စိတ်အနှောက်အယှက်ဖြစ်ရကြောင်း၊ သို့သော် ရုရှားနိုင်ငံက ဂျပန်နိုင်ငံအပေါ် တန်ပြန် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု မပြုလုပ်ခဲ့ပါကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့် ရုရှားနှင့် ပြန်လည်ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ရုရှား-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးကိုပြန်လည်တည်ဆောက်မည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။
ဝန်ကြီးချုပ် Ishiba က ဇန်နဝါရီ ၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ဂျပန်-ရုရှား ဆက်ဆံရေးသည် စိန်ခေါ်မှုများစွာ ရှိနေသည့်တိုင် နယ်မြေပိုင်နက်အငြင်းပွားမှုများ ဖြေရှင်းရန်နှင့် နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို အပြီးသတ်ချုပ်ဆိုသွားမည်ဟု ကတိပြုပြောကြားခဲ့ပြီး ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင်လည်း အဆိုပါကတိကဝတ်နှင့်စပ်လျဉ်း၍ ထပ်တလဲလဲ ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် ရုရှားအပေါ် ကန့်သတ်ပိတ်ပင်မှုများ ဆက်လက်ထားရှိမည်ဖြစ်ပြီး ကိယက်ဗ်ကို ကူညီပံ့ပိုးပေးသွားမည် ဟူ၍လည်း ထပ်လောင်း ပြောကြားခဲ့ပါသည်။
“ဂျပန်နိုင်ငံ၏မူဝါဒသည် ရုရှားနိုင်ငံအပေါ် ရန်လိုသည့် မူဝါဒ” ဖြစ်ကြောင်း ငြိမ်းချမ်းရေးစာချုပ်နှင့်ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ် Ishiba ၏ ပြောကြားချက်အပေါ် ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြန်လည်ပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံ လွှတ်တော်အမတ် Suzuki သည် ရုရှား နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကြောင့် ထင်ရှားပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လက်ထက်တွင် မော်စကိုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများအတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ကိုးကား-TASS

ဘယ်လာရုစ်နိုင်ငံသမ္မတရွေးကောက်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၅,၃၀၀ ကျော် ဖွင့်လှစ်ထားရှိကြောင်း၊ ဆန္ဒမဲပေးနိုင်သည့် ဘယ်လာရုစ် နိုင်ငံသား ၆.၉ သန်းခန့်ရှိကြောင်း၊ ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ည ၈ နာရီအချိန် (ဂရင်းနစ်စံတော်ချိန် ညနေ ၅ နာရီ) အထိ မဲရုံများအား ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ လာရောက် မဲမပေးနိုင်သည့် နိုင်ငံသားများအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အဆိုပါ ၅ ရက်အတွင်း ဆန္ဒမဲပေးနိုင်သော နိုင်ငံသား၏ ၄၁.၈၁ ရာခို
ဘယ်လာရုစ်နိုင်ငံသမ္မတရွေးကောက်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၅,၃၀၀ ကျော် ဖွင့်လှစ်ထားရှိကြောင်း၊ ဆန္ဒမဲပေးနိုင်သည့် ဘယ်လာရုစ် နိုင်ငံသား ၆.၉ သန်းခန့်ရှိကြောင်း၊ ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ည ၈ နာရီအချိန် (ဂရင်းနစ်စံတော်ချိန် ညနေ ၅ နာရီ) အထိ မဲရုံများအား ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ လာရောက် မဲမပေးနိုင်သည့် နိုင်ငံသားများအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အဆိုပါ ၅ ရက်အတွင်း ဆန္ဒမဲပေးနိုင်သော နိုင်ငံသား၏ ၄၁.၈၁ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် (CEC) က သတင်း ထုတ်ပြန် ခဲ့သည်။
