သတင်းများ

ကမ္ဘောဒီးယားနယ်စပ်အနီး မြေမြှုပ်မိုင်း နင်းမိ ထိုင်းစစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ဩဂုတ် ၉ ရက်(စနေနေ့)တွင် ကမ္ဘောဒီးယားနှင့် နယ်စပ်အနီး တာဝန် ထမ်းဆောင်နေသော ထိုင်းစစ်သား သုံးဦး မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားပါသည်။

ယခုဖြစ်စဉ်မှာ မကြာသေးမီက ငါးရက်ကြာ ပြင်းထန်သော ပဋိပက္ခအပြီး နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် ရက်ပိုင်းအတွင်း ဖြစ်ပွားခြင်းဖြစ်ပါသည်။ 

ထိုင်းနိုင်ငံ Sisaket နှင့် ကမ္ဘောဒီးယားနိုင်ငံ Preah Vihear ခရိုင်အကြား နယ်စပ်တစ်လျှောက် စစ်ကင်းလှည့်လည်စဉ် စစ်သားတစ်ဦး မြေမြှုပ် မိုင်းပေါ်သို့ နင်းမိခဲ့သဖြင့် ၄င်းမှာ ခြေတစ်ဖက် ဆုံးရှုံးကာ အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါသည်။ စစ်သားများအား ဆေးရုံတွင် ကုသမှုပေးနေပြီ ဖြစ်ကြောင်း စစ်တပ်က ပြောကြားထားပါသည်။

ကိုးကား- South China Morning Post

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ထရမ့်သည် မူးယစ်ဆေးကုန်သည်အဖွဲ့များကို တိုက်ခိုက်ရန် လျှို့ဝှက် စစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်နေသည်ဟု NYT ဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လက်တင်အမေရိက မူးယစ် ဆေးကုန်သည်အဖွဲ့များကို တပ်မတော်အင်အား အသုံးပြု၍ တိုက်ခိုက်ရန် လျှို့ဝှက်အမိန့်ထုတ်ပြန်ခဲ့ကြောင်း The New York Times သတင်းစာက သောကြာနေ့ (ဩဂုတ် ၈) တွင် ထုတ်ပြန်ခဲ့သည်။ ယခင်က ထိုအဖွဲ့ များအား "အကြမ်းဖက်အဖွဲ့အစည်းများ" အဖြစ် သတ်မှတ်ခဲ့သည်။

သမ္မတ၏ အဆိုပါအမိန့်ညွှန်ကြားချက်သည် အခြားနိုင်ငံ၏မြေပေါ်နှင့် ပင်လယ်ပြင်တွင် မူးယစ်ဆေးကုန်သည်အဖွဲ့များကို တိုက်ခိုက်ရန် အမေရိကန်စစ်တပ်အား တရားဝင်အသုံးပြုနိုင်ရန် အခြေခံဥပဒေအဖြစ် ပံ့ပိုးပေးထားသည်။ NYT ၏ အရင်းအမြစ်များအရ ပင်တဂွန်သည် ထိုအဖွဲ့များအား လိုက်လံတိုက်ခိုက်ရန် စစ်ဆင်ရေးနည်းဗျူဟာများကို ယခုပင် ရေးဆွဲနေပြီဖြစ်သည်။

သို့ရာတွင် အဆိုပါ ညွှန်ကြားချက်နှင့်ပတ်သက်၍ အိမ်ဖြူတော်၊ ပင်တဂွန် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ဥပဒေအကြံပေးများ၏ တုံ့ပြန်ချက်ကို ချက်ချင်းမသိရှိရသေးပေ။ မူးယစ်ဆေးကုန်သည်အဖွဲ့ဝင်များကို အရပ်သား များအဖြစ် သတ်မှတ်ထားဆဲဖြစ်သောကြောင့် စစ်တပ်မှ ထိုသူများအား ဖယ်ရှားခြင်းသည် ဥပဒေဆိုင်ရာ အငြင်းပွားဖွယ်ရာများစွာကို ဖြစ်ပေါ်စေ နိုင်သည်။

