သတင်းများ

လော့စ်အိန်ဂျလိစ်ဧရိယာတွင် ဆန္ဒပြမှုများအပြီး National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ အား တာဝန်မှ ရုတ်သိမ်း

ထရမ့်အစိုးရသည် လော့စ်အိန်ဂျလိစ် ဧရိယာရှိ National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ အား လူဝင်မှုကြီးကြပ်ရေးဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေဖြင့် လွန်ခဲ့သည့်လက တာဝန်ပေးအပ်ခဲ့ပြီးနောက် ယခုအခါ အရေအတွက် လျှော့ချလိုက်ကြောင်း ပင်တဂွန်က အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ကြေညာ ခဲ့သည်။

"တာဝန်ထမ်းဆောင်ရန် အသင့်ရှိခဲ့ကြသည့် တပ်ဖွဲ့ဝင်အားလုံးကို ကျေးဇူး တင်ရှိပါသည်။ လော့စ်အိန်ဂျလိစ်ရှိ ဥပဒေမဲ့အခြေအနေများ လျော့ပါး လာပြီဖြစ်ရာ ကာကွယ်ရေးဝန်ကြီးက California National Guard (79th IBCT) ၏ တပ်ဖွဲ့ဝင် ၂,၀၀၀ အား ဖက်ဒရယ် ကာကွယ်ရေး တာဝန်မှ ရုတ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့သည်" ဟု ပင်တဂွန်၏ ပြောရေး ဆိုခွင့်ရှိသူ ရှောင်ပါနယ်လ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် ထရမ့်မှ ဇွန်လ ၇ ရက်နေ့တွင် National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ နှင့် ရက်အနည်းငယ်အကြာတွင် နောက်ထပ် ၂,၀၀၀ ကို တာဝန်ပေးအပ်ခဲ့ပြီးနောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအင်အားစုများအား တစ်လကျော်ကြာ တာဝန်ပေးအပ်ထားခဲ့သော်လည်း ထိုကာလအတွင်း အဖွဲ့ဝင်အရေအတွက် တိုးချဲ့ခြင်း (သို့) လျှော့ချခြင်းများ ရှိ၊ မရှိကိုမူ ချက်ချင်းမသိရှိရသေးပေ။

California National Guard အား အမေရိကန် လူဝင်မှုကြီးကြပ်ရေး (ICE) နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က တောင်ကယ်လီဖိုးနီးယားတွင် ဆူပူအုံကြွမှုများ တိုးမြင့်လာချိန်တွင် လော့စ်အိန်ဂျလိစ်ဧရိယာရှိ ဆန္ဒပြမှု များကို ထိန်းချုပ်ရန် အရေးပေါ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ လော့စ်အိန်ဂျလိစ် ကောင်တီတစ်ဝှမ်းရှိ နေရာများစွာ၌ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သော်လည်းအဓိကအားဖြင့် ဖက်ဒရယ်ဥပဒေစိုးမိုးရေးအဖွဲ့များရှိနေသည့် မြို့လယ်ခေါင် နေရာများတွင် ပိုမိုများပြားခဲ့သည်။

အမေရိကန်ခရိုင်တရားရုံးတစ်ရုံးက ထရမ့်အား California NationalGuard တပ်ဖွဲ့ဝင်ထောင်နှင့်ချီ၍ ဥပဒေမဲ့စွာ ဖက်ဒရယ်အဆင့်သို့ ပြောင်းလဲ အသုံးပြုမှုအတွက် တရားမဝင်ကြောင်း စီရင်ချက်ချမှတ်ခဲ့သော်လည်း အမိန့်ပယ်ဖျက်ရန် 9th US Circuit Court of Appeals က ဆုံးဖြတ်ချက်ချခဲ့သည်။

California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က တပ်ဖွဲ့ဝင်များ ရုတ်သိမ်းကြောင်း ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် "အားလုံးကို အခုပင် ရုတ်သိမ်းပါ" ဟု ထရမ့်နှင့် ကာကွယ်ရေးဝန်ကြီးဌာနအား တောင်းဆိုခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အီတလီသည် ယူကရိန်းအတွက် အမေရိကန်လက်နက်များ ဝယ်ယူမည် မဟုတ်ဟု မီဒီယာများက ဆို

အီတလီသတင်းစာ La Stampa က အမည်မဖော်လိုသူများ၏ ထုတ်ဖော် ပြောဆိုချက်ကို ကိုးကား၍ အီတလီ၏ ဘတ်ဂျက်အနေအထားအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းသို့ အမေရိကန် လက်နက် များပေးပို့ရန် အစီအစဉ်တွင် ပါဝင်နိုင်စွမ်း မရှိကြောင်း ဖော်ပြခဲ့သည်။

တနင်္လာနေ့ (ဇူလိုင် ၁၄) တွင် ထရမ့်သည် ဥရောပ NATO အဖွဲ့ဝင်များက ငွေကြေးထောက်ပံ့မည်ဆိုပါက ယူကရိန်းသို့ လက်နက်အသစ်များ ပေးပို့ရန် ခွင့်ပြုခဲ့ပြီး ၎င်းကို "အလွန်အရေးကြီးသောသဘောတူညီချက်" အဖြစ် ရည်ညွှန်းခဲ့သည်။

