သတင်းများ

အီးယူက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်လိုက်ခြင်းက စံနှစ်မျိုး ကျင့်သုံးခြင်းဖြစ်ဟု အိန္ဒိယပြော

ရုရှားနိုင်ငံအပေါ် အီးယူက ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်လိုက်ခြင်းသည် စံနှစ်မျိုးကျင့်သုံးခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ကြောင်းသိရသည်။

အီးယူအဖွဲ့၏ အဆိုပါလုပ်ဆောင်ချက်သည် ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အကျိုးစီးပွားအပေါ်သွယ်ဝိုက်၍ ပစ်မှတ်ထားခြင်းဖြစ်သောကြောင့် ထိုသို့သော တစ်ဖက်သတ် လုပ်ဆောင်ချက်မျိုးကို အိန္ဒိယက လက်ခံမည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အိန္ဒိယအစိုးရသည်  နိုင်ငံအတွင်းရှိ နိုင်ငံသားများ၏ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စွမ်းအင်ဖူလုံရေးကို ထည့်သွင်းစဉ်းစားလျက်ရှိသောကြောင့် စွမ်းအင်ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ စံနှစ်မျိုး အသုံးပြုခြင်းအပေါ် အိန္ဒိယနိုင်ငံက တောင်းဆိုသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အိန္ဒိယအစိုးရ၏ တုံ့ပြန်မှုသည် အီးယူအဖွဲ့က ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံအပေါ်  ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အီးယူအဖွဲ့သည် ရုရှားနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ ရရှိသည့် ငွေကြေးများကို ထိန်းချုပ်နိုင်စေရန်အတွက် ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပိတ်ဆို့မှုများတွင် ရုရှားနိုင်ငံ၏ ရေနံစိမ်းမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်များအား တင်သွင်းခွင့်ကို ပိတ်ပင်သည့် ပိတ်ဆို့မှုအသစ်တစ်ရပ် ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အီးယူအဖွဲ့သည် အိန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး  ပုဂ္ဂလိကပိုင်ရေနံချက် စက်ရုံဖြစ်သည့်   ဂူဂျာရတ်ပြည်နယ်ရှိ နာယာရာစွမ်းအင် စက်ရုံကို  ပထမဆုံးအကြိမ်အဖြစ် ပိတ်ဆို့မှုချမှတ်ခဲ့သည်။

အဆိုပါပိတ်ဆို့မှုအရ ရုရှားနိုင်ငံမှ ရေနံများအား သယ်ယူပို့ဆောင်ပေးသည့် အိန္ဒိယလောင်စာဆီတင် ရေယာဉ်များအပေါ် အီးယူက ပိတ်ဆို့မှုများ ချမှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။   

MWD Portal

ဇီလန်စကီးက ပူတင်နှင့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုဟု ဆို

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် ရုရှားသမ္မတ ဗလာ ဒီမာ ပူတင်နှင့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးရန် နောက်ထပ် တစ်ကြိမ် တောင်းဆိုလိုက်ပြီး ၎င်းသည် ရေရှည်ငြိမ်းချမ်းရေးရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ အခြေခံသဘောတူညီမှုရရှိသည်အထိ ထိုကဲ့သို့တွေ့ဆုံမှုသည် အဓိပ္ပာယ် မရှိဟု မော်စကိုက ယူဆထားသည်။

၂၀၂၂ ခုနှစ်တွင် ယူကရိန်းက တစ်ဖက်သတ်ဆွေးနွေးပွဲများကို ရပ်စဲခဲ့သည့် အချိန်မှ စတင်၍ တိုက်ရိုက်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မေလတွင် ပူတင်က အဆိုပြုခဲ့သည်။ သို့သော် ဇီလန်စကီးက အစ္စတန်ဘူလ်တွင် ကိုယ်တိုင်လာရောက်တွေ့ဆုံရန် စိန်ခေါ်ခဲ့သည်။ ဝါရှင်တန်ဘက်မှဖိအားပေးမှုများကြောင့် နောက်ဆုံးတွင် ယူကရိန်းက ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ရန် သဘောတူခဲ့ပြီး ယခုအချိန်အထိ နှစ်ဖက်သည် ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ကာ အကျဉ်းသားလဲလှယ်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ပဋိပက္ခကို အဆုံးသတ်ရန် အောင်မြင်မှုတစ်စုံတစ်ရာ မရရှိသေးပေ။