ဖေဖော်ဝါရီလအတွင်းက ထရမ့်အစိုးရသည် နိုင်ငံခြားမူးယစ်ဆေးကုန်သည် အဖွဲ့များနှင့် အဖွဲ့အစည်းများအား "နိုင်ငံခြားအကြမ်းဖက်အဖွဲ့များ" (FTOs) နှင့် "အထူးသတ်မှတ်ထားသော ကမ္ဘာလုံး ဆိုင်ရာ အကြမ်းဖက် သမားများ" (SDGTs) အဖြစ် သတ်မှတ်ခဲ့သည်။ မက္ကဆီကိုအခြေစိုက် Sinaloa Cartel နှင့် Jalisco New Generation Cartel အပါအဝင် အဓိကရာဇဝတ်ဂိုဏ်းများလည်း ပါဝင်သည်။ အမေရိကန်တွင် လှုပ်ရှား နေသော Mara Salvatrucha (MS-13) (အဓိကအားဖြင့် အယ်ဆာဗေးဒိုး လူမျိုးများပါဝင်သည့် အဖွဲ့) နှင့် ဗင်နီဇွဲလားအခြေစိုက် Tren de Aragua အဖွဲ့တို့လည်း အဆိုပါစာရင်းတွင် ပါဝင်နေသည်။

ပြီးခဲ့သည့်လက ထရမ့်အစိုးရသည် ဗင်နီဇွဲလားအခြေစိုက် Cartel de los Soles ကို အကြမ်းဖက်အဖွဲ့စာရင်းတွင် ထည့်သွင်းခဲ့ပြီး ထိုရာဇဝတ်ဂိုဏ်း ကို ဗင်နီဇွဲလားသမ္မတ Nicolas Maduro ကိုယ်တိုင်ဦးဆောင်ကာ အစိုးရ နှင့် စစ်တပ်အကြီးအကဲများပါ ပါဝင်နေကြောင်း စွပ်စွဲခဲ့သည်။ ၂၀၂၀ ပြည့်နှစ် က ထရမ့်၏ ပထမသက်တမ်းအတွင်း အမေရိကန်တရားရုံးက Maduro အား ဖက်ဒရယ်မူးယစ်ဆေးမှုဖြင့် စွဲချက်တင်ခဲ့ဖူးသည်။ ဗင်နီဇွဲလား သမ္မတက ယင်းစွပ်စွဲချက်များကို အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး ၎င်းတို့သည် ဝါရှင်တန်၏ ဗင်နီဇွဲလားအစိုးရကို ဖယ်ရှားရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကြာသပတေးနေ့ (ဩဂုတ် ၇) က အမေရိကန်တရားရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က Maduro အား ဖမ်းဆီးရန် သတင်းအချက်အလက် ပေးသူအတွက် ဆုငွေကို ဒေါ်လာ သန်း ၅၀ အထိ တိုးမြှင့်မည်ဟု ကြေညာ ခဲ့သည်။ ထို့ပြင် ဗင်နီဇွဲလားသမ္မတသည် Tren de Aragua နှင့် Sinaloa Cartel တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း စွပ်စွဲခဲ့သည်။

မက္ကဆီကိုသမ္မတ Claudia Sheinbaum က ယခုစွပ်စွဲချက်များကို စိန်ခေါ် ခဲ့ပြီး ဗင်နီဇွဲလားသမ္မတနှင့် မူးယစ်ဆေးဝါးဂိုဏ်းများကြား ထိုသို့ဆက်စပ်မှု ရှိကြောင်း သက်သေအထောက်အထား မက္ကဆီကိုနိုင်ငံတွင် မတွေ့ရကြောင်း ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ဂါဇာကို အလုံးစုံသိမ်းပိုက်မည်ဟူသော ကြေညာချက်ကြောင့် အစ္စရေး ကို လက်နက်တင်ပို့မှုများ ဂျာမနီ ရပ်ဆိုင်း

