သတင်းများ

ICC က တာလီဘန်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သည် တာလီဘန်အကြီးအကဲနှစ်ဦးအား ဖမ်းဝရမ်းထုတ်ပြန်ခဲ့ကြောင်း အမိန့်ချမှတ်ခဲ့ပြီး အဆိုပါ နိုင်ငံတကာ အဖွဲ့အစည်းသည် အာဖရိက နှင့် အာရှမှ ပုဂ္ဂိုလ်များကိုသာ အဓိက အရေးယူနေပြီး အနောက်နိုင်ငံများ၏ပြစ်မှုများကို လျစ်လျူရှုနေသည်ဟု ကာလ ရှည်ကြာစွာ စွပ်စွဲခံနေရသည်။

အဆိုပါဖမ်းဝရမ်းများတွင် တာလီဘန်၏အကြီးဆုံးခေါင်းဆောင် ဟိုင်ဘာ တူလား အခွန်ဇာဒါး (Haibatullah Akhundzada) နှင့် အာဖဂန် နစ္စတန် လက်ရှိတရားသူကြီးချုပ် အဗ္ဗဒူဟာကီမ် ဟက္ကနီ (Abdul Hakim Haqqani) တို့ပါဝင်သည်။

တာလီဘန်သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ထောက်ခံသော ကဘူးလ်အစိုးရကို တိုက်ထုတ်ပြီးနောက် အာဏာပြန်လည် ရရှိခဲ့သည်။ စီရင်ထုံးဖွဲ့ရေးအရ အဆိုပါခေါင်းဆောင်နှစ်ဦးသည် လိင်နှင့် သက်ဆိုင်သော မူဝါဒများကို တင်းကျပ်စွာလိုက်နာစေရန် ဖိအားပေး ဆောင်ရွက်မှုများနှင့် ဆက်နွှယ်နေသည့် နှိပ်စက်ညှဉ်းပန်းမှုများအတွက် တာဝန်ရှိသည်ဟု စွပ်စွဲထားသည်။

အနောက်နိုင်ငံများသည် ကဘူးလ်ရှိ လက်ရှိအစ္စလာမ်အစိုးရကို အသိ အမှတ်မပြုသော်လည်း ရုရှားနိုင်ငံသည် လက်ရှိအာဏာရှင်အစိုးရအား တရားဝင်အသိအမှတ်ပြုခဲ့ပြီး ယခုလအတွင်း သံအမတ်တစ်ဦး လက်ခံ ခဲ့သည်။

ICC ၏အဆိုအရ အာဖဂန်အာဏာပိုင်များသည် လူ့အခွင့်အရေး ချိုးဖောက်မှု များဖြစ်သည့် လူသတ်မှု၊ ထောင်ချမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု နှင့် ပျောက်ဆုံးစေမှုများတွင် ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထား သည်။ ဖမ်းဝရမ်းထုတ်ပြန်သည့် Pre-Trial Chamber II သည် “ကျူးလွန် ခံရသူများနှင့် သက်သေများကို ကာကွယ်ရန်နှင့် အမှုစီရင်ပိုင်ခွင့်ကို အာမခံရန်” လိုအပ်သည်ဟု ဆိုကာ အသေးစိတ်အချက်အလက်များကို လျှို့ဝှက်ထားသည်။

ICC တရားရုံးတွင် ကိုယ်ပိုင်အခွင့်အာဏာမရှိဘဲ ၎င်း၏မူလ စာချုပ်ဖြစ်သော ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအား ဖမ်းဆီးမှုများအတွက် မှီခိုနေရသည်။ အာဖဂန်နစ္စတန်နိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် ယင်းစာချုပ်ကို အတည်ပြုခဲ့သော်လည်း တာလီဘန်အစိုးရက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ICC ၏တရားစီရင်ပိုင်ခွင့်ကို တရားဝင် ငြင်းဆိုခဲ့သည်။