La Stampa သတင်းစာက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) တွင် ထုတ်ဝေသော ဆောင်းပါးတစ်ပုဒ်၌ ယူကရိန်းအတွက် Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်အချို့ကို ဝယ်ယူရန် သဘောတူပြီးဖြစ်သည့် ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz ၏ အစီအစဉ်ကို အီတလီက လိုက်နာမည် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။

သတင်းစာ၏ အရင်းအမြစ်များအရ ရောမအစိုးရသည် အဆိုပါ အစီအစဉ်မှ နုတ်ထွက်မည်ဖြစ်ပြီး ထိုသို့ဆုံးဖြတ်ရခြင်း၏ အကြောင်းရင်းမှာ "မိမိ တို့၏ လက်နက်စနစ်များသည် ယခင်က ကိယက်ဗ်သို့ ပေးအပ်ပြီး ဖြစ်ကာ ၎င်းတို့တွင် နည်းပညာဆိုင်ရာ သတ်မှတ်ချက်များ ကွဲပြားနေသည့်အပြင်၊ အထူးသဖြင့် ဂျာမနီနှင့်မတူဘဲ အီတလီအနေဖြင့် အဆိုပါလုပ်ငန်းအတွက် သတ်မှတ်ပေးနိုင်သောဘတ်ဂျက်သည် လက်တွေ့တွင် မရှိသလောက် ဖြစ်နေသည်" ဟု ဆိုသည်။

အီတလီအနေဖြင့် လက်ရှိအမေရိကန်ထံမှ စီစဉ်ထားသည့် တစ်ခုတည်းသော လက်နက်ဝယ်ယူမှုမှာ ၂၀၃၀ ပြည့်နှစ်များအတွက် စီစဉ်ထားသော F-35 တိုက်လေယာဉ်အချို့သာ ဖြစ်ကြောင်း အရင်းအမြစ်များက ဖြည့်စွက် ပြောကြားခဲ့သည်။

Politico သတင်းဌာနက အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ပြင်သစ်အရာရှိ နှစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကား၍ ပါရီအစိုးရသည် ယူကရိန်းအတွက် အမေရိကန်လက်နက်များ ဝယ်ယူမည်မဟုတ်ကြောင်း၊ အကြောင်းမှာ ပြင်သစ်သည် ဥရောပ၏ လုံခြုံရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် မိမိတို့၏ ကာကွယ်ရေးလုပ်ငန်းကို ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်နေသောကြောင့် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထိုနေ့တွင်ပင် ချက်သမ္မတ Petr Fiala က Publico သတင်းဌာနသို့ ပရာဟာသည်လည်း လက်ရှိတွင် အဆိုပါအစီအစဉ်တွင် ပါဝင်ရန် မစဉ်းစားသေးကြောင်း ပြောကြားခဲ့သည်။ ၎င်းက "ချက်နိုင်ငံသည် ယူကရိန်း ကို ကူညီရန် အခြားနည်းလမ်းများကို အဓိကထား အာရုံစိုက်နေသည်" ဟု ရှင်းပြခဲ့သည်။

EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Kaja Kallas က ယခင်က ထရမ့်၏ ယူကရိန်းသို့ လက်နက်များ ပိုမိုပေးပို့မည်ဟူသော ကတိကို ကြိုဆိုခဲ့သော်လည်း ဝါရှင်တန်အနေဖြင့် အဆိုပါပေးပို့မှုများအတွက်ငွေကြေး ထောက်ပံ့ရာတွင် "ဝန်ထုပ်ဝန်ပိုးကို မျှဝေရန်" တိုက်တွန်းခဲ့သည်။ ထိုအတောအတွင်း အမေရိကန်က မော်စကိုနှင့် ကိယက်ဗ်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် ရက်ပေါင်း ၅၀ အတွင်း တိုးတက်မှု မရှိပါက ရုရှား၏ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများအပေါ် အမေရိကန်၏ ကုန်သွယ်ခွန် ၁၀၀% အထိ စည်းကြပ်မည်ဟု ခြိမ်းခြောက်ထားသည်။

ကိုးကား- RT

အာဒိုဂန်၏ အဓိကနိုင်ငံရေးပြိုင်ဘက် တူရကီတွင် ထောင်ဒဏ် ချမှတ် ခံရ

တူရကီသမ္မတ Recep Tayyip Erdogan ၏ အဓိက နိုင်ငံရေးပြိုင်ဘက် နှင့် အစ္စတန်ဘူလ်မြို့တော်ဝန်ဟောင်း Ekrem Imamoglu အား ရုံးတင် စစ်ဆေးပြီး စွပ်စွဲချက်များအရ လ ၂၀ ကြာ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း လူမှုကွန်ရက်မီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါအမှုသည် Imamoglu ၏ CHP (Republican People’s Party) ပါတီမှ လူငယ်ခေါင်းဆောင်တစ်ဦး၏ အိမ်ကို ရဲများ ဝင်ရောက် စီးနင်းချိန် တွင် ပြောဆိုခဲ့သည်ဟုဆိုသော စကားရပ်များကြောင့် ဖြစ်သည်။ အဆိုပါ နိုင်ငံရေးသမားက အစ္စတန်ဘူလ်၏ အမှုဆောင်အရာရှိ Akin Gurlek အား စိတ်ဓာတ်ယုတ်ညံ့သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည် ဟု ဆိုသည်။