ကိယက်ဗ်သည် မော်စကို၏ ငြိမ်းချမ်းရေးအဆိုပြုချက်များကို ပယ်ချ ပြီးနောက် ဇွန်လတွင် ဆွေးနွေးပွဲများ ရပ်တန့်သွားခဲ့သည်။ နောက်ပိုင်း တွင် ယူကရိန်းက အဆိုပါဖြစ်စဉ်ကို အဆုံးသတ်ပြီဟု ကြေညာကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ဆောင်ချက်ကို လျစ်လျူရှုသည်ဟု မထင်မိစေရန် ပါဝင်ဆွေးနွေးခဲ့ခြင်းသာ ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။

စနေနေ့ (ဇူလိုင် ၁၉) တွင် ဇီလန်စကီးက "ဆွေးနွေးပွဲများ၏ အရှိန်အဟုန် ကို မြှင့်တင်ရမည်" ဟု ပြောကြားကာ လာမည့်သီတင်းပတ်တွင် ဆွေးနွေးပွဲ အသစ်တစ်ခု ကျင်းပရန် ကမ်းလှမ်းခဲ့ပြီး ပူတင်နှင့် လူကိုယ်တိုင် တွေ့ဆုံရန် ထပ်မံတောင်းဆိုခဲ့သည်။

"ရေရှည်ငြိမ်းချမ်းရေးကို အမှန်တကယ်အာမခံနိုင်ရန် ခေါင်းဆောင်များ အဆင့် တွေ့ဆုံမှုတစ်ရပ် လိုအပ်ပါသည်" ဟု ၎င်းသူက ပြောကြားခဲ့ပြီး "ယူကရိန်းက အဆင်သင့်ဖြစ်နေပါပြီ" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဇီလန်စကီး၏ သမ္မတသက်တမ်းသည် လွန်ခဲ့သည့်နှစ်က ကုန်ဆုံးသွား သော်လည်း ၎င်းသည် စစ်အုပ်ချုပ်ရေးဥပဒေကို ရာထူးဆက်လက်ထမ်းဆောင်ရန် အကြောင်းပြချက်အဖြစ် ညွှန်းဆိုခဲ့သည်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က မကြာသေးမီက ဇာတ်ဆောင်ဘဝမှ နိုင်ငံရေးသမားဖြစ်လာသူ ယူကရိန်းခေါင်းဆောင် အား ပူတင်နှင့် လူကိုယ်တိုင် တွေ့ဆုံရန် တွန်းအားပေးနေခြင်းသည် ၎င်း၏ နိုင်ငံရေးတရားဝင်မှုကို ပြန်လည်အတည်ပြုရန် ဖြစ်ကြောင်း၊ အနောက် နိုင်ငံများအတွက် အသုံးမဝင်တော့မည်ကို အလွန်အမင်း ကြောက်ရွံ့ နေသည်" ဟု စွပ်စွဲခဲ့သည်။

ဥပဒေအရ သံသယဖြစ်ဖွယ်ရှိသော ဇီလန်စကီး၏အနေအထားမှာ ပင်လျှင် ပူတင်က ယခင်က တွေ့ဆုံမှုတစ်ခုဖြစ်နိုင်ခြေကို ဖွင့်ထားကြောင်း ပြောကြား ခဲ့သော်လည်း ဇီလန်စကီးတွင် တရားဝင်စာချုပ်များကို လက်မှတ်ရေးထိုး နိုင်သည့် အာဏာအခွင့်အရေးရှိ၊ မရှိကို မေးခွန်းထုတ်ခဲ့သည်။

မော်စကို၏အဆိုအရ ယူကရိန်းတွင် ဥပဒေပြုအာဏာသည် ယခုအခါ ပါလီမန်လွှတ်တော်တွင်ရှိပြီး ဇီလန်စကီးတွင်မရှိတော့ပေ။ အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ယူကရိန်းဥပဒေပြုလွှတ်တော်အမတ်များက စစ်အုပ်ချုပ်ရေး ကို နောက်ထပ် ၉၀ ရက်ကြာ ထပ်မံတိုးမြှင့်ခဲ့ပြီး ကန့်ကွက်မဲတစ်မဲသာ ရှိခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

