မြန်မာအစိုးရတာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အာဆီယံ ကိုယ်စားလှယ်အဖွဲ့သည် လာမည့်လတွင် နေပြည်တော်သို့ သွားရောက်မည်

News Image

  • မြန်မာအစိုးရတာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အာဆီယံ ကိုယ်စားလှယ်အဖွဲ့သည် လာမည့်လတွင် နေပြည်တော်သို့ သွားရောက်မည်

မြန်မာအစိုးရတာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အာဆီယံ ကိုယ်စားလှယ်အဖွဲ့သည် လာမည့်လတွင် နေပြည်တော်သို့ သွားရောက်မည် ဖြစ်သည်ဟု Bangkok Post သတင်းကဖော်ပြသည်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂျမ်ပွန်ဆာ (Maris Sangiamponsa) က ကိုယ်စားလှယ် အဖွဲ့တွင် ၎င်း၏ နိုင်ငံမှ တရားဝင် ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ကြောင်း ဇူလိုင် ၉ ရက်က ကွာလာလမ်ပူတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဝန်ကြီး၏အဆိုအရ ထိုနေ့တွင်ကျင်းပသည့် မြန်မာနိုင်ငံအခြေအနေဆိုင်ရာ အလွတ်သဘောအစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများသည် အကျပ်အတည်းဖြေရှင်းရေးအတွက် အခြေခံအဖြစ် အာဆီယံ ငါးရပ်၏ သဘောတူညီမှုကို ထောက်ခံကြောင်း ထပ်မံ အတည်ပြု ခဲ့သည်။

“အာဆီယံက မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်ငြိမ်ပြီး ပြည်သူတွေ အတွက် လုံခြုံသည့်နိုင်ငံဖြစ်အောင် လိုလားပါသည်” ဟု ဝန်ကြီးက ပြောကြားပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခတွင် ပါဝင်သည့် အင်အားစုအားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ရန် တောင်းဆိုထားကြောင်း၊ ၎င်း၏အဆိုအရ ထိုင်းနိုင်ငံသည် ယင်းသို့ တွေ့ဆုံ ဆွေးနွေးရာတွင် အဆင်ပြေချောမွေ့စေရန် အဆင်သင့်ရှိသော်လည်း “အကျပ်အတည်းတွင် ပါဝင်ပတ်သက်သူအားလုံး၏ ပါဝင်မှုမရှိဘဲ မြန်မာနိုင်ငံကို အာဆီယံတွင် မည်သို့လုပ်ဆောင်ရမည်ကို ဝေဖန်သုံးသပ်ရမည့် အကြောင်းချင်းရာ မရှိကြောင်း ရေးသားဖော်ပြပါသည်။

ကိုးကား - Bangkok Post