သတင်းများ

ထရမ့်က ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ရုရှားကို ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းပဋိပက္ခကို ရက်ပေါင်း ၅၀ အတွင်း အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုမရှိပါက ရုရှားနှင့် ကုန်သွယ်မှုလုပ်ဆောင်နေသော နိုင်ငံများအပေါ် ၁၀၀% အထိ များပြား သည့် အကောက်ခွန်များ စည်းကြပ်မည်ဟု ခြိမ်းခြောက်လိုက်သည်။ ဇူလိုင် ၁၄ ရက်နေ့တွင် NATO အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte နှင့် Oval Office တွင်တွေ့ဆုံစဉ် ထိုသတိပေးချက်ကို ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထရမ့်က ယခင်သမ္မတ Joe Biden က အမေရိကန်ကို ယူကရိန်း ပဋိပက္ခတွင် ပါဝင်လာစေခဲ့သည်ဟု ပြစ်တင်ရှုတ်ချကာ အမေရိကန် သည် ယူကရိန်းအား ထောက်ပံ့မှုအတွက် ဒေါ်လာ ၃၅၀ ဘီလီယံခန့် ကုန်ကျခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် သမ္မတထရမ့်က ရုရှားအပေါ် ပိုမိုတင်းကျပ်သည့် ဒဏ်ခတ် မှုများ ပါဝင်မည့် လွှတ်တော်အက်ဥပဒေကြမ်းနှင့်ပတ်သက်၍လည်း လိုအပ် မှုရှိ၊ မရှိ မသေချာသော်လည်း ဆောင်ရွက်ချက်များ ကောင်းမွန်ပြီး အသုံးဝင်လာနိုင်သည်ဟု မှတ်ချက်ပြုခဲ့ကာ ဆီးနိတ်လွှတ်တော်တွင်လာမည့်သီတင်းပတ်၌ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ ၎င်းက ယူကရိန်း အရေးတွင် တိုးတက်မှုမရှိပါက ရုရှားနှင့်ကုန်သွယ်ဘက်နိုင်ငံများကိုအကောက်ခွန်များ တိုးမြှင့်စည်းကြပ်ရန် လွှတ်တော်သဘောတူညီမှု မလိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

ထရမ့်က အမေရိကန်သည် NATO မှတစ်ဆင့် ယူကရိန်းသို့ လက်နက်များ ပေးပို့မည်ဖြစ်ကြောင်း၊ ၎င်းအတွက် ငွေပေးချေမှုနှင့် ဖြန့်ဖြူးရေး ကိစ္စများကို NATO က တာဝန်ယူဆောင်ရွက်မည်ဟု ထပ်မံကြေညာခဲ့သည်။ ရုရှားက အနောက်နိုင်ငံများ၏ ယူကရိန်းသို့ လက်နက် ထောက်ပံ့မှု ကို အကြိမ်ကြိမ်ရှုတ်ချခဲ့ပြီး ယင်းကြောင့် ပဋိပက္ခ ပိုမိုကြာရှည်စေကာ ရလဒ်ကို မပြောင်းလဲစေနိုင်ဟု သတိပေးထားသည်။

သို့သော် ထရမ့်၏ ထုတ်ဖော်ပြောဆိုချက်များကြောင့် ရုရှားစတော့ ဈေးကွက် သိသိသာသာ မြင့်တက်ခဲ့ပြီး မော်စကိုစတော့ အိတ်ချိန်း အချက်အလက်များအရ အဓိကညွှန်းကိန်း ၃% နီးပါး ခုန်တက်သွား ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မြောက်ကိုရီးယား - ရုရှား ဒုတိယအကြိမ် နိုင်ငံခြားရေးဝန်ကြီးအဆင့် မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း KCNA ထုတ်ပြန်

ပြုံယမ်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son-hui နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်‌ရော့ဗ်တို့သည် ဇူလိုင် ၁၂ ရက်က မြောက်ကိုရီးယားနိုင်ငံ ဝန်စန်မြို့တွင် ဒုတိယအကြိမ် မြောက်ကိုရီးယား-ရုရှား နိုင်ငံခြားရေး ဝန်ကြီးအဆင့် မဟာဗျူဟာ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) ၏ ဇူလိုင် ၁၃ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။