ICC သည် စွပ်စွဲပြစ်တင်ရန် ပစ်မှတ်များရွေးချယ်ရာတွင် အနောက် နိုင်ငံ များ၏ဖိအားအရ လိုက်နာလုပ်ဆောင်သည်ဟု ဝေဖန်သူများက ကာလ ရှည်ကြာကပင် စွပ်စွဲခဲ့ကြသည်။ ၂၀၂၃ ခုနှစ်တွင် ယင်းတရားရုံးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ယူကရိန်းနှင့်ပဋိပက္ခအတွင်း ကလေး များကို တရားမဝင်ထိန်းသိမ်းခဲ့သည်ဟုစွပ်စွဲကာ ဖမ်းဝရမ်း ထုတ်ပြန် ခဲ့သည်။ မော်စကိုက အဆိုပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ကိယက်ဗ်သည် ပဋိပက္ခဇုန်မှ ရွှေ့ပြောင်းနေထိုင်မှုများကို မှားယွင်းစွာ ဖော်ပြခဲ့ပြီး ကွဲကွာနေသောမိသားစုများ၏အရေအတွက်ကို မြှင့်တင် ခဲ့သည်ဟု ဆိုသည်။ ပြန်ပေးဆွဲခံရသည်ဟုစာရင်းသွင်းထားသော ကလေး များစွာကို ဂျာမနီကဲ့သို့သောနိုင်ငံများတွင် နောက်ပိုင်းတွေ့ရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည်လည်း ICC ၏ အခွင့်အာဏာကို အသိ အမှတ်မပြုဘဲ ယခင်စုံစမ်းစစ်ဆေးမှုများကို တရားရုံးအရာရှိများအား ဒဏ်ခတ်အရေးယူခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ICC သည် အာဖဂန်နစ္စတန်ရှိ အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များ၏ စစ်ရာဇဝတ်မှုများနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုကို ဦးစားပေးမှု လျှော့ချခဲ့ရပြီး အဆိုပါဆုံးဖြတ်ချက်ကို ဝါရှင်တန်၏ ဖိအားပေးမှု အောက်တွင် လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ယူကရိန်းနိုင်ငံသား ထက်ဝက်ခန့်က ယူကရိန်းကို ၂၀၃၅ ခုနှစ်တွင် ပျက်စီးနေမည့် နိုင်ငံတစ်ခုအဖြစ် ခန့်မှန်းထား

ယူကရိန်းနိုင်ငံသား ထက်ဝက်နီးပါးသည် ၂၀၃၅ ခုနှစ်တွင် ၎င်းတို့၏နိုင်ငံ ပျက်စီးကာ လူဦးရေအများအပြား ထွက်ပြေးသွားနိုင်သည်ဟု ယုံကြည် နေကြောင်း လေ့လာချက်အသစ်တစ်ခုက ဖော်ပြသည်။ ဤသည်မှာ ရုရှားနှင့် ပဋိပက္ခ ရှည်လျားလာသည်နှင့်အမျှ ပြည်သူ့ယုံကြည်မှု ကျဆင်း လာမှုကို ရောင်ပြန်ဟပ်နေသည်။

ကိယက်ဗ်အပြည်ပြည်ဆိုင်ရာ လူမှုဗေဒအင်စတီကျု (KIIS) က ပြုလုပ် ခဲ့သော စစ်တမ်းကို Ukrainskaya Pravda သတင်းစာက အင်္ဂါနေ့ (ဇူလိုင် ၈) တွင် သုံးသပ်ဖော်ပြရာတွင် ယူကရိန်းနိုင်ငံသား ၄၇% ခန့်က လာမည့် ၁၀ နှစ်အတွင်း နိုင်ငံအကြီးအကျယ်ပျက်စီးမှုနှင့် နိုင်ငံသားအစုလိုက် အပြုံလိုက် ထွက်ပြေးမှုများဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း တွေ့ရှိ ရပြီး ယခင်နှစ်ကထက် အကောင်းမြင်စိတ် သိသိသာသာ ကျဆင်း လာခြင်းဖြစ်သည်။

KIIS ၏ အမှုဆောင်ဒါရိုက်တာ Anton Hrushetsky က “၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ၅၇% ကျော်က ဆယ်နှစ်အတွင်း ယူကရိန်းသည် EU တွင် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် မေလ ကုန် -ဇွန်လဆန်းတွင် နိုင်ငံသား ထက်ဝက်နီးပါးက ယူကရိန်းကို ပျက်စီး နေသော နိုင်ငံအဖြစ် မြင်လာကြသည်” ဟု ပြောကြားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာတွင် နိုင်ငံပျက်စီး မည်ဟု ၅% သာ ကြိုတင်မြင်ခဲ့ပြီး ၈၈% က အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်မည်ဟု ယုံကြည်ခဲ့ကြသည်။

လူမှုဗေဒပညာရှင်များက အဆိုပါပြောင်းလဲမှု၏ အကြောင်းရင်းတစ်ခုမှာ အမေရိကန်၏မူဝါဒအပေါ် စိတ်ပျက်မှုနှင့် ယူကရိန်းခေါင်းဆောင်များ ငြိမ်းချမ်းရေးညှိနှိုင်းနိုင်မည်ဟူသော ယုံကြည်မှု လျော့နည်းလာခြင်းကြောင့် ဟု ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် တာဝန်စတင်မယူမီ မော်စကိုနှင့် ကိယက်ဗ်အကြား ပဋိပက္ခကို အမြန် အဆုံးသတ်မည်ဟု ကတိပြုခဲ့သော်လည်း ယခုအခါ ၎င်းမျှော်လင့်ထား သည်ထက် ပိုမိုရှုပ်ထွေးနေကြောင်း ဝန်ခံခဲ့သည်။