အစ္စတန်ဘူလ်အနီးရှိ လုံခြုံရေး တင်းကျပ်စွာချထားသော Silivri တရားရုံး နှင့် အကျဉ်းထောင်တွင် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) က အဆိုပါ ဆုံးဖြတ်ချက် ကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းတရားရုံးတွင် နိုင်ငံရေးအရ အကဲဆတ်သော အမှုများကို စီရင်ဆုံးဖြတ်လေ့ရှိသည်။ Imamoglu အား အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော အရာရှိများကို ပစ်မှတ်ထားသည့် စွဲချက်မှ ကင်းလွတ်စေခဲ့သည်။

၅၅ နှစ်အရွယ်ရှိ မြို့တော်ဝန်ဟောင်းသည် မတ်လမှစ၍ အခြား အဂတိ လိုက်စားမှုစွဲချက်များအတွက် စစ်ဆေးနေစဉ်ကာလအတွင်း အကျဉ်းချ ထားခံရသည်။ ၎င်းက အစိုးရ၏ နိုင်ငံရေးအရ ဖိအားပေးမှုကြောင့် ၂၀၂၈ ရွေးကောက်ပွဲတွင် အာဒိုဂန်ကို ယှဉ်ပြိုင်စိန်ခေါ်ရန် ကြိုးပမ်းမှုများကိုတားဆီးကာကွယ်ရန် ဖြစ်သည်ဟု ငြင်းဆိုခဲ့သည်။ အစိုးရဘက်မှမူ တရား စီရင်ရေးသည် လွတ်လပ်မှုရှိပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု မရှိဟု ငြင်းဆိုထားသည်။

အီမာမိုဂလူသည် ၂၀၁၉ တွင် ပထမဆုံးအကြိမ် အစ္စတန်ဘူလ် မြို့တော်ဝန် အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ၂၀၂၄ တွင် နောက်တစ်ကြိမ် ထပ်မံ ပြန်လည်အနိုင်ရခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်တွင် ဖမ်းဆီးခံရပြီး ရာထူးမှ ယာယီရပ်စဲခံ ရခြင်းသည် တူရကီနိုင်ငံတစ်ဝှမ်း မကျေနပ်မှုများ သိသာထင်ရှားစွာ ဖြစ်ပေါ် စေခဲ့သည်။ အစ္စတန်ဘူလ်နှင့် အန်ကာရာမြို့များအပါအဝင် မြို့ကြီးများတွင် ဆန္ဒပြသူများနှင့် အာဏာပိုင်များ အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ အာဒိုဂန်က ဆန္ဒပြမှုများကို ဆန့်ကျင်ဘက် အင်အားစုများက လှုံ့ဆော်ခဲ့ပြီး နိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေခဲ့သည် ဟု စွပ်စွဲခဲ့သည်။

ကနဦးတွင် အစိုးရရှေ့နေများသည် အီမာမိုဂလူအား ထောင်ဒဏ် ၇ နှစ် နှင့် အစိုးရပိုင်းရာထူးတာဝန်များတာဝန်ပေးအပ်ခြင်းမှ ပိတ်ပင်ရန် တောင်းဆို ခဲ့သော်လည်း နောက်ဆုံးပြစ်ဒဏ်ချမှတ်မှုသည် ယင်းတားမြစ်ချက်ကို ချမှတ်ရန် လိုအပ်သည့် နှစ်နှစ်တာ ကန့်သတ်ချက်ထက် လျော့နည်းသွား ခဲ့သည်။

ဤသည်မှာ အီမာမိုဂလူ၏ ပြောဆိုမှုများကြောင့် ပထမဆုံးအကြိမ် တရား စွဲခံရခြင်း မဟုတ်ဘဲ ၂၀၂၂ ခုနှစ်တွင် ၂၀၁၉ ခုနှစ်က ၎င်း၏ မြို့တော်ဝန် ရွေးကောက်ပွဲ အနိုင်ရရှိမှုရလဒ်ကို ပယ်ဖျက်ခဲ့သော ရွေးကောက်ပွဲ ကော်မရှင်အရာရှိများကို ဝေဖန်ခဲ့သည့်အတွက် ၎င်းအား ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့ဖူးသည်။ ထိုဆုံးဖြတ်ချက်ကို အယူခံဝင်ထားဆဲဖြစ်ပြီးအတည်ပြုပါက ၎င်း၏ အနာဂတ်ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်ကို တားမြစ်နိုင်သည်။