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူထက်ဝက်ကျော်ကထောက်ခံပါက သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရမည်ဖြစ်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ပြည်တွင်းမှ ၄၄,၀၀၀ ကျော်နှင့် နိုင်ငံတကာမှ ၅၀၀ ခန့်က ရွေးကောက်ပွဲ လုပ်ငန်းစဉ် အား စောင့်ကြည့်လျက်ရှိသည်။
၁၉၉၄ ခုနှစ်ကတည်းက သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် လက်ရှိသမ္မတ Alexander Lukashenko အပါအဝင် ကိုယ်စားလှယ်လောင်း ၅ ဦးတို့ အကြိတ်အနယ်ယှဉ်ပြိုင်လျက်ရှိပြီး အဆိုပါ ကိုယ်စားလှယ်လောင်း ၅ ဦးမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Oleg Gaidukevich၊ စွန့်ဦး တီထွင် စီးပွားရေးလုပ်ငန်းရှင် Anna Kanopatskaya၊ ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ပထမအတွင်းဝန် Sergey Syrankov နှင့် အလုပ်သမားနှင့် တရားမျှတမှုဆိုင်ရာ ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် Alexander Khizhnyak တို့ ဖြစ်ကြပါသည်။
ကိုးကား -TASS

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက် ကျင်းပ ပြုလုပ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့်အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့် နှစ်ဖက်အဆိုပြုချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းကြပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းမည့်ကိစ္စအား နိုင်ငံရေးပါတီများ အစုအဖွဲ့ဘက်မှ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အထွေထွေဆွေးနွေးခြင်းကဏ္ဍ၌ နိုင်ငံရေးပါတီကိုယ်စားလှယ်များက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာမှုရရှိရန် လုပ်ဆောင်သင့်သော အစီအမံများအားအကြံပြုဆွေးနွေးခြင်းကိစ္စရပ်များ၊ ပြည်သူများ၏လိုအပ်ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်း ပေးနိုင်ရေးကိစ္စရပ်များ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် အစိုးရနှင့်ပြည်သူလက်တွဲ၍ ကျော်လွှားနိုင်ရေးကိစ္စ ရပ်များ၊ နိုင်ငံရေးဝါဒမှိုင်းများကြောင့် ဖြစ်ပေါ်လာသော PDF များကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှုများပြားလာစေရေး အကြံပြုတင်ပြခြင်း ကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရအရေအတွက်တိုးမြှင့်ခေါ်ယူရေး အကြံပြုချက်များအား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ၂ ရက်တာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခြင်းနှင့် ဆက်လက် ဆွေးနွေးရန် လိုအပ်သည့် နှစ်ဖက်အဆိုပြုချက်များ၊ နှစ်ဖက်ညှိနှိုင်းရရှိသည့် သဘောထားများကို သဘောထားစုစည်းချက်အဖြစ် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