မြောက်ကိုရီးယား-ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍတွင် လက်ရှိ ရင်ဆိုင်နေရသော လက်တွေ့ဖော်ဆောင်မှု ကိစ္စရပ်များအား အရှိန်မြှင့် တွန်းအားပေးရေးကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ပြီး နှစ်ဖက်သည် နှစ်နိုင်ငံကြား “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်” ကို အခိုင်အမာ သစ္စာရှိစွာ လိုက်နာဆောင်ရွက်ပြီး ရှည်လျားသော သမိုင်းအခြေခံများနှင့် အစဉ်အလာရှိသော မြောက်ကိုးရီးယား-ရုရှား ဆက်ဆံရေးကို “ရာစုနှစ်ကြာ မဟာဗျူဟာမြောက် ဆက်ဆံရေး” အဖြစ် ဖွံ့ဖြိုးတိုးတက်စေမည့် ခိုင်မာသော ဆန္ဒများကို ထပ်လောင်းပြောကြားခဲ့သည်ဟု ဇူလိုင် ၁၂ ရက်က ထုတ်ပြန်သော မီဒီယာ ကြေညာချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။

နှစ်ဖက်က နိုင်ငံတကာရေးရာများတွင် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး နိုင်ငံအချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် နိုင်ငံတကာ တရားမျှတမှုများကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်သည့် မဟာ ဗျူဟာ ညှိနှိုင်းဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်တည်ချက်ကို တစ်ဆင့်တိုး နက်ရှိုင်းစေမည်ဟု ထပ်လောင်း ပြောကြားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားဘက်က “အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာကာကွယ်ထိန်းသိမ်းရန် မြောက်ကိုရီးယား၏ ကျိုးကြောင်း ဆီလျော်သည့်တရားဝင်ကြိုးပမ်းမှုများအပေါ် ခိုင်မာစွာ မမှိတ်မသုန် ထောက်ခံအားပေးကြောင်း” ပြောကြားခဲ့သည်။ မြောက်ကိုရီးယားဘက်က “ရုရှားအစိုးရက ယူကရိန်းအကျပ်အတည်း အရင်းအမြစ်ကို ဖယ်ရှားမှု၊ နိုင်ငံအချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွား ထိန်းသိမ်းကာကွယ်မှု၊ နယ်မြေ ပိုင်နက် ပြည့်စုံမှု အတွက် ဖော်ဆောင်သော အစီအမံအားလုံးအပေါ် အပြည့်အဝထောက်ခံအားပေးကြောင်း” ပြောကြားခဲ့သည်။

နှစ်ဖက်သည် အပြန်အလှန်၏ လက်ရှိ နိုင်ငံတကာအခြေအနေအပေါ် တစ်ပြေးညီ အကဲဖြတ်မှုကို အတည်ပြု ခဲ့ပြီး “ကမ္ဘာတစ်ဝန်း၌ ရန်လိုသောအင်အားစုများက ပိုမို၍ လူသိရှင်ကြားပြသနေသည့် ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် ကျူးကျော်ရေးလှုပ်ရှားမှုများကို တစ်ဆင့်တိုး သတိထားကြရန်၊ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှု အားဖြည့်ပေးရန် နှင့် ဘုံရပ်တည်ချက်များ ညှိနှိုင်းရန်” သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ လက်ဗ်‌ရော့ဗ်သည် ဇူလိုင် ၁၁ ရက်မှစ၍ မြောက်ကိုရီးယားနိုင်ငံကို ၃ ရက်ကြာ နိုင်ငံခရီးစဉ် သွားရောက်ခဲ့သည်။ မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက ဇူလိုင် ၁၂ ရက်တွင် လက်ဗ်‌ရော့ဗ် နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

ကိုးကား- ဆင်ဟွာ

အခြားနိုင်ငံများနှင့်ဆက်ဆံရေးထက် တရုတ်-ရုရှား ဆက်ဆံရေးက ပိုမိုတည်ငြိမ်ပြီး ခိုင်မာမှုရှိလာဟု ဝမ်ယီပြော

တရုတ်နိုင်ငံနှင့်ရုရှား နိုင်ငံတို့ကြား ဆက်ဆံရေးသည် အခြားသောနိုင်ငံများနှင့်ဆက်ဆံရေးထက် ပိုမိုတည်ငြိမ်ပြီးခိုင်မာမှု ရှိလာကာ မဟာဗျူဟာမြောက် တန်ဖိုးများကို ထုတ်ဖော်ပြသနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့နှင့် တွေ့ဆုံစဉ် ပြောသည်။

ဇူလိုင်လ ၁၅ ရက်တွင်ကျင်းပမည့် ယူရေးရှားဒေသ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရန် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ဝမ်ယီကယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ အလားတူ တရုတ်နိုင်ငံသို့ချစ်ကြည်ရေး ခရီးလာမည့်  ရုရှားသမ္မတဗလာဒီမာပူတင်၏ ခရီးစဉ်သည် နှစ်နိုင်ငံကြား အရေးကြီးသော အစီအစဉ်များ၌ တစ်ခုအပါအဝင်ဖြစ်ကြောင်း ဝမ်ယီကဆက်ပြောသည်။