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ အစိုးရအဖွဲ့လုံခြုံရေးကောင်စီမှ ဂါဇာမြို့တော်ကို သိမ်းပိုက်ရန် အစီအစဉ်အား အတည်ပြုပြီးနောက် ဂျာမနီအစိုးရသည် အစ္စရေးသို့ လက်နက်တင်ပို့မှုများကို ယာယီရပ်ဆိုင်း လိုက်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်ရုံးက ယင်းအစီအစဉ်ကို ဟားမက်အဖွဲ့ကို လက်နက် ဖျက်သိမ်းရန်၊ ဂါဇာကိုစစ်ဘက်သိမ်းပိုက်မှုဖယ်ရှားရန်နှင့် အစ္စရေးပြန်ပေးဆွဲ ခံအကျဉ်းသားများအား ပြန်လည်ရရှိရန်အတွက် စီမံချက်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ကြေညာခဲ့သည်။ မကြာသေးမီကပင် နေတန်ယာဟုက ဂါဇာဒေသကို အပြည့်အဝစစ်ရေးထိန်းချုပ်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။ သို့သော် အဆိုပါလုပ်ရပ်သည် ဂါဇာရှိ အစ္စရေးအကျဉ်းသားများအား အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဝေဖန်မှုများရှိခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် Friedrich Merz က "ဂျာမနီသည် အစ္စရေး၏ ဟားမက် အကြမ်းဖက်မှုကို တိုက်ဖျက်ရေးနှင့် အကျဉ်းသားများ ပြန်လည် ရရှိရေး ကို ထောက်ခံသော်လည်း၊ အဆိုပါစစ်ဆင်ရေးအသစ်က ထိုရည်မှန်းချက် များကို မည်သို့အောင်မြင်စွာရရှိမည်ဆိုသည်မှာ မရှင်းလင်းသေးပါ" ဟု ပြောကြားခဲ့သည်။

၎င်းက "ယခုအခြေအနေတွင် ဂျာမနီအစိုးရအနေဖြင့် ဂါဇာစစ်မြေပြင် တွင် အသုံးပြုနိုင်သည့် စစ်လက်နက်ပစ္စည်းများတင်ပို့မှုအား ထပ်မံ ကြေညာချက် တစ်စုံတစ်ရာ မရရှိမချင်း ခွင့်ပြုမည်မဟုတ်ပါ" ဟု သောကြာနေ့ (ဩဂုတ် ၈) ဖက်ဒရယ်အစိုးရဝက်ဘ်ဆိုက်၏ ထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။

ထို့အပြင် ၎င်းက "ဂျာမနီအစိုးရအနေဖြင့် ဂါဇာရှိ ပါလက်စတိုင်းတို့၏ ဆင်းရဲဒုက္ခများနှင့် ပတ်သက်၍ အလွန်ပင်စိုးရိမ်နေရပြီး အစ္စရေး၏ စစ်ဆင်ရေးအသစ်ကြောင့် ပါလက်စတိုင်းအရပ်သားများ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေး အာမခံချက်ကို ပိုမို တာဝန်ယူရမည်" ဟု အားလုံးသိရှိစေရန် ထပ်လောင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် ဂါဇာဒေသရှိ အစားအသောက်ပြတ်လတ်မှု အခြေအနေ အလွန်ဆိုးရွားလာနေကြောင်း သတိပေးနေပြီး အစ္စရေးနိုင်ငံအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ စီးဆင်းမှုကို ဟန့်တား နေသည်ဟု စွပ်စွဲထားသည်။