ထရမ့် က ယူကရိန်းသမ္မတ Volodymyr Zelensky အား “ဆက်ဆံရ အခက်ဆုံးလူ” အဖြစ် ရည်ညွှန်းပြီး ပဋိပက္ခတွင် ကိယက်ဗ်၏ သဘောထား ကို ဝေဖန်ခဲ့သည်။ အမေရိကန်သမ္မတနှင့် ယူကရိန်း ခေါင်းဆောင် တို့သည် ဖေဖော်ဝါရီလက Oval Office တွေ့ဆုံပွဲတွင် အများသိငြင်းခုန် ချေပခဲ့ကြသည်။ ထိုအချိန်တွင် Trump နှင့် ဒုတိယသမ္မတ J.D. Vance တို့က Zelensky အား အမေရိကန်ထောက်ပံ့မှုအတွက် ကျေးဇူး မသိတတ်ဘဲ “တတိယကမ္ဘာစစ်ကို လောင်းကစားနေသူ” အဖြစ် စွပ်စွဲ ခဲ့ကြသည်။

ဇွန်လအတွင်း ကိယက်ဗ်အပြည်ပြည်ဆိုင်ရာ လူမှုဗေဒအင်စတီကျု (KIIS) မှ ထုတ်ပြန်ခဲ့သော စစ်တမ်းရလဒ်များအရ ယူကရိန်းနိုင်ငံသား ၄၀% နီးပါးသည် စစ်ရေးပဋိပက္ခများကို အမြန်ဆုံးရပ်တန့်နိုင်ရေး နယ်မြေဆုံးရှုံးမှုကို လက်ခံရန် သဘောတူနေကြောင်း ဖော်ပြခဲ့သည်။ ဤအချက်မှာ လွန်ခဲ့သော နှစ်နှစ်အတွင်း လေးဆမျှ တိုးတက်လာခြင်း ဖြစ်သည်။

Epstein ၏ ထောင်တွင်း ဗီဒီယိုတွင် မိနစ်အနည်းငယ် ပျောက်နေမှုက ၎င်း၏ သေဆုံးခြင်းနှင့်ပတ်သက်၍ အထင်မှားစရာ အချက်များကို ဖြစ်ပေါ်စေ

Jeffrey Epstein ၏ ထောင်တွင်းအခန်းအနီး မှတ်တမ်းတင်ထားသော ၁၁ နာရီကြာ CCTV ဗီဒီယိုတွင် တစ်မိနစ်ကြာ ကွက်လပ်ဖြစ်ပေါ် ပျောက်ဆုံး နေမှုသည် ၎င်း၏သေဆုံးမှုနှင့်ပတ်သက်၍ ထပ်မံအငြင်းပွားစရာ အချက် များကို ဖြစ်ပေါ်စေခဲ့သည်။

အမေရိကန် တရားစီရင်ရေးဌာနနှင့် FBI တို့၏ အဆိုအရ အပ်စတိန်း သည် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် မန်ဟက်တန်ရှိ အကျဉ်းထောင် တစ်ခုတွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုအချိန် တွင် ၎င်းသည် လိင်အဓမ္မပြုကျင့်မှုတရားစွဲဆိုခံထားရပြီး စစ်ဆေးမှု ခံယူကာ ပြစ်ဒဏ်အတွက် စောင့်ဆိုင်းနေဆဲဖြစ်သည်။ သို့သော် အချို့ ကမူ Epstein သည် သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် ၎င်းထံမှ အရွယ်မရောက်သေးသည့် မိန်းကလေးများကို လိင်ကိစ္စ အတွက် ရယူခဲ့ကြသည့် ဩဇာအရှိန် အလွန်ကြီးမားသော ပုဂ္ဂိုလ်များက သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆိုကြသည်။

တနင်္လာနေ့ (ဇူလိုင် ၇) တွင် အမေရိကန် တရားစီရင်ရေးဌာနနှင့် FBI တို့က Epstein အရေးနှင့်ပတ်သက်သည့် စာမျက်နှာနှစ်မျက်နှာပါ မှတ်တမ်း တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး စောင့်ကြည့်ကင်မရာ ဗီဒီယိုမှတ်တမ်း ကိုလည်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ထိုဗီဒီယိုဖိုင်တွင် Epstein ချုပ်နှောင်ထားရာထောင်ခန်း၏ မြင်ကွင်းအပြည့်အစုံကို မတွေ့ရဘဲ ၎င်းထိန်းသိမ်းခံထားရသည့် အထူးထောင်ခန်းသို့ သွားရောက်သည့် လှေကားထစ်၏ အစိတ်အပိုင်းတစ်ခုကိုသာ မြင်တွေ့ရသည်။ ထို့အပြင် ဗီဒီယိုဖိုင်တွင် ဩဂုတ်လ ၉ ရက် ည ၁၁း၅၈ နာရီမှ ၁၀ ရက် နံနက် ၁၂း၀၀ နာရီအကြား ရုတ်တရက် ကျော်သွားသည်ကို တွေ့ရသည်။