ထို့ပြင် နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများကြား နီးကပ်စွာဆက်ဆံမှုက နှစ်နိုင်ငံခေါင်းဆောင်များကြား ရရှိသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေခြင်း ဖြစ်သည်ဟု ဝမ်ယီက ဆက်ပြောသည်။

ရုရှားသမ္မတဗလာဒီမာပူတင် အနေဖြင့် တရုတ်နိုင်ငံသို့ ဩဂုတ်လ ၃၁ ရက်မှ စက် တင်ဘာလ ၃ ရက်အထိ လာရောက်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး တရုတ်သမ္မတနှင့် တွေ့ဆုံမည့်အပြင် ယင်း နိုင်ငံ၌ ကျင်းပမည့် တရုတ်နိုင်ငံ၏နှစ် (၈၀) ပြည့် ခုခံစစ်ပွဲအောင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

MWD Web Portal
 
ထရမ့်က ရုရှားကို ပြင်းထန်သော အရေးယူမှုများလုပ်ဆောင်နိုင်ရန် စီစဉ်နေဟု Lindsey Graham ပြောဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ရုရှားနှင့် ၎င်း၏ ကုန်သွယ်ဖက် နိုင်ငံများကို ဖိအားပေးရန် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်နိုင်မည့် ဥပဒေကြမ်းတစ်ရပ်ကို ဆီးနိတ်တွင် တင်သွင်း ထားကြောင်း ရုရှားအပေါ် သဘောထားတင်းမာသူ ဆီးနိတ်အမတ် Lindsey Graham က ပြောကြားခဲ့သည်။ ထရမ့်အစိုးရသည် ရုရှား-ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲရလဒ်များ တိုးတက်ခြင်းမရှိပါက မော်စကို အပေါ် ထပ်ဆောင်းဒဏ်ခတ်မှုများ ချမှတ်နိုင်ကြောင်း ယခင်က ထုတ်ဖော် ပြောဆိုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဆွေးနွေးပွဲများကို တမင် တကာအချိန်ဆွဲနေသည်ဟု စွပ်စွဲခဲ့သည်။

ဒီမိုကရက်အမတ် Richard Blumenthal နှင့်အတူ ဥပဒေကြမ်းကို ပူးတွဲ ရေးသားခဲ့သူ ဂရေဟမ်က CBS News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အခြား နိုင်ငံများနှင့် ပတ်သက်၍ တင်းမာသည့် သဘောထားများ ရှိသော်လည်း ထရမ့်သည် ရုရှားနှင့်ပတ်သက်၍ တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ပြောကြား ခဲ့သည်။ "ထိုတံခါးသည် ပိတ်တော့မည့်အရေးနီးနေပြီ" ဟု ၎င်းက သတိ ပေးခဲ့သည်။

"Richard Blumenthal နှင့် ၎င်းသည် ဆီးနိတ်တွင် ပိတ်ဆို့ အရေးယူမှု ဥပဒေကို ထောက်ခံသူ ၈၅ ဦးရရှိထားပြီး သမ္မတထရမ့်အနေဖြင့် ပူတင် ၏စစ်ဘက်ဆိုင်ရာအကူအညီများကို ထောက်ပံ့နေသည့် နိုင်ငံများအပေါ် ပြင်းထန်စွာ အရေးယူနိုင်ရန် ဥပဒေကြမ်းတစ်ရပ်ကို ဆီးနိတ်တွင် တင်သွင်း ထားသည်" ဟု ဂရေဟမ်က ရှင်းပြခဲ့သည်။

အဆိုပါဥပဒေကြမ်းအရ ရုရှားနှင့် ကုန်သွယ်ဆက်ဆံမှု ဆက်လက်ပြု လုပ်နေသော နိုင်ငံများအပေါ် သမ္မတထရမ့်အား အကောက်ခွန်နှုန်း ၅၀၀% အထိ ချမှတ်ခွင့်ပြုမည်ဖြစ်ပြီး ဂရေဟမ်က တရုတ်၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံများကို သီးသန့်ဖော်ပြခဲ့သည်။ ထိုသို့အရေးယူရာတွင် ထရမ့်အနေဖြင့် လွတ်လပ်စွာစီမံခွင့်ရှိမည်ဟုလည်း ၎င်းက ထပ်လောင်း အတိအလင်း ပြောကြားခဲ့သည်။

