သတင်းများ

မြန်မာအစိုးရတာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အာဆီယံ ကိုယ်စားလှယ်အဖွဲ့သည် လာမည့်လတွင် နေပြည်တော်သို့ သွားရောက်မည်

မြန်မာအစိုးရတာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အာဆီယံ ကိုယ်စားလှယ်အဖွဲ့သည် လာမည့်လတွင် နေပြည်တော်သို့ သွားရောက်မည် ဖြစ်သည်ဟု Bangkok Post သတင်းကဖော်ပြသည်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂျမ်ပွန်ဆာ (Maris Sangiamponsa) က ကိုယ်စားလှယ် အဖွဲ့တွင် ၎င်း၏ နိုင်ငံမှ တရားဝင် ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ကြောင်း ဇူလိုင် ၉ ရက်က ကွာလာလမ်ပူတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဝန်ကြီး၏အဆိုအရ ထိုနေ့တွင်ကျင်းပသည့် မြန်မာနိုင်ငံအခြေအနေဆိုင်ရာ အလွတ်သဘောအစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများသည် အကျပ်အတည်းဖြေရှင်းရေးအတွက် အခြေခံအဖြစ် အာဆီယံ ငါးရပ်၏ သဘောတူညီမှုကို ထောက်ခံကြောင်း ထပ်မံ အတည်ပြု ခဲ့သည်။

“အာဆီယံက မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်ငြိမ်ပြီး ပြည်သူတွေ အတွက် လုံခြုံသည့်နိုင်ငံဖြစ်အောင် လိုလားပါသည်” ဟု ဝန်ကြီးက ပြောကြားပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခတွင် ပါဝင်သည့် အင်အားစုအားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ရန် တောင်းဆိုထားကြောင်း၊ ၎င်း၏အဆိုအရ ထိုင်းနိုင်ငံသည် ယင်းသို့ တွေ့ဆုံ ဆွေးနွေးရာတွင် အဆင်ပြေချောမွေ့စေရန် အဆင်သင့်ရှိသော်လည်း “အကျပ်အတည်းတွင် ပါဝင်ပတ်သက်သူအားလုံး၏ ပါဝင်မှုမရှိဘဲ မြန်မာနိုင်ငံကို အာဆီယံတွင် မည်သို့လုပ်ဆောင်ရမည်ကို ဝေဖန်သုံးသပ်ရမည့် အကြောင်းချင်းရာ မရှိကြောင်း ရေးသားဖော်ပြပါသည်။

ကိုးကား - Bangkok Post

လာဗရောဗ့်၏ မြောက်ကိုရီးယား ခရီးစဉ်စတင်

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov သည် မြောက်ကိုရီးယားသို့ သုံးရက်ကြာ ခရီးစဉ်စတင်ခဲ့ပြီး ယူကရိန်းပဋိပက္ခကာလအတွင်း နိုင်ငံ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာနေကြောင်း သိသာစေခဲ့သည်။

၂၀၂၄ ခုနှစ် ဇွန်လတွင် မော်စကိုနှင့် ပြုံယမ်းတို့က ကာကွယ်ရေး စာချုပ် ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် မြောက်ကိုရီးယားက ရုရှား၏ Kursk ဒေသသို့ ယူကရိန်းတပ်များ ကျူးကျော်ဝင်ရောက်မှုကို တွန်းလှန်ရန် စစ်သည်များ စေလွှတ်ခဲ့သည်။

Wonsan တွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son-hui နှင့် တွေ့ဆုံစဉ် Lavrov က နိုင်ငံနှစ်နိုင်ငံအကြား ဆက်ဆံရေးကို “ပြောပြ၍ မရနိုင်လောက်သည့် ညီရင်းအစ်ကိုသဖွယ်ဆက်ဆံရေး” ဟု ချီးကျူး ခဲ့သည်။