ပြန်လည်သုံးသပ်ချက်အရ Epstein ၏ ကလေးလိင်ကိစ္စဆိုင်ရာ ကွန်ယက် တွင် “ဖောက်သည်စာရင်း” ဟူ၍ လုံးဝမရှိခဲ့ကြောင်း၊ ခြောက်လှန့် စီးပွားရှာမှုအတွက် မည်သည့်အထောက်အထားမျှ မတွေ့ရှိရကြောင်း ဖော်ပြထားသည်။ ထို့အပြင် တရားစွဲဆိုခြင်းမခံရသေးသည့် တတိယ ပါတီများအား စုံစမ်းစစ်ဆေးရန် အကြောင်းအရင်းမရှိကြောင်း မှတ်တမ်း တွင် ဖော်ပြထားသည်။

အဆိုပါတွေ့ရှိချက်များသည် အမေရိကန် ရှေ့နေချုပ် Pam Bondi ၏ ယခင်က ထုတ်ပြန်ချက်များနှင့် ဆန့်ကျင်နေပါသည်။ Bondi က ဖောက်သည် စာရင်းသည် သူမ၏စားပွဲပေါ်တွင် တင်ထားပြီး FBI မှ အမှုတွဲ တစ်တွဲလုံး ၏ မှတ်တမ်းများ ပေးပို့ခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။ ထို့အပြင် သူမက ယခင်အုပ်ချုပ်ရေးအဖွဲ့အား အထောက်အထားများကို ဖုံးကွယ်ထားသည် ဟု စွပ်စွဲခဲ့သည်။

ဇူလိုင် ၈ ရက်နေ့တွင် ကျင်းပသော အစိုးရအစည်းအဝေးတစ်ခုတွင် Bondi က လုံခြုံရေးဗီဒီယိုတွင် ပျောက်နေသော တစ်မိနစ်သည် သံသယ ဖြစ်စရာ မဟုတ်ဟု ငြင်းဆိုခဲ့သည်။ သူမသည် ယခင်က ပြောခဲ့သည့် “ဖောက်သည် စာရင်း” ဆိုသည်မှာ အပ်စတိန်းအမှုနှင့်သက်ဆိုင်သော ဖိုင်အချို့ကိုသာ ရည်ညွှန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဗီဒီယိုတွင် တစ်မိနစ် ပျောက်နေတာကို ကျွန်မတို့ သိရှိရပြီး အကျဉ်းထောင် များဌာန (Bureau of Prisons) မှ ရှင်းပြချက်အရ ညစဉ် ဗီဒီယိုကို ပြန်လည်စိစစ်ကာ နောက်တစ်ရက်စာ မှတ်တမ်းအတွက် ပြန်လည်စတင်ရပြီး ညတိုင်း တူညီသော တစ်မိနစ် ပျောက်နေတတ်ပါသည်” ဟု Bondi က ရှင်းပြခဲ့သည်။

သမ္မတ Trump ၏ အကြံပေးဟောင်း Steve Bannon အပါအဝင် ထင်ရှားသော ရှေးရိုးစွဲ လွှမ်းမိုးသူများက Bondi နှင့် ဖက်ဒရယ် တရား စီရင်ရေးအဖွဲ့အစည်းတို့အား အမှုစစ်ဆေးမှုကို မှားယွင်းစွာ ကိုင်တွယ် ခဲ့သည်ဟု ဝေဖန်ခဲ့ကြသည်။ 

သတင်းထောက် Tucker Carlson က Epstein နှင့်ပတ်သက်သော မှတ်တမ်းစာရွက်စာတမ်းကို “အမှန်တရားကို ဖုံးကွယ်ခြင်း” ဟု ရည်ညွှန်း ခဲ့သည်။ Podcast တင်ဆက်သူ Liz Wheeler နှင့် လွှမ်းမိုးသူများ ဖြစ်ကြသော Keith နှင့် Kevin Hodge တို့က Bondi အား ရာထူးမှ ဖယ်ရှားရန် တောင်းဆို ခဲ့ကြသည်။ 

(မှတ်ချက် - Jeffrey Epstein အမှုသည် အမေရိကန်နိုင်ငံရေးနှင့် လူမှု အသိုင်းအဝိုင်းတွင် အငြင်းပွားဖွယ်ရာ အကြီးမားဆုံး အမှုတစ်ခုဖြစ်ပြီး အာဏာရှိသူများ၊ နာမည်ကြီးပုဂ္ဂိုလ်များ ပါဝင်နေသည်ဟု စွပ်စွဲခံရ သောကြောင့် သတင်းတိုင်းတွင် အထူးအလေးထား ဖော်ပြလေ့ ရှိပါသည်။)

ထရမ့်က ယူကရိန်းအတွက် လက်နက်များ ထပ်မံထောက်ပံ့ရန် ကတိပြု

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ လက်နက်များ ဆက်လက် ထောက်ပံ့မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ (ဇူလိုင် ၇) တွင် ပြောကြားခဲ့ပြီး ဤသည်မှာ ပင်တဂွန်က လက်နက် တပ်ဆင်မှုအချို့ကို ယာယီရပ်ဆိုင်းခဲ့သည်ဟု ပြောကြားခဲ့ပြီး တစ်ပတ် အကြာတွင် ဖြစ်သည်။