ဂရေဟမ်က ထရမ့်အစိုးရသည် ယူကရိန်းသို့ လက်နက်များ စံချိန်တင် အဆင့်ဖြင့် တိုးမြှင့်ပေးပို့ရန် ပြင်ဆင်နေကြောင်းလည်း ပြောကြားခဲ့ပြီး ရုရှား၏သိမ်းဆည်းခံငွေကြေးများကို ယူကရိန်းအား ပြန်လည် ထောက်ပံ့ နိုင်ရေး လမ်းကြောင်းပြောင်းရန် အစီအစဉ်ရှိကြောင်း ညွှန်းဆိုခဲ့သည်။

မော်စကိုမှ အဆိုပါပိတ်ဆို့အရေးယူမှုများကို တရားမဝင်ဟု ရှုတ်ချခဲ့ပြီး အနောက်နိုင်ငံများသည် ရုရှား၏ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် ယူကရိန်းပဋိပက္ခကို အသုံးချနေသည်ဟု ငြင်းဆိုခဲ့သည်။ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဆာဂေးရီယာဘကော့ဗ်က အဆိုပါဒုတိယဆင့် အကောက်ခွန် များသည် အခြေအနေကို ကြီးမားစွာမပြောင်းလဲစေနိုင်ဘဲ ရုရှားသည် ၎င်း၏ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် ရေရှည်တည်တံ့သော လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းမည်ဟု ပြောကြားခဲ့သည်။

အစ္စတန်ဘူလ်ဆွေးနွေးပွဲများ၏အခန်းကဏ္ဍ ပြီးဆုံးသွားပြီဟု ကိယက်ဗ် ဆို

ရုရှား၏ လွန်ကဲသောတောင်းဆိုမှုများကြောင့် အစ္စတန်ဘူလ်တွင် မော်စကို နှင့် ကိယက်ဗ်အကြား တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲပုံစံသည် လက်တွေ့ တွင် ပြီးဆုံးသွားပြီဖြစ်သည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဆာဂေးကစ်လစ်ဆာက ပြောကြားခဲ့သည်။ ကိယက်ဗ်က ၂၀၂၂ ခုနှစ်တွင် တစ်ဖက်သတ်ရပ်ဆိုင်းခဲ့သော ဆွေးနွေးပွဲများကို ပြန်လည် စတင်ကာ ရုရှားနှင့် ယူကရိန်းတို့သည် ယခုနှစ်အတွင်း တူရကီနိုင်ငံတွင် တိုက်ရိုက်ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ခဲ့သည်။

အမေရိကန်က ထောက်ခံအားပေးနေသော လက်ရှိဆွေးနွေးပွဲများတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ရည်မှန်းချက်မှာ ကိယက်ဗ်အားလက်နက်ချခိုင်းရန်ဖြစ်ကြောင်း ကစ်လစ်ဆာက သောကြာနေ့ (ဇူလိုင် ၁၁) တွင် ထုတ်ဝေသော Kyiv Independent နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ “မိမိတို့၏ ရည်မှန်းချက်တွင် အချက် (၃) ချက် ပါဝင်သည်။ ပထမအချက်မှာ စစ်ပြေငြိမ်းရေးဖြစ်သည်” ဟု ကစ်လစ်ဆာ က ဆိုသည်။ ဒုတိယအချက်မှာ ပူတင်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီး တို့ ဆွေးနွေးနိုင်ရေး အခြေအနေများ ဖန်တီးပေးရန်ဖြစ်ပြီး တတိယ အချက်တွင် အကျဉ်းသားလဲလှယ်ရေးကဲ့သို့သော လူသားချင်းစာနာမှု ဆိုင်ရာ ယုံကြည်မှုတည်ဆောက်ရေး အစီအမံများ ပါဝင်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပူတင်သည် ထိုသို့သော ဆွေးနွေးပွဲကို ငြင်းဆိုခြင်းမရှိသော်လည်း ဇီလန်စကီး၏ သမ္မတသက်တမ်းသည် ၂၀၂၄ ခုနှစ် မေလတွင် ကုန်ဆုံး ခဲ့ပြီဖြစ်ရာ လက်ရှိအချိန်တွင် ဇီလန်စကီးလက်မှတ်ရေးထိုးမည့် မည်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်မျှ တရားဝင်မည်မဟုတ်ကြောင်း ရှင်းပြ ခဲ့သည်။