“Kursk ဒေသတွင် ကိုရီးယားပြည်သူ့တပ်မတော်၏ ရဲရင့်သော စစ်သည် များသည် ရုရှားတပ်များနှင့်အတူ ယူကရိန်း Nazi များထံမှ နယ်မြေကို လွတ်မြောက်စေရန် မိမိတို့၏သွေးနှင့် အသက်များကို စတေးကာတိုးတက်မှုရရှိစေခဲ့ခြင်းဖြင့် အဆိုပါအကဲဖြတ်ချက်သည် မှန်ကန်ကြောင်း သက်သေပြခဲ့သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ယူကရိန်းတပ်များသည် ရုရှား၏ အပြည်ပြည် ဆိုင်ရာအသိအမှတ်ပြု နယ်နိမိတ်ကို ဖြတ်ကျော်ကာ Sudzha မြို့နှင့် နယ်စပ်ကျေးရွာများစွာကို သိမ်းပိုက်ခဲ့သည်။ ယူကရိန်းခေါင်းဆောင် Vladimir Zelensky က ထိုအချိန်က အနာဂတ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် အကျိုးကျေးဇူးရရှိရန် ကြိုးပမ်းမှုတစ်ခုအဖြစ် အဆိုပါ တိုက်ခိုက်မှု ကို ဖော်ပြခဲ့သည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် နောက်ဆုံး ယူကရိန်းတပ် များကို ထိုဒေသမှ နှင်ထုတ်ခဲ့သည်။

ရုရှား၏ လုံခြုံရေးကောင်စီအတွင်းရေးမှူး Sergey Shoigu က မကြာသေးမီက Kursk ဒေသတွင် အခြေခံအဆောက်အအုံများ ပြန်လည် တည်ဆောက်ရန် မြောက်ကိုရီးယားမှ မိုင်းရှင်းရှင်းလင်းရေးစစ်သည် ၁,၀၀၀ နှင့် စစ်မြေပြင်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် ၅,၀၀၀ ကို စေလွှတ်မည် ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တရုတ်နိုင်ငံက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေးကိစ္စတွင် ကူညီ ဖြေရှင်းပေးရန် အဆင်သင့်ရှိကြောင်း ပြောကြား

တရုတ်နိုင်ငံသည် ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa အား ပြောကြား ခဲ့သည်။ 

ဝန်ကြီး ဝမ်ရိက ထိုင်း-ကမ္ဘောဒီးယား နယ်နိမိတ်အရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် “ဘက်လိုက်မှုမရှိဘဲ တရားမျှတသော” ရပ်တည်ချက်ကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံနှစ်ခုဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့အနေဖြင့် အဆိုပါကိစ္စကို မိတ်ဖက်ပီပီ ညှိနှိုင်းဆွေးနွေး၍ ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

ကြာသပတေးနေ့ (ဇူလိုင် ၁၁ ရက်) တွင် မလေးရှားနိုင်ငံ၌ ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး ဘေးဘက်တွင် ဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့ တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ကိုးကား- Bangkok Post

ချင်းပြည်သစ်ကွန်ဂရက်ပါတီ [New Chinland Congress (NCC)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

MOI

ယခုလအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့် စကော့တလန်သို့ သွားရောက်ဖွယ်ရှိ

အီဒင်ဘာ့ဂ် ဇူလိုင် ၁ဝ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုလကုန်ပိုင်းအတွင်း စကော့တလန်သို့သွားရောက်ဖွယ်ရှိကြောင်း ဇူလိုင် ၉ ရက်သတင်းများတွင် ရေးသား ဖော်ပြထားသည်။

လက်ရှိအချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပါခရီးစဉ်အတွက် စကော့တလန်ရဲတပ်ဖွဲ့က လုံခြုံရေးအရ ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း စကော့တလန် အစိုးရသတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

သို့ရာတွင် သမ္မတ ဒေါ်နယ် ထရမ့်၏စကော့တလန်ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်အစိုးရနှင့် စကော့တလန် အစိုးရတို့က တရားဝင် အတည်ပြုသေးခြင်းမရှိကြောင်း သိရသည်။