ထို့အပြင် ၂၀၂၄ မတ်လတွင် အစ္စတန်ဘူလ်တက္ကသိုလ်က အီမာမိုဂလူ၏ ဒီပလိုမာကို ပယ်ဖျက်ခဲ့ပြီး သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ထိရောက်စွာ တားမြစ်ခဲ့သည်။

အခြားနိုင်ငံများနှင့်ဆက်ဆံရေးထက် တရုတ်-ရုရှား ဆက်ဆံရေးက ပိုမိုတည်ငြိမ်ပြီး ခိုင်မာမှုရှိလာဟု ဝမ်ယီပြော

တရုတ်နိုင်ငံနှင့်ရုရှား နိုင်ငံတို့ကြား ဆက်ဆံရေးသည် အခြားသောနိုင်ငံများနှင့်ဆက်ဆံရေးထက် ပိုမိုတည်ငြိမ်ပြီးခိုင်မာမှု ရှိလာကာ မဟာဗျူဟာမြောက် တန်ဖိုးများကို ထုတ်ဖော်ပြသနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့နှင့် တွေ့ဆုံစဉ် ပြောသည်။

ဇူလိုင်လ ၁၅ ရက်တွင်ကျင်းပမည့် ယူရေးရှားဒေသ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရန် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ဝမ်ယီကယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ အလားတူ တရုတ်နိုင်ငံသို့ချစ်ကြည်ရေး ခရီးလာမည့်  ရုရှားသမ္မတဗလာဒီမာပူတင်၏ ခရီးစဉ်သည် နှစ်နိုင်ငံကြား အရေးကြီးသော အစီအစဉ်များ၌ တစ်ခုအပါအဝင်ဖြစ်ကြောင်း ဝမ်ယီကဆက်ပြောသည်။

ထို့ပြင် နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများကြား နီးကပ်စွာဆက်ဆံမှုက နှစ်နိုင်ငံခေါင်းဆောင်များကြား ရရှိသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေခြင်း ဖြစ်သည်ဟု ဝမ်ယီက ဆက်ပြောသည်။

ရုရှားသမ္မတဗလာဒီမာပူတင် အနေဖြင့် တရုတ်နိုင်ငံသို့ ဩဂုတ်လ ၃၁ ရက်မှ စက် တင်ဘာလ ၃ ရက်အထိ လာရောက်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး တရုတ်သမ္မတနှင့် တွေ့ဆုံမည့်အပြင် ယင်း နိုင်ငံ၌ ကျင်းပမည့် တရုတ်နိုင်ငံ၏နှစ် (၈၀) ပြည့် ခုခံစစ်ပွဲအောင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

MWD Web Portal
 
မြောက်ကိုရီးယား - ရုရှား ဒုတိယအကြိမ် နိုင်ငံခြားရေးဝန်ကြီးအဆင့် မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း KCNA ထုတ်ပြန်

ပြုံယမ်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son-hui နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်‌ရော့ဗ်တို့သည် ဇူလိုင် ၁၂ ရက်က မြောက်ကိုရီးယားနိုင်ငံ ဝန်စန်မြို့တွင် ဒုတိယအကြိမ် မြောက်ကိုရီးယား-ရုရှား နိုင်ငံခြားရေး ဝန်ကြီးအဆင့် မဟာဗျူဟာ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) ၏ ဇူလိုင် ၁၃ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။

မြောက်ကိုရီးယား-ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍတွင် လက်ရှိ ရင်ဆိုင်နေရသော လက်တွေ့ဖော်ဆောင်မှု ကိစ္စရပ်များအား အရှိန်မြှင့် တွန်းအားပေးရေးကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ပြီး နှစ်ဖက်သည် နှစ်နိုင်ငံကြား “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်” ကို အခိုင်အမာ သစ္စာရှိစွာ လိုက်နာဆောင်ရွက်ပြီး ရှည်လျားသော သမိုင်းအခြေခံများနှင့် အစဉ်အလာရှိသော မြောက်ကိုးရီးယား-ရုရှား ဆက်ဆံရေးကို “ရာစုနှစ်ကြာ မဟာဗျူဟာမြောက် ဆက်ဆံရေး” အဖြစ် ဖွံ့ဖြိုးတိုးတက်စေမည့် ခိုင်မာသော ဆန္ဒများကို ထပ်လောင်းပြောကြားခဲ့သည်ဟု ဇူလိုင် ၁၂ ရက်က ထုတ်ပြန်သော မီဒီယာ ကြေညာချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။