အစ္စရေးဝန်ကြီးချုပ်ရုံးက နေတန်ယာဟုသည် ဂျာမနီခေါင်းဆောင်နှင့် ဖုန်းဆက်ပြီး "အစ္စရေးသို့ လက်နက်တင်ပို့မှုကို ပိတ်ပင်ရန် Merz ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း" ပြောကြားခဲ့သည်ဟု ဆိုသည်။ "ဟားမက်အဖွဲ့ကို တရားမျှတစွာတိုက်ခိုက်နေသည့် အစ္စရေး ကို ထောက်ခံမည့်အစား" ဂျာမနီသည် "အစ္စရေးသို့ လက်နက် တင်ပို့မှု ကိုပိတ်ပင်ခြင်းဖြင့် ဟားမက်၏ အကြမ်းဖက်မှုကို ချီးမြှင့်နေခြင်း" ဖြစ်သည်ဟု ဝန်ကြီးချုပ်ရုံးက သောကြာနေ့ (ဩဂုတ် ၈) တွင် X လူမှု ကွန်ယက် ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ 

အလုပ်ဝင်စ ဗြိတိန်ကြေးစားစစ်သားတစ်ဦး ယူကရိန်းဒေသအတွင်း အသတ်ခံရ

ဗြိတိန်ကြေးစားစစ်သားတစ်ဦးသည် ယူကရိန်းတပ်မတော်နှင့် စာချုပ် ချုပ်ဆိုပြီး တစ်လအတွင်း ယူကရိန်းနိုင်ငံ ခါခို့ဗ်ဒေသတွင် ကျဆုံး သွားကြောင်း The Daily Telegraph သတင်းစာက ဖော်ပြထားပါသည်။

အလန် ရောဘတ် ဝီလီယမ် အမည်ရှိ အဆိုပါ ကြေးစားစစ်သားသည် ဇွန်လ ၁၀ ရက်က ယူကရိန်းတပ်မတော်နှင့် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ ဝီလီယမ်သည် ဩဂုတ်လ ၂ ရက်တွင် တိုက်ပွဲတစ်ခု၌ ၎င်း၏ တပ်ဖွဲ့နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး၊ ခါခို့ဗ်ဒေသရှိ လစ်စ်မြို့တွင် ကျဆုံးခဲ့ပြီး ယခုအချိန်ထိ ၎င်း၏ ရုပ်အလောင်းကို ရှာမတွေ့သေးသဖြင့် ပျောက်ဆုံးသူစာရင်းတွင် ပါဝင်နေသော်လည်း ၎င်းနှင့်အတူ တိုက်ပွဲဝင် ခဲ့သူများက ဝီလီယမ် သေဆုံးမှုကို အတည်ပြုခဲ့ကြကြောင်း The Daily Telegraph သတင်းစာက ရှင်းလင်းဖော်ပြထားပါသည်။

အသက် ၃၅ နှစ်ရှိ ဝီလီယမ်သည် အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ မာစီဆိုက်ဒ်နယ်၊ မိုရ်တန်မြို့ ဇာတိဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်ပြီးနောက် မတ်လ ၇ ရက်နေ့က ယူကရိန်းသို့ ထွက်ခွာလာခဲ့ကြောင်း၊ ၎င်းတွင် ယခင်က စစ်မှုထမ်းအတွေ့အကြုံ မရှိခဲ့ကြောင်း၊ ဗြိတိန်တွင် ၎င်း အလုပ် လုပ်သည့်နေရာမှ အလုပ်ထုတ်ခံရပြီးနောက် စိတ်ကျန်းမာရေး ပြဿနာ များကြောင့် ဆေးရုံတက်ခဲ့ရသည်ဟု သိရပါသည်။

The Daily Telegraph ၏ ဖော်ပြချက်အရ အသက် ၄၀ အရွယ်ဇနီးနှင့် ၁၂ နှစ်အရွယ်သမီးလေးတို့က ၎င်းကို ယူကရိန်းသို့မသွားရန် တောင်းပန် ခဲ့ကြောင်း သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ကမ္ဘောဒီးယားဘက်မှ နယ်စပ်တွင် စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု ထိုင်းတပ်မတော် ထုတ်ပြန်