ထို့နောက် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကိုးကား - နေ့စဉ်ထုတ်သတင်းစာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ကူညီမှု အားလုံးနီးပါးကို ရက် ၉၀ ကြာ ရပ်ဆိုင်းလိုက်ကြောင်း Politico သတင်းဌာန က ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားသို့ ပေးပို့ နေသော အကူအညီအားလုံးကို ပြန်လည်သုံးသပ်ရန် အမိန့်ပေးပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရူဘီယိုသည် လက်ရှိနိုင်ငံရပ်ခြား အကူအညီအားလုံး နီးပါးအတွက် “ရပ်ဆိုင်းရန်အမိန့်” ထုတ်ပြန်ရန် သံတမန်နှင့်ကောင်စစ်ဝန်ရုံးများကို ညွှန်ကြားခဲ့သည်ဟု Politico က အဆိုပါဌာနမှထုတ်ပြန်ချက်ကိုကိုးကားပြီး ဖော်ပြခဲ့သည်။
Politico ၏အဆိုအရ အဆိုပါအမိန့်သည် နိုင်ငံခြားရေး ဌာနတာဝန်ရှိသူများကို အံ့အားသင့်စေခဲ့ပြီး ၎င်း၏ လမ်းညွှန်ချက်ကို ရင်းနှီးသော လက်ရှိအရာရှိ ၃ ဦး နှင့် ယခင်အရာရှိနှစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ သတင်းဌာနကဖော်ပြခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဌာန၏ မှတ်ချက်ကို ပြန်လည် သုံးသပ်ထားသည့် BBC သတင်းဌာန၏ သုံးသပ်ချက်မှာ ၎င်းသည် “ဖွံ့ဖြိုးရေးအကူအညီမှသည် စစ်ရေးအကူအညီအထိ အရာအားလုံးကို သက်ရောက်မှု ရှိပုံပေါ်သည်” ဟု ဖော်ပြခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်သည် အကူအညီများ ရပ်ဆိုင်းထားသော်လည်း ယူကရိန်းအတွက် လုံခြုံရေးအကူအညီကို ထိခိုက်စေမည်မဟုတ်ကြောင်း ယခင်က Voice of America အား ပြောကြားခဲ့သည်။
“ရန်ပုံငွေဆိုင်ရာ တာဝန်အသစ်များအားလုံးကို ခေတ္တရပ်ဆိုင်း၍ နိုင်ငံခြားရေးဌာနနှင့်အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) တို့မှ ထောက်ပံ့ထားသည့် ရန်ပုံငွေကို နိုင်ငံခြားအကူအညီ အစီအစဉ်များအတွက် ပြန်လည်သုံးသပ်ရန်ဆိုင်းငံ့ထားသည်” ဟု ဂျာနယ်လစ် Ken Klippenstein က Rubio ၏ လမ်းညွှန်ချက်ကို ကိုးကား၍ဖော်ပြထားပါသည်။
ကိုးကား-RT

ယူကရိန်းပဋိပက္ခတွင် ရုရှားသည် အားသာချက်များရှိပြီး ယူကရိန်းအနေဖြင့် နိုင်ပွဲမရနိုင်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် Tommy Taberville က ဝန်ခံပြောကြားခဲ့ပါသည်။
ယူကရိန်းပဋိပက္ခတွင် ရုရှား၏ သိသာထင်ရှားသော အားသာချက်များရှိနေကြောင်းကို အမေရိကန် အထက်လွှတ်တော်အမတ် Tommy Taberville မှတ်ချက်ပြုခဲ့ပါသည်။ ၎င်းတို့သည် ယူကရိန်းကို ငွေကြေးထောက်ပံ့ပေးထားသော်လည်း ယူကရိန်းတို့မနိုင်ဘဲ စစ်ပွဲမှာရှုံးနေကြောင်း လွှတ်တော်အမတ်က ပြောကြားခဲ့ပါသည်။
ကိုးကား - TASS
Photo: AP News

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် ၎င်း၏ သတ္တမမြောက် သမ္မတသက်တမ်းအတွက် ပြန်လည်အရွေးခံရကြောင်း ထွက်ပေါ်လာသောမဲရလဒ်များအရ သိရှိရပါသည်။
အနောက်နိုင်ငံများတွင် အာဏာရှင်တစ်ဦးအဖြစ် သရော်ထားသော်လည်း ဘယ်လာရုစ်သမ္မတက ၎င်း၏ ခေါင်းဆောင်မှုသည် နိုင်ငံအား တည်ငြိမ်မှုနှင့် လုံခြုံရေးကို ယူဆောင်လာသည်ဟု ပြောဆိုခဲ့ပါသည်။

ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို သည် ၎င်း၏ ဆယ်စုနှစ်သုံးစု အုပ်ချုပ်မှုသက်တမ်းကို နောက်ထပ်ငါးနှစ်သက်တမ်း သက်တမ်းတိုးလိုက်ကြောင်း နိုင်ငံ၏ ရွေးကောက်ပွဲအပြီးတွင် ထွက်ပေါက်လာသော စစ်တမ်းများက ဖော်ပြထားပါသည်။