“သတင်းအတု” နှင့် စပ်လျဉ်း၍ “The Wall Street Journal” ကို တရားစွဲမည်ဟု ထရမ့် ဆို

အမေရိကန် သမ္မတ ထရမ့်က ၎င်းသည် ဂျက်ဖရီ အက်ပ်စတင်းအမှုနှင့် ဆက်စပ်မှုမရှိကြောင်း ဇူလိုင် ၁၇ ရက်က ထပ်မံငြင်းဆိုခဲ့ပြီး အမေရိကန် “The Wall Street Journal” ၏ “ထရမ့်မှ ဂျက်ဖရီ အက်ပ်စတင်းထံ ပေးစာ” သတင်းနှင့် စပ်လျဉ်း၍ ယင်းမှာ “သတင်းအတု” ဖြစ်ကြောင်း၊ ပေးစာမှာ အတုအယောင်ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အဆိုပါ “ရွံစရာကောင်း ညစ်ပတ်သည့် အသေးစားသတင်းစာဌာန” ကို တရားစွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ထရမ့်မှ ဂျက်ဖရီ အက်ပ်စတင်းထံ ပေးစာ” ဟူသည်မှာ လုံးဝ အတုအယောင် သာ ဖြစ်ကြောင်း ၎င်းနှင့် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတို့သည် “The Wall Street Journal” အယ်ဒီတာချုပ် Emma Tucker ကို တိုက်ရိုက် အသိပေးခဲ့သော်လည်း ယင်းနှင့် ပတ်သက်ပြီး Tucker က လုံးဝ နားမထောင် ခဲ့ကြောင်း ထရမ့်က ဆိုရှယ်မီဒီယာတွင် စာအရှည်ရေးသား၍ ဖော်ပြခဲ့ သည်။ 

“The Wall Street Journal” က အဆိုပါအတုအယောင်၊ အပုတ်ချ၊ အသရေဖျက်မှုမြောက်သည့်ဆောင်းပါးကို ဆက်လက်ထုတ်ဝေနေရာ သမ္မတ ထရမ့်က မကြာမီတွင် “Wall Street Journal”၊ News Corporation နှင့် Mr. (Rupert) Murdoch ကို တရားစွဲမည်ဟူ၍ ရေးသားဖော်ပြ ခဲ့သည်။ “The Wall Street Journal” သည် News Corporation လက်အောက်ရှိ သတင်းစာဖြစ်ပြီး အဆိုပါ Corporation ကို Mr. Rupert Murdoch က စီမံခန့်ခွဲခြင်းဖြစ်သည်။ ထရမ့်က အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး Tucker ကို တိုက်ရိုက် သတိပေးခဲ့ဖူးကြောင်း၊ “Murdoch က အဆိုပါဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးမည်ဟု ထိုအချိန်တုန်းက ပြောခဲ့သော်လည်း ၎င်းမှာ လုပ်ပိုင်ခွင့်မရှိဘူးဆိုသည်မှာ ရှင်းလင်းပါသည်” ဟူ၍ ၎င်းက ပို့စ်တွင် ရေးသားထားသည်။

“The Wall Street Journal” က ထိုကဲ့သို့ “အသရေဖျက် မုသားစကား” များကို ဖြန့်ဝေခြင်းက ၎င်းသည် “ရွံစရာကောင်းပြီး ညစ်ပတ်သည့် အသေးစားသတင်းစာဌာန” ဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟုလည်းထရမ့်က ဆိုခဲ့သည်။ အကယ်၍ ဂျက်ဖရီ အက်ပ်စတင်းနှင့် ၎င်း ပတ်သက်မှု ရှိပါက ဒီမိုကရက်တစ်ပါတီဝင်များသည် သက်ဆိုင်ရာသက်သေ အထောက် အထားများကို အစောကြီးကတည်းက ဖော်ထုတ်မည်ဖြစ်ကြောင်း၊ “ထို အချက်အလက်တွေက မှတ်တမ်းတွေထဲမှာ ဖုန်တက်နေမှာမဟုတ်ဘူး” ၊ “ဒါက သတင်းအတုထဲက နောက်ထပ်တစ်ခုပဲ” ဟူ၍ ၎င်းက ပြောကြား ခဲ့သည်။ ၂၀၀၃ ခုနှစ် အက်ပ်စတင်း အသက် ၅၀ ပြည့်မွေးနေ့တွင် လက်ခံ ရရှိသော ဂုဏ်ပြုစာ တစ်စောင်တွင် ထရမ့်၏ လက်မှတ်ပါရှိကြောင်း “The Wall Street Journal” က သတင်းဖော်ပြခဲ့သည်။

အက်ပ်စတင်းသည် အမေရိကန် နိုင်ငံရေးနှင့် စီးပွားရေး နာမည်ကျော် အများအပြားနှင့် နီးကပ်စွာ အဆက်အသွယ်ရှိသောကြောင့် လိင်ပိုင်းဆိုင်ရာရာဇ၀တ်မှု သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် အကျဉ်းထောင်၌ ကွယ်လွန်ခဲ့ပြီး “မိမိကိုယ်ကို အဆုံးစီရင်မှု” ဖြစ်သည် ဟု ချမှတ်ခဲ့သည်။