ထိုင်းနိုင်ငံတပ်မတော် စစ်ဒေသ ၂ မှ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယား နိုင်ငံသည် ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ဒေသများတွင် စစ်အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေပြီး သံသယ ဖြစ်ဖွယ် ဒရုန်းများဖြင့် နယ်စပ်ရှိ ထိုင်းစစ်တပ်စခန်းများကို ထောက်လှမ်းနေ သည်ဟု သိရှိရသည်။

ကြာသပတေးနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်သည့် ဒေသဆိုင်ရာ စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားဘက်မှ နယ်နိမိတ်တစ်လျှောက် တပ်အင်အားများ တိုးမြှင့်ဖြန့်ကြက်ထားကြောင်း ဖော်ပြထားသည်။ ထို့အပြင် အမျိုးအမည်မသိသော ဒရုန်းများကို နယ်စပ်စခန်းများ၌ ဖြန့်ကြက်ချထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ပြည်သူ့လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) က ဩဂုတ်လ ၇ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများပြည်သူ ဒရုန်း အသုံးပြုမှုကို တားမြစ်ကြောင်း ကြေညာခဲ့သည်။ CAAT ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး Manat Chavanaprayoon က အဆိုပါကန့်သတ်ချက်သည် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေနိုင်သော ဒရုန်းများကို အန္တရာယ်မြင့်မားသည့် ပြည်နယ်များတွင် ယခင်ကတည်းက စတင်ကျင့်သုံး ခဲ့သည့် တားမြစ်ချက်၏ တိုးချဲ့မှုတစ်ရပ်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

စစ်ဒေသ ၂ မှ ထပ်မံထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားတပ်သား ၂၀ ဦးကို Si Sa Ket ခရိုင်၊ Kantharalak ရှိ Chong Sam Tae နယ်စပ်ဂိတ်တွင် လက်နက်ခဲယမ်း ပြတ်သွားပြီးနောက် လက်နက်ချအညံ့ခံခဲ့သည့် အတွက် ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတပ်သားများအား ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်မှုများဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ၂ ဦးမှာ ဒဏ်ရာရရှိထားပြီး Surin ရှိ Weerawatyothin ဆေးရုံသို့ တင်ပို့ကုသမှုခံယူနေရကြောင်း သိရှိရသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အင်ဒိုနီးရှားက အရှေ့တောင်အာရှ၌ တာတိုပစ်အမြင့်ပျံဒုံးကျည် ပထမဆုံးအသုံးပြုသည့်နိုင်ငံဖြစ်လာ

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင် အာရှဒေသ၌ တာတိုပစ်အမြင့်ပျံဒုံးကျည်ကို ပထမဆုံးအသုံးပြုသည့် နိုင်ငံဖြစ်လာကြောင်း အရှေ့ကာလီမန်တန်ပြည်နယ်ရှိ စစ်ရေးဆိုင်ရာ ဝါသနာရှင်များ၏  လူမှုကွန်ရက်တွင် တင်ထားသော သတင်းများအရသိရသည်။

ယခုလအစောပိုင်းတွင် လူမှုကွန်ရက် စာမျက်နှာတစ်ခုက   KHAN  ဒုံးကျည်ဓာတ်ပုံများကိုတင်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ဘလော့များတွင်လည်း အကျယ်တဝင့်ဖော်ပြလာသည့်အပြင် ပြည်တွင်း သတင်းဌာနကြီး တစ်ခုဖြစ်သည့် Kompas တွင်ပါ တရားဝင်ဖော်ပြလာခြင်း ဖြစ်သည်။

တူကီယဲနိုင်ငံရှိ Roketsan ကုမ္ပဏီက ထုတ်လုပ်ထားသော အဆိုပါ တာတိုပစ်အမြင့်ပျံဒုံးကျည်ကို အရှေ့ကာလီမန်တန်ပြည်နယ်ရှိ စစ်စခန်းတစ်ခု၌ထားရှိခြင်း ဖြစ်သည်ကို ဓာတ်ပုံများတွင်တွေ့ရသည်။ ယင်းဒုံးကျည်သည် အလေးချိန်ကီလိုဂရမ် ၂၅၀၀ ရှိပြီး ကီလိုဂရမ် ၄၇၀ ရှိထိပ်ဖူးကို တင်ဆောင်ကာ ကီလိုမီတာ ၂၈၀ ရှိပစ်မှတ် ကိုပစ်ခတ်နိုင်ကြောင်း သိရသည်။