ဘယ်လာရုစ်နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သော မဲဆန္ဒများအရ သမ္မတလူကာရှန်ကိုသည် အခြား ကိုယ်စားလှယ်လောင်းလေးဦးနှင့် ယှဉ်ပြိုင်ရာတွင် မဲရလဒ် ၈၇ ဒသမ ၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။
ဘယ်လာရုစ်နိုင်ငံ ဗဟိုရွေးကောက်ပွဲကောင်မရှင်သည် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မဲရလဒ်များအား အတည်ပြုကြေညာပြီးနောက်တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို သည် ၂၀၃၀ ပြည့်နှစ်အထိ အာဏာဆက်ရှိနေမည်ကို သေချာစေမည်ဖြစ်ပါသည်။ ဘယ်လာရုစ်၏ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးနှင့် တစ်ဦးတည်းသော ခေါင်းဆောင်လူကာရှန်ကိုသည် နိုင်ငံကို ၁၉၉၄ ခုနှစ် ကတည်းက ဦးဆောင်ခဲ့ပြီး ခြောက်ကြိမ်ဆက်တိုက် သမ္မတရာထူးသက်တမ်း ကိုထမ်းဆောင်ခဲ့ပါသည်။
ကိုးကား - RT

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြ ပါသည်။
တရုတ်နှင့်အမေရိကန် အစိုးရများအနေဖြင့် ဆက်ဆံရေးကို ထိန်းသိမ်းကာ တည်ငြိမ်ခိုင်မာပြီး ရေရှည်တည်တံ့သော တရုတ်-အမေရိကန် ဆက်ဆံရေးကို တွန်းအားပေးသင့်သည်ဟု Wang က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါသည်။

ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူသော တရုတ်အစိုးရ၏ သဘောထားကို Wang က ရှင်းပြခဲ့ပြီး အဆိုပါ ပြဿနာကို သတိထားကိုင်တွယ်ရန် အမေရိကန်ပြည်ထောင်စုကို တောင်းဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
အင်အားကြီးနိုင်ငံကြီးများအနေဖြင့် မိမိတို့၏ နိုင်ငံတကာဆိုင်ရာ တာဝန်ဝတ္တရားများကိုထမ်းဆောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်သင့်သည်ဟု Wang က ပြောကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါမှတ်ချက်သည် “အမေရိကသည် ပထမဦးစားပေး” ဟူသော သဘောထားကို ကိုင်စွဲထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရသစ်ကို ဆက်လက်သတိထားစောင့်ကြည့်နေကြောင်းပြသရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။
Rubio က တရုတ်အစိုးရနှင့် ပွင့်ပွင့်လင်းလင်း ဆက်သွယ်ပြောဆိုရန် ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း တရုတ်ဘက်ကဆိုပါသည်။
Rubio သည် တရုတ်နိုင်ငံအားဆန့်ကျင်သည့် သဘောထားတင်းမာသူအဖြစ် လူသိများပြီး တရုတ်အစိုးရက Rubio အပေါ် နိုင်ငံတွင်းဝင်ရောက်မှုတားမြစ်သည့် ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ထားခဲ့ကြောင်း သိရပါသည်။
ထရမ့်ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နှစ်နိုင်ငံအဆင့်မြင့်အရာရှိများသည် သင့်လျော်သည့်နည်းလမ်းများဖြင့် နှစ်နိုင်ငံဆက်ဆံမှုကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောခဲ့ကြောင်းသိရှိရသည်။
Wang နှင့် ဆွေးနွေးမှုအတွင်း Rubio က ထရမ့် အစိုးရအနေဖြင့် အမေရိကန်၏ အကျိုးစီးပွားတိုးတက်စေပြီး အမေရိကန်ပြည်သူများကို ပထမဦးစားပေးဖြစ်စေမည့် အမေရိကန်-တရုတ် ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါသည်။