ထရမ့် လွန်ခဲ့သည့်နှစ် ရွေးကောက်ခံသမ္မတဖြစ်စဉ်ကာလတွင် အက်ပ်စတင်း ၏ “ဖောက်သည်နာမည်စာရင်း” ၊ အက်ပ်စတင်း၏ ပြစ်မှုနှင့် ၎င်းသေဆုံးမှု နောက်ကွယ်က အဖြစ်မှန်ကို ဖော်ထုတ်မည်ဟု ကတိပေးခဲ့ဖူးသည်။

အမေရိကန် တရားစီရင်ရေးဌာနနှင့် FBI က ယခုလ ၇ ရက်တွင် ထုတ်ပြန်သော ပူးတွဲစာချွန်လွှာတွင် “ဖောက်သည်နာမည်စာရင်း” မရှိ၍ အက်ပ်စတင်းအမှုနှင့် ပတ်သက်သည့် နောက်ထပ်စာရွက်စာတမ်းများ ထုတ်ပြန်မည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါကောက်ချက်ချမှု သည် ထရမ့်အုပ်စုအတွင်း သံသယနှင့် မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ထရမ့်သည် လတ်တလောတွင် ယင်းနှင့် ပတ်သက်၍ အကြိမ်ကြိမ် ပြောဆို ခဲ့သည်။ 

ကိုးကား- Xinhua Myanmar

ဇီလန်စကီး၏ ရပ်တည်မှု မကြာမီကာလအတွင်း ပြီးဆုံးသွားနိုင်သည်ဟု အမေရိကန် ဝါရင့် သတင်းထောက်ဆို

အမေရိကန်ဝါရင့်သတင်းထောက် Seymour Hersh ၏ အဆိုအရ ယူကရိန်းခေါင်းဆောင် Zelensky ၏ နိုင်ငံရေးအနာဂတ်သည် မရေရာမှု များနှင့် ရင်ဆိုင်နေရပြီး ၎င်း၏ နေရာတွင် ယူကရိန်း တပ်မတော် အကြီး အကဲဟောင်း Zaluzhny က အစားထိုးဝင်ရောက်နိုင်သည်ဟု သတင်း များက ဖော်ပြခဲ့ကြသည်။

Zelensky သည် စစ်အုပ်ချုပ်ရေးကာလအတွင်း ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းထားပြီး ၂၀၂၄ ခုနှစ်တွင် ၎င်း၏ သမ္မတသက်တမ်း ကုန်ဆုံး သော်လည်း ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ခဲ့သည်။ စစ်ဦးစီးချုပ်ဟောင်း Zaluzhny ကို ယခုနှစ်အစောပိုင်းတွင် ရာထူးမှ ရပ်စဲခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သော်လည်း ၎င်းသည် Zelensky ၏ နေရာအား အစားထိုးနိုင်သည့် အနာဂတ် ခေါင်းဆောင် တစ်ဦး အဖြစ် အများကသုံးသပ်ကြသည်။

Hersh က “Trump အနိုင်ရပါက Zelensky သည် ပြည်ပသို့ ထွက်ပြေးရန် အလားအလာရှိသည်” ဟု ရေးသားခဲ့ဖူးသည်။ အမေရိကန်အရာရှိများက Zelensky သည် နုတ်ထွက်ရန် ငြင်းဆန်မည်ဖြစ်ပြီး အကယ်၍ ၎င်းနုတ်ထွက် ခြင်းမပြုပါက အင်အားသုံး၍ ဖယ်ရှားခံရနိုင်သည်ဟု မှတ်ချက်ပြု ခဲ့သည်။

Zaluzhny သည် လက်ရှိတွင် Zelensky ၏ နေရာတွင် အစားထိုး တာဝန် ထမ်းဆောင်နိုင်သူအဖြစ် ရှုမြင်ခံနေရပြီး “လနည်းငယ်အတွင်း ၎င်းသည် ယူကရိန်းခေါင်းဆောင်ဖြစ်လာနိုင်သည်” ဟု Hersh က ဖော်ပြခဲ့သည်။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်း၊ အိမ်အမှတ် [၉/၃၄(A)] တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇) ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

