ဘင်ဂါလီ များ၏ အခွင့်အရေးများအတွက် ထောက်ခံအားပေးသည့် နိုင်ငံရေးအဖွဲ့အစည်းအသစ် စတင်တည်ထောင်ဖွဲ့စည်း
မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပရောက် ဘင်ဂါလီများအား ကိုယ်စားပြုရန် အတွက် ရခိုင် ဘင်ဂါလီ အမျိုးသားကောင်စီ Arakan Rohingya National Council (ARNC) ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံမှ ဘင်ဂါလီ ခေါင်းဆောင်များ၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် စခန်းများနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဘင်ဂါလီ အဖွဲ့ဝင်များသည် ညှဉ်းပန်း နှိပ်စက်ခံနေရသော လူနည်းစုတို့၏ နိုင်ငံရေးတိုက်ပွဲကို စည်းလုံး ညီညွတ် စေရန်နှင့် မြှင့်တင်ပေးရန် ရည်ရွယ်သည့် နိုင်ငံရေးအဖွဲ့အစည်းသစ် တစ်ခုကို စတင်တည်ထောင်ခဲ့ကြပါသည်။
တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) တွင် တရားဝင်စတင်တည်ထောင်ခဲ့သော ရခိုင် ဘင်ဂါလီ အမျိုးသားကောင်စီ, Arakan Rohingya National Council (ARNC) သည် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာခဲ့ရပြီး ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသူများအပါအဝင် မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပရောက် ဘင်ဂါလီ လူမျိုးများကို ကိုယ်စားပြုသွားမည်ဟု ပြောကြား ခဲ့ပါသည်။
အဖွဲ့၏ ရည်မှန်းချက်မှာ "အခွင့်အရေးများ၊ အသိအမှတ်ပြုမှုနှင့် နိုင်ငံရေး ကိုယ်စားပြုမှု" အတွက် တိုက်ပွဲဝင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ဘင်ဂါလီ များအတွက် စုစည်းသော နိုင်ငံရေးအသံတစ်ခုကို ပေးစွမ်းရန် ဖြစ်သည် ဟု ရခိုင် ဘင်ဂါလီ အမျိုးသားကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ရခိုင် ဘင်ဂါလီ အမျိုးသားကောင်စီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၄၀ ဦးနှင့် ဗဟိုကော်မတီဝင် ၆၀ ဦး ပါဝင်ပါသည်။ ၎င်းတို့၏ ကိုယ်စားလှယ် များသည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါးမှဖြစ်ပြီး ဒုက္ခသည် စခန်း များနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဘင်ဂါလီ ခေါင်းဆောင်အများစု ပါဝင်သည်ဟု အဆိုပါအဖွဲ့က ပြောကြားခဲ့ပါသည်။
ARNC က ၎င်းတို့ဖွဲ့စည်းရခြင်းမှာ ဆယ်စုနှစ်များစွာကြာအောင် စနစ်တကျ ဖယ်ရှားခံရမှုနှင့် နှိပ်စက်ညှဉ်းပန်းခံရမှုများကြောင့်ဖြစ်ပြီး ၂၀၁၇ ခုနှစ် တွင် မြန်မာ့တပ်မတော်က အစွန်းရောက်အဖွဲ့အစည်းများ၏ အကူအညီ ဖြင့် ကျူးလွန်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုကြောင့်ဖြစ်သည်ဟု ပြောကြား ခဲ့ပါသည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာချိန်တွင် ရခိုင် ဘင်ဂါလီ အမျိုးသားကောင်စီက မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင် ပြည်နယ် ၏ အစိတ်အပိုင်းများကို လက်ရှိထိန်းချုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် (AA) ကို "အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု များ၊ ကျယ်ပြန့်သော အကြမ်းဖက်မှုများနှင့် ဖျက်ဆီးမှုများ" မှတစ်ဆင့် ဘင်ဂါလီ အရပ်သားများကို နေရာရွှေ့ပြောင်းစေပြီး ပစ်မှတ်ထားနေသည် ဟုလည်း စွပ်စွဲခဲ့သည်။ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာခြင်းကြောင့် မကြာသေးမီလများအတွင်း ဘင်ဂါလီ ၁၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံထွက်ပြေးခဲ့ရပြီး ထောင်ပေါင်းများစွာသော အခြားသူများသည် အကြမ်းဖက်မှုများမှ လွတ်မြောက်ရန် ပင်လယ်နှင့် ကုန်းလမ်းခရီးကြမ်း များကို ခရီးနှင်ခဲ့ကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ၏ အချက်အလက်များကို ကိုးကား၍ ရခိုင် ဘင်ဂါလီ အမျိုးသား ကောင်စီကပြောကြားခဲ့သည်။
ARNC က AA သည် ဒေသတွင်း ထိန်းချုပ်မှုရရှိပြီးနောက် ဘင်ဂါလီ ၂,၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ကျန်ရှိနေသူများသည် "အစားအစာ၊ လုံခြုံမှု သို့မဟုတ် လွတ်လပ်မှုမရှိဘဲ ကြောက်ရွံ့စွာ နေထိုင်နေကြ ရသည်" ဟု လည်း ပြောကြားခဲ့ပါသည်။
"ရခိုင်ပြည်နယ်အတွင်း AAလက်အောက်မှာ ဖြစ်ပျက်နေတာတွေဟာ စနစ်တကျ တွက်ချက်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုသက်သက်ပဲ" ဟု ကောင်စီက ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းကို အရေးတကြီး ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။
ကိုးကား - Anadolu Agency