နှစ်ဖက်က နိုင်ငံတကာရေးရာများတွင် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး နိုင်ငံအချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် နိုင်ငံတကာ တရားမျှတမှုများကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်သည့် မဟာ ဗျူဟာ ညှိနှိုင်းဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်တည်ချက်ကို တစ်ဆင့်တိုး နက်ရှိုင်းစေမည်ဟု ထပ်လောင်း ပြောကြားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားဘက်က “အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာကာကွယ်ထိန်းသိမ်းရန် မြောက်ကိုရီးယား၏ ကျိုးကြောင်း ဆီလျော်သည့်တရားဝင်ကြိုးပမ်းမှုများအပေါ် ခိုင်မာစွာ မမှိတ်မသုန် ထောက်ခံအားပေးကြောင်း” ပြောကြားခဲ့သည်။ မြောက်ကိုရီးယားဘက်က “ရုရှားအစိုးရက ယူကရိန်းအကျပ်အတည်း အရင်းအမြစ်ကို ဖယ်ရှားမှု၊ နိုင်ငံအချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွား ထိန်းသိမ်းကာကွယ်မှု၊ နယ်မြေ ပိုင်နက် ပြည့်စုံမှု အတွက် ဖော်ဆောင်သော အစီအမံအားလုံးအပေါ် အပြည့်အဝထောက်ခံအားပေးကြောင်း” ပြောကြားခဲ့သည်။

နှစ်ဖက်သည် အပြန်အလှန်၏ လက်ရှိ နိုင်ငံတကာအခြေအနေအပေါ် တစ်ပြေးညီ အကဲဖြတ်မှုကို အတည်ပြု ခဲ့ပြီး “ကမ္ဘာတစ်ဝန်း၌ ရန်လိုသောအင်အားစုများက ပိုမို၍ လူသိရှင်ကြားပြသနေသည့် ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် ကျူးကျော်ရေးလှုပ်ရှားမှုများကို တစ်ဆင့်တိုး သတိထားကြရန်၊ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှု အားဖြည့်ပေးရန် နှင့် ဘုံရပ်တည်ချက်များ ညှိနှိုင်းရန်” သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ လက်ဗ်‌ရော့ဗ်သည် ဇူလိုင် ၁၁ ရက်မှစ၍ မြောက်ကိုရီးယားနိုင်ငံကို ၃ ရက်ကြာ နိုင်ငံခရီးစဉ် သွားရောက်ခဲ့သည်။ မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက ဇူလိုင် ၁၂ ရက်တွင် လက်ဗ်‌ရော့ဗ် နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

ကိုးကား- ဆင်ဟွာ

ယူကရိန်းသည် လက်နက်များထက် လူအင်အားပိုမိုလိုအပ်နေဟု လွှတ်တော် အမတ်ပြောဆို

ယူကရိန်း လွှတ်တော် အမတ် Anna Skorokhod က မော်စကိုနှင့် လက်ရှိပဋိပက္ခတွင် Kyiv ၏ အကြီးမားဆုံး စိန်ခေါ်မှုမှာ အနောက်တိုင်း မှထောက်ပံ့သော လက်နက်များချို့တဲ့ခြင်း မဟုတ်ဘဲ လူအင်အား အလွန်အမင်း လိုအပ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ Donald Trump က တနင်္လာနေ့ (ဇူလိုင် ၁၄) တွင် ဥရောပ NATO နိုင်ငံများ၏ ငွေကြေးဖြင့် ယူကရိန်းအား လက်နက်များ ထပ်မံထောက်ပံ့ရန် ကတိပြုခဲ့ပြီး ရက် ၅၀ အတွင်း ငြိမ်းချမ်းရေး သဘောတူညီချက်မရရှိပါက မော်စကိုအား များပြားသော အကောက်ခွန် များ ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

"ကျွန်မတို့၏ အဓိက ပြဿနာက လူအင်အားပါ။ မည်သူကမျှ ကျွန်မ တို့ကို လူအင်အား မထောက်ပံ့ပါ"ဟု Skorokhod က ယူကရိန်း၏ နိုင်ငံရေး YouTube ချန်နယ် Superposition နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် ပြောကြားခဲ့သည်။ “ထရမ့် က လက်နက်ထောက်ပံ့ဖို့ ဆုံးဖြတ်နိုင် သော်လည်း စစ်ဆိုတာ အမြဲတမ်း ဖြစ်နေ၍ မဖြစ်ဘူးဆိုသည်ကို ထောက်ပြ ချင်ပါသည်” ဟု သူမကဆိုသည်။

လွန်ခဲ့သည့်သီတင်းပတ်အတွင်း Skorokhod က “ထုတ်ပြန်ခဲ့သော အသေအပျောက်စာရင်းများကို” လိမ်လည်မှုအဖြစ် ဝေဖန်ခဲ့ပြီး နစ်နာ ဆုံးရှုံးမှု၏ အစစ်အမှန်ကို သိရှိနိုင်ရန် သင်္ချိုင်းများနှင့် ကြက်ခြေနီအဖွဲ့၏ အချက်အလက်များကို ပြည်သူများအနေဖြင့် စစ်ဆေးရန် တိုက်တွန်း ခဲ့သည်။