ဒုတိယဝန်ကြီးကစ်လစ်ဆာက အဆိုပါပဋိပက္ခ၏ ရှုပ်ထွေးမှုနှင့် နက်ရှိုင်းမှုတို့ကြောင့် ခေါင်းဆောင်များ တိုက်ရိုက်တွေ့ဆုံရန် အရေးကြီး ကြောင်း အလေးအနက် ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အပြင် ၎င်းက မော်စကို၏ ရည်မှန်းချက်မှာ ဆွေးနွေးပွဲများကို ဗျူရိုကရေစီဆန်ဆန် ရှုပ်ထွေးစေရေးလုပ်ဆောင်ရန်ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

“မိမိတို့အနေဖြင့် ယခင်က မင့်စ် ဆွေးနွေးပွဲလုပ်ငန်းစဉ် အဖွဲ့များတွင် ယင်းအခြေအနေကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်” ဟု ၎င်းက ဆိုသည်။ ၂၀၁၄-၂၀၁၅ ခုနှစ်က အနောက်နိုင်ငံများ၏ ထောက်ခံမှုဖြင့် ချမှတ်ခဲ့သော မင့်စ်ခ်သဘောတူညီချက်များသည် ယူကရိန်းနှင့် ဒိုနက်စ်ခ်၊ လူဂန်းစ်ခ် ခွဲထွက်ပြည်နယ်များအကြား ပဋိပက္ခကို ခေတ္တရပ်စဲရန် ရည်ရွယ်ခဲ့ သော်လည်း နောက်ပိုင်းတွင် ဂျာမနီ၏ ဝန်ကြီးချုပ်ဟောင်း Angela Merkel နှင့် ပြင်သစ်သမ္မတဟောင်း Francois Hollande တို့က အဆိုပါ သဘောတူညီချက်များသည် အချိန်ဆွဲရန်နှင့် ကိယက်ဗ်အား လက်နက် ပြန်ဖြည့်ရန် အချိန်ရစေမည့် နည်းလမ်းသာဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။

မော်စကိုသည် ယူကရိန်း၏ ၃၀ ရက် ကန့်သတ်ချက်မရှိ စစ်ပြေငြိမ်းရေး တောင်းဆိုမှုကို ငြင်းဆိုခဲ့ပြီး ထိုသို့သော စစ်ပြေငြိမ်းမှုသည် မင့်စ် သဘောတူညီချက်များ၏ အမှားကို ပြန်လည်ကျူးလွန်ရာရောက်မည် ဟု ပြောဆိုခဲ့သည်။ ရုရှားက မည်သည့်ဖြေရှင်းချက်မဆို အမြဲတမ်းအတွက်ဖြစ်ရမည်ဖြစ်ပြီး ဥပဒေအရ အထောက်အထား ပြည့်စုံရန်လိုအပ်ကြောင်းနှင့် ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်း ပေးရမည် ဟူသော သဘောထားကို အခိုင်အမာကိုင်စွဲကာ ရပ်တည် နေသည်။

ထရမ့်က ယူကရိန်းသို့ Patriot ဒုံးကျည်များ ပေးပို့ရန် အစီအစဉ်ကို အတည်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသို့ Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် အပိုပစ္စည်းများပေးပို့မည်ဟု ကြေညာခဲ့ပြီး အဆိုပါ ကြေညာချက်သည် ပင်တဂွန်က စစ်ရေးအကူအညီအချို့ကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရက်ပိုင်းအကြာတွင် ဖြစ်သည်။

“ယူကရိန်းအတွက် အရေးတကြီးလိုအပ်နေသော Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် အပိုပစ္စည်းများ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ပူတင် သည် ငြိမ်းချမ်းရေးရရှိနိုင်ရေး ဆောင်ရွက်မှုများကို အချိန်ဆွဲကာ ယူကရိန်း ကို တိုက်ခိုက်မှုများဆက်လက် လုပ်ဆောင်နေသည်” ဟု ထရမ့်က ဝါရှင်တန်အနီး Joint Base Andrews တွင် တနင်္ဂနွေ (ဇူလိုင် ၁၃) ညနေ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန်မီဒီယာများက ၎င်းသည် ကာကွယ်ရေးနှင့် တိုက်ခိုက်ရေး ဒုံးကျည်များ ပါဝင်နိုင်သည့် စစ်ရေးအကူအညီအသစ်ကို အတည်ပြုရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

တောင်အာဖရိက သမ္မတ Ramaphosa သည် ရဲဌာနဝန်ကြီးအား ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်များကြောင့် ရာထူးမှ ဖယ်ရှား