အကယ်၍ အတည်ပြုခဲ့ပါက ယင်းခရီးစဉ်သည် သမ္မတဒေါ်နယ်ထရမ့်အတွက် အမေရိကန်သမ္မတ ရာထူးကို ဒုတိယအကြိမ်ရယူခဲ့ပြီး နောက်ပိုင်း ပထမဆုံးဗြိတိန် ခရီးစဉ်ဖြစ်လာလိမ့်မည်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် စကော့တလန်အဘား ဒင်းရှိုင်းယားနယ်၌ ဂေါက်ကွင်း တစ်ကွင်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုနှစ် စက်တင်ဘာလအတွင်း ဗြိတိန်သို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper

ပညာရေးသည် ဆက်ဆံရေးကို မြှင့်တင်ပေးသည့် 'ပျော့ပြောင်းသော သံတမန်ရေး' ဖြစ်သည်ဟု မလေးရှား ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ပြောကြား

ရုရှားနှင့် မလေးရှားတို့အကြား ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေး တည်ဆောက်ရာတွင် ပညာရေးသည် "ပျော့ပြောင်းသော သံတမန်ရေး" အဖြစ် အရေးပါကြောင်း မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်မှ ရုရှားဖက် ဒရေးရှင်း၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Teoh Seng Lee က RT သို့ ပြောကြားခဲ့သည်။ ရုရှားတက္ကသိုလ်များမှ ဘွဲ့ရသူများသည် အနောက် တိုင်းမီဒီယာများ၏ ရုရှားအပေါ်အမြင်နှင့် ကွဲပြားသောအမြင်ကို မျှဝေ လိမ့်မည်ဟု ၎င်းက ရှင်းပြခဲ့သည်။

ကြာသပတေးနေ့ (ဇူလိုင် ၁၀) က ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အာဆီယံဖိုရမ် အခမ်းအနားအပြီးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က Teoh Seng Lee အား "For Interaction" ဂုဏ်ပြုဆု တံဆိပ်အပ်နှင်းခဲ့သည်။ ၎င်းသည် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ဆက်ဆံရေးများ မြှင့်တင်ရာတွင် ဆယ်စု နှစ်များစွာ အားထုတ်ခဲ့သည့် ဂုဏ်ထူးဆောင် သံတမန်တစ်ဦးအတွက် အသိအမှတ်ပြုခြင်းဖြစ်သည်။

Teoh Seng Lee ၏ အဆိုအရ လွန်ခဲ့သော နှစ် ၃၀ အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရန်အတွက် ၎င်း၏ အကြီးမားဆုံး အောင်မြင်မှုမှာ မလေးရှားကျောင်းသားများအား ရုရှားတွင် ပညာသင်ကြားခွင့် ဖန်တီး ပေးခြင်း ဖြစ်သည်။

“ယခုအခါတွင် ရုရှားမှ ဘွဲ့ရထားသော ဆရာဝန်များ၊ အင်ဂျင်နီယာများ မလေးရှားတွင် ထောင်နှင့်ချီ ရှိနေပါပြီ” ဟု ဆုတံဆိပ် အပ်နှင်းပွဲ အပြီးတွင် ၎င်းက RT နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

“ပညာရေးသည် ပျော့ပြောင်းသော သံတမန်ရေး ဟု တင်စားခေါ်ဆိုကြပါသည်။ ပညာရေးမှတစ်ဆင့်သာ မိမိတို့သည် အလွန် ကောင်းမွန်သော ဆက်ဆံရေးများကို တည်ဆောက်နိုင်ပါသည်” ဟု ဂုဏ်ထူးဆောင် ကောင်စစ်ဝန်က ဆိုသည်။ ထို့အပြင် ပညာသင်ပြီး ပြန်လာသူ ကျောင်းသား များစွာသည် “ရုရှားနိုင်ငံအပေါ် ကောင်းမွန်သော အမှတ်တရများ” ရှိကြသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Teoh Seng Lee က မီဒီယာများတွင် ပျံ့နှံ့နေသော “အပျက် သဘော ဆောင်သည့် လုပ်ကြံဇာတ်လမ်းများ” ကို ကာကွယ်ရန်အတွက် ထိုအချက်မှာ အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ရုရှားမှ ပညာသင်ယူခဲ့သူအများအပြားသည် “ထိုအချည်းနှီးသော သတင်းများကို ကြားရသည့် အခါ အံ့အားသင့်သွားကြသည်” ဟု ၎င်းက ဆိုသည်။