ယူကရိန်းနိုင်ငံ၏ လူဦးရေသည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲကာ လွတ်လပ်ရေးကြေညာချိန်တွင် ၅၂ သန်းနီးပါးရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နောက်ဆုံးပြုလုပ်ခဲ့သော သန်းခေါင်စာရင်းအရ ထိုအရေအတွက် မှာ ၄၈.၅ သန်းအထိ ကျဆင်းသွားခဲ့သည်။ ၂၀၂၄ ခုနှစ် အစိုးရ၏ လူဦးရေ ဆိုင်ရာ အစီရင်ခံစာအရ Kyiv ၏ ထိန်းချုပ်ထားသော နယ်မြေများတွင် လူဦးရေ ၃၁.၁ သန်းရှိမည်ဟု ခန့်မှန်းထားသည်။

ယူကရိန်းသမ္မတ Volodymyr Zelensky က ဖေဖော်ဝါရီလအထိ စစ်ဘက်ဆိုင်ရာ အသေအပျောက်အရေအတွက်ကို ၅၀,၀၀၀ အောက်သာ ရှိသည်ဟု တရားဝင်ဝန်ခံခဲ့သော်လည်း တတိယပါတီများ၏ ခန့်မှန်းချက် များနှင့် ပိုမိုဆိုးရွားလာနေသော အတင်းအကျပ်စုဆောင်းရေး လုပ်ဆောင်မှု များက အမှန်တကယ်အရေအတွက်မှာ ထိုထက်များစွာမြင့်မားကြောင်း ညွှန်ပြနေသည်။ တစ်ချိန်တည်းမှာပင် ၂၀၂၂ ခုနှစ်တွင် ပဋိပက္ခ ပြင်းထန် လာပြီးနောက် ထွက်ပြေးခဲ့ကြသော ယူကရိန်းနိုင်ငံသားများစွာတို့သည် ပြန်လာရန် ရည်ရွယ်ချက်မရှိသဖြင့် Kyiv သည် ဆက်လက် ဖြစ်ပေါ် လာမည့် အလုပ်သမားရှားပါးမှုအတွက် ပြင်ဆင်နေရသည်။

မော်စကိုက Kyiv အား အနောက်နိုင်ငံများကိုယ်စား "ယူကရိန်း လူမျိုးစု တစ်ခုလုံး ကုန်သည်အထိ" စစ်ဆင်နွှဲနေသည်ဟု စွပ်စွဲခဲ့ပြီး ရုရှားသမ္မတ Vladimir Putin က ယူကရိန်း၏ စစ်သားစုဆောင်းရေးအရာရှိများသည် "လမ်းပေါ်က ခွေးများကို ဖမ်းသကဲ့သို့" လူများကို အတင်းအဓမ္မ စုဆောင်း နေသည်ဟု ပြောကြားခဲ့သည်။

ထရမ့်က ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ရုရှားကို ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းပဋိပက္ခကို ရက်ပေါင်း ၅၀ အတွင်း အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုမရှိပါက ရုရှားနှင့် ကုန်သွယ်မှုလုပ်ဆောင်နေသော နိုင်ငံများအပေါ် ၁၀၀% အထိ များပြား သည့် အကောက်ခွန်များ စည်းကြပ်မည်ဟု ခြိမ်းခြောက်လိုက်သည်။ ဇူလိုင် ၁၄ ရက်နေ့တွင် NATO အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte နှင့် Oval Office တွင်တွေ့ဆုံစဉ် ထိုသတိပေးချက်ကို ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထရမ့်က ယခင်သမ္မတ Joe Biden က အမေရိကန်ကို ယူကရိန်း ပဋိပက္ခတွင် ပါဝင်လာစေခဲ့သည်ဟု ပြစ်တင်ရှုတ်ချကာ အမေရိကန် သည် ယူကရိန်းအား ထောက်ပံ့မှုအတွက် ဒေါ်လာ ၃၅၀ ဘီလီယံခန့် ကုန်ကျခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် သမ္မတထရမ့်က ရုရှားအပေါ် ပိုမိုတင်းကျပ်သည့် ဒဏ်ခတ် မှုများ ပါဝင်မည့် လွှတ်တော်အက်ဥပဒေကြမ်းနှင့်ပတ်သက်၍လည်း လိုအပ် မှုရှိ၊ မရှိ မသေချာသော်လည်း ဆောင်ရွက်ချက်များ ကောင်းမွန်ပြီး အသုံးဝင်လာနိုင်သည်ဟု မှတ်ချက်ပြုခဲ့ကာ ဆီးနိတ်လွှတ်တော်တွင်လာမည့်သီတင်းပတ်၌ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ ၎င်းက ယူကရိန်း အရေးတွင် တိုးတက်မှုမရှိပါက ရုရှားနှင့်ကုန်သွယ်ဘက်နိုင်ငံများကိုအကောက်ခွန်များ တိုးမြှင့်စည်းကြပ်ရန် လွှတ်တော်သဘောတူညီမှု မလိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