MOI

အမေရိကန်အောက်လွှတ်တော် ရီပတ်ပလီကင်အမတ်များက နိုင်ငံခြား အကူအညီနှင့် ရုပ်သံလိုင်းများအား ဖြတ်တောက်ရန် ထရမ့်၏ အစီအစဉ်ကို အတည်ပြု

ရီပတ်ပလီကင်ပါတီကြီးစိုးသော အမေရိကန်အောက်လွှတ်တော်သည် ဇူလိုင်လ ၁၈ ရက်နေ့အစောပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်၏ မီဒီယာနှင့် နိုင်ငံခြားအကူအညီအတွက် ဒေါ်လာ ၉ ဘီလီယံ ဘဏ္ဍာငွေဖြတ်တောက်ရေး အစီအစဉ်ကို အတည်ပြုလိုက်ပြီး ယင်းဥပဒေကြမ်းအား သမ္မတ လက်မှတ် ရေးထိုးရန် အိမ်ဖြူတော်သို့ ပေးပို့လိုက်သည်။

ဖြတ်တောက်မည့်အစီအစဉ်အတွက် အောက်လွှတ်တော်က ၂၁၆ မဲ အနက် ၂၁၃ မဲဖြင့် ထောက်ခံမဲပေးခဲ့ပြီး အဆိုပါအစီအစဉ်တွင် ကမ္ဘာလုံးဆိုင်ရာ PEPFAR HIV/AIDS ကာကွယ်ရေးအစီအစဉ်အတွက် ဒေါ်လာ ၄၀၀ မီလီယံ ဖြတ်တောက်မှုကို ဖယ်ထုတ်ထားသည့် ဆီးနိတ်လွှတ်တော်၏ ပြင်ဆင်ချက် ပါဝင်သည်။

အောက်လွှတ်တော်ရီပတ်ပလီကန်အမတ် ၂ ဦးသာ (ပဲန်ဆီလ်ဗေးနီးယား မှ Brian Fitzpatrick နှင့် အိုဟိုင်းယိုးမှ Mike Turner) ဒီမိုကရက်များနှင့်အတူ ဖြတ်တောက်ရေးအဆိုကို ကန့်ကွက်ခဲ့သည်။

ဖလော်ရီဒါမှ ရီပတ်ပလီကင်အမတ် Aaron Bean က "အကျိုးမရှိသော အသုံးစရိတ်ကို ဖြတ်တောက်ရာတွင် သေးငယ်သော ခြေလှမ်းဖြစ်သော်လည်း ဘဏ္ဍာရေးတည်ငြိမ်မှုဆီသို့ ကြီးမားသည့်ကူးပြောင်းမှုတစ်ရပ်" ဟု ဆိုကာ အိမ်ဖြူတော်မှ အလားတူအသုံးစရိတ်ဖြတ်တောက်ရေး အစီအစဉ်ကို လစဉ် တင်သွင်းရန် တိုက်တွန်းခဲ့သည်။

အောက်လွှတ်တော်အမျိုးသားဒီမိုကရက်အဖွဲ့ခေါင်းဆောင် Hakeem Jeffries က အဆိုပါဘဏ္ဍာဖြတ်တောက်မှုသည် “အမေရိကန် ပြည်သူများ၏ ဘေးကင်းရေး နှင့် ကမ္ဘာ့ဩဇာညောင်းမှုကို ထိခိုက်စေမည့် အကူအညီ ဖြတ်တောက်မှု” ဟု ပြန်လည်ချေပခဲ့ပြီး အများပြည်သူရေဒီယိုမှ အရေးပေါ် အချက်အလက်များကို ကျေးလက်နေအမေရိကန်များ ရရှိမှုလျော့နည်းသွားမည် ဟု ငြင်းခုံခဲ့သည်။

ဘဏ္ဍာရေးဆိုင်ရာ မဲပေးမှုကို နာရီအတန်ကြာ ရွှေ့ဆိုင်းခဲ့ရပြီး၊ အကြောင်းမှာ ရီပတ်ပလီကင်ပါတီအတွင်း အခြားဥပဒေကြမ်းများနှင့်ပတ်သက်၍ အချေအတင်ဖြစ်နေခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံထားရပြီး ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသော Jeffrey Epstein နှင့်ပတ်သက်သည့် အစိုးရ၏ ပွင့်လင်း မြင်သာမှုကို တောင်းဆိုနေသည့် ပါတီဝင်အချို့၏ တောင်းဆိုမှုများကြောင့် ဖြစ်သည်။