တောင်အာဖရိကသမ္မတ စိုင်းရယ်လ် ရာမာဖိုဆာသည် တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) တွင် ရဲဌာနဝန်ကြီး ဆန်ဇို မချူနူးအား ချက်ချင်းရာထူးမှ ရပ်နားစေခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် KwaZulu-Natal ပြည်နယ် ရဲကော်မရှင် Nhlanhla Mkhwanazi ၏ စွပ်စွဲချက်များအရ ဖြစ်ပြီး ၎င်းတို့က ရဲဌာနဝန်ကြီးသည် ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းကာ အရေးကြီး စုံစမ်းစစ်ဆေးမှုများကို ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု ဆိုသည်။

မချူနူးက ယခုနှစ်အတွင်း မီဒီယာတွေ့ဆုံပွဲတွင် အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး အခြေအမြစ်မရှိဟု ဆိုသည်။ ၎င်း၏ပြောရေးဆိုခွင့်ရှိသူ ကလည်း လွန်ခဲ့သောသီတင်းပတ်က ထုတ်ပြန်ချက်တွင် ဥပဒေစိုးမိုးရေး ကို ထိန်းသိမ်းမည့် ကတိကဝတ်ကိုထုတ်ဖော် ပြောကြားခဲ့သည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရန် ကတိကဝတ်များဖြင့် အထွတ်အထိပ် သို့ ရောက်ရှိလာသည့် Ramaphosa သည် ရာဇဝတ်မှုဆိုင်ရာ တရား စီရင်ရေးစနစ်၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာဖြစ်စေသည်ဟု နိုင်ငံရေး ပါတီများနှင့် နိုင်ငံသားများက ဝေဖန်လျက်ရှိသောကြောင့် လျင်မြန်စွာ အရေးယူဆောင်ရွက်ရန် ဖိအားပေးခံနေရသည်။ကမ္ဘာ့ဘဏ်၏ အဆိုအရ တောင်အာဖရိကတွင် ပျံ့နှံ့နေသော ရာဇဝတ်မှုများသည် နှစ်စဉ် GDP ၏ ၁၀% ခန့် ဆုံးရှုံးစေသည်ဟု ခန့်မှန်းထားပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နှစ်ပေါင်းများစွာ စိုးရိမ်မှုများ ဖော်ပြခဲ့ကြသည်။

“ထိုစွပ်စွဲချက်များသည် အရေးတကြီးနှင့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကိုလိုအပ်နေပါသည်” ဟု သမ္မတ ရာမာဖိုဆာက ရုပ်မြင်သံကြားများမှတိုက်ရိုက်ထုတ်လွှင့်သော ၎င်း၏အများပြည်သူဆိုင်ရာ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက “အဆိုပါကိစ္စနှင့်ပတ်သက်၍ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း သွားမည်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။ ရာမာဖိုဆာက ရှေ့နေပညာရှင် ပါမောက္ခ Firoz Cachalia အား ယာယီရဲဌာနဝန်ကြီးအဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

မချူနူးသည် ANC (အာဖရိကနိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်) ၏ အကြီးတန်း ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ နိုင်ငံရေးသုံးသပ်သူများက ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ANC ညီလာခံရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင်ရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။ 

KwaZulu-Natal ရဲဌာနကော်မရှင် Mkhwanazi ၏စွပ်စွဲချက်များတွင် WhatsApp စာတိုများကဲ့သို့သော ဒီဂျစ်တယ်သက်သေ အထောက်အထား များကို ကိုးကား၍ မချူနူးသည် နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိသော ရဲတပ်ဖွဲ့တစ်ခုကို ဖျက်သိမ်းခဲ့ပြီး၊ နိုင်ငံရေးသမားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ် နေသူများကို ကာကွယ်ရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။

Mkhwanazi က နိုင်ငံရေးလုပ်ကြံမှုများဆိုင်ရာ တာဝန်ခံအဖွဲ့မှ အမှုတွဲ ဖိုင်ပေါင်း ၁၀၀ ကျော်ကို ရုပ်သိမ်းခဲ့ပြီး ၎င်းတို့အား နောက်ထပ် စုံစမ်း စစ်ဆေးမှုများ မပြုလုပ်တော့ဟု ပြောကြားခဲ့သည်။

ANC ၏ အဓိကမဟာမိတ်ဖြစ်သော Democratic Alliance (DA) ပါတီက၊ မချူနူးအပေါ် စွပ်စွဲချက်များကို လွှတ်တော်တွင် စုံစမ်း စစ်ဆေးမှု တစ်ရပ် ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ အတိုက်အခံပါတီတစ်ခုကလည်း ၎င်းအား ယာယီရပ်နားရန် တောင်းဆိုခဲ့သည်။