ထရမ့်က အမေရိကန်သည် NATO မှတစ်ဆင့် ယူကရိန်းသို့ လက်နက်များ ပေးပို့မည်ဖြစ်ကြောင်း၊ ၎င်းအတွက် ငွေပေးချေမှုနှင့် ဖြန့်ဖြူးရေး ကိစ္စများကို NATO က တာဝန်ယူဆောင်ရွက်မည်ဟု ထပ်မံကြေညာခဲ့သည်။ ရုရှားက အနောက်နိုင်ငံများ၏ ယူကရိန်းသို့ လက်နက် ထောက်ပံ့မှု ကို အကြိမ်ကြိမ်ရှုတ်ချခဲ့ပြီး ယင်းကြောင့် ပဋိပက္ခ ပိုမိုကြာရှည်စေကာ ရလဒ်ကို မပြောင်းလဲစေနိုင်ဟု သတိပေးထားသည်။

သို့သော် ထရမ့်၏ ထုတ်ဖော်ပြောဆိုချက်များကြောင့် ရုရှားစတော့ ဈေးကွက် သိသိသာသာ မြင့်တက်ခဲ့ပြီး မော်စကိုစတော့ အိတ်ချိန်း အချက်အလက်များအရ အဓိကညွှန်းကိန်း ၃% နီးပါး ခုန်တက်သွား ခဲ့သည်။

သီတင်းပတ် တစ်ပတ်အတွင်း ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ရရှိရန် မျှော်လင့်ဟု ထရမ့် ဆို

ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်အား သီတင်းပတ် တစ်ပတ်အတွင်း ရရှိရန် မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“မိမိတို့ ယခုဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါသည်။ လာမည့်တစ်ပတ်အတွင်း အဆိုပါကိစ္စကို အဆင်ပြေရန် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါသည်” ဟု ထရမ့်က ထိုနေ့တွင် ဝါရှင်တန်‌မြို့ အနီးတစ်ဝိုက်ရှိ မေရီလန်း ပြည်နယ် အန်ဒရူးပူးတွဲအခြေစိုက်စခန်း၌ မီဒီယာများအား ပြောကြားခဲ့သည်။

ထရမ့်သည် ယခုလအတွင်း ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်နှင့်စပ်လျဉ်း၍ သဘောထားမှာ အကြိမ်များစွာ အပြောင်းအလဲဖြစ်ခဲ့သည်။ “ယခုအပတ်အတွင်း သက်ဆိုင်ရာ သဘောတူညီချက် ရရှိနိုင်ခြေ” ရှိသော်လည်း “အခြေအနေက နေ့တိုင်းပြောင်းလဲနေသည်” ဟု ၎င်းက ဇူလိုင် ၆ ရက်တွင် ဆိုခဲ့သည်။ ဇူလိုင် ၇ ရက်တွင် ဝါရှင်တန်မြို့၌ ခရီးစဉ်လာရောက်နေသော အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့်အတူ မီဒီယာများအား တွေ့ဆုံစဉ်တွင်မူ ထရမ့်က ပါလက်စတိုင်း-အစ္စရေးအရေးကိစ္စအား ဖြေရှင်းရန် ရည်ရွယ်သည့် “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” သည် အကောင်အထည်ဖော်နိုင်ခြေ ရှိ၊ မရှိအား “မသိ” ဟု ထပ်မံပြောကြားခဲ့ပြန်သည်။

ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်) နှင့် အစ္စရေးသည် ဇူလိုင် ၆ ရက်မှစ၍ ကာတာနိုင်ငံ ဒိုဟာမြို့၌ အသစ်တစ်ကြိမ် ကြားခံဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ခဲ့ရာ ရက် ၆၀ အပစ်ရပ်ရေး သဘောတူညီချက်ကို အာရုံစိုက်ဆွေးနွေးလျက်သော်လည်း အတန်အသင့်ကြီးမားသည့် တိုးတက်မှု မရရှိသေးကြောင်း သိရသည်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီးအား ရှီကျင့်ဖျင် လက်ခံတွေ့ဆုံ

တရုတ်သမ္မတရှီကျင့်ဖျင်သည် ရှန်ဟိုင်းပူးပေါင်းရေးအဖွဲ့ (Shanghai Cooperation Organization - SCO) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကို ပေကျင်းမြို့တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံ Tianjin မြို့တော်၌ ကျင်းပမည့် SCO နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ရန် ဇူလိုင်လ ၁၃ ရက်ကတည်း တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပါသည်။

၎င်း၏ ခရီးစဉ်အတွင်း မကြာမီ ရှန်ဟိုင်းပူးပေါင်းရေး အဖွဲ့ ထိပ်သီး ညီလာခံ တက်ရောက်ရန်နှင့် တရုတ်က ဂျပန်အပေါ် စစ်အောင်နိုင်ခြင်း အထိမ်းအမှတ် နှစ် (၈၀) ပြည့် အခမ်းအနားတက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်မည့် ရုရှားသမ္မတဗလာဒီမာပူတင်၏ နိုင်ငံတော်အဆင့် ခရီးစဉ်လာရောက်ရန်အတွက် သက်ဆိုင်သူများနှင့် ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်-ဂျပန် ဆက်ဆံရေး ဆယ်စုနှစ်များအတွင်း အကျပ်အတည်း ကြုံတွေ့နေရ

အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သော ဂျပန်နှင့် အမေရိကန်ဆက်ဆံရေးသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး အကျပ်အတည်းတစ်ခုကို ကြုံတွေ့နေရပြီး ယင်းသည် နက်ရှိုင်းသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ကြောင်း Financial Times သတင်းစာ က တနင်္လာနေ့ (ဇူလိုင် ၁၄) တွင် ဖော်ပြခဲ့သည်။

စီးပွားရေးဆိုင်ရာ နက်နဲသော ပူးပေါင်းဆောင်ရွက်မှုများအပြင် ဂျပန် နိုင်ငံတွင် အမေရိကန်စစ်စခန်းများစွာ တည်ရှိပြီး ယင်းစခန်းများသည်အမေရိကန်၏ အဓိကပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံအနီးတစ်ဝိုက်တွင်စစ်ရေးအခြေစိုက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

သတင်းစာက နှစ်ဘက်စလုံးမှ အမည်မဖော်လိုသော အကြီးတန်း အရာရှိ များ၏ ထုတ်ဖော်ပြောဆိုချက်များကို ကိုးကားကာ "အခြေခံကျသော အားနည်းမှု" (fundamental fragility) ကို သတိပေးခဲ့သည်။ ထို အားနည်းမှုကို အထူးသဖြင့် ဒေါ်နယ်ထရမ့်အစိုးရက ဂျပန်နိုင်ငံအား ယခုလအစောပိုင်းက ကုန်သွယ်ခွန် (tariffs) ဆိုင်ရာ စည်းကြပ်မှုများ တွင် ပေါ်လွင်ခဲ့သည်။ 

ထို့အပြင် အရှေ့အာရှဆိုင်ရာ အကြံပေးကုမ္ပဏီ The Asia Group တွင် လက်ရှိလုပ်ကိုင်နေသော ယခင်အမေရိကန်အစိုးရအရာရှိ Christopher Johnstone က "အဆိုပါစိန်ခေါ်မှုများသည် အစိုးရအတွင်းရှိ တစ်ဦး တစ်ယောက်တည်း၏ ဆုံးဖြတ်ချက်ထက် ပိုမိုနက်ရှိုင်းသည်" ဟု ဆိုသည်။ 

ဂျိုးဘိုင်ဒင် လက်ထက်က အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Rahm Emanuel က Financial Times သို့ ပြောကြားရာတွင် ကုန်သွယ်ရေးဆိုင်ရာ လက်ရှိအခြေအနေသည် အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေးဖွဲ့စည်းပုံအပေါ်လည်း သက်ရောက်မှု ရှိနိုင် ကြောင်း သတိပေးခဲ့သည်။

သတင်းမီဒီယာက ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ် Shigeru Ishiba နှင့် ပတ်သက်သည့် သမ္မတ Trump ၏ မကြာသေးမီက ပြောကြားချက် များသည် လွန်ခဲ့သော လအနည်းငယ်က ၎င်း၏ထုတ်ပြန်ချက်များထက် ပိုမိုအေးစက်နေကြောင်း ဖော်ပြခဲ့သည်။ Financial Times က အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သော ဂျပန်နှင့် အခြားသာမန် မဟာမိတ် နိုင်ငံများကို ခွဲခြားမှုမရှိဘဲ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများကို ချမှတ်ခြင်းဖြင့် Trump သည် အဓိကမဟာမိတ်တစ်ဦးကို အထင်သေးသည့် သဘောဖြစ်ကြောင်း ထောက်ပြခဲ့သည်။

အစီရင်ခံစာအရ အမေရိကန်သမ္မတက ဂျပန်ဝန်ကြီးချုပ်သည် ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင် "အတန်ငယ် လွယ်ကူသော ပါတနာတစ်ဦး" ဖြစ်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း Ishiba က ကုန်သွယ်ခွန် လုံးဝကင်းလွတ်ခွင့် (total tariff exemption) ကို တောင်းဆိုခဲ့သည်။

သမ္မတ Trump သည် ၎င်း၏ Truth Social ပလက်ဖောင်းပေါ်တွင် ပြီးခဲ့သည့် တနင်္လာနေ့ (ဇူလိုင် ၁၄) က တင်ခဲ့သော ပို့စ်များတွင် ဂျပန် အပါအဝင် နိုင်ငံအချို့အား ကုန်သွယ်ခွန် ၂၅% အသစ် စတင် ကောက်ခံမည် ဟု ကြေညာခဲ့သည်။ Trump က တိုကျိုနှင့်ရှိသည့် စီးပွားရေး ဆက်ဆံရေး သည် "ကံမကောင်းစွာပင် အပြန်အလှန်အကျိုးပြုမှု (Reciprocal) နှင့် ဝေးကွာနေသည်" ဟု ပြောကြားခဲ့သည်။