ထရမ့်က ယူကရိန်းသို့ Patriot ဒုံးကျည်များ ပေးပို့ရန် အစီအစဉ်ကို အတည်ပြု

News Image

  • ထရမ့်က ယူကရိန်းသို့ Patriot ဒုံးကျည်များ ပေးပို့ရန် အစီအစဉ်ကို အတည်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသို့ Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် အပိုပစ္စည်းများပေးပို့မည်ဟု ကြေညာခဲ့ပြီး အဆိုပါ ကြေညာချက်သည် ပင်တဂွန်က စစ်ရေးအကူအညီအချို့ကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရက်ပိုင်းအကြာတွင် ဖြစ်သည်။

“ယူကရိန်းအတွက် အရေးတကြီးလိုအပ်နေသော Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် အပိုပစ္စည်းများ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ပူတင် သည် ငြိမ်းချမ်းရေးရရှိနိုင်ရေး ဆောင်ရွက်မှုများကို အချိန်ဆွဲကာ ယူကရိန်း ကို တိုက်ခိုက်မှုများဆက်လက် လုပ်ဆောင်နေသည်” ဟု ထရမ့်က ဝါရှင်တန်အနီး Joint Base Andrews တွင် တနင်္ဂနွေ (ဇူလိုင် ၁၃) ညနေ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန်မီဒီယာများက ၎င်းသည် ကာကွယ်ရေးနှင့် တိုက်ခိုက်ရေး ဒုံးကျည်များ ပါဝင်နိုင်သည့် စစ်ရေးအကူအညီအသစ်ကို အတည်ပြုရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