Epstein နှင့်သက်ဆိုင်သော စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် ဘဏ္ဍာရေး ဖြတ်တောက်မှုဥပဒေကြမ်းအတည်ပြုမှုကို ထပ်မံရွှေ့ဆိုင်းရန် မလိုအပ်ဘဲ အောက်လွှတ်တော် စည်းမျဉ်းကော်မတီမှ ရီပတ်ပလီကင်များက အမေရိကန် အထွေထွေရှေ့နေချုပ်အား ၃၀ ရက်အတွင်း Epstein နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ ထုတ်ပြန်ရန် တောင်းဆိုသည့် အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။

ရီပတ်ပလီကင် အမတ်များက အခြားနိုင်ငံများသို့ အထောက်အပံ့ ရန်ပုံငွေ များသည် အကျိုးမရှိသော အစီအစဉ်များအတွက် သုံးစွဲခဲ့သည်ဟုဆိုပြီး၊ မီဒီယာအတွက်ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံသည် ရီပတ်ပလီကင်တို့၏ ယူဆထင်မြင်ချက်များကို ဆန့်ကျင်ဖော်ပြနေသော ရေဒီယိုဌာနများနှင့် ရုပ်သံလိုင်းများကို ထောက်ပံ့ပေးနေသည်ဟု ဝေဖန်ခဲ့ကြသည်။

ကိုးကား- Reuters

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု

နေပြည်တော် ဇူလိုင် ၁၉

၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ မန်းငြိမ်းမောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြသည်။

ထိုအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူ၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍လည်းကောင်း အလေးပြုကြပြီးနောက် နှစ်မိနစ်ငြိမ်သက်စွာ မေတ္တာပို့သအမျှပေးဝေကြသည်။

ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သအမျှပေးဝေကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်း၊ ခရစ်ယာန်ကလျာဏယုဝအသင်း (YMCA)၊ ရှင်သန်ရေးကူညီမှုအသင်း၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၊ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံဟိန္ဒူဗဟိုအဖွဲ့ချုပ်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံး၊ အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ မြန်မာမွတ်စလင်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ပြည်ထောင်စုဖူလ်းဂေါ်စပယ်အသင်းတော်အဖွဲ့ချုပ်၊ သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာ့ရေးရာကောင်စီဌာနချုပ်၊ မြန်မာမွတ်စလင်လူငယ်များအဖွဲ့ချုပ်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ မြန်မာအမျိုးသမီးစွမ်း ဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ အရှိုချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံနယ် စပ်ဒေသဖွံ့ဖြိုးရေးအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်းနှင့် မြန်မာစားသုံးသူ သမဂ္ဂတို့အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ယင်းနောက် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ရဟန်းရှင်လူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အများပြည်သူများက စနစ်တကျတန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။

၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံးတိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့က ဥဩဆွဲအချက်ပေးခဲ့သည်။

ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) များသို့လည်း အများပြည်သူများက လာရောက်ဂါရဝပြုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပါကစ္စတန်သို့ လာရောက်ဖွယ်ရှိ

အစ္စလာမ္မာဘတ် ဇူလိုင် ၁၇
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် ယခုနှစ်စက်တင်ဘာလအတွင်း ပါကစ္စတန်နိုင်ငံသို့ လာရောက်ဖွယ်ရှိကြောင်း ပါကစ္စတန် ပြည်တွင်းမီဒီယာများက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပါကစ္စတန် မီဒီယာများ၏ သတင်းထုတ်ပြန်ချက် အတည်ဖြစ်ခဲ့ပါက အဆိုပါခရီးစဉ်သည် နှစ်ပေါင်း ၂ဝ နီးပါးကာလအတွင်း အမေရိကန်သမ္မတ တစ်ဦး၏ ပထမဆုံးပါကစ္စတန်ခရီးစဉ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

ပါကစ္စတန်နိုင်ငံသို့ နောက်ဆုံး ရောက်ရှိခဲ့သော အမေရိကန် သမ္မတမှာ ဂျော့ဒဗလျူဘုရှ်ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ပါကစ္စတန်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ ပါကစ္စတန်ခရီးစဉ်နှင့်ပတ်သက်၍ မိမိတို့သည် မည်သည့်အချက်အလက်ကိုမျှ မသိရသေးကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

သို့ရာတွင် ပါကစ္စတန်ရုပ်သံ မီဒီယာများ၏အဆိုအရ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် ယခု နှစ်စက်တင်ဘာလတွင် အစ္စလာမ္မာဘတ်မြို့သို့ လာရောက်မည် ဖြစ်ပြီး ခရီးစဉ်ပြီးဆုံးချိန်တွင် အိန္ဒိယနိုင်ငံသို့ ဆက်လက်သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပါကစ္စတန်စစ်ဦးစီးချုပ် ဖီးမာရှယ်လ်အက်ဆစ်မူနီရာကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံခဲ့ပြီးနောက် အမေရိကန်နှင့် ပါကစ္စတန်နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာခဲ့ကြောင်း သိရသည်။ 