မလေးရှား ဘွဲ့ရများသည် သတင်းများတွင် တွေ့မြင်ရသည့် ရုရှား၏ သဏ္ဍာန်နှင့် ကွဲပြားသော အမြင်တစ်ခုဖြင့် ပြန်လာကြမည်ဖြစ်ပြီး ထိုအရာသည် အရေးကြီးသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ထိုထက်ပို၍ အရေးကြီးသည်မှာ ၎င်းတို့လုပ်ကိုင်နေသည့် အလုပ်၏ အရည်အသွေးပင် ဖြစ်သည်။ မိမိတို့၏ ဘွဲ့ရအများအပြားသည် ယခု အခါတွင် သက်ဆိုင်ရာနယ်ပယ်များတွင် ကျွမ်းကျင်သူများ ဖြစ်လာကြပြီ” ဟု Teoh Seng Lee က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်း၏ ပုဂ္ဂိုလ်ရေး နှလုံးအထူးကုဆရာဝန်သည်လည်း ထိုအုပ်စုထဲမှ တစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဂုဏ်ထူးဆောင် ကောင်စစ်ဝန်သည် ရုရှားအစိုးရအနေဖြင့် မလေးရှားနှင့် ပညာရေးဖလှယ်ရေးလုပ်ငန်းများကို ပိုမိုချဲ့ထွင်ကာ ပညာသင်ဆုများ ပိုမိုဖိတ်ခေါ်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်က ယူကရိန်းသို့ ဒေါ်လာ သန်း ၃၀၀ တန် လက်နက်များ ပေးပို့ မည်ဟု Reuters ဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပထမဆုံးအကြိမ်အဖြစ် ပင်တဂွန် ၏ လက်နက်သိုလှောင်ရုံများမှ ယူကရိန်းသို့ လက်နက်များ တိုက်ရိုက် ပေးပို့ရန် ၎င်း၏အခွင့် အာဏာကို အသုံးပြုမည်ဟု Reuters က ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် ခိုင်လုံသော အရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ထရမ့်အစိုးရသည် ယခုအချိန်အထိ သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက် က အတည်ပြုထားသော လက်နက်များကိုသာ ပေးပို့ခဲ့သော်လည်း၊ Presidential Drawdown Authority (PDA) သည် ထရမ့်အား အရေးပေါ် အခြေအနေတွင် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့ခွင့်ပြုထားသည်။

အဆိုပါအသစ်ပေးပို့မည့်လက်နက်များသည် ဒေါ်လာ သန်း ၃၀၀ ခန့် တန်ပြီး Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ဒုံးကျည်များနှင့် တာလတ်ပစ်ဒုံးကျည်များ ပါဝင်နိုင်သည်ဟု သတင်းများက ဆိုသည်။

အဆိုပါ လုပ်ဆောင်ချက်သည် ပြည်တွင်းလက်နက်သိုလှောင်ရုံများ ကုန်ခန်းမည်ကိုစိုးရိမ်ရသည့် ပင်တဂွန်၏ မကြာသေးမီက အချို့လက်နက်ပို့ဆောင်မှုများကို ရပ်ဆိုင်းခဲ့သည့် ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်လာမည်ဖြစ်သည်။ Kiev သို့ အကူအညီတိုးမြှင့်ပေးရန် ကြာရှည်စွာ က သံသယရှိခဲ့သူ ကာကွယ်ရေးဝန်ကြီး Pete Hegseth သည် ထရမ့်နှင့် တိုင်ပင်ခြင်းမရှိဘဲ ယာယီရပ်ဆိုင်းရန် အမိန့်ပေးခဲ့သည်ဟု သိရသည်။