Ref: AGC

MWD Web Portal

တော်ဝင်ထိုင်းတပ်မတော် (RTA) သည် Ta Kwai ဘုရားကျောင်း နယ်မြေကို ထိန်းချုပ်ရန် ကြိုးစားနေ

တော်ဝင်ထိုင်းတပ်မတော် (RTA) သည် ကမ္ဘောဒီးယားနယ်စပ်အနီး Surin ခရိုင်ရှိ အငြင်းပွားဖွယ် Ta Kwai ဘုရားကျောင်းနယ်မြေကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ဝန်ခံခဲ့သည်။

ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Winthai Suvaree က (Hill 350) တောင်ကုန်းသည် မဟာဗျူဟာအရ အရေးပါသော နေရာ ဖြစ်ပြီး ကမ္ဘောဒီးယားဘက်မှ ချထားသော မြေမြှုပ်မိုင်းများကြောင့် အပြည့်အဝ တပ်စွဲနိုင်ခြင်းမရှိကြောင်း ရှင်းပြခဲ့သည်။

ထို့အပြင် Ta Kwai ဘုရားကျောင်းသည် အငြင်းပွားဖွယ် နယ်မြေဖြစ်ပြီး ထိုင်းနှင့် ကမ္ဘောဒီးယားတပ်များ ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် ထိုင်းတပ်များသည် ဘုရားကျောင်းကို တိုက်ရိုက် မထိန်းချုပ်နိုင်သေးသော်လည်း ပတ်ဝန်းကျင်နယ်မြေကို ထိန်းချုပ်ထားပြီး Hill 350 ကို သိမ်းပိုက်ရန် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။

သို့သော် ကမ္ဘောဒီးယားဘက်မှ မိုင်းများထပ်မံချထားခြင်းကြောင့် ထိုင်း တပ်သားများ ဒဏ်ရာရရှိခဲ့ပြီး နောက်ဆုံးအဆင့် စစ်ဆင်ရေးတွင် ရည်မှန်းချက် ၉၉ % အောင်မြင်ခဲ့ကြောင်း ဗိုလ်မှူးကြီးက ပြောကြားခဲ့ သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားတပ်များသည် လက်ရှိတွင် ဘုရားကျောင်း ပတ်ဝန်းကျင်တွင် တပ်စွဲထားပြီး တစ်ဖက်နှင့်တစ်ဖက် မီတာ ၅၀ အကွာ တွင် ရှိနေသည်။ ကမ္ဘောဒီးယားဘက်မှ လေကြောင်း စောင့်ကြည့်ရေး ဒရုန်းများကိုလည်း ထိုင်းနယ်စပ်တစ်လျှောက် တွေ့ရှိရကြောင်း 2nd Army Region က ထုတ်ပြန်ခဲ့သည်။

သောကြာနေ့ (ဩဂုတ် ၈) တွင် ထိုင်းတပ်မတော်သည် စစ်သံမှူးများ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံခြားသတင်းထောက်များနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များကို ဖိတ်ကြားကာ ဒေသအခြေအနေကို ပူးတွဲသုံးသပ်မည်ဖြစ်သည်။

ဖိလစ်ပိုင်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် တည်ဆောက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ

ယမန်နေ့ သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာနှင့် အိန္ဒိယဝန်ကြီးချုပ်နာရိန်ဒရာ မိုဒီတို့ ဦးဆောင်သည့် နှစ်ဖက်ဆွေးနွေးပွဲများအပြီး “မဟာဗျူဟာမြောက်မိတ်ဖက်” အဖြစ် ထူထောင်လိုက်ကြောင်း ဖိလစ်ပိုင် နှင့် အိန္ဒိယတို့က ကြေညာလိုက်သည်ဟု ဩဂုတ်လ ၆ ရက်နေ့ The Diplomat သတင်းတွင် ဖော်ပြ ပါရှိပါသည်။