Ref : RT

Trs: KKO

YDNB Newspaper

Photo - Time of India
 
အသက် ၁၆ နှစ်နှင့် ၁၇ နှစ်လူငယ်များကို မဲပေးခွင့်ပြုရန် ဗြိတိန်စီစဉ်

လန်ဒန် ဇူလိုင် ၁၇

အသက် ၁၆ နှစ်နှင့် ၁၇ နှစ် အရွယ်လူငယ်များကို ရွေးကောက်ပွဲများ၌ မဲပေးခွင့်ပြုရန် စီစဉ်ထားကြောင်း ဗြိတိန်အစိုးရက ယနေ့ တွင် သတင်းထုတ်ပြန်ထားသည်။ ဗြိတိန်၏ ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲသည့် အနေဖြင့် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် လူငယ်များကို မဲပေးခွင့်ပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဗြိတိန် အစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်ရွေးကောက်ပွဲအားလုံး၌ အသက် ၁၆ နှစ်နှင့် ၁၇ နှစ် အရွယ်လူငယ်များအား မဲပေးခွင့်ပေးမည့်အစီအစဉ်သည် ဗြိတိန် ပါလီမန်၏ အတည်ပြုချက် ရယူရန်လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

ဗြိတိန်၏ရွေးကောက်ပွဲများ၌ ပါဝင်မည့်သူဦးရေမြင့်မားလာရေးအတွက် စည်းမျဉ်းစည်းကမ်း အကန့်အသတ်များကို မိမိတို့ ဖယ်ရှားရလိမ့်မည် ဖြစ်ကြောင်း ဗြိတိန်ဒုတိယဝန်ကြီးချုပ် အင်ဂျလာရေနာက ပြောကြားထားသည်။ ဗြိတိန်၌ ၂၀၂၄ ခုနှစ်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲများတွင် ပါဝင်ဆန္ဒ မဲပေးသူ ရာခိုင်နှုန်းမှာ ၅၉ ဒသမ ၇ ရာခိုင်နှုန်းသာရှိခဲ့ရာ ၂၀၀ ၁ခုနှစ် နောက်ပိုင်း အနည်းဆုံးနှုန်းဖြစ်ခဲ့ ရသည်။

မဲပေးခွင့်ရှိသူများ၏ အသက်အရွယ်ကို ၁၆ နှစ်ထိ လျှော့ချပေးမှုကြောင့် ရွေးကောက်ပွဲရလဒ်များကို ထိခိုက်နိုင်မှုမရှိကြောင်း သုတေသန စစ်တမ်းများအရ သိရသည်။

Ref: Xinhua

Trs : KKO

ဇီလန်စကီး အာဏာရှင် ပိုဆန်လာသည်ဟု Financial Times ကဆို

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် အာဏာရှင် ပို၍ဆန် လာသည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရကြောင်း Financial Times သတင်းတွင် ဖော်ပြထားသည်။ သတင်းဌာနက အတိုက်အခံ နိုင်ငံရေးသမားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် သံတမန်များ၏ ပြောကြားချက်ကို ကိုးကား၍ ဇီလန်စကီးနှင့် ၎င်း၏ အကြံပေးများသည် ရုရှားနှင့် ပဋိပက္ခ အရှိန်မြင့်လာသည့်အချိန်မှစ၍အာဏာသက်ရောက်နေသော စစ်အုပ်ချုပ်ရေးဥပဒေအောက်တွင် ရရှိထား သည့် အထူးအခွင့်အာဏာများကို အသုံးပြုကာ "ပြစ်တင်ဝေဖန်သူများ ကို နေရာမှဖယ်ထုတ်ပစ်ခြင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင် များ၏ အသံများကို ဖိနှိပ်ခြင်းနှင့် ထိန်းချ