ကိုးကား- CNN

ရုရှားနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) က ပေကျင်းတွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်စေရန်နှင့် ကမ္ဘာ့စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြောင်း မော်စကိုမှ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုဆွေးနွေးပွဲသည် မကြာမီကျင်းပမည့် Shanghai Cooperation Organization (SCO) နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးမတိုင်မီ တွေ့ဆုံမှုဖြစ်ပြီး ၎င်းအစည်းအဝေးကို တီယန်ကျင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။

နှစ်နိုင်ငံ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေး၏ လုပ်ငန်းစဉ်များကို နှစ်နိုင်ငံဝန်ကြီးများက ကျေနပ်အားရကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လာဗရော့ဗ်နှင့် ဝမ်ယိတို့သည် အမေရိကန်နှင့်ဆက်ဆံရေး၊ ကုလသမဂ္ဂပဋိညာဉ်အရ ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် အလားအလာများအပြင် ကိုရီးယားကျွန်းဆွယ် တင်းမာမှုနှင့် အစ္စရေး-အီရန် ပဋိပက္ခ တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိပ်သီးသံတမန်များသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ မေလတွင် မော်စကို၌ တွေ့ဆုံစဉ်အတွင်း သဘော တူညီချက်များ အကောင်အထည်ဖော်ရေး နက်ရှိုင်းစွာ ဆွေးနွေးခဲ့ ကြသည်။

ဒေါ်နယ်ထရမ့်အား နိုင်ငံတော်ခရီးစဉ် လာရောက်ရန် ချားလ်ဘုရင် ဖိတ်ကြား

တတိယမြောက် ချားလ်ဘုရင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား လာမည့် စက်တင်ဘာလတွင် ဗြိတိန်နိုင်ငံသို့ နိုင်ငံတော် ခရီးစဉ် လာရောက်ရန် ဖိတ်ကြားလိုက်ပါသည်။ ၎င်းမှာ ခေတ်သစ်သမိုင်းတွင် တစ်ခါမျှ မရှိဖူးသေးသော အမေရိကန်သမ္မတတစ်ဦးကို ဒုတိယ အကြိမ်မြောက် ဗြိတိန်နိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်လာရောက် လည်ပတ်ရန် ချားလ်ဘုရင်က ဖိတ်ကြားခြင်းလည်းဖြစ်ပါသည်။ 

ခရီးစဉ်ကို ဗြိတိသျှပါလီမန်ရပ်နားကာလဖြစ်သည့် စက်တင်ဘာလ အတွင်းတွင် စီစဉ်ထားပြီး ၃ ရက် ကြာမြင့်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ထရမ့်အနေဖြင့် ပါလီမန်တွင် မိန့်ခွန်းပြောကြားခွင့် ရရှိမည် မဟုတ်ပေ။ 

ယခုခရီးစဉ်မှာ အိမ်ဖြူတော်အတွက် အောင်မြင်မှုတစ်ရပ်ဖြစ်ကာ ဒေါ်နယ် ထရမ့်သည် ၂၀၁၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံသို့ ပထမအကြိမ် နိုင်ငံတော် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးနောက် ခေတ်သစ်သမိုင်းတွင် ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ် နှစ်ကြိမ် သွားရောက်ရသည့် ပထမဆုံး ရွေးကောက် တင်မြှောက်ခံ နိုင်ငံရေးသမားဖြစ်လာပေမည်။

ကိုးကား - The Guardian

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဘင်ဂါလီ များ၏ အခွင့်အရေးများအတွက် ထောက်ခံအားပေးသည့် နိုင်ငံရေးအဖွဲ့အစည်းအသစ် စတင်တည်ထောင်ဖွဲ့စည်း

မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပရောက် ဘင်ဂါလီများအား ကိုယ်စားပြုရန် အတွက် ရခိုင် ဘင်ဂါလီ အမျိုးသားကောင်စီ Arakan Rohingya National Council (ARNC) ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှ ဘင်ဂါလီ ခေါင်းဆောင်များ၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် စခန်းများနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဘင်ဂါလီ အဖွဲ့ဝင်များသည် ညှဉ်းပန်း နှိပ်စက်ခံနေရသော လူနည်းစုတို့၏ နိုင်ငံရေးတိုက်ပွဲကို စည်းလုံး ညီညွတ် စေရန်နှင့် မြှင့်တင်ပေးရန် ရည်ရွယ်သည့် နိုင်ငံရေးအဖွဲ့အစည်းသစ် တစ်ခုကို စတင်တည်ထောင်ခဲ့ကြပါသည်။

တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) တွင် တရားဝင်စတင်တည်ထောင်ခဲ့သော ရခိုင် ဘင်ဂါလီ အမျိုးသားကောင်စီ, Arakan Rohingya National Council (ARNC) သည် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာခဲ့ရပြီး ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသူများအပါအဝင် မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပရောက် ဘင်ဂါလီ လူမျိုးများကို ကိုယ်စားပြုသွားမည်ဟု ပြောကြား ခဲ့ပါသည်။

အဖွဲ့၏ ရည်မှန်းချက်မှာ "အခွင့်အရေးများ၊ အသိအမှတ်ပြုမှုနှင့် နိုင်ငံရေး ကိုယ်စားပြုမှု" အတွက် တိုက်ပွဲဝင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ဘင်ဂါလီ များအတွက် စုစည်းသော နိုင်ငံရေးအသံတစ်ခုကို ပေးစွမ်းရန် ဖြစ်သည် ဟု ရခိုင် ဘင်ဂါလီ အမျိုးသားကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ရခိုင် ဘင်ဂါလီ အမျိုးသားကောင်စီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၄၀ ဦးနှင့် ဗဟိုကော်မတီဝင် ၆၀ ဦး ပါဝင်ပါသည်။ ၎င်းတို့၏ ကိုယ်စားလှယ် များသည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါးမှဖြစ်ပြီး ဒုက္ခသည် စခန်း များနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဘင်ဂါလီ ခေါင်းဆောင်အများစု ပါဝင်သည်ဟု အဆိုပါအဖွဲ့က ပြောကြားခဲ့ပါသည်။

ARNC က ၎င်းတို့ဖွဲ့စည်းရခြင်းမှာ ဆယ်စုနှစ်များစွာကြာအောင် စနစ်တကျ ဖယ်ရှားခံရမှုနှင့် နှိပ်စက်ညှဉ်းပန်းခံရမှုများကြောင့်ဖြစ်ပြီး ၂၀၁၇ ခုနှစ် တွင် မြန်မာ့တပ်မတော်က အစွန်းရောက်အဖွဲ့အစည်းများ၏ အကူအညီ ဖြင့် ကျူးလွန်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုကြောင့်ဖြစ်သည်ဟု ပြောကြား ခဲ့ပါသည်။ 

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာချိန်တွင် ရခိုင် ဘင်ဂါလီ အမျိုးသားကောင်စီက မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင် ပြည်နယ် ၏ အစိတ်အပိုင်းများကို လက်ရှိထိန်းချုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့်  (AA) ကို "အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု များ၊ ကျယ်ပြန့်သော အကြမ်းဖက်မှုများနှင့် ဖျက်ဆီးမှုများ" မှတစ်ဆင့် ဘင်ဂါလီ အရပ်သားများကို နေရာရွှေ့ပြောင်းစေပြီး ပစ်မှတ်ထားနေသည် ဟုလည်း စွပ်စွဲခဲ့သည်။ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာခြင်းကြောင့် မကြာသေးမီလများအတွင်း ဘင်ဂါလီ ၁၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံထွက်ပြေးခဲ့ရပြီး ထောင်ပေါင်းများစွာသော အခြားသူများသည် အကြမ်းဖက်မှုများမှ လွတ်မြောက်ရန် ပင်လယ်နှင့် ကုန်းလမ်းခရီးကြမ်း များကို ခရီးနှင်ခဲ့ကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ၏ အချက်အလက်များကို ကိုးကား၍ ရခိုင် ဘင်ဂါလီ အမျိုးသား ကောင်စီကပြောကြားခဲ့သည်။

ARNC က AA သည် ဒေသတွင်း ထိန်းချုပ်မှုရရှိပြီးနောက် ဘင်ဂါလီ ၂,၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ကျန်ရှိနေသူများသည် "အစားအစာ၊ လုံခြုံမှု သို့မဟုတ် လွတ်လပ်မှုမရှိဘဲ ကြောက်ရွံ့စွာ နေထိုင်နေကြ ရသည်" ဟု လည်း ပြောကြားခဲ့ပါသည်။

"ရခိုင်ပြည်နယ်အတွင်း AAလက်အောက်မှာ ဖြစ်ပျက်နေတာတွေဟာ စနစ်တကျ တွက်ချက်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုသက်သက်ပဲ" ဟု ကောင်စီက ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းကို အရေးတကြီး ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။

ကိုးကား - Anadolu Agency