သမ္မတထရမ့်က ယခုသီတင်းပတ်အစောပိုင်းတွင် ယူကရိန်းသို့ လက်နက် များ ထပ်မံပေးပို့မည်ဟု အတည်ပြုခဲ့ပြီး၊ နောက်ပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio က သတင်းထောက်များအား ယာယီရပ်ဆိုင်းမှု သည် “ကံမကောင်းစွာဖြင့် အဓိပ္ပာယ်လွဲမှားစွာ ဖော်ပြခံခဲ့ရကြောင်း” ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကမ်ပိန်းအတွင်း ထရမ့်သည် ဘိုင်ဒင် ၏ ယူကရိန်းအား ကန့်သတ်ချက်မရှိ ထောက်ပံ့မှုများကို ဝေဖန်ခဲ့ပြီး ယူကရိန်း ခေါင်းဆောင် Zelensky အား ဒီမိုကရက်များကို လက်နက်များ ဆက်လက်ပေးပို့ရန် ဖြားယောင်းသွေးဆောင်နိုင်သူအဖြစ် “ကမ္ဘာ့အကြီးကျယ်ဆုံး အရောင်းသမား” ဟု သရော်ခဲ့သည်။

ယူကရိန်းတပ်များသည် ရုရှားထံမြေပိုင်ဆိုင်မှုများ ပြန်လည်ဆုံးရှုံးနေရပြီး အရံတပ်သားအသစ်များ ဖြည့်တင်းရာတွင် ခက်ခဲမှုများ တိုးပွားလာနေချိန်တွင် လက်နက်ထောက်ပံ့မှုများမှာ အရေးပါဆဲဖြစ်သည်။

မော်စကိုကမူ နိုင်ငံခြားအထောက်အပံ့လက်နက်များသည် ၎င်း၏ရည်မှန်းချက်များ အောင်မြင်ရန် ဟန့်တားနိုင်မည်မဟုတ်ဟု အခိုင်အမာ ဆိုထားသည်။ လွန်ခဲ့သည့်လက သမ္မတဗလာဒီမာ ပူတင်က အနောက်နိုင်ငံများ၏ ယူကရိန်းသို့လက်နက်ထောက်ပံ့မှုကို “ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်မှု” အဖြစ် ရုရှားက မှတ်ယူကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ယူကေနှင့် ပြင်သစ်တို့က နျူကလီးယားလက်နက်ဆိုင်ရာ သဘောတူညီမှု အသစ်ကို ကြေညာ

ဗြိတိန်နှင့် ပြင်သစ်တို့သည် ဥရောပအတွင်း လုံခြုံရေးခြိမ်းခြောက်မှုများ တိုးမြင့်လာသည်ဟု ရှုမြင်သည့်အတွက် ၎င်းတို့၏ နျူကလီးယား လက်နက်များကို ပိုမိုပူးပေါင်းအသုံးပြုရန် သဘောတူညီမှုအသစ်ကို ကြေညာခဲ့သည်။ မော်စကိုမှ အဆိုပါလုပ်ရပ်ကို NATO ၏ ရုရှား ဆန့်ကျင်ရေး ပွင့်လင်းမြင်သာသောမူဝါဒ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ကာ ယင်းသဘောတူညီမှုကို ၎င်း၏ စစ်ရေးအစီအစဉ်များတွင် ထည့်သွင်းစဉ်းစားသွားမည်ဟု သတိပေးခဲ့သည်။

ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် အစိုးရနှစ်ရပ်က ဗြိတိန်နှင့် ပြင်သစ်၏ အဏုမြူလက်နက်များသည် နိုင်ငံနှစ်ခု၏ အဓိကအကျိုးစီးပွားများကို ကာကွယ်ရန်ရည်ရွယ်ကြောင်း၊ ၎င်းတို့၏ နျူကလီးယားတပ်ဖွဲ့များသည် လွတ်လပ်သော်လည်း ညှိနှိုင်း ဆောင်ရွက်နိုင်ပြီး NATO အဖွဲ့၏ စုပေါင်းလုံခြုံရေးအတွက် အရေး ပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက အဆိုပါသဘောတူညီမှုကို “Northward ကြေညာချက်” အဖြစ် ဂုဏ်ပြုခဲ့ပြီး NATO ၏ ပြိုင်ဘက်များအား “ဥရောပတိုက်အတွက် မည်သည့်ပြင်းထန်သော ခြိမ်းခြောက်မှုမဆို မိမိတို့နှစ်နိုင်ငံထံမှ တုံ့ပြန်မှု ကို ဖြစ်ပေါ်စေမည်” ဟု သတိပေးခဲ့သည်။

လန်ဒန်နှင့် ပါရီတို့သည် ၎င်းတို့၏ ပူးပေါင်းတပ်ဖွဲ့များကို ချဲ့ထွင်ရန်နှင့် အနာဂတ်ပြိုင်ဘက်များအား ဟန့်တားရန် (သို့) ကာကွယ်ရန်အတွက် အပြည့်အဝစစ်တိုက်နိုင်သည့် အဆင့်သို့ ရောက်ရှိရန် ကတိပြုခဲ့ကြသည်။

စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး သုတေသနအင်စတီကျု (SIPRI) ၏ အချက်အလက်များအရ ဗြိတိန်သည် နျူထိပ်ဖူး ၂၂၅ ခုခန့်၊ ပြင်သစ်တွင် ၂၉၀ ခန့် ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းရပြီး အမေရိကန်နှင့် ရုရှားနိုင်ငံတို့တွင် နျူထိပ်ဖူး ၅၀၀၀ ကျော်စီ ပိုင်ဆိုင်ထားသည်။

တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆာဂေး ရီယာဘ်ကော့ဗ်က မော်စကိုအနေဖြင့် ဝါရှင်တန်၏ အနီးကပ် NATO မဟာမိတ်များဖြစ်သော ဗြိတိန်နှင့် ပြင်သစ်တို့၏ ပေါင်းစည်းအား ကို လျစ်လျူရှုမထားကြောင်း သတိပေးခဲ့သည်။

မတ်လအတွင်းက မက်ခရွန်က ပြင်သစ်၏ နျူကလီးယား အကာအကွယ်ကို ဥရောပရှိ ပါရီ၏မဟာမိတ်များအထိ ချဲ့ထွင်ရန် အဆိုပြုခဲ့သော်လည်း စတာမာက နျူကလီးယားလက်နက်များ နိုင်ငံသစ်များသို့ ပျံ့နှံ့မှုကို ကန့်ကွက်ခဲ့သည်။

လိုက်ဘေးရီးယားသမ္မတ၏ အင်္ဂလိပ်စကားပြော ကောင်းမွန်မှုကို ဒေါ်နယ်ထရမ့် ချီးကျူး

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သည် အာဖရိကခေါင်းဆောင်များနှင့် တွေ့ဆုံချိန် လိုက်ဘေးရီးယား သမ္မတ ဂျိုးဇက်ဘိုကိုင်၏ အင်္ဂလိပ်စကားပြော ကောင်းမွန်မှုကို ချီးကျူး ပြောကြားလိုက်ပါသည်။ 

“လိုက်ဘေးရီးယားသည် အမေရိကန်ပြည်ထောင်စု၏ သမိုင်း ရှည်လျားသော မိတ်ဆွေဖြစ်ပြီး မိမိတို့ကလည်း အမေရိကန် ပြန်လည်ကြီးပွားစေရေး မူဝါဒကို ယုံကြည်ပါကြောင်း၊ လိုက်ဘေးရီးယားနိုင်ငံသို့လည်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် တောင်းဆိုအပ်ပါကြောင်း၊ ယခုလို အခွင့် အလမ်းများ အတွက်လည်း ကျေးဇူးတင်ပါကြောင်း” လိုက်ဘေးရီးယား သမ္မတဂျိုးဇက်ဘိုကိုင်က အိမ်ဖြူတော်တွေ့ဆုံပွဲတွင် အင်္ဂလိပ်ဘာသာ ဖြင့် ပြောကြားလိုက်ပါသည်။ 