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် အာဏာရှင် ပို၍ဆန် လာသည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရကြောင်း Financial Times သတင်းတွင် ဖော်ပြထားသည်။ သတင်းဌာနက အတိုက်အခံ နိုင်ငံရေးသမားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် သံတမန်များ၏ ပြောကြားချက်ကို ကိုးကား၍ ဇီလန်စကီးနှင့် ၎င်း၏ အကြံပေးများသည် ရုရှားနှင့် ပဋိပက္ခ အရှိန်မြင့်လာသည့်အချိန်မှစ၍အာဏာသက်ရောက်နေသော စစ်အုပ်ချုပ်ရေးဥပဒေအောက်တွင် ရရှိထား သည့် အထူးအခွင့်အာဏာများကို အသုံးပြုကာ "ပြစ်တင်ဝေဖန်သူများ ကို နေရာမှဖယ်ထုတ်ပစ်ခြင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင် များ၏ အသံများကို ဖိနှိပ်ခြင်းနှင့် ထိန်းချုပ်ခြင်းများ" ပြုလုပ်နေသည်ဟု ဖော်ပြခဲ့သည်။

ယခုလအစောပိုင်းတွင် မျက်နှာဖုံးစွပ်ထားသော စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူများသည် ထင်ရှားသည့် အတိုက်အခံနိုင်ငံရေးသမား Vitaly Shabunin နှင့် အခြေခံအဆောက်အဦ ဝန်ကြီးဟောင်း Aleksandr Kubrakov တို့၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သည်။ အာဏာပိုင်များက ထိုရှာဖွေမှုများသည် လက်ရှိစုံစမ်းစစ်ဆေးနေသော အဂတိလိုက်စားမှုများနှင့် သက်ဆိုင်သည်ဟု ဆိုသည်။ ထိုသူနှစ်ဦးစလုံးက အဆိုပါ လုပ်ရပ်များသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဇီလန်စကီး၏ အတွင်းစည်းကို ဝေဖန်သူများအား ခြိမ်းခြောက်ရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့ပြီး စွပ်စွဲချက်များကိုလည်း ငြင်းဆိုခဲ့သည်။

ထိုသို့ဝင်ရောက်ရှာဖွေမှုများမတိုင်မီက ဇီလန်စကီး၏ ကာလရှည် နိုင်ငံရေး ပြိုင်ဘက်ဖြစ်ပြီး ၂၀၁၉ ရွေးကောက်ပွဲတွင် ဇီလန်စကီးကို ရှုံးနိမ့်ကာ ယခုတိုင် ပြင်းထန်စွာ ဝေဖန်သူဖြစ်သည့် သမ္မတဟောင်း Pyotr Poroshenko အပါအဝင် အချို့သော ထင်ရှားသည့် နိုင်ငံရေးသမားများအပေါ် ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ထိုအတောအတွင်း ဇီလန်စကီးသည် ယူကရိန်းအစိုးရကို ပြန်လည် ဖွဲ့စည်းမှုများ လုပ်ဆောင်နေပြီး မကြာသေးမီက ပြုလုပ်ခဲ့သည့် အစိုးရ အဖွဲ့ပြောင်းလဲမှုတွင် ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးချုပ် Denis Shmigal ၏နေရာတွင် ၎င်း၏ယုံကြည်ရသည့် မဟာမိတ်ဖြစ်သူ ဒုတိယဝန်ကြီးချုပ်ချုပ် Yulia Sviridenko ကို ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

အာဏာရှင်စနစ်ဆန်သည့် အလေ့အထများ တဖြည်းဖြည်း ကြီးထွားလာနေမှုနှင့် ပတ်သက်၍ အနောက်နိုင်ငံမီဒီယာများတွင် စိုးရိမ်မှုများ မြင့်တက်လာနေသည်။ The Economist သတင်းစာတွင် မကြာသေးမီ က ထုတ်ပြန်ခဲ့သည့် သတင်းတစ်ရပ်အရ ကိယက်ဗ်သည် အစိုးရအဖွဲ့ အတွင်း နိုင်ငံရေးအားပြိုင် ရှုပ်ထွေးမှုများနှင့် ရှင်းလင်းရေး လုပ်ငန်းစဉ် များကြောင့် ပြည်တွင်းအခြေအနေအရပင် ပြိုကွဲမည့် အန္တရာယ် ရှိနေကြောင်း ဖော်ပြခဲ့သည်။

ယခုသတင်းပတ်အစောပိုင်းက ယူကရိန်းလွှတ်တော်သည် ဇီလန်စကီး၏ တောင်းဆိုချက်အရ စစ်အုပ်ချုပ်ရေးကို နောက်ထပ် ၉၀ ရက် ထပ်မံ တိုးမြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့်ပဋိပက္ခ အရှိန်မြင့်လာချိန်မှစ၍ ယခုထပ်မံ တိုးမြှင့်မှုသည် ၁၆ ကြိမ်မြောက် သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။