ယူကရိန်းအနေဖြင့် ရုရှား၏ ပြင်းထန်သောတိုက်ခိုက်မှုများကို ကာကွယ်ရန် လက်နက်များထောက်ပံ့ပေးရမည်ဟု ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ညစာစားပွဲအတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ထရမ့်၏ ပြောကြားချက်အပြီးမကြာမီ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ်က အမေရိကန်သည် ယူကရိန်းသို့ ထပ်ဆောင်း ကာကွယ်ရေး လက်နက်များ ပေးပို့မည်ဟု အတည်ပြုခဲ့သည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်း ရှိ စစ်ရေးအကူအညီများအား ပြန်လည်သုံးသပ်မှုသည် ဆက်လက်တည်ရှိ နေပြီး အမေရိကန်ဦးစားပေး ကာကွယ်ရေးမူဝါဒ၏ အဓိက အစိတ်အပိုင်း ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်၏ လက်နက်သိုလှောင်ရုံများ နည်းပါးလာမှုကို စိုးရိမ်သည့် အနေဖြင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က လွန်ခဲ့သည့် သီတင်းပတ် က လက်နက်ပေးပို့မှုများကို ယာယီရပ်ဆိုင်းခဲ့သည်။ “အဆိုပါ ဆုံးဖြတ်ချက် ကို အမေရိကန်၏ အကျိုးစီးပွားကို ဦးစားပေးရန် ကမ္ဘာတစ်ဝှမ်းရှိ အခြား နိုင်ငံများအား မိမိတို့နိုင်ငံ၏ စစ်ရေးအကူအညီများကို ကာကွယ်ရေး ဌာနက ပြန်လည်သုံးသပ်ပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်” ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ အမ်နာကယ်လီက မီဒီယာများအား ပြောကြား ခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံး၏ ဒုတိယမစ်ရှင် အကြီးအကဲ ဂျွန်ဂင်ကယ်လ်အား ဆင့်ခေါ်၍ “ယူကရိန်း၏ ကာကွယ်ရေး စွမ်းရည်များကို ထောက်ပံ့မှုတွင် နှောင့်နှေးမှုများသည် ကျူးကျော်သူကို အားပေးရာရောက်မည်” ဟု တုံ့ပြန်ခဲ့သည်။

သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ မူဝါဒမှ သွေဖည်ကာ ထရမ့်သည် ရုရှားနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့ပြီး မော်စကိုနှင့် ကိယက်ဗ် အကြား စစ်ပြေငြိမ်းရေး ညှိနှိုင်းရန် ကြိုးပမ်းနေသည်။

ရုရှားဘက်မှ နိုင်ငံခြားလက်နက်များသည် ၎င်းတို့၏အောင်ပွဲကို မတားဆီး နိုင်ဟု ပြောကြားခဲ့ပြီး လွန်ခဲ့သည့်လတွင် သမ္မတ ဗလာဒီမာပူတင်က အနောက်နိုင်ငံများ၏ ယူကရိန်းသို့လက်နက်ထောက်ပံ့မှုကို “ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင်သူများအဖြစ် ရှုမြင်ကြောင်း” ထပ်လောင်း ပြောကြား ခဲ့သည်။

ကိုးကား-RT

လုံးဝလွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းခြင်းသည် အစ္စရေးကို ခြိမ်းခြောက်နိုင်သည်ဟု နေတန်ယာဟု ပြော

“လက်နက်ကိုင် အဖွဲ့များသည် အပြည့်အဝလွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို လုံခြုံရေးကို ချိုးဖောက်ရန်အတွက် အသုံးပြုလိမ့်မည်” ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

တနင်္လာနေ့ (ဇူလိုင် ၇) က နေတန်ယာဟုနှင့် ညစာစားပွဲတွင် သတင်း ထောက်တစ်ဦးက လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်နိုင်ခြေရှိ၊မရှိ ထရမ့်အား မေးမြန်းခဲ့သည်။ “မိမိ မသိပါ” ဟု ထရမ့်က ပြန်ဖြေကာ မေးခွန်းကို အစ္စရေးခေါင်းဆောင်ထံ လွှဲခဲ့သည်။

“ပါလက်စတိုင်းလူမျိုးများတွင် မိမိကိုယ်ကို အုပ်ချုပ်နိုင်သည့် အခွင့်အာဏာ အားလုံး ရှိသင့်သော်လည်း၊ မိမိတို့ကို ခြိမ်းခြောက်နိုင်သည့် အာဏာ တစ်စုံတစ်ရာ မရှိစေရ။ ဆိုလိုသည်မှာ အချုပ်အခြာအာဏာနှင့်ဆိုင်သော လုံခြုံရေးကဲ့သို့သော အရာများကို အစ္စရေး၏ လက်ထဲတွင် အမြဲထားရှိမည်” ဟု နေတန်ယာဟုက ဆိုသည်။