ထိုသို့ လိုက်ဘေးရီးယားသမ္မတ၏ ပြောကြားချက်ကို နားထောင်ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က “အလွန်ကောင်းသည့် အင်္ဂလိပ် စကားပဲ၊ ပြောသွားတာ အတော်လည်း လှပပါသည်၊ ဘယ်မှာ သင်ယူခဲ့တာလဲ” ဟု ချီးကျူးမေးမြန်းခဲ့ပါသည်။ “လိုက်ဘေးရီးယားမှာ သင်ထားတာလား” ဟု ထရမ့်၏ မေးမြန်းချက်အပေါ် သမ္မတဘိုကိုင်က “ဟုတ်ကဲ့ပါ သမ္မတကြီး” ဟု ဖြေကြားသွားခဲ့ပါသည်။ 

ထရမ့်သည် ဂါဘွန်၊ ဂီနီ၊ လိုက်ဘေးရီးယား၊ မော်ရီတေးနီးယားနှင့် ဆီနီဂေါမှ ခေါင်းဆောင်များကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) တွင် အိမ်ဖြူတော်၌ လက်ခံဧည့်ခံခဲ့ပြီး အမေရိကန်၏ အာဖရိကဆိုင်ရာမူဝါဒကို အကူအညီမှ ကုန်သွယ်ရေးသို့ ပြောင်းလဲမည်ဖြစ်ကြောင်း၊ အမေရိကန်သည် တရုတ် ထက် အာဖရိကအတွက် ပိုမိုကောင်းမွန်သော မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံပွဲရှိ ခေါင်းဆောင်အများစုသည် ၎င်းတို့၏ မိခင်ဘာသာစကားဖြင့် ဘာသာပြန်များမှတစ်ဆင့် ပြောကြားခဲ့ကြသည်။

ထရမ့်က ၎င်း၏ အစိုးရအဖွဲ့သည် အာဖရိကရှိ မိတ်ဆွေဖွဲ့မှုများကို အားကောင်းလာစေရန် ကတိပြုထားကြောင်း၊ အနာဂတ်တွင် အာဖရိကသို့ သွားရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အင်္ဂလိပ်ဘာသာစကားသည် လိုက်ဘေးရီးယား၏ ရုံးသုံးဘာသာစကား ဖြစ်ပါသည်။

ကိုးကား- The Guardian

Photo: CBS News

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်၊ တရုတ် ကိုယ်စားလှယ်တို့ ထရမ့်နှင့် ရှီတို့၏ ထိပ်သီးအစည်းအဝေးမတိုင်မီ အကြိုညှိနှိုင်းကြဖွယ်ရှိ

(Bloomberg ၊ ဇူလိုင် ၁၀)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubioနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တို့သည် သောကြာနေ့ (ဇူလိုင် ၁၁) မလေးရှားတွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးတွင်း၌ သမ္မတနှစ်ဦးတို့၏ထိပ်သီး အစည်းအဝေးမတိုင်မီ ပထမအကြိမ် လူကိုယ်တိုင် တွေ့ဆုံ ညှိနှိုင်း ဇာတ်တိုက် ဆွေးနွေးကြဖွယ် ရှိပါသည်။

အမေရိကန်ထိပ်တန်းကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့တွေ့ဆုံမည့် အစီအစဉ်မှာ ကွာလာလမ်ပူမြို့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဖြစ်ကြောင်း Rubio ၏ Public Schedule အရ သိရပါသည်။ နှစ်ဖက်အရာထမ်းများသည် သောကြာနေ့တွင် ပြီးဆုံး မည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း အစည်းအဝေးတွင် ရောက်ရှိနေကြပါသည်။ 