Rubio က အာရှပစိဖိတ်ဒေသအတွင်းရှိ အမေရိကန်၏ မဟာမိတ်များအတွက် အမေရိကန်၏ ကတိကဝတ်များကို အလေးပေးပြောကြားခဲ့ပြီး ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်၌ တရုတ်၏ နိုင်ထက်စီးနင်းလုပ်ရပ်များအပေါ် လွန်စွာ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု အဆိုပါဝန်ကြီးဌာနကပြောပါသည်။
ကိုးကား-NHK World

ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်မှ ပြည်နှင်ဒဏ်ခံရသူများ တင်ဆောင်လာသည့် စစ်လေယာဉ်ကို ၎င်း၏ ပိုင်နက်အတွင်းဆင်းသက်ခွင့်ကို မက္ကဆီကိုက ငြင်းဆန်ခဲ့သည်ဟု Reuter သတင်းဌာနက ဇန်နဝါရီ ၂၄ ရက်နေ့တွင်ဖော်ပြခဲ့သည်။
ထရမ့်က အမေရိကန်တောင်ပိုင်းနယ်စပ်ဒေသများတွင် အရေးပေါ်အခြေအနေကြေညာကာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မက္ကဆီကိုမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်လာသည့် အမေရိကန်စစ်ဘက်လေယာဉ် C 17 ကို မက္ကဆီကိုမှ ဆင်းသက်ခွင့်မပြုခဲ့ခြင်းဖြစ်သည်။

ထိုနေ့တွင်ပင် ဂွာတီမာလာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၈၀ ခန့်ကိုလည်း ပြန်လည်ပို့ဆောင်ခဲ့သည်။
မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက လေယာဉ်ဆင်းသက်ခွင့်မပြုခြင်းနှင့် ပတ်သက်၍ သီးခြားထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ၎င်းတို့နိုင်ငံသည် အမေရိကန်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး ရွှေ့ပြောင်းနေထိုင်သူ ကိစ္စရပ်များအပါအဝင် အခြားကျယ်ပြန့်သောကိစ္စရပ်များကိုလည်း အချုပ်အခြာအာဏာကို လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ နေရပ်ပြန်လာမည့် မက္ကဆီကိုနိုင်ငံသားများကို အမြဲကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားပါသည်။
ထရမ့်က မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းများကို အကြမ်းဖက်အဖွဲ့များအဖြစ်ကြေညာခဲ့ပြီး မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလဲခဲ့ကာ မက္ကဆီကို သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမည်ဟုလည်း ပြောဆိုထားသည်။

လက်ရှိဖြစ်ပွားနေသော ယူကရိန်း၏ ပဋိပက္ခများ ပြေလည်မှုများရရှိပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ရန် ထရမ့်၏ အစိုးရအဖွဲ့က စိတ်ဝင်စားမှုမရှိကြောင်း Bloomberg က ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဖော်ပြထားသည်။
ထရမ့်၏ အစိုးရအဖွဲ့သည် နိုင်ငံပြန်လည်တည်ဆောက်ရေးတွင် တိုက်ရိုက်ပါဝင်ရန် ရည်မှန်းထားခြင်းမရှိကြောင်းနှင့် ယင်းတာဝန်ကို ပုဂ္ဂလိကကဏ္ဍမှ ကိုင်တွယ်မည်ဟု အကြီးတန်းသံတမန်တစ်ဦး၏ ပြောဆိုမှုကိုကိုးကား၍ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပဋိပက္ခစတင်ခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ ကိယက်ဗ်သို့ စစ်ရေးအကူအညီ ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် အသုံးပြုခဲ့ပြီး ဖြစ်စဉ်အလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း ထပ်မံပံ့ပိုးမည်ဟုချမှတ်ခဲ့သည့် ဂျိုးဘိုင်ဒင် ဦးဆောင်သော အစိုးရအဖွဲ့၏ မူဝါဒများနှင့် ဆန့်ကျင်လျက်ရှိနေသည်။