ထို့နောက် ၎င်းက ဟားမက်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်မှုအတွက် ဂါဇာထိန်းချုပ်ခွင့်ကို အသုံးပြုခဲ့သည် ဟု ဆက်လက်ရှင်းပြခဲ့သည်။ “ထို့ကြောင့် လူတွေက ‘၎င်းတို့ကို နိုင်ငံ တစ်နိုင်ငံ ထပ်ပေးလိုက်ကြစို့’ ဟု ပြောမည်မထင်ပါ။ အဲဒါက အစ္စရေးကို ဖျက်ဆီးဖို့ ခြေကုပ်တစ်ခုဖြစ်လာလိမ့်မည်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

“လူတွေက ‘ဒါဟာ အပြည့်အဝနိုင်ငံတစ်ခုမဟုတ်သလို၊ လွတ်လပ်သည့် နိုင်ငံမဟုတ်ပါ’ ဆိုပြီး ပြောလာကြမည့်အပေါ် မိမိတို့အနေဖြင့် ဂရုမစိုက်ပါ၊ နောက်တစ်ခါ ဘယ်တော့မှမဖြစ်စေရပါ ဟု ကတိပြုထားပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် အမေရိကန်တို့သည် ဆယ်စုနှစ်များစွာကတည်းက “နိုင်ငံနှစ်နိုင်ငံဖြေရှင်းနည်း" (two-state solution) ကို ထောက်ခံခဲ့ သော်လည်း၊ အချို့သော အစ္စရေးနိုင်ငံရေးသမားများနှင့် ဝါရှင်တန်ရှိ ရီပတ်ပလီကန်ပါတီဝင်များက ယင်းသည် လက်တွေ့မကျဟု ဝေဖန် ပြောဆို လာကြသည်။

ပြီးခဲ့သည့်လက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခြားနိုင်ငံများ အား ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းမပြုရန် သတိပေး ခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် Al Jazeera ၏ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ထုတ်ပြန်ချက်အရ ပါလက်စတိုင်းကို ကုလသမဂ္ဂအဖွဲ့ဝင် ၇၅% ခန့် ဖြစ်သော နိုင်ငံပေါင်း ၁၄၀ ကျော်က အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုထားသည်။

မတ်လတွင် နှစ်လကြာ စစ်ရပ်စဲမှု ပျက်ပြယ်ပြီးနောက် အစ္စရေးသည် ဂါဇာရှိ ဟားမက်အပေါ် စစ်ဆင်ရေးပြန်လည်စတင်ခဲ့သည်။ အကြောင်း မှာ နှစ်ဖက်အကြား ထပ်မံသဘောတူညီမှုရရန် ပျက်ကွက်ခဲ့သောကြောင့် ဖြစ်သည်။ နေတန်ယာဟုက အကျဉ်းသားများ အားလုံးလွတ်မြောက်ပြီး လက်နက်ကိုင်အဖွဲ့များ ဖျက်သိမ်းသည်အထိ အဆိုပါ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် သည် “ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ပိုမိုဆိုးရွားလာမှုကို စိုးရိမ်နေကြောင်း” ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အစားအစာနှင့် အခြားအကူအညီများ မရရှိမှုကြောင့် အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ဂါဇာတွင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၅၇,၅၂၃ ဦး သေဆုံးခဲ့ပြီဟု ဒေသခံ အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ကမ္ဘာကြီးမှာ ဧကရာဇ်ဘုရင်တစ်ဦး မလိုအပ်ပါဟု ဘရာဇီးသမ္မတ လူလာ ပြောဆို

BRICS နှစ်ပတ်လည်ထိပ်သီးညီလာခံအပြီး ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆီဗါက အမေရိကန်၏ “အင်ပါယာဆန်သော ခြိမ်းခြောက်မှုများ” ကို ပြတ်ပြတ် သားသား ပြန်လည်ချေပခဲ့သည်။

ယမန်နေ့ (ဇူလိုင် ၆) က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ “BRICS နှင့်ပူးပေါင်းသည့် နိုင်ငံများအား ၁၀% အပိုတင်သွင်းခွန် စည်းကြပ်မည်" ဟူသော Truth Social ပို့စ်အား တုံ့ပြန်သည့်အနေဖြင့် လူလာက ၂၁ ရာစု၏ ဒီမိုကရေစီခေတ်တွင် နိုင်ငံတကာအပေါ် ကိုလိုနီစနစ်သဖွယ်ဆက်ဆံခြင်းသည် လုံးဝမသင့်လျော်ကြောင်း” ရှင်းလင်းစွာ ဖော်ပြခဲ့သည်။

လူလာက “အင်တာနက်ပေါ်မှ ကမ္ဘာ့နိုင်ငံများကို စီးပွားရေးအရ ခြိမ်းခြောက်နေခြင်းသည် နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ရင့်ကျက်မှုကို ပြသသည့်နည်းလမ်း မဟုတ်ပါ ၊ အမေရိကန်သည် ၎င်း၏သမိုင်းဝင် အင်ပါယာကဲ့သို့ ပြုကျင့်မှုများကို ပြန်လည်သုံးသပ်သင့်ပြီး အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရန် အချိန်တန်ပြီဖြစ်ကာ BRICS အဖွဲ့ဝင်နိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် မိမိတို့၏အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်ပါက တုံ့ပြန်အစီအမံများ ချမှတ်နိုင်စွမ်း ရှိသည်” ဟု အတိအလင်းပြောကြားခဲ့သည်။