နှစ်နိုင်ငံခေါင်းဆောင်များရှေ့မှောက်တွင် ၂၀၂၉ ခုနှစ်အထိ ဆောင်ရွက်ကြမည့် မဟာဗျူဟာ မိတ်ဖက်သစ်အဖြစ် ကြေညာစာတမ်းနှင့် ဆက်စပ်ဆောင်ရွက်ရမည့် “action plan” များ အပါအဝင်  သဘောတူညီစာချုပ် ၁၃ ခုကို ချုပ်ဆိုခဲ့ကြပါသည်။

အပြည့်အစုံဖတ်ရှုရန် https://sacministry.gov.mm/my/subject/10787

အိန္ဒိယအစိုးရက ကာကွယ်ရေးအသုံးစရိတ် ၇.၆ ဘီလီယံဒေါ်လာ ထပ်ဆောင်း ခွင့်ပြု

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက စစ်အင်အားတိုးချဲ့တည်ဆောက်ရန် ဒေါ်လာ ၇.၆ ဘီလီယံတန် ကာကွယ်ရေးဝယ်ယူမှုများကို အတည်ပြု လိုက်ကြောင်း ဩဂုတ် ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Rajnath Singh ဦးဆောင်သော ကာကွယ်ရေး ပစ္စည်းဝယ်ယူမှုကောင်စီ (DAC) က BrahMos ဒုံးကျည်များနှင့် လက်နက် တပ်ဆင်ထားသော ဒရုန်းများ ဝယ်ယူရန် သဘောတူညီခဲ့ပြီး တပ်မတော် ၏ ခေတ်မီတောင့်တင်းရေး အဆိုပြုချက်များကိုလည်း အတည်ပြုပေး ခဲ့သည်။

ကောင်စီက လေတပ်၏ Boeing လေယာဉ်များအပါအဝင် ရှိနှင့်ပြီးသော အရေးကြီးစနစ်များ၏ ရေရှည်ထိန်းသိမ်းရေးနှင့် S-400 လေကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ်အတွက် နှစ်စဉ်ထိန်းသိမ်းရေး စာချုပ်ကိုလည်း အတည်ပြုခဲ့သည်။ BrahMos ဒုံးကျည်များနှင့်အတူ အိန္ဒိယရေတပ်သည် Barak-1 ဒုံးကျည်စနစ်ကို အဆင့်မြှင့်တင်ရန် ခွင့်ပြုချက်ရရှိထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။

DAC က လေတပ်၏ Saksham/Spyder လက်နက်စနစ်များကို Integrated Air Command and Control System နှင့် ပေါင်းစပ်အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ရေးကိုလည်း အတည်ပြုခဲ့ပြီး လေကြောင်း ကာကွယ်ရေး ကွန်ရက်ကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။ အခြား အတည်ပြုချက် များတွင် တပ်မတော်၏ BMP ခြေမြန်တပ်မတော်ယာဉ်များအတွက်အပူလှိုင်း ပုံရိပ်ဖမ်းစက်နှင့် ညဘက်မြင်အာရုံခံကိရိယာများ၊ ရေတပ် အတွက် Compact Autonomous Surface Craft နှင့် လေတပ်အတွက် အဆင့်မြင့်တောင်တန်းဒေသသုံးရေဒါများ ပါဝင်သည်။ "Compact Autonomous Surface Craft ဝယ်ယူမှုသည် အိန္ဒိရေတပ်အား ရေငုပ် သင်္ဘောတိုက်ခိုက်ရေးတာဝန်များတွင် ခြိမ်းခြောက်မှုများကို ဖော်ထုတ်ကာ အမျိုးအစားခွဲခြားနိုင်စွမ်းနှင့် ချေမှုန်းနိုင်စွမ်းများ ပေးစွမ်းမည်" ဟု ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်တွင် အိန္ဒိယတပ်မတော်သည် MALE RPAs (Medium Altitude Long Endurance Remotely Piloted Aircraft) များ ရရှိမည် ဖြစ်ပြီး ယင်းဒရုန်းများသည် ပစ္စည်းတန်ဆာမျိုးစုံကို သယ်ဆောင်နိုင်စွမ်း ရှိကာ ၂၄ နာရီ စောင့်ကြည့်စစ်ဆေးနိုင်စွမ်းနှင့် တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးမည်ဟု ဖော်ပြထားသည်။