ယင်းသည် သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးချိန်မှစ၍ ကျင်းပ ပြုလုပ်ရန်ရှိသည့် အဆင့်မြင့်ဆုံး အစည်းအဝေးဖြစ်ပါသည်။   အဆင့်မြင့် ကိုယ်စားလှယ်များသည် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်သွားဖွယ်ရှိပြီး ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးအတွက် တိုးတက်မှုများဖော်ဆောင်ကာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှု၊ ပွတ်တိုက်မှုများကိုလည်း တင်းမာမှုများ ဖြေလျော့သွားစေနိုင်လိမ့်မည်ဖြစ်ပါသည်။

Rubio က ကြာသပတေးနေ့တွင် သတင်းသမားများကို “တရုတ်သည် ရုရှား၏ ဆောင်ရွက် ချက်များကို အားပေးထောက်ခံနေသည်မှာ သေချာကြောင်း၊ မိမိအနေနှင့် ၎င်းတို့က မည်သည့် အကျိုးကိုမျှ မျှော်ကိုးခြင်းမရှိဘဲ၊ အကူညီပေးလိုသည့် ဆန္ဒရှိနေကြမည်ဟု ထင်ကြောင်း” ပြောကြားပါသည်။ 

ယူကရိန်းကို ကျူးကျော်မှု ပြုခဲ့သည့် နောက်ပိုင်း ပေကျင်းသည် စီးပွားရေးအရ၊ သံတမန် ရေးအရ မော်စကိုကို ထောက်မပေးနေခြင်းသည် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ နှစ်ခု၏ ဆက်ဆံရေးအတွက် အတားအဆီးတစ်ခု ဖြစ်နေပါသည်။

ဇန်နဝါရီလ နောက်ဆုံးတယ်လီဖုန်းခေါ်ဆိုမှုတွင် Rubioက တရုတ်၏ တိုင်ဝမ်အပေါ် ပြုမူ နေမှုများသည် တောင်တရုတ်ပင်လယ်အရေးကို စိုးရိမ်ပူပန်မှု မြင့်တက်စေကြောင်း ပြောကြား ခဲ့ပြီး၊ ဝမ်က အမေရိကန်သည် တိုင်ဝမ်နှင့်ပတ်သက်၍ သတိထား ကိုင်တွယ် ဆောင်ရွက်ရန် သတိပေးပြောကြားခဲ့ပါသည်။ ယခုနှစ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံလိုကြောင်း ထရမ့်က ပြောကြားခဲ့ကြောင်းနှင့် အဆင့်မြင့် တရုတ်အရာရှိများက ယခင် ရက်သတ္တပတ်က နှစ်နိုင်ငံဆက်ဆံရေးအပေါ် အပြုသဘော ဖော်ပြခဲ့ကြပါသည်။ 

ဇွန်လ အစောပိုင်း တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုတွင် ရှီက ထရမ့်ကို တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။ အမေရိကန်အစိုးရအဖွဲ့ စီးပွားရေးဆိုင်ရာ အမှုဆောင် အဖွဲ့သည် ယခုနှစ်အတွင်း တရုတ်ပြည်သို့ လိုက်ပါသွားဖွယ်ရှိကြောင်း ယခင် ရက်သတ္တပတ် က Bloomberg သတင်းတွင်ဖော်ပြပါသည်။

ဖေဖော်ဝါရီလအတွင်း ဝမ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတက်ရောက် ရန် နယူးယောက်မြို့သို့ သွားရောက်ခဲ့သော်လည်း၊ ထရမ့်အစိုးရအဖွဲ့နှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းမရှိပေ။   နောက်ရက်သတ္တပတ်များအတွင်း ဆန်ပေးမှ ဆီရမည် (tip-for-tat) ဆိုသည့် လုပ်ဆောင်မှုမျိုးဖြင့် တရုတ်ထုတ်ကုန်များအပေါ် အမေရိကန်၏ အကောက် အခွန် စည်းကြပ်မှုသည် မေလညှိနှိုင်းမှုအပြီး ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ခြင်း မပြုမီ ၁၄၅ ရာခိုင်နှုန်း အထိ မြင့်တက်သွားခဲ့ပါသည်။ 

ကိုးကား- Bloomberg

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