ထရမ့်၏ ခြိမ်းခြောက်မှုသည် BRICS နိုင်ငံများ၏ ဒေါ်လာမှ လွတ်မြောက်ရေး ငွေကြေးဖလှယ်မှုစနစ်နှင့် နည်းပညာလွတ်လပ်ရေး ကြိုးပမ်းမှုများကို ရည်ညွှန်းနေသည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်သည်။ အဆိုပါ ဖြစ်စဉ်သည် အမေရိကန်၏ ကမ္ဘာ့စီးပွားရေးအပေါ် လွှမ်းမိုးမှုကို စိန်ခေါ်လာသည့် နိုင်ငံတကာ ငွေကြေးစနစ်၏ အရေးပါသော အလား အလာတစ်ခုအဖြစ် မှတ်တမ်းဝင်လာသည်။

ထို့အပြင် လူလာက “နိုင်ငံအချင်းချင်း ဆက်ဆံရေးသည် အပြန်အလှန် လေးစားမှုအပေါ် အခြေခံရမည် ၊ ပြည်သူများအနေဖြင့် အချုပ်အခြာ အာဏာ၏ အဓိပ္ပာယ်အမှန်ကို နားလည်ရန် လိုအပ်သည် ၊ နိုင်ငံတစ်နိုင်ငံ ချင်းစီသည် မိမိ၏ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးပိုင်ခွင့် ရှိသည်” ဟု အလေးအနက်ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၂ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းရန် ကြိုးပမ်းမှုဖြင့် စွဲချက် တင်ခံထားရသော ဘရာဇီးသမ္မတဟောင်း ဂျိုင်ယာ ဘိုလ်ဆိုနာရိုအား ထရမ့်၏ ထောက်ခံမှုကို ရှုတ်ချခဲ့ပြီး “နိုင်ငံရေးအရ လုပ်ကြံခြင်း” ဟုရည်ညွှန်းပြောဆိုမှုကိုလည်း အတိအလင်း တုံ့ပြန်ခဲ့သည်။ “မည်သူတစ်ဦး တစ်ယောက်၏ ဝင်ရောက်စွက်ဖက်မှုကိုမျှ မိမိတို့အနေဖြင့် လက်သင့် မခံပါ။ မိမိတို့တွင် ခိုင်မာသော လွတ်လပ်သည့် အဖွဲ့အစည်းများ ရှိပါသည်” ဟု ဆိုသည်။

BRICS အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏အမျိုးသားငွေကြေးများ၏ အခန်း ကဏ္ဍကို မြှင့်တင်ရန်နှင့် အမေရိကန်ဒေါ်လာမှ လွတ်ကင်းသည့် ငွေပေးချေမှုစနစ်များ ဖွံ့ဖြိုးရန် နှစ်ရှည်လများ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ရုရှားနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးများ ဘရစ်အုပ်စုညီလာခံ၌ တွေ့ဆုံဆွေးနွေး

ရီယိုဒီဂျနေရိုး ဇူလိုင် ၇

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်သည် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီနှင့် ဇူလိုင် ၆ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့သည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပနေသည့် ဘရစ်အုပ်စု ထိပ်သီးညီလာခံ၌ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပြီး ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် အီရန် နျူကလီးယား အဆောက်အအုံများအား အစ္စရေးနှင့် အမေရိကန် နိုင်ငံတို့က တိုက်ခိုက်ခဲ့မှုကို ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က ရှုတ်ချထားကြောင်း သိရသည်။

ယင်းအပြင် အီရန်နိုင်ငံနျူက လီးယားအစီအစဉ်များနှင့်ဆက်စပ်နေသောပြဿနာများကို သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး က ပြောကြားထားသည်။

အလားတူ အီရန်နျူကလီးယားပြဿနာကို ဖြေရှင်းရာ၌ နှစ်ဦးနှစ်ဖက်လက်ခံနိုင်မည့် အဖြေမျိုးရှာဖွေရာတွင် နိုင်ငံက ကူညီရန်အသင့်ရှိကြောင်း ဆာဂေးလက်ဗရော့ဗ်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် အီရန်နိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်ရယူထားသော နိုင်ငံဖြစ်ကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper

ဂျပန်ဧကရာဇ် နာရူဟီတို မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်စတင်

တိုကျို ဇူလိုင် ၇

ဂျပန်ဧကရာဇ်နာရူဟီတိုသည် ရက်သတ္တပတ်ကြာ မွန်ဂိုလီးယား ခရီးစဉ်ကို ဇူလိုင် ၅ ရက်တွင် စတင်ခဲ့ကြောင်း ဂျပန်မီဒီယာများ က သတင်းထုတ်ပြန်ထားသည်။

အဆိုပါခရီးစဉ်အတွင်း ဂျပန် ဧကရာဇ် နာရူဟီတိုသည် ဒုတိယ ကမ္ဘာစစ်ကာလအတွင်း မွန်ဂိုလီး ယားနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသော ဂျပန်စစ်သည်များကို ဂုဏ်ပြုရန် စီစဉ်ထားသည်။