လွန်ခဲ့သည့်လက နယူးဒေလီသည် ပြည်တွင်းစက်မှုလုပ်ငန်းများမှ အဓိကထား ဝယ်ယူရန် ဒေါ်လာ ၁၂ ဘီလီယံတန် လက်နက်နှင့် ခဲယမ်း များ ဝယ်ယူမှုကို အတည်ပြုခဲ့သည်။ ကမ္ဘာ့ထိပ်တန်း ကာကွယ်ရေး သွင်းကုန် နိုင်ငံတစ်ခုဖြစ်သော အိန္ဒိယသည် သမိုင်းကြောင်းအရ ရုရှားကို စစ်လက်နက် ပစ္စည်းနှင့်နည်းပညာများအတွက် မှီခိုလေ့ရှိခဲ့သည်။ မော်စကိုသည် အိန္ဒိယ၏ ပြည်တွင်းလက်နက်ထုတ်လုပ်မှုအစီအစဉ်တွင် တက်ကြွစွာ ပါဝင် ပူးပေါင်းဆောင်ရွက်နေပြီး သဘောတူညီချက်များဖြင့် ရုရှား ကာကွယ်ရေး ပစ္စည်းများကို အိန္ဒိယတွင် ထုတ်လုပ်လျက်ရှိသည်။ 

ရုရှားက မြေပြင်အခြေစိုက်ဒုံးကျည်များ ဖြန့်ကြက်ချထားမှုဆိုင်ရာ ကန့်သတ်ချက်များ အားလုံးကိုရုပ်သိမ်း

ရုရှားနိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် ဒုံးကျည်များဖြန့်ကြက်ချထားမှုဆိုင်ရာ ကန့်သတ်ချက်များ အားလုံးကို ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း  ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။

ရုရှားနိုင်ငံသည် မြေပြင်အခြေစိုက်တာလတ်ပစ်နှင့်တာ တိုပစ်ဒုံးကျည်များ ဖြန့်ကြက်မှုဆိုင်ရာ သဘောတူညီချက်ကို တစ်ဖက်သတ်လိုက်နာနေခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထိုသို့လိုက်နာရန် မလိုအပ်တော့ ကြောင်းနှင့် ကန့်သတ်ချက်များအားလုံး ကိုရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒီမီထရီ ပက်စကော့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စင်းကို ရုရှားနိုင်ငံအနီးသို့စေလွှတ်ဖြန့်ကြက်ရန် အမိန့်ပေးထားကြောင်း ထရမ့်ကိုယ်တိုင်က လူမှုကွန်ရက်တွင် တင်လိုက်ပြီးနောက် ရုရှားဘက်က အဆိုပါ ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

ရုရှားနှင့်အမေရိကန်တို့သည် တာလတ် ပစ်နျူကလီးယားတပ်ဖွဲ့များသဘောတူညီချက်ကို လက်မှတ်ထိုးထားသော်လည်း ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံက ထိုစာချုပ်မှ တစ်ဖက်သတ်နုတ်ထွက်သွားခြင်းဖြစ်သည်။ သို့သော် ရုရှားနိုင်ငံက ထိုစာချုပ်ပါသဘောတူညီချက်များကို တစ်ဖက်သတ်လိုက်နာနေခဲ့ခြင်း ဖြစ်သည် ဟုသိရသည်။       

Ref: Sputnik, LBC