ယူကရိန်း၏ စီးပွားရေး လက်ထောက်ဝန်ကြီး Aleksey Sobolev က ရင်းနှီးမြှုပ်နှံသူများအတွက် မဟာဗျူဟာနှင့်ဘဏ္ဍာရေး အကျိုးကျေးဇူးနှစ်မျိုးလုံးကို ဆောင်ကြဉ်းရန် ရည်ရွယ်သည့် ဒေါ်လာ ဘီလီယံ ၅၀၀ တန်ဖိုးရှိသည့် ပြန်လည်တည်ဆောက်ရေးပဏာမအစီအစဉ်ကို အကြမ်းဖျင်း ဖော်ပြခဲ့သည်။
ထရမ့် ဦးဆောင်သောအမေရိကန်အစိုးရအဖွဲ့က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ် အဆိုပြုချက်တွင် လက်ရှိရှေ့တန်းတစ်လျှောက် အပစ်အခတ်ရပ်စဲရေးနှင့် ဥရောပတပ်များက လုံခြုံရေးစောင့်ကြည့်နေသည့် ၁၃၀၀ ကီလိုမီတာ (မိုင် ၈၀၀) စစ်မဲ့ဇုန် ထူထောင်ရေး တို့ပါဝင်နိုင်သည်။ ထို့အပြင် ယူကရိန်းသည် ၎င်း၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များကို အနည်းဆုံး အနှစ် ၂၀ ရွှေ့ဆိုင်းရန် သဘောတူညီခဲ့ကြောင်းသိရသည်။
ရုရှားကလည်း ယူကရိန်းပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် ထုတ်ပြန်လာမည့် ထရမ့်၏ ညှိနှိုင်းရေးသဘောတူညီချက်များအပေါ် သုံးသပ်၍ စဉ်းစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မော်စကိုက အမေရိကန်နှင့် လက်နက်ဖျက်သိမ်းရေးဆွေးနွေးပွဲများကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လည် စတင်လိုကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဇန်နဝါရီ ၂၄ ရက်တွင် ပြောဆိုခဲ့ပါသည်။
အမေရိကန်သည် မော်စကိုနှင့် ဆွေးနွေးမှုများကို တစ်ဖက်သတ်ရပ်ဆိုင်းခဲ့ခြင်းသည် လက်နက်ထိန်းချုပ်မှုဆိုင်ရာမူဝါဒများအတွက် သိသာစွာအားနည်းစေခဲ့ပြီး ထိုအချင်းအရာကို ရုရှားကပြုမူခဲ့ခြင်းမဟုတ်ဘဲ အမေရိကန်ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံးနှင့် ၎င်းတို့နိုင်ငံများ၏ အကျိုးစီးပွားများအတွက် စေ့စပ်ညှိနှိုင်းခြင်းလုပ်ငန်းစဉ်များကို တတ်နိုင်သမျှအမြန်ဆုံးပြန်လည်စတင်ရန် စိတ်အား ထက်သန်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပြီး လက်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအရ နျူကလီးယားလက်နက်များကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးသင့်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါသည်။
ဇန်နဝါရီ ၂၃ ရက်နေ့က Devos ၌ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်နယ်ထရမ့်က ရုရှား၊ တရုတ်တို့နှင့် တွေ့ဆုံဆွေးနွေးရန်မျှော်လင့်ကြောင်း ပြောဆိုခဲ့ပြီးနောက် Peskov က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရုရှားနှင့် အမေရိကန်တို့သည် ၎င်းတို့၏ တပ်ဖြန့်ချထားသော မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးများကို လျှော့ချရန်သဘောတူညီမှုဖြစ်သည့် New START ဟုခေါ်သော လက်နက်ထိန်းချုပ်ရေးစာချုပ်တွင် ယခင်က သဘောတူညီထားခဲ့သော်လည်း ယူကရိန်းအတွက် ဝါရှင်တန်၏ စစ်ရေးပံ့ပိုးမှုကြောင့် မော်စကိုက ၎င်း၏ ပါဝင်မှုကို ၂၀၂၃ ခုနှစ်တွင် ဆိုင်းငံ့ထားခဲ့သည်။ ရုရှား သည် စာချုပ်ပါကန့်သတ်ချက်များကို ဆက်လက် လိုက်နာသွားမည်ဟု ပြောကြားခဲ့ပြီး သမ္မတပူတင်က နျူလက်နက်အသုံးပြုမှုသည် နောက်ဆုံးနည်းလမ်းဖြစ်ကြောင်း အကြိမ်ကြိမ် အလေးပေး ပြောကြားခဲ့သည်။