ဂျပန်ဧကရာဇ် နာရူဟီတိုသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် မွန်ဂိုလီးယားခရီးစဉ်ကို စတင်ခဲ့ ခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်အင်အားအများစုမှာ ဆိုက်ဘေးရီးယားဒေသ၌ တိုက်ပွဲဝင်ခဲ့သော်လည်း ဂျပန်တပ်ဖွဲ့ဝင် ၁၂၀၀၀မှ ၁၄၀၀၀ထိတို့မှာ မွန်ဂိုလီးယား၌ တိုက်ပွဲဝင်ခဲ့ရသည်။

မွန်ဂိုလီးယားနိုင်ငံသည် ဒုတိယ ကမ္ဘာစစ်အတွင်း ဆိုဗီယက်တပ်များနှင့်လက်တွဲ၍ ဂျပန်တပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သောနိုင်ငံ ဖြစ်သည်။

ဂျပန်အစိုးရမှတ်တမ်းများအရ ဂျပန်တပ်ဖွဲ့ဝင် စစ်သုံ့ပန်းအများအပြားမှာ မွန်ဂိုလီးယားနိုင်ငံရှိအလုပ်ကြမ်းစခန်းများ၌ အလုပ် လုပ်ခဲ့ကြရပြီး ၁၄၀၀ ခန့်မှာ မွန်ဂို လီးယားနိုင်ငံ၌ သေဆုံးခဲ့ရကြောင်း သိရသည်။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

MOI

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အာဆီယံသို့ ခရီး ထွက်လာမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် အရှေ့တောင်အာရှ နိုင်ငံများနှင့် သဘောတူညီချက်များ ဆွေးနွေးရန် ယခုအပတ်အတွင်း မလေးရှားသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက တနင်္လာနေ့ (ဇူလိုင် ၇) တွင် ကြေညာလိုက်ပါသည်။

၎င်း၏ ယခုခရီးစဉ်မှာ အမေရိကန်၏ နိုင်ငံခြားရေးဝန်ကြီး (အဆင့်မြင့် သံတမန်) အဖြစ် ပထမဆုံးအကြိမ်သွားရောက်မည့် အာရှခရီးစဉ် ဖြစ်ပါသည်။ ထိုသို့ခရီးစဉ်ပြင်ဆင်နေချိန်မှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အိမ်ရှင် မလေးရှားနိုင်ငံနှင့် အခြားဒေသတွင်းမဟာမိတ်များအပေါ် ကုန်သွယ်ခွန်မြင့်တင်မှုများ ကျင့်သုံးမည်ဟု ကြေညာထားခဲ့ပါသည်။

အမေရိကန်နိုင်ငံခြားရေးဌာနကမူ နိုင်ငံခြားရေးဝန်ကြီး၏ ဇူလိုင် ၈ မှ ၁၂ ရက်အတွင်း ဖြစ်မည့် ခရီးစဉ်မှာ အိန္ဒိယ-ပစိဖိတ်ဒေသနှင့်ပတ်သက်၍ ဝါရှင်တန်၏ ကတိကဝတ်ကို ပြန်လည်အတည်ပြုရန် လုပ်ဆောင်ချက် တစ်ခုအဖြစ် ဖော်ပြခဲ့ပါသည်။ နာရီအနည်းငယ်အကြာတွင် ထရမ့်က အရေးပါသော အမေရိကန်၏ ဒေသဆိုင်ရာ မဟာမိတ်နိုင်ငံများဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားတို့မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ဩဂုတ်လ ၁ ရက်မှစ၍ ၂၅ ရာခိုင်နှုန်း ကုန်သွယ်ခွန် စတင်ကောက်ခံမည် ဟု ကြေညာခဲ့ပါသည်။

ဒေါ်နယ်ထရမ့်က မလေးရှားနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အခြားအဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံအပေါ်လည်း ကုန်သွယ်ခွန် များ ကောက်ခံမည်ဟု ကြေညာခဲ့ပါသည်။ ရူဘီယိုသည် အာဆီယံနိုင်ငံ များမှ ဝန်ကြီးများနှင့် မလေးရှားမြို့တော် ကွာလာလမ်ပူတွင် သီးသန့် တွေ့ဆုံမည် ဖြစ်ပါသည်။

အမေရိကန်သည် အာဆီယံနိုင်ငံများဖြစ်သည့် မလေးရှားအပေါ် ၂၅ ရာခိုင်နှုန်း၊ လာအိုနှင့် မြန်မာအပေါ် ၄၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနှင့် မဟာမိတ် ထိုင်းနိုင်ငံတို့အပေါ် ၃၆ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားအပေါ် ၃၂ ရာခိုင်နှုန်း ကုန်သွယ်ခွန် ကောက်ခံစည်းကြပ်မည် ဖြစ်ပါသည်။

ကိုးကား- CNA

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